//
you're reading...
Burma

Saturday musings-2

၁၉၈၃တုန်းက ပေဖူးလွှာမဂ္ဂဇင်းမှာ ၀င်းငြိမ်းနဲ့ခင်နှင်းယုရဲ့ အင်တာဗျူးပါပါတယ်။ အဲဒီတုန်းက ဆရာမကြီးက သူ့ရဲ့ မျှော်လင့်လို့ဖြင့်မဆုံးနိုင်တယ် ဆိုတဲ့ ဘုရားကျွန်တွေအကြောင်းရေးထားတဲ့ ၀တ္ထုနောက်ခံကို ရှင်းပြရင်း “ဖွံ့ဖြိုးဆဲ နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် သူတောင်းစားကတော့ မရှိတာအကောင်းဆုံးပါပဲ။ မစုအမြင်ပြောရရင် မြန်မာပြည်မှာ သူတောင်းစားပေါတာ တိုင်းပြည် ဆင်းရဲလို့ မဟုတ်ပါဘူး။ လူတွေရက်ရောလွန်းလို့ပါ။ လွယ်လွယ်ရလို့ တောင်းစားနေကြတာပဲ။ ရေသာခိုကြလွန်းတာပဲ။”

ဆရာမကြီးပြောတဲ့စကားဟာ ဒီနေ့ နှစ်ပေါင်း၂၆နှစ်ကြာတဲ့အခါမှာ ဘယ်လောက် မှန်သေး သလဲလို့ စဉ်းစားမိပါတယ်။ မှန်သေးတာက မြန်မာပြည်မှာ သူတောင်းစားပေါတာပါ။ မမှန်တော့တာက လူတွေရက်ရောလွန်းလို့ ရမှန်းသိလို့ သူတောင်းစားတွေ သူတောင်းစား လုပ်နေတယ်ဆိုတဲ့အချက်ပါ။

မြန်မာပြည်မှာ အခု အလုပ်အကိုင်အင်မတန်ရှားပါတယ်။ အလုပ်တခုခုရှိရင်လဲ အဲဒီအလုပ် တခုထဲနဲ့ မိသားစုကို တ၀မ်းတခါးလှအောင် ထားနိုင်တဲ့လူ ရှားပါတယ်။

လယ်ပိုင်တဲ့လူက လယ်က ရတဲ့ငွေနဲ့မစားလောက်လို့ ငွေသိန်း၅၀ချေးပြီး သားကို စင်္ကာပူပို့တယ်။ လခ ၃၀၀၀၀ရတဲ့ ဆရာမက နေ့လယ်ထမင်းစားပြန်ချိန်၊ ညနေ ကျောင်းဆင်းချိန်မှာ အိမ်မှာ ကုန်စိမ်း၊ ကုန်ခြောက် အပြေးရောင်းရတယ်။


ဒါက ပစ္စည်းရှိ၊ ပညာတတ်တဲ့ လူတန်းစားရုန်းကန်နေရတာကို မြင်နေရတာပါ။ ပစ္စည်းမရှိတဲ့လူတွေ ပညာလဲမတတ်တဲ့လူတွေ အလုပ်မရှိတဲ့အခါ၊ ချေးနေကျလူကလဲ သူတို့ကို ငွေမချေးကြတော့တဲ့ အခါ နောက်ဆုံးတောင်းစားကြရတဲ့ဘ၀ ရောက်ကြမယ်ထင်ပါတယ်။

ဗမာလူမျိုးဟာ တောင်းစားရမှာ၊ သူများပစ္စည်းကို အလကားယူရမှာ ရှက်တတ်ကြောက်တတ်တဲ့ လူလို့ ယေဘူယျပြောရင် မှန်မယ်ထင်ပါတယ်။ ဒါကိုဘယ်မှာတွေ့သလဲဆိုတော့ မနှစ်က နာဂစ်အပြီး ဆန်တွေ၊ စားစရာတွေ၊ အ၀တ်အထည်တွေ ဝေတဲ့အခါမှာ လက်ခံရယူတဲ့ လူကြီးတွေဟာ မျက်နှာလေးတွေငုံ့ထားတာကို သတိထားမိပါတယ်။ ပေးတဲ့လူကို မကြည့်ပါဘူး။ မ၀ံ့မရဲ၊ ရှက်တဲ့စိတ်တွေနဲ့ ခမျာများမှာ ယူရရှာတာပါ။ အင်မတန်ရင်နင့်စရာကောင်းပါတယ်။

တောင်းစားတာဟာ ရွေးစရာမကျန်တော့တဲ့အဆုံး လုပ်မိလုပ်ရာ လုပ်တယ်လို့ မြင်မယ်ဆိုရင် တောင်းစားသူတွေကို ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲလို့ တွေးလာကြမယ် ထင်ပါတယ်။ ဒါမှမဟုတ်ဘဲ တချို့ပညာတတ်တွေ တွေးတတ်ကြတဲ့ ပျင်းလို့၊ အချောင်ခိုချင်လို့ တောင်းစားတာဆိုတဲ့ အတွေးရှိရင် ပြသနာကနေ ကိုယ်လွတ်ရုန်းတဲ့၊ ပြသနာကို externalize လုပ်ပစ်တဲ့အကျင့်ဖြစ်လာတတ်ပါတယ်။ သူတောင်းစားကိုပဲ အပြစ်ပုံချရင်း ကိုယ့်ကိုကိုယ်ပြသနာရဲ့ အပြင်ကိုပို့ပြီး၊ လွယ်လွယ်ပြောရရင် ဘေးထိုင်ဘုပြောတတ်တဲ့လူဖြစ်သွားတတ်ပါတယ်။ ဗမာပြည်အရေးကရော………

ကိုယ်နဲ့တန်တဲ့အစိုးရပဲရတယ်ဆိုတဲ့ စကားတော်တော်ကြားလာရပါတယ်။ အဲဒီအကြောင်းနောက် အချိန်ရမှ ရေးပါအုံးမယ်။

Image180

Discussion

One thought on “Saturday musings-2

  1. မမှန်တော့တာက လူတွေရက်ရောလွန်းလို့ ရမှန်းသိလို့ သူတောင်းစားတွေ သူတောင်းစား လုပ်နေတယ်ဆိုတဲ့အချက်ပါ။

    သူတောင်းစားကိုပဲ အပြစ်ပုံချရင်း ကိုယ့်ကိုကိုယ်ပြသနာရဲ့ အပြင်ကိုပို့ပြီး၊

    Agree. Agree. Agree.

    Posted by K | 28/06/2009, 10:27

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: