//
archives

Archive for

oxymoron

ဘလော့ဂါတွေကို အပူထပ်ကပ်ပါရစေ။  ဗမာနဲ့တိုင်းရင်းသားစကားလုံးတွေထဲမှာ ဆန့်ကျင်ဘက်အတွဲတွေနဲ့ပေါင်းထားတဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေ ရှိမရှိ ၀ိုင်းစဉ်းစားပေးကြပါ။ ကိုယ့်စကားလုံးအသုံးအနှုန်း ကိုယ်ပြန်ဆန်းစစ်ကြည့်တဲ့ လေ့ကျင့်ခန်းလို့ သဘောထားပေါ့နော့။  

Why funny poetry?

ဗမာပြည်ဒေသအသီးသီးက ကလေးတွေ ဘာပေါက်တတ်ကရကဗျာတွေ ဆိုခဲ့သလဲဆိုတာ သိချင်လို့ ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ ပေါင်းတည်၊ တနင်္သာရီစတဲ့ မြို့တွေက ဘလော်ဂါတွေကို တက်ဂ်ထားတာပါ။ ကဗျာတွေဆက်ထွက်လာအုံးမယ်လို့ ထင်ပါတယ်။ စာရေးသူတွေရော စာဖတ်သူတွေရော ၀င်ဆင်နွှဲကြတော့ ပျော်ပျော်ပါးပါးကြီးဖြစ်သွားတာပေါ့။ ရေးထားတာတွေကနေ ကဗျာတွေကို လေးမျိုးလေးစားတွေ့ပါတယ်။

Funny Poetry

ဗမာပြည်က ကလေးတွေ ဘယ်လိုပေါက်တတ်ကရကဗျာတွေဆိုပြီး ကြီးခဲ့သလဲဆိုတာ သိချင်လို့ ဒီတက်ဂ်လေးကို စပါတယ်။ တက်ဂ်ခံထိသူများ ရေးပေးကြပါ။ ဆက်ပြီးလဲ တက်ဂ်ပေးပါ။ ဘယ်သူ့ကို ဆက်တက်ဂ်လဲဆိုတာ အသိပေးပါ။ မှတ်တမ်းလေး လုပ်ထားချင်လို့ပါ။   ဘလော့ဖတ်သူများလဲ ကိုယ်ဆိုခဲ့တဲ့ ပေါက်တတ်ကရကဗျာတွေကို comments မှာ ရေးပေးခဲ့စေလိုပါတယ်။  

လူနဲ့လူ့အဖွဲ့အစည်း

လောဘ ဒေါသ မောဟတွေကြောင့် လူ့ အဖွဲ့ အစည်းဟာ ငြိမ်းချမ်းမှုကို မရနိုင်ဘူး။ ဒီတော့ လောဘ ဒေါသတွေကင်းစင်လာရင် လူ့အဖွဲ့အစည်းဟာ နေချင်စရာကောင်းလာမယ်။ ၀ပြောဆိုပြေလာမယ်လို့ ဘာသာရေးရှုဒေါင့်ကနေ တချို့ပြောတတ်ကြတာ မကြာခဏ ကြားဖူးကြမယ်။ ဒီတော့ လောဘ ဒေါသ မောဟတွေ ကင်းစင်လာအောင် တရားအားထုတ်ကြလို့  လူ့ အဖွဲ့ အစည်းကို ပြုပြင်ဖို့ ဖော်နည်းကားပေးတတ်ကြတယ်။ ကျနော့်အမြင်မှာတော့ ဒီအမြင်ဟာရိုးလွန်းတယ်။ naive ဖြစ်လွန်းတယ်ထင်တယ်။ လူ့အဖွဲ့အစည်းရဲ့ ခန္ဓာဗေဒကို သေသေချာချာ မဆန်းစစ်ဘဲ ပြောတဲ့အပြောလို့ပဲ ထင်တယ်။ ခုဆောင်းပါးမှာ ဘာ့ကြောင့် အဲဒီလို ထင်သလဲဆိုတာကို ရှင်းပြချင်တယ်။

Lugyi Min

မကေနဲ့ ကိုဝင်းမော်ကြီးတို့က တောင်းဆိုလို့ ၀တုတ်က စီးပွာေးရးဆောင်းပါးတပုဒ် ဒီရက်ပိုင်း ထပ်ရေးအုန်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာအနီတွေ အပြာတွေ အစိမ်းတွေကို နိုင်ငံအလိုက် ဈေးကွက်ဖွင့်ချိန်တွေမှာ ပြောင်းပြောင်းပြီးကြည့်ရတော့ မအားရှာဘူး။  တခါတလေ ည၂နာရီလောက်ကြီးလဲ တိုကျိုဈေးကွက်ဖွင့်ပြီဆိုပြီး ကွန်ပျူတာရှေ့ထိုင်သေးတာ မဟုတ်လား။ ဒီတော့ မကေနဲ့ ကိုဝင်းမော်ကြီးရေ၊ လာမယ်။ ကြာမယ်လို့ပဲ ကြားကကြိုပြောထားပါရစေ။ အခုတော့ စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေး ချရေးလိုက်အုံးမယ်။ ပြီးခဲ့တဲ့ တပတ်က ဗမာပြည်ကို ဖုန်းအလီလီဆက်ရပါတယ်။

Correction

ဝတုတ်ရဲ့ win Burmese ကို ဇော်ဂျီပြောင်းတဲ့နေရာမှာ ရွှေတွေရေနံဖြစ်သွားလို့ စာဖတ်သူများကို တောင်းပန်ပါတယ်။ ရွှေဈေးကျရင်ဝယ်ဖို့ပြောတာပါ။ ရေနံမဟုတ်ပါ။

To be or not to be..

ဟိုတလောက ဗမာပြည်က ဆရာဝန်မလေး၂ယောက်က မေးလာပါတယ်။ အင်္ဂလန်မှာ genetic engineering နဲ့မဟာသိပ္ပံတက်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲတဲ့။ ကိုယ်ကတော့ ဒဲ့ဒိုးပဲပြောလိုက်တယ်။ မလွယ်ဘူးလို့။ ဘာကြောင့်မလွယ်လဲဆိုတာ အခုလိုရှင်းပြပါတယ်။

7 July 1962

ဆဲဗင်းဂျူလိုင် ၄၈ နှစ်ရှိသွားပြီ။ ဒီနှစ်မှာ ဘာမှမရေးဖြစ်ဖူး။ မနှစ်က ဇီဇ၀ါရဲ့ ဆဲဗင်းဂျူလိုင် အမှတ်တရ ဘလော့ကိုပဲ ပြန်ပြီး ရီဆိုင်ကယ် လုပ်လိုက်ပါတယ်။ ၄၇နှစ်ရှိခဲ့ပါပြီ။  မှန်တဲ့ဘက်ကရပ်တဲ့၊ မတရားတာကို မတရားဘူးလို့ပြောတဲ့၊ တော်လှန်တတ်တဲ့ ဗမာပြည်က ကျောင်းသားတွေကို ဗမာအစိုးရ ရက်ရက်စက်စက်နှိမ်နင်းတဲ့သမိုင်း ၁၉၆၂ဇူလိုင်၇ရက်က စပါတယ်။ 

Marga Party

ရန်ကုန်လေဆိပ်ကနေ သိကြားမင်းရုပ်သေးတရုပ်ကို နတ်တွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အတွက် ဝယ်ခဲ့ပါတယ်။ သူငယ်ချင်းကို ဘယ်တော့လာပေးရမလဲလို့ မေးတော့ နတ်ကို တရိုတသေ အခမ်းအနားနဲ့ ပေးအပ်ပွဲ လုပ်ကြတာပေါ့လို့ ဆိုလာပါတယ်။

Reality Check

အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။ Yes ဟုဖြေတိုင်း ၁မှတ်ပေးပါ။

Blog Stats

  • 89,918 hits