//
you're reading...
Burmese

Reality Check

အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။ Yes ဟုဖြေတိုင်း ၁မှတ်ပေးပါ။

 ၁) ငှက်ပျောသီးနဲ့ကော်ဖီကို မနက်စာလို့ခေါ်နေပြီလား။

၂) မနက်စာကို လမ်းမှာ ဒါမှမဟုတ် အလုပ်ရောက်မှ စားသလား။

၃) ကော်ဖီမသောက်ရရင် စိတ်မကြည်မလင်ဖြစ်ပြီး အလုပ်မတွင်ဘူးလို့ ထင်သလား။

၎) လမ်းလျှောက်ရင် တမိနစ်ကို ခြေလှမ်း၁၂၀လောက်နဲ့ လျှောက်တတ်ပြီလား။

၅) တီဗီနဲ့ရေဒီယိုမှာ နောက်တနေ့အတွက် မိုးလေ၀သကို အမြဲကြိုကြည့်တတ်သလား။

၆) ရထား၎မိနစ်လောက် စောင့်ရရင် စိတ်တိုတတ်သလား။

၇) စားစရာဝယ်ရင် kcal ဘယ်လောက်ပါသလဲဆိုတာ အရင်ကြည့်တတ်သလား။

၈) ထမင်း၊ ဆီပြန်ဟင်း၊ အရွက်နဲ့ဟင်းချို စားရတာကို special treat လို့ထင်တတ်သလား။

၉) ထမင်း၂နပ်စားတာကို optional (မလုပ်မနေရမဟုတ်) လို့ယူဆတတ်သလား။

၁၀) ငှက်ပျောသီးကို ထိပ်ကမခွာဘဲ အညှာကခွာနေလား။

၁၁) ဓာတ်လှေကားထဲမှာ ရှေ့တည့်တည့်ကိုပဲ ကြည့်သလား။

၁၂) လှေကားတက်ရင် ညာဘက်က ကပ်တတ်သလား။

၁၃) How are you?လို့မေးပြီးရင် အဖြေမရသေးခင် ဆက်လျှောက်သွားတတ်လား။

၁၄) နွေရာသီရောက်တိုင်း နှာစေး၊ အသက်ရှုကျပ်၊ မျက်စိယားဖြစ်တတ်သလား။

၁၅) တယောက်ယောက်နဲ့ စကားပြောရင် အာမေဍိတ်မျိုးစုံ၊ မျက်နှာအမူအရာမျိုးစုံ လုပ်တတ်သလား။

၁၆) ကိုယ့်ရှေ့ကလူက ကိုယ့်အတွက် တံခါးကို ကိုင်မထားပေးရင် ရိုင်းတဲ့လူလို့ထင်တတ်သလား။

၁၇) မတွေ့ဖူးတဲ့ အင်တာနက်ကမ္ဘာကသူငယ်ချင်းတွေက အပြင်မှာတွေ့ဖူးတဲ့ သူငယ်ချင်းထက် များသလား။

၁၈) မနက်မှာသတင်းစာမဖတ်ရရင်၊ အီးမေးမကြည့်ရရင် နေမထိထိုင်မသာ ဖြစ်သလား။

၁၉) ဗမာပြည်ကဝန်ကြီးတွေနာမည်ထက် ကိုယ်နေတဲ့နိုင်ငံက၀န်ကြီးတွေနာမည်ကို ပိုသိသလား။

၂၀) မိုက်ကယ်ဂျက်ဆင်ကို ကိုယ့်အိမ်နီးချင်းထက် ပိုသိတယ်လို့ခံစားရလား။

၂၁) တခုခုဖြစ်ရင် google မှာအရင်ရှာကြည့်သလား။

၂၂) ဖုန်းမဆက်ထားဘဲ အလည်လာတဲ့မိတ်ဆွေကို စိတ်တိုတတ်လား။

၂၃) ဈေးချတဲ့ပစ္စည်းကို လိုလိုမလိုလိုဝယ်သလား။

၂၄) စနေတနင်္ဂနွေဆို မွန်းမတည့်မချင်း မထဘူးလား။

၂၅) ပစ္စည်းဝယ်ရင် ဗမာငွေနဲ့မြှောက်တဲ့အကျင့်ပျောက်သွားပြီလား။

 ၂ဝ မှ ၂၅ -မိတ်ဆွေ-သင့်ကိုသင် ဗမာလို့ထင်ပေမယ့် အနောက်တိုင်းယဉ်ကျေးမှုတွေ  တော်တော်အလွှမ်းခံနေရပြီ။ ဗမာပြည်ပြန်ရောက်ရင် reverse cultural shock ရမှာသေချာသလောက်ပဲ။ ဗမာပြည်ထဲ သင့်အမူအကျင့်တွေ ယူသွားရင်တော့ လူတွေက လူထူးလူဆန်းလို့ မြင်လိမ့်မယ်။

၁၅ မှ ၂ဝ – သင့်အမူအရာတွေ၊ အကျင့်တွေက အနောက်တိုင်း လူနေမှုစနစ်ထဲ တဖြည်းဖြည်းဝင်လာနေပြီ။ ဒီထက်ပိုပြီး မဝင်ချင်ရင် ကိုယ်ခံအားတွေ ပြင်ထားတော့။

၁ဝ မှ ၁၅ – စပ်ကူးမတ်ကူး၊ ဟိုမရောက် ဒီမရောက်ကာလ၊ ကိုယ့်ကိုကိုယ် misfit ဖြစ်နေတယ်လို့ ခံစားရချိန်။

ဝ မှ ၁ဝ မှတ်အောက် – ဗမာပြည်က ရောက်ခါစ။ ပြန်ရင် ဗမာပြည်မှာ ဘာမှပြန် adjust လုပ်စရာ၊ ပြင်ယူစရာမလိုဘဲ နေသားတကျ နေနိုင်မယ့်လူ။

 (မှတ်ချက်။ အထက်ပါအချက်များသည် generalized လုပ်ထားသော၊ ခြုံပြီးကောက်ချက် ချထားသော အချက်များဖြစ်၏။ facts၊ သက်သေအခိုင်အမာပြနိုင်သော အချက်များအဖြစ် မယူဆသင့်။ အနောက်တိုင်းလူနေမှုစနစ်ထဲမျောဝင်စီးဆင်းခြင်းကို ကောင်း၏၊ မကောင်း၏ တန်ဖိုးများမတပ်ထားကြောင်းကိုလည်း အသိပေးပါရစေ။ ဗမာစရိုက်ဘယ်လောက်ကျန်သေးလဲ သိစေရန်၊ ပေါ့ပေါ့ပါးပါးဖတ်နိုင်ရန် reality check ဟု ခေါင်းစဉ်တပ်ထားခြင်းဖြစ်သည်။)

 စာဖတ်သူတို့ရမှတ်များကို comment တွင်ရေးနိုင်က ရေးသွားခဲ့ပါ။ အကျွန်ုပ်၏ ရမှတ်ကား (ဝမ်းနည်းစွာဖြင့်) ၂၃။

Image001

Discussion

6 thoughts on “Reality Check

  1. Hi Ama,

    I got 19 marks. I hope that my parents won’t be too upset for me.😦

    with love,
    Su Su

    Posted by Su Su | 01/07/2009, 16:00
  2. မြတ်စွာဘုရား..
    တို့ရမှတ်က ၂၃။
    ဗမာစရိုက် ပျောက်တာတော့ သိပ်မဆိုင်ဘူးလား လို့။
    ဘာမှ သိပ်အရေးမကြီးချင်တော့လို့ တနည်း စိတ်လျှော့နေချိန်မို့ No ချည်း ဖြေမိနေမိတာလို့ ကိုယ့်ကိုယ်ကို ထင်မိတာ။

    Posted by မိုးချိုသင်း | 01/07/2009, 22:05
  3. I dont know how many points I got cos I lost count.
    Defo over 20. I keep reading the questions again and again. Brilliant..

    Posted by Aikmon | 01/07/2009, 22:43
  4. i got 7..😀
    thanks,mA.

    Posted by fionA | 02/07/2009, 02:01
  5. အချိန်ကုန်ခံပြီး အပျော်တမ်း ဖြေသွားပါသည်။ ကျေးဇူး။

    ၁။ အင်း၊ cereal ပိုစားဖြစ်တယ်။
    ၂။ ဟင့်အင်း၊ အိပ်ရာထ နောက်ကျတဲ့နေ့ဆို မနက်စာသာ အလွတ်ခံမယ်။ မိတ်ကပ် မပါပဲတော့ အလုပ် မသွားဘူး။
    ၃။ အင်း၊ ဒါတော့ စွဲနေတာ ၀န်ခံတယ်။
    ၄။ အင်း၊ ဒေါက်ဖိနပ် စီးပြီး ပြေးနေရတဲ့ ဘ၀ကို သနားတယ်။
    ၅။ ဟင့်အင်း၊ မကြည့်ဖြစ်တာ များတယ်။ တခါတလေမှ ကြည့်ထားတဲ့ လူကို မေးတယ်း)
    ၆။ ဟင့်အင်း၊ ရထားက ကိုယ့်ကို ပြန်စောင့်နေပါစေလို့ ဆုတောင်းရတာ အကြိမ်ကြိမ်မို့။
    ၇။ အင်း၊ ချစ်သူက ၀လာတယ် ပြောတာ မကျေနပ်လို့။
    ၈။ ဟင့်အင်း၊ မြန်မာ ထမင်းဟင်း မစားပဲ သုံးလေးရက်ထက် ပိုမနေနိုင်ပါ။
    ၉။ ဟင့်အင်း၊ အစားနှစ်နပ် မစားမိတဲ့နေ့တွေမှာ အကြောင်းမရှိ စိတ်တိုတတ်လို့ လုပ်ဖော်ကိုင်ဖက်များက သတိပေးနေကျး)
    ၁၀။ ဟင့်အင်း။
    ၁၁။ ဟင့်အင်း၊ လူတွေကို တချက်ကလေးတော့ ဝေ့ကြည့်လိုက်ရမှ။ ကလေးလေးတွေကိုတော့ အတင်း လိုက်ပြုံးပြတတ်တယ်။
    ၁၂။ အင်း၊ ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား။
    ၁၃။ ဟင့်အင်း၊ အဝေးကြီးကတည်းက ကြိုမေးထားတယ်း)
    ၁၄။ ဟင့်အင်း၊ ကံကောင်းနေတုံးပဲ။
    ၁၅။ အင်း၊ အတော့်ကို ကျွမ်းကျင်နေလို့ simulated patient လုပ်ဖို့ actor လိုရင်တောင် ခေါ်ခံရဖို့ ရှိတယ်။
    ၁၆။ ဟင့်အင်း၊ အားနာပါးနာနဲ့ အပြေးအလွှား မီအောင် လျှောက်ရတဲ့ ဒုက္ခ မရှိလို့ ကျေးဇူးတောင် တင်သေး။ စောင့်ပေးနေရင်တော့ ကျေနပ်သား။
    ၁၇။ ဟင့်အင်း၊ သူငယ်ချင်းဆိုတာ အပြင်မှာ တွေ့ဖူး၊ ဆုံဖူး၊ စကားပြောဖူးမှလို့ သတ်မှတ်တုံးပဲ။ ကျန်တာတွေက သိရုံကလေးတွေ acquaintances ပါ။
    ၁၈။ ဟင့်အင်း၊ ဒီရောဂါကို ကုလို့ ပျောက်သွားတာ မကြာသေးဘူး။ ပြန်မဖြစ်အောင် ထိန်းသိမ်းထားတယ်။
    ၁၉။ အင်း၊ တီဗီကို အလကားနေရင်း ဖွင့်ဖွင့်ထားတာကိုး။
    ၂၀။ အင်း၊ သူက ကိုယ်နဲ့ အတူတူ ကြီးဖော်ကြီးဖက် မဟုတ်လား။ အိမ်နီးချင်းက မနေ့တနေ့ကမှ သိရတာ။
    ၂၁။ ဟင့်အင်း၊ ကိုယ် အားကိုးစိတ်ချတဲ့ သူငယ်ချင်းကို လှမ်းမေးလို့ မရမှ google လုပ်တယ်။
    ၂၂။ ဟင့်အင်း၊ ဒါပေမယ့် ကိုယ်နဲ့ လွဲသွားရင်တော့ အားမနာပါဘူး။
    ၂၃။ ဟင့်အင်း၊ ဒီဘ၀က လွန်မြောက်သွားခဲ့ပြီ။ ဂုဏ်ယူပါရစေး)
    ၂၄။ ဟင့်အင်း။
    ၂၅။ အင်း၊ ကြာပေါ့။

    အံ့သြစရာပါလား။ ဒီအတိုင်းဆို ဆယ်မှတ်အောက်…ညှင်းညှင်း။

    Posted by Nu Thwe | 04/07/2009, 23:17
    • အချိန်ကုန်ခံပြီး ဖြေသွားပေးခဲ့တဲ့ စုစု၊ မချိုသင်း၊ Aikmon၊ fionA နဲ့မနုသွဲ့တို့ကို ကျေးဇူးတင်ပါတယ်။ မေးခွန်းတွေက ကိုယ့်အတွေ့အကြုံပေါ် အခြေခံပြီး ရေးထားလို့ အားလုံးပေါင်းရေးတာလောက် universal ဖြစ်နိုင်မယ် မထင်။

      Posted by zizawa | 05/07/2009, 00:09

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: