//
you're reading...
Humour

Marga Party

ရန်ကုန်လေဆိပ်ကနေ သိကြားမင်းရုပ်သေးတရုပ်ကို နတ်တွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အတွက် ဝယ်ခဲ့ပါတယ်။ သူငယ်ချင်းကို ဘယ်တော့လာပေးရမလဲလို့ မေးတော့ နတ်ကို တရိုတသေ အခမ်းအနားနဲ့ ပေးအပ်ပွဲ လုပ်ကြတာပေါ့လို့ ဆိုလာပါတယ်။

သူအားတဲ့နေ့နဲ့ ကိုယ်အားတဲ့နေ့တွေ မတိုက်တာနဲ့ နောက်ဆုံး ဂျူလိုင်ဆိုတာ တောင်ပြုန်းပွဲလုပ်တဲ့လ၊ အဲဒီတော့ နတ်လလို့ ခေါ်လို့ရတယ်။ ဒို့တွေ ဂျူလိုင်မှ လုပ်ကြတာပေါ့ ဆိုပြီး နောက်ဆုံးမနေ့ညက သိကြားမင်းပေးအပ်ပွဲ လုပ်ကြပါတယ်။

သူကနတ်တွေအကြောင်း ကောင်းကောင်းသိပေမယ့် သူ့သူငယ်ချင်းတွေက မသိလို့ သူကအီးမေးနဲ့ညွှန်ကြားချက်တွေ ပို့ပါတယ်။ နတ်တွေက အစိမ်းရောင်ကို မကြိုက်တဲ့အတွက် အစိမ်းရောင်မဝတ်ခဲ့ဖို့၊ မုန့်ဖြူမုန့်နီတင်ရတယ်၊ အဖြူရောင်မုန့်၊ အနီရောင်မုန့်တွေ ယူခဲ့ကြဆိုပြီး မှာပါတယ်။

မနေ့က ၇နာရီလောက် သူ့အိမ်ရောက်သွားတော့ နတ်ဒိုးသံအရင်ကြားရပါတယ်။ သိကြားရုပ်ကို သူ့ကိုပေးတော့ အိမ်ရှေ့ခန်းက အစိမ်းရောင်ဖြစ်နေတယ်။ ဖြစ်ပါ့မလားဆိုတော့ ရပါတယ်။ သိကြားက သဘောအကောင်းဆုံးနတ်ပါ။ လူတွေဘာပဲလုပ်လုပ်သူ့ကို တိုင်တည်ပြီးလုပ်ကြလို့ လူတွေရဲ့ သက်သေကြီး။ ဘယ်နေရာမဆိုနေတယ်ဆိုမှ မီးအိမ်တိုင်မှာ သိကြားကို သွားချိတ်ပါတယ်။

ဘယ်သူမှ အစိမ်းရောင် ဝတ်မလာပါဘူး။ တယောက်က မုန့်ဖြူ၊ မုန့်နီဆိုပြီး အီတာလျံမုန့်တွေ လုပ်လာပါတယ်။ စိတ်ထဲမှာတော့ အီတာလျံမုန့်ဖြူမုန့်နီအကပ်ခံရတာ ဒီသိကြားမင်းပဲရှိမယ်ဆိုပြီး တွေးမိပါသေးတယ်။

သိကြားကို မုန့်တွေကပ်၊ ပြီးတော့ ဘယ်လိုပြန်ယူစားရမလဲ လုပ်နေလို့ စွန့်တော်မူပါလို့ ပြောပြီးစားဆိုတော့ တယောက်ပြီး တယောက် စွန့်တော်မူပါ။ ဇွန့်တော်မူပါး၊ ဇားတော်မူပါ နဲ့ဆိုတတ်သလို ဆိုပြီး မုန့်တွေပြန်ယူစားကြတယ်။

သိကြားလည်း တော်တော်မျက်စိနောက်မယ်။ သူငယ်ချင်းက အင်္ဂလိပ်။ အမေနဲ့အဖေက ဘာသာမရှိသူ atheist တွေ။ သူကတော့ နတ်တွေကို ဘာသာရေးထက် ယဉ်ကျေးမှုနဲ့ဆက်စပ်ပြီး စိတ်ဝင်စားလို့ စာတမ်းတွေဘာတွေရေး၊ ၃၇မင်းနတ်မင်းစံပျော်ရာ အောက်စဖို့ဒ်မြို့မှာ နတ်ကန္နားပေးဖို့ စိတ်ကူးယဉ်နေတဲ့လူ။ သူ့အိမ်မှာ သိကြားမင်းဘယ်လိုနေမယ် မသိဘူး။ သူကတော့ သိကြားမင်းကို ရိုသေပါတယ်။ သိကြားမင်း ငြိုငြင်မှာလဲ ကြောက်ရဲ့။ နတ်ကန္နားပွဲဖြစ်မဖြစ် နောက်မှ စာဖတ်သူတွေကို အသိပေးပါ့မယ်။

Image095Image096

Discussion

2 thoughts on “Marga Party

  1. This post is quite funny and lovely. Please let me know when they celebrate Nat-Ka-Nar. I would like to come and watch that as I haven’t seen that for ages. I cannot say that whether or not I believe in Nat but I love their stories, their celebration, their lively songs and dances, their outfits, the smell of flowers which people offered to Nat in Burma etc.

    with love,
    Su Su

    Posted by Su Su | 06/07/2009, 10:15

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: