//
you're reading...
Burma, Gender

Lugyi Min

မကေနဲ့ ကိုဝင်းမော်ကြီးတို့က တောင်းဆိုလို့ ၀တုတ်က စီးပွာေးရးဆောင်းပါးတပုဒ် ဒီရက်ပိုင်း ထပ်ရေးအုန်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာအနီတွေ အပြာတွေ အစိမ်းတွေကို နိုင်ငံအလိုက် ဈေးကွက်ဖွင့်ချိန်တွေမှာ ပြောင်းပြောင်းပြီးကြည့်ရတော့ မအားရှာဘူး။  တခါတလေ ည၂နာရီလောက်ကြီးလဲ တိုကျိုဈေးကွက်ဖွင့်ပြီဆိုပြီး ကွန်ပျူတာရှေ့ထိုင်သေးတာ မဟုတ်လား။ ဒီတော့ မကေနဲ့ ကိုဝင်းမော်ကြီးရေ၊ လာမယ်။ ကြာမယ်လို့ပဲ ကြားကကြိုပြောထားပါရစေ။

အခုတော့ စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေး ချရေးလိုက်အုံးမယ်။ ပြီးခဲ့တဲ့ တပတ်က ဗမာပြည်ကို ဖုန်းအလီလီဆက်ရပါတယ်။

mobile ဖုန်းတွေကိုဆက်တိုင်း လူကြီးမင်း ခေါ်ဆိုသော….ဆိုတဲ့ အသံကိုကြားရတာ များပါတယ်။ speaker ဖွင့်ပြီးဆက်တော့ အဲဒီအသံကိုကြားတဲ့ ၀တုတ်က ဗမာပြည်မှာ မိန်းမတွေကို တော်တော်နှိမ်တာပဲ။ ဘာဖြစ်လို့ လူကြီးမင်းဆိုတာ သုံးသလဲ။ သင်ခေါ်ဆိုသော ဆိုပြီး ပြောပါလားလို့ ၀င်ပြောပါတယ်။

အသုံးအနှုန်းတွေကို သတိထားနေပါလျက် လူကြီးမင်းနဲ့ကျမှ သတိမပြုမိဘူးဖြစ်သွားတယ်။ လူကြီးမင်းဆိုတဲ့ အသုံးကိုသုံးတာ mobileကို ယောက်ျားတွေပဲ သုံးကြမယ်လို့ ယူဆထားကြလို့လားဆိုပြီး မေးစရာဖြစ်နေပါတယ်။

စစ်တမ်းတွေ ကောက်တာ မတွေ့ရသေးပေမယ့် mobile ကို သုံးတာ ယောက်ျားနဲ့မိန်းမ ၅၀-၅၀ ရှိရင်ရှိ၊ မရှိရင်တောင် မိန်းမက ပိုများမယ်ထင်ပါတယ်။

၅၀%သော user တွေကိုချန်ပြီး ယောက်ျားတွေကိုပဲ address လုပ်ထားတာ ဆက်သွယ်ရေးက လူကြီးမင်းများနဲ့ အမျိုးသမီးကြီးများ သတိမမူ ဂူမမြင်ဖြစ်သွားပုံရပါတယ်။

မိန်းမနဲ့ယောက်ျား ခွဲခြားဆက်ဆံတာမရှိဘူးလို့ တချိန်လုံးပြောနေတဲ့ ဗမာပြည်မှာ မိန်းမတွေကို mobile ဆက်သွယ်ရေးကွန်ယက်ထဲက ဖယ်ထုတ်ထားပါတယ်။ တဆိတ်ကို တအိတ်လုပ်ပြီး ပြောတယ်လို့ မထင်စေချင်ပါ။

ကိုယ်ကိုယ်တိုင်က မိန်းမမို့လို့ ဗမာပြည်မှာ နေရာတော်တော်များများမှာ မိန်းမနဲ့ယောက်ျားကို ဆက်ဆံတာမတူဘူးဆိုတာ ရဲရဲကြီး ပြောနိုင်ပါတယ်။ ဒီမှာရောဆိုပြီးမေးရင် ဒီမှာလဲရှိတာပဲလို့ ဖြေရမှာပဲ။ ဒါပေမယ့် လူကြီးမင်းဥပမာ လောက်တော့ ရုပ်ဆိုးတာ မတွေ့သေးပါဘူး။

လူကြီးမင်းဆိုပြီး သုံးတာကို ကျွန်မတို့တတွေ ဘာ့ကြောင့်ကျင့်သားရပြီး မေးခွန်းမထုတ်ဖြစ်ကြ သလဲဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ အိမ်နီးချင်းတရုတ်၊ အိန္ဒိယတို့နဲ့ယှဉ်ပြီး ဗမာမိန်းမတွေ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးရတယ်။ လွတ်လပ်တယ်လို့ ပြောပေမယ့် ဗမာမိန်းမ တယောက်မှ အစိုးရထဲမှာ ၀န်ကြီးမဖြစ်ဖူးပါ။ Mrs ဘမောင်ချိန်ကို ကရင်ပြည်နယ်ဆိုင်ရာ ၀န်ကြီးခန့်ဖူးပေမယ့် ပိုပြီးသြဇာကြီးတဲ့ အစိုးရထဲက ဌာနလက်ကိုင် ၀န်ကြီးမဟုတ်ပါဘူး။ သံအမတ်ဆိုလဲ ဒေါ်ခင်ကြည်တယောက်ပဲ ဖြစ်ဖူးပါတယ်။

ဒေါ်မြစိန်တို့ ဒေါ်ခင်လှတို့လို အမျိုးသမီးအမတ်တွေ ရှိခဲ့ပေမယ့် အင်မတန်နည်းပါတယ်။ တချို့က နိုင်ငံရေးမှာ မပျော်လို့ အမတ်အဖြစ်က နုတ်ထွက်သွားတာလဲ ရှိပါတယ်။ မပျော်ဘူးဆိုတာထက် အတိုက်အခိုက်ခံရတာများလို့ပါ။ ခင်နှင်းယုဝတ္ထုတွေရယ်၊ ၁၉၅၀တ၀ိုက်ကထုတ်တဲ့ သတင်းစာတွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

အကောင်းဆုံးကတော့ ဒေါ်ခင်မျိုးချစ်ရေးတဲ့ မ ဆိုတဲ့ စာအုပ်ပါ။ သူက ဗမာမိန်းကလေးတွေကို သူတို့နဲ့မိသားစုနဲ့ ပတ်ဝန်းကျင်က မယားကောင်းတယောက်ဖြစ်ရေးကိုသာ မျှော်လင့်ထားတယ် ဆိုပြီး မချင့်မရဲရေးဖူးပါတယ်။ ယောက်ျားတိုင်း မိန်းမတိုင်းဖတ်သင့်ပါတယ်။ အင်မတန်ကောင်းတဲ့ စာအုပ်ပါ။ ဇွန်ပွင့်က ၂၀၀၆မှာ (ပြန်)ထုတ်ပါတယ်။

လူကြီးမင်းနဲ့ဆက်စပ်ပြီးပြေးမြင်တာက ဟိုတလောက သတင်းစာထဲက ကူးထားတဲ့ဓာတ်ပုံပါ။ စာဖတ်သူ အောက်က link လေးကို နှိပ်ပြီးကြည့်လိုက်ပါ။ အကောင်းဆုံးဆုရတဲ့ ဗိုလ်လောင်း၃ယောက်နဲ့ မိဘတွေကို နေရာချထားပုံပါ။  အမေတွေ နောက်ဆုံးမှာ ထိုင်နေတာကို တွေ့ရပါလိမ့်မယ်။

gender_pic

ကျွန်မအမေပြောတတ်တဲ့ စကားလေးတခွန်းရှိပါတယ်။ သားသမီးတွေတော်လား။ လိမ္မာလားဆိုတာ အမေတွေ ဘယ်လောက်အရည်အချင်းရှိသလဲ ဆိုတဲ့အပေါ်အများကြီး မူတည် တယ်တဲ့။ အမေတွေကို ပွဲမထုတ်တဲ့၊ မိန်းမတွေကို နောက်မှာထားတဲ့ ယဉ်ကျေးမှုဘယ်လောက် ပျံ့နှံ့နေသလဲဆိုတာ အဲဒီပုံလေးက ပြောပါလိမ့်မယ်။

ဒါပေမယ့် ကျွန်မတို့မိန်းမတွေကိုယ်တိုင်ရော မိန်းမတွေရဲ့တန်ဖိုးကိုသိတဲ့ ယောက်ျားတွေပါ အဲဒီနှိမ်ပြီးဆက်ဆံနေတဲ့ ယဉ်ကျေးမှုထဲ မပါဖို့ အရေးကြီးပါတယ်။ အိမ်မှာ မသုံးတဲ့ စကားစုတွေရှိပါတယ်။ မိန်းမလိုမိန်းမရ၊ မိန်းမတန်မဲ့ဆိုတဲ့ စကားတွေ အိမ်မှာမသုံးပါဘူး။

ယောက်ျားဆိုတာ ဒါ၊ မိန်းမဆိုတာ ဒါ၊ ဒါတွေက ယောက်ျားစိတ်ဓာတ်၊ ဒါတွေက မိန်းမစိတ်ဓာတ်နဲ့ stereotype လုပ်တာ (သိမ်းကျုံးပြီး ပြောလိုက်တာ) တွေ ဖျောက်သင့်ပါပြီ။ သိမ်ဖျင်းတာကို မိန်းမစိတ်ဓာတ်၊ အတင်းပြောတာကို မိန်းမစိတ်ဓာတ်လို့ ခေါ်တာလောက် ခံရခက်တာ မရှိပါ။ နောက်အားမှ အဲဒီအကြောင်း အဘွားဒေါ်ကြည်ဦးပြောတာကို အသံသွင်းထားတာလေး ပြန်ရှာပြီး တင်ပေးပါ့မယ်။

ယောက်ျားနဲ့မိန်းမ မတူတာတွေရှိပါတယ်။ နာကျင်မှုကို ခံနိုင်တဲ့ ဟော်မုန်း၊ တုန်းဆိုတိုက်၊ ကျားဆိုကိုက် aggressive ဖြစ်တတ်တဲ့ ဟော်မုန်းတွေက ယောက်ျားတွေမှာ ပိုများလို့ အဲဒါတွေပေါ်အခြေခံတဲ့ အပြုအမူတွေမှာ ယောက်ျားနဲ့မိန်းမ ကွာခြားချက်တွေ ရှိပါတယ်။ ဒါတွေကလွဲရင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ယောက်ျားနဲ့မိန်းမ ကွာခြားမှုရှိတာ သက်သေမပြနိုင်ပါ။

မိန်းမတွေဘက်က လိုက်ပြောတဲ့ စာရေးဆရာကြီးတယောက်ရှိပါတယ်။ ပီမိုးနင်းပါ။ သူက မာဃဒေ၀ဆရာတော်ရဲ့ မိန်းမတွေကို နှိမ်ထားတဲ့ လင်္ကာတွေကို ဝေဖန်တော့ သူ့ကိုခရစ်ယာန်မို့လို့ ဒီလိုပြောတယ်လို့ တခြားစာရေးဆရာတွေက ဆိုပါတယ်။ ပီမိုးနင်းရဲ့ မိန်းမတွေကို စာနာတတ်တဲ့စိတ်၊ ကာကွယ်ပေးလိုတဲ့စိတ်တွေကို မချီးကျူးတဲ့အပြင် ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာ တိုက်ပေးတာပါ။

မိန်းမတွေနှိမ်ခံထိတဲ့အကြောင်းရေးရင် အရည်မရ၊ အဖတ်မရ၊ အားလို့ရေးတာလို့ အပြောခံရတာကိုလဲ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကကောင်းကောင်း သိပါတယ်။ သူရေးတာလေးနဲ့ပဲ ဒီရင်ဖွင့်စာကို အဆုံးသတ်ပါမယ်။

“အားလုံးခြုံကြည့်လိုက်လျှင် ‘မ’ တို့အဖို့အိမ်ထောင်သည်ဘ၀၊ မယားကောင်းဖြစ်လာအောင် အကြားအမြင် ဗဟုသုတတွေနှင့် ပုံသွင်းပေးနေကြသည်။ သမီးမွေးလာလျှင် တနေ့လင့်အိမ်ပို့ဖို့ ‘ရောင်းကုန်’ အဖြစ်နှင့် လက်သပ်မွေးသင်ကြားပေးနေကြသည်။ တနေ့ကျလျှင် လင်သားကို ပြုစုတတ်အောင်ဆို၍ ငယ်စဉ်ကတည်းက အဖေနှင့်အမသာမက မောင်ကြီး၊ မောင်ငယ်များကို စားဝတ်နေရေး ၀တ္တရားတွေ ကုန်စင်အောင် ပြုစုလေ့ကျင့်ရသည်။ ထိုစနစ်အရ မိသားစုတွင် ‘ကျား’ တို့သည် အပြုစုခံ လူတန်းစားဖြစ်၍ ‘မ’ တို့မှာ အခိုင်းခံလူတန်းစားအဖြစ်သို့ ရောက်နေကြသည်။

ထိုစနစ်ထိုပုံစံမှာ သူ့ခေတ်နှင့်သူ အလွန်ပင် အံဝင်ခွင်ကျ ဖြစ်နေသဖြင့် ဘယ်သူကမှ ဝေဖန်ခြင်း မပြုကြချေ။ မှန်ကန်သည်။ သဘာဝကျသည်ဟု လက်ခံထားကြသည်။ ‘သည်လိုဆိုလျှင် တရားနည်းလမ်းကျပါ့မလား’ ဟူ၍ ယောင်မှားမပြောလေနှင့်။ အရူးဖြစ်သွားမည်။’”

အရူးမဟုတ်ပါဘူး။ တရားနည်းလမ်းမကျတာတွေ့ရင် နည်းလမ်းမကျဘူးလို့ ပြောပါမယ်လို့  စာဖတ်သူ အာမဘန္တေ ခံရဲသလော။

Discussion

27 thoughts on “Lugyi Min

  1. Hi Ama,

    This is a nice essay and I totally agree with your point of view on suppression of women in Burma.
    Our Lord Buddha never taught us to look down the women and even highlighted why mother is very important in human life frequently.
    Suppression of women is not included in our tradition but it is the wrong and stupid attitude which has been being inherited from our ancestors.
    Even I have grown up in the female-dominated family, I have been gender-discriminated in several places directly or indirectly since I was kid.
    We are being so used to in some issues and don’t even know that it is discrimination for being women.
    It is very rare to hear ”Ladies and Gentlemen” term in Burma rather than they like to use ”Lu-gyi-min-myar” .
    One more thing: I don’t still understand and do disappoint for being prohibited to go to some special places in some pagodas. It is different from forbidding of wearing foot wears in Buddhist religious places.

    My grandma said if a girl get pregnant unwillingly in Burmese society, a lot of people will blame her instead of giving her support which she urgently needs at that time.

    May the Burmese girls more educated, be more independent, know their values and protect themselves ….

    Posted by Su Su | 20/07/2009, 14:12
  2. စာကြောင်းတိုင်းကို ထောက်ခံပါတယ်။
    တရားနည်းလမ်းမကျတာတွေ့ရင် နည်းလမ်းမကျဘူးလို့ ပြောဖို့ မိဘတွေက အားပေးခဲ့တယ်။ ကိုယ်တိုင်လဲ ကျင့်သုံးနေတယ်လို့ ထင်တယ်။ ယောကျာင်္း မိန်းမရယ် မဟုတ်ဘဲ လူတယောက်ရဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကိုသာ အသိအမှတ်ပြု လေးစားသင့်တယ်လို့ ယုံကြည်ပါတယ်။
    ညီမရေ..ဒီပို့စ်လေးအတွက် ကျေးဇူးတင်လျက်ပါ။

    Posted by မိုးချိုသင်း | 20/07/2009, 15:53
  3. ကိုဝတုတ် ပြောမှ..ဟုတ်လည်းဟုတ်နေတဲ့..ကို့ရို့ကားယား အသုံးအနှုံးတခုကို ထပ်သတိပြုမိသွားတယ်။ ကျား-မ ခွဲခြားကန့်သတ်မူတင်မက….ထက်-အောက် ဒေါင်လိုက် ဆက်ဆံရေးကြီးကို ပါ..အထင်အရှားမြင်ရတဲ့..အခေါ်အဝေါ်ကြီးပါ။ ရို့ကျိုးမူ နဲ့ လေးစားမူ ..အောက်ကျို့မူနဲ့..ရိုသေမူ..မကွဲပြားနိုင်ကြသေးတဲ့..လူ့အသိုင်းအ၀ိုင်းတခု အတွက်.. ပြောင်းကို ပြောင်းလဲ ပြစ်ရမဲ့..ph. message တခု။

    စတော့ရှယ်ယာတွေ ..နီလိုက်စိမ်းလိုက် ၀ါလိုက် ဖြစ်နေတဲ့..ကိုဝတုတ်ရဲ့.. ကိုယ်တွေ့..ရင်းနှီးမြုပ်နှံမူ ကစားပွဲလေးတွေလည်း ဖတ်ချင်ပါတယ်။း)))
    မျှားလေးတွေ..အောက်ဆိုက်သွားရင်..ဇီဇ၀ါ..ထမင်းမကျွေးပဲ နေလိမ့်မယ်..း))

    Posted by K | 21/07/2009, 06:19
  4. hello

    Nice one. I totally agree with the post. I always wanted to say something like that. Thanks for the post.

    Posted by Aung | 21/07/2009, 10:11
  5. ကျွန်တော်ကတော့ ဖုန်းထဲမှာ အဲဒီလူကြီးမင်း ဆိုတဲ့ အသံကို ကြားရင် အတော်ကို သောက်မြင်ကတ်လွန်းလှပါတယ်။ မဇီဇ၀ါရေးသလိုမျိုး ကျားမကဏ္ဍက တွေးမိလိုတော့ မဟုတ်ပါဘူး။ ဖုန်းခေါ်လို့ မရလွန်းလို့ပါ။ ဖုန်းခေါ်လို့သာ မရတာ ဖုန်းကဒ်ထဲက ပိုက်ဆံကတော့ ဖြတ်သွားတယ်။ စိတ်လေလွန်းပါတယ်။

    လူကြီးမင်း… လူကြီးမင်း…. အတော်ကို မုန်းမိတဲ့ လူကြီးမင်း… =)

    Posted by july Dream | 25/07/2009, 00:32
  6. လက်ရှိ အမျိုးသားတွေကိုပဲ အပြစ်ပြောလို့မရဘူးလို့ ထင်ပါတယ်။ အမျိုးသမီးတွေကိုလည်း “ကိုယ့်ကိုယ်ကို အားနွဲ့သူလို့”မမြင်အောင် ပညာပေးသင့်ပါတယ်။ မြန်မာပြည်မှာ အမျိုးသမီး နဲ့ အမျိုးသားကို ခွဲခြားဆက်ဆံတယ် ဆိုတာ ဟုတ်ပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ယောက်ျားတွေက မိန်းမတွေကို အလိုလိုနေရင်း သနားနေတာတွေ ရှိတယ်။ အတူတူချင်းကို အမျိုးသမီးတွေက တစ်မူးပိုသာချင်တာမျိုးလည်း ရှိတယ်။ “နင်တို့က မိန်းကလေးတွေ မဟုတ်လား?” “နင်တို့က ယောက်ျားလေးကိုး” “ဟင်း ယောက်ျား ဖြစ်ပြီးတော့…” “ငါက မိန်းကလေးဟ” “ဘယ်လိုကောင်လည်း မသိဘူး မိန်းမလိုမိန်းမရနဲ့” မကြားချင်မှ အဆုံးပဲ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ထက်ရင် သာမန်ယောက်ျားမပြောနဲ့ စစ်သားတွေတောင် ကြောက်ကြတယ်ဆိုပဲ။း-) လိင်ခွဲခြားမှုကို အစဉ် ဆန့်ကျင်လျက်…။

    Posted by Dho-ong Jhaan | 06/09/2009, 15:51
  7. ဇီဇ၀ါ
    မဃဒေ၀ဆရာတော်ဆိုတာ မာန်လည်ဆရာတော်ပါ ။
    ဆရာကြီးပီမိုးနင်းရဲ့  မာန်လည်နဲ့  မိန်းမဆိုတဲ့ စာကို မထည့်ဘို့  မြန်မာ့အလင်းအယ်ဒီတာလုပ်နေတဲ့  ဦးချစ်မောင်က ဆုံးဖြတ်ခဲ့တာမှာ ဘာသာ အစွဲနဲ့ မဟုတ်ပါ။နောက်တခုက ကန့် ကွက်ပုံကလဲ မိန်းမတွေဘက်က နာလို့ လို့ မမှတ်မိပါ
    (အင်း အစက ရေးမှပါ ။တော်ကြာ ဖြတ်ပြောတယ်ဖြစ်နေမှ)
    ဆရာကြီးပီမိုးနင်းသေတော့ ပီမိုးနင်း၏ ပီမိုး နင်းဆိုတဲ့  သူရဲ့  ရေးလက်စ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ဦးချစ်မောင်တို့ က ထုတ်ပေးတဲ့  အခါမှာ နောက်က ဘာတွဲပါလာလဲဆိုတော့
    ဆရာကြီးရဲ စာတွေကို ဦးချစ်မောင် ဖြတ်ထားတာတွေကို ဘြာေ့ကာင့် ဖြတ်တယ်ဆိုတဲ့  အယ်ဒီတာ မှတ်ချက်လေးတွေနဲ့ တူတူ ပါလာတယ် ။
    အင်း
    ဒါလဲအစကမဟုတ်ဘူးပြောအုံးမှာဘဲ
    အစကပြန်စမှပါဘဲ
    တနေ့ တော့ မြန်မာ့အလင်း အယ်ဒီတာချုပ်ဦးချစ်မောင်ဆီကို ဆရာကြီးပီမိုးနင်းရောက်လာသတဲ့  ။
    ပြောတာက သူတော့ ရန်ကုန်ဆက်မနေနိုင်တာနဲ့  တောပြန်မယ်လို့  လာနှုတ်ဆက်တာပါ။
    အဲမှာ ဆရာက မေးမြန်းတော့ အိမ်လခလောက်မှန်မှန်ဝင်ငွေရှိရင် စားဘို့ က ကြံဖန်ရပါတယ်လို့  ဖြေတယ်။
    ဒီတင် ဆရာဦးချစ်မောင်က မြန်မာ့အလင်းကနေ ပုံမှန် ဆောင်းပါးသုံးပေးဘို့  စီစဉ်ပေးပြီး လစဉ် ပုံမှန်စာမူခထုတ်ပေးဘို့ စီစဉ်တယ် ။
    အဲဒီတော့ တွက်ကြည့်ရင် ဒီအချိန်မှာ ဆရာကြီး ပီမိုးနင်းဆိုတာ နာမည်ကြီးစာရေးဆရာ ၊ နောက် ပုံမှန်စာမူခက ပေးနေရပြီ ။ သူ့ စာ သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ။
    ဒါပေမဲ့  ဆရာဦးချစ်မောင် တာဝန်ကျေပုံက ရေးလာသမျှ ကောက်မထည့်ဘဲ တိုင်းပြည်အတွက် အကျိုးမရှိတာဆို ဖြတ်တယ် ။
    ဖြတ်တယ်ဆိုတာမှာလဲ ဖြတ်တယ်ကွ ဆိုတာမျိုး မဟုတ်ဘဲ သူ့ မှတ်ချက်လေးနဲ့  အတူ ဆရာကြီးကိုလဲ ဘာကြောင့် သူ မထည့်နိုင်ဆိုတာကို ရှင်းပြတဲ့  စာလေးတွဲတွဲပြီး သိမ်းထားတာဘဲ ။

    သေချာမှတ်မိနေတာက မာန်လည်နဲ့  မိန်းမဆိုပြီး ဆရာကြီးပီမိုးနင်းက မာန်လည်ဆရာတော်ဘုရားအပါအ၀င် အဲဒီခေတ်က ဆရာတော်တွေ မိန်းမမကောင်းကြောင်းဖေါက်ပြန်တတ်ကြောင်း အညှာလွယ်ကြောင်းတွေ ဟောကြရေးကြတာတွေကို ကန့် ကွက်တယ် ။ အဲ မိန်းမတွေဘက်ကနာလို့  မထင်ပါနဲ့ 
    သူ ကန့် ကွက်ပုံက တမျိုးပါ ။
    မိန်းမဆိုတာ သူစိတ်လိုတဲ့  အခါမှ ပါလွယ်တာကို အမြဲလိုနေတယ်လို့  ထင်ပြီး သွားစမ်းလို့ ယောက်ျားတွေ ထောင်ကျကျကုန်တာ အဲစာတွေဖတ်လို့  တဲ့  ။
    အဲစာကို ဆရာဦးချစ်မောင်က ဖြတ်ပါတယ် ။ ဖြတ်ရုံနဲ့ မပြီးဘဲ ဆရာကြီးနဲ့ ဆွေးနွေးချက်လေးကိုပါ မှတ်ချက်ပေးတာက မာန်လည်ဆရာတော်ရဲ မုဒုလက္ခဏာပျို့ လာ မိန်းမနဲ့  တွေ့ ရင် စိတ်ကို ခိုင်ခိုင်ထား ကာမဆန္ဒအလိုမလိုက်နဲ့  ဆိုတဲ့  စာတွေကိုထုတ်နှုတ်ပြသလို ဆရာကြီးပီမိုးနင်းရေးခဲ့တဲ့  မိန်းမစိတ်ကျမ်းထဲက မိန်းမဆိုတာ စိတ်ပျော့ကြောင်း ပါလွယ်ကြောင်းတွေကိုပါ ထုတ်ပြခဲ့ပြီး တားခဲ့တာကို မှတ်ချက်လေးတွဲထားခဲ့ပါတယ်
    ဆရာကြီးပီမိုးနင်းကလဲဒီအယ်ဒီတာ ငချွတ် (အဲတော့ဦးချစ်မောင်က မိန်းမတောင်မရသေး ၂၀ကျော်လေးရယ် ) ငါ့စာဖြတ်တယ်လို့  ထမဆူဘဲ ဟိုစာက နဲနဲလေး ပါလွယ်တာက များများဖြစ်နေတာပြောတာပါလို့ သာ ရယ်ရယ်မောမောနဲ့  ဖြေရှာသတဲ့ 

    Posted by tint oo | 27/06/2010, 03:43
    • If you could find Ngwe U Down, Sa Wingaba, 2nd vol, p. 216, you’ll see that Ngwe U Down concluded that P Monin’s views–those defending women–were attacked on religious ground. Thanks for your comments and sorry for not being able to write longer. -z-

      Posted by zizawa | 28/06/2010, 15:25
      • Yep
        I can remember Nge U dawn’s books . Actually 2 series .
        1 is called sar win kabar ( 1st to 5th volumes ) and 2nd 1 is called thicharr sar win kabar . I am afrad to say Ngwe U Dawn was not a reliable witness .
        As I stated , it was a bit difficult to attack P Mo Nin on religeous groumds as he had already converted to Buddhism . 😛

        Posted by tint oo | 29/06/2010, 17:53
      • That isn’t good enough, Ko Tint. Why is Nge U Down not a reliable witness?

        watote

        Posted by zizawa | 29/06/2010, 18:00
      • oops
        It seems I need to do an essay on that .
        Basically , main issue is time and memory factor .
        Source material Ngwe U Dawn used for arwinkabar was mainly his memory . (Thichar sar win kabar was actually reprint of old journal articles ) . The problem is he was writing about events of 1930 in 1960s without proper diaries . At the time of publication of Sar win kabar , most of ppl he was writing about were dead . So there was no way of confirming what he wrote .

        Posted by tint oo | 29/06/2010, 18:33
      • P Moenin could still be attacked on religious ground despite being a Buddhist convert as he is not a born Buddhist, right? And he was. According to Taik Soe, his biographer, when P Moenin wrote about logic, some senior monks disapprove as they saw, perhaps mistakenly, his work could be a challenge to Buddhism.
        And how do you know that Nge U Doun was not writing without proper diaries?

        Posted by zizawa | 29/06/2010, 19:00
      • well , my quotation is also the writings of Ngwe U dawn . If I remember rightly , it was in 4th volume of his sarwinkabar , He stated that he has received letters of thanks from Bogyoke Aung San and U Nu ( then Foreign minister of Ba Maw Gov ) and also personal correspondence withP Moe Nin and he had already lost all of these documents .

        Posted by tint oo | 29/06/2010, 22:53
  8. နောက်တခုက အဲအချိန်မှာ ဆရာကြီးပီမိုးနင်းဟာ ဗုဒ္ဓဘာသာဖြစ်နေပါပြီ ။ သုံးဆယ်မစ်ရှင်နာရီတယောက်ရဲ့ မွေးစားသား မောင်မိုနှင်းခေါ် ဖီးလစ်ဟာ မော်လမြိုင်ကျမ်းစာသင်ကျောင်းနဲ ပီနန်seminary တက်ခဲ့ရာကနေ ရိုမန်ကက်သလစ်Monkဖြစ်မလာဘဲ သုံးဆယ်ပြန်ရောက်လာပါတယ် ။ ဒီကနေ ဗုဒ္ဓဘာသာပစဉ်းခံခဲ့ပါတယ် ။ နောက်ပိုင်းမှာ နိုင်ငံခြားသာ ဘုန်းတော်ကြီး အာနန္ဒာမိတ်တေးယျနဲ့  တွဲဘက်ပြီး အဘိဓမ္မာလာ ၀ိထိစဉ်တွေကို ဓါတ်ပုံရိုက်ဘို့ ကြိုးစားခဲ့ပါသေးတယ် ။ အဲကနေမှ လာတင်ဆရာ ၊ နောက်ပိုက်ဆံကြီး နာမည်နဲ့  ပညာအလင်းသတင်းစာမှာ စာရေးအောင်မြင်လာပါတယ် ။ ပညာအလင်းက ထွက်တာမှာ ပိုက်ဆံကြီးကလောင်ကို တိုက်ရှင်က သိမ်းလို့  ပီမိုးနင်း ကလောင်နဲ့  ရေးခဲ့ပါကြောင်း

    Posted by tint oo | 27/06/2010, 03:50
  9. ညီမ ဇီဇဝါရေ…ဟုတ်တယ်…အမလည်း မဟုတ်တာ လုပ်တဲ့၊ အပြစ်ဝန်မခံတတ်တဲ့ ယောင်္ကျားတယောက်ကို ဟေ့ကောင် မင်းထမီ ဝတ်ထားပါလားလို့သုံးနှုန်းရင် တော်တော် စိတ်နာတယ်၊ ဒါ ထမီဝတ်ထားတဲ့ သူတွေကို စော်ကားလိုက်တာပဲ၊ ဒီခေတ်မှာ မိန်းမတွေ အပြင်အလုပ်ထွက်လုပ်တဲ့ခေတ်၊ ယောင်္ကျားတွေနဲ့ တန်းတူ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေတဲ့ ခေတ်ကြီးမှာ ဟိုးတုန်းကလို အမေလုပ်သူတွေက သမီးအတွက် လင်ကောင်းဖမ်းပေးဖို့ ၊ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာလောက်ပဲ သင်ပေးဖို့ ဆိုတာ ခေတ်မရှိတော့ဘူး ထင်ပါရဲ့။ ဘာသာရေး ရှုထောင့်က ကြည့်ရင်သာ မိန်းမတွေ အထက်ပစ္စယံ မတက်ရတာတို့၊ သိမ်ထဲ မဝင်ရတာတို့ ဆိုပြီး ရှိနေတာ။ လက်တွေ့မှာတော့ မိန်းမ-ယောင်္ကျား ဆိုတာထက် တဦးချင်းဆီရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ကိုယ်ကျင့်သိက္ခာကသာ တန်ဘိုးဖြတ်ပေးလိမ့်မယ်လို့ ယုံကြည်လက်ခံ ထားပါတယ် ညီမရေ…။

    Posted by ချစ်ကြည်အေး | 28/06/2010, 07:03
    • ‘ဒီခေတ်မှာ မိန်းမတွေ အပြင်အလုပ်ထွက်လုပ်တဲ့ခေတ်၊ ယောင်္ကျားတွေနဲ့ တန်းတူ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေတဲ့ ခေတ်ကြီးမှာ ဟိုးတုန်းကလို အမေလုပ်သူတွေက သမီးအတွက် လင်ကောင်းဖမ်းပေးဖို့ ၊ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာလောက်ပဲ သင်ပေးဖို့ ဆိုတာ ခေတ်မရှိတော့ဘူး ထင်ပါရဲ့ ။’

      မချစ်ကြည်အေးရေ… ခုအပေါ်က မချစ်ကြည်အေးရဲ့ စာလေးကို ဖတ်ပြီး ကျွန်တော်ကြားဖူးထားတဲ့ quote လေးတခုနဲ့ ဆင်လွန်းလို့ မနေနိုင် မထိုင်နိုင် ၀င်မန့်ချင်စိတ် ပေါက်လာလို့ပါ။
      Social reforms are never achieved by the weakness of the strong, but only by the strength of the weak တဲ့။
      ယောက်ျားတွေက မိန်းမတွေကို သနားလို့ အခွင့်အရေး ပေးတာမဟုတ်ဘဲ မိန်းမတွေကိုယ်တိုင်က ယောက်ျားတွေနဲ့ ပညာရှာတဲ့နေရာ၊ ပိုက်ဆံရှာတဲ့နေရာမှာ ရင်ဘောင် တန်းလာနိုင်တော့ သူတို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးကို မပေးလို့ မရတဲ့ အနေအထားကို ရောက်လာတဲ့ သဘောပဲ။

      Posted by zizawa | 28/06/2010, 07:52
  10. ဖတ်ရင်းနဲ့ စိတ်ပါလာပြီဗျာ၊ မတောက်တခေါက်နဲ့ ဝင်ကြည့်အုံးမှ။

    မစုစု နဲ့ကွန်မန့်နဲ့ပတ်သက်လို့ တလောက ဖတ်မိတဲ့စာအုပ်တစ်အုပ်အရ ဗုဒ္ဓဘာသာမှာ သီအိုရီအရ ကျား၊ မခွဲခြားထားတာမရှိပါဘူးတဲ့၊ ဒါပေမယ့် တရားဘောင်မှာ မိန်းမတွေ နေရာတန်းတူမရှိတာကို ထောက်ပြတာတွေရှိကြရာမှာ ဖြစ်နိုင်ခြေကတော့ အဲဒီခေတ်က လူ့အသိုင်းအဝိုင်း ယဉ်ကျေးမှုဓလေ့ ထုံးစံတွေအရမို့သာလျှင် တူညီတဲ့အခွင့်အရေး မရှိခဲ့ကြတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စာအုပ်ကတော့ အိန္ဒိယထုတ် ပညာရှင်ဆန်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒါပြင်ဆက်ပြီး သူထောက်ပြတာက အဲဒီခေတ်နဲ့ နောက်ပိုင်းတလျှောက်လုံး ဗုဒ္ဓစာပေကျမ်းဂန်တွေကို စုစည်းရေးသားခဲ့သူတွေဟာ ပုရိသတွေဖြစ်နေခဲ့တာကြောင့် ချိန်ခွင်အလေးကွာသွားရတဲ့ သဘောလည်းပါပါသတဲ့။

    မဇီဇဝါပို့စ်အရကတော့ ကျနော့်အမြင်မှာ မြန်မာပြည်ရဲ့ feminism struggle ဟာ အခုမှ စရုံရှိပါသေးတယ်။ ဒါတောင် အပြင်ပန်းအရပဲ ရှိပါသေးတယ်၊ ideology ပိုင်းက စတောင် မစကြရသေးပါဘူး။ အနောက်နိုင်ငံတွေမှာ politically correct ဖြစ်တဲ့အသုံးအနှုန်းတွေ စတင်ပြင်ဆင်ချိန်မှာ မြန်မာပြည်ကို တစ်တန်းထဲထားပြီး သွားမျှော်လင့်လို့ မရနိုင်သေးဖူးထင်ပါတယ်။

    “မိန်းမတွေကို နောက်မှာထားတဲ့ ယဉ်ကျေးမှုဘယ်လောက် ပျံ့နှံ့နေသလဲဆိုတာ” ဆိုတဲ့ စာကြောင်းမှာတော့ “မိန်းမတွေကို တန်းတူမထားတဲ့ ခိုင်မာစွဲမြဲနေတဲ့ ဓလေ့တစ်ခု” ဆိုရင်များ ပိုသင့်တော်မလားပဲ။ ထင်တာပြောကြည့်တာပါ။ မှားရင်လည်း ခေါင်းသာဝိုင်းခေါက်ကြပါဗျာ။

    Posted by မန်းကိုကို | 28/06/2010, 13:16
    • I don’t remember whether I posted a photo, but I’ll send it to you via email so that you can decide whether the former sentence or the latter is more relevant. -z-

      Posted by zizawa | 28/06/2010, 15:28
  11. ပို့စ်နဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး၊ ဒါပေမယ့် ယောက်ျား၊ မိန်းမ ခွဲခြားဆက်ဆံရေး ဆိုလို့ ရုပ်ရှင်တစ်ခုကို သတိရသွားလို့ ညွှန်းမလို့။ မဇီဇ၀ါတို့၊ ကိုဝတုတ်တို့ ကြည့်ပြီး ဖြစ်ဖို့ များပါတယ်။ ကြည့်ပြီးသားဆိုရင်လည်း စာဖတ် ပရိတ်သတ်၊ မှတ်ချက်ရေး ပရိသတ်ထဲက မကြည့်ရသေးတဲ့ သူတွေ အတွက်ပေါ့။ မကြည့်ရသေးဘူး ဆိုရင်လည်း အချိန်ရရင် ကိုဝတုတ်တို့၊ မဇီဇ၀ါတို့ပါ ကြည့်နိုင်တာပေါ့။ နာမည်က Sita Sings the Blues တဲ့။ အမျိုးသမီး အခွင့်အရေးကို အတည်ပေါက်ကြီး လေးလေးနက်နက် ရိုက်ထားတာတော့ မဟုတ်ဘူး။ သီချင်းနဲ့၊ ရယ်စရာနဲ့၊ ကာတွန်းနဲ့ ရာမာယနဇာတ်ကို ပြန်ရိုက်ထားတာ။ Creative Commons လိုင်စင်နဲ့ ဖြန့်တယ်၊ သူ့ဝက်ဘ်ဆိုဒ်မှာ အခမဲ့ ကြည့်လို့ရတယ်။ ဟိဒ္ဒူဘာဝင် အချို့ကတော့ ကြိုက်ချင်မှ ကြိုက်မယ်။ Poltically correct သိပ်မဖြစ်ဘူးလို့ ဝေဖန်ချင်လည်း ဝေဖန်ခံရနိုင်တယ်။ Unconditional love ကို နားမလည်ဘူး ဘာညာလည်း ဝေဖန်ခံရင် ခံရနိုင်တယ်။ ဒါပေမယ့် အားရင် ကြည့်ကြည့်ပါ။ ကြည့်ပျော်တယ်။ ကျွန်တော်က ရုပ်ရှင်နဲ့ ၀ါဒဖြန့်နေတာ ဆိုပါတော့။😀 အမှန်ကတော့ အစားကောင်း အသောက်ကောင်း စားရရင် မိတ်ဆွေတွေကို သတိရလို့ပါ။😉 (အဲ… ဒီလိုပြောမှ ၀ါဒ ဖြန့်မှန်းမသိ ဖြန့်သလို ဖြစ်နေပြီလား မသိ။ :D) ထားပါတော့။ Annette Hanshaw ရဲ့ သီချင်းတွေပါတယ်။ ကြော်ငြာတာ။ “That’s all.”😀

    Posted by ပိုင် (Pi) | 29/06/2010, 01:55
    • ကျေးဇူးပါ ဆရာပိုင်ရေ.. နှစ်ယောက်လုံး မကြည့်ဘူးဘူး။ ကြည့်လိုက်ဦးမယ်။ စကားမစပ်ဗျာ.. ကျွန်တော် ကျောင်းဆရာဘ၀က အတွေ့အကြုံလေးတခု သတိရလို့ ပိုင်လည်း စိတ်ဝင်စားမယ်ထင်လို့ ပြောပါရစေဦး။ geometric construction ပြတဲ့အခါမှာ
      မျဉ်းပြတ်တခုရဲ့ perpendicular bisector (ထောင့်မှန်ကျ အလယ်ဖြတ်မျဉ်းခေါ်မယ် ထင်တယ်) ဆွဲတဲ့အခါ မျဉ်းရဲ့ အစွန်းနှစ်ဘက်ကနေ ကွန်ပါချွန်နဲ့ စက်ဝိုင်းပြတ်ရာလေးတွေကို မျဉ်းရဲ့ တဘက်တချက်မှာပေး၊ ပြီးရင် စက်ဝိုင်းပြတ်ဆုံမှတ် နှစ်ခုကို ဆက်လိုက်ရင် ကိုယ်လိုချင်တဲ့ ထောင့်မှန်ကျ အလယ်ဖြတ်မျဉ်းထွက်လာရော။ ဒါပေမယ့် မေးစရာရှိတာက ဘာ့ကြောင့် ဒီလို မျဉ်းအစွန်းကနေ စက်ဝိုင်းပြတ်ရာတွေ ပေးနေသလဲဆိုတာကို ကျောင်းသားက သဘောမပေါက်ဖူးဗျ။ ဘာလို့လဲဆိုတော့ သူ့ရဲ့  နောက်ခံ geometry theorem ကိုသူတို့ သိမှ မသိသေးတာ။ (တခုနဲ့တခု ထပ်နေတဲ့ အရွယ်တူစက်ဝိုင်းနှစ်ခုရဲ့ ဗဟိုနှစ်ခုကိုဆက်တဲ့ မျဉ်းဟာ ဘုံလေးကြိုးကို ထောင်မှန်ကျ ထက်ဝက်ပိုင်းတဲ့ သီအိုရမ်) သင်္ချာမှာ အဲ့သလို ဂျီသြမေတြီဆရာတွေက အမှန်တရားလို့ ပြောထားတာကို မှန်တယ်လို့ အတင်းလက်ခံ ခိုင်းထားပြီး၊ (နောက်ပိုင်းမှ မှန်တယ်ဆိုတာ သက်သေပြတာက တပိုင်းပေါ့ဗျာ) လက်ခံနေရပြီး အလုပ်လုပ်နေရတာတွေ ရှိတယ်ဗျ။ (ပိုင်တို့ဆီမှာ ကျွန်တော် တခါလာ ရွှီးဖူးသလိုပေါ့ဗျာ) အဲ့တော့ ကျောင်းသားကို သီအိုရမ်အရင်သင်ရမလား၊ ဒါမှမဟုတ် construction ဆွဲနည်းကို အလွတ်ကျက်ခိုင်း၊ ပီးတော့မှ သူ့နောက်ခံ သီအိုရမ်ကို ပြန်ရှင်းပြတာ ပိုကောင်းမလား။ ပိုင်ဘယ်လိုထင်လဲ။ ကျွန်တော့်အမြင်ကတော့ ကျောင်းသားတွေကို သင်္ချာရဲ့ သဘောသဘာဝ (true by necessity) ကိုအကြမ်းပြောပြပြီး ကိုယ်တော်တို့ ခဏလေးသည်းခံကြပါအုန်း၊ နောက်ပိုင်းမှာ ဘာ့ကြောင့် ဘာလုပ်ရတယ် ဆိုတာကို ရှင်းပြမယ်လို့ စကားခံထားမယ် စိတ်ကူးတယ်။ ဒါက ကျွန်တော်လည်း မတတ်နိုင်ဘူး။ သင်္ချာရဲ့ သဘာဝက ညွှန်ကြားတဲ့အတိုင်းသာ ကျွန်တော်လည်း ပြရတာလို့ပဲ အာပတ်လွတ်ပြောရလေမလား…
      ကျွန်တော်တို့နိုင်ငံမှာ သင်ရိုးညွှန်းတမ်းတွေက အဆင့်မှီတယ်ဗျ။ တခုတော့ ရှိတာပေါ့ဗျာ။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သင်ရိုးတွေကိုတော့ ခေတ်နဲ့အညီ နည်းနည်းပါးပါး ပြင်ဖို့တော့ ကောင်းနေပြီ။ သင်ပုံသင်နည်း ကောင်းကောင်းနဲ့ဆို ကျွန်တော်တို့ဆီက ခလေးတွေလည်း ဒီဘက်က ခလေးတွေကို ကောင်းကောင်းကြီးယှဉ်နိုင်မှာ ယုံတယ်။
      ကျွန်တော်နဲ့ဇီဇ၀ါကတော့ ရသမျှ သင်ရိုးလေးတွေ စုစုထားတယ်။ တချိန်မှာ (နီးနီးလာပီလို့ ယုံကြည်ရတာပဲ) အသုံးတည့်လာမှာပါ။

      Posted by zizawa | 29/06/2010, 09:27
  12. မစုစု နဲ့ကွန်မန့်နဲ့ပတ်သက်လို့ တလောက ဖတ်မိတဲ့စာအုပ်တစ်အုပ်အရ ဗုဒ္ဓဘာသာမှာ သီအိုရီအရ ကျား၊ မခွဲခြားထားတာမရှိပါဘူးတဲ့၊ ဒါပေမယ့် တရားဘောင်မှာ မိန်းမတွေ နေရာတန်းတူမရှိတာကို ထောက်ပြတာတွေရှိကြရာမှာ ဖြစ်နိုင်ခြေကတော့ အဲဒီခေတ်က လူ့အသိုင်းအဝိုင်း ယဉ်ကျေးမှုဓလေ့ ထုံးစံတွေအရမို့သာလျှင် တူညီတဲ့အခွင့်အရေး မရှိခဲ့ကြတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ (ကိုမန်းကိုကို )
    http://www.venkawwida.net/2010/03/blog-post_9052.html

    Posted by tint oo | 29/06/2010, 17:48
  13. In my opinion, how to teach a student about perpendicular bisectors in geometry is dependent upon the setting in which the teaching takes place.

    I’d say that the ideal setting is the one in which the student is already genuinely interested in the problem (of bisecting a given line segment), and both the student and the teacher have enough time. In such an ideal situation, the best way is to let the student discover the theorem, instead of being told by the teacher what the theorem says. I’d start letting the student draw a line segment, I’m gonna give the student a compass and ask him or her to bisect the line segment using only the compass and a straight edge. Of course, I would nudge him or her in the right direction by pointing out the special position enjoyed by the end points, the symmetry, and so on. Once the student has discovered it by himself or herself (and I believe that every average student can do that in a relatively relaxed setting), I’d ask him or her to prove the general statement (the theorem about secants, etc.) Depending on the level (and sometimes the personality of the student), I may not even mention anything about math being true by necessity or even the word “theorem” because these things tend to make conversation between the student and the teacher cold and dry. In a nutshell, I’d try to present it as a natural result (something that’s gotta be true) that can be easily understood and discovered by using only the student’s intuition (with the guidance of the teacher.)

    Of course, students and teachers don’t always enjoy that kind of ideal situations. In a not-so-ideal situation, we can still use the same idea but hint more and nudge them a bit harder to get the answer quicker. If we’re in a hurry, then all that a teacher can do is just “damage control.” In such ‘bad’ settings, many students are going to hate this theorem, memorize it, regard it as something esoteric and, the worst of all, won’t appreciate the beauty involved; all that a teacher can hope to do here is to make sure that the student remembers how to bisect a line segment until the exam is over; that’s what I call “the damage control” because damage is already done on the students. Sadly, majority of the classrooms all over the world are in the not-so-ideal or the bad settings. Ideal settings are usually found mainly in the cases of private tutors, office hours, and parents (who are also good at teaching) teaching their own children.

    Regarding the math curriculum in Burma’s Basic Education schools, I agree with you; some academics who knew what they were doing prepared it. Many outsiders would be surprised to see that even before talking anything remotely related to counting, kindergarten math textbook talks about comparing two pictures, picking the bigger one, etc. For another example, we can look at how the geometry textbook used in Burma talks about that theorem of finding the area of a circle using the radius. If I remember correctly, it has more than one proof, and one of those proofs is very intuitive involving only cutting and pasting. I remember it because I was delighted (in 6th standard?) when I first saw that proof in the textbook; it’s so… beautiful. Again, sadly enough, many teachers usually skip those proofs. Students need to read the textbook on their own. Not reading the textbook (not being able to read the textbook) is the cardinal sin (the weakest point) on students’ part as far as math in Burma is concerned.

    I have course notes for several undergrad level math courses that I’ve saved for my teaching portfolio. It may be useful someday. The more important thing though is to effectively teach what is already there in the curriculum, but I understand that our students and teachers are burdened with so many other things that many of them can only barely concentrate on learning and teaching.😦

    Posted by ပိုင် (Pi) | 29/06/2010, 17:57
    • Of course, I would nudge him or her in the right direction by pointing out the special position enjoyed by the end points, the symmetry, and so on. Once the student has discovered it by himself or herself (and I believe that every average student can do that in a relatively relaxed setting)

      hmm..
      I’m not so sure about it. What is more, it may take hours for student(s) to discover the relations between chords and lines drawn on it from the center, again reinforcing the argument that it is not practical to use that method in an ordinary classroom. On the other hand, I found explaining the concept of probability much easier. I started the lesson with a simple coin toss. Ideally get them work in pairs, one of them doing the toss and the other recording the result and then they change the role. First, you start with let’s say ten tosses, then gradually increase it to twenty or forty and then combined the results recorded by all students. May be tedious, but it’s worth doing. They can really appreciate the meaning of ‘the prob of head in a coin toss is half’ after the experiment. As the number of toss increases, the ratio of head to toss is closer and closer to half. This is something they have witnessed. (I’m inspired by Richard Feyman’s probability chapter in his Lecture on Physics 1)
      The difference between the probability lesson and geometric construction is that the former draws result from empirical results while that empirical approach may not be suitable in geometry. Teachers can’t choose students. Some students are very good in a sense that they are genuinely interested in acquiring knowledge. Such students are rare and from my limited experience, they require minimum assistance from teachers. Being genuinely interested in learning, they would consult relevant books and are always ahead of the crowd. They don’t need teachers as much as average students.
      Anyway… thanks very much for your thoughtful reply and good luck with your teaching portfolio which will definitely be useful later..
      So it seems that the most important thing is to give children the taste of learning, get them genuinely interested in learning. I’m not sure if it’s hereditary or something achievable with the right technique.

      Posted by zizawa | 29/06/2010, 18:46
  14. “hmm..
    I’m not so sure about it. ”

    It was probably because I only wrote the very first few in a series of hints and nudges I would give the student. Following a possible scenario where an average student could figure this out in between 5 minutes to 10 minutes in a one-to-one setting. (If it’s a classroom with, say more than five students, then it’s likely to take less than 10 minutes.)

    Teacher (T): Let’s figure out how to bisect any given line segment without measuring the length exactly. Let’s figure out how to bisect it by eyeballing a radius and using only a compass and a straight edge (not necessarily a ruler.)

    Student (S): How do we do that?

    T: Draw a line segment.

    S: Ok, done.

    T: Now, take this compass. (Eyeball the radius of the compass to be longer than half but less than the whole length. Don’t tell the student yet that the radius is chosen like this. Just give it to the student, and say…) Now, without changing the length of the radius of the compass, I claim that you can now bisect that line segment, i.e., you can now draw a line or a curve that will intersect the given line segment in the middle. How do we do that?

    S: Ah, how? I don’t see how. Where do I draw the circle? (It’s a compass, so things we draw with it are circles, so student will at least know that s/he is supposed to draw a circle somewhere.)

    T: All right, what do you need to draw a circle?

    S: I need a center so that I know where to draw a circle. (If the student doesn’t even come up with that, then T says something like: “How do you locate a circle?” or “If you were to pick only one point to represent a circle, which point would you pick? A point on the circumference or the center?” or something along the line if the student is that weak.)

    T: All right, so we need a center to draw a circle, so which point do we pick as the center? Remember, we are bisecting the line segment on this paper, so you wouldn’t pick your right nostril as the center, would you? (Humor if appropriate. If not, pick some other totally ridiculous point to remind S that to bisect this line segment, center of the circle has to be somehow related to this line segment, not just any arbitrary point.)

    S: All right, so the center has to be a point this line segment.

    T: Good. Now, there are infinitely many points on a line segment, right? Can you give me one point that sets itself apart from others? (T is fishing for the endpoints. Depending on the strength of S, S will stare at it or pick some arbitrary point on the line or pick an end point. Keep asking why the point S picks is special. For example, if S picks an arbitrary intermediate point on the line, then pick another arbitrary intermediate point on the line and ask why not that one, or this one, pointing out that any arbitrary point on the line won’t be special.)

    S: Sure, end points.

    T: All right. That’s good. (If T has time, squeeze in this little mini-lecture: “If we are to develop a method, i.e., if we are to draw a circle, it’s got to be specific, right? If we draw a circle centered at non-endpoints, there’s nothing special about it, this one is just like that one, and that one and so on. Midpoint is a unique and special point of a line segment, so to somehow find that point, it’s only natural that we start looking at special circles first. Here I’m not claiming anything yet, am I? We’re using a trial and error method, we are experimenting, so we’ve got to start somewhere, and it’s only natural to start at special points.” If T doesn’t have time or T believes that S is already convinced why we should start looking for answers at special points, then skip this little lecture altogether.)

    T: Now that we’ve decided where to put our center. Let’s draw it.

    S: Ok, done.

    T: All right. Now what do we do?

    S: Let’s draw another circle at the other end (if S is good. Otherwise, nudge S by asking “Is there any other special point left?” Now’s the tricky part; there are ways it can go wrong. Instead of picking the other endpoint, S could pick the point of intersection of the first circle and the line; after all, it is special as well. Depending on the time, if S falls in the ‘wrong’ direction, then T can let S go through that wrong direction for a while to realize that it doesn’t lead to anywhere soon. It could bring S back to the right track as well after S has run out of ‘special points’. Either way, once S has drawn a circle at one endpoint, it is most likely that S will draw another at the other end point. It isn’t hard anymore for T to push S to draw a circle at the other end of the line.)

    (Once S has drawn those two circles, then it’s pretty much done. Ask…)

    T: Ok, now it looks like we have something, doesn’t it? (Leading question.) How many new points of intersection do we have by these two circles?

    (Depending on how clever S is, S will find at least some of those points. There will be four new points of intersection, two points on the line where the two circles cross the line and two other points where two circles cross each other. Point out the ones S missed and ask)

    T: Now, look at those two new points of intersection on the line segment. They don’t look middle to me; do they look middle to you? (They won’t because T eyeballed the radius to be greater than half the length.)

    S: No.

    T: Ok, let’s forget them for a moment. Look at these two (pointing out the points where the circles cross each other.) Well, they aren’t on the line segment, but they are still special, aren’t they. After all, they are where two circles cross; the two circles we drew to find a bisector. (Pointing out the four points: the end points, and those two points of intersection of the circles,) Take a look at these four points. Stare at them; devour them in your sight! I say, the bisector we are looking for is glaring back at you! Show me the bisector, show me the bisector! (Depending on how T wants it, T can go crazy here. Finally S will find the bisector because given any four points, there are only six lines to draw and one of those six in this case is already drawn, i.e. the given line segment.)

    S: Ah, there it is! The line connecting those two points of intersection of the circles bisects the given line segment!

    Now, end of story. We can continue about actually proving it, which is a different story. We can also continue to find out why the radius must be between half and the full length. Show different examples and show S what those radii do to the circles.

    This comment seems longer than 10/15 minutes, but it’s because of parenthetical notes. Actually saying the words doesn’t take that long. There’s always a small chance that the student is so weak that s/he has no clue what a line is or a circle is, or is totally messed up in any possible way. Apart from those extreme cases, with enough hinting and nudging, I believe that an average student can “discover” this bisector. I myself just used a similar method this morning in a proof class (intro to abstract math) with about ten students. (To keep Mr./Ms. Know-it-all students at bay is another matter. This morning, I had to rotate and direct my questions at different groups of 2 or 3 students because one good student kept answering my questions. They aren’t all math-whizzes though; there are also math minors who can’t care less for math. :D) And I do not claim that every session will go like above, there’ll be twists and turns; but for an average student, the course will follow this scenario more or less this same manageable way.

    Anyway, it’s hard to write all these out on paper. Seeing it in live action is much easier. I still believe that if a teacher has about 15 minutes to spend on this bisector, s/he should still let the student discover it under guidance.

    Regarding probability vs. geometry, yes I agree that they are two very different subjects, but I believe that they started out the same, as empirical/experimental endeavors. The difference probably is that geometry was more or less axiomatized (although very far from being perfectly axiomatized) fairly quickly by Euclid. Now, it’s axiomatized all right and looks abstract, but they started as diagrams on the ground or schemes in one’s thoughts. For probability, Pascal started using it but couldn’t axiomatize it. (Don’t know if he even tried.) Until the age of measure theory and Kolmogorov, probability stayed as empirical science. (Some mathematicians refused it call it math until Kolmogorov successfully axiomatized it in late 19th or early 20th century.)

    Anyway, I believe that we can still let the students discover as much as possible by themselves for any branch of math. Enemies to this method of fake/guided discovery are time constraint and other burdens/distractions of both the teacher and the student, but not the nature of subject. Of course, it is impossible to urge students to relive all those moments of genius of the giants who’ve gone before us, but it’s still possible to demystify those moments as something tangible and natural when we teach them to students. After all, this is how mathematicians discovered what they discovered; by systematically doing thought experiments (in heads or on papers) and, more often than not, doing so using a systematic trial and error method.

    Ah, so long… Pardon me for using English. It’ll take forever to type this in Burmese.

    Posted by ပိုင် (Pi) | 29/06/2010, 23:05
    • Thank you so much, Sayar Pi. It’s tremendously useful. I would really like to have more discussions on the topic. What classes have you been teaching at present? Undergrads?

      Posted by zizawa | 30/06/2010, 06:50
  15. ပီမိုးနင်းဟာ မထုတ်ဖြစ်တဲ့ စာအုပ်မှာ မိန်းမတွေကို ကာကွယ်ပြီး ဘာတွေ ရေးဖူးသလဲတော့ မဖတ်ဖူးလို့ မသိပါဘူး။ သူထုတ်ဝေဖူးတဲ့ စာအုပ်တွေထဲမှာတော့ မိန်းမဆိုတာ သမ္မတဖြစ်နေရင်တောင် သူ့ယောက်ျား ဖိနပ်ခြုပ်သမားကို ခြေဆုပ်လက်နယ် ပြုစုရမယ်ဆိုတာမျိုးတော်တော် ရေးဖူးပါတယ်။

    နောက်တစ်ခုက ယောက်ျားနဲ့ မိန်းမ အတော်ရင်ဘောင်တန်းတယ် တန်းတူပဲလို့ ပြောတဲ့ မိန်းမတွေကပဲ “ယောက်ျားတန်မဲ့ မိန်းမသားကိုမညှာဘူး” စတဲ့ စကားတွေပြောတတ်ကြပြန်ပါတယ်။ တကယ်တော့ မိန်းမတွေကို ခွဲခြားဆက်ဆံနေတာ ယောက်ျားတွေ မဟုတ်ဘူး။ တချို့ဘုရားတွေမှာ မိန်းမမတက်ရ အမျိုးသမီး မ၀င်ရစတာတွေက လွဲလို့ မိန်းမတွေကသာ ကိုယ့်ဘာသာ နှိမ့်ချဆက်ဆံခံရအောင်လုပ်တာလို့မြင်နေတယ်။ ငါက မိန်းကလေးလေဟာ နင်တို့ ဒီအထုပ်အပိုးတွေ သယ်ခဲ့ဆိုတာမျိုး လုပ်ချင်ရင် ကျိုက်ထီးရိုးမှာ မိန်းမကိုယ်တိုင် ရွှေသင်္ကန်းမကပ်ရဆိုတာလည်း လက်ခံသင့်တယ်လို့ ထင်တာပဲ။ ထားပါတော့။ ဘုရားပေါ်မတက်ရဆိုတာကတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့အတွက် အထူးမပြောလိုပါဘူး။ ဆိုပါတော့ မိသားစုတစ်ခုမှာ သမီးမိန်းကလေးတွေက သားယောက်ျားလေးတွေကို ချက်ပြုတ်လျှော်ဖွပ်ပေးအောင် ဘယ်သူကပဲ သွန်သင်သလဲ။ အမေတွေပါပဲ။ စလုံးရယ်စ လူရယ်လို့ ဖြစ်လာတည်းက လူတော်တော်များများဟာ များသောအားဖြင့် အမေ့လက်ပေါ်မှာ ကြီးပြင်းတာပါ။ အဲဒီအမေတွေကိုယ်တိုင်က သားအတွက်ဆိုရင် သမီးမိန်းကလေး သုံးပြီးသား အနှီးကို မသုံးတာတို့ဘာတို့။ အနှိမ်ခံရတယ် ခွဲခြားဆက်ဆံခံရတယ်လို့ ဘာလို့များ ယူဆထားကြသလဲ မသိဘူး။

    ကိုယ့်အမြင်ကို ပြောရရင် ကိုယ့်ကို ဘယ်ယောက်ျားလေး ဘယ်အသိုင်းအ၀ိုင်းကမှ ခွဲခြားမဆက်ဆံဘူး။ ဆက်ဆံရင်လည်း ကိုယ်တိုင်လုပ်ယူတယ်။ တခါပဲကြုံဖူးတယ် သင်္ကြန်ဘုရားရေသပ္ပာယ်တာကို နင်မိန်းကလေးပဲ ငရဲကြီးမယ် မလုပ်နဲ့တဲ့။ နံ့သာရည်နဲ့ ဘုရားဆင်းတုတော် ကိုယ်ကို ပွတ်ပြီး ဆေးကြောရတာကိုး။ ဒါနဲ့ ကြီးပါစေ ရတယ် ငါကြီးမှာ နင်တို့ကြီးမှာ မဟုတ်ဘူးဆိုပြီးတော့ ကိုယ့်ဘာသာ လုပ်တာပါပဲ။ အကုန်အသံတိတ်သွားတာပါပဲ။ သောက်စရာရှိရင်လည်း သောက်နေတာပဲ ဘယ်သူမှ နင်မိန်းကလေး လျှော့သောက်လို့ မပြောဖူးဘူး။ တကယ်တော့ မိန်းမတွေက အဲဒီအနေအထားကို မကြိုက်ရင် လက်မခံနိုင်ရင် ဘာဘာညာညာတွေ အော်နေစရာမလိုပါဘူး။ မကြိုက်ဘူး သဘောမကျဘူးဆိုရင် ကိုယ့်ဘာသာ တိုက်ခိုက်ယူ ဖြစ်အောင်လုပ်ယူဖို့ စိတ်လည်း မိန်းကလေးတွေ စိတ်ထဲမှာ ၀င်အောင်သွင်းပေးဖို့ လိုနေပါတယ်။

    တန်းတူ အခွင့်အရေးမပေးဘူး၊ ခွဲခြားဆက်ဆံတယ်လို့ ပြောနေတည်းက အပေးအယူသဘောဆန်နေပြီ ကိုယ်က သူတို့ပေးမှရမယ်လို့ ယူဆထားတည်းက ကိုယ်ကဘာလဲ သူတို့ကဘာမို့လို့လဲ ဆိုတဲ့မေးခွန်းမေးရတော့မလိုဖြစ်လာတယ်။

    Posted by ခိုင်စိုးလင်း | 03/07/2010, 01:01

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: