//
you're reading...
Humour, Literature
Funny Poetry
ဗမာပြည်က ကလေးတွေ ဘယ်လိုပေါက်တတ်ကရကဗျာတွေဆိုပြီး ကြီးခဲ့သလဲဆိုတာ သိချင်လို့ ဒီတက်ဂ်လေးကို စပါတယ်။ တက်ဂ်ခံထိသူများ ရေးပေးကြပါ။ ဆက်ပြီးလဲ တက်ဂ်ပေးပါ။ ဘယ်သူ့ကို ဆက်တက်ဂ်လဲဆိုတာ အသိပေးပါ။ မှတ်တမ်းလေး လုပ်ထားချင်လို့ပါ။
ဘလော့ဖတ်သူများလဲ ကိုယ်ဆိုခဲ့တဲ့ ပေါက်တတ်ကရကဗျာတွေကို comments မှာ ရေးပေးခဲ့စေလိုပါတယ်။
ငယ်ငယ်တုန်းက ဒီလိုပေါက်တတ်ကရအော်ခဲ့ကြတယ်။
ဝါ၀ါထိန်ထိန် ကြက်တူရွေးတို့အိမ်
ဝါးကလေးနဲ့ဆောက်တဲ့အိမ် ကိုကိုကြီးတို့အိမ်
ကောင်းလား။ မကောင်းလား။
ကိုကိုမသိပါ။
အောင်သူမြင့်ကို သေနတ်နဲ့ပစ်တော့ ဒိုင်းဒိုင်းဒိုင်း။
(အောင်သူမြင့်ဘယ်ကပါလာသလဲ မသိဘူးတဲ့။ ၀တုတ်က)
အောက်ကပေါ် အမြှောက်နဲ့ဆော်
ရန်ကုန်ဘူးသီးကြော်
စားကြည့်ပါ။ အားရှိတာ။
တခုမှ ငါးပြားပါ။
(ငါးပြားသုံးလို့ရတဲ့ခေတ်တုန်းက)
တက်ဂ်သူများ
မကေ၊ မနုသွဲ့၊ မမိုးချိုသင်း၊ မနှင်း
ကိုဂျူလိုင်အိပ်မက်၊ တနင်္သာရီသား၊ ကိုဇော်မင်း၊ ဒီဂိုလာ
Discussion
15 thoughts on “Funny Poetry
  1. ရေးပြီးကြောင်း သတင်းပို့ပါတယ် ခင်ဗျာ။
    Posted by july Dream | 25/07/2009, 03:13
  2. အဟားဟား.. စိတ်ဝင်စားစရာပါလား။း)
    ကလေး ကဗျာတွေ စပ်ခဲ့တဲ့..ဆရာကြီးတင်မိုး သမီး.မချိုသင်းရေးမှာကို ပိုစိတ်ဝင်စားသွားပြီ။ စောင့်ကြည့်လိုက်အုံးမယ်။း)))
    Posted by K | 25/07/2009, 03:26
  3. အပေါ်က ကဗျာတော့မသိဘူး။ အောက်ကပေါ် အမြောက်နဲ့ဆော် ကတော့ အော်ဖူးတယ်။း)
    Posted by pandora | 25/07/2009, 07:06
  4. ဟုတ်ကဲ့ ညနေ အလုပ်က ပြန်လာရင် ရေးမယ်နော်….
    Posted by နှင်းနဲ့မာယာ | 25/07/2009, 10:59
  5. ရေးပြီးပါပြီ။ ထုတ်ဝေသူ ရှာပေးပါတော့။း)
    Posted by kaythwe | 25/07/2009, 17:31
  6. ဗြောင်တောင်တောင် ဗေဗေ့ဂျိ
    Posted by kom | 25/07/2009, 18:03
  7. ဗြောင်တောင်တောင် ဗေဗေ့ဂျိ မူးရင်ရှူ မောရင်သောက် ဗြောင်တောင်တောင် ဗေဗေ့ဂျိ
    Posted by TZA | 25/07/2009, 19:52
  8. ကျီးဖြူကျီးမဲတစ်ကာင်ထဲ ကျိးမဲဘယ်မှာနေ. ကျီးဖြူအိမ် ဘယ်မှာဆောက်.ဟောဒီမှာဆောက်.. အာလောက်လောက် အာလောက်လောက်။
    Posted by kom | 25/07/2009, 20:37
  9. ကြက်ဖ တညင်တောကိုဝင် .မောင်ရင်လာလေးနဲ့ပစ်.မ့ပစ်ပါနဲ့မောင်ရင်ရယ် ကြက်တပ် ဆူးလို့သေပါ့မယ်။ ဘယ်ဘက်ကဆူးဆူးညာဘက်က ဆူးဆူး. ခွပ်လိုက်ကြစှို။အောက် အီးအီးအွတ်။
    မိုးမင်းဆိုထားတဲ့သကြီန်သီချင်းပါ။ တို့သိတ်ကြိုက်တယ်။
    Posted by kom | 25/07/2009, 20:42
  10. ကလေးတို့ ရေ လာကြ လာကြ
    ကျားကိုက်အောင် ကျားဖင်နှိုက်ကြ
    ကားတိုက်အောင် လမ်းမကိုကြွ
    ကလေးတို့ မာလက
    Posted by Su Su | 26/07/2009, 10:21
  11. It’s me agian. I nearly forgot another important funny sonnet in my childhood. 🙂
    ရွှေဖရုံသီး မြေကြီးရိုက်ခွဲ
    ဟိုအပျိုကြီး လိုက်ဆွဲ လိုက်ဆွဲ
    (မှတ်ချက်း လူပျိုဦးလေးကြီးများက သင်ပေးတာ နားမလည်ပဲ ဆိုခဲ့တာပါ။)
    Posted by Su Su | 26/07/2009, 19:39
  12. ကွမ်းသီးလေးလုံး ပန်းလေးလုံး
    ပြွတ်ကယ် ပြွတ်ကယ် အချဉ်တယ်
    စားချင်လှတယ် မေမေရယ်
    လပြည့်ကျော် ခုနှစ်ရက်
    လမင်း သန်းခေါင်ထွက်
    ထွက်တဲ့လမင်း ထိန်ထိန်လင်း
    သစ်ပင်ပေါ်က ပုလွေမှုတ်
    ကျီးကန်း လက်ဖက်သုတ်။
    (စကားလုံး အတိအကျ ဟုတ်ချင်မှဟုတ်မယ်)
    Posted by ကြာပီ | 28/07/2009, 16:00
  13. အစ်မကို အင်မတန်ကျေးဇူးတင်ပါတယ်။ သားတွေကို သင်ပေးဖို့ ကဗျာတွေ လွယ်လွယ်ကူကူရလာလို့ပါ။
    Posted by ကြာပီ | 28/07/2009, 16:14
  14. ၀ါဝါထိန်ထိန် ကြက်တူရွေးတို့အိမ်
    လိမ်တာ ညာတာ ကိုကိုမကြိုက်ပါ
    အင်္ဂလိပ်စာတွေ တတ်ဖို့ရာ ဗဲရီးဆောရီးပါ
    ……….
    အောင်ထွန်းလေးကို သေနတ်ပစ် ဒိုင်းဒိုင်းဒိုင်း
    အလယ်တစ်လိုင်းက လုံးဝကို မမှတ်မိတော့ဘူး။
    ဒီကဗျာလေးကို သူငယ်ချင်းနှစ်ယောက် လက်ဖ၀ါးလေးတွေ တဗျန်းဗျန်းရိုက်ပြီး ဆိုရတာ မှတ်မိနေတယ်။
    Posted by ကြာပီ | 28/07/2009, 16:17
Trackbacks/Pingbacks
  1. Pingback: ကလေးမြေအောက်တေးများ « K for Kay - 26/07/2009
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: