//
you're reading...
Uncategorized

tag game

မကေက တက်တော့ ရေးစရာတခုရသွားပြန်ရော။ ကျေးဇူးပါ မကေရေ့။

တွေးနေမိတာ-

အများကြီးပဲ။


ကိုယ့်ကိုကိုယ်ဆင်ခြင်မိတာက-

ကိုယ့်ရဲ့ principles တွေကို compromise မလုပ်မိစေဖို့။ သိပ်ကြီးကျယ်သွားပြီ :o)


ကျန်းမာရေး-

ဒေါင်ဒေါင်မြည်ပဲ။

ဖတ်ဖြစ်တဲ့ စာအုပ်တွေ-

The Penguin Book of Modern Women’s Short Stories နဲ့ Private Eye

ရောက်နေဖြစ်တာက-

ကျောင်း၊ ရေကူးကန် နဲ့ ဘလော့တွေ


ရေးဖြစ်နေတာက-

ပြီးခါနီးနေတဲ့ ကိုယ့်စာ


နားထောင်ဖြစ်နေတာက-

radio 4 နဲ့ bbcburmese


ရွတ်နေမိတဲ့ ကဗျာ-

တရုတ်မကြီး ဘောင်းဘီတို၊ ၀က်သားရောင်းတယ်ဆို


ဖြစ်ချင်နေတာက-

ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်နိုင်မယ့်ဟာ။

စားဖြစ်နေတာက-

ငှက်ပျောသီးတွေ။ နေ့တိုင်းစားလို့ ငှက်ပျောသီးကုန်ခါနီးရင် panic attack ရတတ်တယ်။


သနားနေမိတာက-

သနားတယ်ဆိုတဲ့စကားလုံး သိပ်မသုံးချင်ဘူး။ အားနာလို့။


လွမ်းနေမိတာက-

မြစ်ဝကျွန်းပေါ်

မေ့လျော့နေမိတာက-

များလွန်းလို့ ဘာတွေမေ့နေသလဲဆိုတာ မေ့နေတယ်။

ခါးသက်နေမိတာက-

နှာချေလိုက်တိုင်း လှည့်ကြည့်တဲ့ မျက်လုံးတွေ။

တမ်းတနေမိတာက-

အာပူလျှာပူ


ကြိတ်ပြီးချီးကျူးနေတာက-

ပေါ်ပေါ်ထင်ထင်ချီးကျူးနေတာက-ဆရာမကြီး ဒေါ်ခင်မျိုးချစ်


ကြိတ်ပြီးအထင်သေးနေတာက –


ဆန္ဒမရှိတဲ့နေရာ-


ဆန္ဒရှိတဲ့နေရာ-

အများကြီးပဲ။


မုန်းတီးနေမိတာက-

ပန်းသီး။ ဆီးသီး။ ချယ်ရီသီး။ စားရင်နားယားလို့။


ချစ်နေတာက-

ငှက်ပျောသီး။ အ၀င်လွယ်တယ်။ ဗိုက်ဝတယ်။ ဈေးချိုတယ်။ အချိန်မရွေးရတယ်။


စိတ်ပျက်နေမိတာက-

ဖီးကြမ်းမရတာ။

စွဲလန်းနေမိတာက-

ဘလော့တွေ။

လိုအပ်နေတာက-

ဖီးကြမ်းငှက်ပျောသီး။

တောင်းနေမိတဲ့ဆု-

ဗမာပြည်ကြီး ပြန်ပေးသမားတွေလက်က အမြန်ဆုံးပြန်လွတ်ဖို့။


ထပ်ပြန်တလဲလဲ ပြောနေမိတာက-

ဝန်ခံချင်တာက-

ငှက်ပျောသီးကို အရင်တုန်းက မကြိုက်ပါဘူး။ ရှိတာစားရင်း ကြိုက်သွားတာပါ။

ကြည့်လိုက်တော့ တော်တော်များများကို တက်ပြီးနေပြီ။ မတူးတူးသာကို မတက်ရသေးရင် တက်ပါတယ်။

Discussion

3 thoughts on “tag game

  1. ဇီဇဝါရေ
    ခုတလောလေး လာဖတ်သွားတယ်နော်…
    ငှက်ပျောသီးလဲ လာစားအုံးမယ်…
    ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းတယ်..
    တချို့နေရာတွေမှာ ကွက်လပ်တွေချန်ထားခဲ့တယ်နော်…

    Posted by နှင်းနဲ့မာယာ | 05/08/2009, 10:00
  2. အဟဲ- ဂျီဂျဝါ လည်း နောက်တတ်တယ်ပေါ့။
    ငှက်ပျော်သီး အတော် စွဲလန်းရှာပါလား။ အိမ်က တယောက်နဲ့တူနေပြီ။
    တခု သတိထားမိတာ.. သနားတယ် ဆိုတာလေ။
    တကယ်တော့..ငယ်ငယ်က..အိမ်မှာ.. သနားတယ် ဆိုတဲ့အသုံးကို အဖေက..အတော့်ကို ကန့်သတ်ထားတာပါ။ ကိုယ်ကလည်း ၇ွဲ့တတ်တော့..သနားတာ ဘာဖြစ်လဲ..( သနားတယ်)၂ တယ်လို့ လုပ်ခဲ့တာ..သတိရသွားတယ်။
    အဖေ ပြောတာ..( သူများကို သနားရအောင်..ကိုယ်က ဘယ်လောက် မြင့်နေလို့လည်း ) တဲ့။

    ကဲ.. ရေးပေးလို့..ဖီးကြမ်း ငှက်ပျော်သီး ဈေးပေါပေါတွေ..နေ့တိုင်းစားရပါစေ။း)

    Posted by K | 05/08/2009, 14:09
  3. ဟုတ်ပ… မကေ က… ဘယ်လောက် မြင့်လို့လဲ ဟင်။ ဒေါက်ဖိနပ် မပါကြေး။

    Posted by july Dream | 20/08/2009, 15:35

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: