//
you're reading...
Media

Cleavage Campaign

ဂျာမနီက ရာထူးအကြီးဆုံး နိုင်ငံရေးသမားက မိန်းမပါ။ Angela Merkel လို့ခေါ်တဲ့ သူ့ကို ပြည်ပခရီးတွေမှာ၊ သူ့နိုင်ငံထဲက အစည်းအဝေးတွေမှာ ဘောင်းဘီနဲ့ ကုတ်အင်္ကျီနဲ့ ယောက်ျားဆန်ဆန် တွေ့ရလေ့ရှိပါတယ်။

 

ဒီနေ့တော့ ရင်သားတ၀က်လောက်ဖော်ထားတဲ့ သူ့ပုံကို နိုင်ငံရေးသမားတယောက်ရဲ့ ပိုစတာမှာတွေ့လိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီနိုင်ငံရေးသမားကလဲ မိန်းမတယောက်ပါ။ Angela Merkel ရဲ့ ခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂပါတီကပါပဲ။

 

သူက လာမယ့် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ မဲဆွယ်တဲ့ ပိုစတာမှာ သူ့ပုံနဲ့ ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ပုံကို ယှဉ်ပြီး ဖော်ပြလိုက်တာပါ။ ပိုစတာမှာ ပြောထားတာကလဲ ‘We have more to offer’ တဲ့။ အနှောင့်အသွားမလွတ်တဲ့ စကား။ 

 

ပြည်သူကို ပိုပြီး အလုပ်အကျွေးပြုမှာလား။ ကျန်တဲ့ ရင်သားတ၀က်ကိုပါ ဖော်မှာလားလို့ ထင်စရာ။

Angela Merkel နဲ့ ပါတီခေါင်းဆောင်တွေကတော့ စိတ်ဆိုးကြသတဲ့။

 

ဒါပေမယ့် ပိုစတာကိုထွင်ပြီး ပိုစတာထဲမှာလဲ သူ့ကိုယ်သူ Merkel နဲ့ ယှဉ်ပြီး ရိုက်ပြထားတဲ့ Vera Lengsfeld ဆိုတဲ့ နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးကတော့ Merkel က ဟာသဥာဏ်ရှိမှာပါ။ ပျင်းစရာကောင်းတဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေနဲ့ မတူဘဲ ပျော်စရာ ရွှင်စရာ ဖြစ်အောင်လုပ်တာပါလို့ ဆင်ခြေပေးပါတယ်။

 

အဲဒီပုံကြောင့် သူ့ရဲ့ဘလော့ကို တနေ့ လူ သုံးသောင်းခွဲအထိ လာကြည့်ကြသတဲ့။ ဒါပေမယ့် အဲဒီလို ခပ်ပေါပေါလုပ်ရပ်ကို မထောက်ခံသူတွေလဲ ရှိရဲ့။ မိန်းမတွေရော ယောက်ျားတွေကပါ သူ့ကို မိန်းမတွေကို ရင်သားဖော်တာလောက်ပဲ လုပ်တတ်တယ်လို့ ပြောရကောင်းလားလို့ ဝေဖန်ကြတယ်။  ယောက်ျားဆိုတာဘာ၊ မိန်းမဆိုတာဘာဆိုပြီး ခွဲတဲ့လူ sexist ဆိုပြီးတော့လဲ စွပ်စွဲကြတယ်။

 

ခြုံပြောရရင် မိန်းမဈေးဖျက်တယ်ပေါ့။ ဒီပုံပေါ်လာတာနဲ့ တဆက်တည်း ဟီလာရီကလင်တန် အကြောင်းလဲ စဉ်းစားမိတယ်။ 

 

ကွန်ဂိုမှာ ကျောင်းသားတွေနဲ့အမေးအဖြေလုပ်တော့ ကျောင်းသားတယောက်ရဲ့အမေးကို ဘာသာပြန်သူက မှားပြီး ဘီလ်ကလင်တန်က ကွန်ဂိုမှာ တရုတ်တွေ ရင်းနှီးမြှပ်နှံမှု လာလုပ်တာကို ဘယ်လိုထင်လဲလို့ မေးမိတယ်။ မေးရမှာက အိုဘားမားက ဘယ်လိုထင်လဲလို့ မေးရမှာ။

 

ဟီလာရီက စိတ်တိုပြီး ငါကငါ့ယောက်ျားဘာထင်သလဲဆိုတာကို တဆင့်ပြောပေးမှာ မဟုတ်ဘူး။ သူက နိုင်ငံခြားရေးဝန်ကြီးမဟုတ်ဘူး။ “My husband is not secretary of state, I am” ဆိုပြီး စိတ်ဆိုးဆိုးနဲ့ စင်ပေါ်ကနေ လှမ်းပြောတယ်။

ဟီလာရီအာဖရိက မသွားခင် ဘီလ်ကလင်တန် မြောက်ကိုရီးယားသွားတဲ့ သတင်းက တကမ္ဘာလုံးမှာ ပျံ့နေတယ်။ ဟီလာရီရဲ့ အာဖရိကခရီးကိုတောင် သိပ်မသိကြဘူး။ 

တိုင်းပြည်ရဲ့ အမြင့်ဆုံးရာထူးတွေထဲကတခု ရထားတဲ့ ဟီလာရီဟာ သူ့ကိုယ်သူ သူ့ယောက်ျားရဲ့ အရိပ်ထဲ၊ လွှမ်းမိုးမှုအောက်မှာ နေရတုန်းပဲလို့ မခံချိမခံသာဖြစ်နေပုံရတယ်။ မီဒီယာနဲ့ တခြားနိုင်ငံတွေရဲ့ သူ့ယောက်ျားအပေါ် အထင်ကြီးမှုတွေက သူ့ကိုဆွပေးနေသလိုပဲ။ အဲဒါတွေက သူ့ကိုနှိမ်တယ်။ အထင်သေးတယ် ဆိုတဲ့ မခံချင်စိတ်လဲရှိပုံရတယ်။ အဲဒါနဲ့ ပေါက်ကွဲသွားပုံရတယ်။

ဒီဥပမာနှစ်ခုဟာ အမျိုးသမီးတွေဟာ ဘယ်‌‌လောက်‌ပဲ ‌တော်‌‌နေပ‌စေ။ အမျိုးသားတွေကရော
အမျိုးသမီးတွေကပါ အထင်အမြင်သေးတာခံ‌နေရ‌သေးတယ်ဆိုတဲ့ အချက်ကို ပြပါတယ်။
ရူပဗေဒနဲ့ပါရဂူဘွဲ့ရထားပြီး ဥရောပမှာ အတော်ဆုံးခေါင်းဆောင်လို့တောင် တချို့က ယူဆကြတဲ့
 Merkel ကို ရင်သားဖော်ထားတဲ့ ၀တ်စုံပြပြီး သူ့ပါတီကမိန်းမက ကြေငြာတယ်။
ဟီလာရီပေါက်ကွဲတာကလဲ သူ့ယောက်ျားနဲ့ ယှဉ်ယှဉ်ပြီး သူ့ကိုတိုင်းနေလို့ပဲ။

ဗမာပြည်မှာ‌တော့ ‌တော်‌တဲ့မိန်းမတယောက်ကို ကြောက်လိုက်ရတာ။
နည်းမျိုးစုံနဲ့ သူ့အသံတိတ်သွားအောင် လုပ်လိုက်ရတာ။

(ဟီလာရီ့အကြောင်း ကြည့်ချင်ရင် http://news.bbc.co.uk/1/hi/world/americas/8194539.stm)

 

 

(Merkel ပုံကို ကြည့်ချင်ရင် http://www.spiegel.de/international/germany/0,1518,641787,00.html)

Discussion

2 thoughts on “Cleavage Campaign

  1. မနက်က..စီအန်အန် မှာ အဲ့သတင်းကို ကြည့်လိုက်ရတော့..လန့်တောင်သွားတယ်။ ဟိုမိန်းမကြီးကလဲ..စပ်ဖြဲဖြဲနဲ့။ တကယ်တော့..မဖြစ်သင့်ပါဘူး။ Merkel ရဲ့ ရိုးသားအေးဆေးတဲ့ အသွင်အပြင်က.. မဲဆွယ်ရေးအတွက်..ဘာမှ ထိခိုက်မူ မရှိပဲ..ဒီလို ထွင်လုံးလုပ်တာကမှ.. အနုတ်ဖြစ်သွားနိုင်သေးတယ်။

    ဟီလာရီ..စွာပုံလည်း..သဘောကျတယ်။

    မိန်းမတွေ ထက်ရင် ကြောက်တယ် ဆိုတဲ့..ယောက်ကျားတွေ ရဲ့ စိတ်ကတော့.. သဘာဝ အရ ပဲ ထင်ပါရဲ့..ရှိနေသေးတာပါပဲ။

    Posted by kaythwe | 13/08/2009, 10:15
  2. အင်း… ပိုစတာ သွားကြည့်လိုက်ပါအုံးမယ်လေ။

    Posted by july Dream | 20/08/2009, 15:07

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: