//
you're reading...
Burma

our leader

ဗမာပြည်အပေါ်မှာ အိမ်နီးချင်းတရုတ်နိုင်ငံဟာ ကြောက်စရာကောင်းတဲ့အရိပ်ကြီး fearful influence မဟုတ်ပါဘူးလို့ ကျွန်မတို့ရဲ့ ခေါင်းဆောင်က ပြောလိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အဖြစ်နဲ့ ဆက်ဆံရေးကောင်းကောင်းမွန်မွန်ရှိချင်ပါတယ်လို့လဲ ပြောပါတယ်။

 

အမြော်အမြင်သိပ်ကြီးတဲ့စကား။ သူက ဗမာဟာ တရုတ် ခြယ်လှယ်တာ ခံနေရပါတယ်လို့ မပြောဘူး။ တရုတ်ကဗမာပြည်ရဲ့ အဓိကပြသနာလို့ မပြောဘူး။

 

ပြသနာက စေ့စပ်ဆွေးနွေးရေးမရှိတာပဲ။ ဗမာပြည်မှာက ၁၉၄၉ပြည်တွင်းငြိမ်းချမ်းရေး စကတည်းက အာဏာရှိသူက အလျှော့ပေးတာထားလို့။ စေ့စပ်ဆွေးနွေးရိုးထုံးစံမရှိခဲ့ဘူး။ 

 

အန်တီစုဟာ တောက်လျှောက် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက်သာ ရှေ့တန်းတင်ပြီး ပြောခဲ့တယ်။ ပြောနေတယ်။ သိပ်ပြီးပါးနပ်လိမ္မာတဲ့ ခေါင်းဆောင်ပါ။ ပြည်သူ့အတွက် ဘာအကောင်းဆုံးလဲဆိုတာ သိတယ်။ အဲဒါကို ရယူပေးဖို့ အရည်အချင်းလဲ ရှိတယ်။ စွန့်လွှတ်ပေးဆပ်ရဲတဲ့ သတ္တိလဲ အပြည့်။

 

ဒီလိုခေါင်းဆောင်တယောက်ကို သူ့ရဲ့အရည်အချင်းတွေ ထုတ်သုံးခွင့်မပေးလို့ တိုင်းပြည် ဘယ်လောက်နာနေပြီလဲ။ လူထုကို အစစ်အမှန်ကိုယ်စားပြုတဲ့ခေါင်းဆောင်၊ လူထုအကျိုးကို အားကျိုးမာန်တက်လုပ်ပေးမယ့် ခေါင်းဆောင် သူ့အရည်အချင်းတွေ ထုတ်မသုံးရတာလောက် တိုင်းပြည်နဲ့လူထု နာတာမရှိ။

 

အပြင်မှာရောက်နေတဲ့လူတွေ တချိန်ကျရင်တခုခုပြန်လုပ်ဖို့ ၀မ်းစာဖြည့်ထားကြမယ်ထင်ပါတယ်။ ဒို့ခေတ်ကိုတော့ တနေ့ရောက်မှာပါ။

Discussion

One thought on “our leader

  1. အေးဗျာ အန်တီစု အသက်က ၆၅ နှစ်ထဲရောက်နေပြီ။
    ကျွန်တော်တို့ တိုင်းပြည်တိုးတက်ကောင်းစားဘို့ချည်းဘဲ အန်တီကို တာဝန်မပေးချင်ဘူး။ သူ့သားတွေ မြေးတွေနဲ့လည်း ကိုယ်ပိုင်အချိန်တွေပေးချင်တယ်။ ကုလသမဂ္ဂလို နေရာမျိုးမှာလဲ အန်တီကို ထမ်းဆောင်စေချင်တယ်။ အန်တီရဲ့ စွမ်းရည်တွေကို ကမ္ဘာကပါ သိစေချင်လို့ပါ။
    ဆိုလိုချင်တာက အချိန်မရှိတော့ဘူး။ ဒီကနေ့ စပြီး အန်တီလွတ်မြောက်အောင် ကြိုးစားရမယ်ဗျို့။

    Posted by ဖြူဖွေး | 23/08/2009, 08:11

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: