//
you're reading...
Lifestyle

lifestyle

ဟိုတနေ့က ကျောင်းကအပြန် စူပါမားကတ်မှာ ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်တဲ့အချိန်မှာ ဗိုက်က သိပ်ဆာနေလို့ ထမင်းမစားခင် လမ်းမှာစားလို့ရအောင်ဆိုပြီး ဒိန်ခဲသေးသေးလေးတွေ တထုပ်လဲ ၀ယ်လိုက်ပါတယ်။

ဒိန်ခဲတွေကို တထုပ်စီထုပ်ထားတော့ ပထမတထုပ်ကို စားမလို့ပြင်ခါရှိသေး။ အတွေးတခု ၀င်လာပါတယ်။

ဒီဒိန်ခဲဖြစ်လာဖို့ ရေဘယ်လောက်သုံးလိုက်ရမလဲဆိုတာပါပဲ။ ဒီအတွေးတွေ ၀င်ဝင်လာတာ ကြာပါပြီ။ အဲဒါကို ပထမနိုင်ငံက liberal ရောဂါလို့ ကိုယ့်ကိုကိုယ် နာမည်တပ်လိုက်ပါတယ်။

အဲဒီရောဂါရလာတာ ကိုယ့်ကိုကိုယ် သတိထားမိပေမယ့် ရှက်စရာလို့တော့ မထင်ပါဘူး။ ကိုယ်စားတဲ့ နေတဲ့ အကျင့်တခုဟာ ပတ်ဝန်းကျင်နဲ့ တခြားနေရာကလူတွေကို ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာ စဉ်းစားဖြစ်တာဟာ ရှက်စရာ၊ အပိုအလုပ်တွေလို့ မယူဆမိပါဘူး။ ဒါပေမယ့် အဲဒီလိုစဉ်းစားမိတာကိုတော့ self-conscious ဖြစ်ပါတယ်။ တခြားလူတွေ ဘယ်လိုထင်မလဲပေါ့။

ဒိန်ခဲ cheese ၁၀၀ ဂရမ်ရဖို့ ရေလီတာပေါင်း ၅၀၀ သုံးရပါတယ်။ နို့ကနေ ဒိန်ခဲဖြစ်လာတဲ့အထိ ဖြစ်စဉ်အဆင့်ဆင့်မှာ သုံးလိုက်ရတဲ့ ရေပါ။ တနေ့ကို လူတယောက် ရေတလီတာသောက်ရင် ဒီရေဟာ လူ၅၀၀ကို တိုက်လို့ရပါတယ်။

ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာယ်နဂိုရ်က နွားပေါင်ကျိုးတာ ဘာဆိုင်လဲလို့ မေးစရာရှိပါတယ်။

ဥပမာတခုပေးပါမယ်။ ယူကေမှာ တနိုင်ငံလုံးစားတဲ့ အစားအစာ ၆၀% ကိုပဲ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပါတယ်။ နို့ထွက်ကုန်၊ အသီးအရွက်၊ တခြားအသားငါး စတာတွေကို ပြည်ပကနေ သွင်းယူရပါတယ်။ ဒိန်ခဲကိုတော့ ပြင်သစ်က အများဆုံးသွင်းပါတယ်။ ပဲသီးတွေကို ကင်ညာကသွင်းတယ်။ နံနံပင်ကို အစ္စရေးက သွင်းတယ်။ သရက်သီးကို ဘင်္ဂလားဒေ့ရှ်နဲ့ ငရုတ်သီးမှုန့်နဲ့ ဘာစမာတီဆန်ကို အိန္ဒိယက သွင်းတယ်။ စသဖြင့်ပေါ့။

ဒီတော့ ယူကေမှာ စားသုံးတာများလာလေလေ။ အစားအသောက်တွေ ပိုသွင်းရလေလေပေါ့။ တကမ္ဘာလုံးက ရေသုံးစွဲမှု ၇၀%ကို လယ်ယာထုတ်ကုန်–နို့တို့ဆန်တို့ဟင်းသီးဟင်းရွက်တို့–တွေအတွက် သုံးရပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေ ထုတ်ဖို့ ရမယ့်ရေအရင်းအမြစ်က ၁% ပဲရှိပါတယ်။

ကမ္ဘာရဲ့ လေးပုံသုံးပုံက ရေလို့ဆိုပေမယ့် ၉၇%က ဆားငန်ရေပါ။ ရေခဲတောင်တို့ မပျော်သေးတဲ့ရေခဲကျောက်ဆောင်တို့က ၂%ဆိုတော့ တကယ်သုံးလို့ရတဲ့ရေက နည်းနည်းလေးပဲ ရှိပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံကလူတွေ လက်ရှိစားနှုန်းအတိုင်းစားရင် တကမ္ဘာလုံးက ရေအရင်းအမြစ်တွေ ၂၀၃၀လောက်မှာ အကြီးအကျယ် ရှားပါးလာနိုင်ပါတယ်။ ကိုယ်ကအဲဒီလိုနိုင်ငံတွေမှာ နေတဲ့လူဆိုရင် ကိုယ့်ပယောဂ မကင်းပါဘူး။

ကိုယ်စားနိုင်လို့စားတာ ဘာဖြစ်လဲလို့ ပြောစရာရှိပေမယ့် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်အတွက်ရော တခြားလူတွေအတွက်ပါ ရေရှည်မှာ မထိခိုက်အောင် တာဝန်ယူနိုင်ရင် ကိုယ့်အတွက် နောက်မျိုးဆက်တွေအတွက် အကျိုးရှိပါလိမ့်မယ်။

ခက်တာက ဆိုးကျိုးက ချက်ချင်းမပြဘဲ အကျိုးဆက်ကလဲ နောက်နှစ်အများကြီးကြာမှ သိရမှာဆိုတော့ တော်တော်များများက လိုက်နာဖို့ခက်ခဲပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ အပြုအမူ၊ အကျင့်စရိုက်ကို တဦးချင်းတယောက်ချင်းအနေနဲ့ ဖြည်းဖြည်းချင်းပြောင်းလို့ရတာတွေ ရှိသလို အစိုးရက ဥပဒေထုတ်ပြီး အတင်းပြောင်းခိုင်းရတာတွေ ရှိပါတယ်။ ဥပမာ-ဆေးလိပ်သောက်တာ လိုမျိုး။ အခုဆို အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်လို့မရတော့ပါဘူး။

တခြားစားသောက်နေထိုင်မှု အကျင့်တွေကိုလဲ အစိုးရကပြောင်းဖို့ကြိုးစားနေပါတယ်။ ဥပမာ-အမှိုက်ကို တပတ်ဘယ်နှစ်အိတ်ထက်ပိုပစ်ရင် ကောင်စီက လာမသိမ်းပေးဘူးဆိုတာမျိုး။

ဒါပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အစိုးရကလုပ်သင့်တာတွေကို အခုထိ ထိထိရောက်ရောက် မလုပ်သေးဘူးဆိုပြီး မကျေနပ်ပါဘူး။ ဥပဒေတွေထုတ်တာ စောင့်နေမယ့် အစား တနိုင်တပိုင်စလုပ်ကြဖို့ဆိုပြီး လူတွေကို လှုံ့ဆော်ပါတယ်။

တယောက်ချင်းအနေနဲ့ လုပ်နိုင်တာတွေက–အစားအသောက်တွေကို မလိုအပ်ဘဲ မ၀ယ်ဖို့၊ အ၀တ်အစားတွေလဲ ပါပါတယ်။ တတ်နိုင်တိုင်း ၀ယ်တယ်ဆိုပေမယ့် ထုတ်လုပ်တဲ့ အရင်းအမြစ်က အကန့်အသတ်ရှိပါတယ်။ ၀ယ်တိုင်းလိုက်ထုတ်နိုင်မှာ မဟုတ်ပါဘူး။

စွမ်းအင်အများကြီးသုံးပြီးထုတ်ရတဲ့ အစားအစာတွေကို လျှော့စားဖို့။ အဲဒီအထဲမှာ ဒိန်ခဲတို့ အမဲသားတို့ ၀က်အူချောင်းတို့ ပါပါတယ်။

ပြည်ပကသွင်းတဲ့ အရွက်တွေလျှော့ဝယ်ပြီး ဒေသတွင်း တတ်နိုင်ရင် ကိုယ့်အိမ်နားကထွက်တာပဲ ၀ယ်သုံးဖို့။ မနေ့က ကင်ညာက ပဲသီး၂ထုပ်ကိုဝယ်မလို့ဟာ ခြင်းထဲထည့်ပြီးပြီ။ broccoli တွေ့တော့ ကင်ညာကပဲသီး ပြန်ချထားလိုက်မိတယ်။ broccoli ကဒီကထုတ်တာကိုး။

ဒါပေမယ့် နောက်မေးစရာတခုပေါ်လာတာက ကင်ညာကပဲသီးတွေ မ၀ယ်ရင် ကင်ညာက ပဲသီးစိုက်တဲ့လူတွေ ဘာနဲ့သွားစားမလဲလို့ မေးစရာရှိပါတယ်။

ဒီမေးခွန်းက နိုင်ငံရေးတွေ ပေါ်လစီတွေနဲ့ ဆိုင်လာပါပြီ။ ဖြေချင်သူတွေ၊ ဖြေနိုင်သူတွေ ဖြေပေးခဲ့ကြပါ။

Discussion

6 thoughts on “lifestyle

  1. I m living UK. Can I contact you as a blogger friend?

    Thks

    Posted by Zizawar | 27/08/2009, 04:17
  2. အင်း..မေးခွန်းရှိလို့..ရှည်..(အဲ..) ဖြေကြည့်အုံးမယ်။
    free trade လို့ ပျော်ပျော် ကြီး အော်နေရာကနေ.. protectionism လို့ ပြန်ဘရိတ်အုပ်နေရ ပြန်တာ..လောကဓမ္မတာပဲလား..အတက်အဆင်း အလှည့်အပြောင်း သံသရာပဲလား..။

    ကင်ညာက..ဟင်းရွက်နဲ့..လန်ဒန်က..ဟင်းရွက်..ဘာ အကျိုးသက်ရောက်မူတွေ ကွာခြားလဲ မသေချာပေမဲ့.. နေရာတိုင်းမှာ..ကျော်ရောင်းလို့ရတဲ့..ကြက်ကြော် ကိုတော့.. ဘာလို့များ.. KFC နည်းနဲ့ ကြော်မှ..စားချင်ကြသလဲ..ဆိုတာ ပဲ..စဉ်းစားစရာ..

    ကမ္ဘာကြီးကို ကာကွယ်ထိန်းသိမ်းဖို့..တယောက်ချင်းမှာ တာဝန်ရှိပေမဲ့..တိုင်းပြု ပြည်ပြု လွှတ်တော်ကြီးတွေ..ဥပဒေတွေက..လုပ်မှ ..သူတို့လုပ်နိုင်အောင်..တိုက်တွန်း နိုင်မှ..ပိုထိရောက်မယ် ထင်တာပဲ။ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ တွေ များများဖြစ်လာဖို့တော့..ရှိလာမယ် ထင်တယ်။

    Posted by kaythwe | 27/08/2009, 16:52
  3. ဇီဇ၀ါကို ဘလော့ဂ်နေ့မှာ ညွှန်းထားပါကြောင်း လာအကြောင်းကြားပါတယ။် ကြိုခွင့်မတောင်းမိခဲ့ပါ။

    Posted by pandora | 31/08/2009, 14:12
  4. အရေးအသားနဲ့ တွေးခေါ်ပုံတွေ stlye သက်သက် ရှိတယ်၊ တစ်မျိုးပြောရရင် lovely ဖြစ်တယ် (မြန်မာလို ဘာသာပြန်ပြောရင် တမျိုးသက်ရောက်နိုင်လို့ ဟီးဟီး)။ စာရေးပုံနဲနဲတည်ပုံရပေမယ့် စိတ်ထားနုညံ့တာကို ခံစားရတယ်။ ကျနော် စောင့်ဖတ်ရမယ့် နောက် blog တစ်ခု တိုးလာလို့ ၀မ်းသာတယ်ဗျာ။ ကျန်တဲ့ post တွေလဲ ဖြည်းဖြည်းချင်း ပြန်ဖတ်ပါဦးမယ်။

    Posted by kozeyar | 02/09/2009, 10:18
  5. ကောင်းတယ်ဗျာ thinking တွေ များများ ရေးပြီး တင်းနိုင်ပါစေ .. နောက်ထပ် ပို့စ်လေးတွေလဲ ဖတ်ပါရစေ ခင်ဗျ…

    Posted by စည်သူ | 23/10/2009, 22:44
  6. Thinking shall be practiced by a good person.
    It is difficult to read some of your items.
    You had written by Zawgyi-One in this post.
    But Recent year, You are writing by Myanmar-3.
    I’m using MacBook Pro.
    I don’t know how to execute Myanmar font in Apple soft ware.
    So, I patiently cut and paste into MS word (Mac 2011) from your blog.
    Then I used appropriate Myanmar font. (some Zawgyi-one, some Myanmar -1, some Myanmar-3.)
    I cannot write in English very well.
    I cannot type in Myanmar font. (My computer do not accept incompatible software)
    BINO

    Posted by BINO | 20/11/2011, 17:34

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: