//
you're reading...
Information, Lifestyle

fwd များမှ ရုန်းထွက်ခြင်း

ဒီပို့စ်ကိုမရေးခင် ခဏလောက်စဉ်းစားပါတယ်။ ရေးသင့်ရဲ့လားဆိုတာ။

 

ကျွန်မကိုယ့်နာမည်နဲ့ အီးမေးတခု၁၉၉၉မှာ စရပါတယ်။ ကျောင်းကဖွင့်ပေးတာပါ။ အဲဒီကစပြီး အီးမေး၊ အင်တာနက်နဲ့ စရင်းနှီးခဲ့တယ်ဆိုပါတော့။

 

ကိုယ့်ဆီအီးမေးရောက်ရင် ဘာပဲလာလာ သိပ်ပျော်တာ။ အာဖရိကနိုင်ငံတွေက လူတချို့ ဥရောပဘဏ်တွေမှာ သူတို့ရဲ့ပိုက်ဆံတွေ ထုတ်ချင်တာကိုယ်တိုင်ထုတ်လို့မရလို့ ကူညီရင် ဘယ်လောက်ပေးပါမယ်ဆိုတဲ့ အီးမေးကအစ နေသာနေရင်နင့်ကိုသတိရတယ်။ မိုးရွာလဲသတိရတယ်။ နင်ကငါ့ကို သူငယ်ချင်းကောင်းအဖြစ်နဲ့ အသိအမှတ်ပြုရင် ဒီအီးမေးကို ငါ့ဆီလဲပြန်ပို့၊ တခြားလူတွေဆီလဲ ပြန်ပို့ပါဆိုတဲ့ အီးမေးတွေလဲ ဖတ်တာပဲ။ ပြန်လဲ ပို့တာပဲ။ မပို့ရင် စိတ်များဆိုးမလားပေါ့။

 

၂နှစ် ၃နှစ်လောက်ကြာတော့ fwd အီးမေးတွေရရင် အားလုံးကိုမဖတ်တော့ဘူး။ ဒီနှစ်တွေထဲ မှာတော့ fwd ဆိုတာပါရင် တခါထဲ filter လုပ်ပြီး အမှိုက်ပုံးထဲပို့လိုက်တယ်။ တချို့က ဖုန်းဆက်မေးပြီး သူတို့fwd လုပ်တဲ့စာရသလားမေးမှ အမှိုက်ပုံးထဲမှာ သွားပြန်ရှာရတယ်။

 

စဉ်းစားမိတာက sister နေ့မှာ အီးမေးfwd လုပ်မယ့်အစား ဖုန်းလေးတချက်မခေါ်သင့်ပေဘူးလား။  သူငယ်ချင်းငါ့ကို ဘယ်လောက်သိလဲဆိုတဲ့ မေးခွန်းတွေ ဖြေခိုင်းမယ့်အစား သူငယ်ချင်းနဲ့ ကော်ဖီဆိုင်မှာ မှန်မှန်မဆုံသင့်ပေဘူးလား။ တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်တွေ့စရာ မလိုတော့တဲ့ခေတ်မှာ ကိုယ်နဲ့ရင်းနှီးတဲ့လူတွေ ပေါ်ပင်တွေလိုက်လုပ်နေတာ ပေါ်ပြူလာဖြစ်ချင်လို့တော့ မပါချင်ဘူး။

 

ဒီ slideshow ကြည့်ရင် စိတ်ချမ်းသာမယ်။ ခွန်အားတွေ တိုးလာမယ်။ ကြည့်လိုက်ပါအုံးဆိုပြီး ပို့တဲ့လူတွေကို အားနာပါရဲ့။ အင်အားရှိမယ့်အဆိုအမိန့်တွေ နေ့တိုင်းဖတ်မှ လုပ်စရာတွေ လုပ်ဖြစ်မယ်ဆိုရင်တော့ လုပ်စရာတွေဟာ လုပ်ချင်တာတွေမှ ဟုတ်ရဲ့လား။ အဲဒါတွေကို လုပ်ချင်တာဖြစ်အောင် ဘယ်လိုပြောင်းမလဲဆိုတာ မေးသင့်ပါပြီ။

 

မိုးလင်းတာနဲ့ တနေ့တာကို ဖြတ်သန်းနိုင်မယ့် စိတ်ခွန်အားက ကိုယ့်ထဲကပဲ လာပါတယ်။ အဲဒီ စိတ်ခွန်အားကိုလဲ ကိုယ့်ရဲ့လက်ငင်းနဲ့ ရှေ့အနာဂတ်မှာ လုပ်ရမယ့် အလုပ်တွေကို ပြီးမြောက်ချင် စိတ်ကနေ ရပါတယ်။ ရည်ရွယ်ချက်တွေရှိမယ်။ အဲဒီရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်ချင်တဲ့ ပြင်းပြတဲ့ စိတ်ရှိမယ်ဆိုရင် ခွန်အားတွေဟာ အလိုလို ရောက်လာတာပါပဲ။

 

ပတ်ဝန်းကျင်အခြေအနေနဲ့ ပံ့ပိုးမှုတွေက တပိုင်းပေါ့။ ဆိုလိုတာက fwd တွေကနေ ရုန်းထွက်ရတာ မလွယ်ပါဘူး။ အပေါ်ယံဆန်မှုတွေ inspiration overdose တွေကနေ ရုန်းထွက်ရတယ်လို့ သဘောထားပါတယ်။ ဒါကို သဘောမတူသူတွေလဲ အများကြီး ရှိနိုင်ပါတယ်။

Discussion

10 thoughts on “fwd များမှ ရုန်းထွက်ခြင်း

  1. Totally agree!

    Posted by bo | 31/08/2009, 21:54
  2. ပန်ဒိုရာ ဆီကနေတဆင့် စာလာဖတ်ပါတယ်…
    ဒီပိုစ့်လေးကို ကြိုက်တယ်။ တနေ့တာကို ဖြတ်သန်းနိုင်မယ့် စိတ်ခွန်အားက ကိုယ့်ထဲကပဲ လာပါတယ် ဆိုတဲ့စကားလေးကို ကြိုက်တယ်..။
    စကားမစပ်…
    ကိုယ်လဲ Fwd Mail တွေကို မုန်းတယ်..
    မဖတ်ပဲ ဖျက်ပစ်နေကျ…
    ဒီတော့ သဘောတူပါသည် ခင်ဗျားပေါ့…

    Posted by သက်ဝေ | 01/09/2009, 01:21
  3. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလှမ်းဝေး၊ အချိန်တွေ ကွာခြားနေတဲ့သူတွေကျတော့ အီးမေးလ်ကပဲ အဆင်ပြေမယ် မဟုတ်လား…။

    Posted by ဘွိုင်းဇ် | 01/09/2009, 07:17
  4. တို့ ဇီဇ၀ါ စာတွေ ကြိုက်တယ်၊ အမြဲ လာဖတ်ပါတယ်၊

    Posted by kaungkinpyar | 01/09/2009, 09:09
  5. ဟုတ်တယ် ကျမလဲ ဖော်ဝေါ့မေးလ်တွေကြောင့် စိတ်ပျက်ရတယ်။
    Fwd ပါရင် မဖတ်ဖြစ်တာကများတယ်။
    ကိုယ်လဲ မလုပ်ဘူး။ သူများလုပ်လဲ မကြိုက်ဘူး။ သတိရရင် သတိရကြောင်း စာလေး တကြောင်းနှစ်ကြောင်းလောက် ရိုးရိုးတန်းတန်း အီးမေးလ်ပို့လိုက်တာက ပိုပြီး ထိရောက်ပါတယ်။

    Posted by မေဓာဝီ | 01/09/2009, 10:58
  6. ဟုတ်တယ် အစ်မ။ ကျွန်မလဲ fwd mail တော်တော်များများ ဖတ်တောင်မဖတ်ဖြစ်ပဲ delete ပစ်တာများတယ်။

    Posted by Rita | 01/09/2009, 13:14
  7. အဲဒီ ဖော်ဝဒ်မေးလ်တွေ ဖတ်ကို မဖတ်တဲ့အပြင် မပို့ကြပါနဲ့လို့ အပြတ် ပြောထားတယ်။ အဲဒီလို ပြောလို့ မုန်းချင်သပ ဆိုလည်း မုန်းပလေ့စေ… တစ်ခါပဲ အမုန်းခံမယ်။ ခဏခဏ အမုန်းခံမနေဘူး။

    Posted by july Dream | 02/09/2009, 08:56
  8. သဘောကျတယ်ဗျာ …
    forward လုပ်တယ်ဆိုတဲ့ သဘောတရားက ကောင်းပါတယ်။ အသုံးချတာ နဲနဲ လိုနေတယ်လို့ ထင်ပါတယ်။ တကယ်ဖတ်စေချင်ရင် ဘာကြောင့် ဖတ်စေချင်တာလဲ ဆိုတာလေး ရေးပြီးတော့ ပို့ပေးရင် ပိုကောင်းပါတယ်။ ပြီးတော့ တကယ် ဖတ်စေချင်တဲ့ လူတွေဆီကိုပေါ့။ ခုက လာသမျှ အကုန်လုံ forward ကိုနှိပ်နေသလိုဖြစ်ပါတယ်။ တစ်ခါတစ်ခါ fwd: လုပ်ထားတဲ့ အဆင့်ဆင့် စာတွေကိုက အကြာကြီး scroll down လုပ်နေရပါတယ်။ တကယ်ပို့ချင်တာ ဘာလဲတောင် မသိတဲ့အထိ ပါပဲ။ အဲလိုလုပ်တာ အပို့ခံရတဲ့ လူကိုလဲ မလေးစားရာကြပါတယ်။

    ကျနော်လဲ များသောအားဖြင့် fwd: တွေကို မဖတ်တာများပါတယ်။ လူရင်းတွေ ပို့တာကလွဲရင်ပေါ့။

    ကောင်းသောအလုပ်ကို ကောင်းအောင် လုပ်စေချင်လှပါတယ်။

    Posted by kozeyar | 02/09/2009, 10:01
  9. သူငယ်ချင်းတွေက မှတ်သားစရာလေးတွေ ပါရင် သူတို့ရတာလေးတွေကို fwd ပေးတတ်ပါတယ်။ ကိုလည်း တစ်ခါတစ်လေလုပ်လေ့ရှိပါတယ်။ကိုယ်ရတဲ့စာတွေကိုလည်းဖတ်ဖြစ်ပါတယ်။အားလုံတော့မဖတ်နိုင်ပါဘူး။ အားလုံးတော့မဖတ်ဖြစ်ဘူးပေါ့။ အကြောင်းအရာလေးဖော်ပြပေးရင်တော့ ပိုအဆင်ပြေပါတယ်။ မဖတ်ချင်တဲ့စာကို ဖျက်ရတာ အချိန်နည်းနည်းပေးရပေမဲ့ fwd လုပ်ပေးတဲ့သူလည်း သူ့အချိန်ပေးရတာပဲလေ။ fwd ကစာကလဲ မှတ်သားစရာ တွေပါတတ်တာမို့ တတ်နိုင်သလောက်တော့ဖတ်ပါတယ်။ ကို့ယ် စိတ်နဲ့ကိုယ် မို့ ကို့ယ်သဘော အတိုင်းပါပဲ …………….

    Posted by ကိုတာ | 02/09/2009, 15:47
  10. စဉ်းစားမိတာက sister နေ့မှာ အီးမေးfwd လုပ်မယ့်အစား ဖုန်းလေးတချက်မခေါ်သင့်ပေဘူးလား။ သူငယ်ချင်းငါ့ကို ဘယ်လောက်သိလဲဆိုတဲ့ မေးခွန်းတွေ ဖြေခိုင်းမယ့်အစား သူငယ်ချင်းနဲ့ ကော်ဖီဆိုင်မှာ မှန်မှန်မဆုံသင့်ပေဘူးလား။
    Totally agree with you.
    However, when I’m so lonely, I’m waiting any fwd mail.

    Posted by BINO | 20/11/2011, 17:00

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: