//
archives

Archive for

တွေ့ရင်ပြောကြပါ (ဇာတ်သိမ်း)

မြို့ကလူတွေက ဆရာကြီးလိုတာဘာများပါလိမ့်လို့ စိတ်ထဲမှာတွေးနေကြတယ်။ ဆရာကြီးလိုတာ မဖြည့်ဆည်းပေးနိုင်လို့ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲလို့လဲ ဆက်တွေးကြတယ်။   တွေးသာတွေးရတာပါ။ တကယ်တော့ ဆရာကြီးစိတ်ဆိုးတာ သူတို့တခါမှတွေ့ဖူးကြတာ မဟုတ်ဘူး။ ကျောင်းသားတွေကတော့ တွေ့ဖူးပါတယ်။  

တွေ့ရင်ပြောကြပါ။

ရန်ကုန်ကနေ ၈၆မိုင်ဝေးတဲ့ ဒိုက်ဦးဆိုတဲ့မြို့လေးကို ၁၉၆ဝတဝိုက်လောက်ကထင်ပါရဲ့။ တရုတ်သားအမိနှစ်ယောက် ရောက်လာတယ်။ သားက အသက်၎ဝနားကပ်နေပြီ။ အမေကတော့ ၆ဝတဝိုက်ပေါ့။   ပထမတော့ သားအမိနှစ်ယောက် ငှက်ပျောပင်တွေစိုက်၊ ကြက်တွေမွေးပြီး နေဖို့စားဖို့ ဖန်တီးကြတယ်။ နောက်တော့ သူတို့နှစ်ယောက် ရထားလမ်းဘေး၊ ဆန်စက်ကြီးတွေနားက ခြံကျယ်ကြီးမှာ သွားနေကြတယ်။  

အိမ်ရှင်နဲ့ပတ်စပို့

ဇွန်လကုန်လောက်က ဗီဇာသက်တမ်းတိုးဖို့ရာ home office ကို ပတ်စပို့နဲ့ စာရွက်စာတမ်းတွေ ပို့လိုက်ပါတယ်။ လူကိုယ်တိုင်သွားလျှောက်ရင် နေ့ချင်းပြီးရပေမယ့် ပေါင်၂ဝဝတောင် ကွာတာမို့ စာတိုက်ကပဲ ပို့လိုက်ပါတယ်။  

Wisdom of life

မလေးတရုတ်မလေးတယောက်အကြောင်း စဉ်းစားမိတယ်။ သူက ဘွဲ့ရတော့ အလုပ်တောင်မရှာဘဲ နေမကောင်းဖြစ်နေတဲ့ သူ့အဖေကို ပြုစုဖို့တဲ့ မလေးရှားကို ပြန်သွားတယ်။ သူစာတော်တာ၊ ရည်မှန်းချက်ကြီးတာကိုသိတဲ့ မိတ်ဆွေတွေက သူ့ကိုတားကြတယ်။ ဒါပေမယ့် သူကဘာပြန်ပြောလဲဆိုတော့ အလုပ်ကောင်းကောင်းရတာ၊ ပိုက်ဆံများများရတာ၊ ဒီနိုင်ငံမှာ နေခွင့်ရဖို့ဟာ ငါ့ရည်မှန်းချက်တွေပါတဲ့။ ဒါပေမယ့် ဒါတွေအားလုံးထက်အရေးကြီးတဲ့ ရည်မှန်းချက်က ငါ့အဖေမသေခင် သူ့နားမှာနေပြီး ကောင်းကောင်းပြုစုဖို့၊ သူ့ကိုစိတ်ချမ်းသာအောင် ထားနိုင်တယ်ဆိုတဲ့ အသိနဲ့ ငါကိုယ်တိုင်လဲ စိတ်ချမ်းသာမှုရဖို့တဲ့။

Thames Sightseeing

ရန်ကုန်ကအလည်လာတဲ့မိတ်ဆွေကို သမ်း(စ်)မြစ်တလျှောက် လိုက်ပြကြတယ်။ ဧည့်သည်ဘဘက အေးပါတယ်။ ဘယ်သွားချင်တယ်။ ဘာကြည့်ချင်တယ် မပြောရှာဘူး။ ဧည့်သည်ကိုလိုက်ပြချင်သလိုလိုနဲ့ ကိုယ်သင်္ဘောစီးချင်တဲ့အဖြစ်ကို ဝတုတ်ကရိပ်မိသွားပြီး ကိုယ်စီးချင်တာကို လူကြီးကိုလိုက်ပြသလိုလို ဘာလိုလိုနဲ့တဲ့။ နောက်ဆုံးတော့ သူလဲလိုက်စီးရတာပါပဲ။ သွားချင်တာက မြို့ထဲပါလီမန်နားကနေ မြို့အနောက်ဘက် Richmond လို့ခေါ်တဲ့ နေရာအထိ။ အဲဒီ့အထိ မသွားလို့ financial centre လို့ခေါ်တဲ့ canary wharf အထိပဲ သွားလိုက်ရတယ်။ နာရီဝက်သာသာလောက်ပဲ စီးလိုက်ရတယ်။

New year

ကျောင်းဖွင့်တော့မယ်။ ဆရာတွေလဲ သင်ရိုးတွေ update လုပ်ဖို့ ပြင်ဆင်ကြ။ admin က လူတွေလဲ ဗြူရိုကရေစီ ယန္တရားကြီး ဆက်လည်ပတ်အောင် ဆီထည့်တန်ထည့်၊ ပင်နယံအသစ်လဲတန်လဲနဲ့ ကျောင်းကြီးလဲ နည်းနည်းအသက်ဝင်လာပြီ။  

Political Economy of Oil

အခုတလော စောင့်ကြည့်နေတဲ့ သတင်း၁ခု ရှိပါတယ်။  လော့ကဘီဗုံးခွဲသမား လစ်ဗျားကမက်ဂရာဟီကို လွှတ်ပေးတဲ့အပေါ် တုံ့ပြန်မှုပါ။ စကော့တလန်မှာ ဖမ်းထားတဲ့ မက်ဂရာဟီကို ဆီးကျိတ်ကင်ဆာနဲ့ ဘ၀နိဂုံးချုပ်ချိန် ရောက်နေလို့ ညှာတာသနားတဲ့ အနေနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ စကော့တလန် တရားရေးရာဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်။ အကျိုးဆက်တွေကိုလဲ သူပဲ တာဝန်ယူတယ်လို့ တရားရေးရာဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် ဒီလွှတ်ပေးမှုရဲ့ နောက်ကွယ်မှာ အရှုပ်အထွေးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဗုံးခွဲမှုကြောင့်သေဆုံးသူတွေထဲမှာ သူ့နိုင်ငံသားအများစု ပါခဲ့တဲ့ အမေရိကန်က လုံးဝ မကျေနပ်ပါဘူး။

Blog Stats

  • 89,877 hits