//
you're reading...
News, Politics

Political Economy of Oil

အခုတလော စောင့်ကြည့်နေတဲ့ သတင်း၁ခု ရှိပါတယ်။  လော့ကဘီဗုံးခွဲသမား လစ်ဗျားကမက်ဂရာဟီကို လွှတ်ပေးတဲ့အပေါ် တုံ့ပြန်မှုပါ။

စကော့တလန်မှာ ဖမ်းထားတဲ့ မက်ဂရာဟီကို ဆီးကျိတ်ကင်ဆာနဲ့ ဘ၀နိဂုံးချုပ်ချိန် ရောက်နေလို့ ညှာတာသနားတဲ့ အနေနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ စကော့တလန် တရားရေးရာဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်။ အကျိုးဆက်တွေကိုလဲ သူပဲ တာဝန်ယူတယ်လို့ တရားရေးရာဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဒီလွှတ်ပေးမှုရဲ့ နောက်ကွယ်မှာ အရှုပ်အထွေးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဗုံးခွဲမှုကြောင့်သေဆုံးသူတွေထဲမှာ သူ့နိုင်ငံသားအများစု ပါခဲ့တဲ့ အမေရိကန်က လုံးဝ မကျေနပ်ပါဘူး။

စကော့တလန်ကိုရော ဗြိတိသျှအစိုးရကိုပါ တာဝန်ယူမှုကင်းမဲ့တယ်လို့ စွပ်စွဲပါတယ်။ လွှတ်ပေးတဲ့အပေါ် သီးသန့်စုံစမ်းမှု လုပ်ပေးဖို့ကိုလဲ တောင်းဆိုပါတယ်။ Bush နဲ့ Blair လက်ထက်ကတည်းက စခဲ့တဲ့ ယူကေနဲ့ ယူအက်စ်ကြား special relationship နိဌိတံတော့မယ်ဆိုပြီးတော့လဲ သတင်းစာတွေက ရေးကြပါတယ်။

ဝန်ကြီးချုပ်ဂေါ်ဒန်ဘရောင်းကတော့ ဒီကိစ္စဟာ စကော့တလန်ကိစ္စသာဖြစ်ကြောင်း၊ အကျဉ်းသား လွှတ်ပေးတာဟာ တခြား deal တွေနဲ့ ဘာမှမဆိုင်ကြောင်း ပြောပေမဲ့လို့ သူ့ဆင်ခြေတွေဟာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုဖြစ်နေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လစ်ဗျားအစိုးရနဲ့ ယူကေအစိုးရကြား လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ဒီအကျဉ်းသားလွှတ်ပေးဖို့ ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းတွေ၊  စာရွက်စာတမ်းတွေ တခုပြီးတခု ထွက်လာလို့ ဖြစ်ပါတယ်။

ဒီနေ့သတင်းတခုအရဆိုရင် လော့ကဘီအကျဉ်းသားကို မလွှတ်ပေးရင် လစ်ဗျားမှာရှိတဲ့ ရေနံနဲ့ပတ်သက်တဲ့ အကျိုးစီးပွားတွေကို တခြားအာရှနဲ့ အာဖရိကနိုင်ငံတွေက လက်ဦးမှုယူသွားလိမ့်မယ်လို့ BP ရေနံကုမ္ပဏီကြီးက ယူကေအစိုးရကို ၂၀၀၇ကတည်းက သတိပေးခဲ့ပါတယ်။

တိုနီဘလဲရဲ့ ၀န်ကြီးချုပ်ဘ၀အဖြစ်နဲ့ နောက်ဆုံးနေ့တွေမှာလဲ လစ်ဗျားက ကဒါဖီကို သွားတွေ့ခဲ့ပါတယ်။ ယူကေရဲ့ မြောက်ပင်လယ်က ရေနံအထွက်နှုန်းက ကျပြီးရင်းကျနေတော့ အရံရေနံထားရှိမှုနိုင်မှုမှာ သက်သေအထောက်အထားနဲ့ အမြင့်ဆုံးရှိတဲ့ လစ်ဗျားကို ထိပ်သီးခေါင်းဆောင်တွေ ချဉ်းကပ်လာကြပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တချက်က ဘလဲရဲ့ လေဘာပါတီခေါင်းဆောင်တွေဟာ BP နဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေလို့ပါ။ တိုင်းပြည်အကျိုးစီးပွားနဲ့ BP အကျိုးစီးပွားနှစ်ခုဟာ ရောနေပါတယ်။

လော့ကဘီဗုံးခွဲမှုက လက်သည်လို့ စွပ်စွဲပြီးဖမ်းထားတဲ့ မက်ဂရာဟီကို ပြန်လွှတ်ပေးဖို့ ကဒါဖီအစိုးရက ဗြိတိန်အစိုးရကို အကြိမ်ကြိမ်တောင်းဆိုပါတယ်။ သူ့မှာကင်ဆာလဲဖြစ်၊ သေခါလဲ နီးနေပြီဆိုတော့ ဗြိတိန်အစိုးရအတွက် အကွက်ဝင်သွားတဲ့သဘောရှိပါတယ်။

လူ၂၇၀ကိုသေစေခဲ့တဲ့ ဗုံးခွဲမှုမှာတာဝန်ရှိတာကတကဏ္ဍ၊ BP နဲ့ လစ်ဗျား ၂၀၀၇မှာ ချုပ်တဲ့ ဒေါ်လာသန်း၉၀၀တန်တဲ့ စာချုပ်က တကဏ္ဍပါ။ ဒါပေမယ့် ဒီကဏ္ဍနှစ်ခုနဲ့ကိုဆက်ပေးပြီး ရှေ့မှာ ဒေါ်လာသန်းပေါင်းများစွာတန်မယ့် စာချုပ်တွေချုပ်ဖို့ အခွင့်အရေးတွေအတွက် အခရာကျနေတာက မက်ဂရာဟီပါ။

သေဆုံးသွားတဲ့လူတွေနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ဒီမိုကရက်တစ်လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ ဥပဒေကို လိုသလိုပြင်ဆင်တာလို့ အမေရိကန်က အဓိကစွပ်စွဲတဲ့ အကျဉ်းသားလွှတ်ပေးမှုကို စကော့တလန်နဲ့ဗြိတိန်အစိုးရက on compassionate grounds လို့ လှလှပပကာကွယ်ပါတယ်။

ဒါပေမယ့် ရေနံအတွက် ဘာပဲလုပ်ရလုပ်ရဆိုတာကို မြင်တဲ့လူတွေကလဲ အများကြီးပါ။ ဒါနဲ့တဆက်တည်း အမေရိကန်ရဲ့ဗမာပြည်ကို ချဉ်းကပ်မှုဟာ ရိုးသားပါရဲ့လားဆိုတာ တွေးသင့်ပါတယ်။ အဲဒီမှာတော့ လွှတ်ပေးရမယ့် အကျဉ်းသားက ၄၈သန်းရှိပါတယ်။

Discussion

One thought on “Political Economy of Oil

  1. ဟုတ်တယ်..အဲဒီအကြောင်းပဲ တွေးနေမိတာ..။ အကျဉ်းသား..ဒစ်ပလိုမေစီ ကိုလေ..

    Posted by K | 04/09/2009, 17:36

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: