//
you're reading...
Student's Life

New year

ကျောင်းဖွင့်တော့မယ်။ ဆရာတွေလဲ သင်ရိုးတွေ update လုပ်ဖို့ ပြင်ဆင်ကြ။ admin က လူတွေလဲ ဗြူရိုကရေစီ ယန္တရားကြီး ဆက်လည်ပတ်အောင် ဆီထည့်တန်ထည့်၊ ပင်နယံအသစ်လဲတန်လဲနဲ့ ကျောင်းကြီးလဲ နည်းနည်းအသက်ဝင်လာပြီ။

 

ကျောင်းသား ကျောင်းသူ အသစ်လေးတွေကို တွေ့ရရင် ကိုယ်ပါနုသွားသလိုပဲ။ သူတို့အတွက်တော့ ပတ်ဝန်းကျင်အသစ်၊ သူငယ်ချင်းအသစ်၊ ဘာသာရပ်အသစ်တွေနဲ့ အားလုံးဟာ စိတ်လှုပ်ရှားစရာဖြစ်နေမယ် ထင်တယ်။

 

ကျောင်းမှာတရုတ်သံ၊ ကိုရီးယားသံ၊ ဂျပန်သံတွေလဲ ညံနေပြီ။ အရှေ့ဘက်က ကျောင်းသားလေးတွေ ကျောင်းမဖွင့်ခင် pre-sessional တက်ဖို့လာကြတယ်။ ဗမာပြည်က ဘုန်းကြီးသုံးပါးတောင် တွေ့လိုက်သေးတယ်။ အင်္ဂလိပ်စာအပြင် စာတန်းရေးနည်းနဲ့ တခြားလိုအပ်မယ်ထင်တာတွေ ဆရာတွေက သင်ပေးကြလိမ့်မယ်။ ဈေးကတော့ သိပ်မနည်းပေဘူး။ ပေါင် ၂၀၀၀ ကျော်ပေးရမယ်ထင်တယ်။ သင်မှာကတော့ ၁၀ပတ်ပဲ ထင်ပါရဲ့။

 

ဒီ pre-sessional အတန်းတွေတက်တဲ့ ကျောင်းသားတွေထဲကမှ ပုံမှန်သင်တန်းတွေ ၀င်ခွင့်ရတဲ့ ကျောင်းသားတွေပဲ ကျောင်းမှာကျန်ခဲ့ကြလိမ့်မယ်။ အမှန်တော့ pre-sessional နဲ့ foundation course ဆိုပြီး ရောတက်ရတဲ့ သဘောဖြစ်မယ်။

 

ကျောင်းဝင်ခွင့်ရပြီး အင်္ဂလိပ်စာပိုင်းမှာ ဆက်လုပ်ဖို့လိုသေးတယ်လို့ ကျောင်းကဆုံးဖြတ်ရင်တော့ in-sessional ဆိုပြီး တက်ကြရလိမ့်မယ်။ ဒီကျောင်းသားတွေခမျာ ၂ဆပိုပင်ပန်းကြမယ်။ အများနည်းတူပုံမှန်အတန်းတွေလဲလိုက်တက်ရ၊ သူတို့အတွက်သီးသန့်အတန်းတွေလဲ တက်ရနဲ့။ part time အလုပ်လုပ်ဖို့ရာ မဖြစ်နိုင်ဘူး။

 

သတိထားမိတာကတော့ အမေရိကားက ကျောင်းတွေကို သွားတဲ့ တရုတ်ကလေးတွေ၊ ဂျပန်ကလေးတွေရဲ့ အင်္ဂလိပ်စာက ပိုကောင်းတာကို ယေဘူယျ တွေ့ရပါတယ်။ သူတို့တွေကို မေးကြည့်တော့ အတော်ဆုံးကျောင်းသားတွေက အမေရိကားကို သွားဖို့ ပိုအားသန်တယ်လို့ ဆိုကြပါတယ်။

 

အင်္ဂလန်ကိုတော့ အမေရိကားကို မသွားနိုင်တဲ့ကလေးတွေရယ်၊ အင်္ဂလိပ်စနစ်ကိုအခြေခံတဲ့ အထက်တန်းကျောင်းနဲ့ ပုဂ္ဂလကျောင်းတွေ တက်ခဲ့တဲ့ ကလေးတွေ လာတဲ့ သဘောရှိပါတယ်။ ကလေးတွေကြည့်ရတာလဲ တော်တော်လေး ချမ်းသာကြတဲ့ ပုံပါပဲ။

 

ကျောင်းဆွေးဆွေး လူဆွေးဆွေးဖြစ်တော့မလားလို့ တွေးမိတဲ့ခဏ မျက်နှာသစ်လေးတွေ ကြည့်ရင်း တက်ကြွတဲ့ဟန်လေးတွေကို အားကျရင်း သူတို့ရဲ့ နုပျိုလန်းဆန်းမှုတွေ ခိုးယူလို့ရရင် ယူလိုက်ချင်ပါရဲ့။

Discussion

2 thoughts on “New year

  1. အော် နုပျိုခြင်း နုပျိုခြင်း
    ဒါလဲ အချိန်နဲ့ အမျှ ကုန်ဆုံးသွားတာပါလားနော်
    စာတွေလဲ မသင်ချင်တော့ပါဘူး

    Posted by Rita | 10/09/2009, 13:31
  2. ‘ဆရာတွေလဲ သင်ရိုးတွေ update လုပ်ဖို့ ပြင်ဆင်ကြ’
    ဆိုတဲ့စာသားလေးကို ဖတ်မိတော့
    မိုးထဲလေထဲမှာ မှုန်ဝါးဝါးသာမြင်ရတဲ့ ရွေပြည်ကြီးက ရွှေကျောင်းတော်တွေကို လှမ်းမျှော်ငေးမိပါတယ်

    Posted by moe sad | 14/09/2009, 05:55

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: