//
you're reading...
London

Thames Sightseeing

ရန်ကုန်ကအလည်လာတဲ့မိတ်ဆွေကို သမ်း(စ်)မြစ်တလျှောက် လိုက်ပြကြတယ်။ ဧည့်သည်ဘဘက အေးပါတယ်။ ဘယ်သွားချင်တယ်။ ဘာကြည့်ချင်တယ် မပြောရှာဘူး။ ဧည့်သည်ကိုလိုက်ပြချင်သလိုလိုနဲ့ ကိုယ်သင်္ဘောစီးချင်တဲ့အဖြစ်ကို ဝတုတ်ကရိပ်မိသွားပြီး ကိုယ်စီးချင်တာကို လူကြီးကိုလိုက်ပြသလိုလို ဘာလိုလိုနဲ့တဲ့။ နောက်ဆုံးတော့ သူလဲလိုက်စီးရတာပါပဲ။

သွားချင်တာက မြို့ထဲပါလီမန်နားကနေ မြို့အနောက်ဘက် Richmond လို့ခေါ်တဲ့ နေရာအထိ။ အဲဒီ့အထိ မသွားလို့ financial centre လို့ခေါ်တဲ့ canary wharf အထိပဲ သွားလိုက်ရတယ်။ နာရီဝက်သာသာလောက်ပဲ စီးလိုက်ရတယ်။

လက်မှတ်ကဈေးမကြီးပါဘူး။ ရထားနဲ့ဘတ်စီးတဲ့ day travel ဒါမှမဟုတ် monthly travel ကတ်တွေ ဝယ်ထားရင် အသွားတကြောင်းကို ၃ ပေါင်နဲ့ ၃၅ ပြားပဲ ပေးရတယ်။ သွားသလောက်ပဲ ပေးရတဲ့ pay as you go ဆိုရင်တော့ ၅ ပေါင်တဲ့။ အသက်၆၀ကျော်ပြီး လန်ဒန်မှာလဲနေ၊ ရထားနဲ့ဘတ် အလကားစီးလို့ရတဲ့ freedom pass ရှိရင်လဲ ဈေးသက်သာမယ်။

စီးချင်တာက သိပ်မမြန်တဲ့သင်္ဘော။ city cruise လို့ခေါ်တဲ့ အဲဒီသင်္ဘောတွေက ကိုယ်သွားတဲ့အချိန်မှာ မဆွဲသေးလို့ စီးလိုက်ရတာက တော်တော်လေးမြန်တဲ့ Thames clipper ဆိုတဲ့ လျှပ်ပေးယာဉ်လိုဟာမျိုး။

အလွဲတွေကြားမှာ ရာသီဥတုလေးကတော့ ကိုယ့်ဘက်ကရှိပါတယ်။ သာသာယာယာနဲ့။

လက်စွဲတော်ဖုန်းလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ကြည့်သွားပါအုံး။

Image150

တခါတက်စီးရင် ပေါင်၂၀လောက်ပေးရတဲ့ London Eye. လွန်ခဲ့တဲ့ ၅နှစ်လောက်က ၆ပေါင်လောက်ပဲရှိတယ်။

Image167

ထိပ်ခုံးခုံးနဲ့ကစိန့်ပေါဘုရားကျောင်း။ အဝနားမှာ အလကားကြည့်လို့ရတယ်။ အထဲအထိ ဝင်ကြည့်ချင်ရင် ပိုက်ဆံပေးရတယ်။

Image160

MI5 နဲ့ MI6.

Image176

Millennium bridge ဘက်က မြင်ရတဲ့ စိန်ပေါ။

Image197

မြို့တော်ဝန်ရဲ့ရုံး။

Image199

Tower bridge.

Image206

အလယ်က ကျည်ဆံထိပ်ဖူးလိုလိုနဲ့ဟာက gherkin (သခွားသီအသေးစား) အဆောက်အအုံ။

Image213

သင်္ဘောပေါ်ကဆင်းတော့ ဒီပန်းခြံထဲမှာထိုင်တယ်။ ပြီးတော့လူတွေကို ငေးကြတယ်။

Image215

Image216

Discussion

3 thoughts on “Thames Sightseeing

  1. wow nice sight seeing

    Posted by nyimuyar | 15/09/2009, 02:47
  2. လန်ဒန်လာစရာရှိသေးတယ် မဇီဇ၀ါရေ

    Posted by Zizawar | 16/09/2009, 07:07
  3. အယ် မဇီဇ၀ါနာမည် မှားရေးမိတယ်

    Posted by ဆောင်း | 16/09/2009, 07:08

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: