//
archives

Archive for

ဒီတပတ်ထဲမှာ–

အမဝမ်းကွဲတယောက်က နှစ်ပတ်လည်အမှတ်တရ သစ်ပင်စိုက်ပေးတယ်။ ကတ်တွေ ဝက်ဝံတွေပေးမယ့် အစား အဲဒီလို လုပ်ပေးနိုင်ဖို့ သစ်တောသစ်ပင်စောင့်ရှောက်သူတွေ၊ အဖွဲ့တွေက လုပ်ပေးနေတာ ကျေးဇူးတင်စရာပါ။

ဟိုရောက်ဒီရောက်နဲ့ ဒီတပတ်

ဒီတပတ်ထဲမှာ…… ခက်ခဲတဲ့အလုပ်တခု လုပ်ရတော့မယ်ဆို ပထမဆုံး လုပ်တာက အဲဒီအလုပ်ကို မလုပ်ရအောင် တတ်နိုင်သလောက် အချိန်ဆွဲတာပါပဲ။ ဒီတပတ်ထဲမှာ စာသင်ခြင်းရဲ့ဒသနိကလို့ ဘာသာပြန်ရင်ရမယ့် teaching philosophy ရေးရပါတယ်။ အဲဒါကို မရေးချင်လို့ တခြားရှိတဲ့ဟာတွေကို ပတ်ပြီးလုပ်နေတာ။ ဒီနေ့တော့ အမြင်မှန်ရပြီး ပြီးအောင်ရေးလိုက်ပါတယ်။

ဗမာကြောင်တွေ ပြန်လာပြီ။

ဒီနေ့တိုင်းသတင်းစာမှာ ဗမာကြောင်တွေအကြောင်းပါတယ်လို့ ၀တုတ်က သူ့ရဲ့headquarters ကွန်ပျူတာရှေ့ကနေ သတင်းပို့ပါတယ်။ ရွှေရောင်မျက်လုံး၊ ပိုးသားလိုနူးညံ့တဲ့ ချောကလက်ရောင် ဒါမှမဟုတ် မိုးခိုးပြာရောင်အမွေးရှိတဲ့ ဗမာကြောင်တွေဗမာ့မြေပေါ်ကပျောက်သွားတာ နှစ်ပေါင်း၈၀လောက် ရှိနေပါပြီတဲ့။

အစ၏ အဆုံး – ၃

ပါရဂူဘွဲ့ကျောင်းသားဘဝမှာ ဘယ်အချိန်ဟာ အခက်ဆုံးလဲလို့မေးရင် စာရေးရတဲ့အချိန်ဟာ အခက်ဆုံးပဲလို့ ဖြေရပါမယ်။ လိုအပ်တဲ့ methodology  လို့ခေါ်တဲ့ ဘာသာရပ်ကို ချည်းကပ်ပုံ၊ မေးခွန်းထုတ်နည်း၊ အင်တာဗျူးလုပ်နည်း၊ ခိုင်မာတဲ့အထောက်အထားရွေးနည်းစတာတွေကို ဖတ်ရတာလဲ သိပ်မခက်လှဘူး။ ကိုယ့်ခေါင်းစဉ်အတွက် အချက်အလက်စုရတာ၊ ဖတ်ရတာလဲ မခက်လှပေဘူး။ ခက်တာက ကိုယ်စုထားတဲ့အချက်အလက်တွေကို ကိုယ်ပြောချင်တဲ့အကြောင်းအရာကို အားကောင်းစေဖို့၊ ခိုင်မာစေဖို့ ရွေးထုတ်တဲ့အခါ၊ ကိုယ်ပြောချင်တာကို လိုရင်းရောက်အောင် ရှင်းရှင်းလင်းလင်း တင်ပြရတဲ့အခါ သိပ်ခက်ပါတယ်။

Guy Fawkes Day

ပြီးခဲ့တဲ့နှစ်က ပို့ကို recycle လုပ်လိုက်ပါတယ်။ နိုဝင်ဘာ ၅ရက်နေ့ဟာ ယူကေမှာ Guy Fawkes Day ပါ။ ၁၆၀၆မှာ ကက်သလစ်တွေက ပရိုစတက်တင့်ဘာသာဝင် ဘုရင်နဲ့ပါလီမန်ထဲက ၀န်ကြီးတွေကို သတ်ဖို့ ပါလီမန်အောက်မှာ ယမ်းတွေကိုစည်တွေထဲထည့်ပြီး ပါလီမန်တခုလုံးကို ဖောက်ခွဲဖို့ လုပ်ပါတယ်။ ကြံစည်သူတွေထဲက တယောက်က ပါလီမန်ထဲကသူ့မိတ်ဆွေကို ရှောင်နေဖို့ စာပေးရာကနေ အဲဒီစာကို ဘုရင့်ဘက်တော်သားတွေမိသွားပြီး Guy Fawkes တို့အကြံအစည်တွေပျက်သွားပါတယ်။   ဒါပေမယ့် ဘုရင်ကိုဖောက်ခွဲသတ်ဖြတ်ဖို့ဆိုတဲ့ အကြံဆန်းကို သဘောကျလို့ နောင်လာနောက်သားများက Guy Fawkes Day ဆိုပြီး နိုဝင်ဘာ၅ရက်ရောက်တိုင်း မီးရှူးမီးပန်းတွေဖောက်၊ သူတို့သဘောမကျတဲ့ ဘုရင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တခြားနာမည်ကြီးတွေရဲ့အရုပ်တွေကို မီးရှို့ကြပါတယ်။ ဒီနှစ်တော့ ဘီဘီစီက အခုတလော ရိုင်းတယ်ဆိုပြီး ရှုတ်ချခံနေရ၊ အလုပ်ကဖြုတ်ထားခံရနေရတဲ့ … Continue reading

အစ၏ အဆုံး – ၂

စာတွေအကြာကြီး သင်ပြီးတော့ရော ဘာလုပ်မှာလဲဆိုတော့ မေးခွန်းကိုတော့ ကျေနပ်အောင် ဖြေနိုင်မယ်မထင်ဘူး။  ပိုက်ဆံပိုရဖို့ စာတွေပိုတတ်အောင် သင်တာတော့ မဟုတ်ဘူးလို့ပဲ မယုတ်မလွန် ဖြေရမယ်ထင်တယ်။  

Blog Stats

  • 89,890 hits