//
you're reading...
Student's Life

အစ၏ အဆုံး – ၂

စာတွေအကြာကြီး သင်ပြီးတော့ရော ဘာလုပ်မှာလဲဆိုတော့ မေးခွန်းကိုတော့ ကျေနပ်အောင် ဖြေနိုင်မယ်မထင်ဘူး။  ပိုက်ဆံပိုရဖို့ စာတွေပိုတတ်အောင် သင်တာတော့ မဟုတ်ဘူးလို့ပဲ မယုတ်မလွန် ဖြေရမယ်ထင်တယ်။

 

တခါ စာတတ်တယ်ဆိုတာ ဘာကိုခေါ်သလဲ ဆိုတာကိုလဲ ထပ်ရှင်းရမယ်ထင်ပါရဲ့။ အရာရာကို မေးခွန်းထုတ်တတ်လာတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ် တိုးတက်ဖို့ တနည်းတဖုံ ဆောင်ရွက်နိုင်မယ်။ ကိုယ့်အတွက် အများအတွက် လုပ်စရာရှိတာတွေကို သူများတွေထက် ပိုလုပ်လာနိုင်မယ်လို့လဲ လုံးထွေးပြီးပြောလို့ရမယ်ထင်တယ်။

 

ဒါတွေအတွက် ပိုက်ဆံကုန်ရကျိုး၊ အချိန်တွေ စိတ်ခွန်အားတွေ ပေးဆပ်ရကျိုးရော နပ်ရဲ့လားလို့မေးရင် စာတွေတတ်လာပြီး အဲဒါတွေကို ဘယ်လိုအသုံးချနိုင်မလဲဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။

 

ပါရဂူဘွဲ့ယူတွေကို အင်္ဂလန်မှာ စစ်တမ်းလုပ်ထားတာ ရှိပါတယ်။ ဘွဲ့ရနှုန်းမှာ ငွေကြေးအထောက်အပံ့ ရသူတွေက အထောက်အပံ့မရသူတွေထက် ပိုများတယ်။ တခါ ဘွဲ့ရဖို့မှာ သိပ္ပံသမားတွေက humanities သမားတွေထက် ပိုပြီးအလားအလာကောင်းတယ်။

 

တော်တိုင်းလဲ ပါရဂူဘွဲ့လုပ်နိုင်၊ ဘွဲ့ရနိုင်တာ မဟုတ်ပေဘူး။ နောက်ခံအချက်အလက်တွေဖြစ်တဲ့ ငွေကြေးပြည့်စုံမှု၊ ပတ်ဝန်းကျင်ကအားပေးမှု၊ ဆရာက တောက်လျှောက် စနစ်တကျကြီးကြပ်ပေးမှုတွေပါမှ ဘွဲ့တခုရဖို့ အကြောင်းအချက်တွေ ပြည့်စုံတာကလား။

 

ကိုယ်ကလဲ မိသားစုကို မထောက်ပံ့ရတာရယ်၊ ၀တုတ်ကလဲ လိုတာတွေ ဘေးကပံ့ပိုးပေးနေတာတွေရယ်၊ မိသားစုကလဲ အားပေးတာတွေရယ်၊ ကံကောင်းထောက်မပြီး ပညာသင်ဆုများလဲ ရရှိတာရယ် စတဲ့စတဲ့ အကြောင်းများစွာ တိုက်ဆိုင်ပြီး ပြီးဆုံးတဲ့အထိ စာသင်နိုင်ခဲ့တာပဲ။

 

တွေ့ခဲ့တဲ့ ဆရာသမားတွေရဲ့ အားပေးမှု၊ စိတ်ရှည်လက်ရှည် လက်တွဲခေါ်မှုတွေလဲ အများကြီးပါတာပေါ့။ ကိုယ်တယောက်ထဲအပြင် ကိုယ့်ဘေးက လူတွေရဲ့ ပေးဆပ်ရမှုတွေက အများကြီးပါ။ ဒါတွေအားလုံးရင်းထားရလို့ ကိုယ့်ပညာကို စာတန်းတွေ စာအုပ်တွေ ထုတ်တာကအစ၊ ကိုယ့်အတွက်အပြင် တခြားလူတွေအတွက် ကောင်းကောင်းအသုံးချနိုင်ပါမှ ဒီရင်းထားရတာတွေ ရင်းရကျိုးနပ်ပေလိမ့်မယ်။

 

နောက်မှဆက်သေးတာပေါ့။

Advertisements

Discussion

6 thoughts on “အစ၏ အဆုံး – ၂

  1. ဝမ်းမြောက်မိပါကြောင်းCoagulations !

    Posted by kom | 01/11/2009, 17:38
  2. ပညာသင်ပြီးလို့ ဆင့်ပွား မျှဝေလာမဲ့ အကျိုးတွေကို လိုလိုလားလား ခံယူချင်ပါတယ်။ ပညာနဲ့တွေးတဲ့ အတွေး၊ ပညာနဲ့ရေးတဲ့ အရေး၊ ပညာနဲ့ သုံးသပ်တဲ့ ဆင်ခြင်မှု၊ ပညာနဲ့ စေတနာပေါင်းတဲ့ မျှဝေမှု စတာတွေပေါ့..။ ရင်းရကျိုး နပ်ဖို့ အားထုတ်မှာပဲလို့လဲ ယုံကြည်တယ်။

    Posted by မိုးချိုသင်း | 02/11/2009, 05:23
  3. Congratulation.. sis. You did it. 🙂

    Posted by K | 02/11/2009, 06:13
  4. အင်း လမ်းခုလတ်မှာ ရပ်နေမိတယ်။
    ဘယ်ကို ဆက်ရမယ် မသိလို့။
    တခါတခါကျ မသင်ချင်တဲ့ စာကိုပဲ ဆက်သင်ဖို့ တွေးနေရတဲ့ ကိုယ့်ဟာကိုယ် သိပ်သနားတယ်။

    Posted by Rita | 02/11/2009, 14:40
  5. တချို့ကလည်း ပညာဆိုတာ ဆုံးခန်းတိုင်အောင် မရှိဘူးတဲ့။ ကိုယ်တတ်တဲ့ ပညာကို တဆင့် ပြန်ဝေမျှ ပေးနိုင်ရင် အချိန်ခံရကျိုး သင်ရကျိုးနပ်တယ် လို့ ထင်ပါတယ်။ ကိုယ်တယောက်ထဲ မဟုတ်ဘဲ နီးစပ်သူများကပါ ပေးဆပ် ရတယ် ဆိုတာလည်း တကယ် မှန်ပါတယ်။

    Posted by မီယာ | 02/11/2009, 22:40
  6. ကျွန်တော့်အမြင်ပြောရရင်တော့….ပညာသင်နေကြတယ်ဆိုတာနေခေတ်ရေစီးကြောင်း အရပါ… သူများတကာ နိုင်ငံခြားဘွဲ့ လက်မှတ်တွေယူနေကြတဲ့  / ရှိနေကြတဲ့ အချိန်မှာ ကိုယ်မှာဘာမှမရှိဘူးဆိုရင်….အဲ့ ဒီအသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုရပ်တည်ကြရမလဲ …. ဘယ်လောက်ကောင်းတဲ့ ပညာရေးပဲဖြစ်ပါစေ ….အဲ့ ဒီစနစ်ကပေးနိုင်တာက …. သီအိုရီနဲ့ သမိုင်းရဲ့ုပြန်လည်သုံးသပ်ချက်ပါပဲ ….. အဲ့ ဒါကြောင် ငွေကုန်..အချိန်ကုန်…လူပင်ပန်းရကြိုး နပ်မနပ်ဆိုတာ တစ်ဦးချင်းစီရဲ့ စိုက်ထုတ်မှု ပေါ်မှာမူတည်ပါတယ်

    Posted by minlatt | 07/11/2009, 12:49

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,890 hits
%d bloggers like this: