//
you're reading...
Uncategorized

ဟိုရောက်ဒီရောက်နဲ့ ဒီတပတ်

ဒီတပတ်ထဲမှာ……

ခက်ခဲတဲ့အလုပ်တခု လုပ်ရတော့မယ်ဆို ပထမဆုံး လုပ်တာက အဲဒီအလုပ်ကို မလုပ်ရအောင် တတ်နိုင်သလောက် အချိန်ဆွဲတာပါပဲ။ ဒီတပတ်ထဲမှာ စာသင်ခြင်းရဲ့ဒသနိကလို့ ဘာသာပြန်ရင်ရမယ့် teaching philosophy ရေးရပါတယ်။

အဲဒါကို မရေးချင်လို့ တခြားရှိတဲ့ဟာတွေကို ပတ်ပြီးလုပ်နေတာ။ ဒီနေ့တော့ အမြင်မှန်ရပြီး ပြီးအောင်ရေးလိုက်ပါတယ်။

ဘာကြောင့်စာသင်တာလဲဆိုတာကို တချို့ကျောင်းတွေက ရေးခိုင်းပါတယ်။ ဘာကို ဘာ့ကြောင့် ဘယ်လို သင်ပါတယ် ဆိုတာကို ရေးရတာပါ။

ခြုံပြီးကြည့်မယ်ဆိုရင်တော့ စာသင်ခြင်းဆိုတဲ့ အလုပ်တခုကို ကိုယ်ကဘာကြောင့်လုပ်နေတာလဲ ဆိုတာကို ရေးရတာပါ။ စာသင်တာ၊ သုတေသနလုပ်တာနဲ့ တခြားစီမံခန့်ခွဲရေးလုပ်တာတွေကြားမှာ နစ်မြုပ်ပြီး စာသင်တာကို ငြီးငွေ့လာရင် ကိုယ်ဘာ့ကြောင့် စာသင်နေတာလဲဆိုတာ ပြန်မှတ်မိအောင်၊ ကိုယ့်ကိုကိုယ် ပြန်သတိပေးလို့ရအောင် တချို့ကျောင်းတွေက ဆရာတွေကို ရေးခိုင်းကြပါတယ်။

အင်္ဂလန်မှာတော့ မရေးခိုင်းပါဘူး။ အမေရိကားတို့ စင်္ကာပူတို့ဘက်မှာတော့ ဒီကိစ္စဟာ လုပ်ရိုးလုပ်စဉ်ဖြစ်မယ် ထင်ပါတယ်။ အခုဟာက အလုပ်အသစ်တွေ လျှောက်နေလို့ ရေးရတာပါ။

ရေးရင်းနဲ့ လွန်ခဲ့တဲ့၁၀နှစ်တုန်းက ကျောင်းတွေလျှောက်တုန်း စာစီစာကုံးတွေ ရေးခဲ့ရတဲ့ ဘဝကို ပြန်သတိရမိပါသေးတယ်။ အဲဒီဘဝက အခုအထိ မကျွတ်သေးဘူးလို့လဲ တွေးမိပါသေးရဲ့။

အခုတခေါက်တော့ အများကြီးပိုလွယ်သွားပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်ကတော့ ဒီလိုကိုယ့်ကိုကိုယ် ပြန်ရှာဖွေတဲ့၊ ကိုယ်ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတဲ့အလုပ်ဟာ နိုင်ငံခြားထွက်ဖို့ပြင်ဆင်ရတဲ့ အဆင့်တွေထဲမှာ အခက်ဆုံးပါပဲ။ အခုကပိုလွယ်သွားတာပါ။ လုံးဝလွယ်သွားတာတော့ မဟုတ်သေးပါဘူး။

ဒီတပတ်ထဲမှာပဲ…

မပန်ရဲ့နတ်သမီးဝတ္ထုကို ဖတ်လိုက်ရတယ်။ comment ကိုခေါင်းထဲမှာ ရေးထားတာ အခုမှပဲ ဒီမှာချရေးလိုက်မယ်။ ဝတ္ထုထဲက ဇာတ်ကောင်တွေမှာ စာရေးဆရာရဲ့ value တွေ judgement သိပ်ပါလာရင် ဝတ္ထုရဲ့အရသာပျက်သွားတတ်တယ်။ နောက်ပိုင်းဂျူးရဲ့ဇာတ်ကောင်တွေက အဲဒီလို ဖြစ်လာလို့ သူ့ရဲ့ရှေးကဝတ္ထုတွေလောက် ခံစားလို့ မရတော့ဘူး။

မပန်က သူသိတာတွေကို ဇာတ်ကောင်ထဲ အများကြီးမထည့်ပေးလိုက်ဘဲ ဇာတ်ကွက်နဲ့လိုက်ရုံလေး ထည့်ပေးထားတာ ပညာပါပါတယ်။ အဲဒီလိုမရေးတတ်လို့ ရေးတတ်တဲ့လူကို လေးစားပါတယ်။ အဖြစ်အပျက်နဲ့ ရသက ကွက်တိပဲလို့ ပြောချင်ပါတယ်။ ရေးတဲ့လူနဲ့ ဖတ်တဲ့လူ ဘက်ညီတယ်လို့ရော ပြောလို့ရမလားမသိဘူး။ စာဖတ်သူကို စာရေးသူက လျှော့လဲမတွက်ထားဘူး။ ပိုလဲမတွက်ဘူးလို့ ထင်တယ်။ ဒါပေမယ့် စာရေးသူက အဲဒီလို တွေးပြီးရေးပါ့မလားလို့လဲ စဉ်းစားမိတယ်။ ဇာတ်ကွက်နဲ့ဇာတ်ကောင်ကို သစ္စာရှိရင် ဒါတွေရောလိုပါ့မလား။  ဘလော့လောကအပြင်က အထူးသဖြင့် နယ်ကစာဖတ်သူတွေ ဘယ်လိုထင်မလဲလို့လဲ စဉ်းစားမိတယ်။

ဒီတပတ်ထဲမှာ…

ဝတုတ်ကို ပဲကြီးနှပ်လုပ်ကျွေးဖြစ်တယ်။ ကြက်သွန်အဖြူအနီမကြော်ချင်လို့ ကြက်သွန်ဖြူမှုန့်တွေ တပုလင်းလုံးကုန်အောင် ထည့်ပစ်လိုက်တယ်။ verdict ကတော့ ကောင်းပါတယ်တဲ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟင်းချက်ရင် အမေတို့ဘာပြောကြမလဲဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ အလုပ်မရရင်တော့ ခေတ်မီမီဟင်းချက်နည်းများဆိုပြီး စာအုပ်ရေးမလားစိတ်ကူးတယ်။ Plan B ပေါ့။

Discussion

4 thoughts on “ဟိုရောက်ဒီရောက်နဲ့ ဒီတပတ်

  1. ဇီဇ၀ါရဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒီလို စာဖတ်သူတွေအတွက် ရေးရတာ ကျေနပ်ပါတယ်။

    Posted by ပန်ဒိုရာ | 21/11/2009, 06:39
  2. အလုပ်မြန်မြန်ရပါစေ.. အော်စီ ကိုလာခဲ့..း)

    Posted by K | 21/11/2009, 07:08
  3. ပဲကြီးနှပ် တကယ် ကြိုက်တယ်… ရန်ကုန်ပြန်တိုင်း ထမင်းဆိုင်မှာ ပထမဆုံး မှာစားဖြစ်တာက ပဲကြီးနှပ်နဲ့ ချဉ်ပေါင်ကြော်… ကြိုက်တဲ့ ကောင်းတဲ့ အလုပ် မြန်မြန် ရပါစေနော်

    Posted by မီယာ | 24/11/2009, 07:16
  4. ဟိုရောက်ဒီရောက်လည်း များများရေးပါအုန်း။ ဟိုဟိုဒီဒီ ရောက်နေတာကိုက ဖတ်စရာ ဗဟုသုတ ပါလို့ပါ။

    Posted by ကြာပီ | 29/11/2009, 04:56

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: