//
you're reading...
Philosophy

confirmation bias

အမရေ-လုပ်နေတဲ့ဟာတွေက မှန်မှမှန်ပါ့မလားဆိုပြီး သံသယဖြစ်တယ်အမ။ တထင့်ထင့်နဲ့ လုပ်နေရတာ။ ‘ကောင်းတာပေါ့’ လို့ ကျွန်မကပြန်ပြောတဲ့အခါဟာအမကလဲ ကိုယ်လုပ်နေတာ မှားနေမလားလို့ အမြဲစိတ်ပူနေရတာ ဘယ်ကောင်းပါ့မလဲ မ–ရယ်။ ကိုယ်လုပ်နေတာတွေ အားလုံးမှန်နေတယ်ထင်မှ စိတ်ပူရတာ။ မှားနိုင်တယ်ထင်တော့ ပိုပြီးဂရုစိုက်ဖြစ်တာပေါ့။

ဒါက လွန်ခဲ့တဲ့၆လလောက်က ကျွန်မနဲ့အလုပ်အတူတူတွဲလုပ်နေတဲ့ မိတ်ဆွေနဲ့ ပြောဖြစ်တဲ့ စကားပါ။

ပြီးခဲ့တဲ့၂ပတ်လောက်က wall street ဂျာနယ်မှာ အောက်ကဆောင်းပါးလေးဖတ်မိတယ်။ ကွန်မန့်တွေထဲမှာဝင်ဆွေးနွေးထားတာလဲ မှတ်သားဖို့ကောင်းလို့ တချို့ကို ဘာသာပြန်ပြီး ဒီမှာ တင်လိုက်ပါတယ်။

A mind is a terrible thing to change.

အတွေးအခေါ်ဆိုတာ ပြင်ဖို့ခက်တယ်တဲ့။ (ဒီနေရာမှာ စိတ်နဲ့စိတ်ဓာတ်ထက် အတွေးအခေါ်လို့ပြန်ရင် ဆောင်းပါးရှင်ပြောချင်တာနဲ့ ပိုနီးစပ်မယ်ထင်လို့ပါ။)

ကွန်မန့်ရေးတဲ့လူတယောက်ကလဲ The Thinking Brain Thinks and the Proving Brain will Prove. ဆိုလိုတာကတော့ ကိုယ်ထင်တာမှန်တယ်ဆိုတဲ့ လူတယောက်ဟာ မှန်ကြောင်းပြဖို့ ကိုယ့်အဆိုကိုထောက်ခံမယ့် အချက်အလက်တွေကိုချည်း ရွေးစုတော့မှာပဲ။ ဆောင်းပါးရှင် ဥပမာပေးထားတာကတော့ ငွေကြေးဖောင်းပွတာကို ကာကွယ်ဖို့ ရွှေကို ဝယ်ထားတယ်ဆိုပါစို့။ ဝယ်ပြီးပြီးချင်း ကြားတဲ့သတင်းတွေက ဒေါ်လာတန်ဖိုးကျပြီးရင်းကျ၊ ဘွန်းတွေတခြားဈေးကွက်ကုန်ပစ္စည်းတွေလဲ ကျတော့မယ့် သတင်းတွေဖြစ်နေတတ်တယ်တဲ့။

လူတွေဟာ အချက်အလက်နဲ့ သတင်းတွေ ရှာဖွေဖတ်ရှုတဲ့အခါ သူတို့ ထင်မြင်ယူဆထားတာတွေကို မှန်ကြောင်းပြမယ့် အချက်တွေကိုသာ ရွေးဖတ်ဖို့ ၂ဆလောက်ပိုပြီး ဖြစ်နိုင်ချေရှိသတဲ့။ သူတို့ထင်ထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့သတင်းတွေကိုတော့ ကျော်ဖတ်သွားကြတယ်တဲ့။

အဲဒီလိုဖြစ်ရပ်ကို ခေါင်းထဲက ဟုတ်တယ်လို့ပြောနေတဲ့အသံများ ‘yes man in your head’ လို့ ဆောင်းပါးရှင်က ခေါင်းစဉ်တပ်ထားပါတယ်။ ကိုယ်ယုံချင်တာကို ကိုယ့်ခေါင်းက အပြတ်ထောက်ခံပေးတယ်တဲ့။ စိတ်ပညာရှင်တွေကတော့ ဒါကို ‘confirmation bias’ လို့ခေါ်ကြတယ်။ မှန်ကြောင်းပြဖို့ ဘက်လိုက်ခြင်းပေါ့။ ဘာဖြစ်လို့ လူ့ရဲ့အတွေးအခေါ် mind ဟာ ဒီလိုဖြစ်နေရသလဲဆိုတာ ဆန်းစစ်လိုက်တော့ Scott Lilienfeld ဆိုတဲ့ စိတ်ပညာရှင်က ‘We’re all mentally lazy’ ကျွန်တော်တို့ဟာ အတွေးအခေါ်နဲ့ပတ်သက်ရင် ပျင်းကြလို့ပဲလို့ ပြောတယ်။ ကိုယ်ထင်ထားတာတွေကို ထောက်ခံမယ့် အချက်အလက်တွေအပေါ်မှာ အာရုံစိုက်ရတာဟာ ထင်ထားတာဟာ မှားကောင်း မှားနိုင်တယ်ဆိုတာပြမယ့် အချက်အလက်တွေကို ရှာဖွေဖို့ထက် ပိုလွယ်တယ်မဟုတ်လားတဲ့။

အဖွင့်တုန်းကပြောခဲ့သလို ကိုယ်လုပ်တာမှားများမှားနေမလားလို့ တချိန်လုံး သတိထားနေရတာ မှန်တယ်ဟေ့။ ငါလုပ်တာတွေက ဟုတ်နေတာပဲလို့ တွေးပြီးလုပ်နေရတာထက် ပိုပြီး စိတ်ပင်ပန်းတယ်မဟုတ်လား။

တခါ စိတ်ပညာပါမောက္ခကြီးပြောတဲ့ စကားတခွန်းဟာ အင်မတန်ထိပါတယ်။ ကိုယ်လုပ်တာမှားသွားပြီဆိုရင် ပြီးသွားမှဘာလို့မှားသွားတာဆိုပြီး ဆင်ခြေပေးတဲ့နေရာမှာ လူတွေက သိပ်တော်ပါသတဲ့။ အဲဒါကဆောင်းပါးရှင်က ‘It ..is easier for people to rationalize than to be rational’ တဲ့ ဓမ္မဓိဌာန်ကျဖို့ထက် ဆင်ခြေတက်ဖို့ ပိုလွယ်သတဲ့။

ပညာတတ်လေလေ၊ ကိုယ်မှန်တယ်လို့ထင်ဖို့ ဖြစ်နိုင်လေလေတဲ့။ အချက်အလက်တွေ ရှာတွေ့လေလေ ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ ပိုဖြစ်လာလေလေတဲ့။ ဒါပေမယ့် အဲဒီအချက်က ကိုယ်ထင်တာ မှန်းတာတွေ ပိုမှန်စေမယ်ဆိုတာတော့ မဟုတ်ဘူးတဲ့။

အချက်အလက်တခုခုကိုတွေ့ရှိရင် အဲဒီအချက်က သူ့ကိုထောက်ခံဖို့ ဆင်တူယိုးမှား နောက်တချက်ကိုပဲ ရှာဖွေဖို့ တွန်းအားပေးတယ်တဲ့။ ဒီနည်းနဲ့ အမှားတွေ လုပ်မိတဲ့ သာဓကတွေ မနည်းမနောပဲတဲ့။

ဆောင်းပါးရေးတဲ့လူကတော့ စတော့တွေ ရှယ်ယာတွေနဲ့ ပတ်သက်တဲ့ confirmation bias အကြောင်းပြောတော့ သူ့အကြံက တခုခုကို ဝယ်မယ်ဆိုရင် အဲဒါတွေ ဘာ့ကြောင့်ဝယ်ရသလဲဆိုတဲ့ အချက်တွေကို ချရေးထားပါတဲ့။ အဲဒီအချက်တွေနဲ့ ဆန့်ကျင်ဘက်တွေကြားရင် ရောင်းဖို့ပြင်ပါတဲ့။ ချရေးထားတော့ ခေါင်းထဲမှာလို ပြန်ပြင်တွေးလို့ ငြင်းဖို့မဖြစ်နိုင်တော့ဘူးတဲ့။

ဒါနဲ့ဆက်ပြီး ကွန်မန့်ရေးတဲ့လူတွေ ဆွေးနွေးကြတာတွေကတော့ လူတွေက တယောက်ယောက်၊ တပါတီတီကို ယုံပြီဆိုရင် သူတို့ပြောတာ လုပ်တာတွေဟာ မှန်မှာပဲဆိုပြီး စိတ်ကိုဒုံးဒုံးချထားလိုက်တော့တယ်တဲ့။ ဆရာဝန်ပြောတာလုပ်တာဆိုရင် သူသိတာပဲ။ သူရေးတာ ပြောတာမှန်မှာပဲဆိုပြီး လိုက်နာကြသတဲ့။ ပါတီတွေဆိုရင်လဲ ဒီအတိုင်းပါပါတဲ့။

ဆက်တွေးရင် brainwashing နဲ့ ခေါင်းထဲက ဟုတ်တယ်ဆိုတဲ့ ထောက်ခံချင်နေတဲ့ အသံအများကြီး ဆက်စပ်မှုရှိပါသတဲ့။

ဆောင်းပါးကို ဖတ်ချင်ရင်

http://online.wsj.com/article/SB10001424052748703811604574533680037778184.html

Discussion

3 thoughts on “confirmation bias

  1. Great post! Thanks for posting, sis!

    Posted by DOJ | 03/12/2009, 13:05
  2. ဟုတ်ပုံရတယ် အစ်မ။
    လူတယောက်ကို အမြင်ကပ်ရင် ဆက်တိုက် အမြင်ကပ်စရာ အကြောင်းတွေချည်း တွေ့တော့တာပဲ။ အကောင်းပြောတောင် စိတ်ထဲက ပါတာမှ ဟုတ်ရဲ့လား တွေးမိတယ်။ ချစ်စရာကောင်းအောင်ပြောတောင်မှ စိတ်ထဲ ချစ်ချဉ်ချဉ် ဖြစ်မိတယ်။
    😀

    Posted by Rita | 03/12/2009, 13:50
  3. ဟုတ်တယ်နော်၊ မသိစိတ်နဲ့ ကိုယ်ကြိုက်တာကိုယ် ဘက်လိုက်နေမိတတ်တာတွေ အများကြီး ရှိခဲ့ဖူးတယ်…။

    Posted by ချစ်ကြည်အေး | 07/12/2009, 11:32

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: