//
you're reading...
Media, News
အမှန်တရားထက် အရေးကြီးတာ ဘာများရှိသေးလဲ။
ပီးခဲ့တဲ့အပတ်က အီတလီမှာ နှစ်တ၀က်ကျောင်းလာတက်တဲ့ အမေရိကန်ကျောင်းသူ အမန်ဒါနော့ကို သူရဲ့ အခန်းဖော် ဗြိတိသျှကျောင်းသူမဲရိဒစ်ကာချာဆိုသူကို သတ်တဲ့အမှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံဖို့ ပရူဂျာတရားရုံးက အမိန့် ချလိုက်တယ်။ ဒီအမှုအကြောင်း အတော်များများလည်း သိကြမယ်ထင်ပါတယ်။ မသိသေးဘူးဆိုရင် ၀ီကီပီးဒီးယားမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီအမှုမှာစိတ်ဝင်စားဖို့ ကောင်းတာတွေ ပြောစရာတွေ အများကြီးပဲ။ ပထမ အချက်က ဒီအမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ရေးသားဖော်ပြတဲ့ပုံစံ။
အမေရိကန်က မီဒီယာတွေမှာ တရားခံ အမန်ဒါနော့ဟာ တကယ်တမ်း အပြစ်မရှိဘဲ တရားခံ မပေါ်ပေါ်အောင်ရှာကြရာမှာ သူဟာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ပုံစံရေးကြတယ်။ သူအပြစ်ရှိမရှိဆိုတာ တရားရုံးမှာ အမှုစစ်လို့ မပြီးခင်ကတည်းကကို သူလွတ်မြောက်အောင် အဖွဲ့ တွေဘာတွေ ဖွဲ့ပြီးကြိုးစားတဲ့လူကကြိုးစားနေပြီ။
ဘယ်လောက်တောင်များလဲဆိုရင် သူ့ ရဲ့ ပြည်နယ်က လွှတ်တော်အမတ် အမျိုးသမီးကိုယ်တိုင်က အီတလီတရားရုံးက ဒီအမှုကို စီရင်ရာမှာ အမေရိကန် ဆန့်  ကျင်မုန်းတီးရေး စိတ်ဓာတ်အခြေခံ ရှိနေသလားဆိုတာမေးခွန်းထုတ်စရာ ဖြစ်နေပြီလို့ ထုတ်ဖော်ပြောတဲ့ထိတောင်ပဲ။
နောက်တရားခံရဲ့ မိဘသားချင်းတွေဟာလည်း ဒီမိန်းခလေးမှာ အပြစ်မရှိဘူးဆိုတာ တရားရုံးအမိန့်ကိုတောင် မစောင့်ဘဲ သူတို့ ဘာသာသူတို့ တဖက်သတ် စီရင်ချက်ချထားကြတယ်။
ဥပမာ အမေရိကန်ကိုပြန်ဖို့ တရားခံမိန်းခလေးနံမယ်နဲ့ လေယဉ်လက်မှတ်တောင်ဝယ်ပြီးပြီ။ နောက်သူ့ ညီမကလည်းအမအတွက် ဆီယက်တဲပြန်ရောက်ရင် မကဆီကန်ညစာနဲ့ ကြိုဆိုဖို့ အားလုံးပြင်ထားပြီးသား။
ဒါဟာ အမေရိကန်တွေရဲ့ မောက်မာနေကျပုံစံပဲလားဆိုတာ မေးစရာဖြစ်နေတယ်။ ပထမဆုံးမေးစရာက ဒီမိန်းခလေးမှာ အပြစ်မရှိဘူးဆိုတာ သူတို့  ဘယ်လိုလုပ်သိသလဲ။ သူတို့ ပြောတာကတော့ ဒီမိန်းခလေးဟာ လိမ္မာရေးခြားရှိတယ်။ နောက်ယောက်ျားတကာနဲ့ တွဲတယ်ဆိုတာလည်း အီတလီနဲ့ အင်္ဂလန်က သတင်းစာတွေက သက်သက်လုပ်ကြံရေးကြတာလို့ ဆိုတယ်။
ဒီမိန်းခလေးဟာ စာတော်တဲ့ ကက်သလစ်ကျောင်းထွက်ဆိုတာကို အမေရိကန်မီဒီယာတွေမှာ အဓိကဖော်ပြကြတယ်။ ထားပါတော့။ သူတို့ အမေရိကန် က မီဒီယာတွေမှာ ပြောသလို တရားခံ မိန်းခလေးဟာ ကိုယ်ကျင့်စာရိတ္တ ချို့  ယွင်းနေတဲ့ မိန်းခလေး မဟုတ်ဘူး ဆိုအုံးတော့ ဒီအချက်ဟာ လူသတ်မှု အတွက် အပြစ်ရှိမရှိ ဆုံးဖြတ်ရာမှာ ဘယ်လောက်အရေးပါလို့ လဲ။
ဘာလို့ လဲ ဆိုတော့ လောကကြီးမှာ လူကောင်းတွေ အပြစ်ကျူးလွန်တဲ့ သာဓကတွေ အများကြီးမှ အများကြီး။ တဒင်္ဂလောဘ၊ ဒေါသကို မထိန်းနိုင်လို့ ပြောမိ၊ ဆိုမိ၊ လုပ်မိတာတွေ အများကြီးပဲ။
ဒါ့ကြောင့် စာရိတ္တကောင်းပေမဲ့ စိတ်မထိန်းနိုင်သူတွေလည်း ရာဇ၀တ်မှု ကျူးလွန်နိုင်တာပဲ။ ဒါ့ကြောင့် အပြစ်ရှိမရှိဆိုတာ ဆုံးဖြတ်တဲ့အခါ လူတယောက်ရဲ့ ကိုယ်ကျင့်စာရိတ္တ၊ အမူအကျင့် စတာတွေကို ဘေးဖယ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကိုပဲကြည့်ပြီး ဆုံးဖြတ်ကြရတာပဲ။ ဟုတ်တယ်မဟုတ်လား။
လူတယောက် အရင်ကဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့၊ ဘယ်လောက် ကောင်းခဲ့ ကောင်းခဲ့ အပြစ်တခုကို သူကျူးလွန်မလွန်ဆိုတာ ဒီပြစ်မှုနဲ့ ဆိုင်တဲ့ အထောက်အထားကိုပဲကြည့်ပြီး ဆုံးဖြတ်နိုင်တယ်။
တခုတော့ရှိတာပေါ့လေ။ ခုလူသတ်မှုကို မျက်စိနဲ့ တပ်အပ်မြင်တယ်လို့ ထွက်ဆိုသူမရှိဘူး။ ဒါကတော့ ကာယံကံရှင် ဒါမှမဟုတ် ကာယံကံရှင်တွေပဲ သိကြမှာ။ ဒါပေမဲ့ စဉ်းစားစရာ အချက်အလက်တွေက သေဆုံးသူရဲ့ ဒီအင်အေနဲ့ တူတဲ့ ဒီအင်အေနမူနာစတွေကို တရားခံအီတလီကျောင်းသားအိမ်က ဓားမှာတွေ့ တယ်။ အဲ့ဒီဓားကို တရားခံတွေက ကလိုရင်းနဲ့ သေချာဆေးကြောထား တာ။
နောက်သေဆုံးသူ သေတဲ့အချိန်က ၀တ်ထားတဲ့ ဘရာစီယာအထဲထဲမှာတရားခံတွေရဲ့ ဒီအင်အေနဲ့တူတဲ့ ဒီအင်အေနမူနာစတွေကို တွေ့ ရတယ်။ ဒါတွေဟာ ငြင်းလို့ မရတဲ့ အချက်အလက်တွေ။ ဂျူရီလူကြီးတွေက တရားခံတွေမှာ အပြစ်ရှိမရှိ ဆုံးဖြတ်တဲ့အခါ ဒီအချက်အလက်တွေကိုကြည့်ပြီးပဲ ဆုံးဖြတ်ကြရတာ ဖြစ်တယ်။
ဆိုတော့ တရားခံ အမေရိကန် မိန်းခလေးမှာ အပြစ်မရှိဘူးလို့ အမေရိကန်မှာ ရေးသားနေကြတာတွေဟာ အချက်အလက်ပေါ်အခြေခံတဲ့ အပြောဆိုတာထက် ကိုယ့်ဆန္ဒပေါ် အခြေခံထားတဲ့ လုပ်ဆောင်ပြောဆိုမှုမျိုးသာသာပဲ ဖြစ်နေတယ်။
နောက်ပိုပြီး စိတ်မကောင်းစရာကောင်းတာက အမေရိကန်တွေဟာ (ဒီနေရာမှာအမေရိကန်တွေလို့  ပြောတာထက် အနောက်နိုင်ငံကလူတွေလို့  ပြောရင်ပိုမှန်မယ်)။ တရားမျှတမှုကို ရှာဖွေရာမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်ဘောင်ထဲကနေ ရုန်းမထွက်နိုင်တာတွေ့ ရတယ်။ သူတို့  အတွက်က ဒို့  အမေရိကန် အချင်းချင်း ညီညွတ်မှု ပြရမယ်ဆိုတဲ့ အချက်က အမှန်တရား ပေါ်ပေါက်ရေးဆိုတာထက် ပိုအရေးကြီးနေပုံရတယ်။
ခုတရားစီရင်မှုဟာ အမေရိကန် မုန်းတီးဆန့် ကျင်ရေးပေါ်အခြေခံနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့  ပြောတဲ့အပြောမှာ ဒီအချက်ကို ကျနော်သတိပြုမိတယ်။
ဒါဟာအမေရိကန်တွေတင်မကဘူး။ အင်္ဂလိပ်တွေမှာလည်း အဲ့သလို အမြင်ကျဉ်းမြောင်းမှုတွေတွေ့ဖူးတယ်။ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အမေရိကန်မှာ ကလေးထိန်းအလုပ် သွားလုပ်တဲ့ အင်္ဂလိပ်ကောင်မလေးတယောက်ဟာ သူထိန်းနေတဲ့ ခလေးသေသွားလို့ လူသတ်မှုနဲ့ တရားစွဲခံရဖူးတယ်။
အဲ့ဒီအမှုမှာ အထောက်အထား မခိုင်လုံတဲ့အတွက် ဒီကောင်မလေးလွတ်လာတယ်။ အဲ့ဒီကောင်မလေး အင်္ဂလန်ပြန်လာတော့ သူ့ ကိုသူ့ မြို့ ကလူတွေက သူရဲကောင်းလို ကြိုဆိုကြတယ်။ တော်တော့်ကိုနားလည်ရခက်တဲ့ လုပ်ရပ်လို့ ကျနော်ထင်မိတယ်။
စကားမစပ် တလောက မြန်မာနိုင်ငံက ဆေးခန်းတခုမှာ မိန်းခလေးတယောက် မသေသင့်ဘဲ သေခဲ့တဲ့ အဖြစ်အပျက်ကို အကြောင်းပြုပြီး ဘလော့တွေအပါအ၀င် မီဒီယာတွေမှာ အတော်လေးကျယ်ကျယ်လောင်လောင် ငြင်းကြခုံကြတာ သတိပြုမိလိုက်တယ်။ ကိုယ်က ဆရာဝန်မို့ ဆရာဝန်အချင်းချင်း အကာအကွယ် ပေးရမယ်ဆိုတာက အရေးကြီးသလား။ အမှန်တရား ပေါ်ပေါက်ရေးက အရေးကြီးသလား။
နောက်တခုက ခုဆေးခန်းက သေဆုံးမှုမှာ အဓိက ဆရာဝန်ဟာ အင်မတန်တော်တဲ့ ဆရာဝန် စိတ်ကောင်းရှိတဲ့ ဆရာဝန်လို့ ပြောကြတယ်။ မေးစရာက တော်တဲ့ဆရာဝန်တွေရော အမှား မလုပ်နိုင်ဘူးလား။ ဆရာဝန်မှာ၊ ဆေးခန်းမှာ တာဝန်ရှိမရှိကို အဲ့ဒိအဖြစ်အပျက်နဲ့ ဆိုင်တဲ့ ‘အချက်အလက်’ ကိုပဲ အဓိကကြည့်ပြီးမဆုံးဖြတ်သင့်ပေဘူးလား။ ကျနော့်အနေနဲ့ ဒီအဖြစ်အပျက်
မှာ ဖြစ်ကြောင်းကုန်စင်ကို မသိသေးတဲ့အတွက် ကောက်ချက်တခု မချနိုင်ပါ။ ဒါပေမဲ့ ပြောချင်တာက စောစောက ပြောခဲ့သလို ‘အချက်အလက်’ ပေါ်သာ အခြေခံပြီး မှန်မမှန်ကို ဆုံးဖြတ်သင့်တယ်ဆိုတာသာ ဖြစ်ပါတယ်။
နောက်မီဒီယာတွေလွန်မလွန်။ ကျနော်နားလည်သလောက်က ‘အချက်အလက်’ facts နဲ့  ‘ကောက်ချက်’ opinion ဒီနှစ်ခုကို ကွဲအောင်ရေးဖို့ က မီဒီယာတင်မက လူတိုင်းမှာ တာဝန်ရှိတယ်။
ဒီနှစ်ခုကို ညာတာပါတေးနဲ့  ရောထွေးမပြစ်ဘူး။ နောက် ကိုယ့်အချက်အလက်ဟာ public interest အများပြည်သူ အကျိုးစီးပွားနဲ့ ဆိုင်တယ်ဆိုရင် ဒီအချက်အလက်ကို ဖော်ပြတာဟာ မီဒီယာ ကျင့်ဝတ်နဲ့ အညီ လုပ်ဆောင်နေတယ်လို့ ယူဆတယ်။
ဝတုတ်
Discussion
4 thoughts on “အမှန်တရားထက် အရေးကြီးတာ ဘာများရှိသေးလဲ။
  1. ဟုတ်ပါတယ်။ အမှန်တရားထက် ဘာကမှ ပို အရေးမကြီးသင့်ပါဘူး။ လူဆိုတော့လဲ လူပီပီ ခံစားမှုတွေ၊ လူမျိုးရေးတွေနဲ့ စဉ်းစားတတ်ကြတာကိုးနော်။ အတ္တတွေ လုပ်ကြံမှုတွေနဲ့ ကင်းလွတ်တဲ့ အမှန်တရားကို မြင်အောင် ကြည့်တတ်ဖို့တော့ လိုမှာပဲ။ အများကြီး စဉ်းစားသွားပါတယ် ကိုဝတုတ်။
    Posted by Moe Cho Thinn | 07/12/2009, 17:46
  2. မှန်ပါတယ် ကိုဝတုတ်၊
    (အပေါ်ကလို ပြောလိုက်တာ ပြန်ဖတ်ကြည့်တော့ နဲနဲနောက်နေသလို ဖြစ်နေတယ် ဟီးဟီး)
    I am totally agree with u bro. (that will do :D)
    Posted by kozeyar | 08/12/2009, 09:54
  3. အချက်အလက်နဲ့ကောက်ချက် ဒီနှစ်ခုကို ကွဲအောင်ရေးဖို့… ဆိုတာ အရမ်း မှန်တယ်။ သတိ မထားမိရင် ကိုယ်ရေးတဲ့ စာတွေမှာ ကိုယ့် အထင်အမြင်တွေက အားလုံးကို ကိုယ်စားပြုနေသလို ပါသွားတာပဲ။ မီဒီယာတွေကတော့ သုံးတတ်ရင် ဆေး…
    Posted by မီယာ | 08/12/2009, 22:31
  4. အမှန်တရားက အရေးအကြီးဆုံးပါပဲ။
    အမေရိကန်တွေက သူများတွေကိုသာ အမျိုးသားဝါဒီလို့ ပြောနေတာ သူတို့ကိုယ်တိုင်ကလည်း လူမျိုးထိ မခံ ဆိုတာမျိုးလေ …
    ဆရာဝန်လောကကလည်း အချင်းချင်း ကာကွယ်ရေး ရှိနေမှာပဲ …
    အမှန်တရားမှာ ပျောက်ကွယ်နေတာတွေ အများကြီးပဲ …
    1950 ခုနှစ်လောက်ကထင်တယ် ဂျပန်ရုပ်ရှင် …
    Posted by may oo | 09/12/2009, 07:08
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: