//
archives

Archive for

Moving to Mars

ဒီနေ့ Moving to Mars ဆိုတဲ့ရုပ်ရှင်သွားကြည့်ပါတယ်။ နောက်တစ်ပတ် Burma series နဲ့တွဲပြီး တီဗီမှာ ပြမယ်လို့ ကြေငြာထားပေမယ့် သူငယ်ချင်းနဲ့ချိန်းထားပြီးသား ဖြစ်နေလို့သွားကြည့်ကြတယ်။ ကိုးပေါင်ပေးရပေမယ့် ကြည့်ရတာ တန်ပါတယ်။ ဇာတ်လမ်းက မယ်လကနေ အင်္ဂလန်ရှပ်ဖ်ဖီးကို ပြောင်းလာတဲ့ ကရင်မိသားစုနှစ်စုအကြောင်းပါ။  ဒီကားလေးကို Burma VJ ထက်ပိုကြိုက်ပါတယ်။ ဒါရိုက်တာနဲ့ ဖန်တီးသူတွေရဲ့ အတွေးအခေါ် အယူအဆ အမြင်စတဲ့ intervention တွေ မပါဘဲ ပြောင်းလဲသွားတဲ့ မိသားစုနှစ်စုအကြောင်းကို မိသားစုဝင်တွေနဲ့ပဲ ပုံဖော်သွားတာ ရိုးရိုးလေးနဲ့ ထိမိပါတယ်။ sex up လုပ်ထားတာ၊ dramatise လုပ်ထားတာတွေမပါဘဲ ကွက်တိလေးတွေ ရိုက်သွားပြီး ဒုက္ခသည်တွေရဲ့ ဘ၀ကိုပြသွားတာပါ။ အင်္ဂလန်က လူတွေ နောက်တပတ် E4မှာ ကြည့်ကြပါ။ တခြားနိုင်ငံကလူတွေလဲ … Continue reading

အဖြူနဲ့အမည်း

အဖြူနဲ့အမည်း ရတောင့်ရခဲ ကွန်မန့်တွေအတွက် မန့်သွားတဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နည်းနည်းလောက်တော့ ပြောပါရစေ။ Mr. K က ဘာပြောချင်မှန်း မသိပါ။ gray area ကို ရှာကြပါလားတဲ့။ situation ကို သေချာလေ့လာပါတဲ့။ တချို့တချို့သောပညာရှင်များရဲ့ လေသံထွက်နေပါတယ်။ gray area ဆိုတာဘာကိုညွှန်းတာပါလဲ။ အနက်တွေများနေတဲ့အခါ အဖြူကအနက် အနေမခက်အောင် နည်းနည်းညစ်ထပ်ထပ်နေပြရမလား။ အမှန်နဲ့အမှားသေချာနေတဲ့အခါ အမှားနေရသက်သာအောင် အမှန်တရားက နည်းနည်းမှားပေးရမလား။ အဖြေရဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် အမှန်တရားက နှုတ်တချက်ဆိတ်ပေးပါ၊ အမှားကိုလျှော့ပေးလိုက်ပါဆိုရင် လက်ခံဖို့ဖြစ်နိုင်ချေရှိသေးရဲ့။ (ဥပမာ-ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အမှုကို ရေဆုံးရေဖျားမလိုက်ဘဲ လွတ်လပ်ရေးရဖို့ ပြင်ဆင်မှုတွေကို အလေးပေးခဲ့တာ) ဒါပေမယ့် အမှားကနည်းနည်းမှန်ပြီး အမှန်ကနည်းနည်းမှားနေတယ်ဆိုတာ လက်ခံလိုက်ပါလို့ဆိုလာရင် ဖြစ်သင့်ပါရဲ့လား။ သူကတိတိကျကျ ဘာဆိုလိုမှန်းမသိလို့ ဒီလိုပဲအနက်ကောက်လိုက်ပါတယ်။ လွဲနေရင်လဲ … Continue reading

Saturday musings

စနေနေ့အတွေး ခုနစ်နှစ်သားလေး အလုပ်လုပ်နေတာ၊ ဆရာမလစာ ၃၀၀၀၀ မပေးနိုင်လို့ ဆရာမဲ့နေတဲ့ကျောင်း၊ ကြွက်စားလို့ လယ်၈ဧကလုံးကုန်သွားတဲ့ လယ်သမား၊ လယ်တွေပျက်လို့ ဆားကျင်းမှာကျပန်းလိုက်လုပ်နေရတဲ့ သမီးလေးတွေကိုလွမ်းနေတဲ့အဖေ၊ ကျောင်းအမိုးမလုံလို့ အလှုလိုက်ခံနေရတဲ့ ဘုန်းကြီး၊ အောင်ချက်ကောင်းဖို့ စာမေးပွဲမအောင်နိုင်တဲ့ ကလေးတွေကို ကျောင်းကထွက်ခိုင်းတဲ့ ကျောင်းအုပ်ကြီး၊ နောက်တခေါက်မုန်တိုင်းလာရင် ဝါးပင်ပေါ်တက်ပြေးမယ်လို့ ပြောတဲ့ ဆိုင်ကလုံးအဆောက်အအုံအကြီးကြီး ရှိနေပြီဖြစ်တဲ့ရွာက အဘ၊ အမမေးခွန်းတွေ သိပ်များတယ်။ ကျွန်တော်တို့က ခိုင်းတာလုပ်နေရတာပါလို့ ပြောတဲ့ တာဝန်ကျဝန်ထမ်း၊ အမလိုချင်တာတွေ ကျွန်တော်တို့ကူညီပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်လဲ ကြည့်လုပ်ပေးပါအုံး ဆိုတဲ့အရာရှိ၊ constructive engagement အတွက် strategic partner ရှာနေပါတယ်လို့ ပြောတဲ့ ပြည်ပအခြေစိုက်အဖွဲ့ကြီးရဲ့ မန်နေဂျာ၊ ယူအန်မှာ လုပ်ရဖို့၊ ပြီးတော့ အန်အို၊ ပြီးတော့ နိုင်ငံခြားမှာ သွားလုပ်၊ … Continue reading

snapshots-2

ဒီတခေါက် ခရီးမှာ အမှတ်ထင်ထင်ဖြစ်ခဲ့တာက ရိုင်းနေတဲ့ကလေးတွေနဲ့ ကလေးဘဝ ဆုံးရှုံးနေတဲ့ ကလေးတွေကိုပါ။ အင်တာနက်ဆိုင်တွေသွားတိုင်း အော်ဟစ်ဆဲဆိုနေတဲ့ ကလေးတွေကို တွေ့ရတယ်။ အုပ်စုလိုက် ကစားနေရင်း ဂိမ်းကိုဆဲလိုက် အချင်းချင်းဆဲလိုက်နဲ့ ဘေးကလူတွေကို ရှိတယ်လို့တောင်မထင်ကြဘူး။ နောက်ပြီးအရွယ်နဲ့မမျှ online ပေါ်မှာ သူတို့အခေါ်qနေကြတာ တွေ့ရတယ်။ ကိုယ့်ဘေးမှာ ကလေးတယောက်ချက်နေလို့ ကြည့်လိုက်ရင် သူချက်နေတဲ့လူတွေက saxygirl တဲ့ chitmama တဲ့။ ဆရာကြီးသန်းထွန်းပြောသလို မျိုးဆက်သစ်ရယ် ငါရင်လေးတယ်လို့ ပြောရမလို။ ဒါကမြို့က ကလေးတွေပါ။ လူကြီးလုပ်ချင်နေကြတဲ့ကလေးတွေ။ မြို့ပြင်နဲ့တောက ကလေးတွေကြတော့ အခြေအနေအရ ကလေးလို မနေနိုင်ဘူး။ ကျောက်တန်းမှာ လပွတ္တာမှာ ကလေးတွေ ပင်ပန်းလိုက်ကြတာ။ ဒီကလေးတွေက ဆန်စက်ထဲမှာ ဖွဲသယ်ရတယ်။ တယောက်က အဖေသေသွားပြီ။ အရက်သောက်လို့တဲ့။ နောက်တယောက်ရဲ့ အဖေကတော့ အရက်သမားတဲ့။ … Continue reading

snapshots-1

ဗမာပြည်က ပြန်ရောက်ရောက်ချင်း ဘလော့ရေးဖို့ ကြိုးစားကြည့်တယ်။ ကီသွင်းလို့ မရဘူးဖြစ်နေတယ်။ ဒီနေ့တော့ ခရီးမှာအမှတ်ထင်ကျန်ရစ်ခဲ့တာလေးတွေ ပြန်ရေးပြချင်ပါတယ်။

Blog Stats

  • 89,890 hits