//
you're reading...
Rangoon

snapshots-1

ဗမာပြည်က ပြန်ရောက်ရောက်ချင်း ဘလော့ရေးဖို့ ကြိုးစားကြည့်တယ်။ ကီသွင်းလို့ မရဘူးဖြစ်နေတယ်။ ဒီနေ့တော့ ခရီးမှာအမှတ်ထင်ကျန်ရစ်ခဲ့တာလေးတွေ ပြန်ရေးပြချင်ပါတယ်။

ပထမတခုက အိမ်နားက ဟိန္ဒူဘုရားကျောင်းက ထမင်းရည်ချောင်းစီး အလှူပေးတဲ့ ပွဲပါ။ လူသုံးထောင်လောက်ကို ထမင်းနဲ့ပဲဟင်း၊ ဂေါ်ဖီကြော်တို့နဲ့ အဝကျွေးပါတယ်။ ဖျော်ရည်လဲ တိုက်ပါသေးတယ်။ ယောက်ျားတွေအတွက် ရုံသပ်သပ်၊ မိန်းမတွေ အတွက် ရုံသပ်သပ်ကျွေးတာပါ။ အနားကကွမ်းယာဆိုင်လေးတွေက ပဲဟင်းထည့်ယူသွားလို့ရအောင် ကျွတ်ကျွတ်အိတ်အမဲတွေ ရောင်းနေတာလဲ တွေ့ရတယ်။

ယောက်ျားကြီးတွေ ဟင်းတွေထမင်းတွေ ချွေးတလုံးလုံးနဲ့ချက်ကြတာ အားရစရာကြီးပါ။စိတ်ဝင်စားစရာကောင်းတာက ဝိုင်းချက်တဲ့အထဲမှာ မိန်းမတယောက်မှ မတွေ့ဘူး။ စားပွဲထိုးတဲ့နေရာမှာတော့ မိန်းမတွေ တွေ့ပါတယ်။



ဝဥတွေကို ဒီလိုအားရပါးရလှီးကြတယ်။ ပဲဟင်းထဲမှာ တွေ့လိုက်ရတယ်။

ဒီလောက်များတဲ့ဂေါ်ဖီတွေ ကုန်မှကုန်ပါ့မလားလို့ ထင်မိတာ တယောက်စီကို နည်းနည်းပဲရကြတာတွေ့တယ်။



ခရမ်းသီးကလဲနိုင်းချင်း။

ဒီကလေးတွေက သာကေတကနေ ဗန္ဓုလတံတားကိုဖြတ်ပြီး လာကြတာတဲ့။ ဖျော်ရည်ဘူးလေးတွေ အိမ်သားတွေဖို့ ပြန်သယ်သွားကြတယ်။



တံဆိပ်ကနိမိတ်ပြတယ်ထင်ပါရဲ့။


Discussion

3 thoughts on “snapshots-1

  1. ပြန်ရောက်ပြီလား… အလှူအတွက် ချက်ပြုတ်နေကြတာ အားရစရာကြီး… နောက်ထပ် ရေးမှာတွေ မျှော်ဦးမယ်

    Posted by မီယာ | 17/01/2010, 17:50
  2. စာလွမ်းတယ်။

    Posted by ကြာပီ | 19/01/2010, 00:55
  3. လူ ၃၀၀၀ လောက်ကို လှူတဲ့ အလှူ တဲ့။ သာဓု ၃ကြိမ် ခေါ်မိပါတယ်။
    စာတန်းကြီးကတော့ ပျံလန်နေတာပဲနော်.. မိုးပေါ်ကကို မဆင်းဘူး။ ;D

    Posted by Moe Cho Thinn | 21/01/2010, 00:25

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: