//
you're reading...
Burma

snapshots-2

ဒီတခေါက် ခရီးမှာ အမှတ်ထင်ထင်ဖြစ်ခဲ့တာက ရိုင်းနေတဲ့ကလေးတွေနဲ့ ကလေးဘဝ ဆုံးရှုံးနေတဲ့ ကလေးတွေကိုပါ။ အင်တာနက်ဆိုင်တွေသွားတိုင်း အော်ဟစ်ဆဲဆိုနေတဲ့ ကလေးတွေကို တွေ့ရတယ်။ အုပ်စုလိုက် ကစားနေရင်း ဂိမ်းကိုဆဲလိုက် အချင်းချင်းဆဲလိုက်နဲ့ ဘေးကလူတွေကို ရှိတယ်လို့တောင်မထင်ကြဘူး။

နောက်ပြီးအရွယ်နဲ့မမျှ online ပေါ်မှာ သူတို့အခေါ်qနေကြတာ တွေ့ရတယ်။ ကိုယ့်ဘေးမှာ ကလေးတယောက်ချက်နေလို့ ကြည့်လိုက်ရင် သူချက်နေတဲ့လူတွေက saxygirl တဲ့ chitmama တဲ့။ ဆရာကြီးသန်းထွန်းပြောသလို မျိုးဆက်သစ်ရယ် ငါရင်လေးတယ်လို့ ပြောရမလို။ ဒါကမြို့က ကလေးတွေပါ။ လူကြီးလုပ်ချင်နေကြတဲ့ကလေးတွေ။


မြို့ပြင်နဲ့တောက ကလေးတွေကြတော့ အခြေအနေအရ ကလေးလို မနေနိုင်ဘူး။ ကျောက်တန်းမှာ လပွတ္တာမှာ ကလေးတွေ ပင်ပန်းလိုက်ကြတာ။


ဒီကလေးတွေက ဆန်စက်ထဲမှာ ဖွဲသယ်ရတယ်။ တယောက်က အဖေသေသွားပြီ။ အရက်သောက်လို့တဲ့။ နောက်တယောက်ရဲ့ အဖေကတော့ အရက်သမားတဲ့။ အမေ့ကို သနားလို့တဲ့ ဖွဲလာသယ်တယ်။ ကျောင်းတက်လားဆိုတော့ မတက်နိုင်ပါဘူးတဲ့။ ဆန်စက်က အမကြီးက ကျောင်းထားပေးမယ်ပြောပါတယ်။ သားက အမေ့ကိုမကြည့်ရက်လို့ ဖွဲပဲထမ်းမယ်တဲ့။


သားကြီးလာရင် ဘာလုပ်မလဲလို့ ခပ်တုံးတုံးမေးခွန်းကို ကိုယ်ကမေးမိတော့ ကလေးက အနားမှာစပါးလာချတဲ့ သမ္ဗာန်ကိုလက်ညှိုးထိုးပြပြီး လှေနဲ့လိုက်ချင်တယ်တဲ့။ လှေထိုးသားဖြစ်ဖို့လောက်ပဲ ရည်မှန်းချက်ထားရှာတဲ့ ကလေးတွေကို ဘာပြန်ပြောရမှန်းမသိဘူး။


ဒီကလေးမကလေးက ပြင်စလူကပါ။ သူကကျောင်းနေနိုင်တယ်။ အမေ့ကို ကျောင်းအားချိန်မှာ ဈေးဝိုင်းရောင်းပေးတာပါ။ လိမ္မာလိုက်တဲ့ကလေး။ မျက်နှာလေးကလဲ ချိုတယ်။ သူ့ဆိုင်က တောကြက်ဥလေးတွေ တလုံးတရာနဲ့ ဝယ်ခဲ့သေးတယ်။

ဒါကတော့ ၁၅နှစ်လောက်ရှိတဲ့ကလေးမလေး ရောင်းတဲ့ထန်းမြစ်။ တခု၁၀၀တဲ့။ ၂၀၀တန်ပေးတာ့ ထန်းမြစ်၃ခုပေးတယ်။ ၂ခုပဲပေးပါဆိုတော့ ယူသွားပါတဲ့။ ခါးသက်သက်ထန်းမြစ်လေးက သူတို့ဘဝလေးတွေနဲ့တောင် တူမိသေးတော့။

Discussion

3 thoughts on “snapshots-2

  1. အဲဒီကွာဟချက်တွေကို ဘယ်လိုညှိမလဲ …
    အဲဒီလိုအပ်ချက်တွေကို ဘယ်လိုဖြည့်မလဲ …
    ကျမ အမြဲတွေးနေမိတဲ့ မေးခွန်းပါပဲ။
    အရွယ်နဲ့မမျှ ဖွဲအိတ်ထမ်းနေတဲ့ ကလေးကို မြင်ရတာ စိတ်မကောင်းစရာပဲနော်။
    ဒါပေမဲ့လဲ တောင်းရမ်းစားသောက်နေတာနဲ့ စာရင်တော့ အလုပ်လုပ်တာက တော်သေးသလား စဉ်းစားမိပါတယ်။
    ဘုန်းကြီးကျောင်းမှာ အခမဲ့စာသင်ပေးတာတောင်မှ ကျောင်းတက်မယ့်အချိန်မှာ အလုပ်လုပ်နေရင် ပိုက်ဆံရတာမို့ အလုပ်ပဲလုပ်မယ်ဆိုတဲ့ ကလေးတွေလဲ အများကြီးပါပဲ။
    လမ်းပေါ်ကနေ စာသင်ခန်းထဲရောက်အောင် လုပ်ဖို့ မလွယ်ဘူးလို့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဖွင့်ထားတဲ့ ဆရာတော်တပါး အမိန့်ရှိဖူးတယ်။
    အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက် လက်ဘက်ရည်ဆိုင်တွေမှာ စပါးတွဲလိုက်ရောင်းနေတာ ကျမကိုယ်တိုင် တွေ့ကြုံခဲ့ရဖူးတယ်။ ကျမဘလော့မှာလဲ ရေးခဲ့ဖူးပါတယ်။ ကြုံရင် ဖတ်ကြည့်စေချင်ပါတယ်။
    http://maydar-wii.blogspot.com/2006/12/blog-post_18.html

    Posted by မေဓာဝီ | 20/01/2010, 21:08
  2. ဒါမျိုးလေးတွေကြောင့် ဒီကို လာဖတ်နေမိတာ..။
    ဟုတ်တယ်နော်၊ ကလေး ၂မျိုး စလုံးရဲ့ အနာဂတ်က ရင်လေးစရာပါပဲ။ သူတို့လေးတွေကို သညာ မဟုတ်တဲ့ ပညာကို အသေအချာ နားလည် သင်ယူခွင့်ရတဲ့ အခွင့်အရေးမျိုး ရစေချင်မိတာပါပဲ။

    အော်..ကိုယ်ချစ်တဲ့ ကြက်ဥလေးတွေတောင် တလုံး ၁၀၀ ဖြစ်သွားပြီကိုးလေ..

    Posted by Moe Cho Thinn | 21/01/2010, 00:33
  3. မြို့က ကလေးတွေ ရိုင်းနေကြတာကိုတော့ အထူးတလည် မခံစားနေချင်တော့ပါဘူး။ သူတို့ရဲ့ မိဘတွေရဲ့ ထိန်းကျောင်း ပဲ့ပြင်မှုအပေါ်မှာပဲ မူတည်မှာပါ။ ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်ကြရမှာ မဟုတ်လား…။

    ဒါပေမယ့် ကလေးဘဝ ဆုံးရှုံးနေတဲ့ ကလေးတွေအတွက်တော့ စိတ်မကောင်းဘူး။ သူတို့အတွက် ကိုယ် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ခဏခဏ စဉ်းစားမိတယ်။ နာဂစ်တုန်းက မိဘမဲ့သွားတဲ့ ကလေးတွေထဲက ၃ ယောက်ကို မွေးစားပြီး ပညာရေး ထောက်ပံ့ပေးနေနဲ့တင် စိတ်ထဲ တာဝန်ကျေသလိုလို ခံစား ကျေနပ်နေတဲ့ ကိုယ့်ရဲ့ စိတ်အပေါ် မလုံမလဲ ဖြစ်နေမိတာ ခဏခဏ…။ အခုလိုတွေ့ရတော့ ပိုဆိုးသွားတယ်…။ တွေးစရာတွေ အများကြီး ဖြစ်လာတာတော့ အမှန်ပဲ…။

    ဘလော့ဂ်က စာလုံးလေးတွေ ကြီးလာတာ သဘောတွေ့သွားတယ်။ ကိုယ်က အသက်ကြီးတော့ မျက်စေ့မကောင်း… ဒီတော့ စာလုံးသေးသေးလေးတွေကို မနဲ ဖတ်ရတာလေ… ခုတော့ အိုကေ သွားပြီ…း))

    Posted by သက်ဝေ | 21/01/2010, 02:11

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: