//
you're reading...
Burma

Saturday musings

စနေနေ့အတွေး

ခုနစ်နှစ်သားလေး အလုပ်လုပ်နေတာ၊

ဆရာမလစာ ၃၀၀၀၀ မပေးနိုင်လို့ ဆရာမဲ့နေတဲ့ကျောင်း၊

ကြွက်စားလို့ လယ်၈ဧကလုံးကုန်သွားတဲ့ လယ်သမား၊

လယ်တွေပျက်လို့ ဆားကျင်းမှာကျပန်းလိုက်လုပ်နေရတဲ့ သမီးလေးတွေကိုလွမ်းနေတဲ့အဖေ၊

ကျောင်းအမိုးမလုံလို့ အလှုလိုက်ခံနေရတဲ့ ဘုန်းကြီး၊

အောင်ချက်ကောင်းဖို့ စာမေးပွဲမအောင်နိုင်တဲ့ ကလေးတွေကို ကျောင်းကထွက်ခိုင်းတဲ့ ကျောင်းအုပ်ကြီး၊

နောက်တခေါက်မုန်တိုင်းလာရင် ဝါးပင်ပေါ်တက်ပြေးမယ်လို့ ပြောတဲ့ ဆိုင်ကလုံးအဆောက်အအုံအကြီးကြီး ရှိနေပြီဖြစ်တဲ့ရွာက အဘ၊

အမမေးခွန်းတွေ သိပ်များတယ်။ ကျွန်တော်တို့က ခိုင်းတာလုပ်နေရတာပါလို့ ပြောတဲ့ တာဝန်ကျဝန်ထမ်း၊

အမလိုချင်တာတွေ ကျွန်တော်တို့ကူညီပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်လဲ ကြည့်လုပ်ပေးပါအုံး ဆိုတဲ့အရာရှိ၊

constructive engagement အတွက် strategic partner ရှာနေပါတယ်လို့ ပြောတဲ့ ပြည်ပအခြေစိုက်အဖွဲ့ကြီးရဲ့ မန်နေဂျာ၊

ယူအန်မှာ လုပ်ရဖို့၊ ပြီးတော့ အန်အို၊ ပြီးတော့ နိုင်ငံခြားမှာ သွားလုပ်၊ ပြီးတော့ နိုင်ငံခြားဝန်ထမ်းလစာနဲ့ ဗမာပြည်ပြန်လာလုပ်ရဖို့ ရည်မှန်းချက်ထားကြတဲ့ ရန်ကုန်ပညာတတ်အသိုင်းအဝိုင်း၊

အလုပ်တနေရာအတွက် လျှောက်လွှာထောင်ကျော်ရတယ်လို့ ညည်းတဲ့ အဖွဲ့အစည်းကြီးတခုရဲ့ အိပ်ဂ်ျအာက ဝန်ထမ်း၊

ဒါတွေကို ရိုးနေပြီလို့ ပြောချင်ရင်ပြောကြပါ။ ဒါပေမယ့် ရိုးနေတာနဲ့ လက်ခံနိုင်စရာ၊ သမားရိုးကျ ဖြစ်သင့်တဲ့အရာနဲ့ မတူပါ။

ဒါတွေကိုလဲ ရိုးသွားအောင်၊ လူ့အဖွဲ့အစည်းရဲ့ norm ဖြစ်သွားအောင် လုပ်ကြတော့မှာလား။

ခုနစ်နှစ်သားလေးတွေ၊ စာမလိုက်နိုင်တဲ့ ကျောင်းသားလေးတွေ၊ လယ်သမားတွေ၊ ပညာတတ်တွေ အခုရိုးနေပြီလို့ ပြောကြတာတွေထက် ပိုထိုက်တန်တဲ့ဟာတွေ ရသင့်နေပါပြီ။

ဒါတွေအတွက် ဘယ်သူတွေ လုပ်ပေးကြမလဲ။ ဘယ်သူတွေ လုပ်ကြမလဲ။ ဘာတွေလုပ်ကြမလဲ။

 

Discussion

3 thoughts on “Saturday musings

  1. အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ငိုချင်လာပြီ။

    Posted by မိုးချိုသင်း | 24/01/2010, 00:44
  2. အဖြူအမဲ ဆိုတာကို သေချာခွဲခြားနေမဲ့ အစား gray area ကိုရှာကြပါလားလို့  … ဒါဖြစ်စဉ်တခုလို့ ထင်ပါတယ် … situation ကိုသေချာလေ့လာပါလို့  …….

    Posted by mr.K | 24/01/2010, 14:30
  3. ကျနော်ကတော့ အဲဒီလုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို မှန်ထဲမှာပဲ ရှာမိတော့တယ်။

    အဲဒီလူကောင်းမှ တစ်ဆင့်ထပ်တက်တော့မယ်ဗျာ။

    Posted by မန်းကိုကို | 27/05/2010, 14:06

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: