//
archives

Archive for

ဟိုရောက်ဒီရောက်နဲ့ ဒီတပတ်

ဒီတပတ်ထဲမှာ…. ဓာတ်ပုံပြသနာတွေ ကြားနေရတယ်။ ဆရာတယောက်က သူ့ဗြိတိသျှပတ်စပို့ လျှောက်တာ ဓာတ်ပုံ၃ခါတိတိပို့လိုက်ရတယ်တဲ့။ ပထမတခေါက်က အရင်ပတ်စပို့ထဲက ဓာတ်ပုံဖြစ်နေလို့ လွန်ခဲ့တဲ့တလအတွင်း ရိုက်ထားတဲ့ ဓာတ်ပုံအသစ်ပို့ပေးပါတဲ့။ ခါတိုင်းဆို၆လအတွင်းဓာတ်ပုံတွေပဲ တောင်းတတ်သလားလို့။ အိုနှုန်းမြန်လာလို့လား။ လူတွေစိတ်ပြောင်းစိတ်လဲမြန်ပြီး ဆံပင်ပုံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ နှာခေါင်းကိုကောက်လိုက် ဖြောင့်လိုက်၊ မျက်လုံးဘေးကအရစ်တွေပေါ်လာလိုက် ပြေသွားအောင် လုပ်နေကြလို့လား စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒုတိယတခေါက်ကျတော့ ပြုံးတာသွားပေါ်သွားလို့တဲ့။ နောက်ဆရာကျတော့ သူ့ဗီဇာသက်တမ်းတိုးဖို့ဟာ ပို့လိုက်တဲ့ဓာတ်ပုံက မီလီမီတာနည်းနည်း သေးနေလို့တဲ့။ သူ့ကျတော့ ဓာတ်ပုံထပ်မတောင်းဘဲ ဗီဇာကို တခါတည်း reject လုပ်လိုက်တယ်။ သူ့ခမျာရှေ့နေငှားရ၊ appeal တင်ရနဲ့ စိတ်မောလူမော ဖြစ်သွားတယ်။ ဗီဇာတွေလဲ ကျပ်လာလိုက်တာ ကြားရတဲ့သတင်းတွေက မကောင်းလှဘူး။ ဒီနိုင်ငံမှာက အစိုးရဌာနအသုံးစရိတ်တွေ အကြီးအကျယ်လျှော့တော့မယ်ဆိုတဲ့ သတင်းနဲ့အတူ ယာယီနိုင်ငံခြားသားအလုပ်သမား၊ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ … Continue reading

Role model ဆိုတာ ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့တော့မလား။

ဒီနေ့အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင် ကပ္ပတိန် ဂျွန်တယ်ရီကို ကပ္ပတိန်ရာထူးက ဖြုတ်လိုက်ပါပြီ။ မိန်းမရှိရက်နဲ့ အရင်ကတသင်းထဲသား ဝိန်းဘရစ်ရဲ့ ရည်းစားဟောင်းနဲ့ ဖောက်ပြန်မှုနဲ့ပါ။ အဲဒါနဲ့ပတ်သက်ပြီး သတင်းတွေထဲမှာ ဘောလုံးသမားတွေကို စံပြလူသားတွေအဖြစ် မြင်သင့်မမြင်သင့် ငြင်းခုံနေကြပါတယ်။ ကပ္ပတိန်ရာထူးကအချခံလိုက်ရတယ်ဆိုတော့ အနည်းဆုံးမန်နေဂျာက စံပြအဖြစ်နေသင့်တယ်လို့ ယူဆပါတယ်။

Blog Stats

  • 90,202 hits