//
archives

Archive for

JBRS

ကျုပ်ကိုကိုင်တဲ့လူတိုင်း နှာခေါင်းရှုံ့ကြတယ်။ ပိုးသတ်ဆေးနံ့လိုလိုဘာလိုလို ဓာတုဆေးနံ့တခုရတယ်တဲ့။ ကျုပ်ကို နှာခေါင်းနဲ့ခပ်ဝေးဝေးမှာကိုင်ပြီးဖတ်ကြတယ်။ စာဖတ်တဲ့လူတွေက ခပ်ကြီးကျယ်ကျယ်ရယ်။ အေးလေ ကြီးကျယ်နိုင်မပေါ့။ သားရေအုပ်ထားတဲ့ စားပွဲနဲ့ သားရေကုလားထိုင်နဲ့။ ကိုယ်ပိုင်မီးအိမ်နဲ့။ အပူလွှတ်ထားတဲ့ စာကြည့်တိုက်မှာ စတိုင်ကျကျထိုင်ဖတ်နိုင်တဲ့လူတွေကိုး။

ဟိုရောက်ဒီရောက်နဲ့ ဒီတပတ်

ဒီရက်ထဲ စိတ်တွေလေးနေ၊ လေနေတယ်။ နေ့လယ်ဘက် အလုပ်တွေလုပ်၊ ညဘက်ကျ တင့်ကားနှစ်စီးနဲ့ရန်သူတွေကို ပစ်ကြတာ ကွန်ပျူတာခလုတ်တွေတောင် နည်းနည်းကြောင်ကုန်ပြီ။ ၃၅ကစပြီးကစားတာ ၅၆ပဲရောက်သေးလို့ တိုက်ပွဲကာလကတော့ ရှည်အုံးမယ်။ တခါတခါကျတော့ ၅မိုင်၆မိုင်လောက် လမ်းလျှောက်ဖြစ်ကြတယ်။ ဗမာပြည်ကအကြောင်းတွေကြားတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဦးဘဖေတို့ကိုပြောတဲ့ တောင်ကျရေ နွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့် ဆိုတာတွေ၊ တခါ နွံနစ်ရှာတာတောင် ကျွန်ခေတ်ငါတကောင်ဟဲ့ ဆိုတာတွေ၊ မင်းတို့ကျွန်ခေတ်မှာ လူရာမဝင်ချင်စမ်းပါနဲ့လို့ အမတ်လုပ်ဖို့လာဆွယ်တဲ့လူတွေကို ပြောတာတွေ ခေါင်းထဲဝင်လာတယ်။ အဘက်ဘက်က ဆုတ်ယုတ်နေတဲ့အထဲမှာ ငါကွ လုပ်ချင်တဲ့လူတွေကို ပြောတာ။ ကျောင်းရောက်တုန်း စာအုပ်စင်က အဲဒီစာအုပ်ပြန်ထုတ်ကြည့်အုံးမယ်လို့ တေးထားတာ မေ့သွားပြန်တယ်။ ပါတီမရှိပေမယ့် နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးသမားတွေ စောင့်သိရမယ့် ကျင့်ဝတ်သုံးခုတဲ့–ကိုယ့်ယုံကြည်ချက်ပေါ် သစ္စာရှိရမယ်။ လုပ်ဖော်ကိုင်ဘက်အချင်းချင်း သစ္စာရှိရမယ်။ ရန်သူအပေါ် သဘောထားကြီးရမယ်တဲ့။ ပြောတဲ့လူတွေက … Continue reading

လာချင်ရင် အနီးလေးလို့ မဆိုချင်ပါ။

အင်္ဂလန်ကို လာချင်လို့တဲ့ တယောက်က မေးလာပါတယ်။ သူက ACCA ဒါမှမဟုတ် finance နဲ့ ကျောင်းအပ်မယ်တဲ့။ ကိုယ်က စိတ်ပူလို့ သေသေချာချာစုံစမ်းပြီးပြီလား။ တနှစ်ကို ဘယ်လောက်သုံးမလဲ။ ဘယ်နှစ်နှစ်နေမလဲ။ ကျောင်းပြီးရင် ဘာလုပ်မလဲစသဖြင့် မေးကြည့်ပါတယ်။ လွန်ခဲ့တဲ့၎နှစ်လောက်က ဒီကိုလာရတာ အင်မတန်လွယ်ပါတယ်။ သိသလောက် ကျောင်းသားတော်တော်များများက တက္ကသိုလ်တွေလှမ်းလျှောက်၊ ဒါမှမဟုတ် ACCA တို့ ကွန်ပျူတာတို့လျှောက်ပြီး ဝင်ခွင့်ရထားတဲ့ စာရွက်လေးတွေနဲ့ တချို့လဲစပွန်စာ letter၊ တချို့လဲ ဘဏ်ထဲက ပိုက်ဆံပြပြီး ဗီဇာကို အခက်အခဲသိပ်မရှိဘဲ လျှောက်နိုင်ခဲ့ကြတယ်။

Blog Stats

  • 90,038 hits