//
archives

Archive for

သမိုင်းအတွေး

မွန်တေဂူချမ်းစဖို့အစီရင်ခံစာလို့ ဗမာတွေအသိများတဲ့ Government of India Act 1919 ကို မကျေနပ်လို့ ဗမာအဖွဲ့တွေက မွန်တေဂူကို ကာလကတ္တားမှာ သွားတွေ့ကြတယ်။ သူတို့ကို ‘nice, simple-minded people with beautiful clothes’ လို့မွန်တေဂူက သူ့ဒိုင်ယာရီထဲမှာ ထည့်ရေးခဲ့တယ်။  

စက်မရပ်သတင်း

-ကိုရီးယားမှာ ဂေါ်ဖီထုပ်တွေ ဈေးကြီးလို့ ကင်ချိ ဈေးတက်တော့မယ်။ ဂေါ်ဖီတထုပ်ကို ၅ဒေါ်လာနီးပါး ပေးနေရပြီတဲ့။ ဆောင်းကလဲ သိပ်အေးတယ်။ နွေဦးကလဲ အေးတော့ ဂေါ်ဖီထွက်ဖို့ သိပ်မရှိဘူးတဲ့။ ဗမာပြည်က ဂေါ်ဖီတွေ သွားရောင်းမလား စဉ်းစားတော့ တရုတ်က ဦးသွားပြီတဲ့။ တနှစ်ကို တန်၂သောင်းနီးပါး ရောင်းနေကျတဲ့။ -စပိန်မှာသောင်တင်နေတဲ့ ဗြိတိန်စစ်သားတွေနဲ့ ခရီးသည်တွေကို သွားတင်ခဲ့တဲ့ စစ်သင်္ဘောကြီး အင်္ဂလန်ပို့စမောက်ကို ဆိုက်ပါပြီ။ အစိုးရကို ရွေးကောက်ပွဲမဲဆွယ်တဲ့ စတန့်ထွင်လို့ အမတ်အချို့က ဝေဖန်နေကြတယ်။ စီးပွားရေးမျက်စိနဲ့ကြည့်ရင်လဲ နဲနဲမှ မကိုက်။ ရေပေါ်မှာ တနာရီသွားတိုင်း ပေါင်သုံးထောင့်ငါးရာလောက် ကုန်ပြီး လေယာဉ်ဆင်းဖို့ဆောက်ထားတဲ့ သင်္ဘောပေါ်မှာ တထောင်တောင် မရှိတဲ့လူတွေ ပြန်သယ်လာတာ မတန်ပေါင်။ ခရီးသည်တွေကတော့ ပျော်လို့။ ကြုံတောင့်ကြုံခဲ စစ်သင်္ဘောစီးရတာတဲ့လေ။ -လစ်နေတဲ့ တရားသူကြီးချုပ်နေရာမှာ အမျိုးသမီးအခွင့်အရေးတွေအတွက် … Continue reading

ပုံတောင်တောင်ကြားသို့တခေါက်

အလည်သွားကြ၊ ထပ်ညွှန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ “…ဒါနဲ့ ကျွန်တော်တို့ လူငယ်ခြေကျ တသိုက်လည်း တို့မြန်မာတွေ သူများတွေလို နည်းပညာအသစ်တွေ၊ နယ်ပယ်သစ်တွေ မထွင်နိုင်ရင်တောင်မှ သူများ ထွင်ထားတာလေးတွေတော့ နားလည်သင့်ပါရဲ့ဆိုပြီး တောင်ခြစ်မြောက်ခြစ်လုပ်ဖို့ ပုံတောင်တောင်ကြားကို ရောက်လာကြတာပါပဲဗျာ။ … တောင်ကြားထဲမှာ စကားလုံးအသစ်တွေ စိတ်ကူးညဏ်အဆန်းတွေ စိုက်ပျိုးကြမယ်လေ …” မင်းအိမ်စံ http://www.pondaungvalley.com/

A letter from home

ဒီနေ့ လက်ပတ်နာရီရယ် အိုင်ပေါ့ရယ် ပျောက်နေတာရှာမယ်ဆိုပြီး ပစ္စည်းတွေ ဖွလိုက်တာ စာထုပ်ကြီးထွက်လာတယ်။ လွန်ခဲ့တဲ့ ၈နှစ်ခွဲလောက်က ကိုယ့်ထက်လေးနှစ်ငယ်တဲ့ မောင်လေးရေးလိုက်တဲ့စာ (သူ့ကိုခွင့်မတောင်းဘဲနဲ့) ဒီမှာ တင်လိုက်ပါတယ်။ ဆားချက်တယ်လို့ ထင်ချင်ထင်ပါလေ။ ( ) က ကိုယ်ဖြည့်တာ။ ကျန်တာက သူ့စကားအတိုင်း အော်ရီဂျင်နယ်ပါပဲ။ 15.11.01 How do you do? အခုဘာလုပ်နေလဲ။ ဟိုမှာ အခြေအနေကောင်းလား။ နင်တို့ဘက်မှာတော့ ငြိမ်မှာပါ။ (9/11 ပြီးခါစမို့) အခုဆောင်းရောက်ပြီပေါ့။ ချမ်းပြီ။ ကျန်းမာရေးကို ဂရုစိုက်။ ဒီမှာတော့ အရင် အတိုင်းပဲ။ အဆင်ပြေတယ်။ ငါလည်း 2nd MB တက်ရတော့မယ်။ 1st year စာတွေနဲ့ မလွတ်မိအောင် supply (ဆပ်ပလီဟုဖတ်ရန်) ထိခံလိုက်တယ်။ နောက်ပြီး … Continue reading

interesting

အချိန် ဆယ်မိနစ်ရပါတယ်။ ဒီအချိန်အတွင်း ဘာတွေရေးနိုင်မလဲ ရေးကြည့်မယ်။ ခေါင်းထဲမှာ ပေါ်လာသမျှပေါ့။ လေဘာ-အနီ၊ ကွန်ဆားဗစ်တစ်-အပြာ နဲ့ လစ်ဒမ်-အဝါတို့ အပြိုင်အဆိုင် မဲဆွယ်နေကြတယ်။ ဘရောင်းကန်ပိန်းရဲ့ ခေါင်သူကြီးက မန်ဒယ်ဆန်တဲ့။ သူက ပြီးခဲ့တဲ့အပတ်က interesting လို့မနေ့က ပြောတယ်။ interesting ဆိုတာ newspeak ဖြစ်နေပြီ။ အမှန်တော့ ကွန်ဆားဗစ်တစ် ကန်ပိန်းက လေဘာကို တာအထွက်မှာ ဖြတ်ထားခဲ့လို့ လေဘာနည်းနည်းခံနေရတာကို interesting လို့ပြောတာ။ အင်္ဂလိပ်တွေ စကားပြောအင်မတန်ပါးနပ်တယ်။ တော်ရုံတန်ရုံခင်တဲ့လူမဟုတ်ရင် ကိုယ့်ရဲ့အကောင်းအဆိုး သူတို့ဆီက ကြားရဖို့ အင်မတန်ခက်တယ်။ အစည်းအဝေးတွေမှာ ဆွေးနွေးရင် ပြောတဲ့စကားလုံးတွေနောက်က အဓိပ္ပာယ်နောက်တထပ်ကို ထပ်ဖော်ရတယ်။ တခုခုကို interesting လို့ပြောရင် ဆိုးတယ်လို့ မပြောချင်လို့ အလိမ္မာသုံးပြီး ပြောတယ်မှတ်ပေတော့။ လက်ဖက်ကျွေးကြည့်၊ ဘယ်လိုနေလဲမေးရင် … Continue reading

ထူးထူးခြားခြား

သူငယ်ချင်းတယောက် အီစတာကျောင်းပိတ်ရက်မှာ လာလည်ပါတယ်။ သူက ကျောင်းတုန်းကသိခဲ့တဲ့ မိတ်ဆွေတယောက်ရဲ့ မင်္ဂလာဆောင်ကြည့်ပြီးပြီလားတဲ့။ လူပေါင်း၄၇သန်းနီးပါးကြည့်ခဲ့တဲ့ မင်္ဂလာဆောင်ကို ဘလော့မိတ်ဆွေတွေ ကြည့်ရအောင် တင်လိုက်ပါတယ်။ ရှုစားကြည့်ပါအုန်း။ http://www.youtube.com/watch?v=4-94JhLEiN0

Blog Stats

  • 89,918 hits