//
you're reading...
Burma, Humour

A letter from home

ဒီနေ့ လက်ပတ်နာရီရယ် အိုင်ပေါ့ရယ် ပျောက်နေတာရှာမယ်ဆိုပြီး ပစ္စည်းတွေ ဖွလိုက်တာ စာထုပ်ကြီးထွက်လာတယ်။ လွန်ခဲ့တဲ့ ၈နှစ်ခွဲလောက်က ကိုယ့်ထက်လေးနှစ်ငယ်တဲ့ မောင်လေးရေးလိုက်တဲ့စာ (သူ့ကိုခွင့်မတောင်းဘဲနဲ့) ဒီမှာ တင်လိုက်ပါတယ်။ ဆားချက်တယ်လို့ ထင်ချင်ထင်ပါလေ။ ( ) က ကိုယ်ဖြည့်တာ။ ကျန်တာက သူ့စကားအတိုင်း အော်ရီဂျင်နယ်ပါပဲ။
15.11.01
How do you do? အခုဘာလုပ်နေလဲ။ ဟိုမှာ အခြေအနေကောင်းလား။ နင်တို့ဘက်မှာတော့ ငြိမ်မှာပါ။ (9/11 ပြီးခါစမို့) အခုဆောင်းရောက်ပြီပေါ့။ ချမ်းပြီ။ ကျန်းမာရေးကို ဂရုစိုက်။ ဒီမှာတော့ အရင် အတိုင်းပဲ။ အဆင်ပြေတယ်။ ငါလည်း 2nd MB တက်ရတော့မယ်။ 1st year စာတွေနဲ့ မလွတ်မိအောင် supply (ဆပ်ပလီဟုဖတ်ရန်) ထိခံလိုက်တယ်။ နောက်ပြီး scholar မယူချင်တဲ့ သဘောလည်း ပါတာပေါ့။ 2nd year tuition တွေတောင် တက်နေပြီ။ physiology နဲ့ BC ကို double နင်းယူနေတယ်။ အပြင်ဆရာနဲ့သင်တာ မဝလို့ အတွင်းကဆရာမနဲ့ပါ သင်တယ်။ Anatomy ကတော့ ကြို့ကုန်းအထိ သွားတက်ရတာ။ ဆရာမအိမ်မှာ၊ သွားရတာနဲ့တင် စာသင်ချင်စိတ် ပျောက်သွားတယ်။ ဒါလည်း ဒုက္ခတစ်ခုဘဲ။ ကြိုးတော့ကြိုးစားရမှာပေါ့လေ။
အခုစာရေးနေတာ supply ဖြေပြီးတုန်း ညအချိန် ပူပူနွေးနွေးဘဲ ရှိသေးတယ်။ မနက်ဖြန် result ထွက်မှာ။ ခုံနံပါတ်ကတော့ နောက်ရောက်သွားတယ်။ ဂဏန်းကြီးချင်နေတာနဲ့ အတော်ဘဲ။ မရည်ရွယ်ဘဲ စော်ကဲမင်းဖြစ် ဆိုသလိုပေါ့။ ငါလည်း အားတုန်း ဘောလုံးပွဲရယ် ကျူရှင်ရယ်နဲ့ဘဲ အချိန်ကုန်နေတယ်။ ဘောလုံးပွဲလောင်းနေတာ အရှုံးပေါ်နေတယ်။ ပိုက်ဆံချေးဟာ။ ဒေါ်လာ 100 လောက် လူကြုံနဲ့ ပို့လိုက်ပါလား။ နိုင်ရင် ငါအတိုးနဲ့ ပြန်ဆပ်ပါမယ်။ ငါ့ကို စာအုပ်တွေ ဝယ်ပေးမယ့် ပိုက်ဆံလောက် မရှိပါဘူး။ နင်က boss ပဲ။ ပေးမှာမို့လား။  နင်လည်း ကျောင်းက စာမေးပွဲတွေ ဖြေရတော့မယ်ဆိုတော့ ကြိုးစားပေါ့။ ဒီနှစ်ပြီးရင် ဘွဲ့မရသေးဘူးလား။ ဘွဲ့ရရင်ကော ဆက်တက်အုန်းမှာလား။ သေချာစဉ်းစားပါ။ ဟိုမှာက ရောက်ပြီးရင် နောက်ပြန်ကြည့်လို့မရတော့ဘူး။ ရှေ့ကိုဘဲ ဆက်သွားရမှာ။ သဘောပေါက်တယ်နော်။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို သေသေချာချာစဉ်းစားပြီးမှ ရွေးချယ်။ ငါ့စကားတွေက နင့်ဘဝရှေ့ရေးအတွက် တချိန်ချိန်မှာ အသုံးဝင်မှာပါ။ အမေ့ရှေးစကားတော့ မဟုတ်ဘူး။ မောင်လေးရဲ့ ရှေ့ပြေးစကားလို့ မှတ်ပါ။ အခုဘောလုံးရာသီမှာ man u အခြေအနေမကာင်းတော့ဘူး။ အသင်းကပျက်နေပြီ။ ဒီတော့ အယုံအကြည် နည်းလာတယ်ပေါ့။ ဒါတွကတော့ အပျင်းပြေ အားကစားသတင်းတွေပါ။ နင်လည်း ကျန်းမာအောင်နေ၊ အားရှိအောင်စား၊ သင့်တင့်ရုံ အလုပ်လုပ်ပေါ့၊ စာကရှည်လွန်းတော့ လက်စသတ်လိုက်တော့မယ်။ ဒါနဲ့ ပိုက်ဆံချေးဖို့ မမေ့နဲ့နော်။ အဆင်ပြေမှာပါ။

Discussion

9 thoughts on “A letter from home

  1. ဟုတ်တယ်နော်။ မြန်မာပြည်မှာ ကျူရှင်တွေ တက်ရတာ မိုးလင်းမိုးချုပ်ပဲ။ မောင်လေးရဲ့ ရှေ့ပြေးစကားက တကယ် စဉ်းစားစရာပါ။ အမလဲ တခါတလေ ငါလုပ်ချင်တာ ဘာလဲ ပြန်ပြန်မေးမိတဲ့ အကြိမ် မနည်းဘူး။
    p.s ဒါနဲ့ ငွေချေးလိုက်သေးလား🙂

    Posted by မိုးချိုသင်း | 17/04/2010, 23:43
  2. မောင်လေးမှ မမသို့ ပေးစာပေါ့နော်…
    ချစ်စရာကောင်းလွန်းလို့ သုံးခေါက် ပြန်ဖတ်မိတယ်…
    ရှေ့ပြေးစကား ဆိုတာလေး ကိုလဲ ချစ်မိတယ်…ဒေါ်လာ ၁၀၀ ပို့ပေးလိုက်လား… ပြောပြပါ…း))

    Posted by သက်ဝေ | 18/04/2010, 01:50
  3. သိပ်ချစ်စရာကောင်းတဲ့ မောင်လေးပါလား..
    ခု အဲဒီမောင်လေးရော မိန်းမရသွားပြီလား..
    ပိုက်ဆံကတော့ မချေးပဲ ပေးလိုက်တယ်မဟုတ်လားးး
    အမတွေက ဒီလိုပါပဲနော်.

    Posted by ခင်မင်းဇော် | 18/04/2010, 05:54
  4. ဇီဇ၀ါရေး..စာလေးဖတ်ပြီး..ပျော်လည်းပျော်..ပြုံးလည်းပြုံးမိ.. အဲဒါနဲ့..၈ နှစ်စာ ထပ်ပေါင်းပြီး..မြင်ယောင်ကြည့်လိုက်ပါတယ်..း)

    Posted by K | 18/04/2010, 06:03
  5. စွတ်ပျံ့ကြည်နူးဖွယ်ရာ ပေးစာတစ်စောင်ပါ။ အသေးစိပ်ဖွင့်ဆိုခြင်းငှာ မစွမ်းသာတဲ့ ရဿမျိုးစုံ စုပုံခံစားစေနိုင်စွမ်းတဲ့ ပေးစာတစ်စောင်ပါ။

    Posted by မာရေးသျှင် (E-Journal) | 18/04/2010, 07:08
  6. ရေးတဲ့စာတိုင်းက ပိုက်ဆံချေးတဲ့စာတွေ ဖြစ်နေတာများတော့ မချေးဖြစ်လိုက်ဘူးထင်ပါတယ်။ သူ့စာတွေ အများကြီးရှိသေးတယ်။ သိသွားရင် ဥာဏ်ပူဇော်ခတောင်းမှာ ကျိန်းသေတယ်။ မသိခင် တစောင်နှစ်စောင်လောက် ထပ်တင်ပေးပါ့မယ်။

    Posted by zizawa | 19/04/2010, 20:00
  7. တယ်ကောင်းတဲ့မောင်. လစ်ရင်တင်ပါဦး။

    Posted byုkom | 01/05/2010, 15:15
  8. Zizawar

    Your brother’s letter make me smile and happy. Also I miss my brothers.

    Posted by Khine | 31/05/2010, 17:59
  9. တို့မှာလည်း မောင်လေးတယောက်ရှိတယ် .. အမဆီကနေပိုက်ဆံတောင်းပြီး အမေသဘောမတူတဲ့သူနဲ့ ခိုးပြေးသွားတယ် …း((

    mie nge

    Posted by mienge | 29/10/2010, 13:35

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: