//
you're reading...
History

သမိုင်းအတွေး

မွန်တေဂူချမ်းစဖို့အစီရင်ခံစာလို့ ဗမာတွေအသိများတဲ့ Government of India Act 1919 ကို မကျေနပ်လို့ ဗမာအဖွဲ့တွေက မွန်တေဂူကို ကာလကတ္တားမှာ သွားတွေ့ကြတယ်။ သူတို့ကို ‘nice, simple-minded people with beautiful clothes’ လို့မွန်တေဂူက သူ့ဒိုင်ယာရီထဲမှာ ထည့်ရေးခဲ့တယ်။  

ငယ်ငယ်ကသင်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေထဲမှာ ဒီအချက်ပါမလာဘူး။ ကိုယ့်လူမျိုးအကြောင်းကောင်းတာတွေပဲ ဖတ်ခဲ့ရတယ်။ simple-minded လို့ ဘာကြောင့်ခေါ်ခံရတာလဲဆိုတဲ့အတွေး သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေက မတွေးခိုင်းဘူး။ တကယ်ဟုတ်လို့ခေါ်သလား။ ဘာ့ကြောင့်ခေါ်သလဲစတဲ့ တွေးရမယ့် အချက်တွေဘာမှ မတွေးခဲ့ရဘူး။ အခုခေတ်ကလေးတွေရော တွေးမိကြပြီလား။

 

မျိုးချစ်စိတ်ကတပိုင်း၊ ကိုယ့်လူမျိုးကို သူများတွေဘယ်လိုမြင်သလဲဆိုတာ သိဖို့ကတပိုင်း။  simple-minded မဖြစ်ဘူးလို့ သက်သေပြချင်စိတ်ပေါ်ရင် အရှုံးထွက်စရာမရှိဘူး။

 

ဘာ့ကြောင့်အရာအားလုံးကို တည်းဖြတ် edit လုပ်ပြီးတော့မှ ကြည့်ခွင့်ရနေသလဲ၊ သိနေရသလဲ ဆိုတာကတော့ မေးစရာမလိုတော့ဘူး။ တခုရှိတာက edit လုပ်စရာမလို၊ ဒါမှမဟုတ် နည်းသွားတဲ့နေရာမှာ နေကြသူတွေရော အတွေးအခေါ်ကို အရင်သိခဲ့ကြားခဲ့ တာတွေပေါ် အခြေခံပြီး edit လုပ်နေသလား၊ ဒါမှမဟုတ် အဲဒါတွေရဲ့ edit လုပ်တာခံနေရသေးသလားဆိုတာ မေးစရာပါ။ အတွေးအခေါ်တွေ လွတ်လပ်ပြီလား။ ရဲရင့်ပြီလားလို့ အခုစဉ်းစားမိတယ်။

Discussion

2 thoughts on “သမိုင်းအတွေး

  1. ဒါဆို naive တွေပေါ့။ avatar ထဲကနဲ့တောင် ခပ်ဆင်ဆင်လားလို့။ မကြည့်ဖူးလို့ သေချာမသိပါ။ စာလုံးပေါင်းတော့ မတူဘူးထင်တယ်။ ဆင်ရုံလေး။
    🙂

    Posted by Rita | 25/04/2010, 10:53
  2. မျိုးမချစ်မှာ စိုးလို့..မျိုးချစ်အောင် လုပ်ရင်း..မျက်ကန်းမျိုးချစ်တွေ များ ပေါများ ခဲ့လေသလား..ထပ်တွေးသွားတယ်။

    Posted by K | 02/05/2010, 08:18

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: