//
archives

Archive for

ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် အပိုင်း ၂

ဒီအပိုင်းမှာတော့ ဒုတိယကမ္ဘာစစ် မတိုင်ခင် ဗမာပြည်က နိုင်ငံရေးနောက်ခံ သမိုင်းကို တတ်နိုင်သမျှပြည့်စုံအောင်နဲ့ ပေမရှည်အောင် ကြိုးစားပြီး ရေးကြည့်ထားပါတယ်။ ‘ကရက်ဒေါက်[1]ပြန်သွား’ဆိုပြီး ဆရာတော် ဦးဥတ္တမက ဘုရင်ခံကို အမိန့်ပေးပြီး ထောင်ထဲ ၀င်ရတဲ့အချိန် (၁၉၂၁)နဲ့ မြန်မာနိုင်ငံ တ၀ှမ်းက ပုန်ကန်ထကြွမှုတွေကို အင်္ဂလိပ် အစိုးရက ငြိမ်ဝပ် ပိပြားသွားအောင် နှိမ်နင်းနိုင်တဲ့ အချိန်ကြားမှာ နှစ်နှစ်ဆယ်လောက် ကွာတယ်။ ဗမာပြည်ကို သိမ်းပြီးပြီးချင်းမှာ ကိုလိုနီအစိုးရလုပ်ပုံကိုင်ပုံက သူတို့အမြင်မှာ အခြောက်တိုက် မာနကြီးလှတဲ့ ဗမာလူမျိုးကို ကျိုးနွံသွားအောင် နှိမ်ပြလိုက်မဟဲ့ ဆိုပြီး ဘုရား ကျောင်းကန်တွေကို ဖိနပ်စီး ၀င်လိုဝင်၊ ဗမာတွေရဲ့ ယဉ်ကျေးမှုကို သက်သက် ဂရုမစိုက်ပြတဲ့ ပုံစံမျိုးဖြစ်တယ်။ ၀ိုင်အမ်ဘီအေ[2]အသင်းဟာ ဒီလိုပုံစံမျိုးကို လက်မခံဘူး ဆိုတာကို တုံ့ ပြန်တဲ့အနေနဲ့ ပေါ်လာတဲ့ … Continue reading

ဒုတိယ ကမ္ဘာစစ်နဲ့ ဗမာပြည် အပိုင်း ၁

ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာ့သမိုင်းတင်မက မြန်မာနိုင်ငံရဲ့ သမိုင်းကိုပါ အချိုးတကွေ့  ပြောင်းလဲသွားစေတဲ့ အဖြစ်အပျက် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြောင့်  ဗိုလ်ချုပ် အောင်ဆန်းဟာ ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖခင်ရယ်ဆိုပြီး ဖြစ်လာခဲ့တယ်။ ဗမာပြည်လည်း လွတ်လပ်ရေး မြန်မြန်ဆန်ဆန် ရခဲ့တယ်။ ဒုတိယကမ္ဘာစစ်သာ မြန်မာ့မြေပေါ် မဖြစ်ရင် ရဲဘော်သုံးကျိပ်ဆိုတာ ဘယ်နားနေမယ်မှန်းတောင် မသိဘူး။ (ဒီလိုပြောလို့  ကိုယ့်တိုင်းကိုယ့်ပြည် တိုင်းတပါးသား လက်အောက်က လွတ်မြောက်ရေး အတွက် ကိုယ့်ရဲ ‘ချွေးပေါက်သည် ဗမာပြည်အတွက် အေးချမ်းဖို့ အရိပ်အယောင် မိုးရေမိုးပေါက် ဖြစ်ရေချေမည်’ [1]ဆိုတဲ့ စိတ်ဓတ်မျိုးနဲ့ ရေခြားမြေခြားမှာ ကိုယ့်အသက်ကို ကံတရားလက် ၀ကွက် အပ်ပြီး စွန့်စားခဲ့တဲ့ ဗမာမျိုးချစ်လူငယ်တွေရဲ့ တိုင်းပြည်ချစ်စိတ်ကို စော်ကားတာ လုံးဝ မဟုတ်ပါ။) အနည်းဆုံး ခေတ်သစ် … Continue reading

အသိ I think, therefore I am နဲ့ အဘိဓမ္မာ

လောကကြီးမှာ မသိတာတွေ အများသား။ တဖက်မှာ သိတာတွေလည်း (အနည်းဆုံး သိတယ်လို့ ထင်တယ်ဟာတွေ)အများသား။ လူ့ ဘ၀ကို ဖြတ်သန်း နေရာမှာ အချိန်တွေ ကြာလာတာနဲ့ အမျှ မသိတဲ့ နယ်ပယ်က အကြောင်းအရာတွေဟာ သိတဲ့ နယ်ပယ်ထဲ ရောက် လာတယ်။ ဥပမာ အလုပ်ထဲမှာ ဘယ်လိုနေထိုင်သင့်သလဲ။ အများနဲ့ ဆက်ဆံ တဲ့အခါ ဘယ်လိုပြုမူသင့်သလဲ။ ကိုယ့်ကိုလာစွာရင် နှစ်ဆပြန်စွာလိုက်တာ ကောင်းသလား စတဲ့ မေးခွန်းတွေမှာ အသိသစ်တွေ တိုးလာတယ်။ လူတယောက်ချင်းစီမက လူသားမျိုးနွယ်ကြီးတခုလုံးနဲ့ ယှဉ်ကြည့်ရင်လည်း အချိန်တွေ ကြာလာတာနဲ့အမျှ အသိတွေ တိုးလာတာတွေ့ ရတယ်။ ဥပမာ အရင်တုံးကဆို နေတစင်းပဲ ရှိတယ်၊ အဲဒိနေက ကမ္ဘာကိုလှည့်ပတ်သွားလာနေတယ်လို သိထားတယ်။ နောက်တော့ ဒီအသိဟာ မမှန်ဘဲ နေတခုမက … Continue reading

မတရားမှုကို ဘာ့ကြောင့်မလုပ်သင့်တာလဲ။

မကောင်းမှု၊ မတရားမှုကို ဘာ့ကြောင့် မလုပ်သင့်သလဲ။ လုပ်ရပ်တခုဟာ ကောင်းတယ် မကောင်းဘူး၊ တရားတယ် မတရားဘူးဆိုတာ တယောက်နဲ့ တယောက် အမြင်ချင်း ကွဲနိုင်ပေမယ့် မကောင်းဘူး မတရားဘူးလို့ သတ်မှတ်တဲ့ လုပ်ရပ်တခုကို မလုပ်သင့်ဘူး ဆိုတာကို တော်တော်များများက လက်ခံကြမယ် ထင်ပါတယ်။ ဘာ့ကြောင့် မလုပ်သင့်တာလဲ။ တချို့ ကတော့ ဒီမေးခွန်းဟာ မေးစရာတောင် မလိုဘူးလို့ ထင်ချင်ထင်ကြမယ်။ လျှောမွေး ကို ဗာရာဏသီချဲ့ တယ်လို့ ဆိုချင်ဆိုပါစေ။ ကပ်သီးကပ်ဖဲ့မေးရ စဉ်းစားရတာကို ၀ါသနာ ပါသူတွေကို ဒီမေးခွန်းကို မေးကြည့်ချင်ပါတယ်။

မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား -ဒုတိယပိုင်း

အဖြစ်အပျက်တခုမှာ ပါဝင် ပတ်သက်သူအားလုံးက သိသိနဲ့ မတရား မလုပ်ပေမယ့် ဒီအဖြစ် အပျက်ဟာ မတရားမှုကို ဖြစ်စေတာ၊ ဒါမှမဟုတ် တနည်းတဖုံ ပတ်သက်စေ နေနိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိတယ်လို့ ပြောသွားတယ်။ ဖြစ်နိုင်ချေတွေကတော့ အများကြီးပဲ။ ဥပမာ ကိုယ်က စာမေးပွဲဖြေဖို့ အသွား လမ်းမှာကားပိတ်တယ်။ အဲဒိမှာ စာမေးပွဲခန်းထဲ ၀င်ခွင့်နောက်ကျပြီး ဖြေခွင့်မရလိုက်ဘူး။ ကားလမ်းတွေကို တမင်သက်သက် ပိတ်အောင် လုပ်တဲ့လူတော့ ရှိမယ် မထင်ဘူး။ တမင် သက်သက် ပိတ်အောင် လုပ်တယ်ဆိုအုံးတော့ ကိုယ်စာမေးပွဲ ဖြေမှာကို သိလို့ တမင် သက်သက် ကားလမ်းတွေကို ပိတ်ပြီး ကိုယ့်ကို စာမေးပွဲ မဖြေနိုင်အောင် ညစ်ပတ်တာလို့တော့ ပြောလို့  မရဘူး။ အဲဒိမှာ အမှတ်တရာ အပြည့် … Continue reading

မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား

ကျနော်တို့ ၇ တန်းတုံးက အင်္ဂလိပ်စာ ဖတ်စာအုပ်ရဲ့ ပထမဆုံး အခန်းမှာပါတဲ့ ၀ထ္ထုတိုလေး ကို ခုထိမှတ်မိနေသေးတယ်။ နောက်မှ သိရတာက ဒီဝထ္ထုဟာ ပြင်သစ် စာရေးဆရာGuy de Maupassant ရဲ့  necklace ဆိုတဲ့ ၀ထ္ထုတိုကို အားရှိပါးရှိ ချုံ့ ထားတယ်ဆိုတာသိရတယ်။ ဖတ်ချင်သူတွေအတွက် ဟောဒီမှာလင့်။ http://www.eastoftheweb.com/short-stories/UBooks/Neck.shtml

သောင်မတင်ရေမကျ

ယူကေမှာရွေးကောက်ပွဲပြီးသွားပါပြီ။ အထင်ကရပါတီသုံးခုလုံး ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်ပါဘူး။ ရွေးကောက်ပွဲမစခင် ဝင်ပြိုင်မယ့် အမတ်သေသွားတဲ့ မဲဆန္ဒနယ်ကလွဲလို့ မဲဆန္ဒနယ် ၆၅ဝမှာ ၆၄၉က အဖြေတွေထွက်ပြီးပါပြီ။ ကွန်ဆားဗစ်တစ်က ၂ဝဝ၅ကထက် နေရာ၉၇နေရာပိုရတယ်။ လေဘာကတော့ ၉၁နေရာ လက်လွှတ်လိုက်ရတယ်။ လစ်ဒမ်ကတော့ မှန်းတာထက်အများကြီးနည်းပြီး ရခဲ့တဲ့အပြင် ၂ဝဝ၅က ရထားတဲ့ ၅နေရာကိုပါ လက်လွှတ်လိုက်ရတယ်။

မှေးမှိန်လာတဲ့ ရည်မှန်းချက်တွေ

နိုင်ငံတကာစင်မြင့်မှာ အသံကျယ်ကျယ်ပြောနိုင်ဖို့ဟာ ဗြိတိန်ရဲ့ အနာဂတ်အရေးနဲ့ ပတ်သက်ပြီး သူ့အစိုးရရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်တခုဖြစ်တယ်လို့ ဂေါ်ဒန်ဘရောင်းက ပြောတယ်။ ဒေးဗစ်ကန်မရွန်ကတော့ ချာချီလေသံလိုက်ပြီး သူတို့ ကွန်ဆားဗစ်တစ်တွေကတော့ ကမ္ဘာ့ရေးရာတွေမှာ နိုင်ငံရဲ့သြဇာကို ပြန်ဆယ်မယ်လို့ ကြွေးကြော်တယ်။ ဒါပေမယ့် စစ်တပ်အကြောင်းလေ့လာတဲ့ ထင်ရှားတဲ့ ပညာရှင်တယောက်ကတော့ နှစ်၎ဝဝ ကမ္ဘာစွန့်စားမှုစင်ပေါ်မှာ သူတို့နိုင်ငံရဲ့ အခန်းကဏ္ဍဟာ နိဂုံးပိုင်းကို ရောက်လာပြီလို့ ပြောလိုက်တယ်။

Blog Stats

  • 90,038 hits