//
you're reading...
Philosophy

မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား -ဒုတိယပိုင်း

အဖြစ်အပျက်တခုမှာ ပါဝင် ပတ်သက်သူအားလုံးက သိသိနဲ့ မတရား မလုပ်ပေမယ့် ဒီအဖြစ် အပျက်ဟာ မတရားမှုကို ဖြစ်စေတာ၊ ဒါမှမဟုတ် တနည်းတဖုံ ပတ်သက်စေ နေနိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိတယ်လို့ ပြောသွားတယ်။

ဖြစ်နိုင်ချေတွေကတော့ အများကြီးပဲ။ ဥပမာ ကိုယ်က စာမေးပွဲဖြေဖို့ အသွား လမ်းမှာကားပိတ်တယ်။ အဲဒိမှာ စာမေးပွဲခန်းထဲ ၀င်ခွင့်နောက်ကျပြီး ဖြေခွင့်မရလိုက်ဘူး။ ကားလမ်းတွေကို တမင်သက်သက် ပိတ်အောင် လုပ်တဲ့လူတော့ ရှိမယ် မထင်ဘူး။ တမင် သက်သက် ပိတ်အောင် လုပ်တယ်ဆိုအုံးတော့ ကိုယ်စာမေးပွဲ ဖြေမှာကို သိလို့ တမင် သက်သက် ကားလမ်းတွေကို ပိတ်ပြီး ကိုယ့်ကို စာမေးပွဲ မဖြေနိုင်အောင် ညစ်ပတ်တာလို့တော့ ပြောလို့  မရဘူး။ အဲဒိမှာ အမှတ်တရာ အပြည့် ရနိုင်တဲ့ ဘာသာရပ်မှာ ကိုယ်ကမဖြေဖြစ်လို့ အချခံရတယ်။ ဘယ်လောက် မတရားသလဲ။

နောက်တခါ အိမ်နီးနားချင်းနှစ်ယောက် ကြက်မွေးတယ်။ တဖက်ခြံကကြက်မက နောက်တခြံက ကြက်တွေနဲ့ ဘော်ဒါဖြစ်ပြီး အားရင် တဖက်ခြံမှာဘဲ သွားဥတာများတယ်။ ဒါပေမယ့် ကြက်ပိုင်ရှင် နှစ်ယောက်စလုံးက ဒါကို မသိဘူး။ အဲတော့တဖက်ခြံက ကြက်ဥ သိသိသာသာ ပိုထွက်ပြီး နောက်တခြံက သူ့ လောက်မထွက်ဖူး။ ရေရှည်မှာ ကြက်ဥရောင်းအား

ကွာဟမှုကနေ နှစ်ယောက်ရဲ့ ဓနအင်အားလည်း ကွာဟလာရော။ ဒီအဖြစ်အပျက်မှာလည်းသိသိနဲ့  မတရားလုပ်တဲ့သူမရှိဘူး။ ကြက်ကိုရော အပြစ်တင်လို့ ရမလား။

ပေါက်ပေါက်ရှာရှာ စဉ်းစားရတာ ပျော်တဲ့သူဆိုရင် နောက်ထပ် ထူးဆန်းတဲ့ ဖြစ်နိုင်ချေတွေအများကြီး ထပ်ထွက်လာနိုင်စရာတောင် ရှိတယ်။ ဒါပေမယ့် ခုပြောခဲ့တဲ့ စိတ်ကူးယဉ်ထားတဲ့ ဖြစ်နိုင်ချေ နှစ်ခုလုံးဟာ ဖြစ်ခဲ့ရင်တောင် ဒါဟာ accident မတော်တဆ ဖြစ်တာမျိုး။ တချိန်လုံး ဖြစ်နေနိုင်တဲ့ အဖြစ်အပျက်မျိုးမဟုတ်ဘူး။ ဒါတွေဟာ ညောင်ဦးကမ်းပါးပြိုလို့ စမာနဂိုရ်က နွားမပေါင်ကျိုးလို့ ဆိုရမယ့် အဖြစ်မျိုးတွေ။ နောက်ဆုံး မတရားမှုဖြစ်တာကို ကိုယ်ကသိလိုက်ရင်တောင် ပြန်ဖျင်လို့ ရနိုင်တဲ့ အဖြစ်အပျက်မျိုးတွေ။ လည်ဆွဲ ၀ထ္ထုတိုမှာဆို ပိုင်ရှင် အမျိုးသမီးဆီမှာ လည်ဆွဲ မပျောက်မပျက် ရှိသေးတယ်ဆိုရင် အစားပြန်လျော်ပေးခဲ့ရတဲ့ အမျိုးသမီးက စိန်လည်ဆွဲအစစ်ကို ပြန်ရတယ်ဆိုရင် နည်းနည်းခံသာအုံးမယ်။

စိတ်ဝင်စားဖို့ ကောင်းတာက လူ့ အဖွဲ့ အစည်း တခုကို စီစဉ်ဖွဲ့ စည်းပုံ၊ ဒီလူ့ အဖွဲ့ အစည်း အလုပ်လုပ်ပုံတွေဟာ unique ဖြစ်လွန်းတဲ့အတွက်၊ ခုပြောခဲ့တဲ့ အဖြစ်အပျက်မျိုးတွေဟာ တိုက်ဆိုင်မှု၊ မတော်တဆမှု သက်သက်မဟုတ်တော့ဘဲ ကိုယ်နေ့ စဉ် လုပ်ဖြစ်နေတဲ့ လုပ်နေတဲ့ အလုပ်တွေဟာ ဒီလို အဖြစ်မျိုးတွေကို ဘယ်လိုမှ ရှောင်ကွင်းလို့ မရတဲ့ အနေအထားမျိုးကို ဖန်တီးပေးထားတာဆို ဘယ်လိုလုပ်ကြမလဲ။

ရီတာ့ရဲ့ မှတ်ချက်ထဲမှာ ဒီအချက်ကို တွေ့ ရတယ်လို့ ထင်တယ်။ လူအဖွဲ့  အစည်းတခုဟာခေတ်နောက်ကျလွန်း၊ ဒါမှမဟုတ် ကျပ်တည်းလွန်းလို့  ကိုယ်ရတဲ့ လစာနဲ့မလောက်ဘဲ လာဘ်ပေးလာဘ်ယူ မပါဘဲ အသက်တချောင်းမွေးဖို့ မလွယ်တဲ့အခါ ဘယ်လိုလုပ်မလဲ။

ဗမာပြည်မှာက ဒီအချက်ဟာ ထင်သာမြင်သာရှိတယ်။ စစ်အစိုးရ လက်အောက်မှာ တိုင်းပြည်ရဲ့  စီးပွားရေးဟာ ချွတ်ခြုံကျပြီး အစိုးရ ၀န်ထမ်းတယောက်ဟာ သူ့ ရဲ့ ပုံမှန် လစာ entitlement ရပိုင်ခွင့်ထက် ပိုမယူဘဲ ထမင်းစားလို့ မရဘူး။ အဲဒိတော့ သူဟာ သူ့ ရဲ့ လုပ်ငန်းပိုင်းကို လာပတ်သက်တဲ့လူတွေဆီကနေ လာဘ်ယူတာမျိုးဟာ နားလည်လို့ ရတယ်။ ဒီလို လာဘ်ယူတာဟာ တရားတယ်လို့ ပြောလို့ တော့ ရချင်မှရမယ်။ အကုန်လုံး လုပ်နေရုံသက်သက်နဲ့  မတရားတဲ့ အလုပ်တခုဟာ တရားတဲ့ အလုပ်ဖြစ်မလာဘူး။ မသကာ norm တခုဖြစ်လာ၊ ထုံးစံလို ဖြစ်လာတယ်လို့ ပြောလို့ ရမယ်။ မတရားမှုတခုဟာ ထုံးစံတခု ဖြစ် လာရုံ၊ norm တခုလို ဖြစ်လာရုံနဲ့ တရားမှု ဖြစ်မလာဘူး။ နားလည်ကြည့်လို့ တော့ ရကောင်း ရနိုင်တယ်။ ဒါပေမယ့် မြန်မာပြည်က အခြေအနေဟာ ဒီလောက်ကြီး ရှုပ်ရှုပ် ထွေးထွေး မနိုင်သေးဘူး။ လူတွေဟာ လာဘ်မယူဘဲ အသက်တချောင်းမွေးဖို့  သိပ်ခက် တယ်၊ ဒါမှမဟုတ် လုံးလုံး မဖြစ်နိုင် ဘူးဆိုတာကို မြင်ဖို့ မခက်ဘူး။ တိုင်းပြည်ရဲ့  အလုပ် လုပ်ကိုင်ပုံက သိပ်နောက်ကျတာကိုး။

ရုပ်ဝထ္ထုပိုင်းအရ ခေတ်မှီ တိုးတက်တဲ့ နိုင်ငံတွေရဲ့ ဖွဲ့  စည်းပုံ၊ အလုပ်လုပ်ပုံဟာ ဆန်းကျယ်လွန်းလို့ ဒီနိုင်ငံတွေမှာ နေနေတဲ့ ကျနော်တို့ တွေရဲ့ နေ့စဉ်လုပ်နေကြ အလုပ်တွေဟာ မရည်ရွယ်ဘဲ မတရားမှုကို ကျိန်းသေပေါက် ဖြစ်စေပြီး အဲသလို လုပ်ရပ်မျိုးတွေကို ကျနော်တို့ ကိုယ်တိုင် မမြင်ရအောင် ဖုံးကွယ်ထားနေတယ်လို့  ထင်တယ်။ ဥပမာ အင်္ဂလန်မှာ Primark စတိုးဆိုရင် အင်္ကျီအ၀တ်အစား ၀ယ်ရတာ ကြိုက်တဲ့လူတွေသိပ်သဘောကျတဲ့ဆိုင်ပဲ။ ဆိုင်ကပစ္စည်းတွေက ဈေးလည်း အရမ်း သက်သာတယ်။ နောက် ဒီဇိုင်းအဆင်တွေကလည်း မဆိုးဘူး။ ဈေးသက်သာတာဟာ အပေါ်ယံကြည့်ရင်တော့ ဘာမှပြသနာ မရှိသလိုဘဲ။ ဒါပေမယ့် အင်္ကျီတထည်ကို ဆိုပါစို့  နှစ်ဒေါ်လာနဲ့ ဝယ်လို့ ရတယ်ဆိုတာ အဲဒိအင်္ကျီကို တကယ်ချုပ်ရတဲ့လူဟာ (အိန္ဒိယကပဲ ဖြစ်ဖြစ်၊ ဗမာပြည်ကပဲ ဖြစ်ဖြစ် အလုပ်သမား တယောက်ယောက်) အင်္ကျီတထည် ချုပ်ခ နှစ်ဒေါ်လာတောင်မရလို့ အဲဒိဈေးနဲ့ ရနိုင်တာပဲ။ ဖွံ့  ဖြိုးဆဲနိုင်ငံတွေမှာ မ၀ရေစာ လုပ်ခနဲ့  အလုပ်လုပ်နေကြရလို့ ဖွံ့ ဖြိုးပြီး နိုင်ငံတွေမှာ မတန်တဆ သက်သာတဲ့ ဈေးနဲ့ ဝယ်လို့  ရနေတာပဲ။ ဆန်ဈေးကျတာဟာ စားသုံးသူအတွက် ကောင်းပေမယ့် စပါးစိုက်တဲ့လူ အတွက် မကောင်းသလိုဘဲ။ ဒီအချက်ဟာ ပြောလိုက်ရင် အလွယ်တကူ မြင်နိုင်တယ်။ ဒါပေမယ့် ကနေ့ ခေတ်ကမ္ဘာ့စီးပွားရေး ပုံစံဟာ ရှုပ်ထွေး ဆန်းကျယ် အဆင့်မြင့် လွန်းပြီး ဒီလို မညီမျှမှုကို အလွယ်တကူ မမြင်နိုင်အောင် ဖုံးကွယ်ထားတယ်။ အစိုးရတွေက တမင်သက်သက် ကြောင့်ကြစိုက်ပြီး ဖုံးကွယ်ထားတာမျိုး ဟုတ်ချင်မှ ဟုတ်မယ်။

နောက်တခါ ပင်စင်စံနစ်ကိုကြည့်လည်း အလားတူ တွေ့ ရတယ်။ ကိုယ့်ကို ကိုယ့်အလုပ်ကပဲ ဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ်ပင်စင်ပေးတယ်။ ပင်စင်စနစ် အလုပ်လုပ်ပုံက တလတလ လူတွေက အလုပ်ရှင်နဲ့ သဘောတူ သတ်မှတ်ထားတဲ့ ပမာဏကို စုစုထားတယ်။ ကိုယ့်လိုပဲ စုတဲ့လူတွေဆီကနေ ပိုက်ဆံတွေကို ပင်စင်ကို စီမံခန့် ခွဲသူက သင့်တော်တဲ့ စီးပွားရေး

ကုမ္ပဏီမှာ အစုစပ်ဝင်ပြီး အဲဒိအစုစပ်ကနေ ရတဲ့ အမြတ်ငွေနဲ့ ပင်စင်စုသူတွေကို ပင်စင်ယူချိန်မှာ ပင်စင်ငွေ ထောက်ပံ့တယ်။ အဲဒိပင်စင်စုငွေတွေဟာ ဆိုပါစို့ မတရား ခေါင်းပုံဖြတ်တဲ့ လုပ်ငန်းကုမ္ပဏီတွေ အစိုးရတွေဆီမှာ ထည့်ဝင်တာမျိုး လုပ်နိုင်တာပဲ။ နောက်ဆုံး ကိုယ့်ပင်စင်စုငွေဟာ မြန်မာ စစ်အစိုးရကို တိုင်းပြည်ကို စစ်ကျွန်သက် ရှည်စေအောင် အထောက်အကူ ပေးနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံတာလုပ်ချင်လည်း လုပ်နေနိုင်တယ်။ အဲသလို အခါမျိုးမှာ ကိုယ်ဟာ မတရားမှုကို သိသိနဲ့ တမင်သက်သက် လုပ်တာမဟုတ်ပေမယ့် ကိုယ်ဟာ မတရားမှုမှာ သွားပတ်သက်နေတာ တွေ့ ရရော။ မတရားမှုကကိုယ့်လာပတ်သက်တယ် ပြောရင် ပိုမှန်မယ်ထင်တယ်။

ဒါပေမယ့် ကနေ့ ခေတ်လို စီးပွားရေးအရ နက်နက်ရှိုင်းရှိုင်းကြီး ပေါင်းကူးယှက်နွယ်နေတဲ့ ကမ္ဘာကြီးမှာ ပြောခဲ့သလို မတရားမှုက ကိုယ့်ကို လာပတ်သက်ရင်တောင် ပြေးစရာမြေမရှိဘူး။ ပြောချင်တာက ကနေ့ ခေတ် ကမ္ဘာ့စီးပွားရေး စနစ်ပုံစံဟာ ဒီစီးပွားရေး စနစ်ထဲမှာ ပါဝင်တဲ့ လူတိုင်းကို မတရားမှုနဲ့ မကင်းအောင် အကွက်ချထားသလိုပဲ။ ကိုယ့်လုပ်ရပ်ဟာ မတရားမှုနဲ့  တနည်းတဖုံ ပတ်သက်နေတာကို သိရင်တောင် ကိုယ်ဟာ ဒါနဲ့ ပတ်သက်ပြီး တခုခု လုပ်နိုင်ဖို့ ပါဝါ မရှိဘူး၊ အင်အားမရှိဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြရာမှာ အဲ့ဒိစီးပွားရေး ပုံစံထဲကို ဆန္ဒပါပါမပါပါ ၀င်ရောက်ကြရတယ်။ ဒါပေမယ့် ကြောက်ဖို့ ကောင်းတာက ကိုယ်ဟာ မတရားမှုကိုဆန္ဒမပါဘဲ ပတ်သက်နေတာကိုတောင် ရှုပ်ထွေးဆန်းကျယ်လွန်းတဲ့ စီးပွားရေး စနစ်ပုံစံ

က ဖုံးကွယ်ထားတယ်။ စာဖတ်သူတွေရော ဘယ်လိုထင်သလဲ။ ဒီကနေ ဆက်စပ်ပြီး စဉ်းစားလိုက်ရင် လူတွေရဲ့  လွတ်လွတ်လပ်လပ် တွေးခေါ် လုပ်ဆောင်နိုင်မှု free will ဆိုတာ

ဘယ်လောက် free သလဲဆိုတာ စဉ်းစားစရာပဲ။ ကျနော့်အမြင်မှာတော့ ကျနော်တို့ တွေဟာ အင်မတန်ကြီးမားတဲ့ ဘောလုံးကြီးတခုပေါ်မှာ တွားသွားနေတဲ့ ပိုးကောင်တွေလို

ပဲ။ ဒီဘောလုံးကြီးပေါ်မှာတော့ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်။ ဒါပေမယ့် ကျနော် တို့  သွားလာနိုင်တဲ့ အနေအထား dimension ဟာ အကန့် အသတ်ရှိတယ်။ ဆိုလိုတာက

ဒီဘောလုံးကြီးပေါ်ကနေ အပြင်ကို ပျံထွက်ပြီးသွားလို့ မရဘူး။ ကိုယ့်ကိုကန့်သတ်ပေးထားတဲ့၊ ဘောင်ခတ်ပေးထားတဲ့ space ထဲမှာသာ ကိုယ်ဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရကြတဲ့ သတ္တ၀ါတွေပဲ။ ဘောင်ခတ်ထားတဲ့ space ထဲမှာသာ free ဖြစ်ကြတယ်။ စာဖတ်သူတို့ရော ဘယ်လို ထင်လဲ။

ဝတုတ်

Discussion

2 thoughts on “မတရားမှုကို သိသိနဲ့ ကျူးလွန်သူ မရှိဘဲ မတရားမှု ရှိနိုင်လား -ဒုတိယပိုင်း

  1. then what is the actual meaning of injustice?
    I think the injustice you saying here is more like frustrations on unfairnesses(or unequalness??),unlike the feeling of injustice in executing a man wrongly charged of murder.

    Posted by politicsfreakcnz | 22/09/2011, 16:39
    • when i’m talking about justice, what i have in mind is distributive justice. that roughly means distribution of benefits and burdens among the populace. here’s a description of social justice i subscribed: an unequal distribution whose inequality cannot be vindicated by some choice or fault on the part of the relevant affected agents is unfair, and therefore, pro tanto, unjust. and that nothing can remove that particular injustice. that is the description provided by G A Cohen in Rescuing Justice and Equality.

      Posted by zizawa | 22/09/2011, 18:04

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: