//
you're reading...
Uncategorized

အသိ I think, therefore I am နဲ့ အဘိဓမ္မာ

လောကကြီးမှာ မသိတာတွေ အများသား။ တဖက်မှာ သိတာတွေလည်း (အနည်းဆုံး သိတယ်လို့ ထင်တယ်ဟာတွေ)အများသား။ လူ့ ဘ၀ကို ဖြတ်သန်း နေရာမှာ အချိန်တွေ ကြာလာတာနဲ့ အမျှ မသိတဲ့ နယ်ပယ်က အကြောင်းအရာတွေဟာ သိတဲ့ နယ်ပယ်ထဲ ရောက် လာတယ်။ ဥပမာ အလုပ်ထဲမှာ ဘယ်လိုနေထိုင်သင့်သလဲ။ အများနဲ့ ဆက်ဆံ တဲ့အခါ ဘယ်လိုပြုမူသင့်သလဲ။ ကိုယ့်ကိုလာစွာရင် နှစ်ဆပြန်စွာလိုက်တာ ကောင်းသလား စတဲ့ မေးခွန်းတွေမှာ အသိသစ်တွေ တိုးလာတယ်။ လူတယောက်ချင်းစီမက လူသားမျိုးနွယ်ကြီးတခုလုံးနဲ့ ယှဉ်ကြည့်ရင်လည်း အချိန်တွေ ကြာလာတာနဲ့အမျှ အသိတွေ တိုးလာတာတွေ့ ရတယ်။ ဥပမာ အရင်တုံးကဆို နေတစင်းပဲ ရှိတယ်၊ အဲဒိနေက ကမ္ဘာကိုလှည့်ပတ်သွားလာနေတယ်လို သိထားတယ်။ နောက်တော့ ဒီအသိဟာ မမှန်ဘဲ နေတခုမက ရှိတယ်။ တကယ်တော့ ကမ္ဘာဟာ ဂြိုဟ်တလုံးသာ ဖြစ်ပြီး နေကို လှည့်ပတ်သွားလာနေတယ် စသဖြင့် အသစ်သိလာတယ်။

မေးစရာက ဘယ်လိုအကြောင်းကြောင့် အသိဟောင်းကို စွန့် ပြီး အသိသစ်ကို လက်ခံ

သလဲဆိုတာပဲ။ ဘာသာတခုကနေ တခုကို ကူးပြောင်းသွားသူတွေကို မေးချင်စရာ ကောင်းတယ်။ ဒါပေမယ့် တချို့ က မမေးအပ်ဘူးလို့ယူဆနိုင်တယ်။ အသိဟောင်းကိုစွန့်ပြီး အသိသစ်ကို လက်ခံတဲ့အခါမှာ ဘယ်လိုအကြောင်းတွေပါသလဲ ဆိုတာကို စဉ်းစားကြည့်ထားတယ်။ လောလောဆယ် အတွေးဆန့်ကြည့်လို့ရသလောက်က အတွေ့  အကြုံသစ်ဟာ ကိုယ့်မူလ လက်ခံထားတဲ့ ယုံကြည်မှုတွေနဲ့ကိုက်ညီမှုရှိတဲ့အခါ coherent ဖြစ်တာတွေ့ ရတဲ့အခါ လက်ခံပြီး ကိုက်ညီမှုမရှိတဲ့အခါမှသာ ပယ်ဖို့ ကောင်းတယ်ဆိုတာ သွားတွေ့ ရတယ်။ တခါတခါ ကိုယ့်အတွေ့ အကြုံသစ်ဟာ ကိုယ်အရင်က လက်ခံထားခဲ့တဲ့ အသိတွေနဲ့ ရှင်းပြလို့ မရတဲ့အခါ၊ ကိုက်ညီမှုမရှိတဲ့အခါ တဖက်မှာ ကိုယ့်အတွေ့ အကြုံ သစ်က အရမ်းကြီးကို compelling ဖြစ်လွန်းတဲ့အခါမျိုးတွေအခါကျမှ ကိုယ့်မူလ လက်ခံထားချက်တွေကို စွန့်လွှတ်သင့်တယ်လို့ ထင်တယ်။ ဘယ်လိုသဘောရကြလဲ။

တကယ်တော့ ပြောခဲ့တဲ့ စကြာဝဠာနဲ့ဆိုင်တဲ့ အသိတို့၊ လူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ အသိတွေကို ခဏထားပြီး အလွယ်ဆုံးလို့ထင်ရတာကနေ စစဉ်းစားကြည့်ရင် အသိကို ဘယ်လိုရသလဲ၊ ကိုယ်သိထားတာတွေအားလုံးဟာ တကယ်သိထားတာတွေမှ ဟုတ်ရဲ့  လားဆိုပြီး သံသယ၀င်စရာဖြစ်လာတယ်။ တချို့ လည်း ၀င်ချင်မှဝင်မှာပါ။ အရေးကြီးဆုံးက ကိုယ်သိဖူး၊ ကြားဖူးတာတွေထဲက မသေချာတာကို self-doubt (ဟုတ်ကဲ့လားဆိုပြီး ပြန်ပေမးဖို့)လုပ်ဖို့၊ သေချာမသိဘူးဆိုတာ ရိုးရိုးသားသားလက်ခံထားဖို့က အရေးကြီးဆုံး လို့ထင်တယ်။ ပြီးရင် သေချာမသိဘူးလို့ ယူဆတဲ့ အချက်တွေ၊ အသိတွေကို ပယ်ကြည့်၊ နောက်ဆုံးကျန်တဲ့၊ ဆက်ပြီး သံသယဖြစ်လို့မရတော့တဲ့ အခါကျမှ ဒီအသိကိုလက်ခံလို့ ပြင်သစ် ဖီလော်ဆော်ဖာ Descartes (ဒကားလို့ အသံထွက်ကြတယ်)က အကြံပေးတယ်။

Descartes ကဘယ်လောက် ဆိုးသလဲဆိုရင် ရှိရှိသမျှအရာအားလုံးကို သံသယ ၀င်ပစ်တယ်။ သူ့ရှေ့မှာ ပန်းချီကားတချပ်ပြထားတယ်။ သူမြင်တယ်။ ဒါပေမယ့် သူမြင်ရုံမြင်တာ၊ ပန်းချီကားက မရှိဘူးလို့ ဇွတ်ငြင်းတယ်။ မြင်တာဟာ ရှိတာမဟုတ်ဖူးလို့ မျက်စိမှိတ်ငြင်းတယ်။ ကိုယ့်မျက်စိကမြင်တာနဲ့ တကယ်ရှိတယ်လို့ အဓိပါယ်တန်းကောက်လို့ မရဘူး။ (၀တုတ်ရဲ့ အသိဆောင်းပါးမှာ နည်းနည်းရှင်းထားတယ်) သူ့ကို တခုပြီးတခု ပြတယ်၊ သူကလည်း အကုန်လုံးကို သံသယ ၀င်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း မရှိဘူးချည်းငြင်းတယ်။ နောက်ဆုံးမှာ သူဘယ်လိုမှ ငြင်းလို့မရတဲ့ အရာတခု ရှိတယ်ဆိုတာ သူလက်ခံလိုက်ရတယ်။ အဲ့ဒါကတော့ သူကိုယ်တိုင်ပဲ။ သူကိုယ်တိုင်သာ မရှိဘူးဆိုရင် ငြင်းတဲ့အလုပ်ကို လုပ်နေတာ ဘယ်သူလဲလို့ မေးစရာဖြစ်ရော။ အဲ့ဒိမှာ Descartes က ဟုတ်ပြီ။ ငါတော့ မငြင်းနိုင်တဲ့ အသိတခုကို ရပြီ၊ အဲ့ဒိအသိကတော့ ငါကိုယ်တိုင်ရှိပါလားဆိုတဲ့ အချက်ပဲလို့ ဆိုတယ်။ အဲဒိမှာ သူက I think, therefore I am. ငါတွေးတယ် (ငါသံသယရှိတယ်)၊ ထို့ကြောင့် ငါရှိတယ်ဆိုတယ်။ ဖီလော်ဆော်ဖီမှာ အင်မတန်မှ နံမယ်ကြီးတဲ့ စကားစုပါ။

အဲ့ဒိနည်းနဲ့ Descartes ဟာ သူ့ ရဲ့ အသိ သီအိုရီကို ချဉ်းကပ်ဖော်ထုတ်ထားတယ်။ ပြောခဲ့တဲ့ စကားစုကို အသိရှာဖွေရာမှာ အခြေခံ အုတ်မြစ်လို့ (စာလုံးပေါင်းမှားနေတယ် ထင်တယ်) first philosophy လို့သိကြတယ်။ အဲဒိလို self-doubt နည်းနဲ့ ဘယ်လိုမှ မမှားနိုင်ဘူးလို့ သူယူဆတဲ့ အသိအဆောက်အအုံကြီးကို တည်ဆောက်တယ်။ နောက် အသိသစ်တွေကို မူလလက်ခံထားတာတွေနဲ့ ကိုက်ညီမှုရှိတဲ့အခါ ကိုယ့်အသိအဆောက် အအုံကြီးထဲ ထည့်ပြီး မကိုက်ညီရင် ပယ်တယ်။ အဲဒိနည်းနဲ့ အသိကို တည်ဆောက်ကြ

တယ်လို့ အလွယ်ပြောလို့ ရတယ်။

ဒါပေမယ့် Descartes ရဲ့ I think, therefore I am မှာ မှားနိုင်တဲ့ ဖြစ်နိုင်ချေတခုရှိတယ်။ အဲဒါကတော့ တွေးတဲ့အရာ၊ သံသယရှိတဲ့ အရာ (သူကိုယ်တိုင်ပဲ ဆိုပါစို့)ဟာ တွေးနေတုန်းပဲ ဖြစ်ဖြစ် တွေးပြီး အသိသစ်ရလိုက်တဲ့အခါမှာဘဲ ဖြစ်ဖြစ် ဆက်ရှိနေတယ်လို့ အဓိပါယ်ထွက်တယ်။ တနည်းအားဖြင့် Descartes ရဲ့ I ဟာ စဉ်းစားနေတဲ့ process ဖြစ်စဉ် တခုလုံးမှာ မပျောက်မပျက် တောက်လျှောက်ရှိနေတယ်လို့ သူက မပြောဘဲ ယူဆ ထားတယ်။ တနည်းအားဖြင့် I think က I နဲ့၊ I am က I ဟာ အတူတူပဲလို့ သူကယုံတယ်။ တကယ်တော့ အဲ့ဒိ I နှစ်ခုဟာ တချိန်ထဲ ဖြစ်တာမဟုတ်လို့ I နှစ်ခု မတူတော့တာရော မဖြစ်နိုင်ဘူးလား။ အနည်းဆုံး ဗုဒ္ဓရှာတွေ့ ခဲ့တဲ့ တရားတော်အရ ဒီအချက်ဟာ ဖြစ်နိုင်ချေ ကြီးကြီး ရှိတာကို ပြနေတယ်။ အဘိဓမ္မာအလို အရ (ကျနော်သိသလောက်) တွေးတဲ့လူမရှိဘူး။ အတ္တမရှိဘူး။ thinking process ကြီးပဲ ရှိတယ်။ မျက်စိက(၁) မြင်စရာ ၀ထ္ထု(၂)ကို မြင်တယ်။ မြင်နိုင်လောက်အောင် အလင်း(၃) ရှိတယ်။ နောက်မနသိကာရ(၄) စိတ်ရဲ့ အားစိုက်မှုရှိတယ်။ ဒီလေးချက်ပြည့်စုံတဲ့အခါ မြင်တယ်ဆိုတာ ဖြစ်လာတယ်။ တကယ်တမ်း ငါမြင်တယ် မဟုတ်ဖူး၊ အမြင်ကို မြင်တယ် ဆိုတာပဲ ရှိတယ်။ ဖြစ်စဉ်ကြီးပဲရှိတယ်။ ငါမရှိဘူး။ ငါဆိုတာ မာယာက ဖန်ဆင်းပေးထား တာလို့ အဘိဓမ္မာက ဆိုတယ်။ (ဦးရွှေအောင်) အဘိဓမ္မာဟာ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ။ အဘိဓမ္မာနဲ့နီးစပ်သူများက Descartes ရဲ့ I think, therefore I am ကိုလက်ခံနိုင်မှာ မဟုတ်တာ၊ လက်မခံနိုင်တဲ့အကြောင်းကို ပြနိုင်တာဟာ မထူးဆန်းပေမယ့် အနောက်တိုင်းမှာလည်း အင်မတန်မှ ထက်တဲ့ ဦးနှောက်တွေ ရှိတယ်။ ဥပမာ Bertrand Russell ဆိုရင် အဘိဓမ္မာကို ဖတ်ဖူးလားတော့မသိဘူး။ ဒါပေမယ့် သူက Descartes ရဲ့ I ကို သံသယရှိတယ်။ အကြောင်းရင်းကို အထက်မှာ ပြောခဲ့ပြီးပြီ။

ဝတုတ်

Discussion

3 thoughts on “အသိ I think, therefore I am နဲ့ အဘိဓမ္မာ

  1. ဒီနာမည်ကြီး အဆိုကို ကြားပဲ ကြားဖူးတာ၊ ဘာရယ် ညာရယ် သေချာမသိဖူးဘူး။ အခုကျတော့မှ သြော် ဒီလိုကိုး လို့ ဖြစ်သွားတာ။ ကျေးဇူးအထူးပါ ကိုဝတုတ်ရေ။

    Posted by ပိုင် (Pi) | 24/05/2010, 19:43
    • ကျေးဇူးပါ ပိုင်ရေ။ ပိုင်နဲ့ ဆွေးနွေးတာ မေးခွန်းတွေကို နားလည်အောင်လုပ်ဖို့ ကြိုးစားရတာကိုက challenging ဖြစ်တယ်။ အဲ့ဒိအတွက်လည်း ကျေးဇူးပါ။ ဟေဂယ်က ပြောဖူးတယ်။ စိတ်ဟာ သူ့ ဟာသူမသိနိုင်ဘူး၊ ပြင်ပအရာ တခု အကူနဲ့ ပဲ သိနိုင်တယ်တဲ့။ ပန်းချီဆရာ တယောက်ဟာ သူဘယ်လောက် တော်မတော်ကို ပန်းချီဆွဲကြည့်၊ ပြီးရင် အဲ့ဒိပန်းချီကားကို သူ့ဟာသူ ပြန် reflect လုပ်ကြည့်ပြီးမှသာ သူပြန်သိနိုင်တယ်တဲ့။ စစ်သူကြီး တယောက်ဟာလည်း တိုက်ပွဲတွေ တိုက်ကြည့်ပြီးမှသာ သူ့ ရဲ့ တိုက်စွမ်းရည်ကို သိနိုင်တယ်တဲ့။ ကျနော်လည်း ကိုယ်သိတဲ့ အသိတွေ၊ စဉ်းစားပုံတွေကို တယောက်ယောက်ရဲ့ အကူမပါဘဲ တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကပ်သီးကပ်သပ်မေးလေ ကျေးဇူးတင်လေပါ။

      ပိုင်ပြောတာ ဟုတ်တယ်။ သင်္ချာက အဆိုတွေအားလုံးဟာ essentially analytic. အဲ့ဒါကလည်း (ပိုင်ပြောသလိုပဲ) သင်္ချာဟာ သူ့ system နဲ့ သူ့ ဥပဒေသနဲ့ သူ သတ်မှတ်ထားပြီး logically consistent ဖြစ်တယ်။ coherent ဖြစ်တယ်။ ဥပမာ စစ်တုရင်လိုပဲ။ bishop ဘယ်လိုရွှေ့ ၊ မြင်းဘယ်လို ခုန်ဆိုတာ သဘောတူ သတ်မှတ်ပြီးသား၊ ဒီ system ထဲမှာပဲ chess နည်းဗျူဟာတွေကို နားလည်လို့ ရတယ်ထင်ပါတယ်။

      မကြာခဏခုလို အယူအဆ ဖလှယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မစ္စက် ၀တုတ်ကလည်း ပိုင်တို့ တွေအကြောင်း မကြာမကြာ ပြောတတ်ပါတယ်။

      Posted by zizawa | 24/05/2010, 21:31
    • analytic sythesis မှာ obvious ဖြစ်တဲ့ အဆိုတခု၊ နှစ်ခုကျန်ခဲ့တယ်။

      True proposition is not false.

      Here is not there.

      Posted by zizawa | 24/05/2010, 21:36

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: