//
you're reading...
History
ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် အပိုင်း ၂
ဒီအပိုင်းမှာတော့ ဒုတိယကမ္ဘာစစ် မတိုင်ခင် ဗမာပြည်က နိုင်ငံရေးနောက်ခံ သမိုင်းကို တတ်နိုင်သမျှပြည့်စုံအောင်နဲ့ ပေမရှည်အောင် ကြိုးစားပြီး ရေးကြည့်ထားပါတယ်။
‘ကရက်ဒေါက်[1]ပြန်သွား’ဆိုပြီး ဆရာတော် ဦးဥတ္တမက ဘုရင်ခံကို အမိန့်ပေးပြီး ထောင်ထဲ ၀င်ရတဲ့အချိန် (၁၉၂၁)နဲ့ မြန်မာနိုင်ငံ တ၀ှမ်းက ပုန်ကန်ထကြွမှုတွေကို အင်္ဂလိပ် အစိုးရက ငြိမ်ဝပ် ပိပြားသွားအောင် နှိမ်နင်းနိုင်တဲ့ အချိန်ကြားမှာ နှစ်နှစ်ဆယ်လောက် ကွာတယ်။ ဗမာပြည်ကို သိမ်းပြီးပြီးချင်းမှာ ကိုလိုနီအစိုးရလုပ်ပုံကိုင်ပုံက သူတို့အမြင်မှာ အခြောက်တိုက် မာနကြီးလှတဲ့ ဗမာလူမျိုးကို ကျိုးနွံသွားအောင် နှိမ်ပြလိုက်မဟဲ့ ဆိုပြီး ဘုရား ကျောင်းကန်တွေကို ဖိနပ်စီး ၀င်လိုဝင်၊ ဗမာတွေရဲ့ ယဉ်ကျေးမှုကို သက်သက် ဂရုမစိုက်ပြတဲ့ ပုံစံမျိုးဖြစ်တယ်။ ၀ိုင်အမ်ဘီအေ[2]အသင်းဟာ ဒီလိုပုံစံမျိုးကို လက်မခံဘူး ဆိုတာကို တုံ့ ပြန်တဲ့အနေနဲ့ ပေါ်လာတဲ့ အသင်းလို့ ယူဆနိုင်စရာ ရှိတယ်။ ဒါပေမယ့် ဒီလိုမောက်မာပြရုံနဲ့ ကိုလိုနီ အုပ်ချုပ်ရေးဟာ ဗမာတွေ အမြင်မှာ တရားဝင်လာမှာ မဟုတ်ဖူးဆိုတာ အုပ်ချုပ်သူတွေကိုယ်တိုင် သတိပြုမိတော့ ၀ိုင်အမ်ဘီအေစထောင်ပြီး ဆယ်နှစ်ကျော်အကြာမှာ ကိုလိုနီ အစိုးရရဲ့  ပေါ်လစီသစ် တဖြည်းဖြည်း ပြောင်းလာခဲ့တယ်။ ၁၉၁၆ မှာဘုရင်ခံ ဆာဟာကုတ် ဘတ်တလာ[3]က အုပ်ချုပ်ခံ လူတန်းစားက ကိုလိုနီ အစိုးရရဲ့  အုပ်ချုပ်မှုကို တရားဝင်တယ်ဆိုတာ မြင်လာအောင် ပညာရေးဘက်ကနေ နည်းလမ်းတွေ ရှာကြံဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ လိုက်တဲ့ ကော်မတီ[4]မှာ ဒီပေါ်လစီကို တွေ့ ရတယ်။ ဒီပေါ်လစီရဲ့ အနှစ်သာရကတော့ ဗမာအမျိုးသားတွေကို ကိုယ့်အမျိုးပေါ်ဂုဏ်ယူဖို့နဲ့ တချိန်ထဲမှာ ဗမာပြည်ဟာ ဗြိတိသျှ အင်ပိုင်ယာကြီးထဲမှာ သစ္စာရှိရှိ နေသွားဖို့[5] နည်းလမ်းတွေကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတာ စဉ်းစား လုပ်ဆောင်ဖို့ ဆိုတာပဲ ဖြစ်တယ်။ ကျောင်းတွေမှာဆို ဗမာပြည်ဟာ ကျွန်ပြုခံထားရတဲ့ နိုင်ငံမဟုတ်ဖူး၊ အင်္ဂလိပ် အစိုးရမင်းများဟာ ဗမာပြည်သူတွေရဲ့  ယဉ်ကျေးမှု အသိဥာဏ် မြင့်မားအောင် လုပ်ဆောင်နေတာသာ ဖြစ်တယ်ဆိုတဲ့ အမြင်မျိုး ၀င်လာအောင် သင်ကြားရေးကို အားပေးတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဘွဲ့ တံဆိပ် ဆက်ကပ်တာတွေ လုပ်ပြခဲ့တယ်။
ကိုလိုနီ အစိုးရရဲ့ ဒီပေါ်လစီအောက်မှာ ထွက်လာတဲ့ အကျိုးဆက်တခုကတော့ အုပ်ချုပ်ခံ ဗမာ အမျိုးသားတွေဟာ အသင်း အဖွဲ့ တွေ ဖွဲ့ ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ အတိုင်းအတာ တခုထိ လုပ်လာနိုင်တာပဲ ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက နိုင်ငံရေး တောင်းဆိုမှုတွေကို ကြည့်ရင် ဗမာပြည်ဟာ ဗြိတိန်ရဲ့  သီးခြားကိုလိုနီ မဟုတ်ဘဲ အိန္ဒိယကိုလိုနီအစိုးရဲ့  ပြည်နယ်တခုသာဖြစ်လေတော့ အိန္ဒိယနဲ့ အလျင်မီလိုက်နိုင်ဖို့လောက်သာ ရှိခဲ့တယ်။[6] ဖေပုရှိန်တို့အင်္ဂလန်သွားတော့ သူတို့အဓိက တောင်းဆိုချက်က အိန္ဒိယကို ဗြိတိသျှ အစိုးရက အုပ်ချုပ်ရေး တိုးမြှင့်ပေးတဲ့အခါ ဗမာပြည်ကိုလည်း ချန်မထားခဲ့ဖို့လောက်သာ တောင်းဆိုခဲ့တာဖြစ်တယ်။ ဒီကာလက ထင်ရှားတဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ ပထမ ကျောင်းသားသပိတ် (၁၉၂၀)[7]၊ ၀ံသာနု ဘူးအသင်းတွေလှုပ်ရှားမှု စတာတွေကို အစောပိုင်း လွတ်လပ်ရေး လှုပ်ရှားမှုဆိုပြီး ပြောလို့ရမယ် မထင်ဘူး။ ဆရာစံ လယ်သမား သူပုန်ထမှုဟာလည်း အဓိကက လယ်သမားတွေပေါ် အခွန်တိုးကောက်တာကို မခံနိုင်တဲ့အဆုံး ကြံရာမရဘဲ သူပုန်ထတဲ့ လှုပ်ရှားမှုပဲ ဖြစ်တယ်။ နိုင်ငံရေးအရ အမြင့်ဆုံး တောင်းဆိုတာက ဂျီစီဘီအေ ၀ံသာနုအသင်းရဲ့ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ ရှိခဲ့တယ်။ သူတို့ပြောတဲ့ ဟုမ္မရူးဆိုတာ independence လွတ်လပ်ရေးမဟုတ်ဖူး။ ဗမာထက် နိုင်ငံရေးရေချိန် အများကြီးမြင့်တဲ့ ဂန္ဓီနဲ့ အိန္ဒိယအမျိုးသား ကွန်ဂရက်တို့တောင် အဲဒိတုံးက ဗြိတိသျှအင်ပိုင်ယာထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ရေးတောင်းတဲ့ အဆင့်ပဲ ရှိခဲ့တာ ဖြစ်တယ်။[8]
နှစ်ဆယ်ရာစုထဲမှာ သိသာထင်ရှားတဲ့ အချက်တချက်က ဗမာပြည်အပါအ၀င် အာရှနဲ့ အာဖရိကတိုက်က ကိုလိုနီနိုင်ငံတွေအားလုံးဟာ စက်မှုတော်လှန်ရေး (၁၈၇၀ – ၁၈၄၈) အကျိုးကျေးဇူးနဲ့ နည်းပညာအရ၊ စီးပွားရေးအရ တဟုန်ထိုး ဖွံ့ ဖြိုး တိုးတက်လာတဲ့ ဥရောပက အင်အားအကြီးဆုံး နိုင်ငံကြီးတွေရဲ့ လက်အောက်မှာ ပြားပြားဝပ်ခဲ့ကြရတာပဲ ဖြစ်တယ်။ အကျိုးဆက်အားဖြင့် ကိုလိုနီနိုင်ငံတွေရဲ့ သမိုင်းကို အတွင်းက ဖြစ်ပေါ် တိုးတက်မှုတွေထက် ပြင်ပက ဖြစ်ပေါ်တိုးတက်မှုတွေက ပုံဖော်တာဖြစ်တယ်။   ဒီနိုင်ငံတွေက သူတို့ကိုလိုနီ လုပ်ထားတဲ့ နိုင်ငံတွေကို အုပ်ချုပ်နည်းသစ်တွေတင်မက ဒီအုပ်ချုပ်နည်းတွေကို ဆန့်ကျင် လှုပ်ရှားပုံနည်းတွေပါ သယ်လာတယ်။ ဒီမိုကရေစီတို့၊ ကွန်မြူနစ်တို့၊ ဆိုရှယ်လစ်၊ အမျိုးသားရေး လှုပ်ရှားမှု စတဲ့ အမျိုးမျိုးသော လှုပ်ရှားမှုတွေဟာ ဥရောပမှာ မြစ်ဖျားခံတဲ့ အယူအဆ သဘောတရားတွေချည်းပဲ။ တဘက်မှာ traditional ဒါမှမဟုတ် indigenous movement စစ်စစ်လို့ ခေါ်လို့ရတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်ခဲ့ပေမယ့် ဒီလှုပ်ရှားမှုတွေနဲ့ ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားကို ချည့်နဲ့အောင် ဘာမှ မလုပ်နိုင်တဲ့အပြင် သူတို့လူမျိုးတွေကြားမှာကို စာနာစိတ် ပွားတာလောက်ကလွဲပြီး လက်တွေ့ ကျတဲ့ ထောက်ခံမှု မရခဲ့ဘူး။ အဲဒီအတွက်ကြောင့်ပဲ  မြန်မာနိုင်ငံက ဆရာစံသူပုန်ထမှု၊ ဗီယက်နမ်က ဟွာထင်းလှုပ်ရှားမှု[9]တွေကို ကိုလိုနီ အစိုးရတွေက အခက်အခဲ ကြီးကြီးမားမားမရှိဘဲ နှိမ်နင်းပစ်နိုင်ခဲ့တယ်။
ပြောခဲ့သလို ဗမာပြည်ရဲ့ သမိုင်းကို ပုံဖော်ခဲ့တဲ့ ပြည်ပက အဖြစ်အပျက်တွေကတော့ ၁၉၂၀ ဆယ်စုနှစ်လွန်နောက်ပိုင်းတွေကနေ စလိုက်တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ သူ့ ရဲ့  နောက်ဆက်တွဲ အကျိုးဆက်တွေပဲ။ ကုန်ဈေးနှုန်းကြီးမြင့်ကျပ်တည်းမှု၊ လူမျိုးရေး တင်းမာမှုတွေကို ဒီကာလထဲမှာ တွေ့ လာရပြီး ဒီအခြေအနေတွေအောက်မှာ ၁၉၃၀ တ၀ိုက်မှာ ဒို့ဗမာ အစည်းအရုံးပေါ်လာတယ်။ ဒို့ဗမာ အစည်းအရုံးဟာ သူ့ မတိုင်ခင် ပေါ်ခဲ့သမျှ နိုင်ငံရေး အသင်းအဖွဲ့ တွေထဲမှာ radical အဖြစ်ဆုံးအဖွဲ့၊ စစ်သွေးအကြွဆုံး အဖွဲ့ပဲ။ အစည်းအရုံးကို ကိုယ်စားပြုတဲ့ ရုပ်ပုံ၊ တိုက်တွန်းချက်တွေကိုကြည့်ရင်ကို ဒါကို တွေ့နိုင်တယ်။ နောက် radical အဖြစ်ဆုံးအချက်ကတော့ သူ့အရင် ပေါ်ခဲ့တဲ့ အဖွဲ့တွေလို မဟုတ်ဘဲ ဒို့ဗမာအစည်းအရုံးဟာ အင်္ဂလိပ်လက်အောက်ကနေ လုံးဝလွတ်လပ်ရေးကို စတောင်းတာပဲ ဖြစ်တယ်။[10]
နောက်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တချက်ကက ဒို့ဗမာအစည်းအရုံးရဲ့ ဗမာဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ဖွင့်ဆိုပုံပဲ။ အဖွဲ့ရဲ့ ပထမဆုံး ထုတ်ပြန်တဲ့ တိုက်တွန်းချက်မှာ ဘယ်လိုရေးထားလဲဆိုတော့ ‘အသင်တို့သည် ဗမာပြေဖွားများ ဖြစ်ကြသဖြင့် စစ်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော’ [11]ဆိုပြီး ရေးထားတယ်။ ဒီဖွင့်ဆိုချက်အရဆိုရင် ဒို့ဗမာ အစည်းအရုံးဟာ ထားဝယ်ကနေ မြစ်ကြီးနားထိ ဗမာပြည်တနံတလျားမှာ မွေးတဲ့ တိုင်းရင်းသားတွေ၊ ကပြားတွေ အားလုံးကိုပါ ဗမာလို သတ်မှတ်ပုံပဲ။ ဒီတော့ ဒို့ ဗမာ အစည်းအရုံးဟာ သူ့အရင် ပေါ်ခဲ့တဲ့ အဖွဲ့တွေအားလုံးထက် အမျိုးသားရေး လှုပ်ရှားမှုအပိုင်းမှာ အများကြီးရှေ့ ရောက်လာတယ် ပြောရမယ်။[12]
ဒါပေမယ့်လည်း ဒို့ဗမာအစည်းအရုံးဟာ အစောပိုင်းကာလတွေမှာ ကျယ်ပြန်တဲ့ ထောက်ခံမှု မရသေးဘူး။ ဘုရင်ခံရဲ့ ထောက်လှမ်းရေးတွေကလည်း ဒို့ဗမာအစည်းအရုံးကို သူတို့ကို အလုပ်ပိုအောင် သက်သက် ဟောင်ဖွာဟောင်ဖွာနဲ့ ဒုက္ခပေးတဲ့ အဖွဲ့ လောက်သာ သဘောထားပုံရတယ်။[13]အုပ်ချုပ်သူ လူတန်းစားအတွက် ဒီကာလတွေမှာ ဒိထက်ပိုပြီး အလေးထားရမဲ့ အရေးကိစ္စကြီး ရှိနေတယ်။ အဲဒါကတော့ ဗမာပြည်ကို အိန္ဒိယကနေ ခွဲထုတ်မလား၊ ဆက်တွဲထားမလား ဆိုတာပဲ။ ခွဲရေး တွဲရေး ရွေးကောက်ပွဲခေါ်ရာမှာ တွဲရေးကို ထောက်ခံမှု ပိုများပေမယ့် ဒီအဖြေဟာ conclusive မဖြစ်ဘူးလို့ အကြောင်းပြပြီး ဗမာပြည်ကို အိန္ဒိယကနေ ခွဲထုတ်ခဲ့တယ်။
ဒါဟာ ကိုလိုနီလက်အောက် မြန်မာနိုင်ငံသမိုင်းမှာ ဒုတိယကမ္ဘာစစ်ကြောင့်သာ မဟုတ်ရင် ဗမာပြည်ရဲ့ အနာဂတ် အုပ်ချုပ်မှုပုံစံကို အများကြီးပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်အပျက်ပဲ။ ဒီအဖြစ်အပျက်နောက်ပိုင်းမှာမှ ဗမာအစိုးရ Government of Burma ဆိုတဲ့ ခေါ်ဆို သတ်မှတ်ချက် ပေါ်ထွက်လာသလို ၁၉၃၇ မှာအတည်ဖြစ်လာတဲ့ ဗမာအစိုးရ အက်ဥပဒေဟာ ဗမာပြည်မှာ modern state နိုင်ငံတနိုင်ငံအဖြစ် ပီပီပြင်ပြင် ပေါ်လာရေး အတွက် အရေးပါတဲ့ အက်ဥပဒေဖြစ်တယ်လို့ မြင်ကြတယ်။[14]အနည်းဆုံး ဒီဥပဒေဟာ သူ့အရင် ဆယ်နှစ်ကျော်လောက်က ပေါ်လာတဲ့ ဒိုင်အာခီ အုပ်ချုပ်မှုပုံစံထက်တော့ တိုးတက်မှု ရှိတယ်။[15] ဒီဥပဒေအရ ပေါ်လာမဲ့ ဗမာအစိုးရဟာ အင်္ဂလန်က ပါလီမန် အစိုးရ ပုံစံမျိုးဖြစ်ပြီး ဒိုင်အာခီထက် လူထုပါဝင်မှု ပိုရှိစေမဲ့ အက်ဥပဒေပဲ။ ဒေါက်တာဘမော်ရဲ့  ဆင်းရဲသားပါတီ၊ ဦးစောရဲ့ မျိုးချစ်ပါတီတွေဟာ ဒီအက်ဥပဒေကနေ ပေါ်လာတဲ့ ပါတီတွေပဲ။ ဦးစောဟာ ၁၉၃၅ မှာ သူ့ပါတီ အကြောင်း ၀ါဒဖြန့်ဖို့ သူရိယသတင်းစာကို ၀ယ်တယ်။[16] ကနေ့ခေတ် နိုင်ငံရေး လုပ်ပုံတွေနဲ့ မတူဘူးလား။
ဗြိတိသျှအစိုးရက ဒီအုပ်ချုပ်မှုပုံစံနဲ့ ဗမာပြည်ကို နောက်ဆုံးတနေ့ မတတ်သာလို့ လွတ်လပ်ရေး ပေးရသည့်တိုင်အောင် သူတို့ရဲ့ အကျိုးစီးပွားကို ဗမာပြည်က သူတို့သြဇာ ညောင်းတဲ့ နိုင်ငံရေးသမားတွေကတဆင့် ဆက်ထိန်းသွားဖို့ ကြံရွယ်ထားပုံပဲ။ ဒီပုံစံကို မထောက်ခံတဲ့လူ ဘယ်လောက်များမှာမို့လဲ။ နိုင်ငံရေး တိုးတက်ပါတယ်ဆိုတဲ့ တကသလို အဖွဲ့ကတောင် သူတို့ရဲ့ သင်းလုံးကျွတ် အစည်းအဝေးမှာ ဗမာနိုင်ငံရေးသမားများက ဗြိတိသျှ အစိုးရဆီက ဒိုမီနီယံ အုပ်ချုပ်ရေးတောင်းဆိုတာကို ထောက်ခံတဲ့အဆိုတင်သွင်း ခဲ့သေးတာပဲ။[17]လွတ်လပ်ရေး လိုချင်တယ်ပြောတာ သခင်ဘသောင်းတို့၊ ကိုနုတို့၊ ကိုအောင်ဆန်းတို့လို ခပ်မိုက်မိုက် လူငယ်တစုလောက်ပဲ ရှိတယ်။ ဒါပေမယ့် ပြင်ပမှာ အထူးသဖြင့် ဥရောနဲ့ အရှေ့ အာရှက ဖြစ်ပေါ်တိုးတက်မှုတွေက ဒီခပ်မိုက်မိုက် လူငယ်တွေကို တိုင်းပြည်ရဲ့  ခေါင်းဆောင်တွေ အဖြစ်ကို တွန်းတင်ပေးဖို့ ဖြစ်လာတယ်။
ဒီအကြောင်းတွေကိုတော့ တတိယပိုင်းမှာဆက်ပြီး ပြောပြသွားမှာပါ။
သတုတ်
[1] Sir Reginald Craddock
[2] ၀ိုင်အမ်ဘီအေရဲ့ ကြွေးကြော်သံက အမျိုး၊ ဘာသာ၊ သာသနာ ဖြစ်တယ်။
[3] Sir Harcourt Butler
[4] Committee to Ascertain and Advise How the Imperial Idea May Be Inculcated and Fostered in Schools and Colleges in Burma
[5] sentiments of national patriotism and imperial loyalty
[6] မညှာမတာပြောရရင် ကျနော်တို့တွေဟာ ကိုလိုနီရဲ့ ကိုလိုနီဘ၀မှာ နှစ်ပေါင်း လေးဆယ်လောက် နေခဲ့ကြရတာ ဖြစ်တယ်။ တချို့ ကလည်း ကျွန်ရဲ့ သဘောက်ဘ၀မိုလို့ ကျွန်သဘောက်လို့ ကိုယ့်တိုင်းပြည်ရဲ့  အဖြစ်ကို ပီပီပြင်ပြင် တင်စားကြတယ်။ (ဗမာပြည်ကို အဲဒိတုံးက Province of British India အဖြစ်ပဲ သိကြတယ်။ British Burma ဆိုတဲ့ နံမယ်က ၁၉၃၇ နောက်ပိုင်းမှ ပေါ်လာတဲ့နံမယ်)
[7] လူဖေ၀င်းရဲ့ History of the Strike မှာရေးထားချက်အရ (စာ ၃၃) သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် အတော်များများဟာ တက္ကသိုလ်သစ်ပြန်တက်ပြီးနောက်မှာ ထင်ရှားတဲ့ အစိုးရအမှုထမ်းတွေ ဖြစ်လာတယ်။ ဆယ့်တယောက်က ICS တွေဖြစ်လာပြီး ကျန်တဲ့လူတွေက အိန္ဒိယရဲဌာန၊ သစ်တောဌာန တွေမှာ ၀င်ရောက်လုပ်ကိုင်ကြတယ် ဆိုတယ်။ တဘက်မှာ အမျိုးသားကျောင်းဆရာတွေ၊ ကျောင်းအုပ် ဖြစ်သွားသူတွေလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ radical တွေမဟုတ်ဖူး။ ဒို့ဗမာအစည်းအရုံးကျမှ တကယ့်ကို radical တွေထွက်လာတယ်။
[8] ဗြိတိသျှတို့ကို အိန္ဒိယကနေ ထွက်သွားဖို့ တောင်းဆိုတဲ့ Quit India လှုပ်ရှားမှုဟာ ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အချိန်ကျမှ ပေါ်လာတာ ဖြစ်တယ်။
[9] Nghe-Tinh Soviets ဆရာစံသူပုန်နဲ့ ဟွာထင်းလှုပ်ရှားမှုအကြောင်း ရေးသားချက်တွေ အတော်များများ ရှိပါတယ်။
[10] တို့ဗမာ အစည်းအရုံးသမိုင်း စာ၁၅၁
[11] တို့ဗမာ အစည်းအရုံးသမိုင်း စာ၁၂၉
[12] နိုင်ငံကို လူမျိုးနဲ့ တွဲအဓိပ္ပါယ်သတ်မှတ်မှုဟာ ပြင်သစ်တော်လှန်ရေးက ပေါ်ထွက်လာတဲ့ သဘောတရားတခုလို့ ဗြိတိသျှ သမိုင်းဆရာ Eric Hobsbawm ကဆိုတယ်။
[13] ဘုရင်ခံဆီ နှစ်ပတ်တကြိမ်တင်တဲ့ ထောက်လှမ်းရေး အစီရင်ခံစာမှာ ဒို့ဗမာအစည်းအရုံးအကြောင်း အဲ့သလောက်ပဲ ပြောထားတာ သတိပြုမိတယ်။
[14] Robert Taylor, The State in Burma p144
[15] ဗမာ့သမိုင်းစာအုပ်တွေမှာတော့ ဒီအုပ်ချုပ်ရေးကို ၉၁ ဌာန အုပ်ချုပ်ရေးရယ်လို့ သိကြတယ်။
[16] တချို့ သတင်းစာတွေ အဆိုအရ ဦးစောဟာ ဂျပန်ကနေ တိတ်တဆိတ် ထောက်ပံ့တဲ့ ငွေနဲ့ ၀ယ်တယ်လို့ သိရတယ်။ (မသေချာ)
[17] ဦးနု တာတေစနေသား စာ ၈၀
Discussion
96 thoughts on “ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် အပိုင်း ၂
  1. နဲနဲလေးထပ်ဖြည့်ထည့်ချင်တာ ၂ချက်ရှိမလားဘဲ
    တချက်က ခုန ကျောင်းသားသပိတ်နဲ့  ဆက်စပ်ပြီး နိုးကြားလာတဲ့ သတင်းစာနဲ့  စာရေးဆရာများ ( မြန်မာ့အလင်း၊သူရိယ၊ ဂျာနယ်ကျော်၊ နဂါးနီ)တို့ ရဲ့  ခပ်မိုက်မိုက်လူငယ်တွေနောက်ကို လိုက်မဲ့  နောက်လိုက်လူငယ်တွေကို စိတ်ဓါတ်ရေးပြင်ပေးမှု ( regional leaders following national leadership )
    နောက်တခုက သခင်အဖွဲ့ နဲ့  တပြိုင်တည်းနီးနီးရှိနေပြီး တပြည်လုံးလောက် ပါဝင်လာတဲ့  ကျန်းမာကြံ့ခိုင်ရေးလှုပ်ရှားမှုများ ( ကာယဗလဦးရှိန်၊ဦးဇော်ဝိတ်နဲ့  ခြေလျင်ဦးအုန်းခင် )
    အဲဒီ ၂ချက်ဟာ ကမ္ဘာစစ်အမီ လုံးဝ လွတ်လပ်ရေးလှုပ်ရှားမှုကို အားဖြည့်ပေးခဲ့တယ်လို့ မြင်ပါတယ် ။
    Posted by tint oo | 28/05/2010, 22:50
    • That’s interesting. Who/which org is giving the national leadership? Thanks for the suggestion regarding the media. I’m about to say something about red dragon book club in the next chapter not the role of media in general for fear of over-extending the subject. Perhaps l’ll save it for the next topic.
      sincerely…
      Watote
      Posted by zizawa | 28/05/2010, 23:00
  2. Who/which org is giving the national leadership?
    That is something else . It is a concept I was toying with for a long time .
    But it might be too early now . We will discuss this after you have written the UG movement/thirty comrades /BIA / ဒို့ ဗမာ ဆင်းရဲသားအစည်းအရုံး
    Posted by tint oo | 28/05/2010, 23:08
  3. ‘ဒီပေါ်လစီရဲ့ အနှစ်သာရကတော့ ဗမာအမျိုးသားတွေကို ကိုယ့်အမျိုးပေါ်ဂုဏ်ယူဖို့နဲ့ တချိန်ထဲမှာ ဗမာပြည်ဟာ ဗြိတိသျှ အင်ပိုင်ယာကြီးထဲမှာ သစ္စာရှိရှိ နေသွားဖို့ နည်းလမ်းတွေကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတာ စဉ်းစား လုပ်ဆောင်ဖို့ ဆိုတာပဲ ဖြစ်တယ်။’
    အပေါ်မှာ ရေးနေရင် လိုရင်းမရောက်မှာဆိုးလို့ ခုမှတ်ချက်မှာ ထည့်ရေးလိုက်တယ်။ ဦးဖေမောင်တင်ဟာ ဒီပေါ်လစီအရ အင်္ဂလိပ်အစိုးရ မြင်ချင်တဲ့ တကယ့်စံပြပုဂ္ဂိုလ်လို့ ပြောလို့ ရနိုင်တယ်။ သူဟာ ဗမာသိပ်ပီသတယ်။ ဗမာစာကို ချစ်တယ်။ ဗမာလူမျိုးကို ချစ်တယ်။ ဗမာစာပေ မြင့်မားဖို့ အပတ်တကုတ် ကြိုးစားခဲ့တယ်။ အရင်ကဆို တက္ကသိုလ်မှာ သင်စရာ ဗမာဖတ်စာအုပ် မရှိခဲ့ဘူး။ ဗမာစာကို အဓိကမေဂျာဘာသာ အဖြစ် ယူတာမရှိခဲ့ဘူး။ ဦးဖေမောင်တင် ဒါတွေကို လုပ်ပေးခဲ့တယ်။ ဒါပေမယ့် သူအဲ့သလို လုပ်နိုင်တာဟာ ပြောခဲ့တဲ့ ပေါ်လစီအောက်မှာသာ လုပ်နိုင်တာမျိုးဖြစ်တယ်။ တဖက်မှာ ဆရာကြီး ဦးဖေမောင်တင်ဟာ တိုင်းပြည်အုပ်ချုပ်သူဟာ အင်္ဂလိပ်မင်း ဖြစ်ဖြစ် ဘယ်သူ ဖြစ်ဖြစ် ဗမာစာပေ ပြန့်ပွားရေး လုပ်ဆောင်နိုင်ရင် အရေးမကြီးဘူးလို့ ခံယူထားပုံရတယ်။ တနည်းအားဖြင့် နိုင်ငံရေး neutral ဖြစ်တယ်ပြောမလား။ သိန်းဖေမြင့် အဆိုအရ သပိတ်မှောက် ကျောင်းသားတွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီခဲ့တာတွေတော့ ရှိတာပေါ့လေ။ ကိုလိုနီအစိုးရရဲ့ ပြောခဲ့တဲ့ ပေါ်လစီအောက်မှာ ဗမာစာပေ၊ ယဉ်ကျေးမှု တိုးတက်ခဲ့ပုံတွေကို နားလည်ရှင်းပြလို့ ရနိုင်မယ်ထင်တယ်။
    Posted by watote | 28/05/2010, 23:22
  4. `ခပ်မိုက်မိုက် လူငယ်တစု´ဆိုတဲ့အသုံးအနှုန်းလေးကို သဘောကျပါတယ်။ လူငယ်တွေ ဒီလိုသုံးရဲမှာမဟုတ်သလို၊ အဲဒီပုဂ္ဂိုလ်များရဲ့အရှိန်နဲ့ ဒီအသုံးအနှုန်းကိုတောင် မအီမလည်ဖြစ်သွားနိုင်ပါတယ်။
    ဒေသတစ်ခု၊ နိုင်ငံတစ်ခု၊ နေရာတစ်ခုမှာ ခပ်မိုက်မိုက်၊ ခပ်ဆိုးဆိုး၊ မိုက်ရှူးရဲ၊ မိုက်မိုက်ကန်းကန်း စသည်ဖြင့် မတိမ်းမယိမ်းစကားလုံးလေးတွေသုံးပြီး အခေါ်ခံရသူတွေ၊ သမုတ်ခံရသူတွေ နောက်ပိုင်းကျတော့ (ရာဇ၀တ်မှုနဲ့ဖြစ်စေ) ထောင်ကျသူကျ၊ မဟုတ်ရင်လည်းထင်ရှား၊ ကျော်ကြား၊ အောင်မြင်တဲ့လူတွေ ဖြစ်လာတတ်ကြတဲ့သဘောသဘာဝ၊ စစ်ပွဲတွေမှာကြည့်ရင် ၁၈-၂၅ ကြားအရွယ်တွေကို စိတ်ဓါတ်တွေရိုက်သွင်း၊ နိုင်ငံအတွက်ဆိုပြီး နိုင်ငံရေးသမား၊ စစ်ခေါင်းဆောင်တွေရဲ့ အသုံးချတာတွေခံရ၊ အဲဒီကနေဆက်စပ်ပြီး အချုပ်အချာအာဏာပိုင်နိုင်ငံ၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူတွေကို အင်အားသုံးအုပ်ချုပ် နိုင်ငံတည်တံရေးအတွက် အားထုတ်နေကြတာတွေကိုကြည့်ပြီး တရားကျမိသလိုလို၊ စိတ်မောသလိုလို၊ လူတွေအတွက်ရင်ပဲနာရတော့မလိုနဲ့ မလိုလိုကြီးဖြစ်နေမိတော့တယ်။
    မြန်မာပြည် ကိုလိုနီခေတ်ပညာရေးကိုကော ကိုဝတုတ်နဲ့ ကိုတင့်ဦးတိုဘယ်လိုသဘောရလည်း ပြောပြကြပါအုံး။ လူတစ်ယောက်ပြောဖူးတာတော့ အင်္ဂလိပ်တွေ ရန်ကုန်မှာတက္ကသိုလ်ပညာရေးကို အခိုင်ခန့်၊ ရေရှည်အတွက် ကောင်းကောင်းရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ အခြားကိုလိုနီတွေဖြစ်တဲ့ မလေးရှား၊ စင်္ကာပူတို့လိုတွေမှာတောင် ဒီလိုမလုပ်ခဲ့ဖူးလို့ ပြောတော့ ဟုတ်တုတ်တုတ်ပါပဲ။
    ဒီကနေ့ စကားပြောဖူးသမျှ ဗမာအများစုကတော့ မြန်မာပြည်ကိုလိုနီပညာရေးကို အကောင်းမမြင်ကြပါဘူး။ အထူးသဖြင့် လူတိုင်းအတွက်ပညာရေးမဟုတ်ဖူးဆိုပြီး ထောက်ပြကြပါတယ်။ ကျနော်မြင်တာကတော့ အဲဒီခေတ်က အင်္ဂလန်ကိုယ်တိုင် သူ့နိုင်ငံသားတွေကို ပညာရေးလုပ်ပေးခဲ့တာမဟုတ်တာတစ်ကြောင်း၊ ကိုလိုနီမတိုင်မီမြန်မာ့ပညာရေးဟာလည်း ဘာမှမယ်မယ်ရရ ပြစရာမရှိတာတွေကိုကြည့်ရင် မကောင်းမြင်စရာမရှိဖူးလို့ ထင်မိပါတယ်။
    အင်္ဂလန် အဲဒီအချိန်က ကလေးလုပ်သားကိစ္စ အပါအ၀င် ကိစ္စအတော်များများမှာ ဆင့်ကဲတိုးတက်နေဆဲမို့ ဒီကနေ့ ကိုယ်လိုချင်၊ ဖြစ်သင့်တယ်ထင်တာတွေနဲ့ သွားတိုင်းလို့ မရဖူးထင်ပါတယ်။
    ဒီလောက်နဲ့ ရပ်ထားပါအုံးမယ်၊ အိမ်စာတွေရှိနေသေးလို့ပါ။
    Posted by မန်းကိုကို | 29/05/2010, 02:24
    • ကိုမန်းကိုကို ပြောတာ ဆက်လေ့လာချင်စရာကောင်းတယ်။ ကိုလိုနီခေတ် ဗမာပြည် ပညာရေးပုံစံနဲ့ အဲဒိအချိန်က သူတို့တိုင်းပြည်တွေက ပညာရေးပုံစံ ဘယ်လို ဘယ်လောက် ကွာလဲဆိုတာ ဆက်လေ့လာချင်စရာကောင်းတယ်။ အင်္ဂလန်မှာလည်း အဲဒိတုန်းက တက္ကသိုလ် တက်နိုင်သူဦးရေဟာ ခုအချိန်နဲ့စာရင် အများကြီးနည်းတယ်။ နောက်ကိုလိုနီ အစိုးရရဲ့ တချို့ ပေါ်လစီတွေနဲ့ (ရည်ရွယ်ချက် ဘယ်လိုထားထား) တချို့ စိတ်ကောင်း စေတနာကောင်းရှိတဲ့ အင်္ဂလိပ်လူမျိုးတွေကြောင့် ဗမာပြည်ဟာ ပညာရေးပိုင်းမှာ အိမ်နီးချင်း နိုင်ငံတွေထက်တော့ အဆင့်မြင့်ခဲ့တာ အမှန်ပါ။ ပြောခဲ့တဲ့ အင်္ဂလိပ်လူမျိုးတွေထဲမှာ J S Furnivall နဲ့ ဒေါက်တာသန်းထွန်းတို့ဆရာ Gordon Luce တို့ကို ထောက်ပြကြတယ်။ Luce ရဲ့ ယောက်ဖ ဆရာကြီးဦးဖေမောင်တင်ကိုလည်း ကိုလိုနီခေတ်မှာ ပညာရေး အတွက် ကျေးဇူးတင်ထိုက်သူတွေထဲ ထည့်ပြောသင့်တယ် ထင်ပါတယ်။ ဒါပေမယ့် ကိုလိုနီပညာရေးဟာ မကောင်းမြင်စရာ မရှိဘူးဆိုတာကတော့ အငြင်းပွားစရာပါ။ ကျနော်လည်း ခုစာရေးချိန်မှာ အထောက်အထား ပြည့်ပြည့်စုံစုံ မရှိလို့ မပြောနိုင်သေးဘူး။ သိပ္ပံနည်းပညာကျွမ်းကျင်သူတွေ ကိုလိုနီခေတ်မှာ ဘယ်နှစ်ယောက် ထွက်လဲ။ လူဦးရေ တသိန်းအတွက် ဆရာဝန်၊ အင်ဂျင်နီယာ ဘယ်နှစ်ယောက် မွေးထုတ် ပေးနိုင်လဲ။ မွေးထုတ်ပေးနိုင်လောက်အောင် ကျောင်းတွေရော ဘယ်လောက် ရှိခဲ့လဲ။ ဒါတွေကို လေ့လာကြည့်ဖို့ကောင်းမယ် ထင်ပါတယ်။
      Posted by Watote | 29/05/2010, 09:16
  5. စိတ်ဝင်စားပါသည်။
    ငယ်ငယ်တုန်းက ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ပါတဲ့ ဒဂုန်တာရာ ရေးတဲ့ ရုပ်ပုံလွှာ “အောင်ဆန်း သို့မဟုတ် အရိုင်း” ကို သတိရမိတယ်။ သတိရမိတယ် ဆိုတာ သေချာ ဖတ်ခဲ့ဖူးလို့ မဟုတ်ပါဘူး။ အဲဒီအရွယ်က ဒါတွေ ဖတ်ဖို့ သိပ်စိတ်မဝင်စားခဲ့မိဘူး။ ခုမှ မဖတ်ခဲ့မိတာ နည်းနည်းနောင်တ ပြန်ရနေတယ်။
    အဲဒီမှာ ဆရာဒဂုန်တာရာက “ကျွန်တော် ကိုအောင်ဆန်းကို …… ဘူး။ ကိုဗဟိန်းပဲ …… တယ်” ဆိုတဲ့ စကားကြီးတစ်ခွန်း ပြောခဲ့ဖူးလို့ လှုပ်သွားသေးတာ မှတ်မိနေတယ်။ ခု ထပ်လှုပ်သွားမှာစိုးလို့ …… နဲ့ပဲ ပြန်ရေးရတာ။ ကိုယ်တိုင်လည်း ဆရာဒဂုန်တာရာလိုလူက တိုင်းပြည်မျက်ရှုတစ်ယောက်ကို အဲလို ပြောလိုက်တာ၊ အဲလို ပြောတာကို ထည့်တဲ့ မဂ္ဂဇင်းကလည်း ပြန်ထည့်တာကို ခုချိန်ထိ အံ့သြလို့ မဆုံးဘူး။
    ဘာပဲဖြစ်ဖြစ် bro ပြောတဲ့ “မဖြစ်ခဲ့တာကို ပြန်ပြောင်းစိတ်ကူးယဉ်တာကို သမိုင်းဘာသာရပ်မှာ ခွင့်ပြုမထားဘူး။ ဖြစ်ပြီးခဲ့တာနဲ့ သူ့ရဲ့ အကျိုးဆက်တွေကိုပဲ လေ့လာ သုံးသပ်ခွင့်ရှိတာ ဖြစ်တယ်။” ဆိုတာကိုတော့ လက်ခံမိပါတယ်။ ဒါဖြစ်ခဲ့လို့ ဒီလိုဆိုရင် ဒါမဖြစ်ခဲ့ရင် ဒီလိုမဟုတ်ဘူးပေါ့ဆိုတာ ဆက်တွေးမိကြမှာပဲ။ အတူတူပဲလားလို့။
    🙂
    Posted by Rita | 29/05/2010, 03:02
    • ဘာပဲဖြစ်ဖြစ် bro ပြောတဲ့ “မဖြစ်ခဲ့တာကို ပြန်ပြောင်းစိတ်ကူးယဉ်တာကို သမိုင်းဘာသာရပ်မှာ ခွင့်ပြုမထားဘူး။ ဖြစ်ပြီးခဲ့တာနဲ့ သူ့ရဲ့ အကျိုးဆက်တွေကိုပဲ လေ့လာ သုံးသပ်ခွင့်ရှိတာ ဖြစ်တယ်။” ဆိုတာကိုတော့ လက်ခံမိပါတယ်။ ဒါဖြစ်ခဲ့လို့ ဒီလိုဆိုရင် ဒါမဖြစ်ခဲ့ရင် ဒီလိုမဟုတ်ဘူးပေါ့ဆိုတာ ဆက်တွေးမိကြမှာပဲ။ အတူတူပဲလားလို့။
      မတူဘူးထင်တယ်။ ဥပမာ မိုးရွာလို့ လမ်းပေါ်ရေတွေ အိုင်နေတယ်။ ဒါပေမယ့် မိုးမရွာလည်း လမ်းပေါ် ‘တခြား အကြောင်းတခုခုကြောင့်’ ရေအိုင်နိုင်တာပဲမလား။ ဒီတော့ ရေအိုင်နေတာကိုပဲ ဘာ့ကြောင့် ဖြစ်ရသလဲဆိုတာ ပြောလို့ရမယ်ထင်တယ်။
      brotherly….
      watote
      Posted by Watote | 29/05/2010, 09:24
  6. Rita
    ဒဂုန်တာရာရေးခဲ့ တဲ့  ရုပ်ပုံလွှာတွေက မူလက ၁၉၄၆-၄၇ မှာ ရေးခဲ့ တာပါ ။ အဲဒီအချိန်မှာ သူရေးတဲ့ သူတွေအကုန် အသက်ရှင်လျက်ပါ.။အောင်ဆန်း(သို့ ) အရိုင်း ။ ဘဟိန်း(သို့ ) ကဗျာ စသဖြင့်လေ။ သူက သမိုင်းရေးနေတာမဟုတ်ဘူး။ Glimpse of personal view သာဖြစ်တယ်။ အဲလိုရေးခဲ့လို့  အရေးခံခဲ့ရတဲ့ သူတွေက ဘယ်လိုမှ သဘောမထားခဲ့ပါ ။ ဗိုလ်ချုပ်ကိုယ်တိုင်က တခါမှာ ” တာရာက ငါ့ကို အရိုင်းတဲ့  ။ ငါမရိုင်းတဲ့ နေရာတွေအများကြီးရှိတာ မင်းအသိဆုံးပါ” လို့ သဘောပါတဲ့  စကားကို ရီကာမောကာနဲ့ ဒေါ်ခင်ကြည်ကိုပြောခဲ့ဘူးတယ်လို့  တက္ကသိုလ်နေ၀င်းရေးတာ ဖတ်ဘူးမှာပါ ။
    Posted by tint oo | 29/05/2010, 06:17
  7. ၀တုတ်
    နိဒါန်းမပြီးခင် အဆုံးသတ်ကို တွေးနေတာတော့မဟုတ်ပါ ။ ၀တုတ် ခုစာစဉ်ကို ဘယ်နှစ်ထိ သွားမယ် စိတ်ကူးလဲ ။ စထားတဲ့  ရည်ရွယ်ချက်အတိုင်းဆို august 1945 ဂျပန်လက်နက်ချချိန်ထိဘဲ ရေးဘို့ လိုမယ်။ ဒါပေမဲ့ ခု ၀တုတ်ချီလာတဲ့ သမိုင်းနဲ့  အနေအထားဆိုရင် အနဲဆုံး ပြည်တွင်းစစ်အရှိန်တက်လာတဲ့  ၁၉၄၉ထိသွားမှဘဲ ဆွေးနွေးစရာတွေ လိပ်ပါတ်လည်မယ်ထင်တာဘဲ
    Posted by tint oo | 29/05/2010, 06:23
    • What (U) Tint said is right. Having covered the background and history of Burma around WWII, we should also address the consequences and their influences over the post-independent parliamentary era.
      Regarding nationalism media under British rule( မြန်မာ့အလင်း၊သူရိယ၊ ဂျာနယ်ကျော်၊ နဂါးနီ), no doubt it played a very significant role ( what we call as 4th estate and it indeed was) in that era.
      Ironically, it may not be completely wrong, if not true, to resemble the political parties led by U Ba Maw, U Saw to some of the parties nowadays preparing to run in the regime’s election.
      Finally, we learned some words like “ဟုမ္မရူး ဒိုင်အာခီ” in our history books. But we didn’t have any idea what exactly those words mean. For example, we didn’t know what ဟုမ္မရူး means ; which is simply ” home rule”. Why so? I wonder it may be because of awkward nationalism.
      Posted by Nanda | 29/05/2010, 07:13
      • Home rule means that a country under British rule which would accept Qeen/King as Head of state and autonomy in admin matters except defence and foreign affairs .
        In Both Diarche and 91 departments rule , Burma was still subjected to ultimate decision of leutenant governor ( later governor ) even though chancellors and body of elected representatives .
        Another point need to remember is although Burmese are majority in country, the elective council had a set number of seats for Europeans and Anglo-burmese and Anglo-indians ( ကပြား )
        eg during 1300 movement, Dr Ba Maw could have carry on as long as Chancellor as Europeans and ကပြား kept their vote on his side .
        Posted by tint oo | 31/05/2010, 08:49
  8. ဦးဖေမောင်တင်အပါအ၀င်ပေါ့နော် ဗမာပီသတဲ့  scholars တွေပေါ်လာတာဟာ နောက်တချိန်မှာ လွတ်လပ်ရေးတောင်းဆိုမှုတွေရဲ့  အဦးအစလို့  မြင်နေတယ် ။ အင်္ဂလိပ်ရဲ့ ပေါ်လစီဟာ အောင်မြင်လိမ့်မယ်လို့  မထင်ပါ။
    ကိုလိုနီလူမျိုးတမျိုးက awareness of national identity သည် ရေစီးကြောင်းလေးတခုဆိုရင် လူမှုရေးစီးပွားရေးတိုးတက်ဘို့ တောင်းဆိုခြင်းဆိုတဲ့  ချောင်းငယ်
    နိုင်ငံရေး အုပ်ချုပ်ရေးတိုးတက်ခြင်းဆိုတဲ့ မြစ်နဲ့ 
    လုံးဝလွတ်လပ်ရေးဆိုတဲ့  ပင်လယ်ဆီကို တိုးတက်သွားမှာ အနှေးနဲ့ အမြန်လို့ ဘဲ မြင်နေမိတယ် ။
    Posted by tint oo | 29/05/2010, 06:28
  9. “မြန်မာပြည် ကိုလိုနီခေတ်ပညာရေးကိုကော ကိုဝတုတ်နဲ့ ကိုတင့်ဦးတိုဘယ်လိုသဘောရလည်း ပြောပြကြပါအုံး။ ”
    ကိုမန်းကိုကို
    ကိုလိုနီခေတ်ပညာရေးပေါ်အမြင်ပြောပါဆိုတော့ အတိုဆုံးဖြေရရင်တော့ ကျွန်တော်တို့  ဘာမင်ဂန်ကျောင်းမှာပင့်ထားတဲ့  ဗေါဓိပင်နဲ့ တူတယ်လို့ မြင်မိတယ် ။
    နဲနဲလေးရှင်းမယ်နော် .။ ဗေါဓိညောင်ပင်ဆိုတာ သိတဲ့ အတိုင်းဘဲ အိန္ဒိယရေမြေမှာနှစ်ပေါင်းများစွာနဲ့  အပင်ကြီးအကြီးကြီးဖြစ်နိုင်တဲ့ အပင်မျိုး ကို ကျွန်တော်တို့ က အေးလဲအေး။မြေလဲ ချစိုက်လို့  မဖြစ်တဲ့  အရပ်ပင့်လာတော့ သူ့ ခမျာ ပန်းအိုးထဲမှာ ဒီအရွယ်က ဒီအရွယ်ဘဲ ။ ဆောင်းကျ အရွက်တွေကြွေလိုက်။ နွေကျ နဲနဲလေးလန်းလာလိုက် ။ အဲလိုလေ
    ပညာရေးစနစ်လဲ ဒီလိုဘဲ ။ ကိုလိုနီပညာရေးစနစ်က ကျွန်တော်တို့  ရေမြေပေါက်မဟုတ်တော့ ခုထိ ဟိုလိုဒီလိုဘဲဖြစ်နေတယ် ။ အရှေ့ တိုင်းချင်းတူတဲ့  ထိုင်းနဲ့  ဂျပန်ဟာ မိမိရေမြေပေါ်တည်တဲ့  ပညာေ၇းစနစ်ကို ခေတ်နဲ့ အညီ ပြုပြင်ခွင့်ရခဲ့တော့ တိုးတက်မှုကတခြားစီလေ ။
    Posted by tint oo | 29/05/2010, 08:30
  10. Rita
    ရုပ်ပုံလွှာတွေနဲ့  ပါတ်သက်တာကို အရေးခံရတဲ့ သူတွေက ဘယ်လိုမှ သဘောမထားဘူးလို့  ပြန်ရှင်းမိရာကနေ ခုခေါင်းထဲဖြတ်ကနဲပေါ်လာတာက အလန့် တကြားဘဲ ။
    အဲအချိန် ၁၉၄၆-၄၇မှာ ဒဂုန်တာရာက အဲလို သူမြင်တာကိုရေးတာကို အရေးခံရတဲ့ သူတွေကရော သူတို့ အသိုင်းအ၀ိုင်းကပါ အေးဆေးဘဲ။
    ၁၉၆၁ကျတော့ (ဦး)သိန်းဖေမြင့်ရေးတဲ့  ကျော်ငြိမ်းဆိုတဲ့  စာအုပ်နဲံ့  ဦးကျော်ငြိမ်းရဲ့  sketch ကိုရေးတော့ အရေးခံရတဲ့ ဦးကျော်ငြိမ်းက ဘာမှမဖြစ်ဘဲ အမှာစာတောင်ရေးပေးနိုင်ပေမဲ့  သူ့ အသိုက်အ၀ိုင်းက သိန်းဖေမြင့် (သို့ )့အပါယ်ခံနိုင်ငံရေးသမားဆိုပြီးဒေါသတကြီးတုန့် ပြန်ခဲ့ကြတယ် ။
    ခု၂၀၁၀မှာကျတော့ နက်ထဲ ဘလော့ဂါးလို့ ခေါ်နေကြတဲ့ သူတွေတောင် ကိုယ့်နဲနဲထိလာတယ်ထင်ရင် (ဘာသာေ၇းဘလော့ဂါးတွေအပါအ၀င် ) ဒေါသတကြီးနဲ့ ကို ပြန်တီးကြတာဘဲနော် ။
    ၁၉၄၆-၄၇ ၊ ၁၉၆၁ နဲ့ ခုမှာ ကိုယ်တို့ ဗမာပြည်သားတွေရဲ့  သည်းခံနိုင်မှုဟာ တော်တော်ကိုကွာသွားပြီဆိုတာ အလန့် တကြားတွေး မိတယ်
    Posted by tint oo | 29/05/2010, 10:57
    • သိန်းဖေမြင့်ရဲ့ ကျော်ငြိမ်းတို့၊ သူတို့အတိတ် သူ့တို့အရိပ်တို့၊ တော်လှန်ရေးကာလ အတွေ့ အကြုံများ စတာတွေကိုဖတ်ပြီး ကျနော်ကတော့ စာရေးသူဟာ ရိုးသားသူ မဟုတ်ဘူးလို့ မြင်တယ်။ သမိုင်းမှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တွေထဲမှာ မရိုးသားဘူးလို့ ကျနော် အခိုင်အမာ ယူဆတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဦးကျော်ငြိမ်းရော၊ ဦးသိန်းဖေမြင့်ပါ ပါတယ်။ ဦးသိန်းဖေမြင့်ရဲ့ စာပေအရေးအသား ပြောင်မြောက်ပုံနဲ့ပတ်သက်လို့ ဘာမှစောဒက တက်စရာ မရှိပါ။ စာအရေးအသားအတွက် အင်မတန်မှ အတုယူစရာကောင်းတဲ့ စာရေးဆရာကြီးလို့ ထင်ပါတယ်။ စာရေးတာ သိပ်ကို စေးစေးပိုင်ပိုင် ရှိလှပါတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို ခုမပြောဘဲ ထားရင် ကောင်းမယ်။ အချိန်တွေ အများကြီး ရှိပါသေးတယ်။
      တကယ်ဆို ကျနော်ခု ရေးဖို့လုပ်နေတာက အနောက်တိုင်းမှာ သိပ္ပံ ဘယ်လို ပေါ်လာသလဲ ဆိုတာ သိသလောက် ရေးကြည့်ဖို့ လုပ်နေတာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ မငယ်တို့ သားအမိ စကားဝိုင်းထဲ ရောက်သွားပြီး ခုတော့ ကိုယ်စခဲ့တဲ့ ဇာတ်လမ်းကို ပြီးအောင် ကလိုက်အုံးမယ်။
      Posted by zizawa | 29/05/2010, 11:23
      • ဆက်ကပါဗျာ၊ ကိုဝတုတ်ပြောမှပဲ ရှင်းတော့တယ်။
        ဦးကျော်ငြိမ်းကို အမြင်မကြည်သူတွေထဲမှာ ကရင်ခေါင်းဆောင်တွေလည်း အတော်ပါတယ်လို့ သိရတယ်ဗျ။ သူဘာလုပ်ခဲ့သလဲ အသေးစိတ်ကတော့ မသိပါဘူး၊ ဒါပေမယ့် သူလည်းသူ့အကြောင်းတော့ ရှိနိုင်ပါတယ်။ ကိုယ်တိုင်ကတော့ မုန်းစရာ မမြင်မိသေးပါ။
        ဦးသိန်းဖေမြင့်အကြောင်းလည်း နည်းနည်းတော့ကြားမိပါတယ်။ နောက်မှပြောကြတာပေါ့။
        Posted by မန်းကိုကို | 29/05/2010, 12:31
  11. (ခု၂၀၁၀မှာကျတော့ နက်ထဲ ဘလော့ဂါးလို့ ခေါ်နေကြတဲ့ သူတွေတောင် ကိုယ့်နဲနဲထိလာတယ်ထင်ရင် (ဘာသာေ၇းဘလော့ဂါးတွေအပါအ၀င် ) ဒေါသတကြီးနဲ့ ကို ပြန်တီးကြတာဘဲနော်)
    အဲဒါ မှားတယ်။ ကိုယ့်ကို ထိလာရင် မဟုတ်ဘူး ဆိုတာ သေချာ ဖတ်ကြည့်ရင် နားလည်ပါလိမ့်မယ်။ ကိုယ့်ကို ထိလို့ မဟုတ်ဘူး။
    ကိုယ်ရေးလိုက်တဲ့ အရေးအသားကို သေချာသိရှိနားလည်သဘောပေါက်တဲ့သူက အမြင်မတူလို့ ရေးလိုက်တာမျိုးကို မဟုတ်ဘူး ဆိုတာ သေချာဖတ်ရင် သိပါလိမ့်မယ်။
    သူတို့တွေက သေချာခဲ့ကြလို့ ဖြစ်မယ်။
    မသေချာဘဲ ပြောတဲ့အခါကျ ဘယ်လို ပုဂ္ဂိုလ်မျိုးကိုမဆို၊ ဘယ်လို အခြေအနေမှာမဆို သူ့မသေချာမှု၊ မခိုင်လုံမှု အတွက် တသက်လုံး ကျွန်ခံကြေး၊ ကိုယ့်ဘာသာ သတ်သေကြေးဆိုတဲ့ စိန်ခေါ်မှုမျိုး ကိုယ့်လိုလူမျိုးဆီက လာကို လာမှာ။
    အဲဒါ မြန်မာစာနော်။
    စိန်ခေါ်တယ်ဆိုတာ ကိုယ့်လုပ်ရပ်ကို တာဝန်ယူကြဖို့လို့ အဓိပ္ပါယ်ရတယ်။ ကိုယ့်ကိုဒီလိုပြောလို့ ကိုယ်က ဒီလို ပြန်လုပ်မယ်ပြောတာမျိုး မဟုတ်ဘူး။ မင်းမှားရင် မင်းဒီတိုင်းခံရမယ်၊ ကိုယ်မှားရင် ကိုယ်ဒီတိုင်းခံမယ်။ ကြိုက်တာရွေးလို့ ပြောတာ။
    :)))
    Posted by Rita | 29/05/2010, 15:31
  12. Sorry ပါ။
    မဆိုင်တာတွေ ပါသွားတယ်။
    ဒီတခေါက် အိမ်ပြန်တော့ သိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း ယူလာပါတယ်။ ဂါဒီယန်းစိန်ဝင်းရဲ့ အကွဲအပြဲ ဇာတ်လမ်း ယူလာပါတယ်။ အဲဒါတွေနဲ့ ဒီ post တွေ တွဲဖတ်ရရင်တော့ သိပ်ကောင်းမှာပဲ။
    Posted by Rita | 29/05/2010, 15:34
  13. @ Tint Oo,
    Bro လား Uncle လားတော့ မသိပါဘူး။
    ထားပါတော့။ သိပ်လဲ မလန့်ပါနဲ့။ အဲဒါ မိုးပေါ်ထောင်ပစ်ရုံရှိသေးတယ်။
    Posted by Rita | 29/05/2010, 15:38
  14. နောက်တစ်ခု သိချင်တာ ရှိသေးလို့ပါ။ ဦးတင့် သိပြီးသားဖြစ်မယ် ထင်ပါတယ်။
    ““ကျွန်တော် ကိုအောင်ဆန်းကို …… ဘူး။ ကိုဗဟိန်းပဲ …… တယ်”” ဆိုတာကရော… အဲဒီ 1946 လောက်က ပြောသွားတာပဲလား။ တေးကဗျာထဲကျမှ ပြောတာလား ဆိုတာ… 1946 လောက်က ဆိုရင်တော့ ကိစ္စမရှိဘူး။ 1990s ကျမှ ဆိုရင်တော့ အဲဒါ ကိစ္စရှိတယ်။
    (တို့ထိဝေဖန်လို့ မရစကောင်းတဲ့ အရာ မရှိဘူး လို့ ခံယူတဲ့ ကျွန်မအနေနဲ့တောင် အဲဒီ စကားကို 1990s လောက်ကျမှ ပြောတယ်ဆိုရင် အဲဒါ ကိစ္စရှိတယ် လို့ ယူဆမိတယ်)
    Posted by Rita | 29/05/2010, 15:59
    • ဟားဟား
      general observation တခုအနေနဲ့  ခု ဘလော့ဂါးတွေအထိမခံနိုင်ဘူးလို့ ပြောလိုက်တာ Rita က personal ယူလိုက်တာလား ။ နက်ထဲမှာတော့ အဲလို စိန်ခေါ်ရတာ ပျင်းတယ် ။ နက်ဆိုတာက အပြင်မဟုတ်ဘူးလေ။ အပြင်မှာကတ မျိုးပါ ။ အထောက်အထားချက်ချင်းပြနိုင်တဲ့ နည်းတွေအများကြီး ။ နက်ထဲကျတော့ အဲလိုဆိုလာရင် track record ပြရုံဘဲရှိတာ ။ အဲလို ကိုယ်ဘယ်နှစ်ကဘာလုပ်ခဲ့ပြီ ခုဘာလုပ်နေတယ်ဆိုတာမျိုး ရေးပြဘို့ ဆို တခြားလူတော့မသိဘူး။ကိုယ်ကရှက်တယ် ။ အဲကိစ္စမျိုးကို အလုပ်နဲ့  ပါတ်သက်ပြီးအလွန်မလွှဲသာမှ ( အလုပ်သစ်ပြောင်းတဲ့  အခါ နဲ့  အင်တာဗျူးမှာ) ရယ။် ကိုယ်လျှောက်ခဲ့ဘူးတဲ့ လမ်းကို လိုက်လျှောက်နိုင်လောက်တယ်လို့  ထင်တဲ့  ဗမာပြည်က အလွန်နည်းသော လူတချို့ ရယ်ကိုသာ ပြောရဲတာလေ ။ ခွကျတယ်ပြောလဲခံရမှာဘဲ ။ ဘ၀ကို အကန့် လေးတွေနဲ့  နေချင်တယ် ။
      အဲ
      ၄၆ကပြောတာလား ၉၀မှပြောတာလားဆိုတာတော့ တကယ့်ကိုမကွဲတော့ဘူး
      ကိုယ်တာရာmagazine ကိုမူရင်းမဖတ်ဘူးဘူးဆိုတာတော့ ရီတာရိပ်မိပါတယ်နော် ။ ရုပ်ပုံလွှာကို လုံးချင်းပြန်ထုတ်တာတော့ ဖတ်မိတယ်လို့  ထင်တာဘဲ ။ (ခုပြန်တွေးတော့မသေချာပြန်ဘူး ) ဒါပေမဲ့ လို့  ဒဂုန်တာရာက သူ့  personal အမြင်ကို သူရိုးရိုးပြောတာဘဲလေ ။ သူငယ်ချင်း ၂ယောက်ထဲက တယောက်ကို သူနဲ့  ပိုနီးစပ်တယ်လို့  ပြောတဲ့ စကားက ဘယ်သူက ပိုတော်တယ်လို့ ပြောနေတာမှ မဟုတ်တာ .။ကိစ္စရှိတယ်လို့ မမြင်မိဘူး။
      အဲလိုမမြင်မိတာက ကိုယ်တိုင်အနီးကပ်တွေ့ ဘူးတာ သူတု့  generation ထဲက ၂ယောက်ကိုကြည့်ပြောတာပါ ။ သူတို့ တွေရဲ့  ခံယူချက်က ( တကယ်အဲလိုကျင့်နိုင်မကျင့်နိုင်ဆိုတော့ ခုမသေချာပြန် ) လူကိုပေါင်းတာ ။ ရာထူးတွေဘာညာတွေကိုပေါင်းတာမဟုတ်ဘူးဆိုတဲ့  အယူအဆဘဲ ။ ရီတာ အချိန်ရရင် ခုတလော နက်ထဲပြန်ကူးတင်ထားတဲ့  ရန်ကုန်ဘဆွေရေးတဲ့  ဦးသိန်းဖေမြင့်သို့ အိပ်ဖွင့်ပေးစာဆိုတဲ့ စာကို ဖတ်ကြည့်ပါလား ။ သူတို့  generation ရဲ့  အသံတခုအနေနဲ့ ပေါ့
      Posted by tint oo | 29/05/2010, 16:58
  15. (ကိုယ်ဘယ်နှစ်ကဘာလုပ်ခဲ့ပြီ ခုဘာလုပ်နေတယ်ဆိုတာမျိုး ရေးပြဘို့ ဆို တခြားလူတော့မသိဘူး။ကိုယ်ကရှက်တယ်)
    အဲဒီ နေရာပဲ ရှိသေးတယ်။ ဖတ်တာ။
    ဘာလုပ်ခဲ့ပြီ ဘာလုပ်ခဲ့တယ် ဆိုတဲ့ CV မှာ qualification ပြသလို ကိစ္စကို ပြောတာမဟုတ်ဘူး။
    မင်း ဒီစကားလုံးနဲ့ ဒီလိုရေးတယ်လို့ မရေးဘဲနဲ့ တလွဲကောက်တယ်။ အဲဒါ မဟုတ်ဘူး။ ဒါ ဒီလို အဓိပ္ပါယ် ဒီစကားလုံးလို့ ပြောတာမျိုးကို ဆိုလိုတယ်။ ကိုယ်က ဘာ ဆိုတာကို အလုပ်လျှောက်သလို ပြတာမျိုးကို မဆိုလိုဘူး။ ပေါက်တယ်နော်။
    နောက် နက်ပေါ်မှာ စိန်မခေါ်ဘူးဆိုတာ… တကယ်တာဝန်ယူရဲတဲ့ ဘယ်သူက နက်ပေါ်မှာတင် ပြီးသွားမှာလဲ။ နက်ပေါ်က ကိစ္စ နက်ပေါ်မှာပဲ ထားရုံဆို ဘာမှပြန်မပြောဘဲ ပါးစပ်ပိတ်ထားမှာပေါ့။ ဘယ်နေရာက ကိစ္စဖြစ်ဖြစ်၊ ကိုယ်လုပ်တဲ့ ကိစ္စမှန်ရင် ကိုယ်တာဝန်ယူနိုင်ဖို့ လိုတယ်။ ဒါ ရှင်းရှင်းလေး။
    ID ပြပြီး စာရေးနေတာ။
    (ဘလော့ပိုင်ရှင်ကို သိပ်ကို အားနာမိပါတယ်)
    Posted by Rita | 29/05/2010, 17:10
    • အားမနာပါနဲ့။ ပြောကြပါ။ တချို့ကိစ္စတွေက အပြင်မှာ ကော်ဖီသောက်ရင်း လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ပြောကြရင် ကိုယ်ဘာဆိုလိုတယ်ဆိုတာ ချက်ချင်းသိမှာ။ အခုက ဖြတ်ဖြတ်ပြီး ဖတ်နေ၊ သိနေ၊ဲငြင်းနေရသလိုမျိုး။ နီးမလိုနဲ့ဝေးနေတာမျိုးဖြစ်နေသလားလို့။
      ဒါနဲ့ဝတုတ်ကို ပြောထားတယ်။ zizawa’s refuge ကနေ watote’s refuge လို့ပြောင်းပေးလိုက်တော့မယ်လို့။ အဲဒီလို မရေးပါနဲ့တဲ့။ ဒါပေမယ့် လောလောဆယ်တော့ ဝတုတ်ရဲ့ပရိသတ်များ မျက်စိညောင်း လက်ညောင်း ခေါင်းခြောက်ဖို့သာ ပြင်ထားပေတော့။ အခုမှ ဘလော့ဆိုတာကို ရှာဖွေတွေ့ရှိသွားသလိုမျိုးစားလဲဒီစိတ်၊ သွားလဲဒီစိတ်ဖြစ်နေတယ်။ အလုပ်သွားတာတောင် ဒို့ဗမာအစည်းအရုံးစာအုပ်လက်ကကိုင်သွားတယ်။
      ငြင်းကြခုံကြလို့ အနည်းဆုံးကိုယ့်အတွေးအခေါ်နဲ့ကိုယ့်ကိုကိုယ် ပြန်ပြီး reflect လုပ်ဖြစ်တယ်ဆိုရင် ဘလော့ပိုင်ရှင်ကို အားမနာကြပါနဲ့။ ဆက်ငြင်းကြပါလေ။ ကျွန်မတော့ အလုပ်တွေရှုပ်နေလို့ ဘလော့ကို ဝတုတ်လက်ထဲ ဝကွက်အပ်ထားလိုက်ပြီ။
      Posted by zizawa | 29/05/2010, 17:25
      • ဇီ-၀ နားခိုးရာ (Zi-Wa’s Refuge) လို့ နာမည်ပြောင်းပါလား။ (နောက်တာပါ။ :D)
        ဒါနဲ့ ဘလော့ဂ်နှစ်ခု ခွဲပစ်ဖို့တော့ စိတ်မကူးဘူး မဟုတ်လား။ စိတ်ကူးတယ် ဆိုရင်တော့ မခွဲဖို့ တောင်းပန်ရမှာပဲ။ ဒါမှ ကိုဝတုတ်အဓိက ပရိသတ်က မဇီဇ၀ါရဲ့ စာတွေလည်း ဖတ်မိ၊ မဇီဇ၀ါအဓိက ပရိသတ်က ကိုဝတုတ်ရဲ့ စာတွေလည်း ဖတ်မိ၊ အဲဒီလို ဖြစ်တာ ကောင်းတယ်လို့ ထင်တယ်။🙂
        Posted by ပိုင် (Pi) | 30/05/2010, 16:38
      • ကျနော့်ဘ၀က မိန်းမအိမ် ကပ်နေရတဲ့ ဘ၀ပါ ဆရာရယ်။ ဇီ-၀ နားခိုးရာ … ဟားဟား
        ပိုင်ရဲ့ ဒုတိယပိုင်း မထွက်သေးဘူးလား။ ပုံတောင်ကို နေ့တိုင်း မဟုတ်ရင်တောင် နှစ်ရက်တခေါက်လောက်တော့ ရောက်ဖြစ်ပါတယ်။
        Posted by zizawa | 30/05/2010, 22:00
    • လမ်းတော့တော်တော်ချော်လာပြီ
      စထဲကပြောထားတယ်လေ။ personal မပါဘူးလို့  ။
      အင်း
      နက်ထဲကိစ္စ
      ထပ်ရှင်းရင်ပိုရှုပ်မလားဘဲ
      နောက်ဆုံးအနေနဲ့  ကြိုးစားရှင်းပါ့မယ်
      ခုနေထိပေါ့နော်
      ဘ၀ကို ၂နေရာခွဲနေတယ်
      professional life and social life .
      In professional life , I have no choice but to tolerate my colleagues and and lets say clients . With them , I try to be tolearant and reconcilatory approach . If someone take my meaning wrong , I will make sure he/she understands me properly . It may take so many meetings , letters and so on . so be it .The reason is if my team is performing on a false assumption , (well ) it is suffice to say someone can get hurt badly . So all worth it .
      In my social life ( including net life ) if someone takes me wrong and make me uncomfortable , all I need to do is just shut up and avoid that peron completely .
      Even if I need to avoid say 1 million people , there is still billions of people left in this wide world I can talk to without inconvience of being confrontational . I never see arguing in social life producing any tangible results at all .
      It doesn’t mean that I amnot taking responsibility . It means I am too lazy to keep on doing something I don’t believe as a task of which success is possible . 😛
      Posted by tint oo | 29/05/2010, 17:29
  16. ဟုတ်တယ်။ အဲဒီခေတ်က ကိစ္စတွေက ကိုယ်ကျော်သွားခဲ့တဲ့ အရာတွေထဲမှာ ပါတယ်။
    ပြန်ဖတ်မယ် လုပ်ပေမဲ့ ပြန်ဖတ်ဖို့ကို ကိုယ့်ဘာသာ ပြန်ချော့နေရသေးတယ်။ ဖတ်ဖြစ်အောင်တော့ ဖတ်ရမယ်။
    ဒဂုန်တာရာ ရုပ်ပုံလွှာကို တွေ့ခဲ့ရတာ 90 နောက်ပိုင်း။ (တွေ့ခဲ့တာပါ။ ဖတ်ခဲ့တာ မဟုတ်ဘူး) အဲဒီတော့ 90 နောက်ပိုင်းမှ သူပြောတယ်ပဲ အမှတ်မှားနေခဲ့တာတော့ အမှန်ပဲ။ စိတ်ထဲမှာ အဲဒီစကားလုံးကို အင်တာဗျူးပုံစံနဲ့ ကဏ္ဍတစ်ခုမှာ ပြောခဲ့တယ်လို့ ထင်ခဲ့တာ။ အဲဒါလည်း မှားနိုင်ပါတယ်။
    (အပေါ်က ကိစ္စကို ပါစင်နယ် ဆွဲယူပြီး ပြောလိုက်တာတော့ မှန်တယ်။ အဲဒါကိုယ့်ကို ပြောတယ်လို့ ထင်တာ မထင်တာထက်၊ ကိုယ့်ကိစ္စကိုတော့ ကိုယ့်ဘာသာ အသိဆုံးမို့ ပြောလိုက်တာ။
    နောက်တစ်ခုက ဘလော့တွေ အများကြီးကို မဖတ်ဖြစ်ပါဘူး။ ဘလော့မှာ ချိတ်ထားတဲ့ link တွေကိုတောင် အကုန် လိုက်မဖတ်ဖြစ်ဘူး။
    ဖတ်မိသလောက်တော့ ဖြစ်ကြတဲ့ ပြဿနာမှာ ရေးသူရဲ့ ဆိုလိုရင်းကို ဖတ်သူက တလွဲတွေး၊ ကျော်တွေး၊ လိုရာစွတ်တွေးလို့ ဖြစ်ကြတာချည်းပဲ။ ကိုယ်က ဒီလို မဆိုလိုဘဲ ဒီလို ဆိုလိုပါတယ် လို့ ပြောလို့ ဖြစ်ကြတာမျိုးပဲ တွေ့ရလေ့ရှိတယ်။ ဥပမာ – ကိုပေါ မှာ၊ ညလဆမှာ စသဖြင့်။
    ဥပမာ – လောလောဆယ် ညလဆ ရေးလိုက်တဲ့ ကျေးဇူး ကိစ္စမျိုး။ ညလဆက ဘယ်ဆရာဝန် ဘယ်ကျောင်းဆရာမှ ကျေးဇူးတင်စရာမလိုဘူး ပြောတယ်လို့ သတ်မှတ်ပြီး ပြောနေကြပြန်ပြီ။
    သိသလောက် ပြဿနာတွေပဲ ဒါမျိုးချည်းပဲ။ ဒါတွေကို ရှင်းချင်လို့ ရှင်းမယ်ဆို ကိုယ်က “ဘာ” ဆိုတာမျိုးနဲ့ အလုပ်ရှင်ကို အရည်အချင်းပြသလို ရှင်းစရာမလိုဘူး။ ကိုယ်က “ဘာရေးထားတယ်” ဆိုတာမျိုးနဲ့ ကိုယ့်တာဝန် ကိုယ်ယူပြီး ရှင်းရမှာ။
    ဒါမျိုး ရှက်တယ်လို့ U Tint အနေနဲ့ ပြောမယ် မထင်ပါ။ ပြောတဲ့သူရှိခဲ့ရင်လည်း ကိုယ့်တာဝန် ကိုယ်ယူရမှာ ရှက်ရင် သေလိုက် လို့ပဲ ပြောဖို့ ရှိတော့တယ်)
    Posted by Rita | 29/05/2010, 17:24
    • ကိုယ်က “ဘာရေးထားတယ်” ဆိုတာမျိုးနဲ့ ကိုယ့်တာဝန် ကိုယ်ယူပြီး ရှင်းရမှာ။
      အဲဒါကိုဘဲလေ
      ဘာရေးထားတာပါလို့ ရှင်းပြနေတာကိုဘဲ ထပ်ထပ်ပြီး မေးနေတဲ့ သူတွေနဲ့  တွေ့ တွေ့ နေရလို့ ရီတာရေ ။
      တော်ရုံစာရေးခဲတယ် ။ရေးခဲ့ ရင်လဲ ကိုယ်ပြောတာယုံလို့ မရေးတတ်ဘူး။ ဒါတွေကြောင့် အဲလိုပြောတာပါ။ဟောဒီလင့်တွေက စာတွေကို လဲသွားဖတ်ပါ ။ အဲလိုဘဲပြောတတ်တယ်။
      အဲလောက်ပြောထားတာကို ပေးတဲ့ လင့်လဲမဖတ် ၊ေ၇းထားတာလဲ ဆုံးအောင်မဖတ်ရင်တော့ ဆက်ပြီးဘာပြောရမှာလဲ
      နောက်ဆုံးတော့ နက်ဆိုတာ social life လေ ။ ပျော်လို့  ပျော်တဲ့  နေရာနေနေကြတာဘဲ ။ မပျော်မနေရုံပေါ့ ။
      Posted by tint oo | 29/05/2010, 17:36
  17. (သူငယ်ချင်း ၂ယောက်ထဲက တယောက်ကို သူနဲ့  ပိုနီးစပ်တယ်လို့  ပြောတဲ့ စကားက ဘယ်သူက ပိုတော်တယ်လို့ ပြောနေတာမှ မဟုတ်တာ)
    အားးးး အဲဒါ ဆိုရင်တော့ ကျွန်မရဲ့ ‘…… ‘ ကို U Tint အကောက်လွဲသွားပြီ။ အဲဒီနေရာမှာ သူသုံးသွားခဲ့တာ နီးစပ်မှုဆိုတဲ့ စကားလုံး မဟုတ်ဘူး။ အထင်ကြီးမှု။
    သေချာ ပြန်တွေးတော့လည်း အရေးမကြီးပါဘူးလေ။ မဂ္ဂဇင်းထဲ ပါလာတဲ့ 90 နောက်ပိုင်း ဆိုတဲ့ ကာလနဲ့ ယှဉ်တွက်မိလို့သာ အရေးကြီးနေမိတာ။ အဲဒီကာလနောက်ပိုင်း အကုန်လုံးကို မသင်္ကာစရာတွေချည်းပဲလို့များ မသိစိတ်ထဲ ထင်နေမိလားမသိ။ တကယ်တော့ သူထင်တာ မြင်တာကို ဘယ်အချိန် ဘယ်ကာလမှာ ဘာကြောင့်ပဲ ပြောပြော ပြောခွင့်ရှိပါတယ်။
    Posted by Rita | 29/05/2010, 17:35
    • ဟုတ်ပါတယ်
      သူရဲ့  တကိုယ်ရည်ထင်မြင်ချက်လေ။ အဲဒါက သူ့ ရဲ့  အခွင့်အရေးဘဲ ။
      Posted by tint oo | 29/05/2010, 17:40
  18. ok. new ball please …….🙂
    Posted by watote | 29/05/2010, 17:55
  19. who is going to serve this time?
    Posted by watote | 29/05/2010, 17:56
  20. (ဦးကို)တင့်ဦး သိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း စာအုပ်ကို ကာယံကံရှင်ကတောင် အမှာစာရေးပေးရဲတာကို အထူးအဆန်းလို့ မထင်မိပါဘူး။ ဦးနေ၀င်း အထ္ထုပတ္တိ ဒေါက်တာ မောင်မောင် ရေးလဲ ဦးနေ၀င်းက ပြုံးပြုံကြီး အမှာစာရေးပေးနိုင်မယ် ထင်တယ်။
    Posted by watote | 29/05/2010, 18:23
    • sorry watote
      that discussion was sidetracked becoz of my example of recent day bloggers .
      The point I like to raise was difference in degree of tolerance in generations . My impression is
      pre-civil war generation was more tolerant than civil war generation and we, single party generation was less tolerant than them .
      It is just an observation . I am not in a position to offer any reasons for that .
      ( hehe I am feeling kind of funny about you all not knowing how to address me .
      It is OK . I was born on 25/12/1967 and graduated in 93 and postgrad 98 in a subject far far away from history and still practising it . 😛 )
      Posted by tint oo | 30/05/2010, 04:11
  21. ဦးတင့် အနေနဲ့ အဝေဖန်ခံရတဲ့ လူတွေကို စစ်ပြီးခေတ် စစ်ကြိုခေတ် ယှဉ်ပြောမယ်ဆိုရင် ဝေဖန်တဲ့လူတွေကိုပါ စစ်ပြီးခေတ် စစ်ကြိုခေတ် ယှဉ်ပြောမှ ဖြစ်မယ် ထင်တယ်။
    သေချာတာကတော့ ခုနောက်ပိုင်း ဝေဖန်တဲ့လူတွေဟာ သူတို့ဝေဖန်မယ့်သူက ဘာကိုဆိုလိုလို့ ဘာကို ပြောချင်တယ် ဘယ်လိုလူ ဆိုတာကို လုံးဝမှ သဘောမပေါက်ဘဲ ပြောချင်ရာသာ စွတ်ပြောနေကြတော့တယ်။ ဝေဖန်တယ်ဆိုတဲ့ အဆင့်ကို မရောက်ဘဲ ဝေဖန်တာလဲ မက အပုပ်ချတာမျိုးလဲ မကျ ဖြစ်တော့နေတယ်။
    (မှတ်ချက်။ အပုပ်ချရုံသက်သက် ရည်ရွယ်တာရေးတာတွေကတော့ လှည့်ကြည့်ဖို့ မလိုပါဘူး။ အိပ်ရေးပျက်တယ်)
    Posted by Rita | 30/05/2010, 07:11
    • ဘွာဘွာ
      ကိုယ်တောက်လျှောက်အလန့် တကြားပြောမိတာမှားနေတယ် ။
      စတွေးထဲက ဥပမာလေးတခု၂ခုထဲကွက်တွေးမိတာကိုး
      ပြန်စဉ်းစားတော့ ရှေးကလဲ တွယ်ကြတာဘဲ
      တွယ်ကြတာတွေတော့ အသေးစိတ်ရေးပြရင် တော့ပစ်ချော်တော့မယ်
      ဖတ်ဘူးတာက သီးခြားစာဝင်္ကပါဆိုပြီး ကြီးမောင်(ကြေးမုံ )နာမည်နဲ့  ငွေဥဒေါင်းကြီးရေးတာ နဲ့ နောက်မေမြို့ မိုးကြည်ရဲ့  ရှေးကစာပေတိုက်ပွဲများဆိုပြီး စာအုပ် ၂အုပ်ထွက်တယ် ။
      နောက် ဗိုလ်ဗလရဲ့  လူသတ်အမတ်လုပ်သော ပါလီမန်ခေတ်ဆိုပြီး မင်းလှ၆လောင်းပြိုင်
      ဘွာနော်ရီတာ
      ရှေးကလဲစိတ်မထင်ရင်ထချကြတာဘဲ
      ခုနဲ့ ထူးပါဘူး
      ကိုယ့်စကားကိုယ်ပြန်ရုပ်သိမ်းပါတယ် ။
      လူဟာလူပါဘဲ ။
      Posted by tint oo | 30/05/2010, 17:11
  22. Hi blog owner!
    Something wrong with the comment system in the last post (Burma and WWII part 3). Please check it out.
    Posted by Nanda | 30/05/2010, 17:36
    • Yeah..
      I’m aware of that. Was hoping the problem would just go away, but it didn’t. If you are unable to leave comments, pls drop them in earlier posts.
      rgds,
      watote
      Posted by zizawa | 30/05/2010, 19:12
  23. ခြေလေးချောင်း တော်လှန်ရေးကို ဘာသာပြန်တာ သခင်ဘသောင်း၊ သခင်ဗစိန်မဟုတ်ပါ။ ပထမတခေါက်ဖတ်တော့ အမှားပြင်လိုက်တယ်။ ဒါပေမယ့် post တင်တော့ အမှန် ထွက်မလာဘူး။ ဒါကိုသည်းခံဖတ်ပေးပါ။
    Posted by watote | 30/05/2010, 22:18
    • အပိုင်း ၃မှာတော့ ၀တုတ်ပြောသလိုဘဲ ကိုယ်တို့  သိတဲ့ ထဲမှာ gap တွေရှိနေတာ တွေ့ လာရပြီ
      ဒိုင်အာခီနဲ့  ၉၁ဋ္ဌာနခေတ်မဲစာရင်းကို မသိသေးဘူး ( ရှာတော့ရမယ်ထင်တယ် )။
      ဒို့ ဗမာအစည်းအရုံးကိုတော့ စစချင်းဖွဲ့ စည်းတဲ့ အချိန်ကနေ သခင်ဘစိန်တို့  ထုတ်တဲ့  ထိကို တပိုင်း နောက်ပိုင်း ကို တပိုင်း ၂ပိုင်းခွဲစဉ်းစားရမယ်ထင်တယ် ။
      ပထမပိုင်းကတော့ အမျိုးသားရေးလှုပ်ရှားမှုသက်သက်ဘဲ ။ ဗမာတွေဆင်းရဲနေတယ် ။လူမျိုးခြားတွေနဲ့  ယှဉ်ရင်အောက်ကျနေတာ မကြိုက်ဘူး။ဒါဟာလဲ မတရားတဲ့  ကိုလိုနီအုပ်ချုပ်ရေးကြောင့်ဖြစ်တယ် ။ ဒါကြောင့် အမျိုးသားရေးလုပ်ရမယ်။( civil disobedience )ဆိုတဲ့  မူသဘောလောက်ဘဲ ရှိတယ်လို့ မြင်မိတယ်
      နောက်ပိုင်းတော့အမြင်တွေပြောင်းလာပြီး ကိုလိုနီအုပ်ချုပ်ရေးရှိနေသမျှတော့ ဗမာပြည်မထူးလာဘူး။ ဒါကြောင့်လုံးဝလွတ်လပ်ရေးက ပထမ၊နောက်မှတိုင်းပြည်ကို ကိုယ်ကြိုက်သလိုတည်ဆောက်မယ်ဆိုတဲ့  အမြင်ရှိသူတွေစုမိလာပြီး အင်အားကောင်းလာတယ်လို့ မြင်တယ်
      ဒီမှာလဲ လူစုံမို့  လွတ်လပ်ရေးရပြီးရင် တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတာကျတော့ အမြင်တွေမတူတော့ဘူး ။ ဒါဟာ လွတ်လပ်ရေးလှုပ်ရှာဒမှုမှာ ပထမကွဲလို့  မျိုးစေ့လို့ မြင်မိတယ်
      နောက်တခု
      ဗမာပြည်နိုင်ငံရေးကို စဉ်းးစားရင် အဲအချိန်က နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်နေတာ ပြည်မသက်သက်လေးဘဲ ။ ကချင်၊ချင်း၊ရှမ်းနဲ့ ကရင်နီ(ကယား) တို့ ကို တောင်တန်းနယ်ဆိုပြီး ဘုရင်ခံဒါရိုက်အုပ်ချုပ်တဲ့ ထဲထားတာ မေ့မရဘူး
      နောက်တခု အဲဒီခေတ်နိုင်ငံရေးဟာ hero-centred politics ဘဲ ဖြစ်နေသေးတာ သတိရဘို့ လိုတယ် ။
      ဒေါက်တာဗမော် ၊ ဦးစော စတဲ့  chirasmatic leaders ကို လူကြိုက်တဲ့  ခေတ်ဘဲ ။
      ဒုတိယပိုင်းမှာထဲက ရေးမလို့  ပြင်မိသေးတယ် ။ သူတို့ ၂ယောက် ပါဝါတက်လာတာဟာ ဂဠုန်သူပုန်တွေကို အခမဲ့  ရှေ့ နေလိုက်ပေးရာကနေ အဲတောရွာတွေက လူတွေရဲ့  လေးစားမှုနဲ့  လူစုမိလာတာလို့  ရေးဘို့ ဟာ အထောက်အထားထပ်ရှာနေမိလို့  ။ ခု ၀တုတ်တွေ့ တဲ့ စာနဲ့ တော့ကိုက်နေတာဘဲ
      နောက်ဆုံးတချက် သတိရတာက ဦးချစ်မောင် (ဂျာနယ်ကျော်)က သူ့ စစ်အတွင်းနေ့ စဉ်မှတ်တမ်းမှာ ရေးခဲ့တာ တခုရှိတယ် ။ နဂါးနီစာစဉ်စထုတ်တော့ သူက ပြောဘူးတာရှိတယ်တဲ့  ။ စာစဉ်ကို စာစဉ် ၁ ၊၂ ဆိုပြီး နုရာကနေ ရင့်ရာကို စဉ်ဘို့  ( correspondent course ဆန်ဆန်ပေါ့ ) အဲလိုမလုပ်ခဲ့ဘဲ အဆင်ပြေသလို ထုတ်ခဲ့ လို့ နောက်ပိုင်းမှာ ideologues တွေများလာတာလို့  သူရေးခဲ့တယ် ။ နောက်အထောက်အထားတခုကတော့ ရန်ကုန်ဘဆွေ ။ သူရေးခဲ့တဲ့ စာတွေထဲမှာ မြေအောက်အဖွဲ့ တွေ နိုင်ငံရေးသင်တန်းတက်ရတော့ သခင်သန်းထွန်းသခင်စိုးအစုတွေက ကွန်မြူနစ်သဘောတရားတွေဘဲ သင်ရပေမဲ့ သူတို့ အစု (နောင်ပြည်သူ့ အရေးတော်ပုံပါတီ )ကတော့ ဟစ်တလာရဲ့  mein kemf , Lawrence of Arabia, Personal biography of Lenin , Hitler and Churchill ပါတွဲသင်ခဲံရတယ်လို့ ဆိုတယ် ။ အဲလေ့လာမှုမတူတာဟာလဲ နောင်အခါ ကွဲပြဲဘို့  လမ်းတစဘဲ လို့ မြင်မိတယ် ။
      အချုပ်ကတော့ ဒို့ ဗမာအစည်းအရုံးဟာ စဖွဲ့  စဉ်က သာမန် အဖွဲ့ လေးကနေ စစ်ကြိုခေတ်ကျတော့ အင်အားကောင်းတဲ့ လှုပ်ရှားမှုတခုဖြစ်လာနေပြီလို့ မြင်မိတယ် ။ ဒါပေမဲ့  homogeneous organization တခုဖြစ်မလာဘဲ Pragmatists , Nationalist ,Communists and social democrats တွေ စုထားတဲ့  အဖွဲ့ တခုဘဲဖြစ်လာတယ်။ လွတ်လပ်ရေးရရမယ်ဆိုတဲ့  အချက်မှာတော့ သဘောတူကြပြီး တွဲလုပ်နေကြပေမဲ့ တခြားမူတွေနဲ့  လုပ်နည်းလုပ်ဟန်တွေ ကွဲပြားနေတဲ့ အဖွဲ့ ဘဲ ။
      ချီးကျူးစရာကောင်းတာက common goal ကို ကိုယ်တတ်နိုင်သလို ကိုသန်ရာသန်ရာလုပ်ကြပေမဲ့  တယေက်နဲ့တယောက် လေးစားမှုလေးတော့ရှိနေသေးတာကိုပါ ။
      Posted by tint oo | 31/05/2010, 08:32
      • ကိုတင့်နဲ့ ကိုမန်းကိုကို အစောပိုင်းက ပြောတဲ့ တိုင်းရင်းသားတွေ ကိစ္စကို ကျနော် နောက်ပိုင်း အပိုင်းတွေမှာ ထည့်သွားမယ်။ ဒါပေမယ့် ကျနော် ဒီအပိုင်းကို သိပ်မသိဘူး။ ခိုင်လုံတဲ့ အထောက်အထားတွေ ဘယ်မှာရနိုင်မလဲ။ နောက်အခက်အခဲ တခုက ဂျပန် ဘက်က အမြင်။ ကျနော်က ဂျပန်လို မဖတ်တတ်ဖူး။ ဂျပန်ကနေ ဗမာလို အင်္ဂလိပ်လို ပြန်ထားတာလည်း ကျနော်အများကြီး မဖတ်ဖူးဘူး။ ဂျပန်တွေက ဗိုလ်ချုပ်တို့ကို ဘယ်လို သဘောထားလဲ။ အင်္ဂလိပ်က ဂျပန်ဗိုလ်ချုပ်တို့ပေါ်ထားတဲ့ သဘောထားကို ခန့်မှန်းထားတာတွေတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဆက်စဉ်းစားစရာ ရအောင် ၀င်ဆွေးနွေးပေးတာ ကျေးဇူးပါ။
        Posted by zizawa | 31/05/2010, 13:45
      • ဟုတ်တယ် ။
        ခုလိုတကယ်ချကြည့်တော့မှ ကျွန်တော်တို့ သိထားရတာတွေဟာ မပြည့်စုံတာ ပိုပေါ်လွင်လာတယ် ။
        ဂျပန်ထိပ်တန်းခေါင်းဆောင်တွေရဲ့  သဘောထားကို သိရဘို့ တော့ ခက်မယ် ။ တကယ်ကျတော့ ဗမာပြည်စစ်မျက်နှာက Imperial Army HQ ကဒါရိုက်ကိုင်တာ မဟုတ်ဘူး ။ တောင်ပိုင်းအာမီရဲ့ အခွဲလေးတခုသာဖြစ်နေတယ် ။ အဲအချိန်မှာ ဆက်ဆံနေရတာ အလတ်တန်းစားအဆင့်လောက်ရှိတဲ့  staff officers တွေလောက်ဘဲ ။
        တကယ်လက်ပွန်းတတီး ဗမာတွေနဲ့  ထိတွေ့ ရတာက တပ်ကြပ်ကြီးအဆင့်လောက်နဲ့  အရေးပေါ်ဆွဲခန့် ဗိုလ်အဆင့်လောက်ဘဲရှိတယ် ။ သူတို့ ကလဲ နေ့ စဉ်မှတ်တမ်းတော့ရေးတတ်တဲ့ သူတွေမဟုတ် ။
        ခုဘဲ စာအုပ်တအုပ်ဖတ်နေမိတာ their darkest hour
        http://www.amazon.co.uk/Their-Darkest-Hour-People-Extreme/dp/0091917573
        အဲမှာ ဂျပန်စစ်ရာဇ၀တ်မှုတချို့ ပါတယ် ။
        ဗမာပြည်အကြောင်းက ဂျပန်အမြင်နဲ့  ရေးတာ မတွေ့ မိသေးဘူး
        ဂျပန်ခေတ်စစ်ပညာတော်သင်တွေ ဗိုလ်မှူးကြီးဟောင်းတင်မောင် ၊ ဒုဗိုလ်မှူးကြီးသောင်းထိုက်နဲ့  ဗိုလ်ဥာဏ်မောင်တို့ ရဲ့  အရေးအသားကတော့ ဂျပန်သဘောထားနဲ့  လက်အောက်ခံကိုဆက်ဆံပုံတချို့  ရိပ်မိနိုင်မယ်ထင်တယ် ။
        Posted by tint oo | 31/05/2010, 16:41
    • 1886-1937 *
      မှားရိုက်မိတာ
      ဗမာ့ထွက်ရပ်ဂိုဏ်းဆိုလို့ 
      တချိန်ကလေ့လာမှုနဲနဲလုပ်ဘူးတာတော့ ရှိတယ်
      ဗိုလ်တာရာနဲ့  ဆက်စပ်နေတဲ့  ထွက်ရပ်ပေါက်ဘိုးတော်တွေကိုပါ
      ဘိုးဘိုးအောင်၊ဘိုးမင်းခေါင်တို့ ကိယ်တိုင်တောင် ပါးစပ်ရာဇ၀င်ထက်ပိုတဲ့  အထောက်အထားရှာမရခဲ့ဘူး
      အထောက်အထားခိုင်မာတာ ဘားမဲ့ ဆရာတော် ( အနောက်ဘက်လွန်ခေတ်) ဘဲ ရှာတွေ့ တယ် ။
      နောက်တယောက်လောကီပညာတွေကို တတ်ကောင်းတတ်နိုင်တယ်လို့  ယူရင်ရနိုင်သူက ဓမ္မစေတီမင်းဘဲ ။
      Psychologically တော့ ဗမာပြည်မှာဘိုးဘိုးအောင်နဲ့  စကြာမင်းဟာတော်တော်လေးလွှမ်းမိုးခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါ ။
      ဗိုလ်မိုးကြိုး (ဗိုလ်မှူးကြီးစူဇူကီး)
      ဗိုလ်စကြ်ာ(သခင်အောင်သန်း )
      ဆိုတဲ့ ဗိုလ်နာမည်ယူပုံကိုက ရဲဘော် ၃ကျိပ်ထဲထိ ဒီလွှမ်းမိုးမှုရှိနေတယ်လို့  ယူဆရပါတယ် ။
      ရှေ့ ကရေးဘို့ စဉ်းစားပြီး
      တော့ပစ်ချော်မှာစိုးလို့ ချန်ပစ်ခဲံ့တာ ခု ၀တုတ်အစဖေါ်ပေးလို့  ထည့်ပြောရအုံးမယ်
      အများအယူအဆမှာဆရာစံဟာ အဲလိုလောကီပညာတွေကိုစိတ်ဝင်စားတယ်လို့  ယူဆကြတယ်
      အဲဒါကို သိပ္ပံမြင့်ဦးက သူ့ ရဲ့ ခရီးသွားဆောင်းပါး မသေ၍တွေံရသော တိုက်ပွဲဝင်အာဇာနည်အဘတို့ ဆီမှာငြင်းပါယ်ထားတာ တွေ့ ဘူးပါတယ် ။ ၁၉၇၀၀န်းကျင်မှာ အရေးတော်ပုံတပ်သားဟောင်းတွေကို ပြန်တွေ့ မေးထားတာပါ
      အဲကနေ နောက်တော့ ပေဖူးလွှာ နောက်တကြော့ပြန်အထုတ်( ၁၉၈၆လောက်မှာ) ဗိုလ်စိန်ကတုံးဆိုပြီး အရေးတော်ပုံတပ်ဗိုလ်ဟောင်းကြီးတယောက်ကို ပြန်မေးခန်းမှာ အဲအပြီးအစီးတွေကို ထည့်ရေးထားတာတွေ့ တော့ စိတ်ကုန်မိတာ မှတ်မိသေးတယ် ။
      Posted by tint oo | 31/05/2010, 17:38
  24. ကျနော် အလုပ်လုပ်လို့မရတော့ဘူး😦
    စာတွေ ဖတ်လို့ကောင်းလို့ ဟီးဟီး။
    အပိုင်း ၃ သွားလိုက်ဦးမယ်
    ကျေးဇူး
    Posted by ဇေယျာ | 31/05/2010, 09:26
    • again, that sort of comments justifies the effort…
      watote
      Posted by zizawa | 31/05/2010, 13:21
    • ကိုဇေယျာ
      တတ်နိုင်သလောက်လဲ ၀င်ဆွေးနွေးပါ
      Posted by tint oo | 31/05/2010, 16:42
      • ဟုတ်ကဲ့ ဦးတင့်
        ခုထိတော့ မျက်စိပြူးပြီး ဖတ်နေရတုန်းပဲ။ ပြောနေကြတဲ့ အထဲမှာ ကိုယ်သိတဲ့ဟာလေးတွေက ဟိုတစ်စ ဒီတစ်စ ညပ်ညပ် ပါလာနေတာလောက်ကိုပဲ မဆိုးဘူးလို့ ဂုဏ်ယူနေမိတာ။ ဟီးဟီး။
        ဒါနဲ့ အပိုင်း ၃ ရဲ့ commnet တွေဖတ်ချင်တယ်။ လုပ်ပါဦး။
        Posted by ဇေယျာ | 01/06/2010, 05:02
      • ဇေယျာ // 01/06/2010 at 05:02
        ဟုတ်ကဲ့ ဦးတင့်
        ခုထိတော့ မျက်စိပြူးပြီး ဖတ်နေရတုန်းပဲ။ ပြောနေကြတဲ့ အထဲမှာ ကိုယ်သိတဲ့ဟာလေးတွေက ဟိုတစ်စ ဒီတစ်စ ညပ်ညပ် ပါလာနေတာလောက်ကိုပဲ မဆိုးဘူးလို့ ဂုဏ်ယူနေမိတာ။ ဟီးဟီး။
        me too🙂
        Posted by Rita | 02/06/2010, 02:48
  25. ကိုဝတုတ်ရဲ့ တိုင်းရင်းသားအကြောင်းတွေထည့်ပေးဖို့ ဆန္ဒရှိလို့ဝမ်းသာပါတယ်။
    ပြဿနာက တိုင်းရင်းသားတွေက စာအုပ်စာတမ်းသိပ်မရှိဖူးဗျ။ ပြည်တွင်းစစ်မှာ ဖွတ်ဖွတ်ညက်ညက်ကြေအောင် အထောင်းခံကြရတာ ခုဆို ထားဝယ်က အစပြုခဲ့တဲ့ ၉-၁၀ တန်းအထိစာတွေ အဲဒီကတစ်ဆင့် ပုံနှိပ်တိုက်တွေပေါ်ခဲ့ရာက ထုတ်လုပ်ခဲ့တဲ့စာအုပ်တွေ အများကြီးရှိမှန်းသိပေမယ့် ခုထိကျနော်လက်လှမ်းမမှီသေးဘူးဗျ။ ကိုသာဖြူကျောင်း မီးရှို့ခံခဲ့ရတာက တစ်ကြောင်းပေါ့။
    တိုင်းရင်းသား first generation ခေါင်းဆောင်တွေလည်း ကုန်သလောက်ရှိပြီဆိုတော့ second generation ခေါင်းဆောင်တွေနဲ့ secondary source, oral history တွေကိုပဲ professional ဆန်ဆန် စုစည်းနိုင်ဖို့ကတော့ အချိန်ယူရပါအုံးမယ်။ နောင်မှလုပ်နိုင်မယ့်ကိစ္စမို့ လောလောဆယ် တိုင်းရင်းသားတွေအကြောင်း ဖြုတ်ထားတယ်မဟုတ်ပေမယ့် လက်လှမ်းမှီသလောက်သာ လုပ်ထားဖို့အကြံပြုထားလိုပါတယ်။ (မေဂျာစီးဂရင်းအကြောင်းမှာတော့ အနည်းအကျဉ်းတွေ့နိုင်ပါမယ်။ စာအုပ်အမည် မမှတ်မိတော့ပါ။)
    ဂျပန်ကဏ္ဍကိုတော့ ကိုဝတုတ်ပြောမှပဲ သတိထားမိတော့တယ်။ နံမည်မေ့နေတဲ့ မြန်မာဘာသာပြန်တစ်အုပ်ပဲ ဖတ်ဖူးပြီး တပ်ဆုတ်မှတ်တမ်းသဘောမျိုးသာ ဖြစ်ပါတယ်။
    ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ်ဆိုပြီး အဖျားရှူးသွားသလိုဖြစ်နေရင်တော့ ဆောရီးဗျာ၊ ကျနော့်မှာ အုတ်မြစ်ချဆဲ အခြေအနေမှာမို့ပါ။
    Posted by မန်းကိုကို | 31/05/2010, 15:04
    • အဲဒီပြသနာကို တွေးမိပါတယ် ။
      ခက်တာက
      ဒါက တတိုင်းပြည်လုံးရဲ့  လက္ခဏာတခုဘဲ
      မှတ်တမ်းကို ရေးသင့်တယ် ၊ သိမ်းသင့်တယ်ဆိုတဲ့  အချက်ကို လူတိုင်းမေ့နေကြတယ် ။
      ကျွန်တော်ကိုယ်တိုင်လဲ ခုထိဒီလိုဘဲ
      တိုင်းရင်းသားတွေဆိုတာက သူတို့ နဲ့ ထိတွေ့ ရတာက ၁၉၈၆လောက်ကနေ ၃၇လောက်ထိ အင်္ဂလိပ်တွေဘဲဖြစ်နေတယ်
      Kingdom Ward http://www.wisdom-books.com/Author.asp?AUTH=Kingdom+Ward%2C+Frank ရဲ့  စာအုပ်တွေမှာ တချက်ပြန်ရှာကြည့်အုံးမယ်
      နောက်တခုက missionaries တွေဘဲ
      သူတို့ ရေးသားချက်ကျတော့ အကုန်အမှန်ယူမရပြန် ။ တော်တော်လေးပြန်စီစစ်ရမယ်ထင်တယ်
      Collis’ Lords of Sunset ကိုဒီရက်ထဲပြန်ဖတ်မယ်
      (ခက်တာက စာအုပ်က အီးဘွတ် ၊ နောက် ၄ရက်ကို အလုပ်ထဲမှာဘဲ ကွန်ပြူတာရမယ်ဆိုတော့ ဘယ်တော့ပြီးမယ်မသိတော့ ) 😛
      Posted by tint oo | 31/05/2010, 16:52
  26. ဂျပန် နိုင်ငံဖက်က အမြင်နဲ့ပတ်သက်ရင် ဂျပန်ခေတ်လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ကျိုတို တက္ကသလိုလ်မှာ scholar အနေနဲ့ လာနေစဉ်အတွင်း ပြုစုသွားတဲ့စာတမ်းထဲမှာ ပါတယ်လို့ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ မဖတ်ဖူးပါဘူး။ တကယ်လို့ ၀တုတ်ဆီမှာ ဂျပန်လိုရေးထားတဲ့ reference တစ်ခုခုရှိတယ် ဘာသာပြန်ဖို့လူလိုတယ်ဆိုရင် ကျနော် တခုခုကူညီနိုင်မယ်ထင်ပါတယ်။ ကိုယ်တိုင်တော့ conversational level လောက်ပဲ နားလည်တယ်။ Japanese literature နဲ့ပတ်သက်လို့တော့ အတော်ပိန်းတယ်ပြောရမယ်ထင်တယ်။ ဒါပေမယ့် အခြားနားလည်သဘောပေါက်သူတွေကို အကူအညီတောင်းပေးပါ့မယ်။ စာတမ်း သို့မဟုတ် reference တခုခု လက်လှမ်းမှီရာမှာရှိနေတယ်ဆိုရင် ပြောပါ။ website link or PDF or scanned file တခုခုရှိရင် ကျနော်ကြိုးစားကြည့်ပေးပါမယ်။
    Posted by Nanda | 31/05/2010, 18:37
    • ခုလို ကမ်းလှမ်းတာ ကျေးဇူးလှိုက်လှိုက်လှဲလဲတင်ပါတယ် ကိုနန္ဒရေ။ ဂျပန်ကနေ ဗမာပြန်စာအုပ်တအုပ် ကိုယ်ပိုင်ရှိပါတယ်။ နောက်အင်္ဂလိပ်လို ဘာသာပြန်တွေ ဖတ်ရရင် မဆိုးဘူး။ ဂျပန်တွေက စင်္ကာပူကို သိမ်းနိုင်တာကို ပိုဂုဏ်ယူပုံရတယ်။ အင်္ဂလိပ်လို ဘာသာပြန်တွေမှာ စင်္ကာပူနဲ့ မလေးကို သိမ်းတုန်းက အကြောင်းတွေ ပိုတွေ့ ရသလိုပဲ။
      Hugh Tinker နဲ့အတူ ဂျပန်မှာ သုတေသန လုပ်ထားတဲ့ ဒေါ်စုစာတမ်းလည်း ကြားဖူးပါတယ်။ ဒါပေမယ့် Tinker ရဲ့ စာအုပ်ထဲမှာ ပါသလားလို့။ (ကျနော် သေချာမသိပါ။) JSTOR ထဲမှာလည်း တော်တော်များများ ရှိပါတယ်။ ခုမထင်မှတ်ဘဲ ဒီအကြောင်းကို စလိုက်တာ ရေးရင်းနဲ့ ပိုပိုပြည့်စုံအောင် လုပ်ချင်လာတယ်။ အစောပိုင်းက ရေးတဲ့ထဲမှာ စိတ်တိုင်းမကျတာတွေပါတယ်။ စာလုံးပေါင်း၊ ၀ါကျအထားအသို၊ အကြောင်းအရာ အချိတ်အဆက်၊ စကားလုံး အသုံးအနှုံး၊ အချက်အလက် မသေချာမှု အစုံပါပဲ။ ဒါပေမယ့် ခုပြောချင်တဲ့ အကြောင်းပြီးရင် သေချာပြန်ပြင်မယ် စိတ်ကူးထားတယ်။ ဥပမာ ဗမာ့ ထွက်ရပ်ဂိုဏ်းကိုဖွဲ့ တော့ သခင်နဲ့ ဓားမနှစ်ခုပဲ ပါတယ်လို့ ဦးနုကရေးတယ်။ ဒို့ဗမာ အစည်းအရုံးသမိုင်းမှတော့ ငါးပွင့်ဆိုင်ပါ ပါတယ်ပြောတယ်။ နောက်ကျနော် မှားရေးထားတာ တခုက ဒေါက်တာသိန်းမောင်က ငါးပွင့်ဆိုင်က ဒို့ဗမာအစည်းအရုံးနဲ့ မပတ်သက်ဖူး။ သေချာ ပြန်စစ်တဲ့ကြားက တချို့ အမှားတွေ လွတ်သွားတယ်။
      ဘာပဲဖြစ်ဖြစ် သည်းခံဖတ်ပေးပြီး အကြံပြုကြတာအတွက် ကျေးဇူးတင်ပါတယ်။ ရေးမယ်ဆို ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပါလီမန် ဒီမိုကရေစီခေတ်ရော၊ နောက်ခု cease-fire အဖွဲ့တွေနဲ့ ပတ်သက်တာတွေရော အများကြီး ရေးချင်စရာပါ။ တကယ်ရေးဖြစ် မဖြစ်တော့ မပြောတတ်သေးပါဘူး။
      Posted by zizawa | 31/05/2010, 19:10
  27. Prof. Kei Nemoto ဟာ တိုကျို တက္ကသိုလ်မှာ Burma expert အနေနဲ့လူသိများပါတယ်။ သူရေးတဲ့စာအုပ် ခေါင်းစဉ် “The locked away dreams of Burmese independence” ကတော့ ဦးအောင်ခင် ကိုးကားရေးသားဖူးတယ်ထင်တယ်။ သူ့ information ရှာကြည့်ရင်း Kyoto university archive ထဲကနေ Mary Callahan ရဲ့ Violence, warfare and politics in Colonial Burma ဆိုတဲ့စာတမ်း ရဲ့ pdf link ကိုတွေ့လို့ လိုရမယ်ရ ကူးလာပေးလိုက်ပါတယ်။
    http://www.cseas.kyoto-u.ac.jp/seas/39/4/390405.pdf
    Posted by Nanda | 31/05/2010, 19:04
    • Mary Callahan စာတမ်းက သူ့ရဲ့ Making Enemies ထဲမှာပါပါတယ်။ ကျနော့်မှာ ရှိပါတယ်။ ကျေးဇူးပါ။ Kei နဲ့လည်း လူချင်းခင်ပါတယ်။
      Posted by zizawa | 31/05/2010, 19:16
  28. ကောင်းလေစွဗျာ။ Kei နှဲ့ရင်းနှီးသူကိုမှာ သွားကမ်းလှမ်းမိတော့ မိကျောင်းမင်းရေခင်းပြမိသလိဲု ဖြစ်သွားလို့ နဲနဲတောင် ရှက်သလိုလိုပဲ။ အခု ၀တုတ်က အရေးအသားနဲ့ပတ်သက်လို့ပြောလာတော့မှ မထူးဇတ်ခင်းပြီးနည်းနည်းနှမ်းဖြူးကြည့်အုံးမယ်။ အစကတော့ ကိုယ့်ဖာသာပဲ နားလည်ယူလိုက်တာ။ သိပ်မသေချာမှာစိုးလို့ပြန်မေးတာပါ။
    ((ဒေါက်တာဘမော်တို့၊ ဦးစောတို့ရဲ့ ပါလီမန် လခစား နိုင်ငံရေးကို တိုက်မယ်လို့ပြောပြီး တဘက်မှာ ကိုယ်ကိုယ်တိုင်ကျတော့ ရွေးကောက်ပွဲ ၀င်ဖို့ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို နားလည်ရ ခက်တယ်။))
    အဲဒါကို ဖတ်ဖတ်ချင်း ဒေါက်တာဘမော်၊ဦးစောတို့က အင်္ဂလိပ်တွေ ချပေးထားတဲ့ လခစားပါလီမန်စံနစ်ကို တိုက်တာလား၊
    ဒေါက်တာဘမော်၊ ဦးစောတို့ချမှတ်ထားတဲ့ လခစားပါလီမန်ကို ဒို့ဗမာအစည်းအရုံးက တိုက်တာလားလို့ ရုတ်တရက် ဇဝေဇ၀ါဖြစ်သွားတယ်။ ကိုယ့်ဖာသာပဲ ပထမအချက်ဖြစ်မယ်လို့ ဆက်စပ်နားလည်ယူလိုက်တယ်။
    Posted by Nanda | 31/05/2010, 19:33
    • That’s my fault, sir. အဲဒိစာပိုဒ်က နည်းနည်းကြောင်တယ်။ ကျနော်ပြောချင်တာက ဒို့ဗမာ အစည်းအရုံးက ၉၁ ဌာနအုပ်ချုပ်ရေးကို လက်မခံဘူး။ လုံးဝလွတ်လပ်ရေးပဲ လိုချင်တယ် ပြောတယ်။ လုံးဝလွတ်လပ်ရေးကို ပါလီမန်အတွင်းအပြင် ပူးသတ်မယ်ဆိုတဲ့ အယူအဆ ဒို့ဗမာ အစည်းအရုံးထဲ ဖြစ်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ဆုံးဖြတ်တယ်။ အဲဒိဆုံးဖြတ်ချက်ကို နားလည်ရခက်တယ်လို့ ကျနော်ပြောချင်တာပါ။ ရှေ့ နောက် မညီဘူးထင်တယ်။ ဒို့ဗမာ အစည်းအရုံးကိုယ်တိုင်က ရွေးကောက်ပွဲမ၀င်ဘူး။ ဒါပေမယ့် သူ့လက်အောက်မှာ ကိုယ့်မင်းကိုယ်ချင်ဆိုပြီး အဖွဲ့ပွားရှိတယ်။ ရွေးကောက်ပွဲဝင်တော့ အဲဒိကိုယ့်မင်းကိုယ့်ချင်း နံမယ်နဲ့ဝင်တာ။ ၂၈ နေရာမှာ ၃ နေရာပဲ ရတယ်။ သခင်မြ၊ သခင်အံ့ကြီး နောက်တယောက်ကို ချက်ချင်း အမှတ်မရဘူး။ ရွေးကောက်ပွဲ ၀င်ပင်ဝင်သော်ငြားလည်း အမတ်လစာ မယူရဘူးလို့ စည်းကမ်းချထားတယ်။ ဆိုတော့ ၉၁ ဌာနအတွက် ရွေးကောက်ပွဲ ၀င်တာကို လုံးလုံကြီးးအပြစ်တင်လို့တော့ မရဘူး ထင်ပါတယ်။
      Posted by zizawa | 31/05/2010, 20:15
  29. ဦးစောနဲ့ မတွေ့ဘဲ ဘာ့ကြောင့်ဒေါက်တာ ဘမော်နဲ့တွေ့လဲ။ ဒါလည်း စဉ်းစားစရာပဲ။
ဲအချက်မှာတော့ လူနဲ့ မဆိုင်လို့ မြင်မိတယ် ။ အခြေအနေအရလို့  မြင်တယ် ။အဲဒီအချိန်မှာ ဦးစောက ရာထူးလက်ရှိ နန်းရင်းဝန်လေ
    နောက်တော့ ဘိလပ်သွားဦးစောဖြစ်ပြီးအဲကနေ ယူဂန္ဒာကိုတန်းပို့ ခံနေရပြီ ။ ပထမပိုင်းမှာ အာဏာလက်ရှိ( သခင်တွေနဲ့  ဓါးမတွေကို ထောင်ထဲထည့်နေတဲ့ အစိုးရ)ဖြစ်နေပြီး နောက်ကျတော့ သူက နိုင်ငံအပြင်မှာလေ။
    အဲဒီအချိန်မှာ စစ်သဘောဆောင်လာသော တပ်တွေက ၀ါးရင်းတုတ်တပ်တခုထဲမဟုတ်ပါ ။ ဒေါက်တာဗမော်က ဒါးမတပ် ၊ သခင်တွေကလဲ လက်ရုံးတပ်၇ှိနေတာဘဲလေ ။
    Posted by tint oo | 31/05/2010, 20:10
  30. နောက်တချက်က သခင်တွေနဲ့ ဦးစောမတည့်သလိုဘဲ ။သခင်ချင်းမတည့်တာတွေလဲ ပြင်းထန်တာတွေရှိနေတာကို သတိရမိတာလေးဖြည့်ချင်တယ်
    ဇလွန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင် သခင်ဘစိန်ရဲ့ အဖွဲ့ ဝင်တယောက်က ၀င်ရိုက်လို့ ခေါင်းကွဲဘူးတာလေ ။
    (သခင်တင်မြ ဘုံဘ၀မှာဖြင့် )
    Posted by tint oo | 31/05/2010, 20:14
    • ဦးစော ယူဂန္ဓာအပို့ခံရတာက ပုလဲဆိပ်ကမ်း ဗုံးကြဲခံရတဲ့ အဖြစ်အပျက် အပြီးကျမှ ဖြစ်တယ်။ ၁၉၄၁ ဒီဇင်ဘာ နောက်ပိုင်းကျမှ သူ့ကို ဂျပန်နဲ့ဆက်လို့ အင်္ဂလိပ်ကဖမ်းပြီး ပို့လိုက်တာ။ ဒါပေမယ့် အစောပိုင်းမှာ သူဟာ နန်းရင်ဝန်ဖြစ်နေလို့ ဗိုလ်ချုပ်တို့ မတွေ့တာထက် ကျနော် footnote မှာရေးခဲ့သလို ဂဠုန်တပ်နဲ့ သခင်တွေနဲ့ တိုက်ပွဲက ပိုပြင်းထန်တယ်။ ဓားမနဲ့က ဒီလောက်မဟုတ်ခဲ့ဘူး။ ပြောခဲ့သလို အတွင်းဝန်များရုံးကို ၀င်စီးတုံးက ဒေါက်တာဘမော်အစိုးရလက်ထက် ဖြစ်တဲ့အတွက် သူနဲ့ လည်း တည့်တာ မဟုတ်ပါဘူး။
      Posted by zizawa | 31/05/2010, 20:23
    • ဦးစော ကိစ္စနဲ့ ပတ်သက်ပြီး ဒို့ဗမာအစည်းအရုံး သမိုင်းမှာ ရေးထားတာက (စာ ၅၂၃) ဗမာ့ထွက်ရပ်ဂိုဏ်းက ဦးစောကိုလည်း အဖွဲ့ထဲပါဖို့ ဖိတ်တယ်ဆိုတယ်။ တခါ ရဟန်းပျို အဖွဲ့က လွတ်လပ်ရေး အတွက် တမျိုးသားလုံး ပါဝင်ကြဖို့ ၁၉၄၀ စက်တင်ဘာမှာ နိုင်ငံရေး အဖွဲ့အသီးသီးကို ဖိတ်ခေါ်တယ်။ ဒို့ဗမာ အစည်းအရုံး၊ ဆင်းရဲသားပါတီနဲ့ ဂျီစီဘီအေ လက်ဟောင်းကြီးတွေ အားလုံး ဒီဖိတ်ခေါ်ချက်ကို လက်ခံပြီး လက်မှတ်ထိုးတယ်။ ဂဠုန် အဖွဲ့ (မျိုးချစ်အဖွဲ့) ကတောင် ရဟန်းပျိုအဖွဲ့တိုက်တွန်းချက်ကို လက်ခံ သဘောတူတယ်။ ဦးစောက သူတဦးတည်းဆန္ဒအရ လက်မှတ်မထိုးခဲ့ဘူး။ အကြောင်းပြချက်က ဗမာပြည် လွတ်လပ်ရေးကို သူတယောက်ထဲ ရအောင်တောင်းမယ်ဆိုပြီး မထိုးဘူးလို့ စာအုပ်ထဲမှာ ရေးထားတယ်။ ရတယ်။ ဗမာပြည်ကို ဒိုမီနီယံ အဆင့်ပေးရေးအတွက် ချာချီနဲ့ဆွေးနွေးရ အောင် အင်္ဂလန်သွားတယ်။ ချာချီက အတွေ့မခံဘူး။ အဲဒါနဲ့ Atlantic Charter ကို လောလောလတ်လတ် ထုတ်ထားတဲ့ ရူးစဗဲ့ဆီကနေ အင်္ဂလိပ်အစိုးရကို သွယ်ဝိုက်ပြီး ကိုယ်လိုချင်တာတောင်းကြည့်မယ်ဆိုပြီး အင်္ဂလန်က အထွက်မှာ အမေရိကန် ၀င်တယ်။ ရူးစဗဲ့ကလည်း တရုတ်ကိစ္စကြောင့်သာ ဗမာပြည်ကို စိတ်ဝင်စားတာ ဖြစ်ပြီး ရူးစဗဲ့နဲ့လည်း တွေ့ခွင့်မရဘူး။ ဆန်ဖရန်စ္စကိုကနေ ဟိုင်ဝါယီ ဘန်ကောက်က တဆင့် ဗမာပြည်ပြန်ဖို့ စီစဉ်ထားရာမှာ သူဟာ ဒီဇင်ဘာလ ၈ ရက် (ပုလဲ ဆိပ်ကမ်း ဗုံးကြဲခံရပြီး နောက်တရက်)မှာ တိုက်တိုက်ဆိုင်ဆိုင် ဟိုင်ဝါယီကိုရောက်တယ်။ အဲဒါနဲ့ သူဟာ ဥရောပ ဘက်နေ ဖြတ်ပြန်ဖို့ ခရီးစဉ်ပြန်ဆွဲရတယ်။ ပေါ်တူဂီရောက်တုန်း ဂျပန် ကောင်စစ်ဝန်နဲ့ ၀င်တွေ့ရာမှာ အင်္ဂလိပ်ထောက်လှမ်းရေးက သိပြီး လမ်းမှာဘဲ ဖမ်းပြီး ယူဂန္ဓာကို လေးနှစ်ပို့ထားလိုက်တယ်။) British Library က မှတ်တမ်းတွေ အရ ဦးစော အဖမ်းခံရတဲ့ နေ့အတိအကျက ၁၉၄၂ ဇန်န၀ါရီ ၁၈ ရက် (ပြောခဲ့သလို ပုလဲ ဆိပ်ကမ်း ဗုံးကြဲခံရပြီး တလကျော်အကြာ)မှာ ဖြစ်တယ်။
      Posted by zizawa | 01/06/2010, 10:12
  31. http://shwezinu.blogspot.com/2010/04/blog-post_4208.html
    အင်္ဂလိပ် အစိုးရခေတ်၊ ငါးပွင့်ဆိုင်ပါတီ ဟူ၍ ပေါ်လာပြီးနောက် ဂဠုံဦးစောအစိုးရလက်ထက်၌ ၀ါးရင်းတုတ် တပ်သားများ ဖွဲ့ပြီး သခင်အသင်းဝင် နိုင်ငံရေး သမားများအား အင်္ဂလိပ် အစိုးရ အလိုကျ နှိမ်နင်းကြရာတွင် သူက သခင်ဆိုသော်လည်း ဂဠုံဦးစောဘက်က သခင်ဖြစ်၍ ပုသိမ်မှာ အမတ် ဦးအောင်သာတို့နှင့် ရောမိသည်။ ပုသိမ် သို့ ညီလာခံ တရား ဟောလာသော သခင်ကိုယ်တော်မှိုင်း ကြီးကို ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကားလိုက်ဘူးသူ ဟူ၍လည်း ဗမာ့ခေတ် အလုပ်တိုက် ရုံးခန်းက သခင်ဗအေး က ပြောပြသဖြင့် (နောက်မှသိရသည်) ၎င်းဂဠုံဦးစော ခေတ် ဆီတုံးက ပုသိမ် မှ သခင်ကိုယ်တော်မှိုင်းအား ထိပါး စော်ကား ခံရသော သတင်းမှာ သတင်းစာတွေထဲ၌ အထင် အရှား ဖတ်လိုက်ကြရဘူးပါသည်။ သို့ရာတွင် ဘယ်သူဘယ်ဝါရယ်လို့ မသမိမမှတ်မိဘဲ ယခုမှ သိရ ခြင်း ဖြစ်ပါသည်။
    Posted by Bo Bo | 31/05/2010, 22:56
  32. ကြားထဲ သိချင်ထားတာလေး သတိရတုန်း မေးထားလိုက်ဦးမယ် အဆင်ပြေမှ ဖြေကြပါ။😀
    Rohingya ဆိုတာပါ။ တစ်ခါမှ မကြားဖူးဘူးလိုပဲဗျ။ ဘယ်ကဘယ်လို ပေါ်လာတာလဲ မပြောတတ်ဘူး။ အရင် တခြား မြန်မာ နာမည်များရှိသလား။
    ကျေးဇူး
    Posted by ဇေယျာ | 01/06/2010, 05:25
  33. http://books.google.com/books?id=YPzjT9y_fdsC&pg=PA394&lpg=PA394&dq=minami+kikan&source=bl&ots=osAGH4yG9-&sig=UGEuSLEPUNIGxhHSRptV6FMwQy0&hl=en&ei=l64ETI-GLZTw0gTZ86nMAw&sa=X&oi=book_result&ct=result&resnum=5&ved=0CCQQ6AEwBA#v=onepage&q=minami%20kikan&f=false
    အဲလင့်မှာတခါထဲ စာမျက်နှာမှတ်ပြီးသား
    ဖတ်ကြည့်လိုက်လေ
    Posted by tint oo | 01/06/2010, 07:35
    • Thank you, sir…
      ကိုဇေယျာရေ၊ ဂျပန်က သမိုင်းဆရာ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာတွေအကြောင်း စာရေးထားတာ အရင်က ဖတ်ဖူးတယ်။ ဒါပေမယ့် သူ့ thesis ကို ရိုဟင်ဂျာတွေက သဘောမတူကြဘူး။ အဲ့သလောက်ပဲ သိတယ်။ ဒေါက်တာအေးချမ်းစာ အင်တာနက်ပေါ် ရှာလို့ရမယ်ထင်ပါတယ်။
      Posted by zizawa | 01/06/2010, 07:53
  34. ရိုဟင်ဂျာဆိုလို့ တစ်ခုဖြည့်ချင်တယ်ဗျာ။
    ကြားခဲ့ရတာက ၁၉၈၀ ကျော်တွေဆိုတော့ ၇၀ ခုနှစ်ကျော်တွေကအဖြစ်ပျက်တွေလို့ ဆိုရမယ်ထင်ပါတယ်။
    တပ်ကနေ အငြိမ်းစားယူပြီး ကရင်ပြည်နယ်မှာ အခြေချနေတဲ့ တပ်ကြပ်ကြီးတစ်ဦးက ကျနော့်သူငယ်ချင်း အညာသားစပ်နဲ့ ကျနော် မဆလ အမာခံ မို့လို့ပြောခဲ့တဲ့ စကားပါ။
    မှတ်မိသလောက်ကတော့ သူတို့တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ်မှာ ကုလားတွေကို ကောင်းကောင်းနှိပ်ကွပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ရိုဟင်ဂျာလို့ မသိခဲ့ကြသေးပါဖူး။ နေ့အချိန်မှာတော့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့တပ်မတော်သားတစ်ဖြစ်လဲတွေ ညအချိန်ကျတော့ ရွာအစွန်အဖျားတွေမှာနေတဲ့ ကုလားတွေကို မိသားစုလိုက် အစပျောက် ဖျောင်ပြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မှတ်ချက်တော့ မပေးလိုတော့ပါ၊ ကြားနာသူတွေသာ ဆုံးဖြတ်ကြပါ။
    သေချာတာတစ်ခုကလည်း အခုဆွေးနွေးနေသူအားလုံး မြန်မာပြည်ပြင်ပမှာ ရောက်နေသူတွေချည်းမို့ တိုင်းရင်းသား၊ နိုင်ငံသားကိစ္စတွေ ခွဲခြားမြင်မိကြမယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ သူတို့ကို နိုင်ငံသားလို့ပဲမြင်ပါတယ်။
    သူတို့အခွင့်အရေးအတွက် ကျနော်ရှေ့ထွက်ဖို့လိုရင် ထွက်မယ်လို့ဆုံးဖြတ်ထားပါတယ်။ နယ်တွေမှာ ကုလားနဲ့ တရုပ်တွေ ဘယ်လိုဖိနှိပ်ခံရသလဲဆိုတာ တွေ့ရှိကိုယ်ချင်းစာခဲ့မိပါတယ်။ သူတို့ရဲ့ မကောင်းတဲ့အပိုင်းတွေရှိရင် မျှတတဲ့ဥပဒေတွေကနေတစ်ဆင့်ပဲ သွားရမယ်လို့ ယူဆပါတယ်။
    Posted by မန်းကိုကို | 01/06/2010, 10:42
  35. ကိုဝတုတ်ရေ၊ အမှတ်တမဲ့နဲ့ Burma campaign မှာ မဟာမိတ်နဲ့ ဂျပန်တွေရဲ့ ကျဆုံးစာရင်းသွားတွေ့လို့ သိမယ်ထင်ပေမယ့် ကျန်များသွားမလားလို့ လိပ်စာထည့်ပြလိုက်ပါတယ်။ . (အင်္ဂလန်ကနဲ့ ၀င်ပုံတူပါမလားတော့ မသိပါ၊)
    ကလေးကလား (ကိုယ့်အတွက်တော့ ချွေးပြန်စရာ) အိမ်စာလေးတွေရှိလို့ သွားအုံးမယ်ဗျို့။
    Posted by မန်းကိုကို | 02/06/2010, 11:03
  36. Still the comment system in the new post doesn’t work.
    The statement regarding Kuomingtang shed me a light on my wrong perception about it. I didn’t know the Kuomingtang received help from Soviet. I was overwhelmed by the facts that Kuomintang got helps from CIA and as a result they even invaded northern Shan state, leading to the case being raised at UN security council at that time.
    Posted by Nanda | 02/06/2010, 19:36
  37. Oh ya, I misread Comintern (ကွန်မင်တန်) as KMT. But, coincidently, history of KMT in Wiki also says – In 1920, Sun and the KMT were restored in Guangdong. In 1923, the KMT and its government accepted aid from the Soviet Union after being denied recognition by the western powers. Soviet advisers – the most prominent of whom was Mikhail Borodin, an agent of the Comintern – began to arrive in China in 1923 to aid in the reorganization and consolidation of the KMT along the lines of the Communist Party of the Soviet Union, establishing a Leninist party structure that lasted into the 1990s.
    It made me conclude mistakenly the ကွန်မင်တန် as KMT.
    Posted by Nanda | 03/06/2010, 03:43
    • I think we will be distracted from the main topic if we discuss china’s politics in 1900s . In short , it was a complex struggle between Manchu empire , chinese warlords , Sun’s nationalists , Chan’s rightist Komington , Mao’s leftists and some other anarchists . You need to throw in Japan , Russia and western powers as well .
      So complicated !!
      Posted by tint oo | 03/06/2010, 11:14
      • True. The next chapter will focus on 1)the formation of modern Burmese army 2)Thakhin’s consolidating their place in Burmese politics as they then held positions of power and 3)the deteriorating relationships between Burman(Bamar) and ethnic nationalities which have their roots in earlier colonial period but made worse during that period.
        Again my apologies to all who have been unable to leave comments on later posts.
        Watote
        Posted by zizawa | 03/06/2010, 14:39
  38. “ဗိုလ်ချုပ်အောင်ဆန်းမူလကြံရွယ်ထားတာက ဗမာပြည်ဝင်ပြီး မကြာခင် လွတ်လပ်ရေးကြေငြာနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သူဟာ မီနာမီကီကန်းက ကာနယ် ဆူဇီကီး (ဗိုလ်မိုးကြိုး)အမိန့်ကို ယူရတာဖြစ်ပြီး ဗိုလ်မိုးကြိုးကိုယ်တိုင်က ဗမာပြည်ကို ၀င်တဲ့ ဂျပန်စစ်တပ်ရဲ့ (15th Army) အမှတ် ၁၅ တပ်မတော်ရဲ့ အမိန့်ကိုဘဲ နာခံ လှုပ်ရှားခဲ့ရတာ ဖြစ်တယ်။”
    http://books.google.com/books?id=YPzjT9y_fdsC&pg=PA394&lpg=PA394&dq=minami+kikan&source=bl&ots=osAGH4yG9-&sig=UGEuSLEPUNIGxhHSRptV6FMwQy0&hl=en&ei=l64ETI-GLZTw0gTZ86nMAw&sa=X&oi=book_result&ct=result&resnum=5&ved=0CCQQ6AEwBA#v=onepage&q=minami%20kikan&f=false
    ဒီနေရာမှာ တွေ့ လာရတာက စစ်သဘောကိုပါဘဲ
    စတော့ စီမံချက်က တမျိုး နောက်တော့ ပြောင်းလာတဲ့  အခြေအနေနဲ့ အတူ စီမံချက်ကလဲပြောင်းသွားတာတွေ့ ရပါတယ်
    မီနာမီကီကန်းဖွဲ့ စက ရည်ရွယ်ချက်က ဂျပန်ဟာဗမာပြည်ကို တိုက်ရိုက်ဝင်ဘို့ မရည်ရွယ်ခဲ့ဘူးဆိုတာ ထင်ရှားလာပါတယ် ။ ဒါကြောင့် အစပိုင်းမှာ ဗိုလ်မှူးကြီးစူဇူကီးအနေနဲ့  ပေးခဲ့တဲ့ ကတိနဲ့ စီမံချက်က တမျိုး (စစ်လေ့ကျင့်ရေးနဲ့  လက်နက်ကူမယ် ၊ တိုက်တာကျ ကိုယ့်ဟာကိုယ်တိုက်ယူ ) ။ အဲဒီအခြေအနေမှာ သတိထားရမှာက ဂျပန်ဟာ မဟာမိတ်တွေနဲ့  open warfare လုပ်ဘို့  အစီအစဉ်မရှိသေးတာကိုပါ ။ တရုပ်နဲ့ စစ်ကိုဘဲ အနိုင်တိုက်ဘို့ သာ ရည်ရွယ်ခဲ့ ပြီး တရုပ်ဗမာလမ်းပိတ်ရုံသာ ဗမာပြည်ကို ထည့်စဉ်းစားခ့တာပါ ။
    အဲကနေ ဂျပန်မဟာဗျူဟာပြောင်းသွားပြီး အရှေ့ တောင်အာရှတခုလုံးကို သိမ်းမယ်လို့  ဆုံးဖြတ်ခဲ့တဲ့ အခါ
    ဂျပန်ပါကူတိုက်မယ် မော်လမြိုင်ကျ လွတ်လပ်ရေးကြေငြာပေးမယ် ။( pearl harbour မတိုင်ခင်
    အဲအစီအစဉ်ကနေ တခါ စင်္ကာပူမကျခင်ထဲက ဂျပန်ရဲ့  စီမံချက်ပြောင်းသွားတာနဲ့ အတူ ၁၅နံပါတ် အာမီက ဗမာပြည်ဝင်မယ် ၊ ဗမာတပ် က အကူအဆင့်လောက်ဘဲ စီမံချက်ထဲပါပြီး လွတ်လပ်ရေးကိုလဲ ပေးချင်မှပေးမယ် ။ ဗမာပြည်ကျပြီးရင် စစ်အုပ်ချုပ်ရေးနဲ့  အုပ်ချုပ်မယ်လို့  ပြောင်းသွားတာ တွေ့ ရပါတယ် ။
    ဒါကို ရဲဘော် ၃ကျိပ်နဲ့  အတွင်းတော်လှန်ရေးသမားတွေဘက်က ကြည့်ရင် ကတိဖျက်တယ်လို့  မြင်နိုင်ပေမဲ့  ဂျပန်စစ်ဦးစီးဘက်ကကြည့်ရင်တော့ စစ်သဘောအရ ပြောင်းလဲရတဲ့  ဆုံးဖြတ်ချက်တွေပါဘဲ
    ဒါရဲ့  အကျိုးဆက်ကတော့ ဘီအိုင်အေမော်လမြိုင်အရောက်မှာ ဂျပန် ကတိဖျက်တယ်ဆိုပြီး အတွင်းတော်လှန်ရေးသမားတွေဆီကို ညွှန်ကြားချက်တွေပို့ ခဲ့တာပါဘဲ ။ ဂျပန်လဲဆက်တိုက်ရမယ် ။ လက်နက်တွေဝှက်ထား ၊ မိမိအမာခံလူတွေကို ဘီအိုင်အေထဲမထည့်နဲ့  ၊ ဘီအိုင်အေအတွက် လူသစ်တွေစုပေးလိုက်ဆိုတဲ့ ညွှန်ကြားချက်တွေပါ။ (ရန်ကုန်ဘဆွေနဲ့ ကျားကြီးဗဆွေရဲ့ ရေးသားချက်များ )
    ဒီညွှန်ကြားချက်တွေဟာ မူလမြေအောက်လှုပ်ရှားမှုတွေမှာပါနေတဲ့  ကွဲနေတဲ့  လူငယ်အုပ်စုတွေအဘို့  ယာယီညီညွတ်ရေးဖြစ်စေခဲ့တယ်လို့  တွက်ရပါတယ် ။ အဲဒီအချိန် ပြည်သူ့ အရေးတော်ပုံပါတီအစု ရဲ့ အင်္ဂလိပ်လဲ ချ ၊ ဂျပန်လဲချဆိုတဲ့  မူနဲ့  နောင်ကွန်မြူနစ်ဖြစ်လာမဲ့  သခင်စိုးအစုရဲ့  အင်္ဂလိပ်နဲ့ ပေါင်း ဂျပန်ချဆိုတဲ့ မူဟာ ဂျပန်တပ်နဲ့  ဘီအိုင်အေတပ်တွေ တောက်လျှောက်တက်လာတဲ့  ၁၉၄၂မှာ လက်ရှိရန်သူဖြစ်တဲ့  ဂျပန်တော်လှန်ရေးဆိုတဲ့  လုပ်ငန်းစဉ်မှာ ယာယီညီညွတ်နေတာပါ.။
    ဒီနေရာမှာ Bigger picture ကိုမေ့ထားမရတာက ဂျာမန် အီတလီ့ ဂျပန်တို့ ရဲ့  စစ်ရေးရည်မှန်းချက်များ မတူညီတာနဲ့  ၁၉၄၁ ဇွန်မှာ စတာလင်ရဲ့  ရုရှကို ၀င်တိုက်ခဲ့တဲ့  ဟစ်တလာရဲ့  operation barbarosa ကိုပါ ။ ဒီစစ်ဆင်ရေးဟာ မေလအစောပိုင်းမှာစရမှာပါ ။ ဒါကို အီတလီရဲ့  တကိုယ်တော်စွန့် စားမှု ဂရိစစ်ဆင်ရေးကြောင့် နောက်ကို ၅ပါတ်ရွှေ့ လိုက်ရပါတယ် ။
    တခါ စတိုက်ထဲက ဟစ်တလာရော စတာလင်ပါ ဂျပန်က ရုရှရဲ့ နောက်ဘေးပေါက် ဆိုင်ဘေးရီးယားကို ၀င်နှိုက်မယ်လို့  မျှောလင့်ခဲ့ပါတယ် ။
    ဒါပေမဲ့  ဂျပန်စစ်ဦးစီးဟာ အဲလို မတွက်ခဲ့ပါဘူး သူတို့ အကျိုးစီးပွားဟာ အရှေ့ အာရှမှာသာလို့ ခံယူပါတယ် ။
    http://www.spartacus.schoolnet.co.uk/GERsorge.htm
    ဒီဂျပန်စစ်ပနက်ကို စတာလင်က 1941 August မှာ သိခဲ့တာဟာ ရုရှအဘို့  စစ်ရေးအသက်ရှူချောင်စေခဲ့ ပါတယ် ။ ဆိုင်ဘေးရီးယားက တပ်တွေကို ဂျာမန်စစ်မျက်နှာကို ပို့ နိုင်ခဲ့တာကိုး
    ဒီအခြေအနေနဲ့  ဗမာနိုင်ငံရေးလှုပ်ရှားမှုဘက်ပြန်ဆက်စပ်တော့ ရုရှ စစ်ထဲမပါလာခင်ထိ လက်ဝဲယိမ်းဗမာလူငယ်တွေမှာ အတွေးအခေါ်ပြဿနာ အကြီးကြီး မရှိခဲ့ ပါဘူး
    သခင်စိုးရဲ့  ဖက်ဆစ်ဆန့် ကျင်ရေး ဒီမိုကရေစီအင်အားစု မဟာမိတ်တွေကို ကမ္ဘာစစ်အတွင်း ကူညီရေးဆိုတဲ့  မူကို မူအားဖြင့်မငြင်းကြဘူး ။ တချိန်ထဲမှာဘဲ ကမ္ဘာစစ်ထဲ ဘယ်သူနိုင်နိုင် လက်တွေ့ ဘ၀မှာတော့ ဗမာပြည်လွတ်လပ်ရေးရပြီးတာဘဲ ။
    ဖက်ဆစ်ဂျပန်က လက်နက်ကူလဲ ယူမယ် ။ နောက် အင်္ဂလိပ်ပြေးဂျပန်ဝင်လာရင် လက်ထဲရှိတဲ့ လက်နက်နဲ့  ဂျပန်လဲ ချရုံဘဲလို့  တွက်ကြပါတယ် ။
    အဲ operation Barbarosa နဲ့  ရုရှက ဂျာမနီနဲ့  တိုက်ကြတော့အတွေးအခေါ်ပိုင်းမှာကို ပြဿနာ ကြီးလာတာပါဘဲ ။ ရုရှဘက်ကနေ ဂျာမနီချရမှာလား ။ လုပ်လက်စ ဂျပန်နဲ့  ပေါင်း အင်္ဂလိပ်ချရမှာလားဆိုတာတွေ ရှုပ်ထွေးကုန်တော့တာဘဲ။ အဲဒီရှုပ်ထွေးမှုဟာ စင်္ကာပူကျ ဂျပန်တပ်တွေ တောက်လျှောက်ဗမာပြည်တက်လာ အင်္ဂလိပ်ပြေးတော့ လက်တွေ့ အခြေအနေကြောင့် နောက်ရောက်သွားပါတယ် ။
    Posted by tint oo | 03/06/2010, 07:41
  39. “ပြောခဲ့တဲ့ နာကျည်းမှုတွေစွက်နေခဲ့တဲ့ ဗမာ့အမျိုးသားရေးစိတ်ဓာတ်အရှိန်ဟာ အထိန်းအကွပ် ကောင်းကောင်းမရှိတဲ့ဘီအိုင်အေလက်ထက်မှာ ကရင်လူမျိုးတွေနဲ့ လူမျိုးရေးမုန်းတီးမှုကို အားကောင်းစေခဲ့တယ်။”
    ဟုတ်တယ်
    ဒီအချိန်ဟာနောက်ပိုင်းပြဿနာတွေအတွက်များလှစွာသော မျိုးစေ့တွေချပေးခဲ့တဲ့ ကာလဘဲ
    ဒီအချိန်မှာ ဖြစ်နေတဲ့  ပြဿနာက သာမန်အရပ်သားတွေရဲ့  ခံစားမှုဘဲ
    ပြေးခဲ့တဲ့  အင်္ဂလိပ်စစ်တပ်ကလဲ တပ်အဆုတ်မှာ ရမ်းသွားတယ် ( တောင်ကန်သူမလေး )
    တရုပ်စစ်တပ်ကလဲ ထွက်ခတ်ခတ်တယ် ( ရွှေဥဒေါင်း တသက်တာမှတ်တမ်း ၊ ခင်ဆွေဦး စစ်ကိုင်းသမီးဒိုင်ယာရီ ၊ မင်းယက္ခ အပါယ်ခံသိုင်းသမား )
    ဂျပန်ကလဲ စစ်ဦးဘီလူးပါဝင်တယ် ။ ကိုယ့်အချင်ျးင်း ဘီအိုင်အေကလဲ လက်သံပြောင်တယ်
    အဲတော့ကြားထဲက ကော့နေအောင်ခံရတာက ပြည်သူဘဲ
    ဒီမှာ ဘီအိုင်အေက ဗမာချင်းဖြစ်တာကတော့ နောက်ပြဿနာကြီးမဟုတ်ပေမဲ့ 
    ( မြစ်ဝကျွန်းပေါ်မှာ ကာလပျက်တော့ မြို့ ကို ထိန်းပေးနေတဲ့  ရာဇ၀တ်ဝန်ထောက်တယောက်ကို ဘီအိုင်အေက မြို့  ပေးမ၀င်လို့  အင်္ဂလိပ်သစ္စာဖေါက်ဆို သတ်တဲ့ အမှုမျိုး ၊ သခင်တွေနဲ့ တူတူ လွတ်လပ်ရေးတိုက်ပွဲဝင်ပါ့မယ်ဆိုပြီး ပါလာတဲ့  အရင်က ရာဇ၀င်လူဆိုး တစုကို ဘီအိုင်အေကဘဲ အထင်လွဲ ဖမ်းပြီး လှံစွပ်နဲ့  တပြုံလုံးထိုးသတ်တဲ့  အမှုလိုမျိုးဥပမာတွေပေါ့နော် ။ )
    မြောင်းမြနယ်က စခဲ့တဲ့  ကရင်စစ်ပြေးတွေဆီက လက်နက်သွားသိမ်းရာကနေ တဘက်နဲ့  တဘက်တင်းမာပြီး တိုက်ကြ ခိုက်ကြနဲ့  ဖြစ်ရာကနေ စခဲ့တဲ့  လူမျိုးရေး အဓိကရုဏ်းဆောင်တဲ့  ပြဿနာကျတော့ နောက်နှစ်တွေထိကို မီးဆက်နေခဲ့ ပါတယ် ။
    ဒီပြဿနာမှာ ဘယ်သူ့ ချို့ ယွင်းချက်လဲမေးရင်တော့ ရုပ်ဝတ္ထုအခြေအနေတွေအကုန်ပြန်ကြည့်သင့်တယ်လို့ ဘဲ ဖြေချင်ပါတယ်
    Posted by tint oo | 05/06/2010, 16:06
    • “သခင်သန်းထွန်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်ချစ်တို့လို အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေကြောင့် ကရင်ဗမာ ကိစ္စဟာငြိမ်သွားပြီး”၊
      အပေါ်ကစာပိုဒ်နဲ့ ကိုတင့်ဦးစာပါပတ်သက်မယ်ထင်ပါတယ်၊ ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း ပြောပြချင်လို့ပါ။
      လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖတ်ဖူးတဲ့ DKBA (KNU ခွဲထွက်အဖွဲ့) ရဲ့မဂ္ဂဇင်းတစ်အုပ်ထဲမှာ (အခြားကကူးယူဖေါ်ပြထားချက်ပါ၊) BIA တာဝန်ရှိတဲ့ မြစ်ဝကျွန်းပေါ်ဒေသ သတ်ဖြတ်မှုတွေ အဆုံးသတ်သွားမှုနဲ့ပတ်သက်လို့ ရေးထားတာရှိပါတယ်။
      ကရင်လွတ်တော်အမတ် တစ်ဦးအပါအဝင် လူအတော်များများ အသတ်ခံရပြီးတဲ့နောက်မှာ အဲဒီအချိန်က ကရင်တွေရဲ့ ဒေါကလူ အဖွဲ့က ဒေါက်တာစံစီဖိုး ကနေပြီးစွန့်စားမှုတစ်ခု လုပ်ခဲ့ပါတယ်။ အဖွဲ့ရဲ့မော်လမြိုင် ကိုယ်စားလှယ်တစ်ဦးက ကားမောင်းပို့ခဲ့ပြီး အခြေအနေကို ခဏစနည်းနာခဲ့ပါတယ်။ ပြီးတဲ့နောက် ဂျပန်ကင်ပေတိုင် အကြီးဆုံးအရာရှိ ရှိတယ်လို့ယူဆရတဲ့ ရုံးဂိတ်ကို စစ်သားတွေပိတ်ထားတဲ့ကြားကနေပဲ အတင်းမောင်းဝင်ခဲ့ပါတယ်။
      လိုရင်းပြောရရင်တော့ လည်ပင်းပြတ်မယ့်အန္တရာယ်ကို ကျော်လွှားပြီး ဒေါက်တာစံစီဖိုးအကြောင်း ကြားဖူးပြီး လေးစားမှုအခံရှိထားတဲ့ ကင်ပေတိုင်အကြီးအကဲနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာတင်သတ်ဖြတ်မှုတွေ အဆုံးသတ်ခဲ့ရပါတယ်လို့ ပြောထားပါတယ်။
      မတော်များ ဗမာခေါင်းဆောင်တွေကြောင့် ပြဿနာနည်းပါးအောင် လုပ်နိုင်ခဲ့ပြီး ကရင်ခေါင်းဆောင်ကများ အဆုံးသတ်ပေးနိုင်ခဲ့လေသလား၊ ကျနော်ကတော့ ကိုယ်လက်ထဲဘာမှမရှိပဲ ဘာမှတော့အသေအချာ မပြောသေးပါဘူးဗျာ။ ကိုဝတုတ်ရဲ့ အဆိုပြုချက်အတွက် သင့်တင့်တဲ့ အချက်အလက်ကလေးတစ်ချို့ တင်ပြလာနိုင်ရင် ကောင်းမှာပါပဲ။
      ကိုတင့်ဦးပြောတာတွေလည်းဟုတ်ပါတယ်။ မြန်မာပြည်မှာ သဘောထားကြီးလာနိုင်ကြတဲ့အခါကျရင် KNDO (ကရင်) တွေလည်း မှားခဲ့တာရှိမှာပဲဗျ၊ ပြောရ၊ ရေးရ၊ တင်ပြကြရမှာပါပဲ။ လောလောဆယ်တော့ သိပ်များများမသိသေးတာနဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဖို့ရာလည်း အချိန်မကျသေးလို့ မပြောသေးတာပါ။
      Posted by မန်းကိုကို | 08/06/2010, 08:01
      • ကိုမန်းကိုကိုပျောက်လှချီလားဗျ
        အမှန်က ခုနစာနဲ့  ဆက်ပြီးပြောချင်တာလေးတခုရှိပါတယ် ။ အင်္ဂလိပ်စစ်ဥပဒေမှာ ပုံမှန်ဆို လက်နက်တွေအပ်ခဲ့ ရတာပါ ။ဒါပေမဲ့  ၁၉၄၂ အင်္ဂလိပ်တပ်ဆုတ်တော့ ဘားမားရိုင်ဖယ် (ကရင်များရာစုကို )http://www.rothwell.force9.co.uk/burmaweb/burif.htm
        တပ်ကထွက်ခွင့်ပေးခဲ့ရာမှာ ၃လခအပြင် ကိုယ်ကိုင်နေတဲ့ ရိုင်ဖယ်နဲ့  ကျည် ၅၀စီပေးခဲ့ပါတယ် ။
        အဲဒါရှေ့ မှာလဲ တပ်ကနေကွဲကျန် ထွက်ပြေးတဲ့  ကရင်စစ်သားတွေလက်ထဲမှာ ကိုယ်ဆောင်လက်နက်တွေပါလာပြီး ရွာပြန်ရောက်နေတာရှိနေပြီလေ။ ဒီတော့ စဉ်းစားရမှာက အဲအချိန်က ကာလပျက်ကြီး ။ တွေ့ ရာလူက တွေ့ ရာလက်နက်ကိုင် ဓါးပြတိုက်နေချိန် ၊ ရွာပြန်ရောက်လာတဲ့  စစ်သားကြီးတွေကို အားကိုးပြီး ရွာစောင့်ထားတာ မဆန်းပါ ။
        ဒါပေမဲ့  အင်္ဂလိပ်ပြေးလို့  မြို့ ရွာကို အုပ်ချုပ်နေတဲ့  ဘီအိုင်အေနဲ့  သခင်ဘက်ကကြည့်တော့ ကိုယ့်နယ်ထဲ ကိုယ့်လူမဟုတ်ဘဲ လက်နက်ကိုင်တွေရှိနေတာ သဘောမတွေ့  စရာဘဲ ။
        ဒီတော့ လက်နက်သိမ်းဘို့ လုပ်တာ သဘာဝကျတယ် ။
        တခါ ကရင်စစ်ပြန်တွေဆိုတာက regular army ကထွက်တာ .။ မြင်နေကျ ကယူနီဖေါင်း အခန့် သားနဲ့  စစ်သားစစ်ဗိုလ်။ ခု လက်နက်လာသိမ်းနေတဲ့  ဘီအိုင်အေဆိုတာက ဗိုလ်လုပ်တဲ့  လူတောင် လက်မောင်းပါတ်လေးတခုနဲ့  အင်္ကျီအိပ်ကပ်ထိုးထားတဲ့  တလိုင်းကြယ်တပွင့်လေးပါတာ ။ ယူနီဖေါင်းဆိုတာ မူးလို့ မှ ရှူစရာမရှိ
        အဲတော့ ဒီလူတွေကိုဘယ်လိုယုံပြီး လက်နက်အပ်ပါမလဲ ။
        အဲလို ၂ဘက် မယုံမကြည်ဖြစ်ရာကနေ ပြဿနာတက်တော့ ကိုင်ထားတွေက သေနတ်တွေလေ ။ ပန်းနဲ့  ပေါက်တာမှမဟုတ်တာ ။
        သေကုန်ကြ၊ထိကုန်ကြရော ။ ဒီတင် ငါ့လူထိပြီဆိုပြီး ၂ဘက်လုံးပိုတင်းမာလာကြ ။ အပြန်အလှန်တွေဖြစ်လာတာဘဲ ။ ကြားထဲမှာ ဘီအိုင်အေထဲ ပါလာတဲ့  ခုတ်ခွါတွေနဲ့  ကရင်ရွာထဲက ဇရှိတဲ့ လူတွေရဲ့  ပယောဂကလဲ မကင်းတာရှိတယ်လေ။
        အဲဒါဟာ ပြဿနာပိုပိုကြီးလာစေတာဘဲ ။
        နောက်ပိုင်း ပြေငြိမ်းစေတဲ့  ကိစ္စကတော့ ကရင်ဘက်ကရော ဗမာဘက်က လူကြီးတွေပါ ညှိကြနှိုင်းကြ ကိုယ့်လူကိုယ်ဆွဲကြနဲ့  ပြီးတယ်လို့ နားလည်မိပါတယ် ။ ဂျပန်ရဲ့  ဖြန်ဖြေမှုလို့ တော့ မှတ်တမ်းမတွေ့  မိသေးကြောင်းပါ ။ (ဂျပန်ရဲ့  အခန်းကဏ္ဍမှတ်တမ်းမတွေ့ ပေမဲ့  မပါဘူးလို့ လဲ ယတိပြတ်မပြောရဲဘူးနော် ။ဘာကြောင့်လဲဆိုတော့  ဂျပန်ခေတ် တချို့ ကိစ္စတွေက ကျွန်တော်တို့ လေ့လာခွင့်ရတဲ့  မှတ်တမ်းတွေမှာ ပါမလာတော့ဘူး )
        ဗမာပြည်လွတ်လပ်ရေး(ဂျပန်ခေတ် ) မှာ အုပ်ချုပ်ပုံစီစဉ်တော့ ဗမာဘုရင်အဖြစ်နဲ့  သီပေါမင်း မြေးတော်တော်ဘုရားကြီးကို ဂျပန်ကတင်ဘို့ စဉ်းစားသေးတယ်ဆိုတဲ့ ကိစ္စမျိုးက ကျွန်တော်တို့ ဆီကို တဆင့်ကြား ပါးစပ်ရာဇ၀င်လောက်ဘဲ ပြန်သိရတာလေ။
        Posted by tint oo | 08/06/2010, 18:17
      • Thanks, Ko Tint. ဂျပန်ကိုယ်တိုင်ကလည်း ကရင်တွေနဲ့ ကုလားတွေကို ဘီအိုင်အေယူနီဖောင်းဝတ် တချို့ က နိုင့်ထက်စီးနင်းလုပ်တာကို ထိန်းဖို့လုပ်တယ်။ ဂျပန်ခေတ်မှာ အခံရဆုံးက တရုတ်တွေပဲ။ ကရင်နဲ့ ကုလားကို ဂျပန်က အကာအကွယ်ပေးတာက ကရင်တွေကိုလည်း ဂျပန်က သင့်တော်တဲ့ နေရာမှာ သုံးဖို့ ရည်ရွယ်သလို ကုလားကျတော့လည်း အိန္ဒိယကို တိုက်ရာမှာ အိန္ဒိယက ကုလားတွေရဲ့ ထောက်ခံမှုလိုချင်တဲ့အတွက် ဖြစ်တယ်။
        Posted by zizawa | 08/06/2010, 21:55
      • ကျွန်တော့်ရဲ့ ခုလာမဲ့ အပိုင်းမှာ ဗိုလ်ချုပ်တို့ တိုင်းရင်းသားကိစ္စကို ဘယ်လိုကိုင်သလဲဆိုတာ နည်းနည်းပြောထားပါတယ်။ ခုနည်းနည်း ကြိုပြောရရင် ၁၉၄၅ ဖေဖော်ဝါရီမှာ ကရင်တိုင်းရင်းသားများသို့ လို့အစချီထားတဲ့ စာထုတ်တယ်။ အဓိက ကတော့ ဖက်ဆစ်ကို အတူလက်တွဲတိုက်ဖို့ပါ။ ကရင်တွေတင်မက ကချင်တွေ ချင်းတွေ
        ကလည်း ဖက်ဆစ်ကို တိုက်တဲ့နေရာမှာပါတယ်။ ဒါပေမယ့် ဗမာတွေနဲ့အတူ လက်တွဲ တိုက်တာတော့ မဟုတ်ဖူး။ သူတို့က သူတို့ agenda နဲ့သူတို့တိုက်ကြတာ။ တိုင်းရင်းသားတွေက တလျှောက်လုံး ဗြိတိသျှကိုလိုနီ အစိုးရကို သစ္စာရှိခဲ့ကြတာဖြစ်တယ်။
        အဲဒိမှာ အခြေခံကိုကကွဲနေတယ်။ တိုင်းရင်းသားတွေက ဘီအင်အေကို လက်မခံဘူး။ ဒါပေမယ့် ဗမာတွေကလည်း British Burma Army ကို လက်မခံဘူး။ ဂျပန်ကိုတိုက်တော့ မဆလ ၀ါဒဖြန့်စာတွေထဲမှာလို အတူလက်တွဲတိုက်ခဲ့တာ မဟုတ်ဖူး။ ဒါပေမယ့် စစ်ပြီးတာနဲ့ကို ဗိုလ်ချုပ်အောင်ဆန်းတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေး ကိစ္စတခုအနေနဲ့ လုပ်ခဲ့တယ်။ ကရင်ဗမာ ဖြန်ဖြေရေးကို အဓိကလုပ်ခဲ့တဲလူက သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း။ J S Furnivall ရဲ့ ဆောင်းပါးနဲ့ တခြားကိုယ်တွေ့ပြောကြားချက်တွေအရ ဒါကိုပြောနိုင်တာဖြစ်ပါတယ်။ (နောက်ကရင်တွေထဲမှာ တဦးချင်းအနေနဲ့ ဗမာတွေနဲ့ အလုပ် တွဲလုပ်ရတာကို ၀န်မလေးတဲ့ ကရင်တွေရှိပါတယ်။ စောဖေသာဟာ ဗမာ့ထွက်ရပ်ဂိုဏ်းထဲကို တဦးချင်းအနေနဲ့ ပါခဲ့ပြီး ပြောခဲ့တဲ့ ဆာစံစီဖိုးဟာလည်း ဂျပန်ခေတ် အစိုးရအဖွဲ့ အတိုင်ပင်ခံအဖြစ်ပါခဲ့တယ်။) အကျိုးဆက်အဖြစ် ကရင်ခေါင်းဆောင်တွေ တပ်မတော် ထိပ်ပိုင်းမှာ နေရာရလာတယ်။
        Posted by zizawa | 08/06/2010, 21:49
    • ပျောက်စရာရှိလို့ ပျောက်နေတာပါ ကိုတင့်ဦးရေ၊
      နှစ်ဝက်စာမေးပွဲက ကြိမ်နဲ့တို့နေသလိုပါပဲ။
      ဒါ့ပြင် ကိုဝတုတ်ရေးနေတာတွေက ရာနှုန်းပြည့် ပြည့်စုံတယ် မဆိုနိုင်ပေမယ့် အထောက်အထားတွေနဲ့ အတော်သိုင်းသိုင်းဝန်းဝန်း ရေးထားတာဆိုတော့ ပါးစပ်ဟပြီး ကြည့်နေရုံပဲ တတ်နိုင်တော့မှာပေါ့ဗျာ။
      ဒေါက်တာစံစီဖိုးက သာမန်စစ်တပ်ထက် ပိုအခရာကျတဲ့ ကင်ပေတိုင်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
      တစ်ခုရှိတာကတော့ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ကြရတဲ့ ကရင်တွေရဲ့ ဓါတ်ပုံကိုတော့ ဖြတ်ကနဲ တွေ့မိဖူးပါတယ်၊ သာမန် အနည်းအကျဉ်း တိုက်ကြခိုက်ကြထက်တော့ အများကြီးပိုပုံရပါတယ်။ ထားလိုက်ပါတော့ ဒါတွေကဘာမှလုပ်လို့ မရတော့သလို၊ ဒီအချိန်မှာလည်း ပြောရမယ့်အချိန်လည်း မဟုတ်သေးပါဘူး။
      သေချာတာတစ်ခုကတော့ ဒီကနေ့အထိ တွေ့ဖူး၊ စကားပြောဖူးသူ အလယ်လတ်ပိုင်း ခေါင်းဆောင်တွေအပါအဝင် လူကြီးပိုင်းတွေထဲမှာ (ဘယ်လူမျိုးမဆို) လူမျိုးရေးနဲ့ပတ်သက်လို့ အမြင်ကျယ်ကျယ် မြင်၊ ပြော၊ ခံယူနိုင်ကြသူတွေက ခပ်ရှားရှားရယ်။ (ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မယ့် အဆင့်ကို ပြောတာပါ။)
      ကျနော့အမြင်မှာတော့ ဗမာအပါအဝင် တိုင်းရင်းသားတွေဟာ ဘယ်သူ့ကိုမှဘေးချိတ်ပြီး ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီခေတ်ကြီးမှာ ဘယ်သူ့ကိုမှ မောင်းထုတ်လို့ မရကောင်းသလို နယ်မြေတွေလည်း ဘယ်ကိုမှရွှေ့လို့ရတာ မဟုတ်ပါဘူး။ ဥပမာ – ထိုင်းနဲ့ ဗမာ မုန်းအောင်လုပ်နေကြတာမျိုးတွေပါ။ ဆက်ပြောရင်တော့ ရှည်မှာမို့ သဘောလောက်ပဲ ပြောတာပါ။
      ဒီတော့ လိုရင်းက compromise လုပ်ကြဖို့နဲ့ multi-culturalism ဆိုတာမျိုးတွေကို နားလည်လာကြအောင် လူမှုသိပ္ပံပညာ၊ ဗဟုသုတတွေ ထွန်းကားလာအောင်လုပ်ကြဖို့ပဲလို့ ယူဆပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ အမြစ်တွယ်နေတဲ့စိတ်တွေက ရာစုနှစ်တစ်ဝက်မက ပျိုးထောင်ပေးခဲ့ကြတော့ လွယ်မယ့်ကိစ္စမဟုတ်ဖူးပေါ့။
      ကဲ၊ ပြောရင်းနဲ့ တရားဟောတဲ့ဖက် ရောက်နေပြန်ပြီ၊ အချက်အလက် နည်းနည်းခေါင်းပါးလို့ သဘောတရားဖက်လှည့်ပြီလို့ ပြောရင်လည်း ခံရမှာပါပဲ။
      အဲ၊ တစ်ခုသတိရလာပြီဗျ၊ ကျနော့အဖေ ငယ်ငယ်တုံးက (သူ့အခေါ်အဝေါ်အရ) ဗမာစစ်သားတွေ တက်လာတော့ သူတို့ရွာလုံးကျွတ်ကို ဝင်လုသွားတယ်လို့ ပြောပြဖူးပါတယ်။ ကိုတင့်ဦးပြောတဲ့ ခုတ်ခွာတွေ ထင်ပါတယ်၊ စစ်တပ်နဲ့ လိုက်လာပြီး နိုင်သမျှသယ်သွားကြတာ။
      အေးဗျာ၊ အသေးစိတ်တွေ ရှောက်ပြောနေရင်တော့ ကျနော် စာမေးပွဲကျကိန်းရှိလို့ နောက်မှလာကြည့်ပါအုံးမယ်ဗျာ။
      Posted by မန်းကိုကို | 09/06/2010, 01:31
      • ကိုမန်းကိုရေ
        တိုင်းရင်းသားလူမျိုးတွေနဲ့ ဗမာတွေကြားကိစ္စက လစ်လှုရှုထားလို့ မရဘူးထင်တယ်။ ကျွန်တော်တို့က ဗမာဖြစ်နေတော့ နောက်ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတော့ ဒီကိစ္စတွေ အတိမ်အနက်ကို တော်တော်ကြီး ကြီးမှ သတိပြုမိတယ်။ ခု BGF ကိစ္စမှာလည်း တကယ်တော့ နောက်ကွယ် အခြေခံအကြောင်းက တိုင်းရင်းသားကိစ္စလို့ မြင်တာပဲ။ ဒါပေမယ့် ကျွန်တော့်အမြင်မှာ ဒီကိစ္စဟာ အုပ်ချုပ်သူတွေကြား ဖြစ်တဲ့ကိစ္စလို့ပဲ မြင်တယ်။ ဗမာပြည်က စစ်အစိုးရဟာ ပြည်သူလူထုကို ကိုယ်စားမပြုသလို ခု BGF ပြောင်းဖို့ ဖိအားပေး ခံနေရတဲ့ သူပုန်အဖွဲ့တွေက ခေါင်းဆောင်တွေကရော ပြည်သူလူထုကို ကိုယ်စားပြုသလား ဆိုတာမေးချင်းတယ်။ ကိုယ်က သူတို့အတွင်းရေးတွေ သိတန်သလောက် သိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ သတင်းအချက်အလက် လွတ်လပ်ခွင့်မရှိတော့ နဂိုရှိရင်းစွဲအစွဲအလန်းတွေ၊ မှားယွင်းတဲ့ ယူဆချက်တွေက ပျောက်မသွားဘူး။ တခါတခါ တိုးတောင် လာတယ်။ ဥပမာ ၀တို့ ကိုးကန့်တို့ဆို ကျွန်တော်တို့ငယ်ငယ်က ရန်ကုန်မန္တလေးမှာ အိမ်ဈေးတွေ လိုက်ဖျက်ပြီး ဗမာတွေကို မြို့  ပြင်အတင်းမောင်းထုတ်နေတဲ့ ဘိန်းသမားတွေ ဆိုပြီး ရှိသမျှ ၀ တွေကို မျက်မှန်စိမ်းတပ်ကြည့်တယ်။ ဒါပေမယ့် သူတို့အကြောင်း အရင် မသိတာတွေ သိလာရတဲ့အခါ ၀ ပြည်သူလူထုအများစုဟာ အတော့်ကိုဆင်းရဲဒုက္ခရောက်တာ တွေ့ရတယ်။ ဆင်းရဲလွန်းလို့ ရန်ကုန် မန္တလေး မြို့ ကြီးတွေမှာ ကိုယ့်ခလေးတွေကို မွေးစားမယ့်လူ ရှိရင် ထားခဲ့ကြရတာတွေ ရှိတယ်။ ဘိန်းနဲ့ပတ်သက်တာ ငွေခ၀ါချတဲ့အလုပ်လုပ်တဲ့ ငနဲတွေက ဟိုးထိပ်ပိုင်းက ကောင်တွေ။ ဒီကောင်တွေကလည်း သူတို့အကျိုးစီးပွားအတွက် ၀ တွေ၊ ကိုးကန့်တွေ၊ ကချင်တွေကို လိုအပ်ရင်လိုအပ်သလို ဗမာမုန်းတီးရေးကို လှော်ပေးတယ်။ ဗမာပြည်က စစ်အစိုးရရဲ့ ပေါ်လစီကလည်း အပြတ်ရှင်းရေး မူဆိုတော့ ဒီကိစ္စဟာ တော်တော်မသေးတဲ့ ကိစ္စပဲ။ ဒါပေမယ့် လူမျိုးတမျိုးက နောက်တမျိုးကို မုန်းတီးမှုဆိုတာကတော့ (ဥပမာ ဆာ့(ဘ)တွေက ဘော့စနီးယား မွတ်စလင်တွေကို မုန်းသလို မုန်းတီးမှုမျိုး) ဗမာနဲ့ တိုင်းရင်းသားလူမျိုးစုတွေကြား မရှိဘူးလို့ ကျွန်တော် အခိုင်အမာယုံတယ်။
        Posted by zizawa | 09/06/2010, 07:10
      • ‘ဒီတော့ လိုရင်းက compromise လုပ်ကြဖို့နဲ့ multi-culturalism ဆိုတာမျိုးတွေကို နားလည်လာကြအောင် လူမှုသိပ္ပံပညာ၊ ဗဟုသုတတွေ ထွန်းကားလာအောင်လုပ်ကြဖို့ပဲလို့ ယူဆပါတယ်။’
        ကိုမန်းကို ပြောတာကို ကျွန်တော်လုံးဝ သဘောတူပါတယ်။ တချိန်ထဲမှာ ကျွန်တော်တို့ဟာ သမိုင်းကို ကျွန်တော်တို့အားလုံး ဖြတ်လာခဲ့တဲ့ လမ်းကြောင်းကို ဘယ်လောက်ပဲ မနှစ်မြို့  စရာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ အာဃာတ ကင်းကင်း၊ အစွဲအလန်းကင်းကင်း၊ ရိုးရိုးသားသားနဲ့ ပြန်ကြည့်နိုင်ရင် ပြောခဲ့တဲ့ compromise လုပ်ဖို့ ဖြစ်နိုင်မယ် ထင်ပါတယ်။
        Posted by zizawa | 09/06/2010, 07:27
      • “အဲ၊ တစ်ခုသတိရလာပြီဗျ၊ ကျနော့အဖေ ငယ်ငယ်တုံးက (သူ့အခေါ်အဝေါ်အရ) ဗမာစစ်သားတွေ တက်လာတော့ သူတို့ရွာလုံးကျွတ်ကို ဝင်လုသွားတယ်လို့ ပြောပြဖူးပါတယ်။ ”
        အဲဒီစကားလေးက သေချာကို လေ့လာသင့်တာဘဲဗျာ
        ကျွန်တော်တို့ ခုဆွေးနွေးနေတဲ့  ၁၉၄၂မှာ ဗမာစစ်သား (regular soldier ) ရှိနေပြီလားဆိုတာလေးစစ်ကြည့်ရအောင်
        ပထမ ဘီအိုင်အေ၊ အဲမှာစစ်ဦးစီးမှူးလုပ်နေတဲ့  ရဲဘော် ၃ကျိပ်ရဲ့  စစ်ရေးလေ့ကျင့်မှုဟာ (အရင်ဆုံးရောက်တဲ့ အစုကရေတောင် ) ၁နှစ်ဝန်းကျင်ဘဲရှိတာတွေ့ ရပါတယ်။ တခါ သူတို့ ကို လေ့ကျင့်ခဲ့ သူတွေထဲမှာပြန်ကြည့်တော့ Captain Kawashima တယောက်ကလွဲရင် ဘုရင့်စစ်တက္ကသိုလ်ဆင်း အရာရှိမပါဘဲ အရေးပေါ်အရာရှိတွေနဲ့  တပ်ကြပ်တွေသာဖြစ်နေပါတယ် ။ ဒီလောက်အချိန်တိုအတွင်း ဒီလိုဆရာတွေနဲ့  စစ်ဦးစီးဖြစ်နိုင်မဖြစ်နိုင် ထောက်ဆနိုင်ပါတယ် ။
        ဒါပေမဲ့  ဘီအိုင်အေတခုလုံးမှာကြည့်လိုက်ရင် အဲလူစုဟာ စစ်ရည်အ၀ဆုံးဖြစ်နေပါတယ် ။ အဲအချိန် ၁၉၄၂မှာ ဗမာပြည်ထဲမှာ ဒုတိယစစ်ရေးအနီးစပ်ဆုံးလို့ ခေါ်ရမဲ့  လူစုကတော့ ယူဂျီတွေပါဘဲ ။ သူတို့ သင်တန်းဆရာ ( နောင် ) ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်ရဲ့  လက်အောက်မှာ လက်နက်ငယ်တွေ ကိုင်နည်းပစ်နည်း စစ်ခွာ စစ်ချီ စစ်ခံ နဲ့  စစ်ခေါင်းဆောင်များဆိုပြီး ၃လလောက် သင်ခဲ့ ရသူတွေပေါ့ ။ ဒါပေမဲ့  ဒီလူတွေအကုန်လုံးဟာ ဘီအိုင်အေထပြါမလာပါ ။ (မော်လမြိုင်ညွှန်ကြားချက် အထက်ကညွှန်းပြီး) ဒီတော့ ၉၀%သော ဘီအိုင်အေ၀င်တွေဟာ မနက် တပ်ထဲဝင် နေ့ လည်ကျ ဂျပန်ရိုင်ဖယ်ကို ဘယ်လို မောင်းထိုး ၊ကျည်ထည့် ။ပစ်ဆိုတာလောက် သင် ၊ ညနေကျ စစ်ချီရာပါလာသူတွေပါ ။ လူပေါင်းစုံမို့  စစ်ရေးရော စည်းကမ်းပိုင်းပါ ညံ့ဖျင်းကြသူတွေများရာစုဖြစ်နေတာ လက်ခံရမှာပါ ။တနည်းတော့ စစ်တပ်ဆိုတာထက် လက်နက်စုံကိုင်ထားသော လူစုလူဝေးတခုသာဖြစ်နေပါတယ် ။ ( ယူနီဖေါင်းကိစ္စပြောပြီး )
        ဘားမား ရိုင်ဖယ် ဘက်ကြည့်ပြန်တော့ သူလဲBritsih Indian army ရဲ့  တစိတ်တပိုင်းကနေလာခဲ့တာဖြစ်နေပါတယ် ။ ဒီတော့ 1857 indian mutiny ထဲကစပြီး Indian army ဟာ လက်နက်တပ်ဆင်မှုနဲ့  လေ့ကျင့်မှုတွေမှာ British army ထက် တဆင့်လျှော့ပေးထားခဲ့တဲ့ မူဟာ ၁၉၃၅လောက်ထိ ရှိနေတာတွေ့ ရပြန်ပါတယ် ။ အဲလို လျှော့ထားတဲ့ အပြင် comissioned officers (both king’s and viceroy’s ) တိုင်းရင်းသားထဲက ဖြစ်တယ်ဆိုတာ လက်ချိုးရေရပါတယ် ။
        ဒီတော့ ၁၉၄၂ဗမာစစ်မြေပြင်မှာ ဗမာစစ်တပ်တွေအနေနဲ့  ဂျပန်နဲ့  အင်္ဂလိပ်နဲ့  အရည်တူ regular army အနေနဲ့  မပါခဲ့ဘူးလို့  သုံးသပ်မိပါတယ် ။
        ဒီနေရာမှာ စစ်သဘောအရ ဘီအိုင်အေဟာ အရေးမကြီးဘူးဆိုနိုင်ပေမဲ့  နိုင်ငံရေးအရတော့ ကောင်းကျိုးတွေအများကြီးရှိခဲ့တာငြင်းမရပြန်ပါ ။ (ခုဆက်ဆွေးနွေးမဲ့အပိုင်းမှာပါလာမှာပါ ၊)
        တချိန်ထဲမှာဘဲ ဒီကာလရဲ့  စစ်စည်းကမ်းလျော့ရဲမှုရဲ့  ဒါဏ်ရာတွေဟာ ခုချိန်ထိရှိနေတာကို လက်ခံကြရမှာပါ ။ ဒီထက်ဆိုးတာက အဲဒီအချိန်က စပြီး အကျင့်ဖြစ်လာခဲ့တဲ့  အလုပ်ဖြစ်ပြီးရော ဆိုတဲ့  အကျင့်၊ လက်နက်နဲ့  ဖြေရှင်းချင်တဲ့ အကျင့် ၊ အမုန်းတရားကိုမမေ့နိုင်တဲ့  အကျင့် ၊ လူချင်းချစ်မှုမုန်းမှုပေါ်မူတည်စဉ်းစားတတ်တဲ့ အကျင့်တွေ ဟာ နောင်အခါ တိုင်းပြည်ကို အတော်လေးဒုက္ခပေးခဲ့တာကို ဆက်လေ့လာသင့်ပါတယ် ။
        Posted by tint oo | 09/06/2010, 09:52
      • well said, sir..
        Posted by zizawa | 09/06/2010, 09:56
      • ဒုတိယစစ်ရေးအနီးစပ်ဆုံးလို့ ခေါ်ရမဲ့  လူစုကတော့ ယူဂျီတွေပါဘဲ ။ သူတို့ သင်တန်းဆရာ ( နောင် ) ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်ရဲ့  လက်အောက်မှာ လက်နက်ငယ်တွေ ကိုင်နည်းပစ်နည်း စစ်ခွာ စစ်ချီ စစ်ခံ နဲ့  စစ်ခေါင်းဆောင်များဆိုပြီး ၃လလောက် သင်ခဲ့ ရသူတွေပေါ့ ။(စာကျန်ခဲ့ လို့ ) စာတွေ့ သက်သက်သာ သင်ခဲ့ရခြင်း လက်တွေ့ တော့  webley revolver လို၊ SMLE လိုကိုတောင် ကိုင်ဘူးဘို့  ဝေး မမြင်ခဲ့ရဘူးပါ ။
        Posted by tint oo | 09/06/2010, 09:56
      • “တစ်ခုရှိတာကတော့ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ကြရတဲ့ ကရင်တွေရဲ့ ဓါတ်ပုံကိုတော့ ဖြတ်ကနဲ တွေ့မိဖူးပါတယ်၊ သာမန် အနည်းအကျဉ်း တိုက်ကြခိုက်ကြထက်တော့ အများကြီးပိုပုံရပါတယ်။ ”
        ပြဿနာ တခုဟာ စဖြစ်တုန်းက မီးပွားလေးပါ ။ နောက်တော့ ပိုပိုကြီးလာတာ သဘာဝပါဘဲ
        လူသေမှတော့ သာမန်ဆိုတာ ဘယ်ရှိနိုင်တော့ပါ့မလဲဗျာ
        ဒေါသနဲ့  အာဃာတက ကြီးဘို့ ဘဲလေ ။
        ဟုတ်တယ်
        ခုလောလောဆယ်ကျွန်တော့အမြင်ကကိုမန်းကိုကိုနဲ့ သဘောတူပါတယ် ။
        မတည့်အတူနေကြဘို့  တလမ်းဘဲ ရှိပါတယ် ။
        ဒါပေမဲ့  ဒီလိုနေဘို့ ဟာမှာ အတိတ်က ဖြစ်ခဲ့ တာတွေကို bias နဲနဲနဲ့  ( မပါဘဲနဲ့ တော့ မဖြစ်နိုင်သေးဘူးလေ ပြောပြီးသားပါ ပုထုစဉ်တွေဘဲဟာ ) သင်္ခန်းစာယူပြီး တယောက်နဲ့  တယောက်နားလည်နိုင်ဘို့  နဲ့  လက်မပါကြေးဆိုတာကို အားလုံးယုံကြည်ဘို့ တော့ အချိန်ယူရလိမ့်မယ် ။
        Posted by tint oo | 09/06/2010, 10:01
      • By the way, ko tint, did you attend a wedding this week? Woburn Abbey?
        Posted by zizawa | 09/06/2010, 10:07
      • No
        I was doing weekend oncall . and I live in Notts not in London .
        Why ?
        Have you seen a man that you thought might be me? I rarely attend any social functions .😛
        Posted by tint oo | 09/06/2010, 10:15
      • ကိုတင့်ဦးရေ၊ ကျနော်ဆိုလိုတာက သာမန်တိုက်ခိုက်ကြလို့ သေတာမျိုးထက် massacre သဘော သက်ရောက်နေတာတွေကို ပြောတာပါ။ နောင်မဖြစ်အောင်သာ သင်္ခန်းစာယူကြဖို့ လုပ်ကြရပါတော့မယ်။
        စစ်သားတွေကိုကြည့်ပြန်တော့ regular soldier တွေမဟုတ်ဘူးလို့ ပြောနိုင်တာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကို သွားရောက်တိုက်ခိုက် ခဲ့စဉ်တုံးကတည်းက conscritpt တွေသုံးခဲ့ကြတာ ထုံးစံလိုဖြစ်နေခဲ့ပါပြီ။ အဝင်မှာနင်းပြီး အထွက်မှာခတ်သွားကြတာကို ခံရတာက တိုင်းရင်းသားတွေဖြစ်ပြီး ပြောသွားခဲ့ကြတဲ့စကားကလည်း ဗမာလိုတွေဖြစ်နေတော့ ပြဿနာရှိလာပါတယ်။ (အထူးသဖြင့် လက်လှမ်းပိုမှီတဲ့ အလောင်းဘုရားနဲ့ ဒီဘက်ပိုင်းပေါ့။)
        ဒီဘက်ခေတ်မှာလည်း ကာလရှည်ကြာ ပျိုးထောင်ပေးခဲ့တဲ့ မုန်းတီးမှုတွေဟာ ကိုဝတုတ်အပေါ်ကထင်တာထက် အချို့လူတွေဆီမှာ ပိုတာတွေရှိပါတယ်။ မြို့ကလူတွေသိတာနဲ့ လက်တွေ့ရှေ့မှာကြုံခဲ့၊ ကြုံနေကြရသူတွေဟာ အတော်ကွာတာ ကိုယ်တွေ့ပါ၊ သူတို့ကိုအပြစ်တင်ဖို့ရာကလည်း သူတို့ဟာ ထုတ်လုပ်သူတွေမဟုတ်ပဲ ထုတ်ကုန်တွေသာဖြစ်တာ သတိထားမိပါတယ်။ ကျနော်တို့လို ဗမာစကားကိုပဲ အဓိကပြောတော့တဲ့ ကရင်တွေအတွက်တောင် သူတို့တစ်တွေနဲ့ ဆက်ဆံရာမှာ ပြဿနာရှိပါတယ်။ (ကိုတင့်ဦးပြောခဲ့တဲ့ နှစ်ဖက်လုံးမှာ လူမျိုးတူတွေပါကြတာတော့ မှန်ပါတယ်။ နယ်စပ်တိုက်ပွဲတွေမှာ ရှေ့တန်းမှာ ကရင်လိုအချင်းချင်း လှမ်းပြောနေခဲ့ကြတာတွေ ရှိခဲ့ပါတယ်၊ ရက်ကြာတာနဲ့အမျှ အဲဒီအသံတွေ တဖြည်းဖြည်းဆိတ်သုဉ်းသွားတာပါပဲ၊)
        လက်ရှိ မဆလ၊ နအဖ တွေရဲ့ ပြဿနာက (လူမျိုးရေးအပါဝင် ကိစ္စအားလုံးမှာ) ကြီးကြီးကျယ်ကျယ်မဖြစ်မချင်း ဆေးမကုပဲ အပေါ်ကပတ်တီးတွေပဲ ထပ်ထပ်ပတ်နေတာပါပဲ။ တကယ်ဖြစ်လာပြီဆိုရင် ကိုဝတုတ်၊ ကိုတင့်ဦးနဲ့ ကျနော်တို့ဆိုတာ မြူမှုန်လေးတွေပါ၊ ငရဲမီးနဲ့တွေ့ရင် အငွေ့တောင်ကျန်မှာ မဟုတ်ပါဖူး။
        အေးဗျာ၊ လောတာနဲ့ ကွန်မန့်အကွက်ကသေးလို့ အရေးအသားမဆက်စပ်မိတာနဲ့ ဘယ်တွေရောက်ကုန်ပြီလည်း မသိတော့ပါဘူး။
        ဝ တွေကိစ္စလည်း အပေါ်ကလူတွေ မူးယစ်ဆေးဝါး လုပ်တယ်ဆိုတာကလည်း အခြေအနေရဲ့ by product တွေလို့မြင်မိပါတယ်။ သိသမျှတော့ ဝ တွေ KNU ခေတ်ကောင်းစဉ်က အကူအညီတွေရယူခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပြေးစရာမြေမရှိ၊ စားစရာမရှိ၊ အကာအကွယ်မဲ့တဲ့ ဘဝမျိုးမှာ လုပ်ရဲ၊ သေရဲတဲ့စိတ်ဓါတ်နဲ့ ပေါင်းစပ်တော့ လက်ရှိအနေအထားဆီကို ထွက်ပေါက်တစ်ခုအနေနဲ့ မဖြစ်မနေ ရောက်လာရတယ်လို့ ယေဘုယျ မြင်မိပါတယ်။
        တောင်ရောက် မြောက်ရောက်ပြောနေလို့ ကိုဝတုတ်နဲ့ ကိုတင့်ဦးကို အရေးအသားလိုရင်းမရောက်ပဲ ဆန့်ကျင်သလို ဖြစ်နေတာမျိုးတွေ အဓိပ္ပါယ်ပေါက်နေသလား မပြောတတ်ဖူး။ လောရေးနေတာလည်းပါတာပေါ့လေ။
        နောက်မှ လာရေးအုံးမယ်ဗျာ၊ စာမေးပွဲက ကိုယ့်ကိုညှာမှာ မဟုတ်ဖူး။
        Posted by မန်းကိုကို | 09/06/2010, 11:00
  40. Comment system လေး လုပ်ပါဦး ကိုဝတုတ်ရေ .
    Posted by ဇေယျာ | 07/06/2010, 09:21
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,679 hits
%d bloggers like this: