//
archives

Archive for

လူကြီးမင်း နောက်ဆက်တွဲ

ဇီဇ၀ါရဲ့ လူကြီးမင်း စာနဲ့ဒီစာပေါ် မှတ်ချက်တွေကို အကြောင်းပြုပြီး ဒီစာကို ရေးဖြစ်တယ် ဆိုတာ အရင်ဆုံး ပြောချင်ပါတယ်။ ဒီဆောင်းပါးရဲ့ အဓိကအကြောင်းအရာက ဗမာ့လူအဖွဲ့  အစည်းထဲမှာ မိန်းမတွေ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေး ရှိတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောနေပေမယ့် တကယ်တမ်း ဒီလူအဖွဲ့အစည်းထဲ ဖြစ်ပျက်နေတာတွေက ဒီအပြောတွေနဲ့ ပြောင်းပြန်ဆိုတာကို ပြောထားတာ။ မိုဘိုင်းဖုံးက ‘လူကြီးမင်း’ ဆိုတဲ့ အသုံးအနှုံးက ဒါကို ပြနေတယ်လို့ စာရေးသူက ပြောထားတယ်။ ခက်တာက ကျွန်တော်တို့ ဗမာတွေက ကိုယ့်လူ့အဖွဲ့အစည်းမှာ အဲ့သလို ခွဲခြားမှုဓလေ့ကြီး ရှိနေတာကို ၀န်မခံချင်ကြဘူး။ တချို့ ကလည်း ဗုဒ္ဓဘာသာမှာ သီအိုရီအရ ယောက်ျား၊ မိန်းမ ခွဲခြားမှုမရှိပါဘူးဆိုပြီး ပြောကြတယ်။ ကျွန်တော်ကတော့ ဒါမမှန်ဘူးထင်တယ်။ ဒါကို ခုပြောချင်တယ်။ … Continue reading

ပေါက်ပေါက်ရှာရှာ (၄)

ဝါဒဖြန့်မှု propaganda ဆိုတာ ရည်ရွယ်ချက် တခုခုအတွက် လူ့အသိုင်းအ၀ိုင်းတခုရဲ့  ယုံကြည်မှု ဒါမှမဟုတ် ထင်မြင်ယူဆချက် ဒါမှမဟုတ် စိတ်နေစိတ်ထား ဒါမှမဟုတ် စဉ်းစားပုံကို (၀ါဒဖြန့်သူ) လိုချင်တဲ့ လမ်းကြောင်းပုံစံတခုပေါ်ရောက်အောင် ကြိုးပမ်းမှုလို့ အဓိပ္ပါယ်ဖွင့်ကြည့်မယ်။ ဒီအဓိပ္ပါယ်ဖွင့်မှုဟာ ပြည့်စုံချင်မှ ပြည့်စုံမယ်။ ဒါပေမယ့် ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုမှုကို ရလာအောင် အဘိဓာန်တွေ၊ အွန်လိုင်းစွယ်စုံကျမ်းတွေကို လိုက်ကြည့်ပြီး အားလုံးမှာ အကြုံးဝင်တဲ့ အချက်တွေကို ပါဝင်အောင် ဖွင့်ဆိုကြည့်ထားတာ ဖြစ်တယ်။ နောက် ‘၀ါဒဖြန့်မှု’ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တချို့  ကိုလည်း သတိပြုမိတယ်။ စာဖတ်သူလည်း သတိပြုမိပြီးသား ဖြစ်ချင်ဖြစ်မှာပါ။ ပထမအချက် အနေနဲ့ ၀ါဒဖြန့်တယ်ဆိုကတည်းက ဘယ်သူ့ကို ပစ်မှတ်ထား ၀ါဒဖြန့်တာလဲ ဆိုတဲ့အချက်ပဲ။ တနည်းအားဖြင့် ဒီစကားလုံးကို … Continue reading

စန္ဒယားလှထွတ်နဲ့ Debussy

တကယ်တော့ ဒါကို ရေးသင့်မသင့် ချိန်နေတာ ကြာပြီ။ ခုတကယ် ချရေးဖြစ်တာတောင် ဒါကို ရေးသင့်တဲ့အကြောင်းအရာဆိုပြီး စိတ်ထဲမှာ ပြတ်ပြတ်သားသား မရှိလှဘူး။ ဘာပဲဖြစ်ဖြစ် ရေးလိုက်မိပြီ.. ကိစ္စက စန္ဒယားလှထွတ်ရဲ့ သီချင်းတပုဒ်နဲ့ဆိုင်တယ်။ ‘အချစ်သည် ပို၍ဝေးသောအခါမှ ပိုသိသည်၊ ဒီဆိုစကားကို ကိုယ်ကြားဖူးသည် ဖြေမဆည်…ဝေးပြီ မကြင်လို့တော့ မဟုတ်ပြီ…’ သိကြမယ်ထင်ပါတယ်။ စန္ဒရားလှထွတ်သီချင်းတွေကို ကျွန်တော်သိပ်ကြိုက်တယ်။ သူ့ကိုလည်းလေးစားတယ်။ တူရိယာပိုင်းမှာ၊ နောက် composition အပိုင်းမှာ မြို့ မငြိမ်းထက်လည်း ဆန်းသစ်တယ်၊ sophisticated ဖြစ်တယ်လို့ ထင်တယ်။ အမြင်ကျဉ်းတယ်ပြောပြော ကျွန်တော်ကတော့ ဘယ်သူရေးမှန်း မသိတဲ့ ‘မောင်တို့ချယ်ရီမြေ’ ဆိုကော်ပီကြီးမို့ နားကိုမထောင်ချင်ဘူး။ အထူးသဖြင့် ဒီနိုင်ငံမှာဆို ဖွင့်ကို မဖွင့်ဘူး၊ ရှက်လို့။ ဇော်ဝင်းထွတ်တို့၊ မေဆွိတို့ အင်္ဂလန်မှာ သီချင်းလာဆိုရင် … Continue reading

China China China!!!

သတင်းစာ တရက်မဖတ်ရင် တခေတ်နောက်ကျသတဲ့။ ပုံမှန်ဆို တနင်္ဂနွေမနက်မှာ နိုးနိုးချင်း Sunday papers တွေအကုန်လုံးကို ဖတ်နေကြ။ ဒါပေမယ့် ဘလော့ရေးတဲ့ အလုပ်ကို နေ့စဉ်ရက်ဆက်လုပ်နေတော့ ကိုယ့်ရဲ့ ပုံမှန် routine တွေလည်း ပျက်ကုန်ပြီ။ comment box မှာ တယောက်က တရုတ်ကိစ္စရေးပါအုန်းဆိုပြီး လာတိုက်တွန်းတော့ အဲဒိအချိန်မှာ ခေါင်းထဲရှိတာကို ချရေးလိုက်တယ်။ သိပ်မကြာခင် ပိုင်က CNN မှာ တရုတ်ကသူ့ပိုက်ဆံကို float လုပ်မယ်လို့ ကြေညာသွားတယ်ဆိုပြီး comment ထားလိုက်တယ်။ အဲဒိမှာ ‘ဟင်…’ ဘယ်တုန်းကပြောလိုက်တာပါလိမ့်လို့ ကပျာကယာ ကြည့်တော့မှ တွေ့ရတော့တယ်။ ဒီသတင်းကို မနေ့မနက်က သတင်းစာ ဖတ်ဖြစ်ရင် ချက်ချင်းသိပြီး အစောပိုင်းက ရေးတဲ့ထဲမှာ ပိုပြည့်ပြည့်စုံစုံ ထည့်ရေးနိုင်မှာ။ anyway..

ယူရို ဘဏ္ဍာရေး အကျပ်အတည်း (၂)

မေလ ဆယ်ရက်နေ့မနက်မှာ အီးယူနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဥရောပ ဗဟိုဘဏ် (အီးစီဘီ)တို့ ကဥရောပ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ယူရို ဘီလီယံ ၇၂၀ အမေရိကန် ဒေါ်လာနဲ့ ဆို ဘီလီယံ ၉၃၀ (သန်းပေါင်း ကိုးသိန်းကျော်) တန်ဖိုးရှိတဲ့ အစီအစဉ်တခုကို ကြေညာသွားတယ်။ ၂၀၀၇ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းကနေ ခုချိန်ထိ အစိုးရတွေရဲ့ ခုလို stimulus packages ကယ်ဆယ်ရေး အစီအစဉ်တွေဟာ တန်ဖိုးအားဖြင့်ဆိုရင် ဒေါ်လာ ထြီလီယံနဲ့  ချီ ရှိနေပြီ။ ပထမ အမေရိကန်က အေအိုင်ဂျီ အာမခံကုမ္ပဏီအပါအ၀င် ရင်းနှီးမြှတ်နှံမှု ဘဏ်တွေနဲ့ အိမ်ဝယ်သူတွေအတွက် ငွေထုတ်ချေးတဲ့ Freddie နဲ့ Fannie ဘဏ်ကြီးတွေကို ၀င်ကယ်တုံးကတခါ၊ … Continue reading

အရင်က မတွေ့ဘူးသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ မတိုင်ခင် တရက်အလို ဒီနေ့မှာ ယူကေက ဂါးဒီးယန်း သတင်းစာမှာ သူ့မိသားစု၊ ဒါမှမဟုတ် သူ့မိသားစုနဲ့ ရင်းနှီးသူတွေမှအပ အပြင်လူတွေ အရင်က တခါမှ မတွေ့ဘူးတဲ့ ဒေါ်စုဓာတ်ပုံတွေပါလာတယ်။ စိတ်ဝင်စားသူတွေအတွက် အောက်မှာလင့်ပေးလိုက်ပါတယ်။ http://www.guardian.co.uk/world/2010/jun/18/aung-san-suu-kyi-pictures

ပေါက်ပေါက်ရှာရှာ (၃)

လူလိမ်ဆိုတာ အမှန်မပြောသူ၊ အမှန်တရားကို ဖုံးကွယ်ဖို့ကြိုးစားသူမို့ အနည်းဆုံးသူဟာ အမှန်အမှားကို ကွဲအောင်ခွဲဖို့ တာဝန်ရှိသေးတယ်။ ဘယ်ဟာအမှား၊ ဘယ်ဟာ အမှန်ဆိုတာ သိဖို့လိုသေးတယ်။ လိမ်လည်မှုမှာ အမှားအမှန် ခွဲခြားမှု ရှိသေးတယ်။ ခွဲခြားပြီးမှ အမှန်ကို အမှားဆိုပြီးတင်ပြတာ၊ ဟုတ်တယ်မလား။ စကားမစပ် လူလိမ်လို့ ဆိုရာမှာ အမြဲတန်းလိမ်တဲ့လူနဲ့ တခါတရံမှ လိမ်တဲ့လူ ဘယ်သူပိုကြောက်ဖို့ကောင်းလဲ။ ကျွန်တော့်ရဲ့ gut feeling ကတော့ ဒုတိယလူ ပိုကြောက်ဖို့ကောင်းတယ်ထင်တယ်။ ထားပါတော့။ လူလိမ်ထက် ရွံ့ စရာကောင်းတဲ့ လူအမျိုးအစားတခုရှိတယ်လို့ အမေရိကန် ဖီလော်ဆော်ဖာ Harry Frankfurt ကပြောတယ်။ အဲဒိအမျိုးအစားကို သူက bullshit လို့ နံမယ်ပေးထားတယ်။ ဗမာလို ချေးထုတ်လို့ ပြန်ရရင် သင့်မယ်ထင်တယ်။ Frankfurt ရဲ့  … Continue reading

ရာဇ၀တ်မှုဆိုတာ တကယ်ပဲ မကောင်းဘူးလား

ရာဇ၀တ်မှုကို ကောင်းတယ်လို့ ဘယ်သူမှ ပြောမယ်မထင်ဘူး။ နိုင်ငံရေးသမားတွေ ရွေးကောက်ခံရဖို့ မဲဆွယ်တဲ့အခါမှာ ရာဇ၀တ်မှု လျော့ကျအောင် လုပ်ပေးမယ်လို့ ကတိပေးပြီး မဲဆွယ်တာတွေကို မကြာခဏ ကြားဖူး တွေ့ဖူးကြမှာဘဲ။ ဒါပေမယ့် ရာဇ၀တ်မှု crime ဟာ တကယ်ပဲ မကောင်းဘူးလား။ လူတယောက် အသက်ရှင်ဖို့ အလုပ်လုပ်တဲ့ အဆုတ်တခု လိုအပ်သလိုမျိုး လူ့အဖွဲ့အစည်းတခု ကျန်းကျန်းမာမာ အလုပ်လုပ်ဖို့ ရာဇ၀တ်မှုဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ ရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့ အယူအဆတခုကို ဒီအခန်းမှာ မိတ်ဆက်ပေးချင်တယ်။  ဒီအဆိုကို စပြောသူက ပြင်သစ်လူမျိုး Emile Durkheim။ ဂူဂယ်မှာ သူ့နံမယ်နဲ့ crime ဆိုပြီး တွဲရိုက်ကြည့်ရင် သူနဲ့ ပတ်သက်တာတွေ တသီကြီးတွေ့ရမယ်။ Durkheim ဟာ လူမှုဗေဒခေါ်တဲ့ sociology ဘာသာရပ်ကို … Continue reading

ပေါက်ပေါက်ရှာရှာ (၂)

လောကကြီးမှာ ကျေးဇူးတင်ထိုက်တဲ့အရာတွေ၊ ကျေးဇူးတင်ထိုက်သူတွေ အများကြီးပဲ။ ကျွန်တော့်နှာခေါင်းကို ကျေးဇူးတင်တယ်၊ ဘာကြောင့်လဲဆိုတော့ မျက်မှန်တင်လို့ရလို့။ မျက်မှန်မရှိရင် ဒုက္ခရောက်တာ အကြိမ်ကြိမ်။ တခါက ကျွန်းတကျွန်းပေါ် လူငါးယောက် သင်္ဘောပျက်ပီးရောက်လာတယ်။ ကျွန်းပေါ် ရောက်တော့ ဘ၀ရပ်တည်ရေးအတွက် အလုပ်တာဝန်တွေ ခွဲကြရော။ တယောက်က အိုကေ ကျုပ်ကရေခပ်မယ်။ နောက်တယောက် ကျုပ်က ငါးမြှားမယ်။ နောက်တယောက်က အုန်းသီးခွဲမယ် စသဖြင့် စသဖြင့် အသီးသီး တာဝန်ယူကြတယ်။ နောက်ဆုံးတယောက်ကတော့ ခင်ဗျားတို့ ရှာဖွေလာတာတွေကို ကျုပ်က ဒိုင်ခံစားပေးတဲ့ တာဝန်ယူမယ်လို့ဆိုတယ်။ သူ့နံမယ်ကို ကိုကျေးဇူးလို့ (အလကား အလကား)ခဏ ပေးထားမယ်။ တနေ့တနေ့ ရေခပ်တဲ့လူကလည်း ရေသွားခပ်၊ ငါးမြှားတဲ့လူက လည်းမြှားနဲ့ ညနေကျတော့ စုစားကြရော။ ကိုကျေးဇူးက သူများတကာ ရှာထားတာမှန်သမျှကို ဒိုင်ခံစားပေးတယ်။ ကျန်တဲ့လူတွေလည်း … Continue reading

ပေါက်ပေါက်ရှာရှာ (၁)

တခါ တခါကျ ၀ါကျ တခုမှာ ပါတဲ့ စကားစုတိုင်းဟာ အဓိပ္ပါယ်ထွက်ပေမယ့် အဲဒိ အဓိပ္ပါယ်ထွက်တဲ့ စကားစုတိုင်းကို စုထားတဲ့ ၀ါကျဟာ ဘာအဓိပ္ပါယ်မှ မရှိတာမျိုး ရှိနိုင်တယ်။ ဥပမာ နေပေါ်မှာ မွန်းတည့်နေပြီ။ ဒီဝါကျမှာ ‘နေပေါ်မှာ’ ဆိုတာရော ‘မွန်းတည့်နေပြီ’ ဆိုတာရော နှစ်ခုစလုံးဟာ သူ့ချည်းသက်သက် အဓိပ္ပါယ် ထွက်တယ်။ ဒါပေမယ့် ပြောခဲ့တဲ့ ၀ါကျကတော့ အဓိပ္ပါယ် လုံးဝ မရှိဘူး။ မွန်းတည့်တယ်ဆိုတာ နေကို reference လုပ်ပြီးသာ ပြောလို့ရတဲ့ စကားမို့ နေပေါ်မှာ မွန်းတည့်တယ်ဆိုတာ …… ။ ဒီဥပမာက သူများဆီကနေ ခိုးချထားတာ။ မူလပြောသူက Wittgenstein။ သူပြောတာ အတိအကျက It’s five o’ clock on … Continue reading

Blog Stats

  • 89,877 hits