//
you're reading...
Philosophy
ကျေးဇူးတရား self-ownership and all that
လူတိုင်းလူတိုင်းဟာ တာဝန်အရ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာမို့ ကျေးဇူးတရားဆိုတာ အပိုတွေ (ဒါမှမဟုတ်) မရှိဘူးဆိုတဲ့ အပြောဟာ ၁၇ ရာစု ၁၈ ရာစုကနေ ကနေ့ထိ တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကျင့်သုံးနေတဲ့ စနစ်တခု တနည်းအားဖြင့် အရင်းရှင်စနစ်ရဲ့  underlying concept နဲ့ နီးနီးကပ်ကပ် ဆက်နွယ်နေတယ်။ ဖီလော်ဆော်ဖီမှာ ဒါကို self-ownership လို့သိကြတယ်။ အဲဒိ concept သဘောတရားကို အင်္ဂလိပ်ဘာသာနဲ့ ရေးထားပုံက … the libertarian principle of self-ownership, which says that each person belongs to him/herself and therefore owes no service or product to anyone else တဲ့။  
နှစ်ဆယ်ရာစုထဲမှာ ပေါ်လာပြီး အထိုက်အလျှောက် ခေတ်စားခဲ့တဲ့ အတွေးအခေါ် တော်တော်များများဟာ ဒီသဘောတရားနဲ့ မကင်းဘူး။ feminist တွေ၊ နောက် ဘာတဲ့ အိပ်ဇစ်စတယ်ရှင်လစ်ဇင်လို၊ နောက်ဆုံး အရင်းရှင်စနစ်ကို မတရားဘူးလို့ ဝေဖန်တဲ့ ဆိုရှယ်လစ်တွေကိုယ်တိုင် အရင်းရှင်စနစ်ကို ထောက်ပံ့အားပေးထားတဲ့ ဒီ self-ownership သဘောတရားကို ကိုင်ပြီး အရင်းရှင်စနစ်ကို ဝေဖန်ခဲ့ကြတာဖြစ်တယ်။ ခုပြောခဲ့တာတွေဟာ ဗလာချီ ကြွားနေတာ မဟုတ်ပါ။ ဆက်ဖတ်ရင် နောက်ပိုင်းမှာ ခုဘာကြောင့် ဒါတွေပြောနေသလဲဆိုတာ ရှင်းလောက်တယ်လို့ ယူဆပါတယ်။
ညီလင်းဆက်ကနေ စလိုက်ပြီး ရီတာကို ဘလော့မှာ ငြင်းနေကြတဲ့ အကြောင်းအရာတွေမှာ ကိစ္စတခုက (ကျွန်တော်နားလည်သလောက်က) ကျေးဇူးတရားဆိုတာ in general ရှိကို မရှိနိုင်ဘူးဆိုပြီး ပြောတာမျိုးမဟုတ်ဘဲ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကို လုပ်ရာမှာ ကျေးဇူး (အပြန်အလှန်ကျေးဇူး၊ တလုပ်စားဖူး သူ့ကျေးဇူး စသဖြင့် စသဖြင့်) ဆိုတာကြီးကို ‘မရိုးမသား’ အသုံးချတာကိုသာ ရှုံ့ ချတာလို့ နားလည်တယ်။ ကျေးဇူးတရား in general ဆိုတာ လောကကြီးမှာ ရှိကိုမရှိဘူးလို့တော့ ညီလင်းဆက်ရော၊ ရီတာကိုရော ပြောမယ်မထင်ဘူး။ ပြောရင်တော့ ဒါကိုဘယ်လိုသက်သေပြလို့ရမလဲဆိုတာ စိတ်ဝင်စားစရာပဲ။ မီဒီယာသမားနဲ့ မင်းသမီး အပြန်အလှန်ကျေးဇူးရှိတယ်ဆိုတာ ရွှီးနေတယ်ဆိုတာ မှန်နိုင်တယ်။ မှန်တယ်လို့လည်း ထင်တယ်။ ဒါပေမယ့် အဲဒိ particular ဥပမာကနေ ကျေးဇူးတရားဆိုတာ in general ရှိကိုမရှိဘူးလို့ ကျွန်တော်နားလည်းသလောက် ပြောလို့မရဘူး။ (particulars ကနေ generalise လုပ်တာ အမြဲတန်းမမှန်ပါ)
ခုကျွန်တော် ပြောချင်တာက တချို့ ကိစ္စတွေမှာ ကျေးဇူးစကားတွေ ပြောနေစရာ မလိုဘူး ဆိုတာကို လက်ခံသူတွေ ဘာ့ကြောင့် လက်ခံသလဲဆိုတာ သိသလိုလို ရှိတယ်၊ နောက်နားလည်နိုင်တယ်လို့ ထင်မိတယ်။ ခုအောက်မှာရေးမဲ့ စာမှာ ဒီအကြောင်းကို ရှင်းပြကြည့်ဖို့ ကြိုးစားထားတယ်။ ဒီအထင်ကို ဖြစ်စေတဲ့ သဲလွန်စက Andy Myint ဆီကလာတယ်။
 ဒီနေရာမှာ ဘိုတွေနဲ့ “ဗမာ”တွေ ကွာသွားတာက ဘိုတွေက ….. မင်းကိုငါ မနေ့က ကူညီထားတာလေ သွားပြောရင်တောင် မမှတ်မိဘဲ ဘာတွေ လာကြောင်နေတာလဲ ပြောထည့်လိုက်ဦးမည်။ 
တို့ဗမာများကတော့ ပါးစပ်က မသွက်ပေမယ့် စိတ်ထဲမှာ တစ်သက်လုံး စွဲစွဲမြဲမြဲ မှတ်နေရော။ ညီလင်းဆက်ပေးတဲ့ ဆရာဝန်တွေ ကျောင်းဆရာတွေ ဥပမာက ကောင်းတယ်။ ဆရာဝန်၊ ကျောင်းဆရာ အတန်းအစားထဲကဆို ကိုယ့်ကို ကုသပေး၊ သင်ကြားပေးတဲ့သူ မဟုတ်တာတောင် အဲဒီ အတန်းအစားဆို လေးစားပြီး ကျေးဇူးတွေ တင်နေလိုက်ကြတာထဲမှာ ကိုယ်ကိုယ်တိုင်တောင် ပါချင်တယ်။ 
တကယ်တော့ ဗမာတွေတင်မဟုတ်ပါဘူး။ အာဖရိကမှာလည်း ဒီလို ‘ကျေးဇူး’ သဘောတရား ရှိတယ်။ ကိုလံဘတ်(စ) မရောက်ခင် အမေရိကတိုက်မှာနေတဲ့ ဌာနီ တိုင်းရင်းသားတွေမှာလည်း ပြောခဲ့တဲ့ ‘ကျေးဇူး’ သဘောတရားရှိတယ်လို့ သူတို့အကြောင်း ရေးတဲ့ သမိုင်းဆရာတွေ အပြောအရသိရတယ်။ တနည်းအားဖြင့် pre-capitalist societies အရင်းရှင်စနစ်ဝင်မလာသေးတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ဒီသဘောတရားဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိတာတွေ့ရတယ်။ ဒါပေမယ့် အရင်းရှင် စနစ်ထဲမှာ လုံးဝအသားကျနေသူတွေကြားမှာ well-socialised products of capitalism ဒီသဘောတရားဟာ ခေတ်မစားတော့ပဲ အာပလာ ဖြစ်သွားတာကို နားလည်လို့ရတယ်။ တဘက်မှာ ဘိုတွေကြားမှာ၊ ဘိုတွေရဲ့ စာတွေနဲ့နီးစပ်မှုရှိသူတွေကြားတင်မက ဂျပန်ပြည်ရော၊ ကနေ့ခေတ် တရုတ်ပြည်လိုနိုင်ငံတွေမှာပါ တနည်းအားဖြင့် အရင်းရှင်စနစ် အသားကျလာတဲ့ လူ့အဖွဲ့အစည်းတွေအပြင် pre-capitalist society ကလုပ်ပုံကိုင်ပုံ၊ တွေးပုံခေါ်ပုံကို စိတ်ကုန်သူတွေကြားမှာ ပြောခဲ့တဲ့ Self-ownership သဘောတရားဟာ အားကောင်းနိုင်စရာ ရှိတယ်။
ဘာ့ကြောင့်အားကောင်းသလဲဆိုတာ ရှင်းပြဖို့ pre-capitalist အဖွဲ့အစည်းတွင်း အလုပ်လုပ်ပုံနဲ့ capitalist အဖွဲ့အစည်း အလုပ်လုပ်ပုံကို ဘာကွာလဲဆိုတာ အရင် ပြောသင့်တယ်။ ပထမအဖွဲ့အစည်းမှာ ကုန်ပစ္စည်းထုတ်လုပ်သူဟာ (လယ်စိုက်တဲ့ လယ်သမားပဲ ဆိုပါစို့) သူ့ရဲ့ လုပ်အား labour power ကို အပြည့်အ၀မပိုင်ဘူး။ သူဟာ သီတင်းတပတ်မှာ တချို့ ရက်တွေမှာ မြေပိုင်ရှင်အတွက် ပိုက်ဆံမယူဘဲ အလုပ်လုပ် ပေးရတာမျိုးရှိတယ်။ အပြန်အလှန်အားဖြင့် မြေပိုင်ရှင်က သူ့အတွက် စီးပွားရေး လုံခြုံမှု အတိုင်းအတာတခုထိ ပေးတယ်။ အဲဒိမှာ အပြန်အလှန်ကျေးဇူးရှိခြင်းဆိုတဲ့ အယူအဆ ပေါက်ပွားလာပုံရတယ်။ ဗမာပြည်က ကျေးလက်ဒေသတွေမှာ ဥပမာ သူကြီးအိမ်မှာ ဒါမှမဟုတ် ရပ်ရွာထဲက ငွေကြေးပြည့်စုံသူတွေအိမ်မှာ အလှုလုပ်ရင် တရပ်လုံးက ၀ိုင်းကူ ကြတာမျိုးရှိတယ်။ အပြန်အလှန်အားဖြင့် ပိုက်ဆံပြည့်စုံတဲ့သူဟာ တရွာလုံးကျပ်တည်းတဲ့ အခါမျိုးမှာ ကျန်တဲ့လူတွေကိုလည်း ကြည့်သင့်တယ်ဆိုတဲ့ expectation မျိုးရှိတယ်။ ဒါဟာ ကျေးလက် ethic ပဲ။ ကျေးလက်တင်မကပါဘူး။ ကျွန်တော်တို့ငယ်ငယ်ကဆိုရင် လမ်းထဲ မီးမလာ ရေမလာလို့ ကိုယ့်အိမ်က မီးစက်နဲ့ ရေတင်နိုင်ရင် တလမ်းလုံးလိုချင်တဲ့ လူကို ရေပေးတာပဲ။ အပြန်အလှန်အားဖြင့် အိမ်မှာအလှုလုပ်ရင်၊ ကျွန်တော်တို့ရှင်ပြုတဲ့ အခါမျိုးတွေမှာ တရပ်လုံးက လာကူကြတယ်။ ဒါ forced labour လည်းမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ ကိုယ့်စေတနာနဲ့ကိုယ် လာကြတာသာဖြစ်တယ်။ တခုတော့ ရှိတယ်။ ဒါဟာ society ထဲမှာလက်ခံထားတဲ့ ကျင့်ဝတ်တွေက ဖိအားပေးလို့ လာတယ်လို့တော့ ပြောချင်ပြောနိုင်မယ်။ ဒီလိုဓလေ့မျိုးဟာ ဗမာပြည်တင်မကပါဘူး။ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ် လောက်က ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေ ခြုံပြောရရင် pre-capitalist societies တွေမှာတွေ့ရတဲ့ ဓလေ့ပဲ။ ကျေးဇူးတရား (အပြန်အလှန်ကျေးဇူးရှိခြင်း)ဆိုတာ ဒီဓလေ့တွေထဲက တခုပဲ။ ရီတာကို ပြောတာဟာ
ကျေးဇူးတင်စိတ်ဟာ ဘယ်ကနေ ဖြစ်လာသလဲလို့။ ပုထုဇဉ်မှန်သမျှအတွက် ကိုယ်ကျိုးအတ္တကို ပြည့်စုံစေတဲ့အတွက် ကျေနပ်မိတဲ့စိတ်က ဖြစ်တယ်လို့ ထင်တယ်။ ပြီးတော့ ကိုယ့် စိတ်သဘောနဲ့ တွေ့တဲ့ အရေးကိစ္စတွေ လုပ်ဆောင်ပြတာ တွေ့ရတဲ့အခါ ဖြစ်မယ်ပေါ့။
မှန်တယ်။ လယ်သမားကလည်း သူ့ကိုယ်ကျိုးအတ္တ ပြည့်စုံစေတဲ့အတွက် (ဥပမာ ရှားပါးတဲ့ အချိန်မှာ သူကြီးဆီက ရပ်ထဲရွာထဲ ပိုက်ဆံချမ်းသာသူဆီက စားနပ်ရိက္ခာလုံခြုံမှု ရတာက) သူ့မသိစိတ်ထဲမှာဘဲ ဖြစ်ဖြစ်၊ သိစိတ်ထဲပဲ ဖြစ်ဖြစ် ရှိနေတယ်။ သူထုတ်မပြောတတ်လို့သာ ရှိချင်ရှိမယ်။ (မောင်ထင်ရဲ့ ငဘနဲ့ ဦးသာဂေါင်ကြီးတို့ ဆက်ဆံရေးလို ဆက်ဆံရေးမျိုးဟာ ငဘတို့ရွာတင်မက ဗမာပြည်က တခြားရွာတွေနဲ့ အရှေ့ တောင်အာရှက တချို့ ရွာတွေမှာပါ ရှိခဲ့တဲ့ ဆက်ဆံရေးမျိုးပဲ။)
တဘက်မှာ capitalist societies တွေမှာတော့ ကုန်ပစ္စည်းတိုက်ရိုက်ထုတ်လုပ်သူဟာ (ခြုံပြောရရင် ကျွန်တော်တို့အားလုံး) သူ့လုပ်အားကို အပြည့်ပိုင်တယ်။ အဲဒိတော့ သူဟာ ဘယ်သူ့အတွက်မှ သူ့စိတ်မပါရင် အခမဲ့လုပ်ပေးစရာ မလိုဘူး။ သူ့အတွက်က ကျေးဇူးတရားမလိုဘူး။ ရှစ်နာရီအလုပ်လုပ်ရင် ရှစ်နာရီစာ အပြည့်ပိုက်ဆံရမယ်။ မလုပ်ရင် မရဘူး။ အရင်းရှင်လူ့အဖွဲ့အစည်းပုံစံကို ကူးပြောင်းရာမှာ အထက်မှာပြောခဲ့တဲ့ Self-ownership ဆိုတဲ့ သဘောက ပိုအားကောင်းလာတယ်။ လယ်တောထဲမှာ အခမဲ့ လုပ်အားပေးနေရတာထက် ကိုယ်အလုပ်လုပ်ရင် လုပ်သလောက် ရော့ပတ္တမြား ရော့နဂါး၊ ရော့ဒီမှာငါ့လုပ်အား ရော့ငွေသား ဆိုတဲ့ ဓလေ့က အားကောင်းလာတယ်။ မြေရှင်ပဒေသရာဇ်နဲ့ မြေကျွန်ကြား ဆက်ဆံရေးလို မဟုတ်ဘဲ အလုပ်ရှင်နဲ့ အလုပ်သမားကြားဆက်ဆံရေးမှာ အပြန်အလှန် မှီခိုမှုရှိပေမယ့် ကျေးဇူးတရားဆိုတာကတော့ အားနည်းသွားပြီ။ (ရှိချင်လည်း ရှိနေနိုင်ပါသေးတယ်။) ဗမာပြည်က ‘ဘို’ နိုင်ငံတချို့ လို အရင်းရှင်ကုန်ထုတ်လုပ်မှု ပုံစံကို ပြည့်ပြည့်၀၀မရောက်သေးဘူး။ ဒီတော့ ရှုပ်ရှုပ်ထွေးထွေးဖြစ်ဖို့ ပိုလွယ်တယ်။
pre-capitalist အဖွဲ့အစည်းတွေမှာ လယ်ပိုင်ရှင်တွေက (ပဒေသရာဇ်တွေက) လယ်သမားတွေ (တချို့ ကလည်း မြေကျွန်လို့ခေါ်တယ်)ကို သွေးစုတ်ချင်တော့ ပြောခဲ့တဲ့ ကျေးဇူးသဘောတရားကြီးနဲ့ ကိုင်ကိုင်တုတ်နေတယ်။ သူ့လောက်မတိုးတက်တဲ့ လူ့အဖွဲ့အစည်း (ဥပမာ ကျေးကျွန်အဖွဲ့အစည်းမျိုး)နဲ့ယှဉ်ရင်တော့ ဒီလိုကျေးဇူးတရားဟာ စားသာတာပေါ့။ ဒါပေမယ့် ကနေ့ခေတ်လိုမျိုးမှာ ၂၀ ရာစုကုန် ၂၁ ရာစုထဲမှာ လူတွေက ပိုပညာတတ်လာ၊ ကိုယ့်လုပ်အား တခုထဲနဲ့ (ကာယပဲဖြစ်ဖြစ် ဥာဏပဲဖြစ်ဖြစ်) ရင်းစားလို့ရတဲ့ခေတ် တနည်းအားဖြင့် capitalist society ထဲမှာတော့ ပြောခဲ့တဲ့ ကျေးဇူးတရားနဲ့ ကိုင်တုတ်တာကြီးဟာ မနှစ်မြို့  စရာဆိုတာ ထင်ထင်ရှားရှားကြီး ဖြစ်လာတယ်။ အလုပ်ရှင်ကလည်း အလုပ်သမားကို နာရီပေးခိုင်းလို့ရတဲ့ အရာတခုအဖြစ်သဘောထားတယ်။ အလုပ်သမားကလည်း အလုပ်လုပ်ချိန်၊ ဒါမှမဟုတ် ဒီအလုပ်နဲ့ ပတ်သက်နေချိန်မှာဘဲ professional ဆက်ဆံရေးအရ အလုပ်ကို စိတ်ဝင်စားတယ်။ ဒိပြင်အချိန်မှာတော့ အလုပ်ဆိုတာကြီးကို ပလိပ်ရောဂါလိုပဲ အနားအကပ် မခံချင်ကြပါဘူး။ အလုပ်သမားအတွက် အလုပ်ရှင်ဟာ သူ့ရဲ့  ends အတွက် means ဖြစ်သလို အလုပ်ရှင်ရဲ့ ends မှာ အလုပ်သမားဟာ means ပါ။ ကျေးဇူးတရား ၀င်လာနိုင်စရာ အကြောင်းမမြင်ပါ။ ဒီလိုအဖွဲ့အစည်းမှာ ကိုယ့်ဘာသာကိုယ် တာဝန်ယူကြေး၊ ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ရကိုယ်ယူ၊ ကိုယ်စားကိုယ်ရှင်း (American system လို့လည်း ခေါ်ကြတယ်မလား)ဆိုတဲ့ ကျင့်ဝတ်မျိုးက ပိုအားကောင်းလာတယ်။   နောက်ဒီလို ကျင့်ဝတ်ရှုဒေါင့်ကကြည့်ရင် လူအဖွဲ့အစည်းထဲမှာ ကျောင်းဆရာ၊ ဆရာဝန် မရှိတော့ဘူး။ ပညာရေး ၀န်ဆောင်မှုပေးသူ၊ ကျန်းမာရေး ၀န်ဆောင်မှုပေးသူတွေသာ ရှိတော့တယ်။ ဒါဟာ ကောင်းတယ် ဆိုးတယ် ဆိုတာထက် ဘာ့ကြောင့်ဒီလို ဖြစ်လာသလဲဆိုတာကို နားလည်ကြည့်ခြင်းဖြစ်ပါသည်။
ပြောခဲ့သလို ကိုယ်လိုချင်တာရဖို့ ကျေးဇူးတရားနဲ့ ကိုင်တုတ်တာ ရွံ့စရာပဲ။ ကျောင်းဆရာတွေ အာစရိယဂုဏောနဲ့ တပည့်တွေကို နိုင့်ထက်စီးနင်း လုပ်နေတာတွေ လည်း ရွံ့စရာ အမှန်ပဲ။ ကိုယ်တွေ့တွေ အများကြီးမှ အများကြီးပါ။ ဒါပေမယ့် ဒီလိုကျေးဇူးတရားကို ရွံ့စရာကောင်းအောင် မရိုးမသားအသုံးချနေတဲ့ အတွက်ကြောင့်ပဲ ကျေးဇူးတရားဆိုတဲ့ သဘောတရား ကိုယ်နှိုက်ကိုတော့ ရွံ့ စရာလို့ ပြောလို့မရဘူး။ ပြောနေတယ်လို့လည်း မမြင်မိပါ။
ဝတုတ်
နောက်ဆက်တွဲ
တဘက်မှာ feminist တွေရဲ့  self-ownership သဘောတရားကိုကိုင်ပြီး တန်းတူညီမျှရေး တောင်းဆိုတာတွေဟာ ကိုယ့်ရှုးကိုယ်ပတ်နိုင်တဲ့ အန္တရယ် ရှိတယ်။ prostitution ဟာ အင်မတန်မှ ထင်ရှားတဲ့ သာဓကပဲ။ feminist တွေက prostitution ဟာ မိန်းမတွေရဲ့ ဂုဏ် သိက္ခာကို ညှိးနွမ်းအောင်လုပ်တာမို့ မတရားဘူးပြောတယ်။ တဘက်မှာ self-ownership သဘောတရားအရ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ၀ါသနာအရ (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) ဖာခံတာကို မတရားဘူးလို့ ပြောလို့မရဖြစ်နေတယ်။ ဒီအကြောင်းက အများကြီးပိုသိမ်မွေ့ တယ်။ တကယ်က တရားမှု မတရားမှုနဲ့ ပတ်သက်ပြီး prostitution ဟာ တရားလား မတရားဘူးလားဆိုတာကို ရေးဖို့လုပ်နေရာမှာ ကြားထဲက ကိစ္စတွေပေါ်လာလို့ ဒါကဘေးရောက်နေတယ်။ မကြာခင် တရားမှု၊ မတရားမှု စီးရီးအောက်မှာ တင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Discussion
41 thoughts on “ကျေးဇူးတရား self-ownership and all that
  1. ရွှေမင်းသမီးနဲ့ မီဒီယာကိစ္စမှာလည်း မီဒီယာ ဆရာသမားများက ကျေးဇူးတရားနဲ့ နင်ပဲငဆ ပြောတာဟာ ရိုးသားမှုရှိရဲ့ လားဆိုတာ လေးလေးနက်နက် မေးခွန်းထုတ်သင့်တယ်။
    ကျွန်တော့်ကို တယောက်က လာမေးတယ်။ So which side are you on? အင်္ဂလိပ်လို မေးလို့ အဲဒိတုန်းက ဖြေလိုက်တဲ့အတိုင်း ဖြေမိပုံက Well, I won’t try to reduce the complexity of the situation by taking partisanship လို့ဖြေမိတယ်။ တချို့ တော့ ဒီကောင် လူလည်ပါလို့လည်း ထင်ချင်ထင်မှာပါ။ ဒါပေမယ့် ကျွန်တော့်သဘောအမှန်က ပြောခဲ့တဲ့ အတိုင်းပါ။
    Posted by watote | 09/06/2010, 11:00
  2. ဖတ်ပီး ဘာကိုပြောတာမှန်းနားမလည်ဘူး
    မခင်ဦးမေပြောသလိုပဲ..ကျနော်လဲမြန်မာစာမဖတ်တတ်ဘူး
    Posted by မြတ်နိုး | 09/06/2010, 11:17
    • အဲဒါဆိုလည်း နားမလည်တဲ့ အတိုင်းပဲ ထားလိုက်တာ ကောင်းပါတယ်။ ပြည်တွင်းထဲက မိတ်ဆွေတချို့ ကို ပို့ဖို့ ရေးရာမှာ ဘလော့ပေါ်က လူတွေရဲ့ အမြင်ကိုလည်း သိချင်လို့ တင်လိုက်တာပါ။
      Posted by zizawa | 09/06/2010, 11:35
  3. ကျနော်က တော့ ကိုအန်ဒီထောက်ပြသွားတဲ့ပို့စ်ကို လုံးဝ လက်ခံတယ်။
    Posted by မြတ်နိုး | 09/06/2010, 11:18
  4. prostitution ဟာ တရားလား မတရားဘူးလား
    ဟိုက် !!
    Posted by tint oo | 09/06/2010, 11:40
    • ko tint, go and read ‘the secret diary of a call girl’. this is a real life story. she has a PhD in IT and a proud, self-declared hooker. ITV series is based on her story. try searching belle de jour!! the concept of self-ownership justifies voluntary slavery or prostitution. more later….
      of course, i personally don’t endorse it (hookerdom). but that’s not the point. the point is voluntary slavery can be shown to be endorsed by that ‘self-ownership’ concept. and that is really troubling.
      Posted by zizawa | 09/06/2010, 11:45
      • yeah
        I must say that it is an area I need to learn . It is named as oldest profession and I never learnt thei reasons for choosing that .
        Posted by tint oo | 09/06/2010, 16:04
    • ko tint, look at this syllogism..
      I own my body. Therefore I have rights to treat it in a way I want. You pay me money, I give you my kidney (or) I sleep with you. What is wrong with that? Of course plenty is wrong with that. But the worrying thing is that self-ownership concept allows this…. That’s the whole point.
      Posted by zizawa | 09/06/2010, 12:03
  5. ခက်တာက ခက်တာပဲ bro.
    ကိုအင်ဒီ ကျွန်မ ဘလော့မှာ ကွန်မန့်ရေးရင်း ပြောသွားတယ်။ ကလေးကို ပြောသလို ရိုးရိုးစင်းစင်း တိုက်ရိုက်တဲ့တိုး ပြောတဲ့နည်း ဆိုတာ… အဲဒီနည်းက ကိုအင်ဒီ သုံးပြလိုက်တာ အလုပ်ဖြစ်ပါတယ်။ တကယ်ပါ။ ညလဆ ဆီမှာ၊ ကိုပေါဆီမှာ တလွဲနားလည်လာကြတဲ့ သူတွေ၊ ကိုအင်ဒီဆီမှာ တကယ်နားလည်သွားကြတယ်။
    သို့သော်… ပြဿနာက ကိုပေါ၊ ညလဆသည် အဓိပ္ပါယ်တမျိုး၊ ကိုအင်ဒီသည် အဓိပ္ပါယ်တမျိုးလို့ ဆက်လက် ယူဆနေကြပြန်တာပဲ။
    Posted by Rita | 09/06/2010, 12:21
  6. ခက်တာက ခက်တာပဲ bro.
    What is that??? lol…….
    Posted by watote | 09/06/2010, 12:26
  7. hmmmmmmmm….
    Posted by watote | 09/06/2010, 12:27
  8. ကျုပ် တဘက်ဘက် လိုက်ရေးတဲ့ ပုံမျိုး မရောက်အောင် ရေးပါသည်။ တကယ်လည်း မလိုက်ပါ။ ဘာ့ကြောင့် ဒီလို ဒီလို တွေးကြသလဲဆိုတာ သိသလိုလိုရှိလို့ ချရေးကြည့်တာပါ။
    wesheme blog မှာ မီလျံနာဆိုသူရဲ့ အပြောနဲ့ ပတ်သက်ပြီး It’s not fair to comment about Nyi Lynn Seck and Ritako. I haven’t read Ko Paw yet. But they have a very valid reason to say what they said. ဆိုပြီး ရေးခဲ့တယ်။ ကျုပ်ရေးထားတာကို မတွေ့ခဲ့ပါ။
    Posted by watote | 09/06/2010, 12:31
  9. ကွန်မင့်မထားရစ်ခဲ့ပေမယ့် လာဖတ်ဖြစ်ပါတယ်။ ဗဟုသုတ ကြွယ်ဝပုံကို အားကျမိပြီး သုံးသပ်ပြပုံကိုလည်း သဘောကျနှစ်ခြိုက်မိပါတယ်။
    Posted by ကိုပေါ | 09/06/2010, 13:17
    • Thank you, sir. (again) lol……
      ကျွန်တော် ဒီ post ကိုရေးပီးတင်တဲ့အချိန်က ညီလင်းဆက်နဲ့ ရီတာကို တို့ဘလော့မှာ ရေးတာတွေပဲ ဖတ်ထားရတယ်။ ကိုပေါစာရော wesheme မှာရေးထားတာကိုရော နောက်ပိုင်းမှာ ဖတ်ရတယ်။ ရှင်းမလိုလိုနဲ့ ရှုပ်နေတဲ့ အရာ (or) ရှုပ်မလိုလိုနဲ့ ရှင်းနေတဲ့ အရာတခုလား ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ ဒီနေ့ကတော့ အရယ်မိဆုံးနေ့ တနေ့ပါ။ အဲဒိအတွက် again (အဟမ်း) ကျေးဇူး လှိုက်လှိုက်လှဲလှဲ တင်မိပါသည်။ (အားလုံးကို)
      Posted by zizawa | 09/06/2010, 13:31
      • ဟိဟိ
        ပြောတဲ့ ဘလော့တွေလိုက်ဖတ်တာ တော်တော်တော့ ရီရတယ်
        ကျွတ်မုန်းဝင်ကိုငြင်းနေသူများဘဲ ။
        Posted by tint oo | 12/06/2010, 08:27
      • ကိုတင့် ခင်ဗျား မနောက်ပါနဲ့။ crime brings together honest men and concentrates them တဲ့။ Durkheim ရဲ့ crime အမြင်ကို ထပ်ဆင့်ရှင်းထားတဲ့ quote တခု။ wesheme blog မှာ ကိုအင်ဒီရေးတာကို စုပြုံထောက်ခံတာကိုသာကြည့်။ ကျွတ်မုန်းဝင် အဲဒါဆက်ငြင်းရင်ကောင်းမယ်။
        Posted by zizawa | 12/06/2010, 08:37
      • 😛
        ဟုတ်ဟုတ်
        အဲ နားလည်သလိုပြောမယ်နော် ။
        လူလောကမှာက အမြင်တခုကိုပြောရင်အချိန်တခုမှာ လူ့ အသိုင်းအ၀ိုင်းက ၁)ဘယ်တော့မှ လက်မခံတဲ့  အမြင်တွေက တပိုင်း ။ ၂)လူအများက လက်မခံနိုင်တဲ့ အပိုင်းဗျာ ။ ၃)လူအနဲစုက လက်မခံနိုင်တဲ့  အပိုင်း ။ ၄)ကိုယ်ကိုယ်တိုင်လဲ တခါတလေလက်ခံ တခါတလေလဲ လက်မခံနိုင်တဲ့ အပိုင်းဗျာ ။
        အဲလို ၄မျိုး ခွဲကြည့်ရအောင် ။
        ဥပမာဗျာ
        ခုလူ့ အသိုင်းအ၀ိုင်း ခုအချိန်မှာနော် ။ ( ကျောက်ခေတ်ဆိုတောင်တမျိုး ဖြစ်မှာ၊အဲ အဲလောက်မဝေးနဲ့ အုံး ဗိုက်ကင်းခေတ်ဆိုရင်တောင် တမျိုးဖြစ်အုံးမယ် ။ ) မုဒိန်းမှုကို လူ့ အသိုင်းအ၀ိုင်းတခုလုံးက လက်မခံဘူး (၁)
        တခါ လင်ရှိမယားဖေါက်ပြန်တာကို လူအများစုက လက်မခံနိုင်ဘူး (၂)
        နောက်တဆင့်ကျတော့ လက်မထပ်ဘဲအတူနေတာကို လူအနည်းစုက လက်မခံသေးဘူး (၃)
        နောက်ဆုံးတဆင့်ကျတော့ ကိုယ်လင်ကိုယ်မယားဘဲ ကြည်နေချိန်မှာ အနားကပ်တာ ပြဿနာမရှိပေမဲ့ စိတ်ကောက်နေချိန်မှာကျ ကိုက်လွှတ်ချင်တာ( ၄)
        အဲလိုရှိတော့ ခု ငြင်းကြခုံကြတတဲ့  ကျေးဇူးပြဿနာက ကိုဝတုတ်ပြောသလို ရာဇ၀တ်မှုတော့ မမြောက်ဘူးထင်တာဘဲ ။
        ကျွန်တော်ထင်တာတော့ ၄)ထဲတောင်ရောက်မလားဘ။ ထားပါလေ အနဲဆုံးတော့ ၃)ဘဲ ။ ပေးတဲ့သူကလဲကျေးဇူးတင်ခံချင်တဲ့ အခါ တင်ခံချင်မယ် ။ မခံချင်တဲ့  အခါ မခံချင်ဘူး။ ယူတဲ့ သူကလဲ ထိုနည်း၎င်း၊ ထိုနည်း၎င်း ၊
        အဲဒီတော့ အမြင်ကတူချင်လဲတူမယ် မတူလဲမတူဘူး ။
        မတူလို့ လဲ လောကကြီးဘာမှဖြစ်မသွားပါဘူး ။ အများလက်မခံတဲ့  အမြင်ကိုယူလို့ လဲ အများမှာ ဘာမှ အကျိုးမယုတ်ပါဘူး
        အဲ ကိုဝတုတ်တွက်သလို အများပိုစည်းလုံးသွားကြတယ်လို့ လဲ မမြင်နိုင်ပါဘူး ။ အဲအမြင်တခုကို လက်မခံနိုင်ကြတဲ့ သူတွေကလဲ သူ့ အကြောင်းခံနဲ့ သူ လက်မခံကြတာလေ ။ ငြင်းပါယ်ရာမှာတူသော်လဲ ငြင်းပါယ်ရခြင်းအကြောင်းနဲ့  ငြင်းပါယ်ပုံကွဲနေပါသေးတယ် ။
        ဟိုက်
        ကိုယ်ရေးတာကိုယ့်ဟာကိုယ်ပြန်ဖတ်တာ အဖြေကတခုဘဲထွက်တယ် ။
        ကျွန်တော်လဲ အားလို့  မငြင်းသင့်ကြောင်းဝင်ငြင်းနေမိတာပါလား
        ဟားဟား
        (ကျွတ် မုန်းဝင်ကတော့ ကိုဝတုတ်သိတဲ့  ဟာက ဘာလဲမသိ ကျွန်တော်သိတာတော့ မြန်မာ့ရိုးရာဟာသ ပုံပြင်လေးပါ )
        Posted by tint oo | 12/06/2010, 09:08
      • ကျေးဇူးကိစ္စက ရာဇ၀တ်မှု မမြောက်ပါဘူးဗျာ။ ပြောချင်တာက စာဖတ်သူတွေ အမြင်မှာ သူတို့ရဲ့  collective conscience ကို လာထိပါးခံရတယ် ထင်တယ်။ အဲဒိအထင်နဲ့ စုစည်း မိကြတာပဲ။ ရာဇ၀တ်မှုဆိုတာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်မှုကို ခေါ်တာလို့ Durkheim ကပြောတာ။ အဲဒါတနည်း မှန်တာပဲ။ ဖောက်ဖျက်တယ် transgress လုပ်တယ်ဆိုတဲ့ စကားမှာကို အဓိပ္ပါယ်က ပါပြီးသား။ ဘာကို ဖောက်ဖျက်တာလဲ??? ဟုတ်တယ်မလား။
        အဲ့ဒါကြောင့်ပြောတာဗျ။ ကျွန်တော် စာပြန်သင်ချယ်တယ်ဆိုတာ။ ကိုယ်ပြောတာ စိတ်ဝင်စားမယ့်သူတွေနဲ့ မျက်နှာချင်းဆိုင်ပီး စကားဝိုင်းဖွဲ့ပြောမှ မရှင်းမလင်း ဖြစ်နေတာတွေကို ချက်ချင်းရှင်းလို့ရတာ။ ခွေးဟောင်တိုင်း ထကြည့်နေရလို့ အိပ်ရေးလည်း ပျက်လှပြီ။
        Posted by zizawa | 12/06/2010, 09:41
      • ဟုတ်ပါပြီ
        degrees of transgression ကို နားလည်သလို ပြန်ပြောကြည့်မိလို့  ရှုပ်သွားတာပါ ။
        တနည်းတော့ ၀တုတ်ပြောချင်တာ ဒီဗီဒီယိုလေး ၂ခု နဲ့  တူတယ်လို့ ထင်မိပါတယ်
        Posted by tint oo | 12/06/2010, 11:27
  10. This is a concrete theoretical view of society for the given aspect. If you could make more comprehensive enough, I wouldn’t need to read more than twice.😀 Just kidding. I have read twice and still dont get some parts. Well I will do it again. My standing is just as I wrote and I wont discuss further though. Nice one, indeed.
    Posted by Andy Myint | 09/06/2010, 13:47
    • I don’t have anything to disagree in your post. It’s a matter of attitude. Even if we are obliged to or entitled to give/receive certain services, saying ‘thank you form your heart’ is a matter of personal attitude. And of course I would personally say ‘thank you sincerely’ to a nice taxi driver (who is not too professional) even after paying for the journey. This is a exchange of service and money, right? But saying thank you is entirely one’s own choice, perhaps reflecting your personal attitude…
      Posted by zizawa | 09/06/2010, 13:58
  11. Did you say.. you dropped a comment at my blog and it didnt show up? Comments are not monitored and they should come up immediately. Perhaps you are unfortunate.
    Posted by Andy Myint | 09/06/2010, 13:56
    • Yes, sir. I have no ill-feeling about it. All I want at that time was to register my dissent against millionaire whose comment on Nyi Lynn Seck and Ritako I consider is unfair.
      Posted by zizawa | 09/06/2010, 14:01
  12. ကိုဝတုတ်တို့ လက်စွမ်းပြထားတာ ကျနော်တော့ မျက်စိမူးပြီး ပြန်သွားရပြီဗျာ၊ နောက်ဆုံးရေးတဲ့ပို့စ်တွေက အပေါ်ဆုံးရောက်လိုက်၊ အောက်ဆုံးရောက်လိုက်နဲ့ ရီးတာ ညွန်းတာကို အခြားဘလော့မှာတွေ့မှပဲ ဒီပို့စ်ကို သတိထားမိတော့တယ်။ အချိန်ယူ ဖတ်ရမှာတွေမို့ နောက်မှလာပါအုံးမယ်။ အတိုချုပ် ပြောရအုံးမယ်ဆိုရင်တော့ ကွန်မြူနစ်သီချင်း တင်ထားတာတွေ့လို့၊ ကျနော်က ကွန်မြူနစ်ဝါဒကို အစိတ်အပိုင်းအချို့ကလွဲရင် လက်ခံလို့မရသေးဘူးဗျ၊ သီအိုရီအရပဲ အလုပ်ဖြစ်တဲ့အတွေးအခေါ်လို့ ယူဆမိတယ်။
    Posted by မန်းကိုကို | 10/06/2010, 01:04
  13. ရီတာဟာ သူ့ကို ကြိုက်မဲ့လူ မရှိလို့ နည်းနည်းဂေါက်နေ
    တယ်၊ ကိုပေါက်က ၀က်သားတုတ်ထိုး ရောင်းမကောင်းလို့
    ဂေါက်နေတာ၊ ညီလင်းဆက်က မီးပျက်ချိန်မှာ အင်တာနက်
    မသုံးရလို့ စိတ်ညစ်ပြီး ပေါက်ကရတွေ တွေးတာဖြစ်မယ်။
    Posted by ကိုပြဲ | 10/06/2010, 21:04
  14. ကိုဝတုတ်ရေ၊ ဒီစာနဲ့ တိုက်ရိုက် မဆိုင်ပေမယ့် ဆက်စပ်ပြီး သတိရမိလို့ တစ်ခုမေးပါရစေ။
    Ayn Rand နဲ့ သူ့ရဲ့ libertarian လို့ တံဆပ်ကပ်ချင် ကပ်လို့ရမယ့် အတွေးအခေါ်တွေဟာ ပညာရှင် အသိုင်းအ၀ိုင်း (academia) မှာ သြဇာသိပ် မရှိဘူးလို့ ကြားဖူးတယ်။ အဲဒါ ဟုတ်သလား။ (ဆိုလိုတာက she’s no Max Weber. ဒီလို နှိုင်းတာတောင် တရားရဲ့လား fair comparison ဟုတ်မဟုတ် ကျွန်တော်မသိ။) ကျွန်တော်ကိုယ်တိုင်က အဲဒီ ဘာသာရပ် အသိုင်းအ၀ိုင်းနဲ့ ဝေးလို့ ဗဟုသုတ အနေနဲ့ မေးကြည့်တာပါ။ သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ သူ့ဝတ္ထုတကျဉ်း တစ်ပုဒ်လောက်ပဲ ဖတ်ဖူးပါတယ်။ (သိသလောက်တော့ သူ့အမြင်ကို ယေဘုယျအားဖြင့် လက်မခံပါ။) သူ့အမြင်နဲ့ ဆက်စပ်အမြင်တွေကို အကျဉ်းချုပ် (overview/survey) သဘောမျိုးနဲ့ ဖြစ်ဖြစ်၊ ထောက်ခံပြီးတော့ ဖြစ်ဖြစ်၊ ဆန့်ကျင် ပြီးတော့ (rebuttal အနေနဲ့) ဖြစ်ဖြစ်၊ တစ်ပုဒ်လောက် ရေးမယ်ဆိုရင် ဖတ်ချင်ပါတယ်။
    Posted by ပိုင် (Pi) | 11/06/2010, 02:51
  15. မေးလက်စ၊ (တောင်းဆို လက်စနဲ့) တော့ မထူးတော့ဘူး။ ကျွန်တော် ဖတ်ချင်တာတွေကို ဆက်ပြီးတောင်းလိုက်ဦးမယ်။
    ဖတ်ချင်တာက…
    ၁။ ဘာထရန် ရပ်ဆဲလ်ကို တခြား school က philosopher တွေက ဘယ်လိုမြင်သလဲ။ ဆိုလိုတာက သူနဲ့ အမြင်မတူတဲ့ philosopher တွေက ဘယ်လို မြင်သလဲ။
    အားရင် ရေးပေးပါဦး။
    မေးချင်တာက…
    ၂။ philosophy ကို ဒဿနိက ဗေဒ / အတွေးအခေါ်ဗေဒ လို့ ဘာသာပြန်တာ သင့်သလား။
    ၃။ ရန်ကုန် တက္ကသိုလ်မှာ philosophy department လို့ သပ်သပ် ရှိသလား။
    အားရင် ဖြေပေးပါဦး။
    Posted by ပိုင် (Pi) | 11/06/2010, 02:59
    • More later, sir, when I get home…. or I’ll get a sack.🙂
      Posted by zizawa | 11/06/2010, 09:06
    • ပိုင်ရေ
      ကျွန်တော်လည်း libertarian အယူအဆကို သဘောမတူဘူးဗျ။ မေးခွန်းတွေနဲ့ ပတ်သက်လို့
      နံပါတ်တစ် မေးခွန်းက ကျွန်တော် သေချာမသိဘူးခင်ဗျ
      နံပါတ်နှစ်လည်း အလားတူပဲ။ ဒါကြောင့်ပဲ ကျွန်တော်လည်း ဖလော်ဆော်ဖီဆိုပြီး အလွယ် ချနေတာ။
      နံပါတ်သုံးကတော ရှိတယ်လို့ ကြားဖူးပါတယ်။ ဒ(သကြီး)နိကဗေဒဌာနလို့လည်း ခေါ်တယ် ထင်တယ်။ မရောက်ဖူးပါ။
      Posted by zizawa | 11/06/2010, 17:26
  16. ကို ပိုင်
    ကျနော် အမှတ်မမှားဘူးဆိုရင် ဘာထရန်ရပ်ဆယ်လ် အကြောင်းကို နန္ဒာသိန်းဇံ စာအုပ်တွေထဲမှာ စတင်ဖတ်မှတ်ရဖူးပါတယ်။ နာမည်ကျော် စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်လဲ ရေးသားဖူးတယ်ထင်ပါတယ်။ ဆရာဘုန်းနိုင်ဟာ မန္တလေးတက္ကသိုလ် ဒဿနိကဗေဒ ဌာန (study of philosophy department) မှာ ဌာနမှုးတစ်ဦးအနေနဲ့ တာဝန်ထမ်းခဲ့ဖူးပါတယ်။
    ကျနော် သိသလောက်တော့ မန္တလေးရော ရန်ကုန်မှာပါ ဒဿနိကဗေဒ ဌာနဆိုတာ သပ်သပ်ရှိပါတယ် philosophy ဆိုတာကို ဒဿနိကဗေဒ လို့ ဘာသာပြန်တာမှန်ပါတယ်။ ဘာထရန်ရပ်ဆဲလ် အပေါ် အမြင်နဲ့ပတ်သက်လို့တော့ ကိုယ်တိုင်လဲ မေ့လျော့သွားပြီမို့ ပြောပြဖို့ မတတ်နိုင်တာ ဆောရီးပါ။
    Posted by Nanda | 11/06/2010, 18:17
    • ကိုနန္ဒပြောတာ ပထမတပိုင်းကတော့မှန်ပါတယ်
      ခုဘဲဦးဆန်းလွင်ရေးခဲ့တဲ့  ရတနာ ၃ပါးကို ပြန်ဖတ်နေမိတာ .။
      ရန်ကုန်မှာရော မန္တလေးမှာပါ ၁၉၅၀-၆၀လောက် department of philosophy ရှိခဲ့ တယ် ။ စတော့ သဘာ၀၀တ္ထဋ္ဌာနလို့ ခေါ်ပြီးနောက်တော့မှ ဒဿနိကဗေဒဋ္ဌာနလို့ ပြောင်းခဲ့တယ်လို့ ဆိုတယ် ။ ရန်ကုန်မှာ
      စစချင်းက ဆရာ ဒတ်စ်က ပါမောက္ခ လို့  ဆိုတယ်။ နောက်တော့ ဆရာကား၊သူ့ နောက်က ဒေါက်တာ ခင်မောင်ဝင်း (နောင်ပညာရေးဝန်ကြီး ) ဋ္ဌာနမှူးဖြစ်လာတယ်လို့  ဆိုထားပါတယ် ။
      ကိုနန္ဒပြောတာကို ကျွန်တော်မကွဲတာက တက္ကသိုလ်ဘုန်းနိုင်ဘဲ ။
      ယူအက်စ်ကနေဘွဲ့ လွန်တခု( PhD or MA မသေချာ ) ရထားတဲ့  တက္ကသိုလ်ဘုန်းနိုင်ဟာ စိတ်ပညာဋ္ဌာန ( Dept of psychology ) ကလို့  ထင်နေမိတယ် ။
      (ထင်တာပြောတာနော်။ ငယ်ထဲက သူ့ စာအုပ်တွေဆို ဖွဲ့  နွဲ့ တာ များတာနဲ့  အဖုံးလောက်လှန်ကြည့်ပြီးပြီးသွားတာ များလို့ 😛
      အဲ နေအုံး
      တွေးမိတာ နောက်တခုရှိတယ်
      လကွယ်မိုးနှောင်း တို့  မိုးညအိပ်မက်မြူတို့  သူရေးတာ မဟုတ်လား
      အဲဒါတွေကတော့ စိတ်ရောဂါအခြေခံတွေဘဲ။
      Posted by tint oo | 11/06/2010, 18:42
  17. . Born U Khin Maung Tint in 1930, Saya Tetkatho Phone Naing began writing when he was nineteen, and has spent most of his adult life in senior teaching and administrative roles at Myanmar’s best universities.But it is words for which this psychologist by training is famous
    http://www.myanmar.gov.mm/myanmartimes/no58+59/timeout_1.htm
    After graduating with an honours degree in psychology, he worked as a lecturer at Mandalay University. He later went to the United States where he earned a master’s degree in psychology at a university in New York.
    http://www.myanmar.gov.mm/myanmartimes/no118/myanmartimes6-118/New/9.htm
    Posted by tint oo | 11/06/2010, 18:57
  18. ဟား.. ဟုတ်တယ်ထင်တယ်ဗျို့. ဦးတင့်ပြောတာဖြစ်နိုင်တယ်။ ကျနော်လဲ အခုခပ်ရေးရေးပြန်မှတ်မိလာပြီ။တက္ကသိုလ်ဘုန်းနိုင်ဟာ philo ကမဟုတ်ပဲ psychology ကဖြစ်နိုင်တယ်။ ပြန်သတိရအောင် ထောက်ပြပေးတာကျေးဇူးပဲ။
    Posted by Nanda | 11/06/2010, 19:16
    • ကိုနန္ဒအစဖေါ်ပေးမှ နောက်တခုသတိရတာရှိသေးတယ် ။
      ၂ဘက်ပေါင်းမှ တရံဖြစ်တဲ့ ခုံဖိနပ် ။ အဲလေ ယောင်လို့ 
      ၂လွှာပေါင်းမှ တရွက်ဖြစ်တဲ့  စွယ်တော်ရွက်ဆိုတာလဲ သူ့ လက်ရာဘဲထင်တယ်နော် ။
      စာရေးသက်တော်တော်ကိုရှည်တဲ့  စာရေးဆရာတယောက်ဘဲ။
      သူနဲ့ ပါတ်သက်(ပတ်သက် ) ပြီး ပေါက်ပေါက်ရှာရှာမှတ်မိနေတာက အင်းစိန်တိုက်ပွဲမှာကျောင်းသားရဲခေါင်ဆိုပြီးတက္ကသိုလ်ကျောင်းသားတွေစုပြီးသွားကြတော့ သူလဲပါတယ်တဲ့  ။ ခလရ (၁)က ဗိုလ်ကြီးထူးရဲ့  မော်တာဂတ်လုပ်ခဲ့တယ်လို့  ဆိုတယ် ( အဲဒါကိုကပ်သီးကပ်သပ်မှတ်မိနေတာ ဗိုလ်မှူးထူးမသေခင်ကပြန်ပြောပြတာလား ၊ဒါမှမဟုတ် သူ့ စာအုပ်တအုပ်ထဲလားမသဲကွဲတော့ပြန်ဘူး ) .။
      Posted by tint oo | 11/06/2010, 20:02
      • နောက်ဆို သမိုင်း အချက်အလက်တွေအတွက် ကိုတင့်ကို အားကိုးရတော့မှာဘဲ။ 
        ကျွန်တော့်ရေးလက်စ ဗမာပြည်နဲ့ ဒုတိယကမ္ဘာစစ် မှတ်စုတွေက မိန်းမဆီပါသွားတယ်ဗျာ။
        သူက တပတ်ခရီးထွက်တာမှာ သူ့ laptop က သိပ်မကောင်းတော့ ကျွန်တော့် laptop ယူသွားတယ်။ အဲ့ဒါ ရေးလက်စ စာတွေနဲ့ notes တွေက အဲဒိစက်ထဲမှာ သိမ်းထားတော့ ကျွန်တော် လောလောဆယ် ရှေ့ ဆက်ဖို့ ခက်နေတယ်။ သူ့ကို အီးမေးကတဆင့်ပြန်ပို့ ခိုင်းရမှာဘဲ။
        Posted by zizawa | 11/06/2010, 22:20
    • သိပ်အထင်မကြီးနဲ့ ကိုဝတုတ်ရေ
      စာနဲ့ မှတ်တတ်တဲ့ အကျင့်က တခါမှမရှိခဲ့ဘူးဘူး ။
      အစပေါ်လာမှ ပြန်ပြန်စဉ်းစားနေရတာ ။
      စာသင်ချင်တယ်ဆိုလို့  ကျွန်တော်နဲ့  တူနေတာတခုတွေ့ မိလို့  ပြုံးမိသေးတယ် ။ ကျွန်တော်ကတော့ ခုထိ စာသင်ရတဲ့  ဘ၀က မလွတ်သေးဘူး ။ ဂျပန် ထန်းထက်လက်မှတ်ပေါ့
      အပျော်ဆုံး သင်ခဲ့ရတဲ့ အချိန်တခုက ၁၉၉၈-၉၉ Scotland မှာ ကံအလှည့်တခုနဲ့  ၆လလောက် သင်ပေးခဲ့ရဘူးတာဘဲ ။ ပြန်တွေးကြည့်တော့ ရီတော့ ရီချင်စရာဘဲ ။ ၅၀% အောင်တယ်ဆိုတော့ အောင်မြင်တယ်ခေါ်မလားဘဲ ။
      ခုပြန်စဉ်းစားတော့ အဲအချိန်က စာနဲ့ သာ မှတ်ထားမိရင် စာမေးပွဲ အောင်အောင်ဘယ်လိုဖြေမလဲ ဆိုပြီး ဘလော့တခုထောင်ရတယ် ။ ခက်တာက under pressure and stimulation မရှိရင် လူကပျင်းနေတော့ စာတလုံးမှကို ချမရေးဖြစ်တော့ဘူး ။
      Posted by tint oo | 11/06/2010, 22:46
  19. I can read you.
    Please continuous write above related subject.
    Some of peoples are talking only.
    They never complied it.
    BINO
    .
    Posted by Bino | 12/06/2010, 14:19
  20. ကိုဝတုတ်၊ ကိုနန္ဒနဲ့ ကိုတင့်ဦး
    မေးခွန်းတွေကို ဖြေထားတာ ကျေးဇူးပါ။
    ကိုနန္ဒရေ၊ ဘာထရန်ရပ်ဆဲလ် အကြောင်း ဗမာလိုရေးတဲ့ စာတစ်အုပ်တော့ ကျွန်တော်မြင်ဖူးတယ်။ (မျက်နှာဖုံးကို ပြောတာ။🙂 ) စာရေးသူကတော့ ကျွန်တော်မှတ်မိတာက ဆန်းလွင် ဆိုလား။ ‘ဆန်း’ ပါတယ်။ ရပ်ဆဲလ်က နာမည်ကြီးဆိုတော့ ဗမာလို တစ်အုပ်ထက် မကရှိတာ ဖြစ်လိမ့်မယ်။ အရင်တုန်းကတော့ သူ့အကြောင်းကို စိတ်မ၀င်စားလို့ အဲဒီစာအုပ်ကို သေချာတောင် ကိုင်မကြည့်ပါဘူး။ နောက်မှ သင်္ချာက Russell’s Paradox တို့ဘာတို့နဲ့ ဆက်စပ်ပြီး စိတ်ဝင်စား လာလို့ ဖတ်ချင်တော့ စာအုပ်က မရှိတော့ဘူး။ ကိုယ်တိုင်လိုက်ပြီး ရှာဖတ်ရမှာ ပျင်းတာရယ်၊ ၀ီကီပီးဒီးယားကို သိပ် စိတ်မချတာရယ်ကြောင့် သိနိုင်မယ့် ဆရာတွေကို မေးကြည့်တာပါ။
    Ayn Rand လည်း ဒီလိုပဲ၊ ၀ီကီကို သိပ် စိတ်မချတာကြောင့် မေးကြည့်တာပါ။ ဒီစာကိုဖတ်ပြီး ဆက်စပ်ပြီး တွေးဖြစ်သွားတာကတော့ The Fountainhead ထဲက Howard Roark ရဲ့ အပြောမျိုးတွေ ကို သတိရသွားလို့ပါ။ ဆောင်းပါးရှင်တွေ ပြောချင်တာနဲ့ အဲဒီ စာအုပ်/ရုပ်ရှင်ထဲက အယူအဆတွေနဲ့ မတူဘူးဆိုတာ သိပါတယ်။ ဆက်စပ်တွေးမိရုံ သက်သက်ပါ။ ကိုဝတုတ် ရေးစရာ ခေါင်းစဉ် ရုတ်တရက် ရှာမရ ဖြစ်ခဲ့ရင် ကျွန်တော်ဖတ်ချင်တာလေးကို သူရေးချင်လာအောင် မဲဆွယ်တာပါ။😀 (နောက်များ ကြုံခဲ့ရင် လက်ဖက်ရည်တိုက်ပါ့မယ်။😉 )
    ဒဿနိကဗေဒ ဌာနနဲ့ ပတ်သက်တဲ့ အဖြေတွေအတွက် ကိုတင့်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဆရာတက္ကသိုလ် ဘုန်းနိုင်နဲ့ ပတ်သက်တာလည်း ဟုတ်တယ်၊ စိတ်ရောဂါကပဲလို့ ကျွန်တော်လည်း မှတ်မိတာပဲ။
    နောင်ကိုလည်း ကျွန်တော် လာမေးရင် ဖြေပေးကြပါဦး။
    ပိုင်
    Posted by ပိုင် (Pi) | 14/06/2010, 02:30
    • ကဲကြည့်။ ‘သိနိုင်မယ့် ဆရာတွေကို မေးကြည့်တာပါတဲ့’ ဒို့တွေကို အထင်ကြီးပုံများ။ 
      ကျွန်တော်ခု libertarian နဲ့ပတ်သက်တာတွေ အများကြီး ပြန်ဖတ်ဖြစ်နေတယ် ပိုင်ရေ။ မကြာခင်တင်နိုင်မယ်မျှော်လင့်ပါတယ်။ Rober Nozick and Wilt Chamberlain နောက် သူ့ရဲ့ critic ကျွန်တော့်ရဲ့ မြင်ဆရာနဲ့ ဟီးရိုး Gerald Cohen (မနှစ်ကဆုံးသွားရှာတယ်)ကို ၀ီကီမှာ ရိုက်လိုက်ရင် သူတို့ရဲ့  position တွေကို သိနိုင်ပါတယ်။ ပိုင်ပြောတဲ့ Rand ကိုတော့ ကျွန်တော်မဖတ်ဖူးဘူး။ ကြားလည်းမကြားဖူးဘူး။
      Btw, ကိုယ်တို့ဆီ လာလည်ဖြစ်ရင် လ္ဘက်ရည်တင်မကဘူး မုန့်နဲ့ ဧည့်ခံပါ့မယ်။ နောက် သင်္ချာနဲ့ ပတ်သက်ပြီး မေးစရာလေးတွေလည်း ရှိသေးတယ်။ အနန္တအကြောင်းလည်း အားရင် ဆက်ပါအုံး။
      ကျွန်မကိုယ်ကို ကျွန်မပိုင်တယ်။ ဒါ့ကြောင့် ဒီခန္ဓာကိုယ်ကို ကျွန်မကြိုက်သလို အသုံးချပိုင်ခွင့် ကျွန်မမှာ ရှိတယ်။ ဒါကျွန်မရဲ့ အခွင့်အရေးပဲ။ ကျွန်မပိုက်ဆံလိုလို့ ကျွန်မ ကျောက်ကပ်တခြမ်းကို ၀ယ်မဲ့သူရှိရင် ရောင်းပိုင်ခွင့်ရှိတယ်။ ကျွန်မကို ပိုက်ဆံပေးပြီး လာအိပ်မလားလို့ခေါ်ရင် ကျွန်မသဘောကျတဲ့လူဆို လိုက်အိပ်မယ်။ ဒါကျွန်မရဲ့  အခွင့်အရေးပဲ။ မတော်တဆ ကိုယ်ဝန်ရလာခဲ့ရင် ဒီကိုယ်ဝန်ဟာ ကျွန်မ ပိုင်တဲ့ ကျွန်မ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတခုမို့ ဖျက်ချပိုင်ခွင့် ကျွန်မမှာ ရှိတယ်။
      ခုပြောခဲ့တဲ့ စာပိုဒ်ဟာ ကျွန်တော်တင်မယ့် နောက်အကြောင်းအရာ တခုကနေ ကောက်နှုတ်ထားတာဖြစ်ပါသည်။ self-ownership သဘောတရားကနေ ဆင်းလာတဲ့ အဆိုတွေကို မိတ်ဆက်ပေးချင်တယ်။ အထူးသဖြင့် ပိုင်ဆိုင်မှု (ownership, property) ဆိုတဲ့ စကားလုံးတွေကို အရည်မရ အဖတ်မရ ခွဲခြမ်း စိတ်ဖြာကြည့်ပြီး ဒီကနေ ဆင်းသက်လာတဲ့ အဆိုတွေကို မိတ်ဆက်ပေးမယ်။
      Posted by zizawa | 14/06/2010, 06:43
      • ကောင်းလေစွ။🙂 အဲဒီ ဆောင်းပါးကို စောင့်ဖတ်မယ်။
        အနန္တအကြောင်းက နည်းနည်း ကြာဦးမယ်။ စာမေးပွဲတစ်ခုနဲ့ ပတ်ရှုပ်နေလို့ အခု တစ်နေ့ကို တစ်နာရီပဲ ကျောင်းစာနဲ့ မဆိုင်တဲ့စာတွေ ဖတ်တာ ရေးတာ လုပ်မယ်လို့ ဆုံးဖြတ်ထားရတော့ အချိန်က သိပ်မရဘူး။ ရေးရတာထက် ဖတ်ရတာကို ပိုသဘောကျတော့ ဘာမှ ဟုတ်တိပတ်တိ မရေးဖြစ်တော့ဘူး။ အဲဒီ တစ်နာရီကလည်း ကိုဝတုတ်ရဲ့ ဘလော့မှာပဲ ကုန်သွားတာ များတာပဲ။😀 (မုန့်ပိုပြီး ကျွေးချင်လာအောင်… :D)
        Posted by ပိုင် (Pi) | 15/06/2010, 03:19
  21. အပေါ်က မှတ်ချက်မှာ စိတ်ရောဂါမဟုတ်၊ စိတ်ပညာလို့ ရေးရမှာ၊ မှားသွားတယ်။
    Posted by ပိုင် (Pi) | 14/06/2010, 02:38
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: