//
you're reading...
ပေါက်ပေါက်ရှာရှာ
ပေါက်ပေါက်ရှာရှာ (၂)
လောကကြီးမှာ ကျေးဇူးတင်ထိုက်တဲ့အရာတွေ၊ ကျေးဇူးတင်ထိုက်သူတွေ အများကြီးပဲ။ ကျွန်တော့်နှာခေါင်းကို ကျေးဇူးတင်တယ်၊ ဘာကြောင့်လဲဆိုတော့ မျက်မှန်တင်လို့ရလို့။
မျက်မှန်မရှိရင် ဒုက္ခရောက်တာ အကြိမ်ကြိမ်။
တခါက ကျွန်းတကျွန်းပေါ် လူငါးယောက် သင်္ဘောပျက်ပီးရောက်လာတယ်။ ကျွန်းပေါ် ရောက်တော့ ဘ၀ရပ်တည်ရေးအတွက် အလုပ်တာဝန်တွေ ခွဲကြရော။ တယောက်က အိုကေ ကျုပ်ကရေခပ်မယ်။ နောက်တယောက် ကျုပ်က ငါးမြှားမယ်။ နောက်တယောက်က အုန်းသီးခွဲမယ် စသဖြင့် စသဖြင့် အသီးသီး တာဝန်ယူကြတယ်။ နောက်ဆုံးတယောက်ကတော့ ခင်ဗျားတို့ ရှာဖွေလာတာတွေကို ကျုပ်က ဒိုင်ခံစားပေးတဲ့ တာဝန်ယူမယ်လို့ဆိုတယ်။ သူ့နံမယ်ကို ကိုကျေးဇူးလို့ (အလကား အလကား)ခဏ ပေးထားမယ်။ တနေ့တနေ့ ရေခပ်တဲ့လူကလည်း ရေသွားခပ်၊ ငါးမြှားတဲ့လူက လည်းမြှားနဲ့ ညနေကျတော့ စုစားကြရော။ ကိုကျေးဇူးက သူများတကာ ရှာထားတာမှန်သမျှကို ဒိုင်ခံစားပေးတယ်။ ကျန်တဲ့လူတွေလည်း စားတော့ စားတာပဲ။ ဒါပေမယ့် ကိုကျေးဇူးက စားဖို့ တာဝန်ကို အဓိကယူထားတာဆိုတော့ သူအများဆုံး စရတာပေါ့။ ဒီလိုနဲ့ နေလာလိုက်တာမှာ ကြာတော့ ကိုကျေးဇူးမှအပ ကျန်တဲ့လူတွေ စိတ်ထဲမှာ ဒီလိုတွေးမိတယ်။ အင်း ကိုကျေးဇူးဟာ ဒို့ပေါ် တော်တော်ကျေးဇူးရှိတာပဲ။ သူဒိုင်ခံ စားပေးနေလို့သာ ဒို့တွေ အလုပ်လုပ်နေရတာ။ သူသာအစားရပ်သွားရင် ဒို့မှာ လုပ်စရာ အလုပ်တောင် ရှိပါ့အုံးမလားမသိဘူးဆိုပြီး ကိုကျေးဇူးကို ကျေးဇူးတင်ပြီးရင် တင်ကြရော။
နောက်ကျေးဇူးတင်စရာတွေ့ရင် ထပ်ပြောအုံးမယ်။
Discussion
7 thoughts on “ပေါက်ပေါက်ရှာရှာ (၂)
  1. Bro
    ကျေးဇူးက နှာခေါင်းပဲ ကွက် တင်လို့တော့ မဖြစ်ဘူးထင်တယ်။ မျက်မှန်ကို နားရွက်မှာလဲ ချိတ်ရသေးတာ။
    Posted by RITA | 10/06/2010, 08:58
  2. ကိုကျေးဇူးက ကျေးဇူးအတင်ခံချင်လွန်းလို့ မင်းတို့အားလုံး အလုပ်လက်မဲ့မဖြစ်ရအောင် ငါက စားပေးနေတာပါလို့ ဟစ်ကြွေးလာရင်….. အဲဒီ ကိုကျေးဇူးကို
    (၁) ညီလင်းဆက်က ခင်ဗျားဘာသာ ပါးစပ်ပါလို့ စားနေတာ၊ ကျေးဇူးရှင်အချိုး လာချိုးမနေနဲ့လို့ ပြောမယ်။
    (၂) ရီတာက မရိုးသားဘူးလို့ စွတ်စွဲမယ်။
    (၃) ကျနော်ကိုပေါက အပေါ်က နှစ်ယောက်ကို ထောက်ခံမယ်။
    (၄) ကိုအင်ဒီက ကျန်တဲ့လေးယောက်ကို ကျေးဇူးတင်လိုက်ပါလို့ ပြောမယ်။
    (၅) ကျန်တဲ့လေးယောက်က ကျနော်၊ ရီတာနဲ့ ညီလင်းဆက်ကို “ကိုကျေးဇူး”ဆိုတာ ရှိတယ်။ မရှိဘူးလို့ ခင်ဗျားတို့ စွတ်မပြောနဲ့လို့ ရန်တွေ့မယ်။
    (ကားလိပ်ချ။)
    Posted by ကိုပေါ | 10/06/2010, 13:48
  3. မအိပ်ခင် ဖတ်ပြီး ရီလိုက်ရတာ။
    ဘာပဲပြောပြော ဒီ ကျေးဇူးကိစ္စ အိပ်ရေးပျက်တာတော့ အမှန်ပါပဲ။
    Posted by Rita | 10/06/2010, 16:29
  4. Post of the Day…🙂
    Posted by Boyz | 11/06/2010, 08:48
  5. အင်း
    ကိုယ်နားလည်တာကတော့ အလုပ် နဲ့ လူမှုရေးခွဲပြောရမယ်ထင်တာဘဲ။
    အလုပ်ကတော့ရှင်းပါတယ် ။ ဒီလောက်ပေးတယ် ။ မင်းဒီတာဝန်ယူ ။ ပေးတဲ့ ဟာကို ယူပြီးပြီဆိုရင် တာဝန်ကျေအောင်လုပ်ဘို့ က ကိုယ့်တာဝန် ။ ကိုယ့်ဆီလာတဲ့ သူကလဲ သူ့ ဟာသူ တန်ရာတန်ကြေးပေးပြီးလာတာ ။ ( အခမဲ့ ဆိုပေမဲ့  သူ့ အခွန်သူထမ်းနေတာလေ ) ။ အဲတော့ သူလဲ သူ့ တာဝန်သူလုပ် ကိုယ်လဲ ကိုယ့်အလုပ်ကိုယ်လုပ်ဘဲ ။ ဒီထဲမှာ ကျေးဇူးဆိုတာ မပါဘူး ။
    အဲ ကိုမှားလို့  သေသွားပြတ်သွားကျိုးသွားရင် ကို့ တာဝန်မကျေလို့ ဘဲ ။ ဒါဆို တရားလမ်းကြောင်းအတိုင်းသွားရုံဘဲ ။
    လူမှုရေးကျတော့ သာမန် သိတဲ့ သူ နဲ့  outer circle ကတော့ ကျေးဇူးတင်တာ မတင်တာ တခါမှကို ဂရုစိုက်မမှတ်ဘူးဘူး
    အဲ ကိုယ့် inner circle ထဲ့ ၂ယောက် ၃ယောက်လောက်ကတော့ လုပ်ပေးနေတာ ကျေးဇူးမတင်ရင် လည်ပင်းညှစ်အသတ်ဘဲ
    : P
    Posted by tint oo | 11/06/2010, 09:23
  6. a haa haaa
    ဂလိုကိုး
    ခုမှပေါက်တော့တယ်..
    ကိုဝတုတ်ရေ အဲလောက်ရယ်ရအောင်မလုပ်ပါနဲ့..
    Posted by KNSL | 11/06/2010, 10:49
  7. I’m working in present Company with 6months contract.
    They never accepted me without interviewed.
    They gave me a good job.
    Thank you very much.
    Company manager said to me thank you very much for joining our company.
    That is a formal way.
    They had bought my brain and skill.
    I must work for them according to contract agreement.
    After completed contract…….
    They will call you again coz of your good performance.
    Don’t be say thank you.
    That is your right.
    Join again or run away.
    I had run away former company.(For me only)
    Most of Myanmar manning company point out me that you never know ကျေးဇူး.
    If you have a poor knowledge and bad performance, they will kick you out.
    Right!
    BINO
    Posted by Bino | 12/06/2010, 14:57
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: