//
you're reading...
Uncategorized
စန္ဒယားလှထွတ်နဲ့ Debussy
တကယ်တော့ ဒါကို ရေးသင့်မသင့် ချိန်နေတာ ကြာပြီ။ ခုတကယ် ချရေးဖြစ်တာတောင် ဒါကို ရေးသင့်တဲ့အကြောင်းအရာဆိုပြီး စိတ်ထဲမှာ ပြတ်ပြတ်သားသား မရှိလှဘူး။ ဘာပဲဖြစ်ဖြစ် ရေးလိုက်မိပြီ.. ကိစ္စက စန္ဒယားလှထွတ်ရဲ့ သီချင်းတပုဒ်နဲ့ဆိုင်တယ်။
‘အချစ်သည် ပို၍ဝေးသောအခါမှ ပိုသိသည်၊ ဒီဆိုစကားကို ကိုယ်ကြားဖူးသည် ဖြေမဆည်…ဝေးပြီ မကြင်လို့တော့ မဟုတ်ပြီ…’ သိကြမယ်ထင်ပါတယ်။ စန္ဒရားလှထွတ်သီချင်းတွေကို ကျွန်တော်သိပ်ကြိုက်တယ်။ သူ့ကိုလည်းလေးစားတယ်။ တူရိယာပိုင်းမှာ၊ နောက် composition အပိုင်းမှာ မြို့ မငြိမ်းထက်လည်း ဆန်းသစ်တယ်၊ sophisticated ဖြစ်တယ်လို့ ထင်တယ်။
အမြင်ကျဉ်းတယ်ပြောပြော ကျွန်တော်ကတော့ ဘယ်သူရေးမှန်း မသိတဲ့ ‘မောင်တို့ချယ်ရီမြေ’ ဆိုကော်ပီကြီးမို့ နားကိုမထောင်ချင်ဘူး။ အထူးသဖြင့် ဒီနိုင်ငံမှာဆို ဖွင့်ကို မဖွင့်ဘူး၊ ရှက်လို့။ ဇော်ဝင်းထွတ်တို့၊ မေဆွိတို့ အင်္ဂလန်မှာ သီချင်းလာဆိုရင် ဘယ်တော့မှ သွားနားမထောင်ဘူး။ ကော်ပီ သီချင်းတွေ မပါဘဲ ပရိသတ်လက်ခံနိုင်မယ့် သူတို့ကိုယ်ပိုင်သီချင်း ဆယ်ပုဒ်ပြည့်အောင် မဆိုနိုင်ဘူးဆိုတာ သိနေတယ်။ သူတို့ မရှက်ပေမယ့်၊ တခြားနားထောင်တဲ့လူတွေ မရှက်ပေမယ့် ကိုယ်ကတော့ (ကြီးကျယ်တယ်ပြောပြော)ရှက်တယ်။ (မေဆွိထက် စိုးစန္ဒာထွန်း မေရှင်သီချင်းတွေ လာဆိုမယ်ဆိုရင် ကျိန်းသေသွားနားထောင်ဖြစ်မှာ။ ရွှေမန်းတင်မောင်သားတွေ၊ မြေးတွေ အငြိမ့်လာကရင် ကျိန်းသေသွားအားပေးမှာ။)ဒါပေမယ့် စန္ဒယားလှထွတ်နဲ့ ပတ်သက်ရင်တော့ အဲ့သလို ရှက်တာ၊ သိမ်ငယ်စိတ်ဝင်တာမျိုး ဘယ်တော့မှ မဖြစ်ဖူး။ မြို့ မငြိမ်းသီချင်းတွေကို ဗမာစကား မတတ်တဲ့လူတွေ ဖွင့်ပြရတာ ကိုယ့်ကို အင်္ဂလိပ်စာတန်း မထိုးထားတဲ့ လှေကြီးထိုးရိုးရိုး တရုတ်သီချင်း၊ ဂျပန်သီချင်း၊ ထိုင်းသီချင်း ဖွင့်ပြသလို ဖြစ်ချင်ဖြစ်နိုင်ပေမယ့် စန္ဒယားလှထွတ်ကတော့ တူရိယာပိုင်းမှာ sophisticated ဖြစ်တာမို့ သူ့သီချင်းတချို့ ကို ဗမာစာ မတတ်သူတွေလည်း ခံစားနိုင်မယ်လို့ ယုံတယ်၊ နောက်ဂုဏ်ယူစွာနဲ့ ဖွင့်ပြနိုင်တယ်။ အဲ အပေါ်မှာ ပြောခဲ့တဲ့ ‘ဝေးပြီ’ ဆိုတဲ့ သီချင်းမှ အပပေါ့လေ။
ဒီသီချင်းဟာ Debussy ရဲ့ Reverie ကို ပထမဆုံး ၁၇ ဘား၊ ၁၈ ဘားလောက်ထိ ကူးချထားတာ။ http://www.youtube.com/watch?v=_Wwx5xQZxec&feature=related
http://www.virtualsheetmusic.com/downloads/Debussy/Reverie.html?tab=pdf
ဒါပေမယ့် စန္ဒယားလှထွတ်က ဒီသီချင်းကို Debussy ဆီကနေ မှီးတယ်လို့ပြောတာ မကြားမိဘူး။ သူပြောဖူးတယ်ဆိုရင်တော့ တမျိုးပေါ့လေ။ ဒီတေးသွားကို သူကြိုက်လွန်းလို့ တပုဒ်လုံးကို မယူဘဲ ဒီအပိုင်းလေးကို မှီးတယ်လို့ ပြောရင် (မဂ္ဂဇင်းတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာဘဲ ဖြစ်ဖြစ်) ဖြစ်နိုင်ရင် အဲဒိသီချင်းပါတဲ့ စီဒီမှာ ဒီလိုဒီလို မှီးထားတယ် ဆိုတာကို ရေးပေးထားရင် သိပ်ကောင်းမှာလို့ တွေးမိတယ်။
သူ့ကို ကျွန်တော်လေးစားတာ၊ သူ့သီချင်းတွေကို စွဲလန်းတာတွေက ဒီအချက်တချက်ထဲနဲ့ လုံးဝ ပျောက်သွားမှာ မဟုတ်ပါဖူး။ ဒါပေမယ့် ဆရာရယ် မသေခင်မှာဘဲ ဖြစ်ဖြစ် အဲဒါလေးကို ရှင်းရှင်းလင်းလင်း ပြောသွားခဲ့ပါလားလို့ စိတ်ထဲမှာ သူ့ကိုပြောနေမိတယ်။
Discussion
51 thoughts on “စန္ဒယားလှထွတ်နဲ့ Debussy
  1. I think ‘မောင်တို့ချယ်ရီမြေ’ is not a copy. Can you give us a proof? Thank you.
    Posted by Mg JC | 23/06/2010, 15:43
  2. I don’t know if မောင်တို့ချယ်ရီမြေ is copy song or not. But, apparently, Myanmar National Song is a partil copy.
    Posted by Sandy | 23/06/2010, 19:44
  3. “အမြင်ကျဉ်းတယ်ပြောပြော ကျွန်တော်ကတော့ ဘယ်သူရေးမှန်း မသိတဲ့ ‘မောင်တို့ချယ်ရီမြေ’ ဆိုကော်ပီကြီးမို့ နားကိုမထောင်ချင်ဘူး။”
    မောင်တို့ချယ်ရီမြေက အလင်္ကာကျော်စွာ ဆရာရွှေပြည်အေး ရေးတာပါ။ အဲဒီသီချင်းကို ကော်ပီမှန်း ကျွန်တော်သိသွားပုံက ရယ်ရတယ်။ Tom & Jerry ကာတွန်း ကြည့်ရင်း သိတာ။
    ငယ်ငယ်တုန်းက အဲဒီကာတွန်းကြည့်တုန်း ဒီသီချင်းကို ကြားတော့ သတိရလို့ ကျွန်တော့်အမေကို “မေမေ… မေမေ… Tom & Jerry ထဲမှာ မောင်တို့ချယ်ရီမြေ ပါတယ်” ဆိုပြီး ပြောတော့ အမေက “ဟယ် ပေါက်တတ်ကရ” ဆိုပြီးတောင် အပြောခံရသေးတယ်။😀
    အတော်ပဲ ကိုဝတုတ် ဒီအကြောင်းရေးတာနဲ့။ ကျွန်တော် ခေါင်းစဉ် မမှတ်မိတဲ့ သီချင်း တစ်ခု မေးရဦးမယ်။ “လွတ်အောင်ရှောင်ကွယ်၊ ကိုကိုရယ်၊ နောင်အခါဝယ်၊ ၀ဲ လယ်မှာ စိုးရတယ်” ဆိုတဲ့ ခေတ်ဟောင်းသီချင်းရဲ့ နာမည်၊ ဆိုသူ၊ ရေးသူ၊ (ဖြစ်နိုင်ရင် သီချင်းဖိုင်ပါ) လိုချင်ပါတယ်။ သိရင်၊ ရှိရင် မျှပါဦး။ အဲဒါလည်း ကော်ပီပဲ။ Rubinstein ရဲ့ Melody in F ဆိုလား။ Melody in F ကို နားထောင်တိုင်း အဲဒီဗမာ ခေတ်ဟောင်းသီချင်းကို သတိရလို့ လိုက်ရှာနေတာ အခုထိ မရသေးဘူး။
    ကျွန်တော်ကတော့ အကုန်နားထောင်တယ်။ ကော်ပီ၊ ကိုယ်ပိုင်သံစဉ်၊ ရှေးဟောင်း၊ ခေတ်ပေါ် အကုန်လာခဲ့ပဲ။ နားထဲ တည့်ရင် နားထောင်လိုက်တယ်။ Classical, Rap, R&B, Pop, Reggae အကုန်ပဲ။ ကုလားသီချင်းတချို့၊ တရုတ်သီချင်းတချို့တောင် ပါသေးတယ်။ (တချို့ကို စာသား အပြည့်အ၀ နားမလည်လည်း ကြိုက်တယ်။) ဒါပေမယ့် နိုင်ငံခြားသားတွေရှေ့မှာ ကော်ပီနားထောင်ဖို့ ရှက်တာတော့ ၀န်ခံပါတယ်။ ပိုင်ရှင် ခွင့်ပြုချက် မရှိဘဲ ကျွန်တော်မြန်မာတွေ ဘာ့ကြောင့် cover ဆိုနေကြသလဲ ဆိုတာကို ရှင်းပြဖို့ တွန့်ဆုတ်နေလို့ နားမထောင်ဖြစ်ဘူး။
    ကိုဝတုတ်ပြောတဲ့ စန္ဒယားလှထွတ်သီချင်းတော့ အခုမှ ကြားဖူးတယ်။ ကျွန်တော်လည်း ဆရာလှထွတ် သီချင်းတွေကို ကြိုက်တယ်။ ချစ်တဲ့သူငယ်လေ ကို တကယ့် orchestra အပြည့်၊ electronic organ မပါဘဲ တကယ့် string အစစ် အင်အား ကောင်းကောင်းနဲ့ တီး/ဆို နိုင်တဲ့ နေ့ကို စိတ်ကူးယဉ်မိတယ်။
    Posted by ပိုင် (Pi) | 23/06/2010, 21:00
  4. ရွှေမိုးညို မေရှင် စန်းသော်တာရေး ၁၉၄၀ အောက်တိုဘာ အေဝမ်းဓာတ်ပြား
    Posted by Bo Bo | 23/06/2010, 21:50
    • ဟာ… ကျေးဇူးတင်လိုက်တာဗျာ။ ကောင်းလေစွ၊ ကောင်းလေစွ။ နာမည်သိတော့ ရှာရတာ လွယ်သွားတယ်။ ဟောဒီမှာ
      ကူးထားတာက နည်းနည်းလေးပါ၊ သိတော့ သိသာတယ်။ အဲဒီခေတ်ကတည်း ဒါက စတိုင်ထင်ပါရဲ့။
      Posted by ပိုင် (Pi) | 23/06/2010, 22:16
    • ကိုဘိုဘို၊
      ခုပဲ မဇ္ဈိမကနေ “သာကီနဲ့ နာဇီ” ကို ဖတ်လာတယ်ဗျ၊
      ဆရာက တယ်ဆော်သကိုး၊ ဆားထိပြီး ဆတ်ဆတ်ခါမယ့်သူတွေလည်း ရှားမယ်တော့ မထင်ဘူး။ မကြာခင် ဒေါက်တာဇာနည် (ကိုဝတုတ်လားတော့ မသိပါဘူး) နဲ့ တစ်တန်းထဲ ဖြစ်လာနိုင်ပါတယ် (ဝိုင်းသမ ခံရတဲ့ အထဲမှာပါ)။
      ကြိုက်တာနဲ့ ဘလော့ထဲလည်းလင့်ထားလိုက်တယ်၊
      ကိုယ်တိုင်လည်း ကိုယ့်လူတွေကို ပြောချင်နေတာ၊ ဆတ်ဆတ်အထိမခံကြလို့ အချိန်စောင့်ရင်း ပိုသိအောင်ကြိုးစားနေရတယ်ဗျ။
      ကျနော့် ဆန္ဒကတော့ မြန်မာပြည်မှာ enlightenment တို့လို အတွေးခေါ်ဆိုင်ရာ revolution ဖြစ်ဖြစ် evolution ဖြစ်ဖြစ် ဖြစ်စေချင် ပြောင်းလဲစေချင်တဲ့ အိပ်မက်ရှိပါတယ်။ ဒီတစ်သက်မှာတော့ မှီကောင်းပါရဲ့။
      Posted by မန်းကိုကို | 24/06/2010, 02:08
  5. Thanks once again, Bo Bo. Very impressive!! Ten out of ten…
    Posted by watote | 23/06/2010, 22:28
  6. Thanks for the link. In my opinon, a small portion of “Mg Doet Cherry Myay” and is similar to a small portion of “Overture from Die Fiedermaus (The Bat)”. Of course, both are waltzes. But, obviously, the former is not an outright copy of the latter.
    Posted by Mg JC | 24/06/2010, 00:30
  7. တိမ်လွှာမို့မို့လွင်လည်း မြို့မငြိမ်းရေးတာပေမယ့် ကော်ပီပဲလို့ ပြောတယ်။ မြို့မငြိမ်း ပြောတာတော့ မဟုတ်ဘူး။ Youtube မှာ ဂျပန်တစ်ယောက်က လာပြောထားတာ တွေ့တယ်။ အဲဒါ ရှေးခေတ် ဂျပန်သီချင်းတဲ့။😀
    Posted by zt | 24/06/2010, 00:39
  8. ဒီသီချင်းတော့မကြားဖူးဘူး
    အလှသစ္စာတရားတော့ကြိုက်တယ်
    အစွဲဆုံးက ကြယ်ကလေးပဲ
    ကြယ်ကလေးမိုးမြင့်ထက်မှာနေ က စတာလေ
    ခေါင်းစဉ်မှားသလားတော့မသိ..
    ဒီလိုပို့စ်မျိုးလေးက ရေးသင့်တယ်
    Posted by KNSL | 24/06/2010, 00:57
  9. Ravel’s Bolero (http://www.youtube.com/watch?v=3-4J5j74VPw) is also similar to one of old Myanmar songs (see around 1:42). Pls let me know the name of the Myanmar song if you know it.
    Posted by Mg JC | 24/06/2010, 01:57
    • အင်း “Mg JC” ပြောမှ ကြားဖူးသလိုလို ဖြစ်လာပြီ။ စာသားမပါတော့ လောလောဆယ်တော့ သဲလွန်စ မရှိပါ။ I have no clue.
      Posted by ပိုင် (Pi) | 24/06/2010, 22:45
  10. It is not only us (Myanmar) my friends. Pls see the following link:
    Theft is a sort of universal human nature.🙂
    Posted by Mg JC | 24/06/2010, 02:19
    • Wow, it’s a nice clip indeed. Among all those pairs of songs that the clip’s owner claims to be similar, only a couple of them are bad enough (similar enough) in my ears to go to courts. Of course, my standard here of being “similar enough” is somewhat arbitrary. (I’m roughly taking Coldplay’s Viva La Vida vs. Satriani’s If I Could Fly as a threshold here because that’s the only court case of music plagiarism that has come to my mind now.) With this arbitrary standard, both of Maung Doe Cherry Myae and Shwe Moe Nyo are similar enough to those two classical pieces to go to courts (i.e., if these incidences happened in countries where people do go to courts for such things.)
      I can think of three scenarios why such similarities appear:
      1) By pure chance. After all there are only finitely many notes that composers usually use in an octave. Add human nature and perception of music to this, and we’ve got a small but positive probability that small portions of two songs sound very similar to listeners.
      2) A composer who is heavily influenced by another may inadvertently produce a piece of music that is almost identical in some parts to the other composer’s work that s/he adores.
      3) A composer intentionally copied at least partially from or based his or her own work substantially on another composer’s work, whether the intention was “good” or “bad.”
      In these cases of Maung Doe…, Shwe Moe Nyo, and from what I’ve read from Ko Watote’s post, Saya Hla Htut’s song, I believe that a mixture of #2 and #3 were at play. Like the commenter “Rita” said, add to the situation the fact that we are not used to giving credits, we’ve got three “good” Burmese songs that are plagiarized from Western classical pieces.
      I recently read somewhere that the current trend in Burma’s music industry is moving towards recognizing more and more of song writers’ rights, and I believe that it’s a good thing. To have a respectable music industry that isn’t dominated by those “illegal” cover songs, I think that we should start giving credits to the originals. If it isn’t financially viable to write/sing so-called copy songs, then that’s fine; keep using those copy songs, but we should at least acknowledge what the originals are. With the widespread popularity of music VCDs in Burma, almost all music VCDs are giving credits to song writers these days. Compared to older days before the advent of VCDs, it’s now easier to find out who the song writer is for any given contemporary song. We should take one more step and start giving credits to the originals. For example, if someone makes a music video for Vincent van Gogh Tann Chin, the credits should read something like this: “Singer: Htoo Eain Thin, Lyrics: Myint Moe Aung, Music and Lyrics Based on: Don McLean’s ‘Vincent’.” For songs like Shwe Moe Nyo, it should read: “Singer: Daw May Shin, Song Writer: San Thawdar, Part of the chorus based on Rubinstein’s Melody in F” or “inspired by Rubinstein’s Melody in F.”
      The only “bad” thing about giving credits to originals like I wrote above is that when Burma has finally become a place where copyrights is practically protected by laws, these credits may serve as confessions and invite lawsuits from original owners. I’d say, just add a phrase in those laws so that they aren’t applicable retrospectively.😉
      All right, it’s already too long. Thanks for all the links. By the way, please regard this comment as a “bull session” talk.🙂
      Posted by ပိုင် (Pi) | 24/06/2010, 22:35
      • “If it isn’t financially viable to write/sing so-called copy songs,”
        Please read it as
        “If it isn’t financially viable to write/sing so-called own-tune songs,”
        Posted by ပိုင် (Pi) | 24/06/2010, 22:40
      • Not at all, Pi. Your comments are always well regarded and appreciated..
        Posted by zizawa | 25/06/2010, 08:58
  11. တမင် ဖုံးထားချင်လို့ ဆိုတာထက် မြန်မာပြည်မှာ ဒီကိစ္စမျိုး ပြောလေ့ပြောထမရှိလို့ကို ပြောမသွားတာလို့ ထင်နေမိတယ်။ ပြီးတော့ အသိုင်းအဝိုင်းထဲက လူအချင်းချင်းတော့ သိကြမှာလေ။ မြန်မာပြည် အနုပညာလောကမှာ အမှီး၊ အကူး၊ မူပိုင်ခွင့်ကိစ္စက ခုချိန်ထိ ပြီးလွယ်စီးလွယ်ဆန်နေတုန်းပဲ ထင်မိတယ်။ ဟိုးတုန်းကဆို ပိုဆိုးမှာ။
    မြို့မငြိမ်း ရဲ့ ချစ်တာ ပဓာန သီချင်းမှာကို… မမြကလေးရဲ့ သစ္စာတိုင်ပတ်ပျိုးက စကားလုံးတွေပါနေတာပါ။ အဲဒီခေတ်အခါက ဒါကို မသိကြမယ်လဲ မထင်ဘူး။ မြို့မငြိမ်းကလည်း မသိအောင် ယူသုံးလိုက်တယ် ဆိုတာမျိုးလို့ မထင်မိဘူး။ ပရိသတ်ကလည်း သစ္စာတိုင်ပတ်ပျိုးက စကားလုံးတွေကို မြို့မငြိမ်း မော်ဒီဖိုင်း လုပ်လိုက်တော့မှ ခေတ်သီချင်းအနေနဲ့ လှပညက်ညောပြီး ထွက်လာတာပဲနဲ့ ထင်ချင်ထင်နေမှာ။
    မှန်တယ် မှားတယ် ပြောချင်တာ မဟုတ်ပါဘူး။ အဲဒီအချိန်အခါက လုပ်ပုံကိုင်နည်း၊ စဉ်းစားပုံ စဉ်းစားနည်းကို အထင်နဲ့ မှန်းဆကြည့်မိတာ။
    ပြောရင်းနဲ့ ဒီဘက်ခေတ်မှာ “သတ်ပုံမှားတဲ့ ည” အရှုပ်တော်ပုံကိုတောင် သတိရလာသေးတယ်။ ကဗျာရေးသူက တစ်ယောက် (မောင်သီ)၊ သံစဉ်စာသားပြောင်းသူက တစ်ယောက် (မိုးကောင်း)၊ သီချင်းဆိုသူက တစ်ယောက် (ချစ်ကောင်း)၊ အဲဒီသီချင်းနဲ့ ခေါင်းစဉ်ကို ယူပြီး ဗွီဒီယိုရိုက်သူက တစ်ယောက် (ကျော်သူ)။ အဲဒါ ကျော်သူကို သီချင်းနဲ့ ခေါင်းစဉ်သုံးခွင့် ရောင်းလိုက်တာက သီချင်းရေးသူလား ဆိုသူလား မသိ (ဆိုသူလို့ ထင်တယ်)။ အဲဒီမှာ မူရင်း ကဗျာရှင်က ထဆော်လို့ ပြဿနာတွေ ပတ်ပတ်လည်အောင် တက်ခဲ့တာ၊ မဂ္ဂဇင်းတွေမှာ ပလူပျံနေရော ဖတ်လို့ကောင်းလိုက်တာ ဆိုတာ… ခုခေတ် ဘလော့တွေမှာ ဆော်ကြသလိုပဲ😀
    အဲဒါ 93 လောက်က။
    ထူးအိမ်သင် ကော်ပီသီချင်းဆိုတုန်းက ဘာလို့ ကော်ပီဆိုတာလဲ မေးတော့ ဆိုချင်လို့ ဆိုတာပါ ပြန်ဖြေတယ်။
    မှန်တာ မှားတာထက် အသားကျနေ၊ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေတော့ ဖုံးထားတာတော့လည်း မဟုတ်ဘူး။ ထူးပြီး ပြောနေစရာလို့လည်း မထင်တော့တာများလား မသိဘူး။
    Posted by RITA | 24/06/2010, 03:05
    • “ထူးအိမ်သင် ကော်ပီသီချင်းဆိုတုန်းက ဘာလို့ ကော်ပီဆိုတာလဲ မေးတော့ ဆိုချင်လို့ ဆိုတာပါ ပြန်ဖြေတယ်။ ”
      ဟား… ဟား… ကိုငှက်ကြီးကွ။😀
      စာရေးဆရာမဂျူးကိုလည်း တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ မေးတဲ့သူက အများအားဖြင့် ကော်ပီတွေကို ကိုယ်ပိုင်သံစဉ်တွေထက် (အခုခေတ်ကို ပြောတာ) လူကြိုက် ပိုများကြတယ်၊ ဘာ့ကြောင့်လဲ လို့ မေးတော့၊ ဆရာမဂျူးက “ကော်ပီတွေက ပိုကောင်းတာကိုး” ဆိုတဲ့ အဖြေမျိုး ဆန်ဆန် ဖြေသတဲ့။ ဘယ်နေရာမှာလဲ ဆိုတာတော့ သေချာ မမှတ်မိတော့ဘူး။
      Posted by ပိုင် (Pi) | 24/06/2010, 22:48
      • ethic ဘာညာ၊ မူပိုင်ခွင့် ဘာညာတွေ ဖယ်ထားပြီး စဉ်းစားရင် အဆိုတော်တွေ ပြောလေ့ရှိတဲ့ သူတို့ သီချင်းဆိုတဲ့အခါ ကော်ပီတွေ၊ own tune တွေ မရှိပါဘူး။ သူတို့အတွက်တော့ သီချင်းက သီချင်းပါပဲဆိုတာကို နားလည် လက်ခံလို့ ရပါတယ်။
        ထူးအိမ်သင်လို ကိုယ်ပိုင်သံစဉ်သမားတစ်ယောက် သူနှစ်သက်တဲ့ တခြားဘာသာစကားနဲ့ သီချင်းတွေကို မြန်မာစာသားပြောင်းလို့ ပြန်ဆိုချင်တဲ့ အာသီသကိုလည်း လက်ခံလို့ရပါတယ်။ (ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလည်း တစ်ကြောင်းထင်တယ်)
        ***
        ဂျူးပြောသွားတာလည်း ဖတ်ဖူးတယ်။ အဲဒီတုန်းကလည်း ဂီတဘက်က လူကြီးမင်းတွေ အတော် ဆူလိုက်သေးတာ။ ဘယ်ထဲမှာလို့ မမှတ်မိပေမယ့် “ကျွန်မ၏သစ်ပင်” အပြီးမှာ… အဲဒီ ဝတ္ထုနဲ့ ဆက်စပ်ပြီး ဗျူးတဲ့ အဗျူးတစ်ခုမှာ ဖြေခဲ့တာလို့ ထင်တယ်။ တော်တော် မခံမရပ်နိုင်ဖြစ်တဲ့ထဲမှာ ကျန်တာတွေတော့ မမှတ်မိတော့ပါဘူး။ အဲဒီအချိန်မှာ အကုန်လဲ မဖတ်ဖြစ်ခဲ့ပါဘူး။ မှတ်မိနေတာ တယောက်တော့ရှိတယ်။ ဂျေ ပါတဲ့တစ်ယောက်။
        ကြုံလို့ ပွားပါရစေဦး။ သိပ်မဆိုင်လှပေမဲ့ ဝါသနာပါလို့ပါ။😀
        မကြာခင်က fwd mail တစ်စောင်ရတယ်။ မြန်မာဘောလုံးသမားတွေကို ရှုံးလာတဲ့အခါမှာ ဂျာနယ်တွေက ပစ်ပစ်နှစ်နှစ် ဝေဖန်တာနဲ့ ပတ်သတ်လို့ ရေးထားတာပါ။
        ဘောလုံးသမားတွေကို သိပ်အပြစ်မတင်ပါနဲ့တဲ့။ ကိုယ်တိုင်ရော နိုင်ငံတကာက ကိုယ်နဲ့ နယ်ပယ်တူလူချင်း ယှဉ်ရမယ်ဆိုရင် ယှဉ်နိုင်ပါ့မလား အရင် ပြန်မေးပါတဲ့။ ဖတ်ပြီး တော်တော် လက်ခံ သဘောကျမိပါတယ်။ အော် မြန်မာ ဘောလုံးသမားတွေမှာ လူချင်းသက်သက် ပြိုင်ရတာ မဟုတ်ဘူးလို့ ဆိုတဲ့ အတွေး ဝင်လာမိတယ်။
        ပြောချင်တာက ခုမှ စမှာ…
        fwd mail က ဘောလုံးကိစ္စဆောင်းပါးကို ဖတ်ပြီး ကိုယ်တိုင်ဆိုရင်လည်း နိုင်ငံတကာ နယ်ပယ်တူက လူတွေကို မယှဉ်နိုင်သေးပါဘူး။ မမီနိုင်သေးပါဘူး လို့ မြင်လာပါတယ်။ ဒါပေမဲ့ မမီရင် မမီဘူး လက်မခံချင်တဲ့ စိတ်ကတော့ တော်တော်ကို မဟုတ်ဘူး။
        ဘောလုံးလို ကိစ္စက ပြိုင်ပွဲမို့ အရှုံးအနိုင် ရလဒ်က တန်းထွက်တယ်။ တော်တာ ညံ့တာ မမီတာကို ငြင်းလို့ကို မရဘူး။ ဘာကြောင့်ဆိုတဲ့ အကြောင်းကတော့ တကဏ္ဍ လို့ ထားပါတော့။
        ဒါပေမဲ့ အနုပညာလို ကိစ္စမှာကျတော့ အနိုင် အရှုံးပြိုင်ရတာ မဟုတ်တော့ ညံ့တယ်ပြောရင် သက်သေပြစရာ လက်ဆုတ်လက်ကိုင် ရလဒ်က ဘာမှ မရှိဘူး။ အနုပညာမှာကို နည်းပညာပါတဲ့ ဂီတ ရုပ်ရှင် လောကက လူတွေ ပိုဆိုးတယ်။ မမီတာကို မမီပါဘူး ဝန်မခံချင်ကြဘူး။ ဟိုဟာကြောင့်ပါ ဒီဟာကြောင့်ပါ လုပ်ချင်တုန်း။
        ဗမာသရုပ်ဆောင်တွေ တောက်လျှောက်ပြောလာတဲ့စကားရှိပါတယ်။ သူတို့မှာ နည်းပညာသာ မယှဉ်နိုင်တာပါ။ သရုပ်ဆောင်ပညာကိုတော့ အချိန်မရွေး ယှဉ်နိုင်ပါတယ်ဆိုတာ။ ဗမာပြည်မှာ ကိုးရီးယားဇာတ်လမ်းတွဲတွေလည်း ပြလိုက်ရော… အဲဒီစကား သွားတော့တာပဲ။ ဒါတောင်မှ ကိုရီးယားကား သနားတယ် လုပ်ကြသေးတာ။ တစက်မှ မလျှော့ဘူး။
        Posted by Rita | 25/06/2010, 14:37
      • well said, daw rita.🙂
        Posted by zizawa | 25/06/2010, 17:26
  12. သီချင်းနဲ့ ပတ်သက်လာရင် တော်တော် ဗဟုသုတ စုံကြတာတွေ့ရလို့ တစ်ကယ့်ကို ချီးကျူးလေးစားပါတယ်။ သီချင်းတွေကို တော်ရုံ လေးစားတန်ဖိုးထားရုံနဲ့ အဲ့ဒီလို ခရေစေ့တွင်းကျ မသိနိုင်ဘူး။ ကျွန်တော်က သီချင်း မဆိုရ မနေနိုင်လောက်အောင် ၀ါသနာပါပေမယ့် သီချင်းတွေရဲ့ ဇစ်မြစ်ကို အဲ့ဒီလောက် မလေ့လာဖြစိဘူး။
    ကိုယ်ပိုင်သံစဉ် သီချင်းကောင်းကောင်းတွေကို သီဆိုချင်တာ သီချင်းဆိုသူတိုင်းရဲ့ အန္တိမ ရည်မှန်းချက်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
    ဒါပေမယ့် ကိုယ်ပိုင်သံစဉ် သီချင်းကောင်း တစ်ပုဒ်ရဖို့ အချိန်အရမ်းပေးရတယ်။ ပြီးတော့ မြန်မာပြည်မှာ သီချင်းရေးခက သူများနိုင်ငံတွေလို အများကြီး မရဘူးလေ။ ဒီိတော့ သီချင်းရေးသူတွေက စားဝတ်နေရေးအတွက် ငွေရမြန်တဲ့ ကော်ပီကိုပဲ ဦးစားပေးကြရတာပေါ့။
    သူများနိုင်ငံတွေမှာက တေးရေးဆရာတိုင်း မြူးဇစ်နဲ့ ပတ်သက်လာရင် ထုံးလိုချေ ရေလိုနှောက်နိုင်သူတွေချည်းပဲ။ အဲ့ဒီတော့ ကိုယ်ရေးတဲ့သီချင်းကို မြူးဇစ် ဖန်တီးမှု၊ စီစဉ်မှု လုပ်တဲ့နေရာမှာ အရမ်းကွာသွားပြီ။
    သီချင်းဆိုသူကလည်း ကိုယ်ပိုင်သီချင်းကောင်းလေးတွေရမှ ခွေထုတ်မယ်ဆိုရင် နှစ်တော်တော်ကြာ စောင့်ရမှာ (ကိုယ်တိုင် တေးသီချင်း ကောင်းကောင်း ရေးတတ်တဲ့ အဆိုတော်ကလွဲလို့)။ ဒါတောင် နာမည်ရှိပြီးသား အဆိုတော်နော်။
    ခုမှ စခွေထုတ်မယ့်သူဆိုရင့် တော်ရုံ ဘက်ဂရောင်းရှိရုံနဲ့ကတော့ ဒီတစ်သက် ခွေထုတ်ရမှာ မဟုတ်ဘူး။ နာမည်ကြီး တေးရေးဆရာကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင် သီချင်း မာစတာပိစ်ကို တက်သစ်စ မပြောနဲ့ တော်ရုံ နာမည်ရ အဆိုတော်ကိုတောင် ပေးမှာ မဟုတ်ဘူး။ တေးရေးသူဖက်ကကြည့်ရင်လည်း မှန်ပါတယ်လေ။
    အဲ့ဒီတော့ အားလုံးကို နားလည်ပေးလိုက်ကြပါ။ တစ်နေ့ Music Industry အားကောင်းပြီး ထိုက်ထိုက်တန်တန် ရရှိလာတဲ့တစ်နေ့ ကျွန်တော်တို့ မျှော်မှန်းတဲ့ ကိုယ်ပိုင်သီချင်းကောင်းတွေ များသထက်များလာမှာပါ။
    သံစဉ်ကောင်းတဲ့ ရော့ခ်သီချင်းတွေ နားထောင်မိရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြပါ။
    ရွှင်လန်းချမ်းမြေ့ကြပါစေ။
    Posted by Lun Lunn | 24/06/2010, 04:27
  13. မရီတာ ပြောတာကို သဘောတူပါတယ်။ ကျွန်တော်တို့တွေက ကော်ပီနဲ့ တော်တော်ကို ကျင့်သားရနေကြပြီ။ ခုနောက်ပိုင်းမှ ကိုယ်ပိုင်သံစဉ်ကို ဦးစားပေးချင်တဲ့ဆန္ဒတွေ ပိုများလာကြတာ။
    ဒါလည်း ခုနောက်ပိုင်း နိုင်ငံခြားကို သွားရောက် ဖျော်ဖြေရတာ များလာခြင်းက အဓိကကျတဲ့ အချက် တစ်ချက်ပါပဲ။
    တစ်ခုပြောပြချင်တာက မြန်မာပြည်မှာ သီချင်းရေးခ၊ တီးဝိုင်းခထက် အဆပေါင်းများစွာ ကုန်ကျတာက တီဗီမှာ ကြော်ငြာခပါပဲ။ ခုလောလောဆယ်တော့ မသိဘူး။ ကျန်ခဲ့တဲ့ ၂၀၀၄လောက်ကတောင် စက္ကန့် ၄၀စာကို ၃သိန်းပေးရတယ်။ အဲ့ဒါ တစ်ကြိမ်လွှင့်ခ။ တစ်နေ့တည်း ၃ကြိမ်လွှင့်ရင် ၉သိန်း။ တစ်ချို့ ၁လ၊ ၂လလောက် ဆက်တိုက်လွှင့်တဲ့သူတွေ ဘယ်လောက်ကုန်ကျမလဲ၊ မတွေးရဲဘူး။ သိန်းရာပေါင်းများစွာ ….
    ပြီးတော့ ခွေတောင် ဆိုင်ပေါ်ကောင်းကောင်း မရောက်သေးဘူး။ ကူးခွေတွေက နယ်စုံရောက်နေပြီ။ ဒီတော့ ခွေထုတ်သူတွေ ပက်လက်လန်ရောပဲ။
    အနည်းဆုံး ကိုယ့်နိုင်ငံအတွင်းမှာတော့ ကူးခွေဆိုတာ မရှိသင့်တဲ့ ကိစ္စတစ်ရပ်ပါပဲ။ ကူးခွေလုပ်ငန်း အမြန်ဆုံး ပပျောက်နိုင်ပါစေ။
    (ပို့စ်နဲ့ တိုက်ရိုက် သိပ်မတိုက်ဆိုင်ပေမယ့် ကော်ပီရိုက်တ် ပါလာလို့ သိသလောက်လေး ဝေမျှခြင်းပါ။ ကိုဝတုတ်ကို ကြို စကားခံထားတာပါ။ ဟီးဟီး)
    Posted by Lun Lunn | 24/06/2010, 04:46
  14. (ကို၊မ)zt
    မရက်စက်ပါနဲ့။ တိမ်လွှာမို့မို့လွင်တော့ ချမ်းသာပေးပါ။ အမှန်ပြောရရင် ခု (ကို၊မ) zt ပြောတာကို ဒုတိယအကြိမ် ကြားဖူးတာပဲ။ ပထမတယောက်ကလည်း အဲ့သလိုပဲ ဂျပန် သီချင်းအလိုက်ကို မှီးထားသလိုလို ပြောဖူးတယ်။ ဒုက္ခပါပဲ…
    knsl ပြောတာ ‘လင်းလိုက်စမ်းပါ ကြယ်ကလေး’ ထင်ပါရဲ့ ။
    ဆရာမန်းရယ် ကျွန်တော် ဆရာမန်းထင်နေတဲ့လူ မဟုတ်ပါဘူး။ ကိုမန်းကို ပြောလို့ နောက် ဘိုဘို့ ဆောင်းပါးရယ်၊ သူ့ fb မှာရေးထားတာတချို့ ရယ်၊ ခု plagiarized အနုပညာ လက်ရာတွေအကြောင်းနဲ့ပါ ဆက်စပ်ပြီး ပြောချင်နေတာ လျှာကိုယားနေတာပဲ။ ကျွန်တော့်အတွေးက မပြည့်စုံသေးလို့ incomplete thought ဖြစ်နေသေးလို့ မပြောသေးတာ။ ဟိုစပ်စပ် ဒီစပ်စပ်တွေ များလွန်းလို့ ငြိမ်နေတာ။ ခုတော့ အခွင့်အရေး ရသလောက် လျှာအယားဖြေလိုက်ဦးမှ။ ပြောချင်တဲ့ အကြောင်းက ကျွန်တော်တို့ တိုင်းပြည်ရဲ့ nation building process ကိစ္စနဲ့ ဆိုင်တယ်။ ကိုယ်လည်း ဒီကိစ္စမှာ အိပ်စပတ် မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူတွေက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာတွေ ပြောခဲ့သလဲဆိုတာ နည်းနည်းသိတော့ ၀င်စီချင်တာ။
    အဓိက အချက်တချက်က ကျွန်တော်တို့ဆီမှာ ယဉ်ကျေးမှုဆိုတဲ့ ဝေါဟာရကို နားလည်ပုံဟာ ခေတ်မမှီတော့ဘူးလို့ထင်တယ်။ လောလောဆယ် အထောက်အထားနဲ့ ပြည့်ပြည့်စုံစုံမရသေးလို့ ခဏငြိမ်နေတာ။ ကျွန်တော်တို့လူမျိုးက ပိုအစွဲအလန်းကြီး၊ အယူသီးတယ်လို့ စိတ်ထဲထင်တယ်။ ဒါတောင်ကိုယ်လည်း အပြင်ရောက်ပြီး ကိုယ့်ဘာသာ စကား အပြင်ဘက်က စာလေး မတတ်တခေါက်ဖတ်ရလို့ သတိပြုမိတာ။ ဒီလိုပြောလို့ ဘယ်သူ့ကိုမှ အထင်အမြင်သေး စော်ကားလိုစိတ်နဲ့ ပြောတယ်လို့ မယူဆစေချင်ပါ။ ကြီးကျယ်တာလည်း မဟုတ်ပါ။
    ယဉ်ကျေးမှုဆိုတာ culture ဆိုတဲ့ အင်္ဂလိပ်စကား (တကယ်က ဥရောပစကားလို့ပြောတာ ပိုမှန်မယ်၊ အင်္ဂလိပ်ကိုယ်တိုင်က သူများဆီက ယူထားတာ) ကိုကျွန်တော်တို့က ယဉ်ကျေးမှု လုပ်ထားတာ။ ဒီ culture ဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဖူး။ အရမ်း အရမ်း အရမ်းကို ခြုံပြောရရင် စီးပွားရေး၊ နိုင်ငံရေးပုံစံတွေ ပြောင်းတာနဲ့အမျှ ဒါဟာ ပေါ်ထွန်း/ပျောက်ကွယ် လာ/သွားတဲ့ အရာတွေ။ လူမျိုးဆိုတာကိုက ကျွန်တော်တို့တွေ နားလည်ပုံက ကျဉ်းတယ်ထင်တယ်။ ပိုဆိုးတာက ဗိုလ်နေ၀င်းလက်ထက်ကနေ ခုစစ်အုပ်စု လက်ထက်ထိ စစ်အာဏာရှင်အဆက်ဆက်က ဒီအမြင်ကျဉ်းမှုတွေကို ပိုအားကောင်းအောင် လုပ်ပေးခဲ့တာ။ ကိုမန်းကို ပြောတဲ့ enlightenment evolution မျိုးက ဒီမောင်တွေ ရှိနေသရွေ့  ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဖူး၊ စိတ်ချ။
    ကိုလိုနီခေတ်က ‘သခင်မျိုးဟေ့ ဒို့ဗမာ’ ဟာမှန်ကန်တယ်လို့ ယူဆပေမယ့် ၂၁ ရာစုလို ကနေ့ချိန်ခါမှာ သာကီမျိုး သာကီမျိုးဆိုပြီး အော်နေတာ ကိုယ့်သိမ်ငယ်စိတ်ကို လူသိအောင် ထုတ်ဖော်ပြနေသလိုပဲ။
    တကယ်တော့ အင်္ဂလိပ်တွေမှာ ကနေ့တွေ့နေရတဲ့ အစဉ်အလာတွေဟာ ၁၉ ရာစုမှာ စက်မှုတော်လှန်ရေးနောက်ပိုင်း ဘူဇွာလူတန်းစားဆိုပြီး ပေါ်လာတဲ့အခါမှာ နေ့ချင်းညချင်း ကြေးရတတ်ဘ၀ရောက်လာသူတွေက သူတို့ရဲ့  အဆင့်အတန်းသစ်နဲ့ လိုက်လျောညီထွေ ဖြစ်မယ်လို့ယူဆရတဲ့ အမူအကျင့်တွေ၊ လုပ်ပုံကိုင်ပုံတွေကို မွေးစားရင်းနဲ့ ပေါ်လာတာတွေလို့ ၁၉ ရာစု အိတ်စပတ် ဗြိတိသျှ သမိုင်းဆရာ Eric Hobsbawm ကပြောဖူးတယ်။ (သူ့စာအုပ်နံမယ်က The invention of tradition တဲ့၊ nationalism နဲ့ ပတ်သက်ရင် authority ရှိတဲ့စာအုပ်တအုပ်ပါ။) (လူယဉ်ကျေး သင်တန်းတွေ၊ လမ်းညွှန်ချက် စာအုပ်တွေဟာ ၁၉ ရာစုမှာ အဲဒိလူတန်းစားအတွက် သီးသန့်ကို ပေါ်လာခဲ့ဖူးတယ်။) နောက်အင်္ဂလိပ်စကားဟာလည်း လက်တင်နဲ့ ရောမစကားလုံးတွေနဲ့တင် ပြည့်နေပြီ။ (ဥရောပ ဘာသာစကား တမျိုးမကတတ်တဲ့လူဆို ဒါကိုကောင်းကောင်း သတိပြုမိနိုင်တယ်။) ပြောချင်တာက တချိန်မှာ တကမ္ဘာလုံးကို လှည့်ပြီး ဆရာလုပ်နိုင်ခဲ့တဲ့ အင်္ဂလိပ်လို လူမျိုးမှာတောင် သူများဆီက မွေးစားထားတွေက အများကြီးပဲ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့လောက် အယူမသီးတော့ တိုးတက်ရေး လမ်းကြောင်းက ပိတ်မနေတော့ဘူး။ ကျွန်တော်တို့ဆီမှာတော့ ယဉ်ကျေးမှုဆိုတာကို ဟိုးနှစ်ပေါင်း များစွာကစပြီး မပျောက်မပျက် မရွေ့ မလျောဘဲ တည်တံ့လာတဲ့ monolithic entity တခုလို မြင်နေကြတုန်းပဲ။ အဲဒိ အမြင်ကို ရိုးရိုးသားသား လက်ခံသူတွေထဲမှာ ပညာတတ်တွေလည်း အများကြီးပဲ။ ဗိုလ်ခင်ညွန့် လက်ထက်က ကမ္ဘာမှာ လူဟာ ပုံတောင်ပုံညာဒေသက အစပြုတယ်ဆိုတဲ့ အရွှီးနဲ့ သူတို့ အာဏာကို တရားထူထောင်ဖို့ ကြိုးစားမှုတခုကို ရိုးရိုးသားသား သည်းခြေခိုက်တဲ့ ပညာတတ်တွေ အများကြီးပဲ။ အယူပိုသီးလေ အသစ်ကို လက်ခံရပိုခက်လေပဲ။ ပြောခဲ့တဲ့ ယဉ်ကျေးမှုဟာ monolithic ဖြစ်တယ်လို့ မြင်နေတဲ့ အသိအမြင်မှားကြီးကို လူမျိုးဆိုတာနဲ့ တွဲထုတ်လိုက်တဲ့အခါမှာ သာကီမျိုးဟေ့ ဒို့ဗမာဖြစ်လာတာပဲ။ ပြောရရင် မဆုံးဘူး။ nationalism နဲ့ ပတ်သက်ရင် ကျွန်တော်သိရသလောက် ခုပြောမယ့် စာအုပ်လေးငါးအုပ်ကို မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်အဖြစ် ညွှန်းကြတယ်။ စိတ်ဝင်စားသူတွေအတွက် ဝေငှပေးလိုက်ပါတယ်။
    Imagined Communities by Benedict Anderson
    Nations and nationalism by Ernest Gellner
    Nations and nationalism since 1780 by E J Hobsbawm (my favorite historian)
    The invention of Tradition by E J Hobsbawm
    Posted by Watote | 24/06/2010, 08:09
    • ကိုဝတုတ်ရေ၊
      ကျနော်က လက်နှစ်သစ်စာပြောရင် တစ်လံစာလောက် ပြန်အပေါက်ခံရတော့ လန့်ရမလား၊ ရှက်ရမလား ဘာဆက်လုပ်ရမှန်း မသိတော့ဘူးဗျို့။
      အလကားနောက်တာပါဗျာ၊
      ကျနော်က မသိရင်လည်း မရှက်တတ်ပါဘူး၊ ခုလည်း ကျောင်းသားပဲဟာ၊ သင်နေ လေ့လာနေတာပါပဲ။ အင်္ဂလိပ်စာက ခုမှပြန်စပြီးလေ့လာနေတာကတော့ အားနည်းချက်ကြီးတစ်ခုပေါ့လေ။ ပြီးတော့လည်း ကျောင်းပြန်တက်တာလည်း ကလေးတန်းလောက်ဖြစ်နေတော့၊ အဲ ထားပါတော့ ကျနော့ဘလော့မှာ အခန့်သင့်လာမှ အားလုံးကို အသိပေးပါတော့မယ်ဗျာ။
      ခန့်မှန်းမှုနဲ့ ပတ်သက်လို့ကတော့ စုံထောက်ဝင်လုပ်ရင် ကောင်းမလား စိတ်ကူးနေတယ်။ အခြားစုံထောက်တွေ မှားတာရှောင်ချင်ရင် ကျနော့်ခန့်မှန်းချက်ကို ကြည့်ရုံနဲ့ အထောက်အကူအတော်ရနိုင်တယ်ဗျ။ မြန်မာပြည် ကောလိပ်မှာတုန်းက လောဂျစ်ဆရာတစ်ယောက်ဗျာ အမြဲချဲတွက်တွက်ပြီးထိုးတာ မပေါက်ဖူး၊ သူတပည့်တစ်ယောက်က ဆရာ့ဆီက ပယ်ထားတဲ့ကဏန်းတွေ ချီးမြှင့်ပါဆိုပြီး သွားထိုးလိုက်တာ ပေါက်သွားသလို ဖြစ်နေပြီ။
      ဘယ်လိုဖြစ်ဖြစ် စာအုပ်နာမည်တွေအတွက် ကျေးဇူတင်ပါတယ်၊ တစ်နှစ်ကျော်လောက် အချိန်ယူဖတ်ရမယ်လို့တော့ ထင်ပါတယ်။
      Posted by မန်းကိုကို | 24/06/2010, 11:47
      • ပို့စ်ရော မှတ်ချက်နဲ့ပါ ဆိုင်တော့ မဆိုဘူး၊ ဒါပေမယ့် လောဂျစ်ဆရာ ချဲကို တွက်ပြီးထိုးတယ်ဆိုတာ စိတ်ဝင်စားတယ်။ ချဲကို ထိုးချင်သလို ထိုးတာမဟုတ်ဘဲနဲ့ တွက်ပြီးမှ ထိုးတဲ့လူကို လောဂျစ်ဆရာလို့ ခေါ်နိုင်ပါ့မလား။
        Posted by ပိုင် (Pi) | 24/06/2010, 22:44
    • ကိုပိုင်၊ လောဂျစ်ဆရာဆိုတာက သူ့ရဲ့ဂုဏ်ပုဒ်လေဗျာ၊ ချဲတွက်တာကတော့ သူ့ဝါသနာဆိုတော့ ကဏ္ဍချင်းကွဲတယ်လို့သာ မှတ်ရမယ်ထင်ပါတယ်။ သူ့ထက်ဆိုးတဲ့ သတ္တဗေဒဋ္ဌာနမှူးဆို နာမည်ကြီးဘုန်းတော်ကြီးတွေဆီ စက်ဘီးနဲ့ချောင်းပေါက်အောင်ကို သွားနေခဲ့တာ။
      ဒါတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်ကပါ၊ ခုအခြေအနေတော့ သူတို့အတွက် မတွေးရဲဖူး။ ကိုယ့်ထက်ငယ်သူတွေတောင် အရက်ဖေါ ဖေါနေတာတွေ(နှစ်နည်းနည်းပဲခံတော့မှာ) တွေ့ခဲ့ရသေးတယ်ဗျ။ ရှေ့ရေးမရှိကြတဲ့ဘဝမှာ ဘာမှမတတ်နိုင်ပဲ ကိုယ်၊ စိတ်ထွက်ပေါက်ရှာနေကြတာလို့ပဲ နားလည်မိပါတယ်။ ဒီလို ဆယ်စုနှစ်ပေါင်းများစွာ ခံစားနေခဲ့ကြရတဲ့ မြန်မာပြည်သူတွေကို ဘယ်လိုများ(စိတ်ဓါတ်တွေ) ပြန်ဆွဲတင်လို့ရမလဲ ဆိုတာကိုတော့ စိတ်ဝင်စားတယ်ဗျ။
      Posted by မန်းကိုကို | 25/06/2010, 01:16
  15. ရီတာ ပြောတာအမှန်ပဲ။ ကျွန်တော့်တို့ဆီမှာ အဲဒိ အလေ့အထက မရှိဘူး။ သီချင်းတွေတင်မကဘူး။ စာပေမှာလည်း အလားတူပဲ။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကကို ဂျာနယ်အယ်ဒီတာ တယောက်ပါပြီး ဟိုးလေးတကျော် ဖြစ်သွားတဲ့ ဇာတ်လမ်းတခုကို အမှတ်ရမိသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ပိုင် မဟုတ်တာကို ကိုယ်ကိုယ်တိုင်က သိရင် ဒါကို ရိုးရိုးသားသား ထုတ်ဖော်ပြောတတ်တဲ့ အလေ့အထ၊ ပိုင်ရှင်ကို credit ပေးတဲ့ အလေ့အထ ကျွန်တော်တို့ဆီမှာ လိုကို လိုအပ်နေပြီလို့ ထင်တယ်။
    လွန်လွန်းပြောတာတွေလည်း အင်မတန်မှ သဘာဝကျပြီး မျှတတယ်လို့ ကျွန်တော်ထင်တယ်။ rock သီချင်းကောင်းတွေပြောလို့ ဟဲဟဲ ကျွန်တော်က Dire Straits ရဲ့ အမာခံ ပရိသတ်ဗျ။ အားလုံးနီးပါးကို ကြိုက်တယ်။ အဲဒိထဲကမှ အကြိုက်ဆုံး သီချင်းတွေကို ရွေးပြရရင်.. ဂစ်တာဆိုလိုမှာ ကျွန်တော်ကတော့ Mark Knopfler ကိုတော်တော်ကြီးမှ တော်တော်ကြီးကို ကြိုက်တယ်။ http://www.youtube.com/watch?v=gbJqduK8sak&feature=related (ဘယ်အကြိမ် နားထောင်နားထောင် မရိုးတဲ့ ဂစ်တာဆိုလို)
    http://www.youtube.com/watch?v=2jH74e3Qo9k (သူ့ရဲ့ နံမယ်အကြီးဆုံး guitar solo)
    Posted by Watote | 24/06/2010, 08:36
  16. ဖတ်ရတာ ဗဟုသုတ အရမ်းရပါတယ်။ ဂီတ နဲ့ အနုပညာ၊ Nationalism တွေကို စိတ်ဝင်စားပေမဲ့ ဖြည့်စွက် ဆွေးနွေးနိုင်လောက်တဲ့ အထိ ၀မ်းစာမပြည့်လို့ပါ။ ပင်တိုင်ဆွေးနွေးတဲ့ ကိုဝတုတ် နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။
    Posted by မိုးစက်ပွင့် | 24/06/2010, 10:42
  17. ပို့စ်ကိုရော မှတ်ချက်တွေကိုပါ ဖတ်သွားပါတယ်။ အတော်ဗဟုသုတ ရပါတယ်။ ကျွန်မလည်း စန္ဒရားလှထွဋ်တို့။ စန္ဒရားချစ်ဆွေတို့ ဆိုတဲ့ သီချင်းတွေ အပေါအ၀င် မြန်မာသံစဉ် ခေတ်ဟောင်းသီချင်းတွေကို သိပ်ကြိုက်တယ်။ တိမ်လွှာမို့မို့လွင်ဆိုလည်း ၀င်းဦးဆိုတာကိုမှ နားထောင်ဖြစ်ပြီး ၀င်းဦးအသံကိုပဲ ကြားယောင်နေတယ်။ အခုက ကော်ပီသီချင်းဖြစ်တယ်ဆိုတော့ တကယ်ကို စိတ်မကောင်းဘူး။
    Posted by Nge Naing | 24/06/2010, 12:17
    • မငယ်နိုင်ရေ
      တိမ်လွှာမို့မို့လွင်က ကော်ပီ သီချင်းဆိုတာထက် ဟိုးနားဖြတ် ဒီနားဖြတ် မှီးထားတာဆိုပြီး ကျွန်တော်ကြားဖူးတာပါ။ မှန်ချင်မှလည်း မှန်မှာပါ။ original ဆိုတဲ့ (ဂျပန်)သီချင်းကို ကျွန်တော်ကိုယ်တိုင် မကြားဖူးပါဘူး။ သိပ်စိတ်မကောင်း မဖြစ်ပါနဲ့။ မှီးတာက အပြစ်မရှိပါဘူး။ တကယ်တော့ ကမ္ဘာမှာ original စစ်စစ် ဆိုတာတွေက ရှိရောရှိရဲ့ လား ဆိုတာ မေးစရာပါ။ ကိုယ်ကရိုးရိုးသားသား ထုတ်ပြောဖို့ကသာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကိုယ့်ထက်တိုးတက်တဲ့လူဆီက သင်ယူမှီငြမ်းတာ ရှက်စရာ မဟုတ်ဖူးထင်ပါတယ်။
      Posted by zizawa | 24/06/2010, 12:41
  18. Ko Wa Tote (Zizawa)
    Thx for sharing … I will listen later …
    How’s about Steel Heart? He’s not very popular as other. I could find his songs less than 20 only but some of his songs; She’s Gone, Angle Eyes, Ma Ma, Don’t You Cry are my favorite songs …
    Posted by Lun Lunn | 24/06/2010, 16:13
  19. Ko Wa Tote,
    Here some of his songs …
    If you like it, let me know. I can send sound files.🙂
    Have a happy weekends ahead!
    Posted by Lun Lunn | 25/06/2010, 07:46
  20. “ထူးအိမ်သင် ကော်ပီသီချင်းဆိုတုန်းက ဘာလို့ ကော်ပီဆိုတာလဲ မေးတော့ ဆိုချင်လို့ ဆိုတာပါ ပြန်ဖြေတယ်။ ”
    အဓိကက ကော်ပီသီချင်းဆိုတာထက် ကိုယ့်သီချင်းဟာ ကော်ပီသီချင်း ဒါမှမဟုတ် တခြားသီချင်းတခုခုကနေ မှီးထားတာဆိုတာကို ပြောဖို့ပဲ။ မပြောဘူးဆိုရင် plagiarized လုပ်တယ်လို့ သတ်မှတ်ရမှာဘဲ။ plagiarized သီချင်းတွေကို လူတွေက လက်ခံချင် လက်ခံမှာဘဲ။ ကြိုက်ချင်လည်း ကြိုက်နိုင်တာပဲ။ Dora Than Aye ရဲ့ နံမယ်ကြီး သီချင်းတချို့ဟာလည်း ပြောခဲ့သလို plagiarized သီချင်းတွေပဲ။ တနိုင်ငံလုံးက သီချင်းကောင်းရင်ပြီးရော plagiarized ဖြစ်ဖြစ် outright copy ဖြစ်ဖြစ် ဒါဟာ ရှက်စရာမဟုတ်ဖူး၊ ဂုဏ်ယူစရာ အဖြစ်လက်ခံမှာဘဲ ဆိုရင်လည်း သူတို့ သဘောအတိုင်းပါပဲ။ သူ့ဟာသူ ဆိုချင်လို့ဆိုတာ ဘာမှ အပြစ်ပြောလို့ မရပေမယ့် ကိုယ့်ကိုယ်ပိုင် မဟုတ်တာကို ကိုယ်ပိုင်လိုမျိုး ညာတာပါတေးနဲ့ လူလည်ကျတာကတော့ မရိုးသားဘူး။ ကျွန်တော် သိသလောက် ထူးအိမ်သင်ကို အဲ့သလို မရိုးမသားစိတ်နဲ့ လုပ်တယ်လို့ ပြောနိုင်လောက်တဲ့ အထောက်အထားလည်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဗမာပြည်မှာက မူရင်းပိုင်ရှင်ကို ကိုးကားတာ၊ cite လုပ်တာ၊ acknowledge လုပ်တဲ့ ဓလေ့က ရှိမှ မရှိတာ။ ဒါပေမယ့် ဒါကို ရိုးသားတဲ့ ဓလေ့အဖြစ် ပြောဖို့တော့ ခက်မယ်။ နောက်တခုက ဗမာပြည်မှာ ဘိုစာဖတ်နိုင်တဲ့လူ၊ ဘိုသီချင်းတွေကို နှံ့နှံ့စပ်စပ် သိတဲ့လူနည်းတော့ လူလည်ကျနိုင်တဲ့ အခွင့်အလမ်းပိုများတာပေါ့။
    တခါက သော်တာဆွေရဲ့ ဝထ္ထုတပုဒ်ဟာ ဘိုဝထ္ထုတပုဒ်ကို ခိုးချထားတာဆိုပြီး ဗမာစာသင်တဲ့ ဘိုမကြီးတယောက်က သူ့ကိုထောက်ပြဖူးတယ်။ ၀ထ္ထုထဲက တချို့  dialouge တွေဆိုရင် အတိအကျတောင်တူတယ်။ ဒါပေမယ့် သော်တာဆွေက ဒါသူ့ကိုယ်ပိုင်ပါဆိုပြီး ခံငြင်းတယ်။ အလျှော့ပေးသွားတယ်တော့ မကြားမိဘူး။ မောင်သာနိုးကတော့ သော်တာဆွေရဲ့ ဝထ္ထုကိစ္စကို သူခိုးလက်က သူဝှက်လုတဲ့ အဖြစ်ပမာ ရေးတယ်။ သော်တာဆွေက ၀ထ္ထုရေးနည်းသင်တန်းလားဖွင့်တော့ တပည့်တယောက်က အဲဒိ ဘိုဝထ္ထုကိုကူးချပြီး သော်တာဆွေကို ပြတာဖြစ်နိုင်တယ် ဆိုတယ်။ သော်တာဆွေက ဒါကိုသဘောကျပြီး သူ့ရဲ့ ရင်တွင်းဖြစ် လိုလို လုပ်ပစ်လိုက်ပုံရတယ်။ အဲ့တော့ သော်တာဆွေက မူရင်း ဘိုဝထ္ထုကို မဖတ်ဖူးတာ ဖြစ်နိုင်တာပေါ့။
    နောက်ပီး ၀င်းဦးဝထ္ထုတွေ အပါအ၀င် တချိန်က စာဖတ်ပရိသတ်တွေကြားမှာ နံမယ်ကြီးခဲ့တဲ့ စာတွေကိုလည်း သံသယရှိတဲ့ မျက်လုံးတွေနဲ့ သေချာပြန်ကြည့်ရင် အရင်က မသိသေးတာတွေ ပေါ်လာနိုင်တာပဲ။ အဲ့သလိုပေါ်လာလို့ ဒီအနုပညာ လက်ရာတွေကို အရင်လို ဆက်ကြိုက်မကြိုက်ဆိုတာကတော့ နောက်တပိုင်းပေါ့။ လူတယောက်ဟာ မှားယွင်းတဲ့ အသိတခုကပေးတဲ့ ပျော်ရွှင်မှုကနေလည်း တသက်လုံး စိတ်ချမ်းသာပျော်ရွှင်စွာ နေသွားနိုင်တာပဲ။ ဒါပေမယ့် ဒါကို စစ်မှန်တဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုလို့ ပြောမလား။ ဒါကနောက်ရေးချင်စရာ ခေါင်းစဉ်တခုပေါ့။
    နောက်များမှ…
    Posted by Watote | 25/06/2010, 10:11
    • အင်း ဟုတ်ပါတယ်။
      ထူးအိမ်သင်ကိစ္စက စန္ဒယားလှထွဋ် ကိစ္စနဲ့ မတူပါဘူး။
      ဒါပေမဲ့ post မှာ ကော်ပီကိစ္စ ပါတာရယ်၊ လုပ်ရိုးလုပ်စဉ် ကျင့်သားရ ဆိုတာကို တွေးမိတာရယ်နဲ့ ရေးဖြစ်သွားမိတာ။ ပြီးတော့ အဲဒီ နောက်ပိုင်းက စာသားတွေကို ဖြတ်ပစ်လိုက်မိတယ်။ ထူးအိမ်သင်ရဲ့ စကားပါပဲ။ ဒါပေမဲ့ မဂ္ဂဇင်းမှာ ပြောတာမဟုတ်ဘဲ၊ မြဝတီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်နေလို့ မထည့်ချင်တာနဲ့ မထည့်တော့တာ။ မဂ္ဂဇင်းမှာ ပါတာလို မခိုင်လုံဘူးလို့ ခံစားရလို့ပါ။ သူပြောသွားတာ “ကော်ပီ” နဲ့ ပတ်သတ်တဲ့ ကိစ္စပါပဲ။
      Posted by Rita | 25/06/2010, 14:03
    • ဆရာရေ၊
      ရေးချင်တာ သိပ်များနေပြီထင်တယ်၊ တော်ကြာ မူလတန်းကျောင်းဆရာတွေလို ဘာသာစုံပြရတဲ့ အနေအထားမျိုး ဖြစ်နေတော့မှာပဲ။
      နောက်တာပါဗျာ၊ နည်းနည်းအားလာရာက စိတ်ကူးပေါက်ပြီး အကူအညီလာတောင်းတာပါ။
      ကျနော့် ပို့စ်တွေကို ဝေဖန်ပေးဖို့ပါ (လေပေါထားတာတွေတော့ မပါပါ)၊ ကျနော်က အလယ်လတ်အဆင့် (နဲ့ လုံးဝမသိသေးတဲ့ အဆင့်) သမားတွေလောက် ရည်ရွယ်ရေးထားတာတွေမို့လို့ ကိုဝတုတ်အတွက် နည်းနည်းတော့ ကသိကအောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (တစ်ဖက်ကလည်း တစ်သက်မှာ ကိုဝတုတ်တို့လို ပညာသင်ခွင့် မရှိနိုင်တော့တဲ့ လူတွေ၊ မသိသူတွေ အတွက်ပါ၊)
      လောလောဆယ် ကိုယ့်ကိုဝေဖန်မယ့်သူ မရှိလို့ ဂွကျနေတယ်၊ အမှန်ပြောရရင် ကျနော့်ကို ကျိုးကြောင်းနဲ့ ထောက်ပြဝေဖန်ပေးမယ့်သူတွေကို စောင့်နေတာ ၁၅ နှစ်လောက်ရှိပြီဗျ၊ အလွတ်သဘော နှိပ်ကွပ်မယ့်သူတွေပဲ တွေ့မိသေးတယ်။
      ကျနော့်ဘလော့ကို လူလာများအောင် ဆင်တာတော့လည်း မဟုတ်ပါဘူးဗျာ၊ လာမမန့်လည်း ကိုယ့်ဘလော့ထဲကပဲ စောင်းပါးရိပ်ချည် ပြောလို့လည်း ရပါတယ်။ ဒါနဲ့ ကိုတင့်ဦးလည်း ပျောက်နေတယ်ထင်တယ်။
      Posted by မန်းကိုကို | 26/06/2010, 15:05
      • ဆရာမန်းရေ..
        ကျွန်တော် တလောက ရောက်ဖြစ်ပါတယ်။ အဲဒိတုန်းက ထိုင်းနိုင်ငံရေးအကြောင်း ရေးနေတာ ကျွန်တော် သတိပြုမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒိအချိန်က အိမ်မှာ The King Never Smiles ရောက်နေချိန်ပဲ ဆရာရေ။ အဲဒိတုန်းက ကိုမန်းကို ရေးထားတာတွေမှာ မေးစရာမရှိသေးလို့ပါခင်ဗျာ။ ခုကိုမန်းကို ပြောလို့ ကျွန်တော်သွားကြည့်တော့ ကိုယ့်ဆရာက ဒါလည်း ရတာကိုးလို့ အထင်တွေ big သွားတယ်။ ကျွန်တော်ကတော့ ကဗျာ၊ စာပေ ဖန်တီးမှုပိုင်းမှာ ငတုံး၊ ငအပါ ခင်ဗျာ။ ဒီအပိုင်းမှာ ကိုယ်တုံးပုံ၊ အပုံတွေ တချိန်ကျတော့ ပြောပြရသေးတာပေါ့လေ…
        Posted by zizawa | 26/06/2010, 19:01
  21. To everyone here:
    In addition to posting comments here, let’s do something to nudge Burma’s music industry towards giving credits to original song writers. I suggest that we start doing our little parts by commenting on Burmese music video clips posted on blogs and sites like YouTube; if the song in the clip is substantially based on another’s work, then we will find a clip of the original and post a comment respectfully (or at least politely) pointing out the parts that are similar to the original. I understand that it’s a sub problem of a bigger problem that seems intractable at times, but maybe, just maybe, we can make an iota of difference here?
    Posted by ပိုင် (Pi) | 25/06/2010, 21:15
    • ဆရာပိုင်၊
      စိတ်ကူးကတော့ ကောင်းပါတယ်၊ အထူးသဖြင့် ဂီတဝါသနာရှင်များအနေနဲ့ပေါ့။
      ဒါပေသိ၊ ဒီ့ထက်ထိရောက်မှာမျိုးလေးတွေ တွေးကြရင်ကော ကောင်းမလားလို့။ ကျနော့်အမြင်ကတော့ ဒီလိုလုပ်တာ လက်လီဖြစ်နေတယ်၊ လက်ကားနဲ့ဝင်ရင် ပိုထိရောက်မလားလို့ပါ။ လက်လီကျတော့ လူငယ်တွေဆီ လက်လွဲပေးသင့်လည်း ပေးရတာပေါ့။
      Posted by မန်းကိုကို | 26/06/2010, 14:44
    • Thanks for the initiative, Pi… I’m genuinely interested. We’ll talk more, shan’t we?
      Posted by zizawa | 26/06/2010, 18:42
  22. I would like to say that most of the Burmese modern music(except classical Burmese music) using Western instruments are copied partially or wholly from western music.
    Posted by Tin | 26/06/2010, 03:39
  23. “ဘယ်မူရင်းသီချင်းကို စာသားထည့်ထားပါတယ်။ ဘယ်မူရင်းသံစဉ်တွေကို မှီးပါတယ်လို့ ” သီချင်းခွေကာဗာတွေမှာ ထည့်ပေးလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အချို့ကိစ္စတွေမှာက တိုက်ရိုက်တထေရာတည်း ကူးယူထားတာမဟုတ်ပဲ ဖြတ်ညှပ်ကပ်ဖြစ်စေ, နားထဲမှာ စွဲနေတဲ့ သံစဉ်အပိုင်းအစတွေ, တီးဟန်တွေ ပေါင်းပြီး ထွက်လာတဲ့ သံစဉ်အသစ်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကော်ပီပဲဖြစ်ဖြစ်, ဖြတ်ညှပ်ကပ်ပဲဖြစ်ဖြစ် (အနုပညာ) ဖန်တီးမှုကတော့ ပါတာပါပဲ။ ဂုဏ်ငယ်စရာ မရှိဘူး ထင်ပါတယ်။ ရှေးခေတ်မြန်မာတွေလည်း ဒီလိုပဲ ဖြတ်ညှပ်ကပ် ခေါ်ခေါ် စု-တု-ပြု ခေါ်ခေါ်လုပ်ခဲ့ကြတာပါပဲ။ ( ဥပမာ ပျို့ကဗျာအများစုဟာ ၅၅၀-ဇာတ်တော်တွေကို မှီးထားတာပါပဲ) အကိုးအကားထုတ်ပြတဲ့ အလေ့အထသာ နည်းခဲ့တာပါ။ ဒါကလည်း အများသိပြီးသားလို့ ယူဆကောင်း ယူဆခဲ့ကြလို့ ဖြစ်ပါလိမ့်မယ်။
    Posted by ဧရာ | 26/06/2010, 15:24
    • ‘ကော်ပီပဲဖြစ်ဖြစ်, ဖြတ်ညှပ်ကပ်ပဲဖြစ်ဖြစ် (အနုပညာ) ဖန်တီးမှုကတော့ ပါတာပါပဲ။ …. ရှေးခေတ်မြန်မာတွေလည်း ဒီလိုပဲ ဖြတ်ညှပ်ကပ် ခေါ်ခေါ် စု-တု-ပြု ခေါ်ခေါ်လုပ်ခဲ့ကြတာပါပဲ။’
      အတိအကျပဲ။ ဒါကို ကျွန်တော်လည်း သဘောတူပါတယ်။ အပြင်က ၀င်လာတာကို ကိုယ့်ကိုယ်ပိုင် ဖြစ်အောင်လုပ်နိုင်တာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန် ထွက်လာအောင် လုပ်နိုင်တာ နည်းနည်းနောနော အရည်အချင်းမဟုတ်ပါဖူး။ အဲ့သလို လုပ်တာကို ကြိုဆိုပါတယ်။ ထူးအိမ်သင်ရဲ့  ‘အကြင်နာအိပ်မက်’ သီချင်းဟာ Lionel Ritchie ရဲ့  Hello နဲ့ Say you Say me ကနေ ဆင်းသက်လာတာဆိုပြီး ဂီတကို နှံ့စပ်တဲ့၊ ကိုယ်တိုင်လည်း တူရိယာ တော်တော်များများကို ကျွမ်းကျင်တဲ့ မိတ်ဆွေ တေးရေးဆရာ တယောက်က ရှင်းပြဖူးတယ်။ အရင်အတိုင်းတို့၊ သွားကြစို့တို့လို သီချင်းတွေထက် အကြင်နာအိပ်မက်လို သီချင်းတွေ များများထွက်လာရင် ကျွန်တော် ထူးအိမ်သင်အတွက် ပိုဂုဏ်ယူမိမှာပါ။ ခုလည်း ဂုဏ်ယူပါတယ်။
      Posted by zizawa | 26/06/2010, 19:25
    • “ကော်ပီပဲဖြစ်ဖြစ်, ဖြတ်ညှပ်ကပ်ပဲဖြစ်ဖြစ် (အနုပညာ) ဖန်တီးမှုကတော့ ပါတာပါပဲ။”
      အမှန်ပဲ၊ အမှန်ပဲ။ တခါတလေဆို ကော်ပီကို မူရင်းထက် ပိုကြိုက်မိတာတွေတောင် ရှိတယ်။ “ကိုယ်ပိုင် ပြက်လုံး” ကို ထူးအိမ်သင်ဆိုတော့ Robin Gibb (Bee Gees) ရဲ့ I started a joke ထက် ပိုကြိုက်မိတယ်။ (ကိုယ်ကလည်း ဗမာ၊ ထူးအိမ်သင်ကလည်း ဗမာလို ဆိုတာဆိုတော့ ကိုယ်နဲ့ ပိုပြီး အစပ်တည့်သွားတာလည်း ပါမယ်။ ဆိုတာလည်း ထူးအိမ်သင်က ပိုကောင်းတယ်လို့ ခံစားမိတယ်၊ Robin ရဲ့ ပရိသတ်များ ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။) အဲဒီလို အနုပညာရှင်မျိုးရဲ့ အနုပညာကို ဂုဏ်ယူပါတယ်။ မှီးတယ်ဆိုရင် မှီးတဲ့အကြောင်းလေး အခွေရဲ့ တစ်နေရာရာမှာ ထည့်ရေးထားစေချင်တာပါပဲ။ မဟုတ်ရင် Tom & Jerry ထဲမှာ မောင်တို့ချယ်ရီမြေ ပါတယ်ဆိုပြီး ကျွန်တော် ကလေးတုန်းက ထင်သလိုတွေ ထင်ကုန်တော့မယ်။ (ကော်ပီက ပိုများတော့ အလိုလျောက် default အနေနဲ့ အားလုံးကို ကော်ပီလို့ ထင်တာက အကျင့်ပါချင်လည်း ပါနေလောက်ပြီ။) မြန်မာဂီတလောက ပိုပြီး ထူထူထောင်ထောင် လူလူသူသူ ဖြစ်လာဖို့ လောလောဆယ် လုပ်နိုင်သမျှထဲမှာ ဒါက (credit ပေးတဲ့ကိစ္စက) အလွယ်လေး လုပ်နိုင်တဲ့ ကိစ္စ တစ်ခုလို့ မြင်မိပါတယ်။
      Posted by ပိုင် (Pi) | 26/06/2010, 19:38
  24. “တိုက်ရိုက်တထေရာတည်း ကူးယူထားတာမဟုတ်ပဲ ဖြတ်ညှပ်ကပ်ဖြစ်စေ, နားထဲမှာ စွဲနေတဲ့ သံစဉ်အပိုင်းအစတွေ, တီးဟန်တွေ ပေါင်းပြီး ထွက်လာတဲ့ သံစဉ်အသစ်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ”
    That’s right, ဧရာ. And there is a limit to go to court for just a fragment. You can work under the limit if you know it very well.
    And there is somthing missing in this discussion. It’s about royalty free music and public domain. From my knowledge, every copyright law and intellectual property right has public domain on the other side. After some specific time, a copyrighted material falls into public domain and it is free for anyone. So with these classical pieces, there will be no hearing in court needed.
    Most of those classic music pieces fall in the catagory of public domain. So the cartoons like Mikey Mouse can use the piece free as long as there is a player playing for them. And there are many compilations of royalty free music for any free usage. All current composer can take a piece of it and use them in their copyrighted pieces. I don’t think any credit should be made. Even bands like Metallica uses some pieces of German classical music in their composition. No credit needed.
    So, simply calling those Burmese senior composers copycats is too strong for this reason.
    Posted by Winsg | 01/07/2010, 08:54
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: