//
you're reading...
Burma
လူကြီးမင်း နောက်ဆက်တွဲ
ဇီဇ၀ါရဲ့ လူကြီးမင်း စာနဲ့ဒီစာပေါ် မှတ်ချက်တွေကို အကြောင်းပြုပြီး ဒီစာကို ရေးဖြစ်တယ် ဆိုတာ အရင်ဆုံး ပြောချင်ပါတယ်။ ဒီဆောင်းပါးရဲ့ အဓိကအကြောင်းအရာက ဗမာ့လူအဖွဲ့  အစည်းထဲမှာ မိန်းမတွေ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေး ရှိတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောနေပေမယ့် တကယ်တမ်း ဒီလူအဖွဲ့အစည်းထဲ ဖြစ်ပျက်နေတာတွေက ဒီအပြောတွေနဲ့ ပြောင်းပြန်ဆိုတာကို ပြောထားတာ။ မိုဘိုင်းဖုံးက ‘လူကြီးမင်း’ ဆိုတဲ့ အသုံးအနှုံးက ဒါကို ပြနေတယ်လို့ စာရေးသူက ပြောထားတယ်။
ခက်တာက ကျွန်တော်တို့ ဗမာတွေက ကိုယ့်လူ့အဖွဲ့အစည်းမှာ အဲ့သလို ခွဲခြားမှုဓလေ့ကြီး ရှိနေတာကို ၀န်မခံချင်ကြဘူး။
တချို့ ကလည်း ဗုဒ္ဓဘာသာမှာ သီအိုရီအရ ယောက်ျား၊ မိန်းမ ခွဲခြားမှုမရှိပါဘူးဆိုပြီး ပြောကြတယ်။ ကျွန်တော်ကတော့ ဒါမမှန်ဘူးထင်တယ်။ ဒါကို ခုပြောချင်တယ်။ တကယ်တော့ ဘာသာရေးမှာတင်မက secular လောကီလူ့ဘောင်မှာလည်း ဒီလို ခွဲခြားမှု ရှိတာပါပဲ။ ဒါပေမယ့် ဗမာပြည်မှာ ဗုဒ္ဓဘာသာက လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံပေါ်မှာ အများကြီး ရိုက်ခတ်မှုရှိတဲ့အတွက် ဘာသာရေးကို အဓိက ပစ်မှတ်ထား ပြောချင်တာ။ ပြောခဲ့သလို ဗုဒ္ဓဘာသာမှာ သီအိုရိအရ ယောက်ျား၊ မိန်းမ ခွဲခြားမှုမရှိဘူးဆိုတာ မမှန်ဘူးလို့ ကျွန်တော်ထင်တယ်။ ဂေါတမ ဘုရားရှင် မိန့်ကြားချက်အရကို မိန်းမတွေကို (အနည်းဆုံး ဘိက္ခူနီတွေကို) ဘိက္ခူတွေလောက် ဦးစားမပေးတာတွေရှိတယ်။ မိန်းမ နိဗ္ဗာန်ရနိုင်တယ်၊ ရဟန္တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘာ့ကြောင့် ဗုဒ္ဓ မဖြစ်နိုင်တာလဲ။ နောက်တခါ မိထွေးတော်ဂေါတမီက ဘုရားကို ဘိက္ခူနီမ ၀တ်ခွင့်ပြုဖို့ အကြိမ်ကြိမ် လျှောက်တာကို လက်မခံဘူး။ နောက်မှ ရှင်အာနန္ဒာလား ၀င်လျှောက်မှ ခွင့်ပြုလိုက်တာလို့ ၀ိနည်းစာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဒါတောင်မှ ကိုယ့်ဆရာက မိန်းမတွေကို လိုက်နာရမယ့် စည်းကမ်းတွေ အများကြီးချပေးလိုက်ပြီးမှ ခွင့်ပြုခဲ့တာ။ ဒီဘိက္ခူနီမတွေ သီးသန့် လိုက်နာရမယ့် စည်းကမ်းတွေကို ကနေ့ခေတ် မျက်စိနဲ့ ကြည့်တဲ့အခါမှာ အတော်ကို မနှစ်မြို့ စရာတွေ တွေ့ရတယ်။
အကုန်တော့ မမှတ်မိဘူး။ အနီးအနားမှာလည်း အကိုးအကားမရှိတော့ ပြောရခက်တယ်။ ဒါပေမယ့် မှတ်မိသလောက် ပြောရရင် ဘိက္ခူနီမဟာ အရဟတ္တမဂ်ဖိုလ် ဆိုက်ပြီးဘိက္ခူနီဝါ တရာရှိဦးတော့ မနေ့တနေ့ကမှ သင်္ကန်းစီးတဲ့ ကိုယ်ရင်လေးကို ၀တ်တွားခယ ရမယ်။ အဲဒိ အချက်ကို နားလည်လို့ မရဘူး။ ဒီအချက်ထက် ပိုဆိုးတယ်ထင်တာက ဘိက္ခူနီမတွေဟာ နှစ်ပတ်တကြိမ်လားမသိ ဘိက္ခူဆီမှာသွားပြီး လမ်းညွှန်သွန်သင်ချက်လား ခံရတယ်။ ဒီအချက်ဟာ ဘိက္ခူနီမတွေကို သီးခြားလွတ်လပ်စွာ မရပ်တည်နိုင်အောင် လုပ်ထားတာ၊ ဘိက္ခူကို ဘိက္ခူနီမရဲ့ ထာဝရ ၀န်ထုတ်ဝန်ပိုးဖြစ်အောင် လုပ်ထားတာလို့ ထင်တယ်။ တချို့ကတော့ ဒီအချက်ဟာ ဘိက္ခူနီသာသနာ ကွယ်ပျောက်ခဲ့ခြင်းရဲ့အကြောင်းရင်းတခုလို့ ဆိုကြတယ်။ အကောင်းဆုံး ဥပမာကတော့ ယောက်ျားတယောက်ဟာ ဘိက္ခူနီမ အကူမပါဘဲ ဘိက္ခူငါးပါးရှိရင် (ကုလားပြည်မှာတော့ ဆယ်ပါး) ဘိက္ခူဖြစ်ပေမဲ့၊ မိန်းမကတော့ ဘိက္ခူနီမတွေတင်မက ဘိက္ခူရှိမှ ဘိက္ခူနီမလုပ်လို့ရတယ်။ ဒါကို ယောက်ျား မိန်းမ မခွဲဘူး ပြောမလား။
တခါတခါမှာ ဘာသာရေးက တချို့ အချက်တွေဟာ ကနေ့ခေတ်မှာ အဓိပ္ပါယ်မရှိတာကို တွေ့ရတယ်။ တချို့ လည်း တွေ့မှာဘဲ။ ဒါပေမယ့် ဘာသာရေးဆိုတဲ့ အရှိန်နဲ့ သေချာ ပြန်မဆန်းစစ်ရဲကြဘူး။ ကိုယ့်ရဲ့ identity ကိုတည်ဆောက်ထားတဲ့ အချက်တွေထဲမှာ ဗုဒ္ဓဘာသာကလည်း ပါတာကိုး။ ဒါပေမယ့် တချို့ အချက်တွေကို ရဲရဲကြီးပြန်ကြည့်ပြီး စိန်ခေါ်သင့် စိန်ခေါ်ရမယ်။
ဝတုတ်
Discussion
77 thoughts on “လူကြီးမင်း နောက်ဆက်တွဲ
  1. စဉ်းစားစရာဘဲ။
    အင်း အဲသလိုများလိုက်ပြောတာတောင် အပစ်မကင်းသလိုခံစားရပါတယ်။
    Posted by kom | 29/06/2010, 22:15
  2. စိတ်ဝင်စားစရာကောင်းတယ်။ သေချာ သုတေသန လုပ်ကြည့်ရရင်ကောင်းမယ်နော်။
    Posted by လင်းလင်း | 29/06/2010, 23:21
  3. I believe that we should consider the religion itself and the rules which are created to support the structure around it. The rules created for the Bhikkhunis reflects the cast system of the time. The main purpose of the rules are to build a system that can make a religion functions live longer. The rules set by the future Buddha might be considerably different from the existing ones.
    Posted by Nyein Khant | 30/06/2010, 00:24
  4. Women want to have equal opportunities, but most of the time, they can’t produce the same outcome for a piece of work that is done by men. Discremination will still exists.
    Posted by Gentleman | 30/06/2010, 01:29
  5. ဘိက္ခူနီနဲ့ ပတ်သက်ပြီးချမှတ်ထားတဲ့ စည်းကမ်းတွေကတော့ ကျွန်မ အခုမှပဲ သိရလို့ ဘာကြောင့်ဆိုတာ စဉ်းစားလို့ မတတ်ဘူး။ ဒါပေမဲ့ မိန်းမဘုရားမဖြစ်နိုင်ဆိုတာကိုတော့ ဘုရားက ခွဲခြားတာမဟုတ်ဘူး တကယ်ဟုတ်လို့ ဟောခဲ့တယ်လို့ လက်ခံပါတယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် သနားကြင်နာစိတ်၊ စိုးရိမ်ပူပန်တတ်မှု၊ သံယောဇဉ် အမျှင် မပြတ်မှု ပိုများပါတယ်။ ဘယ်လောက်ပဲ တရားရရ ဒီအချက်တွေကြောင့် နှောက်ဆံတင်းမှုဆိုတာ ယောက်ျားတွေထက် ပိုများမှာ သေချာတယ် ဒါကြောင့် မိန်းမဘ၀နဲ့ ဘုရားမဖြစ်နိုင်ဘူးဆိုတာ ကျွန်မတော့ လက်ခံတယ်။ ကျွန်မသားလေးငယ်ငယ်က သွားတွေပိုးစားပြီး Infection ၀င်လို့ ဆေးရုံမှာ သွားပြီး နှုတ်တုန်းက ကလေးက နှစ်နှစ်ခွဲဆိုတော့ သိပ်ပြီး စိတ်လှုပ်ရှားပြီး ငိုပြီးရုန်းနေလို့ ထုံဆေးနဲ့ မရဘဲ မေ့ဆေးပေးပြီးနှုတ်ခဲ့ရတယ်။ အဲဒီတုန်းက သားကို မေ့ဆေးပေးပြီး Operating theatre ထဲဝင်နေချိန် မိဘနှစ်ပါးက အပြင်မှာ ထိုင်စောင့်နေရပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ကလေးအတွက် စိုးရိမ်လွန်းလို့ သားလေးသတိရလာပြီး တော်တော်ကြောက်နေမလား၊ မေ့ဆေးပေးနေတဲ့အချိန်မှာ သူ့သွားကို ဆရာဝန်တွေက နှုတ်တော့မယ်ဆိုတာကို သိနေတော့ နာမှာကို စိုးရိမ်ပြီး တော်တော် ကြောက်နေမှာပဲ။ မေ့ဆေးပေးထားချိန်မှာ အိပ်မက်ထဲမှာများ အိပ်မက်ဆိုးတွေ မက်ပြီး ကြောက်နေမလားဆိုပြီး တွေးပူလွန်းလို့ အဲဒီလို မဖြစ်နေပါစေနဲ့လို့ ဆုတောင်းပြီး ဘုရားစာတွေ အဆက်မပြတ် ရွတ်နေချိန်မှာ ကျွန်မအမျိုးသားကတော့ TV တောင် ကြည့်မပျက်၊ ထိုင်စောင့်တဲ့ ဧည့်သည်တွေအတွက် ခထားပေးတဲ့ သတင်းစာတွေ မဂ္ဂဇင်းတွေတောင် အဖတ်မပျက်တာကို ကြည့်ပြီး ယောက်ျားနဲ့ မိန်းမဟာ စိုးရိမ်ပူပန်တတ်မှု၊ စိတ်ကိုကြည်လင်အောင် နေတတ်မှု ကွာတာကို သတိထားမိပါတယ်။
    Posted by Nge Naing | 30/06/2010, 02:10
  6. နောက်ဆုံးပိုဒ်မပါရင် မဆိုးပါဘူး။ ရှေ့က ပြထားတဲ့အချက်တွေက ယောကျာ်းမိန်းမ ခွဲခြားတယ်လို့ ဆိုပြီးတော့ ဘယ့်နှယ်ကြောင့် ဘာသာရေး တချို့အချက်တွေက အဓိပ္ပါယ်မရှိဘူးလို့ ပြောရတာလဲခင်ဗျ။ စိန်ခေါ်သင့်ခေါ်ရမယ်လို့လည်း ဆိုပြန်တယ်။ အဲဒါတွေကတော့ နကိုထဲက စိတ်အခန့်မသင့်တဲ့အချက်တွေကို ယူရေးလိုက်တာပဲ မှတ်တယ်။ အပေါ်က ပြထားတဲ့ ဗုဒ္ဓဘာသာ ဟာ ယောကျာ်းမိန်းမ ခွဲခြားတယ်ဆိုတဲ့ အချက်တွေနဲ့ အဲလောက်ထိ သွားလို့ မရသင့်ဘူးထင်တယ်။ ဘယ်လိုမှတ်ပါသလဲ…။
    အဲတော့ ဗမာပြည်မှာ ဗုဒ္ဓဘာသာကြောင့် ယောကျာ်းမိန်းမ ခွဲခြားတာမရှိပါဘူး ဆိုတာဟာ မမှန်ပါဘူး လို့ ပြောချင်ပါသလား။ ဒါမှမဟုတ် ဗုဒ္ဓဘာသာရဲ့ ဘိက္ခုနီဝိနည်းဆိုင်ရာ အချက်တွေဟာ အဓိပ္ပါယ် မရှိဘူးလို့ ပြောချင်ပါသလားလို့ပဲ လေးစားစွာ မေးမြန်းပါတယ်။
    Posted by အလှတရား | 30/06/2010, 05:14
  7. ဆရာရေ
    ကျွန်တော် အမြင်ပြောရရင် မိန်းမနဲ့ယောက်ျားဟာ ကွာခြားနေရမှာပဲ။
    ခန္ဓာကိုယ်သဘာဝအရကို ကွာခြားရမှာပဲ။ဝိနည်းတော်တွေမှာလည်း ဒီဘက်ခေတ်နဲ့မဆိုင်တော့တာတွေအများကြီးပါ။
    ဒါကလည်း အဲဒီအချိန်တုန်းက တကယ်လိုအပ်လို့လည်း
    သတ်မှတ်ခဲ့တာပါ။ဘိက္ခူနီတွေကို စည်းကမ်းတွေအများကြီးချပေးတယ်ဆိုတာ အဲဒီ့အချိန်
    အဲဒီနေရာမှာတကယ်လိုအပ်လို့ပါ။အဲဒီအချိန်ကို စိတ်ထဲမှန်းကြည့်လိုက်ရင်သိသာပါတယ်။မိန်းမတစ်
    ယောက်အတွက် လုံခြုံရေးနဲ့ အိန္ဒိယနိုင်ငံရဲ့အယူအဆ
    တွေကိုလေ့လာလိုက်ရင်သိသာပါတယ်။တိုတိုပြောရရင် ခွဲတော့ခွဲရမှာပါ မတူမှမတူတာ။ဒီလိုခွဲဆိုတာ အဆင့်နှိမ့်ခိုင်းတာမဟုတ်ဘူးလေ။တချို့ယောက်ျား
    ထက်မြတ်တဲ့ တချို့မိန်းမတွေရှိပါတယ်။ဗုဒ္ဓကဘယ်သူ့
    ကိုမှ မနှိမ်ပါဘူး။ဗုဒ္ဓဘာသာကို တကယ်နားလည်တဲ့သူ
    ဗုဒ္ဓဘာသာဝင်ကလည်း ဘယ်သူ့ကိုမှ မနှိမ်ပါဘူး။
    Posted by koaung | 30/06/2010, 06:10
  8. koaung
    မိန်းမနဲ့ ယောက်ျားဟာ ကွာခြားနေမှာဘဲ (ဇီဝပိုင်းဆိုင်ရာ ကွာခြားမှုရှိတာ မှန်တယ်) ဒါပေမယ့် အဲဒိအခြေခံနဲ့ ခွဲခြားဆက်ဆံသင့်တယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ facts ကနေ norms ကိုကောက်ချက်ချလို့ မရဘူး။ တဘက်မှာ ယောက်ျားချင်းတူတူ ခန္ဓာကိုယ် မသန်စွမ်းတဲ့ ယောက်ျားနဲ့ ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်တဲ့ ယောက်ျားကို ခွဲခြားမဆက်ဆံသင့်ရင် ယောက်ျားနဲ့ မိန်းမကိုရော ခွဲခြားဆက်ဆံသင့်ရဲ့ လား။ မတူလို့ ခွဲတော့ခွဲရမှာပါဆိုရင် အသားအရောင်မတူတဲ့အတွက် ခွဲတော့ခွဲရမှာပါလို့ရော ပြောမလား။ နောက်တခုက ဗုဒ္ဓဘာသာကို တကယ်နားလည်တဲ့လူဆိုတဲ့ စကားစုကေ၀၀ါးလွန်းအားကြီးတယ်။ ‘တကယ်နားလည်တယ်’ ဆိုတာ ဘာမျိုးကို ခေါ်တာလဲ။
    (အလှတရား)
    ဘာသာရေးပညတ်ချက်တွေထဲမှာ မိန်းမကို ယောက်ျားနဲ့ တန်းတူမထားမှုတွေဟာ ကနေ့ခေတ် မျက်စိနဲ့ ကြည့်တဲ့အခါ အဓိပ္ပါယ် မရှိဘူးလို့ပြောချင်တာပါ။ ဘာသာရေး တချို့  အချက်တွေဆိုတာ ခုစာအရ ဒီယောက်ျားမိန်းမ တန်းတူမထားမှုကို ပြောတာပါ။ တခြား အဓိပ္ပါယ် မရှိတာတွေလည်း ရှိနေနိုင်တာပဲ။ ဒီအချက်တွေလောက်နဲ့ ဗုဒ္ဓဘာသာတခုလုံးဟာ အဓိပ္ပါယ်မရှိဘူးလို့ ကောက်ချက်ချလို့ မရတာကို လက်ခံပါတယ်။ အဲ့သလိုလည်း ပြောမထားပါဘူး။
    ဗုဒ္ဓဘာသာကြောင့် ယောက်ျားမိန်းမ ခွဲခြားမှုမရှိဘူးဆိုတဲ့ အချက်ကို မှားတယ်လို့ ကျွန်တော်ထင်တယ်။ ဗုဒ္ဓမိန့်ကြားခဲ့တဲ့ထဲမှာ ယောက်ျားနဲ့ မိန်းမကို တန်းတူမထားဘူး၊ ယောက်ျားကို အဆင့်မြှင့်ထားပေးတယ်။ မိန်းမကို အဆင့်နှိမ့်ထားတယ်။ ယောက်ျားတွေ သံဃာ့ဘောင်ထဲ အလွယ်တကူ ၀င်လို့ရပေမယ့် (အဲဒိထဲမှာ ရှင်ဥဒါယီလို ဘရုတ်တွေလည်း အများကြီးပါတယ်) မိန်းမကိုတော့ အလွယ်တကူ ၀င်ခွင့်မပြုဘူး။ ၀င်ခွင့် ပြုပြန်တော့လည်း there are many strings attached, ok? ဒါကို ကျွန်တော့်စာမှာ ပြောသွားတာ။ ဒီအချက်အပါအ၀င် တခြားရှိနိုင်သေးတဲ့ ခွဲခြားဆက်ဆံမှု အချက်တွေက ဗမာ့လူ့အဖွဲ့အစည်းမှာ ယောက်ျားမိန်းမ ခွဲခြားမှုကို ဘယ်လိုဖြစ်စေတယ်ဆိုတာကို ပြောမထားဘူး။ အဲသလို ပြောနိုင်ဖို့ရာလည်း ဒီစာနဲ့တင်မလုံလောက်ဖူး။ ပိုပြီးကျယ်ပြန့်တဲ့ သုတေသနလုပ်ဖို့လိုတယ်။ ဒါပေမယ့် ပြောခဲ့သလို ဗမာ့အကျင့်စရိုက်မှာ ဗုဒ္ဓဘာသာရဲ့  လွှမ်းမိုးမှုက အရမ်းကြီးတယ်။ ဒါ့ကြောင့် ဗုဒ္ဒဘာသာမှာ ပြောခဲ့သလို တန်းတူညီတူ မထားမှုတွေရှိတာကိုပါ ဆန်းစစ်ပြီး ပယ်သင့်ရင် ပယ်ဖို့ကောင်းတယ်။
    အလှတရားရဲ့ မေးခွန်းကို ဖြေရရင် ဗမာပြည်မှာ မိန်းမတွေကို ယောက်ျားတွေနဲ့ တန်းတူ နေရာမပေးမှုရှိတယ်။ ဒါဟာ empirical facts (လူကြီးမင်းဆောင်းပါးမှာ တချို့ facts တွေရှိတယ်။) ဘုန်းကြီးတရားဟောရင် မိန်းမတွေကို ရှေ့ မှာပို့ ဒါမှမဟုတ် တန်းတူထိုင်ခိုင်းရင် မကောင်းဘူးလား။ ကျွန်တော့်ကိုယ်တွေ့ဥပမာလေးတခုပြောပြမယ်။ ဗမာပြည်မှာ ဦးဂိုအင်ကာ တရားစခန်း (ဓမ္မဇောတိ)မှာ ပထမဆုံး သံဃာတရားပတ်လုပ်ဖို့ ပြင်တော့ တရား instruction တွေကို ဘာသာပြန်ပြီး အသံသွင်းထားတဲ့ အသံရှင်က မိန်းမ ဖြစ်နေတယ်။ ဒေါ်ကြည်ကြည်ဝိန်ရဲ့ အသံ။ အဲဒါဘုန်းကြီးတွေကို မိန်းမအသံဖွင့်တာ မကောင်းဘူးလို့ ရွှေဥာဏ်တော်စူးရှပြီး ယောက်ျားသံနဲ့ ပြောင်းသွင်းဖို့လား စဉ်းစားကြတယ်။ နောက်ဆုံးဘယ်လို အဆုံးသတ်သွားလည်းတော့ မသိဘူး။ ဒေါ်ကြည်ကြည်ဝိန်အသံနဲ့ တရား instruction တိပ်ခွေကို ဆက်သုံးလား၊ ယောက်ျားတယောက် ရှာလို့ ရသွားလား ကိုယ်လည်းမသိတော့ဘူး။ ဒါပေမယ့် အဲဒါကို issue လုပ်တာကို အံအားသင့်မိတာ။ အဲ့သလို တန်းတူမဆက်ဆံမှုတွေမှာ ဗုဒ္ဓဘာသာက ဒါမှမဟုတ် ဗုဒ္ဓဘာသာကို interpret လုပ်ပုံ၊ နားလည်ခံယူပုံတွေက ဘယ်လောက်ထိ အားပေးအားမြှောက်လုပ်ခဲ့လဲဆိုတာကို ကျွန်တော့်စာမှာ မပြောထားဘူး။ ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ထဲမှာကို မိန်းမတွေကို ယောက်ျားလောက်နေရာမပေးတာကို ဘိက္ခူနီ ၀ိနည်းကို ကိုးကားပြီး ပြောခဲ့တာ။ နောက်ဗုဒ္ဓဘာသာက ပြောခဲ့တဲ့ ဘိက္ခူနီဝိနည်းတချို့ ဟာ ကနေ့ခေတ်မျက်စိနဲ့ ကြည့်တဲ့အခါ အဓိပ္ပါယ်မရှိတော့ဘူးလို့ ကျွန်တော် ယူဆတာကိုလည်း ထပ်ပြီး အတည်ပြုပြောချင်ပါတယ်။ ဒါကိုလက်ခံတာ မခံတာက နောက်တပိုင်းပါ။
    မငယ်နိုင်ပြောတာကတော့ ပထမဆုံးစာပိုဒ်မှာ ဖြေပြီးသားဖြစ်မှာပါ။ ယောက်ျားနဲ့ မိန်းမ ဇီဝပိုင်းဆိုင်ရာ ကွာဟမှုရှိပါတယ်။ မိန်းမဘုရားမဖြစ်နိုင်ဆိုတဲ့စကားက factually မှန်လို့ ပြောတာဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါကိုကျွန်တော်လည်း ဥာဏ်မမှီပါဘူး။ ဒါပေမယ့် ဘုရားဖြစ်ခွင့် မရှိဘူးဆိုတာကတော့ နည်းနည်းပြင်းတယ်ထင်တယ်။ ဥပမာ ယောက်ျားကိုယ်ဝန်မဆောင်နိုင်ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ခွင့်မရှိ ကွာသလိုပေါ့။ ဒါမှမဟုတ် အသက်ကို ဓာတ်ခွဲခန်းမှာ မဖန်တီးနိုင်နဲ့ ဖန်တီးခွင့်မရှိကွာသလိုပေါ့။ ကျွန်တော်က ဒုတိယ အပိုင်းတွေကိုပဲ အဓိက ပြောချင်တာပါ။ ဇီဝဆိုင်ရာ ကန့်သတ်ချက်ကြောင့် မိန်းမမလုပ်နိုင်တာ ယောက်ျားလုပ်နိုင်၊ ယောက်ျားမလုပ်နိုင်တာ မိန်းမလုပ်နိုင်တာကို မပြောပါဘူး။ ဒါပေမယ့် ဒီဇီဝဆိုင်ရာ ကန့်သတ်မှုတွေကို ကျော်လွှားနိုင်တဲ့အခါမှာ ပြောခဲ့တဲ့ normative မေးခွန်းတွေ၊ ယောက်ျားကိုယ်ဝန်မဆောင်သင့်၊ အသက်ကို မဖန်တီးသင့်ဆိုတာတွေက အဓိပ္ပါယ်မရှိတော့ဘူးဆိုတာကို ပြောချင်တာပါ။
    နောက်တခုက ကနေ့ခေတ်မှာ ယောက်ျားမိန်းမ (biological limitation) ဇီဝဆိုင်ရာ ကန့်သတ်ချက်တွေ ရှိစေဦးတော့၊ ဒီကန့်သတ်ချက်တွေကြောင့် ခွဲခြားဆက်ဆံသင့်တယ် ဆိုတာကို တချို့ လူ့အဖွဲ့အစည်းတွေမှာ လက်မခံတော့ပါဘူး။ ခုအချိန်က ၀င်ဘယ်ဒန် တင်းနစ်ရာသီမို့ ဒါကိုထည့်ပြောဖို့ဖြစ်လာတာ။ မိန်းမနဲ့ ယောက်ျား ဂရင်းစလင်ပွဲတွေမှာ ယောက်ျားက best of five sets ရိုက်ရပြီး မိန်းမက best of three sets ပဲရိုက်ရတာ။ ယောက်ျားက ပိုအပင်ပန်းခံနိုင်လို့ပဲ။ အဲဒိအတွက်ကြောင့်ပဲ အရင်ကဆိုရင် ဂရင်းစလင် ဆုကြေးမှာ ယောက်ျားက မိန်းမထက်ပိုရတယ်။ နောက်ပိုင်းမှာ ၀င်ဘယ်ဒန်ကလွဲပြီး ကျန်တဲ့ ဂရင်းစလင်တွေမှာ ဆုကြေးကိုတူတူပေးတယ်။ နောက်ဆုံး UK က Lawn Tennis Association ကမနှစ်ကစလို့လားမသိ ယောက်ျားနဲ့ မိန်းမကို ဆုကြေးတန်းတူ စပေးတော့တယ်။ တခြားဂရင်းစလင်တွေဆိုရင် အစောကြီးကတည်းက ယောက်ျားနဲ့ မိန်းမကို ဆုကြေး တူတူပေးတယ်။
    အဲ့တော့ ယောက်ျားနဲ့ မိန်းမ ဇီဝဖွဲ့စည်းပုံ ကွာခြားမှု၊ အဲဒိကနေ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ပုံတွေ ကွာမှာဘဲ။ အဲဒိအတွက် ခွဲခြားဆက်ဆံသင့်တယ်ဆိုတာကတော့ အဓိပ္ပါယ် မရှိတဲ့အပြင် တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာပါ ဒါကို လက်မခံတော့တာ ပြနေတယ်။
    Posted by zizawa | 30/06/2010, 08:39
  9. ဗုဒ္ဓစာပေရယ်လို့ ကျန်ခဲ့တဲ့အထဲက ဘလောက်က သူဟောတာအစစ်အမှန်ပါပီး ဘလောက်က ကုလားနဲ့သီဟိုဠ်ဘုန်းကြီးတွေထပ်ဖြည့်ထားတာဆိုတာ မသိနိုင်တော့ပါဘူး။ ကာလာမသုတ်မှာ လာသလိုပဲ ဝိဘဇ္ဇဝါဒနဲ့ ခွဲခြမ်းလက်ခံရမှာပါ။ ခေတ်အခြေအနေမတူတော့ရင် ပြောင်းသင့်တာဟာ ပြောင်းရတာပါပဲ။ ဒီခေတ်ဘုန်းကြီးတွေ ငွေမကိုင်လို့မရပါဘူး။ ဘယ်သာသနာပိုင် ဘယ်ဆတော်ဟာ ကားဘနှစင်း၊ ဘဏ်ထဲမှာ ဘနှသိန်းဆိုတာ ဆန်းတေ… See moreာ့တဲ့ခေတ်မှ ဟုတ်ဘဲ။ မျက်စိကို ဘယ်နှတောင်ဘဲခွာကြည့်ရမယ်ဆိုရင်ဖြင့် ဘုန်းကြီးတွေ မော်တော်ကားတိုက်ပီး ပျံကုန်ပီဆိုတာလေးပဲ သတိရပါတယ်။ ဆရာတော်ဦးသေဋ္ဌိလတောင် ဘိလပ်မှာ ဘောင်းဘီသင်္ကန်းဝတ်ခဲ့ရသေးတာပဲ။ ဒီတော့ မိန်းမတွေကို ခွဲထားတာဟာ ကုလားထုံးစံ ခွဲချင်လို့ခွဲတာကို ဗမာပြည်ရဲ့ ကမ္ဘာကြီးနောက် အနှစ်တရာလောက် နောက်ကျတဲ့လူမှုစံအရ လက်ခံထားတာပဲလို့ပြောရမယ်။ ခေတ်နဲ့ကြည့်ရင် ဘာမှယုတ္တိမရှိဘူး။
    Posted by Bo Bo | 30/06/2010, 09:14
    • ဟေး…. ဘိုဘိုကွ။ စစ်ကူရောက်လာပြီ။
      Posted by zizawa | 30/06/2010, 09:16
      • ဘိုဘိုလန်းစင် ပြောတာ ဖတ်ပြီး ကျွန်တော့ reply မှာ တခုလောက် ဖြည့်စွက်ချင်တယ်။
        ဗုဒ္ဓမိန့်ကြားခဲ့တဲ့ထဲမှာ ဆိုတဲ့ စာစုတွေဘေးမှာ (အနည်းဆုံး ဗုဒ္ဓမိန့်ကြားခဲ့တယ်ဆိုပြီး ကျွန်တော်တို့ လက်ခံနေတဲ့ထဲမှာ)ကိုပါ ဖြည့်စွက်ဖတ်ရှုပေးစေလိုပါတယ်။
        Posted by zizawa | 30/06/2010, 09:54
  10.း) ဘာသာရေးဆွေးနွေးမှုဆန်းစစ်မှုက ဗမာပြည်မှာ
    ကိုလိုနီခေတ်ဦးကနေ ၁၉၆၂နောက်ပိုင်းအလွန်ထိ အတော်လေး တက်ကြွခဲ့ပီး အခုအချိန်မှာက လူငယ်ဆိုသူတွေမှာပါ ရှေးရိုးစွဲ ရက်ဒီကယ်လိုင်းတွေက တော်တော့ကို လွှမ်းမိုးနေတာ စိတ်ပျက်စရာပါ။
    Posted by Bo Bo | 30/06/2010, 09:55
  11. ကျွန်တော်အနေနဲ့ မြင်တာကတော့ ဘာသာတိုင်းနီးပါးမှာ မိန်းမတွေကို တန်းတူမထားမှုတွေရှိတယ်လို့မြင်ပါတယ်။ အခုလို တိုးတက်လာတဲ့ ခေတ်မှာ အရာရာကို မေးခွန်းပြန်လှန်ထုတ်ကြပေမဲ့ ဘာသာရေးနဲ့ ပါတ်သတ်ရင် မရဲကြပါဘူး။ တချိန်တုန်းက ခေတ်ကာလအရမှန်လို့ လုပ်ခဲ့တာတွေကို အခုအချိန်မှာ ဘာလို့ မပြင်ကြသေးတာလည် စဉ်းစားမရပါဘူး။ အနည်းဆုံး ပြန်လှန်မေးခွန်းထုတ်တာတို့၊ လက်သင့်မခံတာတို့တောင်မလုပ်ကြ(ဝါ)မလုပ်ရဲကြပါဘူး။ မှန်တာတွေအများကြီးရှိတိုင်း အမှားမပါနိုင်ဘူးလို့ မဆိုလို နိုင်သလိုပေါ့။ နောက် ဗုဒ္ဓပြောခဲ့သမျ အမှန်ကြီးပဲ(ဝါ)အမှားကြီးပဲလို့ အစထဲက တဖတ်သက် ယုံကြည်ထားရင်လည်း တခုချင်းကို တွေးခေါ်ဆန်းစစ်တဲ့အခါ ဘက်လိုက်မှုတွေပါနိုင်ပါတယ်။ ဘယ်သူပြောခဲ့တာ ဘယ်သူချမှတ်ခဲ့တာတွေကို ခဏဘေးဖယ်ထားပြီး စဉ်းစား ဆုံးဖြတ်ရင် ပိုပြီး ရှင်းလင်းတဲ့ အဖြေတခုကို ရနိုင်မယ်လို့ ထင်ပါတယ်။ နောက်တခုက သူတို့ခေတ်တုန်းက အသင့်တော်ဆုံးထင်လို့ လုပ်ခဲ့လည်း အခုခေတ်မှာ မမှန်တော့ရင် ပြင်သင့်တယ်လို့ထင်ပါတယ်။ အခုလို အယူအစ အတွေးအခေါ်တွေ ကွဲပြားတာတာဟာ ဘာသာအတွက် သိပ်ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့ ပြောသလို၊ ပိုကောင်းပြီး ခေတ်နဲ့ပိုပြီး သင့်လျှော်တဲ့ ဝါဒတခုလည်း ဖြစ်လာနိုင်ပါတယ်။
    Posted by မျိုးဇေယျာဦး | 30/06/2010, 10:00
  12. ဗုဒ္ဓဘာသာမှာ အတွေးအခေါ်ပိုင်းအရ အဆင့်အတန်းမြင်တဲ့ အကြောင်းအရာတွေ အများကြီးမှ အများကြီးလို့ ထင်တယ်။ (ဥပမာ ၀ိပ(သကြီး)နာကျင့်စဉ်နဲ့ Hegel ရဲ့ Dialetic ကို ဆက်စပ်လို့ရနိုင်သလား။ အနောက်မှာ ခေတ်စားခဲ့တဲ့ analytical philosophy ကိုသုံးပြီး ဗုဒ္ဓဘာသာကို reinterpret ပြန်လုပ်မလား၊ လုပ်ချင်စရာတွေ အများကြီးပဲ။ ဒါပေမယ့် တော်ရုံတန်ရုံလူက ဒီအကြောင်းအရာတွေကို ဦးနှောက်ခါးတောင်းကျိုက် (တွေ့လား လာပြန်ပြီး ဘယ်လောက် sexist ဖြစ်တဲ့ စကားလုံးလဲ၊ မိန်းမတွေ ဦးနှောက် ခါးတောင်ကျိုက်လို့ မရဘူးလို့ ပြောချင်တာလား။ မိန်းမတွေ မစဉ်းစားနိုင်ဘူး ပြောချင်တာလား)ဖို့ ၀န်လေးတယ်။ ရတနာမွန်တို့၊ မြတ်မွန်မင်္ဂလာတို့မှာပါကြည့်ရင် ဘာဂါထာရွတ်လိုက်လို့ သေဘေးက ဘယ်လိုလွတ်သွားတာ၊ ဘယ်လိုကြီးပွားသွားတာ ဆိုတဲ့ ဗုဒ္ဓဘာသာ သွေးတိုး ဇာတ်လမ်းတွေက များနေတယ်။ ဆရာ မင်းယုဝေတို့ ဒိထက်မက လုပ်နိုင်တယ်လို့ ထင်တယ်။ ဘာ့ကြောင့် မလုပ်သလဲဆိုတာတော့ ကာယံကံရှင်တွေပဲ သိမှာဘဲ။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းကိုတော့ စကားထဲတောင် ထည့်ပြောဖို့ မကောင်းဘူး။
    Posted by watote | 30/06/2010, 10:19
  13. phoe thar, thanks very much. i’ve never seen this site before..
    Posted by watote | 30/06/2010, 10:45
  14. It is an interesting issue. I have once discussed with many men and women. But it turned out that many women are quite shy to talk about it comparing to men. So while most men agreed on discriminative natures of society, some women still accept that some form of discrimination is still needed.
    One example that time I remember was about sexual abuse charges for women. “Can a man file a police case against a woman for her sexual abuse to him?” … things like that.
    I look the comment thread and found it out as well.
    My point is that discrimination works on both sides.
    Posted by Winsg | 30/06/2010, 10:57
  15. ကိုယ်ထင်တဲ့ အချက်အလက်တွေ အားလုံးကို အားရပါးရ ပြောကြေးလားခင်ဗျာ။ ဒါမှမဟုတ် သီအိုရီတစ်ခုကို တင်ပေးပြီး အဖျားရော အရင်းရော လောကီရော လောကုတ်ရော နက်နက်နဲနဲ သုံးသပ်ကြေးလား။ ဘယ်သူမှတော့ သိပ်အားလှတာ မဟုတ်ပါဘူးလေ။ ဒါပေမယ့် ဥပမာအားဖြင့် ဘိက္ခုနီဝိနည်းကို အဓိပ္ပါယ်မရှိပါဘူးဆိုတဲ့ statement ကိုတင် အဲဒါကိုထောက်ခံမဲ့ facts တွေ တင်ပြကြည့်ပြီး ပညာရှင်တွေကို ဖိတ်ခေါ်ကြည့်လိုက်ပါ့လား။ ဒါမှမဟုတ် ဆရာတော် ဦးဥာဏိဿရဆီ ပို့ကြည့်ပါ့လား။
    လူတိုင်းဟာ အားလုံးကိုတော့ မသိနိုင်ဘူး မှတ်ပါတယ်။ ထောက်ပြချင်တာက အမျိုးသမီးအခွင့်အရေးနဲ့ လူကြီးမင်းဆောင်းပါးဟာ ကောက်ချက်ဆွဲလို့ မဖြစ်သေးတဲ့ ငြင်းခုန်စရာ ဆောင်းပါးသာ ဖြစ်ပါသေးတယ်။ အဲဒီငြင်းခုန်စရာဆောင်းပါးကို ငြင်းခုန်စရာကောင်းတဲ့ ကိုယ်ပိုင် ဘာသာရေးအယူအဆတွေနဲ့ နောက်တစ်ဆင့်ရှင်းလင်းထားတော့ ငြင်းခုန်စရာတွေပဲ ထပ်ထွက်လာပြီး အားလုံးရှုပ်ကုန်မယ် မဟုတ်ဘူးလား။
    ထားပါတော့လေ။ သဘောပါ။
    Posted by အလှတရား | 30/06/2010, 11:18
  16. သီအိုရီဆိုတာထက် အဆို proposition လို့ပြောရင် ပိုကောင်းမယ်။ လူကြီးမင်းနဲ့ သူ့နောက်ဆက်တွဲစာမှာ တင်ပြခဲ့တဲ့ အဆိုတွေကို ချရေးကြည့်မယ်။
    အဆို (၁)
    ဗမာဓလေ့ထုံးစံတွေမှာ ယောက်ျားနဲ့မိန်းမကို တန်းတူမထားမှုဟာ (မိန်းမကို အဆင့်နှိမ့်ထားမှု) ထင်ထင်ရှားရှားကြီးပဲ ဖြစ်ဖြစ် မသိမသာဘဲ ဖြစ်ဖြစ် ရှိနေတယ်။
    (လူကြီးမင်းဆိုတဲ့ အသုံးအနှုံးက မိန်းမတွေကို တယ်လီဖုံးအသုံးပြုသူတွေ စာရင်းကနေ ဖယ်ထားတယ်။ မိန်းမလို မိန်းမရ၊ မိန်းမကျနေတာပဲ၊ သတ္တိမရှိရင် ထဘီ ၀တ်ကြပါလား ဆိုတဲ့ စကားတွေက ဒီအဆို (၁)ကို သက်သေခံနေတယ်။ ဦးနှောက်ခါးတောင်းကျိုက် ဆိုတဲ့စကားအရ ထဘီဝတ်တဲ့မိန်းမတွေနဲ့ ဦးနှောက် ခါးတောင်းကျိုက်မှု၊ နက်နက်နဲနဲ စဉ်းစားမှု မဆိုင်တာကို ဖော်ပြနေတယ်။)
    အဆို (၂)
    ဗုဒ္ဓမိန့်ကြားချက် (အနည်းဆုံး ဗုဒ္ဓမိန့်ကြားချက်အဖြစ် လက်ခံထားတဲ့ စာပေတွေမှာ) ယောက်ျားမိန်းမ အဆင့်အတန်း ခွဲခြားမှုမရှိဘူး ဆိုပြီးပြောနေတာ မှားတယ်။ (My opinion or the opinion claim made by Watote)
    (ဒီအဆိုအတွက် ဘိက္ခုနီ ၀ိနည်းကို အကိုးအကားပြခဲ့တယ်။ ယောက်ျားတယောက် အလွယ်တကူ ရဟန်းဝတ်နိုင်ပေမယ့် မိန်းမတယောက်က ယောကျာ်းလို အလွယ်တကူ ရဟန်းမ၀တ်နိုင်ဖူး။ ဘိက္ခုတပါးက ဘိက္ခုနီမရှိလဲ နေနိုင်ပေမယ့် ဘိက္ခုနီမကတော့ ဘိက္ခု မရှိဘဲ နေလို့မရတာကို ဂရုဓာမ်ရှစ်ပါးခေါ်တဲ့ ဘိက္ခုနီတွေ လိုက်နာရမဲ့ စည်းမျဉ်းရှစ်ခုမှာ တွေ့ရတယ်။ ဒီစည်းမျဉ်းဟာ facts, ဒီစည်းမျဉ်းတွေဟာ မိန်းမတွေကို အဆင့်အတန်းနှိမ့်ထားတယ် ဆိုပြီးပြောတာ စာရေးသူရဲ့ interpretation, opnion။ ငြင်းချင်ရင် ကျွန်တော့် opinion မှားတယ်ဆိုတာကို ငြင်းလို့ရတယ်။ ငြင်းကြဖို့လည်း ဖိတ်ခေါ်တယ်။ ကျွန်တော့် opinion မှာလိုအပ်ချက်တွေလည်း ရှိနိုင်တယ်။)
    အဆို (၃)
    ဘာသာရေးက တချို့ အချက်တွေဟာ ကနေ့ခေတ် မျက်စိနဲ့ကြည့်တဲ့အခါ အဓိပ္ပါယ် မရှိတော့ဘူး။ (another opinion, not a factual claim)
    ဦးဥာဏိသရမကလို့ ဘယ်သူပဲဖြစ်ဖြစ် သူ့ interpretation နဲ့သူရှိမှာဘဲ။ ဒါပေမယ့် ဒီ interpretation ဟာ ဆီလျော်မှုရှိမရှိဆိုတာကို ဘယ်သူမဆို စိန်ခေါ်နိုင်တယ်။ ဆီလျော်မှုမရှိဘူးလို့ ကျွန်တော်ယူဆရင်လည်း ဦးဥာဏိသရမကလို့ ဘယ်သူပဲ ဖြစ်ဖြစ် စိန်ခေါ်မှာဘဲ။ ပြောခဲ့တဲ့ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်မြင်တဲ့ထဲမှာ ဘိက္ခုနီစည်းမျဉ်း ရှစ်ခုက အချက်တချို့ လည်းပါတယ်။ ဘိုဘိုလန်းစင် ကွန်မင့်မှာ ထပ်ဖြည့်တဲ့ထဲမှာ ဘုန်းကြီး ပိုက်ဆံ မကိုင်ရတာတို့၊ နောက် burmeseclassic website မှာ ဘုန်းကြီးက ဒါယိကာတွေကို ရေကန်တူးခိုင်းဖို့ မသင့်တာတို့ဟာ တချိန်မှာ (ရေတွင်းရေကန်ရှားတဲ့အချိန်မှာ) အဓိပ္ပါယ် မရှိတော့တာကို တွေ့လာရတဲ့အချက်တွေ ပါတယ်။
    အဆို (၄)
    မိန်းမနဲ့ ယောက်ျား ဇီဝပိုင်းဆိုင်ရာ မတူညီမှုတွေရှိစေဦးတော့ ဒီမတူညီမှုကြောင့် ခွဲခြား မဆက်ဆံသင့်ဘူး။ (normative claim) တချို့ လူ့အဖွဲ့အစည်းတွေမှာလည်း ဒါမျိုး ခွဲခြားဆက်ဆံမှု မပြုတော့ဘူး။ (factual claim)
    ပထမ normative claim အတွက် ကျကျနန argue မလုပ်ထားဘူး။ တကြောင်းပဲ ပြောခဲ့တယ်။ ယောက်ျားချင်းတူတူ ခြေတချောင်း မပါတဲ့လူနဲ့ ခြေစုံပါတဲ့လူ မခွဲခြားင့်ရင် မိန်းမနဲ့ယောကျာ်း ခွဲခြားတာရော သင့်ရဲ့ လားဆိုတာ။
    ဒုတိယ factual claim အတွက် အထောက်အထားကို တင်းနစ်ဆုကြေးကို ဥပမာပေးပြခဲ့တယ်။
    Posted by zizawa | 30/06/2010, 12:29
    • အပေါ်က ကျွန်တော်ရေးခဲ့တဲ့ အဆို(၁)က မပြည့်စုံဘူး။ ဘာသာစကားကို ဓလေ့ထုံးစံထဲ ထည့်ပြောလိုက်တာ။ ဒီတော့ နည်းနည်းထပ်ဖြည့်စွက်ချင်တယ်။ ဥပမာ ဘုန်းကြီး တရားဟောတဲ့အခါ မိန်းမတွေကို နောက်ပို့ထားတာ။ ‘ကဲကဲ ယောက်ျားတွေ ရှေ့ သွား’ ဆိုတဲ့ စကားက မကြားချင်မှအဆုံးပဲ။ ကျိုက်ထီးရိုး ဘုရားကို ဘယ်မိန်းမကမှ လက်နဲ့ ထိခွင့်မရဘူး။ ကိုယ်ကျင့်သီလ ဖြူစင်တဲ မိန်းမက အထက်ပစ္စယံပေါ်တက်လို့မရပေမယ့် စိတ်ဓတ်သိမ်ဖျင်းအောက်တန်းကျ အနုတ်စုတ်ဂုတ်စုတ်၊ အုတ်ကြားမြက်ပေါက်၊ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား၊ ဘုန်းကြီးကိုသေလောက်အောင် ရိုက်တဲ့ အတောင်နှစ်ဆယ် ၀တ်တွေတော့ အထက်ပစ္စယံတင် မကဘူး၊ ဟိုးထိပ် ငှက်မြတ်နားထိ တက်ခွင့်ရှိတယ်။ ထီးတော်လဲခွင့်ရှိတယ်။ Why?
      Posted by zizawa | 30/06/2010, 13:01
  17. စိတ်ပါဝင်စားစွာ အားတက်သရော ဖတ်နေပါကြောင်း။
    (ဗုဒ္ဓစာပေရယ်လို့ ကျန်ခဲ့တဲ့အထဲက ဘလောက်က သူဟောတာအစစ်အမှန်ပါပီး ဘလောက်က ကုလားနဲ့သီဟိုဠ်ဘုန်းကြီးတွေထပ်ဖြည့်ထားတာဆိုတာ မသိနိုင်တော့ပါဘူး။)
    အဲဒီအချက်ကို ခဏခဏ စဉ်းစားခဲ့ဖူးပါတယ်။
    Posted by Rita | 30/06/2010, 13:03
    • ၀မ်းသာပါ၏။ ကျုပ်က အမိ စာမရေးတော့ဘဲ မော်ဒယ်ဂဲများလုပ်ဖို့ ကြံနေပြီလားလို့…🙂
      Posted by zizawa | 30/06/2010, 13:17
  18. ((ဗုဒ္ဓစာပေရယ်လို့ ကျန်ခဲ့တဲ့အထဲက ဘလောက်က သူဟောတာအစစ်အမှန်ပါပီး ဘလောက်က ကုလားနဲ့သီဟိုဠ်ဘုန်းကြီးတွေထပ်ဖြည့်ထားတာဆိုတာ မသိနိုင်တော့ပါဘူး။))
    အဲ့ဒီ သဘောတရားမျိုး (သို့) အချက်ဟာ ဘာသာတိုင်းမှာ ပြန်စဉ်းစား ဆန်းစစ်နေ (သို့) မကြာခဏ ကြားနေရတဲ့ အချက်ပါပဲ။
    Posted by Lun Lunn | 30/06/2010, 15:15
    • တစ် –
      စကားထဲကဇာတိပြ ဆွေးနွေးဘက်အမျိုးသမီးတယောက်ကိုေ မ်ာဒယ်ဂဲ လုပ်ဖို့ ကြံနေပြီလားလို့ နောက်လိုက်တာကိုက ကိုယ်တို့ ယောက်ကျားတွေက သူတို့ ကိုအလိုလို တနေရာရာမှာထားနေတယ်ဆိုတာပြနေတယ်။
      နှစ် – မိမ္မကိုခွဲခြားနှီမ့်ချတာကတော့ နေရာတကာမှာပါဘဲ – အမေရိကန်နဲ့ ကနေဒါမှာတောင်မိမ္မတွေမဲထည့်ခွင့်ကိုအကြာကြီးပိတ်ဆို့ ထားခဲ့တယ်ဘာသာရေးနဲ့ ကိုမဆိုင်ဘူး ယောက်ကျားတွေကပိတ်ဆို့ ထားတာ –
      ကနေဒါမှာ ဆိုယင်မိမ္မကို ဥပဒေအမြင်မှာ လူ (person) လို့ သဘောမထားဘဲ သူ့ ခင်ပွန်း သို့ မဟုတ် ဖခင်ရဲ့ အမည်ကိုသာသုံးခွင့်ပေးတာအကြာကြီး ဘဲ။ နောက်ဆုံးမိမ္မတွေကိုယ်တိုင်ကတိုက်ပွဲဝင်ယူလိုက်ရတယ်။
      မြန်မာပြည်ပြန်လည်တိုင်း ဘုရားအထက်ပစ္စယံပေါ်မိမ္မမတက်ရ ဆိုတဲ့ ပညတ် ချက်ကိုဖတ်မိပြီးကျနော်ဘုရားတော်တော်များကိုသွာဖူးချင်စိတ်ပျက်သွားတယ်
      ရွှေတိဂုံမှာတောင်ဒိစည်းကမ်းမျိုးရှိနေတော့ အတော်ကိုယ့်စိတ်ကိုကိုယ်ပြုပြင်ယူရတယ်။ ဒါဘုရားကပိတ်ထားခဲ့တာမဟုတ်ဘူးလို့ တွေးယူခဲ့ရတယ်
      သုံး – ခေတ်မမှီဘူးဆိုတာ ဘယ်ခေတ်ကိုပြောတာလဲ ဒါကိုတော့ သိရဲ့သားနဲ့  မေးတာပါ – ခုခေတ်ကိုဆိုလိုမှန်းသိပါတယ်။
      ခုခေတ်ဆိုတာကကောဘယ်အချိန်ကစသလဲ -ဘယ်လောက်ကြာကြာခံမှာမို့ လဲ
      နှစ် ၈၀ လောက်ပဲသက်တမ်းရှိတဲ့လူ့ ဘ၀မှာခေတ်က ဆယ်ခါလောက်ပြောင်းတယ်
      အသက် ၆၀ ရှိတဲ့ ကျနော့်ဘ၀မှာတောင် အဓိကအားဖြင့် ၂ ခေတ်ပြောင်းသွားပီ
      တခုနဲ့ တစ်ခုပြောင်းပြန်ဆန့် ကျင်နေတဲ့ ဆိုရှယ်လစ်ခေတ်နဲ့ ဓနရှင်ခေတ်
      ဒါ ဗမာပြည်မှာတင်မဟုတ်ကမ္ဘာနဲ့ ချှီပြောင်းသွားတာခေတ်ပြောင်းတိုင်း ဘာသာရေးက လိုက်ပြောင်းရယင် ဘာသာရေးဆိုတာဘာဖြစ်သွားမလဲ – THERMOSTAT တမျိုးလား – အခန်းထဲမှာအေးလာယင်ပူအောင်၊ ပူလာယင်အေးသွားအောင်ထိမ်းညှိပေးတဲ့ခလုပ်လား
      လူ့ အလိုကိုဘာသာရေးကမလိုက်ဘူး -ဘာကြောင့်လဲဆိုတော့ လူ့ အလိုဆိုတာ
      နေ့ တိုင်းပြောင်းနေတယ် ။ အချိန်တိုင်းပြောင်းနေတယ်။ ခေတ်တိုင်းပြောင်းနေတယ်
      လူ့ အလို အတိုင်းဘာသာရေးကလိုက်ပြောင်းနေရယင် ဗမာဘုန်းကြီးတွေလဲ ဂျပန်ဘုန်းကြီးတွေလို အိမ်ထောင်ပြုသွားလိမ့်မယ်။
      “ခေတ်” ဆိုတာပြောင်းလဲနေတဲ့လူ့ အလိုဆန္ဒတစ်ခုခုဟာသူတစ်ဦးထည်းရဲ့ဆန္ဒ မဟုတ်တော့ဘဲလူအများရဲ့ ‘ဘုံ’ ဆန္ဒဖြစ်လာတာတဲ့အချိန်တစ်ခုခုဟာခေတ်ပဲ
      ကမ္ဘာ့ဆိုရှယ်လစ်ခေတ်ကြီးတုံးက exploitation ဆိုတဲ့စကားလုံးဆိုယင် တလောကလုံးကမကြားချင်ဆုံးစကာလုံးတစ်ခုပဲ ကနေ့  ဓနရှင်စံနစ်ပြန်ကောင်းစားလာတော့ exploitation ကို profit maximization
      အဖြစ်တကမ္ဘာလုံးပြန်ကောင်းချီးပေးလာကြပြန်ရော – ဒီလူတွေဘဲ
      တခေတ်ပြီး တခေတ် အမျိုးမျိုးပြောင်းပီးဖန်တီးနေကြတာ – လည်တဲ့လူတွေက ခေတ်တွေ ကိုဖန်တီး အဲဒါကိုမသိတဲ့လူတွေက အကောင်းမှတ်ပီး အမှီလိုက်ဖို့ ကျိုးစားတာ – အသက်နဲနဲကြီးလာယင်အလိုလိုသဘောပေါက်လာကြမှာ ပါ – ဆံပင်တွေရှည်လညလိုက် – ပြန်တိုသွားလိုက် – အ၀တ်အစားတွေတိုသွားလိုက် ရှည်လာလိုက် – ကျပ်သွားလိုက် -ပွလာလိုက်
      အရပ်ရှည်တာကောင်းတယ်လို့ ထင်ကြတဲ့ ခေတ်ကတော့နဲနဲပိုကြာတယ်
      ဒါပေမဲ့ space age ခေတ်ရောက်လာလို့ လူတွေအာကာသထဲထွက်နေကြယင် space limitation ရှိလာမှာမို့ အရပ်ရှည်ယင်ခေတ်မမှီဖြစ်လာဦးမှာ
      မြင်ယောင်မိသေးတယ်။
      တိုင်းပြည်ကဆင်းရဲတဲ့မြန်မာပြည်မှာတိုက်မြင့်မြင့်ကြီးပေါ်နေမှချမ်းသာတယ် ခေတ်မှီတယ်ထင်မယ် – ကျနော်နေတဲ့တိုင်းပြည်မှာ ဆင်းရဲကြလို့  သာ တက်ရဆင်းရခက်တဲ့အမြင့်ကြီးတွေမှာနေရတယ် – အမြင်ချင်းပြောင်းပြန်ဘဲ – ဘယ်သူကဘယ်ခေတ်ကိုမှီနေတာလဲ စဉ်းစားပါ။
      လေး – ဘာသာရေးဆိုတာ အမှန်တရားကိုရှာတာဖြစ်ပါတယ်။ အမှန်တရားဆိုတာဘယ်တော့မှမပြောင်းလဲတဲ့အရာ (Timeless / ageless truth ) ကိုခေါ် တာပါ။ ပြောင်းလဲနေတာတွေကိုမကြိုက်လို့  – အထူးသဖြင့် မိမိအလိုနဲ့ ဆန့် ကျင်တဲ့ ပြောင်းလဲခြင်းတွေကိုမကြိုက်လို့  – ဥပမာ နုပျို
      နေယင်းက အလိုလိုအိုမင်းသွားတာမျိုး / သေရတာကို- ကိုမကြိုက်လို့  – မပြောင်းလဲတတ်တဲ့ အရာ – မပြောင်းလဲဘဲနေလို့ ရတဲ့နည်း သို့ မဟုတ် – နေရာ (state) ကိုရှာယင်းဘာသာရေးတွေဖြစ်လာတာ
      ထေရ၀ါဒဟာ ဘာသာရေးလို့  မြန်မာလို ပြန်ထားတဲ့ ကမ္ဘာက နားလည်တဲ့ Religion မျိုးမဟုတ်ဘူး- လူ့ အလိုကိုမလိုက်ဆုံးဘာသာရေးဘဲ။ ပြောင်းလဲခြင်း (မတည်မြဲခြင်း)ကိုအဓိကထားဟောတဲ့ဗုဒ္ဒဘာသာဟာ ခေတ်အားလုံးနဲ့ ဆီလျှော်လို့  ခေတ်တိုင်းကိုမှီတယ်။ ခေတ်ဆိုတာကိုက – လူ ပြည်ကတသက် – ဗြဟ္မာ့ ပြည်က တစ်ရက် တာကာလကလေးပါဘဲ – ဗြဟ္မာဆိုတဲ့အသုံးကို လက်မခံယင်လဲ ဘူမိဗေဒအချိန် (Geological time scale) နဲ့ ပြောင်းတွက် လိုက်ပေါ့ – အတူတူပါဘဲ – ခဏတာ ကလေးချင်း
      ဒီအချက်ကို ဗုဒ္ဒဘာသာဝင်မဟုတ်တဲ့ မာ့က်စ်ဝါဒီအစစ်ကြီးဖြစ်တဲ့ စတာလင်ရဲ့ ပြိုင်ဘက်ကြီး ထရော့စကီတောင်သိသွားတယ်- သူက
      ” Everything under the Sun is subject of CHANGE while change alone endures.” လို့ မှတ်ချက်ချခဲ့ဘူးတယ်။ ( from Leon Trotsky ‘s – My life)
      ငါး – မူလအချက်ကိုပြန်ကောက်ရယင် (၁)
      ဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုကျားမမရွေး လူတိုင်း
      ရပိုင်ခွင့်ရှိတယ် –
      (၂) အမျိုးသမီးတွေကိုလဲ ရဟန်းပြုခွင့်ပေးတယ် – ကနဦးက အာနန္ဒာကိုခွင့်မတောင်းပါနဲ့  လို့ တားတာက – အစစ အရာရာ စွန့် လွှတ်ရ ချိုးချံရ စောင့်ထိမ်းရတဲ့ဘ၀ဟာ အမျိုးသမီးတွေအတွက် ၀န်လေးမှာစိုးလို့  လူဝတ်ကြောင်ဘ၀နဲ့ လဲ နိဗ္ဗာန်ကို တန်းတူရည်တူရနိုင်တာမို့ တားတာဘဲ – ဒါတောင်မဖြစ်မနေနားပူနားဆာလုပ်တော့ခွင့်ပြုလိုက်တာပါဘဲ။
      (၃) ရဟန်းပြုတယ်ဆိုတာသာ့သနာ့ဝန်ကိုဝင်ထမ်းတာပါ – အခွင့်အရေးမဟုတ်ပါဘူး တာဝန်ပါ – ကိုယ်ဖာသာကိုယ်တာဝန်ဝင်ယူတာပါ – ဘာကြောင့်လဲဆိုတော့ ဒီဘာသာရဲ့အမြင့်ဆုံးပန်တိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရဟန်းပြုမှရယူနိုင်တာမဟုတ်ဘူး။
      ဒီတာဝန်ဟာကြီးလေးလွန်းလှသလိုစည်းကမ်းလဲတင်းလဲလွန်းလှပါတယ်။ ယောက်ကျားတွေတောင်ယောက်ကျားတိုင်းမလုပ်ချင်ကြဘူးလေ။ အဲဒီတာဝန်ကို မှအမျိုးသမီးတွေကလဲဝင်ယူချင်တယ်ဆိုတော့ သူတို့ ကိုငဲ့ပြီး ဘုရားချက်ချင်း ခွင့်မပြုခဲ့တာပါ။
      အမျိုးသမီးတွေကိုရဟန်းဘ၀မှာ ယောက်ကျားရဟန်းတွေထက် ပိုတင်းကျပ်တဲ့စည်းကမ်းထုတ်ခဲ့ရတာကတော့ အမျိုးသမီးတွေကို ဖိနှိပ်တဲ့သဘောမဟုတ်ဘဲ ယောက်ကျားတွေ (ရဟန်းတွေပါ ပါတယ်) ရဲ့အန္တရယ်ကိုမြင်လို့  ဖြစ်နိုင်ပါတယ် – ပိုကျယ်ဝန်းတဲ့အဓိပ္ပါယ်ကတော့ သာသနာတော်တရပ်လုံးရဲ့ရေရှည်အကျိုးစီးပွားအလို့ ငှာသာဖြစ်ပါတယ်။
      (၄) မိမ္မဘ၀နဲ့ တိုက်ရိုက်ဘုရားမဖြစ်နိုင်တဲ့အချက်ကတော့ – ကျနော်ဥာဏ်မမှီပါ
      သို့ သော်လောကမှာမိမ္မအဖြစ်နဲ့ တိုက်ရိုက်မဖြစ်နိုင် မလုပ်နိုင်တဲ့တခြား အရာတွေလဲရှိနိုင်ပါသေးတယ်။
      (၅) ဒီအချက်ကတော့ မူလအငြင်းအခုံမှာမပါပေမဲ့ ကျနော်အထူးတင်ပြလိုတဲ့ အချက်ပါ – အဲဒါကတော့ ဗုဒ္ဓဘာသာ အထူးသဖြင့်စည်းကမ်းတင်းကျပ်တဲ့ ထေရ၀ါဒ – အပေါ်မှာခေတ်မမှီဘူးဆိုတဲ့အချက်နဲ့  စွန့် ခွာလိုသူများ အပေါ်ဗုဒ္ဓဘာသာ ၀င်များရဲ့ပကတိသဘောထား (attitude) ဖြစ်ပါတယ်။ အဲဒါကတော့ ထေရ၀ါဒ၀င်တွေဟာသူတို့ ရဲ့ဘာသာကိုရတနာ(သုံးပါး) တွေလို့  သဘောထားပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာဟာ အဲဒီရတနာတွေကိုပိုင်ခွင့်ရ တာပါဘဲအဲဒီရတနာတွေကိုပိုင်ခွင့်ရထားတဲ့တစ်စုံတစ်ယောက်ကသူ့ အလိုလို စွန့် လွှတ်သွား ယင် သူ့ ကိုသနားတာကလွဲ လို့ တခြားဘာခံစားချက်မှအပြင်း အထန်မဖြစ်ပါဘူး ။ အမြင်မှန်ရလို့ ပြန်လာယင်လဲ ဧဧဆေးဆေးပဲ
      – တခြားဘာသာဝင် တစ်ဦးဦးက သူ့ ဖါသာသူ့ ကူးဝင်လာယင်လဲ ဘာအထူး အခွင့်အရေးမှပေးပါဘူး – မူဆလင်ကနေ ကူးလာတဲ့ ဆရာဦးဆန်းလွင်ကိုကြည့်ပါ-
      Posted by myit shwe | 10/11/2011, 18:16
  19. ကျနော်စိတ်ဝင်စားလို့ နည်းနည်းဝင်ပြောမယ်နော.. မနက်က ဗမာလို မရလို့ ဘိုလိုရိုက်လိုက်ရတယ်။
    ကျနော့်အမြင်အရတော့ point 1,2,4 တွေက ဆက်စပ် သက်ဆိုင်ပြီး point 3 က လမ်းကြောင်းလွဲစေတယ်ထင်တယ်။ အဲတော့ ၃ ကို ထည့်မပြောလိုပါ။ သီးသန့်ပြောသင့်တယ် ထင်ပါတယ်။ ၁ နဲ့ ၂ ကိုလည်း ငြင်းစရာမရှိပါ။ မှန်ပါတယ် လိင်ခွဲခြားမှုဟာ ဗမာလူမှုအဝန်းအဝိုင်းမှာ အသေအချာ ရှိပါတယ်။ ဒါပေမယ့် အဆို ၄ မှာ ခွဲခြားဆက်ဆံတယ် ဆိုတာကိုက အတော် ကျယ်ဝန်းပါတယ်။
    ကျနော်အပေါ်မှာ ဘိုလို ရေးခဲ့သလိုပဲ ဒီအကြောင်းအရာကို မြန်မာ မိန်းကလေးတွေနဲ့ စိတ်ဝင်တစားဆွေးနွေးဖူးပါတယ်။ မိန်းကလေးများက အတော်များများဆန့်ကျင်တဲ့ အမြင်ရှိကြတယ်။ အခုလည်း မိန်းကလေးလို့ထင်ရတဲ့ comment တွေမှာ ဒီသဘောကို တွေ့ရတယ်။ အခုလို ဘာသာရေးနဲ့တည်လိုက်တော့ ပိုလက်တွန့်ကြမယ်ထင်ပါတယ်။ ကျနော့တုန်းကတော့ လူမှုရေး၊ ဥပဒေရေးဘက်က ချဉ်းကပ်ကြည့်တာပါ။ မလိုအပ်တဲ့ အခုအခံတွေ မပါတော့ဘူးပေါ့။ တန်းတူရေးဆိုတာမှာ အရာရာတန်းတူသင့်ပါတယ်။ ကောင်းတာရော ဆိုးတာရောပါ။ ဒါကို ကျနော့ ဆွေးနွေးဖက် မိန်းကလေးအတော်များများက သိပ်မကြိုက်ပါ။
    Lady First လိုဟာမျိုးကျတော့ မိန်းကလေးတွေက ကြိုက်ပါတယ်။ ယောက်ျားတစ်ယောက်ကို ကြိုက်ရင် လိုက်ချဉ်းကပ် ကြိုးစားသင့်တယ် ဆိုတာမျိုးကို လက်မခံကြပါ။ အဲဒီငနဲက မကြိုက်ရင် နှောက်ယှက်မှုနဲ့ ရဲတိုင် တရားစွဲဆိုခွင့် (မိန်းကလေးများ လုပ်ခွင့်ရှိသလို) ရှိသင့်တယ် ဆိုလိုက်တော့ “ရှင်နော်လွန်တယ်” ဆိုတာမျိုးလုပ်ချင်တယ်။ မယားစားရိတ် တောင်းခွင့်ရှိသလို လင်စားရိတ်လည်း ရှိသင့်တယ်ဆိုတော့ ခေါင်းခါကုန်ကြပါရောလား။ ဒါတွေအားလုံးဟာ တန်းတူရေးမဟုတ်ပေဘူးလား။ နောက်ဆုံး Lady first ပဲကောင်းပါတယ်ဆိုတာမျိုး ဖြစ်လာပါတယ်။
    ဒီအကြောင်းကို ဂျူးရေးဖူးတယ်။ သူ့ လမ်းလျောက်တာ လိုက်စနောက်တဲ့ မိန်းကလေးတွေ အကြောင်းပါ။ ဂျူးကတော့ အမျိုးသမီးရေးကို ရှေ့ဆောင်ရေးသူဖြစ်ပေမယ့် သူကိုယ်တိုင်မှာတောင် ခွဲခြားတဲ့ စိတ်ရှိနေကြောင်း ဝန်ခံထားပါတယ်။ နောက် England က ပညာရေးလောကမှာ လေ့လာချက်တစ်ခုရှိပါတယ်။ BBC မှာထင်တယ် ဖတ်လိုက်ရတာ။ ပညာရေးမှာ လိင်ခွဲခြားမှုအကြောင်းပါ။ အမျိုးသမီးတစ်ယောက်ကပဲ စစ်တမ်းလုပ်တာပါ။ အဲဒီမှာလည်း အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ပညာရေးအတားအဆီးတွေမှာ အဓိက အတားအဆီးက ကာယကံရှင်ကိုယ်တိုင်ပါတဲ့။ Institutional အတားအဆီးတွေရှိပေမယ့် သိပ် မကြီးမားဘူးလို့ဆိုပါတယ်။
    နောက်ဆုံး မိန်းကလေးတွေကို ယောက်ျားပကတိ ဖြစ်လို့ရရင် ဖြစ်ချင်သလားဆိုတော့ ကျနော့ ဘော်ဒါအားလုံးက ဖြစ်ချင်တာပေါ့လို့ ဖြေပါတယ်။ မိန်းကလေး pain tolerance ပိုများတာ၊ multitasking လုပ်တဲ့နေရာမှာပိုတော်တာ၊ balancing လုပ်တဲ့နေရာမှာ ပိုတော်တာ စတာတွေနဲ့ ဆွယ်လည်း မရပါဘူး။ ဒါဟာ inferior sex ဖြစ်ကြောင်း သူတို့ကိုယ်တိုင်ခံယူနေတာပါ။ အဲတော့ ကျနော် ကောက်ချက်ချလိုတာက တရားလိုမပါပဲ ရှေ့နေချည်းပဲ တရားစွဲလိုမရပါ။ (အမျိုးသမီးအခွင့်အရေးကို ငြင်းပယ်ခြင်းလုံးဝမဟုတ်ပါ။ တန်းတူရေးသည် မဖြစ်နိုင်သေးကြောင်းမျှသာပါ။)
    Posted by WinSg | 30/06/2010, 16:15
    • တခုတော့ ကြိုပြောထားချင်ပါတယ်။ ဒီလို အရေးကိစ္စတွေမှာ ကိုယ့်ဘာသာ ဘာမှန်း (ဘယ်ဘက်ကမှန်း) သေချာ မသိဘူးဆိုတာ။🙂
      သေချာတာတွေတော့ရှိပါတယ်။
      ယောက်ျားပကတိ ဖြစ်လို့ရလည်း မဖြစ်ချင်ဘူး။ ရှုပ်လွန်းလို့။ ဒီဘဝနဲ့ အသားကျနေရာက ကျားကျားလျားလျားကြီး ပြောင်းနေလို့ရော ဖြစ်မလား။ တွေးကြည့်တာနဲ့တင် စိတ်ကုန်တယ်။ နောင်ဘဝဆိုတာလဲ စိတ်ထဲသိပ်ရှိလှတာ မဟုတ်ဘူး။ နောင်ခါလာ နောင်ခါဈေးပဲ သဘောထားတယ် (ဒီကိစ္စနဲ့ ပတ်သတ်ရင်ပြောပါတယ်။ နောင်ဘဝ မိန်းမပဲ ဆက်ဖြစ်ရမယ်ဆိုလဲ သိပ်လွမ်းမနေဘူး။ ယောက်ျားအဖြစ်ကို) အာဝေနိက ဒုက္ခတချို့ကို ဖယ်လို့ရရင်တော့ ဖယ်ချင်တယ်။
      ၁) ဦးဆောင်ရှာဖွေ ကျွေးမွေးရမှာ
      ၂) ပုဆိုးခါးတောင်းကျိုက် လုပ်ရကိုင်ရမယ့်နေရာ
      ၃) ရည်းစားစကား စပြောရမယ့် နေရာမှာ
      မလဲချင်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး အဲဒါတွေ။
      ဒါပေမဲ့ mining လို ဘာသာရပ်မျိုးကို မရ ရအောင် တက်သွားတဲ့ လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်က မြန်မာအမျိုးသမီးတစ်ယောက်အကြောင်းကို ကြားဖူးတော့ သိပ်အားရမိတယ်။
      ဘုရားပေါ် မတက်ရလို့၊ သိမ်ထဲမဝင်ရလို့၊ ဘုရားဖြစ်ခွင့်မရလို့ (ဖြစ်ခွင့်မရဆိုတာတောင် အမျိုးသမီးဘဝနဲ့သာ မရတာနော်။ ဂေါတမ အလောင်းလျာက ဘုရားဖြစ်ဖို့ စတင် စိတ်ညွတ်လိုက်တဲ့ ဘဝဟာ အမျိုးသမီး ဘဝလို့ ဆိုတယ်။) တော့ သိပ် မလွမ်းလောက်ဘူး။ ဒါအမှန်ပြောတာ။
      ဒါပေမဲ့ မိုင်းနင်းလို ဘာသာရပ်မျိုး မိန်းမတွေပဲ ခေါ်တယ် ဆိုတာမျိုးတော့ မကြိုက်ဘူး။
      Posted by RITA | 01/07/2010, 07:36
      • ဟုတ်ကဲ့ သဘောကျပါကြောင်း။ ကျနော်တို့ပြောဆိုမိ သလောက် မိန်းကလေးတွေက ဒီအတိုင်းအတာ လောက်ပါပဲ။ Mining တင်မကပါဘူး။ USA မှာ မိန်းကလေးတွေ စစ်တိုက်လို့ပါ ရကြောင်းပါ။ GI Jane လေ။ ဒါနဲ့ပတ်သက်လို့ စစ်မှုမထမ်းမနေရ နိုင်ငံမျိုးတွေမှာ မိန်းကလေးတွေကို ထည့်သင့်မထည့်သင့် ဆွေးနွေးနေကြတာလည်း ရှိကြောင်းကြားမိပါတယ်။
        Posted by WinSg | 01/07/2010, 17:09
  20. ဟုတ် ပြီ အဆို(၁)က စသွားရအောင်။ အဲဒါကို ပိုစ့်တစ်ခု တင်ပေးပါလား။ ၀ိုင်းစဉ်းစားကြတာပေါ့။
    ဘာသာစကားကို ဓလေ့ထုံးစံထဲထည့်ပြောမိတယ်လို့ မြန်မြန်ဆန်ဆန်ပြောလိုက်တာကို ဘယ်လိုနားလည်ရမလဲ။ ဒါဆိုရင် အဲဒီစကားလုံးတွေကို ထည့်ဆွေးနွေးမလား။ ချန်ထားခဲ့မလား။ မိန်းမက ကျိုက်ထီးရိုးကို ထိခွင့်ရပြီး ရှေ့ကသွားခွင့်ရရုံနဲ့ ပြည့်စုံပြီလား။ အခြားဘာအချက်တွေ ထည့်ချင်သေးလဲ။ ထည့်ပြီဆိုပါစို့။
    ထောက်ပြချင်တာကတော့ သူ့ရေမြေပေါ်မူတည်ပြီး ထည့်မှာလား၊ ကိုယ့်ရေမြေကိုယ့်အစဉ်အလာကို မူတည်ပြီးပြင်ဆင်မှာလား။ ဘယ်သူ့ရေမြေကို မူတည်ပြီး စဉ်းစားမှာလဲ။ ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက ထားမလား။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းမလား။ လုံးလုံးစွန့်ပစ်မလား။ အရှေ့တိုင်းကိုယူမလား။ အနောက်ကိုယူမလား။ အကျိုးကများမလား။ အပြစ်ကများမလား။
    စသည်ဖြင့် စသည်ဖြင့်…
    ရေကန်တစ်ကန်ကို ကြည့်ရင် မုဆိုးက သားကောင်ရေသောက်ဆင်းမဲ့ဟာကို မြင်မယ်။ တံငါက ငါးဖမ်းမဲ့နေရာကို မြင်မယ်။ ကိုယ်ထင်တာကိုယ်ပြောနေမယ့်အစား ဘယ်ဒင်းက အလုပ်ဖြစ်သလဲ စိတ်ကူးနဲ့ ပြောဆိုကြ၊ လက်တွေ့စမ်းကြည့်ကြပါစေလား။
    Posted by အလှတရား | 30/06/2010, 16:25
  21. အဆို(၁)ကိုပြောလို့ ကျန်တဲ့အဆိုတွေကို ချန်ထားခဲ့မယ်လို့ မရှိပါဘူး။ တစ်ခုချင်းသွားရင် ပိုရှင်းမလားလို့ အကြံပြုတာပါ။ သဘောအတိုင်းဆုံးဖြတ်ပါ။ ပြီးတော့လဲ စာရေးသူအနေနဲ့ တချို့အချက်အလက်တွေကို ပိုပြီးတာဝန်ယူဖို့လိုမယ်။
    ဥပမာအားဖြင့် ကျိုက်ထီးရိုးမတက်ရ အချက်ကို ကိုင်စွဲမယ်ဆိုရင် “ကျိုက်ထီးရိုးဘုရားမှာလဲ တံတားလေးကနေ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် အန္တရာယ်များလှတဲ့ အတွက်ကြောင့် တားမြစ်ထားတာဖြစ်တယ်၊ အမျိုးသမီးများစေတီတော်ရင်ပြင်နားအထိ လာရောက်ရှိခိုးတာကို နတ်များက မကြိုက်လို့ တားမြစ်တာ မဟုတ်ပါဘူးလို့ ၁၂၇၇ ခုနှစ်က ကျိုက်ထီးရိုးစေတီတော်မှာ အုပ်ချူပ်တဲ့ ဆရာတော်ဦးအာဒိစ္စက ပြောပါတယ်။” ဆိုတဲ့
    အချက်တစ်ချက်ကို ကြားဖူးထားဖို့ သင့်မယ်။ light of dhamma ဘလော့ဂ်ရှင် မြိတ်ကဆရာတော် ဦးကောဝိဒ မှတ်သားထားတာပါ။
    နောက်တစ်ချက် အနေနဲ့ အသုံးအနှုန်းတစ်ချို့ကို ရှေးရိုးဆန်ပေးရင် ပိုကောင်းမယ်။ ကျွန်တော်ကတော့ ယေရှုခရစ်ပဲဖြစ်ဖြစ် အလ္လာပဲဖြစ်ဖြစ်၊ ငနဲသားတို့ ဆရာသမားတို့လို့ ခေါ်တာမျိုးကို သဘောမကျပါဘူး။ ဘာသာရေးခေါင်းဆောင်များကို ဒီလိုခေါ်ရင် မသင့်ဘူးလို့ မှတ်တာပဲ။ ဒါကြောင့် ယဉ်ကျေးမှုနဲ့ လေးစားသမှုအရ ဆိုပါစို့။ အဲဒါကြောင့် စာရေးသူရေးထားတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ နာမ်စားအဖြစ် “ကိုယ့်ဆရာက” လို့ သုံးထားတာကို တော့ စိတ်မကောင်းစွာနဲ့ ကန့်ကွက်ရပါတယ်။
    Posted by အလှတရား | 30/06/2010, 16:44
    • ဟုတ်ပါတယ်။ ယဉ်ကျေးမှုနဲ့ လေးစားသမှုတော့ရှိသင့်ပါတယ်။ “ကိုယ့်ဆရာ” ဆိုတဲ့ အသုံးကို လုံးဝ ကန့်ကွက်ပါတယ်။ စာဖတ်နေတဲ့ သူတွေ အများကြီးပါ။ “နှုတ်တစ်ရာ စာတစ်လုံး”တဲ့ စကားလုံး အသုံးကြောင့် လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ပေါ်လွင်စေပါတယ်။
      Posted by MayThandar | 02/07/2010, 16:51
  22. ဦးဥာဏိဿရကို ပို့ကြည့်ပါဆိုတဲ့အချက်ကို ဦးဥာဏိဿရမက ဘယ်သူဖြစ်ဖြစ်လို့ဆိုတော့ အံ့သြတယ်။ ဘာသာတရားအကြောင်း ပြောရင် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေရဲ့ interpretation ကို လည်း အလေးအနက်ထား သုံးသပ်ရမှာပဲလေ။ ဆွေမျိုးတွေ ဟိုမုန်းနဲ့ပတ်သက်ပြီး ရောဂါဖြစ်ရင် ကိုယ်ဘယ်လောက်ဖတ်ထားတဲ့ ဆရာဝန်ပဲဖြစ်ဖြစ် endocrinologist ရဲ့ opinion ကို အလေးအနက်ထား သုံးသပ်ရမှာပဲ။ ဒီလောက်ကို ရှင်းတယ် မှတ်ပါတယ်။
    Posted by အလှတရား | 30/06/2010, 16:53
  23. religious studies ဆိုတာ ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ အခိုင်အမာရှိတဲ့ ဘာသာရပ်တွေဖြစ်တယ်။ မြန်မာဘုန်းတော်ကြီးတွေလဲ သွားသင်နေကြတာပဲ။ ပီးတော့ ဗမာပြည် မန္တလေး ပခုက္ကူမှာ သီတဂူတပါးထဲ ဆရာရယ်လို့ရှိတာမှုတ်ဘူး။ ပီးတော့ မြန်မာပြည်က ဘာသာရေးကျမ်းဂန်သင်နည်းဟာ အာဂုံဆောင်အနက်ဖွင့်တာလောက်ပဲ သန်တာမို့ ခေတ်မီတယ်ရယ်လို့ အရှင်အာဒိစ္စ တောင်မြို့ဆရာတော်တို့ခေတ်ကထဲက မသတ်မှတ်ဘူး။ ဘာသာရေးစာပေမှာ လူဝတ်ကြောင်တွေ လူထွက်ကြီးတွေ စဝ်ထွန်းမှတ်ဝင်းလို နိင်ငံခြားပြန်ပညာရှင်တွေကဏ္ဍဟာလဲ ဘုန်းကြီးများနဲတူ အရေးပါတယ်။ ဒါကြောင့် ဘုန်းကြီးက ဘာသာရေးမှာ ပြောပိုင်ခွင့်အရှိဆုံးဆိုတာ အလယ်ခေတ် ဗာတီကန်နဲ့ အခုခေတ် မော်လဝီတွေ အမြင်မျိုးပဲ။
    Posted by Bo Bo | 30/06/2010, 17:08
  24. ဒါလည်း ရှင်းတယ်လေ။ ထေရ၀ါဒဗုဒ္ဓဘာသာမှာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ပါးလို့ ယူလိုက်ပေါ့။ ဘိုဘိုက ဘုန်းကြီးတစ်ပါးတည်း ပြောပိုင်ခွင့်မရှိဘူးလို့ ပြောပေမယ့် သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်ကို အလေးထားရမယ်ဆိုတဲ့အချက်ကို မကြေပျက်စေပါဘူး။ ဖြည့်စွက်ပေးလိုက်တာပဲ ဖြစ်သွားတယ်။ စစ်တိုက်ချင်ရင် စစ်ဗိုလ်ချုပ်ရဲ့ သုံးသပ်ချက်ကို အလေးထားရတာပဲ။ စစ်ဗိုလ်ချုပ်မှာမှ အရှေ့အလယ်ပိုင်းကျွမ်းကျင်တဲ့ စစ်ဗိုလ်ချုပ်လား၊ အာရှဘက်ကို ကျွမ်းကျင်တဲ့စစ်ဗိုလ်ချုပ်လား၊ လေတပ်ဗိုလ်ချုပ်လား၊ ရေတပ်ဗိုလ်ချုပ်လား၊ စတာတွေပေါ်မူတည်ပြီး သူတို့အမြင်တွေအပေါ် ဂရုပြုတာချင်း ကွာရတာပဲ။ မိမိအနေနဲ့ မေးမြန်းစရာရှိလာခဲ့ရင် စာတတ်တဲ့ပညာရှင်ချင်းတူရင် အကျင့်သီလချင်းရော ၀ိနိစ္ဆာဥာဏ်ချင်းရော စိတ်ဝင်စားတတ်တာတွေရော ဘယ်ပညာရှင်က သင့်လျော်မလဲ စဉ်းစားလေ့ရှိပါတယ်။ ဒါကြောင့် ဦးဥာဏိဿရဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ်ဆိုတဲ့ အသုံးကို အံ့သြဖို့ လိုတယ်ဆိုတာကို သဘောပေါက်ပြီ ထင်ပါတယ်။ ဗမာဘုန်းကြီးတွေ စာသင်တာ ခေတ်မမီဘူးဆိုတဲ့ အချက်ကိုတော့ သတိထားပြောဖို့ လိုလိမ့်မယ်။ ခုခေတ်ထိလားလို့ ပြန်မေးရမလိုပဲ။ ဘယ်သူတွေပါတုန်းလို့ မေးရမလားပဲ။ ဆင့်ကွဲအငြင်းပွားစရာ ဖြစ်နေပါတယ်။ ဒီတွင် တန်ပါတော့။ အဆိုတစ်ကိုပဲ ပြန်စကြပါ။
    Posted by အလှတရား | 30/06/2010, 17:30
  25. ဘိုဘိုက အဲဒီဘက်ကို ဆွေးနွေးချင်ရင် နောက်တစ်ဆင့်သွားပါ။ ဂျင်ဒါကိစ္စက ဘယ့်နှယ်ရောက်လာတာပြန်တုန်း။ ကျုပ်တို့ပြောနေတာ ဘိက္ခုနီဝိနည်းနဲ့ ၀ိနိစ္ဆယမှတ်တယ်။ အန်ဂျီအိုလုပ်နေတဲ့ အကြီးစားကြီးလို့ပြောတာကတော့ ပုဂ္ဂိုလ်ရေး အာဃာတပဲလေ။ မြိုသိပ်ထားပါ။ ထုတ်မပြပါနဲ့။
    ပညာရှင်တွေအမြင်ကို အလေးထားရမှာကိုတော့ ငြင်းမရဘူးမှတ်တယ်။
    Posted by အလှတရား | 30/06/2010, 17:48
    • ဘဝင်မကျဆုံး အချက်တခု ရှိပါတယ်။
      “မြိုသိပ်ထားပါ။ ထုတ်မပြပါနဲ့” ဆိုတာပဲ။
      ကွန်မန့်ရှင်က မဆိုင်တာတွေ ဝင်မပြောစေချင်တဲ့ သဘော ပြောနေပေမယ့် မဆိုင်ဘူးထင်ရတာကို ဆွဲယူပြီး ပြောချလိုက်ပါရစေဦး။
      အဲဒီလို သဘောထားမျိုးတွေ ရှိနေသရွေ့ ဗမာပြည်ဟာ ဘယ်သူလာလာ ဘယ်သူတက်တက် ဘာစနစ်ကောက်တင်တင် ရှေ့မရောက်ဘူး။ တနေရာတည်းမှာပဲ တဝဲဝဲလည်နေမယ်။ သေချာတယ်။
      Posted by RITA | 01/07/2010, 01:09
  26. စာရေးသူပေးချင်တဲ့ လမ်းကြောင်းကို ကျနော်မျက်ခြေမပြတ်ပါ။ ဥာည့်နက်လို့ ပြန်ပါပြီ။ နောက်နေ့ဒီအချိန်ကျမှ ၀င်ရောက်ဆွေးနွေးပါမယ်။
    Posted by အလှတရား | 30/06/2010, 17:50
  27. ဒီခေါင်းစဉ်က စကထဲက ဂျင်ဒါနဲ့ ဘာသာရေးအခွင့်အရေးကိစ္စပဲ။ ဘိက္ခူနီကိုဘာလို့ ဒီလောက်ချုပ်ချယ်ခဲ့သလဲဆိုတာ ပြောနေကြတာ။
    အန်ဂျီအိုလုပ်နေတဲ့ အကြီးစားကြီးလို့ပြောတာမဟုတ်ဘူးလား။ သူ့လိုကမ္ဘာသိ လူရေးလူမှုလုပ်နေသူတောင် ဂျင်ဒါကိစ္စ သိဘို့ခက်တယ်ပြောတာ။ ဒုက္ခ။ မနာလိုရအောင် ကျုပ်ကဘုန်းကြီးလဲမဟုတ်၊ အန်ဂျီလဲမအို။ ကျုပ်အမေက သူ့ဆေးရုံမှာ ကုသိုလ်ပြုနေတာ။
    ပညာရှင်တွေအမြင်ကို အလေးမထားဘူး မပြောပေါင်၊ ဘယ်သူမဆို သုတပညာနဲ့ပြည့်စုံပီး ကျိုးကြောင်းတကျဆွေးနွေးတတ်ရင် ဒီလိုကိစ္စတွေ ဝင်ပြောနိုင်ရမှာပေါ့။ သီတဂူပြောတိုင်း အဟုတ်မှတ်ရမှာလား။ ဘုန်းကြီးက ဘုရားမှမဟုတ်တာ အကုန်သိရအောင်။
    Posted by Bo Bo | 30/06/2010, 18:17
  28. နံပါတ် ၃ အချက်နဲ့ ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။
    ကျနော်လည်း ပြောချင်တော့ ဖတ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ impurities ဆိုတာနဲ့ ပတ်သက်ပြီး ရှေးက အတော်လေးပြောခဲ့တာတွေရှိပါတယ်။ ရှင်ဥက္ကဌတို့လည်းပါပါတယ်။ ဒါပေမယ့် ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီကိစ္စက တရားဝင် ဆွေးနွေးလို့မရပါ။ ဘာကြောင့်ဆိုတော့ ဒီကျမ်းစာတွေကို ဘုရားဟောအဖြစ် လက်မခံရင် ထေရဝါဒအမည်တပ်ခွင့်မရှိတော့ပါ။ ဘုန်းဘုန်းတို့ကို မေးရင်လည်း နှာစေးနေတာ များပါတယ်။ အားလုံးလည်းသိကြတဲ့အတိုင်း ထေရဝါဒရဲ့ အခြေခံတွေ အများစုက သီရိလင်္ကာကပါ။ ဗုဒ္ဓဘာသာက အန္ဒိယနဲ့ နီပေါမှာ ပေါ်တာ။ အဲဒီတော့ ထေရဝါဒကနေ နည်းနည်းအပြင်ထွက် ပြောမှဖြစ်မယ်။
    “ဗုဒ္ဓဘာသာရဲ့ မြစ်ဖျားခံရာ”
    သမိုင်းကိုပြန်ကြည့်ရင် ဗုဒ္ဓဘာသာဟာ Sramana လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါ။ Sankarit နဲ့ Parli ဘာသာစကားအခြေခံ၊ သံသရာ နဲ့ ကံအကျိုးအယူအဆ၊ လောကကလွတ်မြောက်လမ်းကို ရှာဖွေခြင်း (spiritual development and liberation)၊ ကသိုဏ်း၊ ဈာန်၊ ကမဌာန်း၊ အသက်ဇီဝကို တန်ဖိုးထားခြင်း စတာတွေက ထပ်တူနီးပါတူညီပါတယ်။ အဓိကဘာသာကြီးနှစ်ခုက Jainism နဲ့ Buddhism ပါ။ ထူးအိမ်သင်သီချင်းထဲပါတဲ့ မဟာဝီရဆိုတာ Jain ကဘုရားတစ်ပါးပါ။ Jain ကနောက်အကျဆုံး 6 century BC မှာ စတင်ပြီး ဗုဒ္ဓဘာသာက BC450 ခန့်လို့ဆိုရပါမယ်။ ဆိုတော့ Jain က အများကြီးစောပါတယ်။ ရုပ်တုတွေရဲ့ မုဒြာတွေကစလို့ အခြေခံအတွေးအခေါ်တွေအဆုံးမှာ Jainism နဲ့ Buddhism တူနေတာတွေအများကြီးပါ။ ဒီတော့ ဒီကျမ်းစာတွေထဲက အကြောင်းအရာတွေဟာ ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းကနေ ဟောထားတာ မဟုတ်။ ဗုဒ္ဓတရားတွေအပေါ် ခေတ်ရဲ့ လွှမ်းမိုးမှုလည်း မသေးလှကြောင်း တွေ့ရမှာပါ။ ကျမ်းစာထဲမှာလည်းပါတဲ့ ဒုက္ခစရိယာ ခြောက်နှစ်လောက်ဟာ ဒီအတွေးအခေါ်တွေ ကျင့်စဉ်တွေနဲ့ ဖြတ်သန်းရတာပါ။
    “ဗုဒ္ဓဘာသာ ကွဲပြားစီးဆင်းပုံ”
    Wikipedia မှာ Buddhism Timeline ဆိုတဲ့နေရာမှာကြည့်ရင် BC 250 လောက်မှာ ပင်မ
    Old school ကနေခွဲဖြာပြီးထွက်ခဲ့တဲ့ ဂိုဏ်းသုံးခုရှိပါတယ်။ Theravada, Greco, Silk Road Buddhism လို့ဆိုပါတယ်။ Mahayana နဲ့ Vajrayana၊ Tibetan စတဲ့ အခက်အဖြာတွေက နောက်ကျပါတယ်။ အဲဒီဂိုဏ်းတွေရဲ့ အယူတွေ ဘယ်လောက်ထွေပြားကြမယ်ဆိုတာ မှန်းကြည့်နိုင်ကြပါတယ်။ ထေရဝါဒက တောင်ဖက်သီရိလင်္ကာနဲ့ အရှေ့တောင်အာရှကို ပျံ့နှံ့လာပြီး ကျန်နှစ်ခုက အလယ်အာရှကို သွားပါတယ်။ သေချာတာကတော့ ဆိုခဲ့ပါ ဂိုဏ်းသုံးခုဟာ ပင်မ ဗုဒ္ဓကျောင်းတော်ကနေ အစောဆုံး ခွဲဖြာခဲ့တယ်ဆိုတာပါပဲ။ အဲဒီဂိုဏ်းတွေရဲ့ အယူထွေပြားမှုဟာလည်း သူတို့တွေ ရှင်သန်ရာ ခေတ်နဲ့ နိုင်ငံယဉ်ကျေးမှုတွေနဲ့ မကင်းတာ အသေအချာပေါ့။
    အဲဒီတော့ ချုပ်ရရင် ဗုဒ္ဓဘာသာပင်ရင်းကိုယ်တိုင်တောင် သူဖြစ်တည်ရာ ခေတ်ရဲ့လွှမ်းမိုးမှုကို ခံရရင် ဒီနေ့ခေတ်မှာ ကျမ်းစာထဲကအတိုင်း အားလုံးဖြစ်ရမယ်ဆိုတာ သဘာဝကျပါသလား။ နောက်တစ်ချက်က ဂိုဏ်းလေးဂိုဏ်းကွဲခဲ့တဲ့ထဲမှ ထေရဝါဒကျမ်းစာတစ်ခုသာ ဘုရားဟောအမှန်ဆိုတာကလည်း ဖြစ်နိုင်ချေရှိပါသလား။
    Posted by WinSg | 30/06/2010, 18:32
  29. Please bear with me for a few hours before I put another post.
    Thank you.
    Watote
    Posted by watote | 30/06/2010, 18:48
  30. ကျိုက်ထီးရိုးဘုရားမှာလဲ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် လို့ဆိုတဲ့ အတွေးအခေါ်ဟာ ကျွန်တော်အနေနဲ့တော့ ဘယ်လိုမှလက်မခံနိုင်ပါ။ မူးမော်တက်တဲ့ အထဲမှာ ယောက်ကျားသားတွေလည်း အများကြီးရှိတက်သလို ယောက်ကျားတွေထက် ပိုပြီး သတ္တိကောင်းတဲ့ မိန်းမသားများ ဒုနဲ့ဒေးရှိပါတယ်။ ရွှေတီဂုံဘုရားမှာ မိန်းမ မသွားရတဲ့ နေရာတို့၊ သိမ်ထဲကို မိန်းမ မဝင်ရတာတို့ တားမြစ်ထားတာနဲ့ ပိုပြီးတူပါတယ်။ လူလူချင်း အတူတူ ဒီလိုနေရာလေးတွေ သွားတာတောင် မိန်းမ မို့လို့သွားခွင့်မရှိဘူးဆိုတာကိုတော့လက်မခံနိုင်တာပါ။ သူတို့အနေနဲ့ ဘာမှလုပ်လို့မရတဲ့ မွေးရာပါ မိန်းမဖြစ်နေတာတခုထဲနဲ့အနှိမ်ခံနေရတာကို ထောက်ပြတာပါ။
    Posted by မျိုးဇေယျာဦး | 30/06/2010, 23:32
  31. နေ့တိုင်းနီးပါး ရောက်ပါတယ်။ အငြင်းပွားဖွယ် ဖြစ်တဲ့ စာတွေ တင်တဲ့အခါမှ ဘာမှ မပြောဘဲ ပျောက်နေတယ်လို့ ထင်မှာစိုးလို့ ၀င်ရေးလိုက်တယ်။
    1. မြန်မာပြည် အပါအ၀င် တစ်ကမ္ဘာလုံးမှာ ယောက်ျား၊ မိန်းမ မလိုလားအပ်တဲ့ ခွဲခြားမှုတွေ ရှိကို ရှိသေးတယ်။ (ယောက်ျား၊ မိန်းမတင်မက၊ အခြားအခြားသော မလိုလားအပ်တဲ့ ခွဲခြားမှုတွေလည်း တစ်ပုံတစ်ပင်။) ဘယ်အချိန်မှာမှ ဒီလို မကောင်းတဲ့ ခွဲခြားမှုတွေ လုံးဝဥဿုံ ပပျောက်မလဲဆိုရင် ဘယ်တော့မှ လုံးဝဥဿုံတော့ မပျောက်ဘူး။ ဒါပေမယ့် အားလုံးဟာ အဲဒီ လုံးဝဥဿုံ ပပျောက်ရေးကိုပဲ (ရောက်မှာ မဟုတ်ပေမယ့်) ဦးတည်ပြီး သွားသင့်တယ်။
    2. ကျား/မ မကောင်းတဲ့ ခွဲခြားဆက်ဆံမှု ဘယ်လောက်ဆိုးတယ် ဆိုတာကို တိုင်းတာတဲ့ အညွှန်းကိန်း index ရှိ/မရှိ သိချင်ပါတယ်။ Quantitative မဟုတ်ရင်တောင် အနည်းဆုံးတော့ qualitative သဘောမျိုး နှိုင်းယှဉ် တိုင်းတာတဲ့ အညွှန်းကိန်း မရှိဘဲ/မသုံးဘဲ ဘယ်နိုင်ငံက ဘယ်လောက် ဆိုးတယ်ဆိုပြီး ပြောရတာ အင်မတန် လက်ပေါက်ကပ်တယ်၊ သိသာလွန်းတဲ့ နိုင်ငံ နည်းနည်းလေးက လွဲလို့။
    3. လူများစု လက်ခံထားတဲ့ ကျမ်းဂန်လာ ထေရ၀ါဒ ဗုဒ္ဓဘာသာ (cannonical Theravada Buddhism) မှာလည်း ကျား/မ ခွဲခြားမှု ရှိတယ်။ ဗုဒ္ဓက တကယ်ဟောခဲ့သလား မဟောခဲ့သလား ဆိုတာကတော့ နောက်တစ်ပိုင်းပဲ။ ဂေါတမ ဗုဒ္ဓသာ အခုခေတ်မှာ ရှိသေးရင် သူချခဲ့တဲ့ ၀ိနည်းတချို့ကို ပြန်ပြင်ပေးမလား မပြင်ဘူးလား ဆိုတာလည်း နောက်တစ်ပိုင်းပဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။ ဘိက္ခူ၊ ဘိက္ခူနီမ ဥပဇ္ဇာယ် (စာလုံးပေါင်းမှားရင် ပြင်ပေးကြပါ) ဆရာ/ဆရာမ အရေအတွက် ကွာတာ၊ ဘိက္ခူဆီမှာ သွားသွားပြီး သတင်းပို့နေရတာတွေဟာ ဘိက္ခူနီမ သာသနာ အားကောင်းလာဖို့ jump start လုပ်တဲ့အနေနဲ့ ပညတ်ပြီးရင် သင့်တော်တဲ့ အချိန်တစ်ခု ရောက်လာရင် ဘိက္ခူ၊ ဘိက္ခူနီမ ပူးတွဲနာယက အဖွဲ့တစ်ခုကနေ ဆုံးဖြတ်ပြီး ပယ်ဖျက်ပေးသင့်တယ်။ ဒီလို ပညတ်ချက်မျိုးကို ၀ိနည်းလို့ ခေါ်မခေါ် မသိပါ။ ၀ိနည်းလို့ ခေါ်တယ် ဆိုရင်တော့ ၀ိနည်းကို ပြင်ဖို့ ပြောတာ အများက လက်ခံလိမ့်မယ် မဟုတ်။ ၀ိနည်း ပြင်တာကလည်း အင်မတန် အန္တရာယ် ကြီးသကိုး။ ဒီလို ဘိက္ခူ/ဘိက္ခူနီမ ဥပဇ္ဇာယ် ဆရာ အရေအတွက်မတူတဲ့ ပညတ်ချက် (၀ိနည်း) မျိုးကို ပြင်ချိန်တန်ရင် ပြင်ရမယ်လို့ ယူဆပေမယ့်၊ ၀ိနည်းကို ခေတ်နဲ့ လိုက်အောင် ပြင်ရင်း ပြင်ရင်းနဲ့ ဂေါပကအဖွဲ့က ဘုန်းကြီးတွေ ရန်ပုံငွေ တိုးပွားအောင် ငွေတိုးချပြီး ကိုယ်တိုင် စီမံခန့်ခွဲတာတို့၊ စတော့ဈေကွက် ထဲ ၀င်ကစားတာတို့တွေ လုပ်ကုန်ရင်တော့ မကြိုက်ဘူး။ ၀ိနည်း ပြင်မယ်ဆိုလည်း ဘယ်နေမှာစပြီး ဘယ်နေမှာ ရပ်မလဲဆိုတာ သြဇာ၊ သိက္ခာ၊ ပညာ ကြီးမားပြီး အမြော်အမြင်ရှိတဲ့ ရဟန်းပညာရှိ၊ လူပညာရှိတွေ ပူးပေါင်း ဆုံးဖြတ်သင့်တယ်လို့ ယူဆတယ်။
    4. မြန်မာပြည်မှာ (ဘိက္ခူနီ သာသနာ ခေါ်သလား၊) အမျိုးသမီး ရဟန်း(မ) သာသနာ ထွန်းကားသင့်သလောက် (ဒါမှမဟုတ် လုံးဝ) မထွန်းကားတာကို စိတ်မကောင်းပါ။ ရဟန်း ရှင်လူ အားလုံးမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။
    5. ဘုန်းကြီး တရားဟောရင် ဒကာကြီးတွေက ရှေ့ကနေပြီး၊ ဘိက္ခူနီမ တရားဟောရင် ဒကာမကြီးတွေက ရှေ့ကနေ နာမယ့် နေ့ကို မြင်ချင်ပါတယ်။ ရွှေတိဂုံ ဘုရား အထက်ပစ္စယံကို ဒကာကြီးတွေနဲ့ ဒကာမကြီးတွေ တစ်လှည့်စီ အချိန်ခွဲပြီး (မနက်ပိုင်း/ညနေပိုင်း၊ ဒါမှမဟုတ် ဒီနေ့/နောက်နေ့) တက်နိုင်မယ့်နေ့ကို မြင်ချင်ပါတယ်။ (အများစုက ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားတတ်လို့ အဲဒီ အမှောင့် distraction ကို ဖယ်တာ။) လူမျိုးရေးမှာ discrimination ရော၊ segregation ရောကို ဆန့်ကျင်ပေမယ့် ရဟန်း/ရဟန်းမ သာသနာမှာ discrimination ကိုဆန့်ကျင်ပြီး၊ segregation ကိုတော့ ကိစ္စပေါ်မူတည်ပြီး (case by case) ခွင့်ပြုသင့်ရင် ခွင့်ပြုရမယ်လို့ ထင်ပါတယ်။ မဟုတ်ရင် အဓိကရည်ရွယ်ချက် ပျောက်ကုန်မယ်။ (Otherwise, it’ll defeat the purpose.) ဆိုလိုတာက ဘိက္ခူ၊ ဘိက္ခူနီမ မခွဲခြားရေးကြောင့် ဘိက္ခူရော၊ ဘိက္ခူနီမရော တစ်ကျောင်းတည်း သီတင်းသုံးလည်း ကိစ္စမရှိဘူး၊ ကိုယ်သိက္ခာ ကိုယ်လုံရင် ပြီးတာပဲ လို့ ပြောလာခဲ့ရင်တော့ သဘောမတူပါဘူး။ (အခု မှတ်ချက် ထားခဲ့သူတွေရော၊ ရေးသူတွေ ထဲမှာပါ အဲဒီလို ပြောတဲ့လူ မပါပါဘူး။ ပြောလာခဲ့ရင်လို့ ပြောတာပါ။)
    6. သာသနာတော်ကြီး ၀မ်းဖောဝမ်းယောင် (ရှင် ဇနကာဘိဝံသ မိန့်ခဲ့တဲ့ စကားလို့ ထင်ပါတယ်) ဖြစ်နေတာ မဟုတ်ဘဲ၊ အခုထက် ပိုပြီးထွန်းကားမယ့် နေ့ကို မြင်ချင်ပါတယ်။ အခုနောက်ပိုင်းမှာ မြန်မာပြည် ဗုဒ္ဓသာသနာမှာ ထွန်းကားလာတာတွေ ရှိသလို၊ ဆုတ်ယုတ်သွားတာတွေလည်း ရှိနေတယ်ဆိုတာ အားလုံးလက်ခံလိမ့်မယ် ထင်တယ်။
    7. မိန်းမကျင့်၊ မိန်းမကြံ တို့၊ ထမီဝတ်ထားပါလားတို့၊ အလကားကောင် အခြောက်ကြီးတို့ စတဲ့ ခွဲခြားနှိမ့်ချတဲ့ စကားမျိုးကို မြန်မာ အများစု မသုံးတော့မယ့် နေ့ကို မြင်ချင်ပါတယ်။ ဆေးကျောင်း ၀င်ခွင့်အမှတ်၊ စက်မှုတက္ကသိုလ် ၀င်ခွင့်အမှတ်တွေကို ကျား/မ မခွဲခြားဘဲ လျှောက်ထားသူ တစ်ဦးချင်းရဲ့ အရည်အချင်း၊ ဘာသာရပ်နဲ့ ကိုက်ညီမှု စတာတွေကိုပဲ ကြည့်ပြီး လက်ခံမယ့်နေ့ကို မြင်ချင်ပါတယ်။ (ဒါကတော့ ပြဿနာကြီးထဲက ပြဿနာလေး ဖြစ်နေတော့ ခက်ပါတယ်။)
    8. မဟာ ဖို ၀ါဒ၊ မဟာ မ ၀ါဒ၊ မဟာ လူမျိုးကြီး ၀ါဒ၊ မဟာ လူမျိုးလေး ၀ါဒ၊ လူမျိုး တိုင်းပြည်နဲ့ ချီတတ်တဲ့ သိမ်ငယ်စိတ် (inferiority complex)၊ လူမျိုး တိုင်းပြည်နဲ့ ချီတဲ့ မဟာ မျက်ကန်း မျိုးချစ်စိတ်၊ အဲဒါတွေ အားလုံး မပြောပလောက်တဲ့ အဆင့်ထိ လျော့နည်း နိမ့်ကျသွားမယ့် နေ့ကို မြင်ချင်ပါတယ်။
    Posted by ပိုင် (Pi) | 01/07/2010, 03:28
    • (မိန်းမကျင့်၊ မိန်းမကြံ တို့၊ ထမီဝတ်ထားပါလားတို့၊ အလကားကောင် အခြောက်ကြီးတို့ စတဲ့ ခွဲခြားနှိမ့်ချတဲ့ စကားမျိုးကို မြန်မာ အများစု မသုံးတော့မယ့် နေ့ကို မြင်ချင်ပါတယ်)
      အင်း ဒီစာကို ဖတ်လိုက်ရတော့ ထူးဆန်းတာတစ်ခု စိတ်ထဲ ဖြစ်လာတယ်။ အဲဒီစကားလုံးတွေ ဆက်သုံးလို့ ရဖို့ ဆက်ရှိနေစေချင်မိတာ။ ဘာလို့ဆို ယောက်ျားလို မကျင့် မကြံ မပြောဆိုနိုင်တဲ့ ငတိတွေကို အဲဒီစကားလုံးနဲ့ နာအောင် ပြောချင်လို့။
      အဲဒီစကားလုံးကို အသုံးမကျတဲ့ ယောက်ျားတစ်ယောက်ကိုပြောလိုက်လို့ မိန်းမတွေက သူတို့ကို နှိမ်တယ် ဆိုတဲ့ sense ဝင်မလာဘူး (အနည်းဆုံးတော့ ကိုယ့်မှာ မဝင်ဘူး) သူတို့ကို နာအောင် ပြောလိုက်လို့ ရတဲ့ စကားလုံးလို့ပဲ sense ဝင်လာတယ်။
      အဲလိုသာ မသုံးကြတော့ရင် အဲလို အသုံးမကျတဲ့ ယောက်ျားတွေကို ထိအောင် ပြောဖို့ စကားလုံးအသစ် ထပ်ရှာရမယ်။ အဲဒီလို ပြောင်မြောက်ပြီး အဲဒီလို စကားနဲ့ တူညီစွာ သူတို့ကို ထိအောင် ပြောလို့ရမယ့် စကားလုံး အသစ်ပေါ့။
      နောင်လာ နောင်သား မိန်းမတွေ မိန်းမလို မိန်းမရ ကွယ်ရာ အတင်းပြောပြီး ကိုယ့်စကားကိုယ် တာဝန်မယူရဲတဲ့ အသုံးမကျတဲ့ ယောက်ျားတွေကို ပြောဖို့ စကားလုံးအသစ် ဒီနေ့ကစလို့ ရှာရတော့မယ်။
      စကားလုံးဆိုတာ စကားလုံးသက်သက်ပါပဲ။
      တခါတလေမှာ သူ့အနက်အဓိပ္ပါယ်က သုံးသူရဲ့ sense မှာ ပေါ်မလာတော့ဘူး။ ဥပမာ – ကျွန်တော်၊ ကျွန်မ။ ဒီလို သုံးပြီး ပြောလို့ စိတ်ထဲမှာ ကျွန် ဆိုတဲ့ sense ဝင်မလာသလိုပေါ့။
      ကြုံလို့ ပြောရရင် ခင်ဗျား ဆိုတာလည်း “သခင်ခင်ဗျား” ဆိုတာက လာတယ် ဆိုတယ်။ ဒါပေမဲ့ ခင်ဗျား လို့သုံးတာ ရိုင်းတယ်ဆိုပြီး ဆတ်ဆတ်ခါတဲ့ လူလည်း တွေ့ဖူးတာပါပဲ။
      ကျွန်မတစ်ယောက်တည်း သဘောကို ပြောရရင်တော့ ဒီလို စကားလုံးတွေ ပျောက်ဖို့ထက် အဲဒီလို ယောက်ျားလိုလို ယောက်ပြားလိုလို အသုံးမကျတဲ့ စိတ်နဲ့ သတ္တဝါတွေ ပျောက်သွားဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်။
      Posted by RITA | 01/07/2010, 07:58
      • ငတိတွေကို နာစေချင်ရင် တခြား နာမယ့် စာလုံးတွေ သုံးလို့ ရပါတယ်ဗျာ။ ဥပမာ မိန်းမကျင့်၊ မိန်းမကြံလို့ သုံးလေ့ရှိတဲ့ အခြေအနေတွေ အများကြီးထဲက လိမ်ညာကောက်ကျစ်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အခြေအနေအချို့ဆိုရင် “မိန်းမကျင့်၊ မိန်းမကြံ” လို့ ပြောမယ့်အစား “စိဉ္စမာဏဉာဏ်၊ စိဉ္စမာဏကြံ” လို့ ပြောနိုင်ပါတယ်။ မဟုတ်ရင် မိန်းမ ဈေးကျလှပါတယ်။ ဒါဥပမာပါ။ နောင်ကို ငတိတစ်ကောင်ကောင်ကို နာအောင် ပြောချင်စိတ် ပေါက်လာရင် ကျွန်တော် ဘာပြောမိလဲဆိုတာ ကိုယ့်ဖာသာ သတိထားပြီး မှတ်ထားပါမယ်။ အစားထိုး စကားလုံးအတွက် စာရင်းပြုစုလို့ ရတာပေါ့။😀
        Posted by ပိုင် (Pi) | 02/07/2010, 02:00
      • ဟုတ်တယ်။
        ခုမှ အိုင်ဒီယာရလာတယ်။
        စိဉ္စမာဏဉာဏ်၊ စိဉ္စမာဏကြံ က အဓိပ္ပါယ်ကတော့ နာစရာပါပဲ။ ဒါပေမဲ့ ပါဠိလို ဖြစ်နေတော့ sense အရ က သိပ်မထိရှဘူး။ အဓိပ္ပါယ်နဲ့ပဲ မလုံလောက်ဘူး တကယ်တော့။
        မိန်းမပျက်ကျင့် မိန်းမပျက်ကြံ ဆိုရင် ပိုကောင်းမလား မသိ။ နေဦး ဒီထက်ကောင်းတာ စဉ်းစားဦးမယ်။
        ကိုယ်ပြောတဲ့စကား ကိုယ် ပြန်မရှင်းဘဲ အိညောင့်အိညောင့် ဖြစ်နေတဲ့ ကောင်တွေအတွက် တန်ရာတန်ရာဖြစ်အောင်။
        Posted by RITA | 02/07/2010, 03:28
      • ရီတာက ပိုင်ပိုင်နိုင်နိုင် ဆော်ပလော်တီးတတ်တာပဲ။ ထွက်လာမှာပါ။ ထိထိမိမိ ရှိတာလေးတွေ တွေ့လည်းမျှဖို့ မမေ့နဲ့ဦးနော်.😀
        Posted by zizawa | 02/07/2010, 12:14
  32. ဆရာခင်ဗျား ကျွန်တော်ရဲ့အမြင်များကို ရိုးရိုးသားသားရေးတာပါ။
    ဆရာကိုတိုက်ခိုက်လိုစိတ်၊စော်ကားမော်ကားပြုလိုစိတ်များလုံးဝမရှိပါ။
    ဒါကိုလိပ်ပြာသန့်စွာပြောရဲပါတယ်။
    ကျွန်တော်နဲ့ဆရာအမြင်မတူလို့ဖြစ်မှာပါ။
    ကျွန်တော်စကားသာ အမှန်လို့လည်းမထင်ပါဘူး ခင်ဗျာ။
    ကျွန်တော့်ရင်ထဲရှိသလောက် ကျွန်တော်တကယ်နားလည်သလောက်ပဲရေးတာပါ။
    မှားတာများပါရင်လည်း သင်ကြားပေးပါခင်ဗျာ။ဆရာ သင်ကြားတာဟာ တကယ်ကိုကျွန်တော်
    လိုက်နာထိုက်တယ်လို့ ကျွန်တော်ယူဆရင် ကျွန်တော့်အမှားကို ကျွန်တော်ပြင်ပါ့မယ်။
    ကတိပေးပါတယ်။ဆရာမှမဟုတ်ပါဘူး မည်သူမဆိုပါ။ကျွန်တော့်ကို ဆုံးမလို့ရပါတယ်။
    ကျွန်တော်ဥာဏ်မီသလောက် လိုက်နာသင့်တယ်လို့ ယူဆရင်လိုက်နာပါမယ်။
    ဆရာခင်ဗျား…-ယောက်ျားများလည်း ကိုယ်လက်အင်္ဂါချို့တဲ့နေရင်လည်း ရဟန်းမခံလို့မရပါဘူး ဆရာ။
    ကျွန်တော်ပြောတဲ့ ယောက်ျားနဲ့မိန်းမခန္ဓာကိုယ်ရဲ့မတူပုံဆိုတာ အသားဖြူခြင်း၊အသားမဲခြင်းလိုဆိုတာမျိုးနဲ့မဆိုင်ပါဘူးခင်ဗျာ။
    မိန်းမတွေမှာ ရာသီပန်းပွင့်ရတာတွေ၊ကိုယ်ဝန်ရှိသွားနိုင်တာတွေ၊ယုတ်မာသောယောက်ျားများရဲ့
    အနိုင်ကျင့်ခံရမှာတွေကြောင့်လည်း လုံခြုံမူဆိုတာလိုပါတယ်။နောက်ဘယ်လောက်ရိုးသားတယ်
    ပြောပြော အခန့်မသင့်ရင်အစွပ်စွဲခံရနိုင်တာတွေရှိပါတယ်။(ဗုဒ္ဓကသူကိုယ်တိုင်တောင်မှ မိန်းမနဲ့
    ယိုးစွပ်ခံရပါတယ်။သူကိုယ်တိုင်လည်း အကြိမ်ကြိမ်အသက်ကိုလုပ်ကြံခံရပါတယ်။
    သူ့ရဲ့တပည့်သာဝကအရှင်မဟာမောဂ္ဂလာန်ဆိုတဲ့ ယောက်ျားရင့်မကြီးတောင်မှ သူခိုးတွေရိုက်တာ
    အရိုးတွေကြေပြီးသေဆုံးခဲ့ရပါတယ်။)
    နောက်တချက်က အဲဒီအချိန်မှာ ဗုဒ္ဓကအားလုံးနဲ့ဆန့်ကျင်ဘက်အယူအဆအသစ်ကိုချပြနေတာပါ။
    အသစ်ကြီးကို ချပြနေတာ။သူ့ထက် အစဉ်အလာကြီးခဲ့တဲ့ အယူအဆတွေ၊ယုံကြည်မူတွေ၊ကိုးကွယ်မူ
    တွေဆိုတာ အုံးအုံးထလို့ အများကြီး။
    ဗုဒ္ဓက ဒီအချိန်မှာအားလုံးကိုတော်လှန်နေရတာ။
    ဘယ်လောက်ရန်သူများမလည်း စဉ်းစားသာကြည့်ကြပါတော့။အိန္ဒိယနဲ့မိန်းမဆိုတာကလည်းကြည့်ဦးလေ။
    အဲဒီလိုကာလမှာ မိန်းမဆိုတာကို ဘုရားက လောကရဲ့အထူးစံပြပုဂ္ဂိုလ် သံဂါဆိုတဲ့ အဖွဲ့အစည်းထဲထည့်ရမှာလေ။
    အများအမြင်မှာလက်ညိုးထိုးစရာဖြစ်တော့မှာပေါ့။မိန်းမပါလာပြီဆိုကတည်းက သံဃာအဖွဲ့အစည်းကို
    နဂိုကမှပြောချင်နေတဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်တော့မပေါ့။
    ဒါကြောင့်လွယ်လွယ်နဲ့လည်းမပေးပါဘူး။မပေးချင်မှတော့ အစကတည်းကမပေးယုံပေါ့။
    ဘုရားပဲ ခေါင်းဆောင်ပဲ သူမပေးလည်းရပါတယ်။အရှင်အာနန္ဒာပြောမှပေးတာမဟုတ်ပါ။
    အရှင်အာနန္ဒာဆိုတာ ဘုရားကိုဘုရားမဖြစ်ခင်နောင်တော်ဘ၀ကတည်းကရိုသေလာတာပဲ ဘုရားပြီးပြီးပါတယ်။
    မပေးချင်ရတာပဲ။
    ယောက်ျားသား ရဟန်းတစ်ယောက်တောထွက်လို့ တောထဲမှတရားသွားကျင့်လိုဘာမှပြောကြမှာ
    မဟုတ်ဘူးလေ။ဒါမျိုးဆိုတာ ဗုဒ္ဓမပေါ်ခင်ကတည်းကလည်းရှိခဲ့တာပဲ ပြဿနာမဟုတ်ဘူး။
    အဲ မိန်းမသားရဟန်းတစ်ယောက်တောထွက်လို့ကတော့ ဟေ့ ဟေ့ ဟေး။တက်လိုက်မယ့် ပြဿနာ။
    ဒါတွေကြောင့်လည်းပါမှာပါ။ကျွန်တော်ခန့်မှန်းကြည့်တာပါ။
    -ဗုဒ္ဓဘာသာမှာ မိန်းမတွေကို တန်းတူအခွင့်အရေးရှိမရှိတော့မသိဘူး မိန်းမများမှာလည်း ဘုရားဆုပန်ချင်ရင်တောင် ပန်လို့ရပါတယ်။ ဆုပန်တာပါဆုတောင်း
    တာမဟုတ်ပါဘူး အရည်အချင်းတွေဖြည့်ရမှာပါ အလုပ်လုပ်ရပါမယ်။ဒီလိုအလုပ်လုပ်လို့
    အရည်အချင်းဖြည့်လို့မှ ပါရမီပြည့်ရင် အရည်အချင်းပြည့်မီတဲ့ အချိန်ကျရင် ဘုရားဖြစ်မှာပါ။
    ကိုယ်တိုင်တောင် ဘုရားဖြစ်ခွင့်ရမှတော့ ဘာများထပ်ပြောဖို့လိုတော့လို့လည်း။(ဒါပေမယ့်
    ဘုရားက ဘုရားဆုပန်တာကိုအားမပေးပါဘူး။လောကအရှုပ်ထုပ်ထဲကနေမြန်မြန်ထွက်ခဲ့ဖို့ပဲ အားပေးခဲ့ပါတယ်။ဘ၀ဆိုတာကိုမစင်နဲ့နှိုင်းပါတယ် နည်းနည်းလေးလည်းနံတယ် များများကြီးလည်းနံတယ်တဲ့)
    -ဗုဒ္ဓဘာသာလို့သာပြောရတယ် တကယ်တော့ကိုးကွယ်မူဘာသာမဟုတ်ပါဘူး။
    ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ကပြောပြသွားတဲ့ အကြောင်းအကျိုးဖြစ်စဉ်တွေ၊
    ဒီဖြစ်စဉ်တွေရဲ့သဘောသဘာဝတွေပါ။ဒီဖြစ်စဉ်တွေဟာ စက်ဝိုင်းပုံနဲ့နိုင်းလို့ရတယ်။
    လည်ပတ်ခြင်းသဘောရှိတယ်။ဒီဖြစ်စဉ်ထဲမှာဆုံးစမရှိလည်နေရတာဟာ
    ပင်ပန်းဆင်းရဲစေတယ်။ ဒီဖြစ်စဉ်ကနေလွတ်မြောက်သွားအောင်လုပ်လို့ရတယ်။
    လုပ်နည်းတွေ့ထားတယ်။လုပ်နည်းကဒါကွ ဆိုပြီးတော့ နည်းလမ်းချပြသွားတာပါ။
    ဒီနည်းလမ်းအတိုင်းလုပ်ဖို့ကတော့ မိမိနဲ့သာဆိုင်ပါတယ်။
    ဒီနည်းလမ်းနဲ့လျောက်သွားလို့ လွတ်မြောက်မူကိုခံစားသိရပြီဆိုရင်တော့ဗုဒ္ဓကသူကို
    နားလည်လိမ့်မယ်လို့ပြောပါတယ်။ဒါပေမယ့် ဒါဟာအလကားတော့မရပါဘူး သူပြောတဲ့အတိုင်း
    လေ့ကျင့်ရင်းနေထိုင်ရပါလိမ့်မယ်။အလုပ်သဘောဆောင်ပါတယ်။အလကားဆုတောင်းနေရုံနဲ့တော့
    မရပါဘူးဆိုတာ အားလုံးနားလည်ပါတယ်။
    -လိမ္မော်သီးတစ်လုံးရှိပါတယ်။
    အခွံကိုခွာပြီး အထဲကအသားကိုစားလည်းရပါတယ်။
    အခွံကိုမခွာပဲအခွံနဲ့အတူအသားကိုကိုက်ပြီးစားမယ်ဆိုလည်းရပါတယ်။
    အခွံကိုခွာပြီး အခွံကိုချည်းပဲစားလည်းရပါတယ်။
    ဘာကိုမှမစားပဲလည်းနေလို့ရပါတယ်။
    ကိုယ့်သဘောပါ။
    ဗုဒ္ဓကတော့ ဘ၀ပေါင်းများစွာအပင်ပန်းအဆင်းရဲခံပြီး လိမ္မော်သီးနဲ့တူတဲ့ လောကရဲ့တကယ့်အမှန်တရား၊
    ဘ၀ရဲ့ကျေးကျွန်အဖြစ်မှ လွတ်လပ်ရေးဆိုတာကို ပေးခဲ့ပြီးသွားပါပြီ။အခုသူလည်းမရှိတော့ပါဘူး။
    သူကိုယ်စားသူ့ရဲ့တွေ့ရှိချက်တွေ၊သင်ကြားထားမှုတွေကို စောင့်ရှောက်မယ့်သူ၊သင်ကြားပေးမယ့် ဗုဒ္ဓရဲ့မျိုးဆက်တွေကိုလည်းချန်ထားမွေးထုတ်ထားခဲ့ပါပြီ။တာဝန်ကျေသွားပါပြီ။သူ့ကိုမကောင်းကြောင်း
    ပြောမယ့်သူ၊ကောင်းကြောင်းပြောမယ့်သူတွေကိုလည်းမသိတော့ပါဘူး။
    သူချန်ထားခဲ့တဲ့အသီးကိုသာ တချို့ကအခွံကိုစားသုံးကြတယ်။
    တချို့က အသားကိုစားသုံးကြတယ်။
    တချို့က အခွံကိုရောအသားကိုပါစားသုံးကြပါတယ်။
    တချို့များကြတော့လည်း အသီးကိုရှိလို့ရှိမှန်း စားရကောင်းမှန်းတောင် မသိကြပါဘူး ဆရာ။
    Posted by koaung | 01/07/2010, 05:55
    • “ဗုဒ္ဓကအားလုံးနဲ့ဆန့်ကျင်ဘက်အယူအဆအသစ်ကိုချပြနေတာပါ။
      အသစ်ကြီးကို ချပြနေတာ။သူ့ထက် အစဉ်အလာကြီးခဲ့တဲ့ အယူအဆတွေ၊ယုံကြည်မူတွေ၊ကိုးကွယ်မူ
      တွေဆိုတာ အုံးအုံးထလို့ အများကြီး။
      ဗုဒ္ဓက ဒီအချိန်မှာအားလုံးကိုတော်လှန်နေရတာ။”
      ကျွန်တော်အပေါ်မှာ သမိုင်းကြောင်း နည်းနည်းရေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာ Sramana လှုပ်ရှားမှုရဲ့ အကိုင်းအခက်တစ်ခုဖြစ်ကြောင်းပါ။ ကျနော် အဲဒါကို လိုက်ဖတ်ခဲ့တုန်းက အတော်တုန်လှုပ်ခဲ့တာ တစ်ခုက ဗုဒ္ဓဘာသာသည် ကျနော်အစက ယူဆထားသလို အတွေးအခေါ်အသစ် စက်စက် မဟုတ်ဆိုတာကိုပါ။ ကျနော်နဲ့ သဘောမတူလို့ရပါတယ်။ စိတ်ဝင်စားရင် နည်းနည်းလောက် လိုက်ဖတ်ကြည့်သင့်တယ်လို့တော့ အားပေးတယ်။
      Posted by WinSg | 01/07/2010, 18:02
      • “ဗုဒ္ဓကအားလုံးနဲ့ဆန့်ကျင်ဘက်အယူအဆအသစ်ကိုချပြနေတာပါ။
        အသစ်ကြီးကို ချပြနေတာ။သူ့ထက် အစဉ်အလာကြီးခဲ့တဲ့ အယူအဆတွေ၊ယုံကြည်မူတွေ၊ကိုးကွယ်မူ
        တွေဆိုတာ အုံးအုံးထလို့ အများကြီး။
        ဗုဒ္ဓက ဒီအချိန်မှာအားလုံးကိုတော်လှန်နေရတာ။”
        –Ko Aung–
        ကျွန်တော် နားလည်တာက ဗုဒ္ဓဝါဒ = အနတ္တဝါဒ ။သူ့ထက် အစဉ်အလာကြီးခဲ့တဲ့ အယူအဆတွေ၊ ယုံကြည်မူတွေ၊ကိုးကွယ်မူတွေ = အတ္တဝါဒ
        “ကျနော် အဲဒါကို လိုက်ဖတ်ခဲ့တုန်းက အတော်တုန်လှုပ်ခဲ့တာ တစ်ခုက ဗုဒ္ဓဘာသာသည် ကျနော်အစက ယူဆထားသလို အတွေးအခေါ်အသစ် စက်စက် မဟုတ်ဆိုတာကိုပါ။”
        –WinSg–
        အတွေးအခေါ်အသစ် စက်စက် ဆိုတာ ဘာကိုဆိုလိုတာလည်း ဆိုတာရှင်းပြစေချင်ပါတယ်။
        Posted by zody | 02/07/2010, 06:07
      • @zody
        ကျွန်တော်ကြားဖူးတာပြောမယ်နော်။ သံသရာမှာ ကျင်လည်ရတာ မကောင်းဘူး။ သံသရာကလွတ်မြောက်အောင် လုပ်ရမယ်ဆိုတာကို ဂေါတမဗုဒ္ဓ လက်ထက် သူဘုရား အဖြစ်မရခင်ကတည်းက ပြောနေ လုပ်နေတဲ့လူတွေရှိတယ်။ ပဉ္စ၀ဂ္ဂီငါးပါးဟာ ဘုရားတော မထွက်ခင်ကတည်းက သာမဏအကျင့်ကျင့်နေတယ်လို့ မှတ်သားဖူးတယ်။ ဗုဒ္ဓက သံသရာကနေ လွတ်မြောက်အောင် ဘယ်လိုကျင့်ကြံရတယ်ဆိုတာကို မှန်မှန်ကန်ကန် ကိုယ့်ဒူးကိုယ်ချွန်တွေ့ရှိသွားတာပဲ ကွာတယ်လို့ ဖတ်ဖူးတယ်။ တနည်းအားဖြင့် ၀ိပ(သကြီး)နာကျင့်စဉ်ဟာ ဘုရားကလွဲပြီး ဘယ်သူမှ မတွေ့နိုင်၊ (ထို့ကြောင့် မပြနိုင်ခဲ့တဲ့) အရာလို့ နားလည်ထားတယ်။
        Posted by zizawa | 02/07/2010, 09:10
    • @zizawa
      ဟုတ်ပြီ။ အကိုးအကားလေးနဲ့ ရှင်းပေးရင် ပိုကောင်းမယ်ထင်ပါတယ်။ အခုဖြစ်နေတာက ပြောတဲ့သူရဲ့ အယူအဆတွေများနေတယ်ထင်လို့ပါ။ ဥပမာ- “ဂေါတမဗုဒ္ဓ လက်ထက် သူဘုရား အဖြစ်မရခင်ကတည်းက ပြောနေ လုပ်နေတဲ့လူတွေရှိတယ်။” ဆိုတဲ့ အချက်မှာ အဲဒီပြောနေတယ်ဆိုတဲ့ သူတွေဟာ ဘယ်သူတွေပါလဲ။ ဖတ်ဖူးရုံနဲ့တော့ ဗုဒ္ဓရဲ့ စကား တရားတွေကို ဆွေးနွေးလို့ အမှန်ရမည် မထင်ပါ။
      Posted by MayThandar | 02/07/2010, 17:06
      • ကိုယ့်စိတ်ကို ပြချင်လို့ကို ‘ကိုယ့်ဆရာ’ ဆိုတဲ့ စကားလုံးကို သုံးလိုက်တာပဲ။ လူတွေရဲ့  စိတ်ခံစားမှုကို အတွက်မှားသွားတယ်။ ဒီစကားလုံးအတွက် ထိခိုက်မှု ရှိခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။
        Posted by zizawa | 02/07/2010, 21:52
      • ဟုတ်ကဲ့။ လူတွေရဲ့ စိတ်ခံစားမှုဆိုတာထက် လူ့ အသိုင်းအ၀ိုင်းမှာ ထားရှိရမဲ့ ယဉ်ကျေးမှု လေးစားသမှုတွေအတွက် “ကိုယ့်ဆရာက” ဆိုတဲ့ အသုံးကို အတိအလင်း ကန့်ကွက်တာပါ။ ယဉ်ကျေးမှု လေးစားမှုမှ မရှိရင် လူ့အသိုင်းအ၀ိုင်း ဘယ်လို ဖြစ်သွားမလဲ စဉ်းစားစရာပါ။ ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ်။
        Posted by MayThandar | 03/07/2010, 04:38
      • ဘုရားရှင်ကိုယ်တော်မြတ်ကြီးလို့ ရိုရိုသေသေ ခေါ်ဝေါ်သုံးနှုံးနေတဲ့ ဘုရားကို ကိုယ့်ဆရာ လို့ ခေါ်တာ မသင့်တော်ပေမယ့် ရိုင်းတယ်လို့ ကျွန်တော် မယူဆပါ။ အဲဒိအတွက် သုံးတာပါ။ တချို့ အတွက်တော့ ဒီစကားလုံးဟာ ရိုင်းတယ်ဆိုတာ လက်ခံပါတယ်။ ရွှေတိဂုံ ဘုရားမှာ ရေသပ္ပယ်ရင်း ‘ကုလားထဲမှာ ဒီကုလားက အတော်ဆုံးပဲ’ လို့ ကနေ့ နံမယ်ကြီး အင်္ဂလိပ်စာ ကျူရှင်ဆရာတယောက်က ပြောဖူးပါတယ်။ ဒီစကားဟာလည်း ဘုရားကို ကြည်ညိုသူတွေကြားမှာ မသင့်တော်ပေမယ့် ရိုင်းတယ်လို့ ကျွန်တော်မယူဆမိပါဘူး။ မှန်တာတွေတောင် ပါပါသေးတယ်။ အတော်ဆုံးဟုတ်မဟုတ်တော့ မသိဘူး (ဟုတ်နိုင်ပါတယ်) ဘုရားကို ကုလားပြည်မှာ မွေးတာမို့ ကုလားလို့ ခေါ်တာကတော့ သမိုင်း အချက်အလက်အရ မမှားပါဘူး။
        Posted by zizawa | 03/07/2010, 08:24
      • “ဘုရားကို ကိုယ့်ဆရာ လို့ ခေါ်တာ မသင့်တော်ပေမယ့် ရိုင်းတယ်လို့ ကျွန်တော် မယူဆပါ။” — ဟုတ်ကဲ့ မသင့်တော်ဘူးဆိုတာကို သိနေမှတော့ ဘာကြောင့် သုံးနေတယ်ဆိုတာကိုပါ နားမလည်တော့ပါဘူး။ မသင့်တော်တဲ့ အသုံးတွေကိုလဲ စာဖတ်သူတွေ လိုက်နာကျင့်သုံးစေချင်တဲ့ သဘောလားဆိုတာကိုပါ နားမလည်တာပါ။ ဘာပဲဖြစ်ဖြစ် မသင့်တော်တဲ့ အသုံးအနှုံးကို မသင့်တော်မှန်းသိတဲ့ အတွက် ကျေးဇူးပါ။ 😉
        Posted by MayThandar | 03/07/2010, 16:05
    • ကျနော်ဆိုလိုချင်တာကလည်း Zizawa ပြောသလိုပါခင်ဗျ။ သာမဏ အကြောင်း ဒီ ပို့စ်ပေါ်မှာပဲ ကျနော် သိသလောက် ရေးထားတာလေးတွေ ရှိပါတယ်။ ကွန်မန့်တွေက ဘာသာရေးဘက် ပိုရောက်သွားတော့ စိတ်ဝင်စားလက်စနဲ့ Jainism အကြောင်း နည်းနည်း ဆက်ပြောချင်ပါတယ်။ Jain အကြောင်းပြောရတာက ဒီနေ့ထက်ထိ ရှင်သန်နေသေးတဲ့ Sramana ဘာသာတစ်ခု ဖြစ်နေလို့ပါ။ သူတို့ တွေမှာရှိတဲ့ အခြေခံ တရားတွေထဲမှာ ငါးပါးသီလ(Five Major Vows)တို့၊ ရတနာသုံးပါး(Three gems of Jainism)တို့ ပါပါတယ်။ ငါးပါးသီလကို ကံသုံးပါးနဲ့ တွဲထားတာလည်းတူတာပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာနဲ့ ထပ်တူတော့ မဟုတ်ပါ။ သေချာ နှိုင်းယှဉ်ကြည့်ရင် အတော်စိတ်ဝင်စားစရာ အတွေးတွေရပါတယ်။ အဘိဓမ္မာနဲ့ ပတ်သက်တာလေးတွေလည်း Wiki ထဲက အမြည်း ကူးချပေးပါမယ်။
      The concept of Karma in Jainism is basically a reaction due to the attachment or aversion with which an activity (both positive and negative) is executed in thought, verbal and physical sense.
      When one act without attachment and aversion there will be no further karmic bonding to the soul.
      Wiki ထဲမှာရေးထားတာတော့ Jain ဘာသာဟာ Indian ဘာသာရေးတွေထဲမှာ အတွေးအခေါ် အတော်လွတ်လပ်ဆိုပဲ။ တခြားဘာသာ ဘုရားကျောင်းတွေမှာ ဂေါပကတောင် လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။
      သူတို့မှာလည်း ရဟန်းမ (ဒီလိုပဲခေါ်လိုက်တော့မယ်) ရှိတယ်။ တဆက်တည်း မြန်မာပြည်က သီလရှင် တစ်ပါး သီရိလင်္ကာမှာ ဘိက္ခုဏီပြုဖို့ ကြိုးစားတာ မြန်မာ မဟာသံဃနာယက အဖွဲ့က တရားဝင်အရေးယူတာ ကြားလိုက်မိတယ်။
      ဒါနဲ့ပါတ်သက်တဲ့ နောက်တစ်ကြောင်းကို ထပ်ကူးပေးပါမယ်။
      Although both Buddhists and Jains had nuns orders, Buddhist Pali texts record Buddha saying that a woman has the ability to obtain Nirvana in the Buddha Dhamma and Vinaya. Jain traditions differ on the issue of female enlightenment, with the Digambara sect stating that women are capable of spiritual progress but must be reborn male in order to attain final spiritual liberation; and the Shvetambara sect maintaining that liberation (Moksha) is attainable by both males and females.
      ဒါက ဘာသာနှစ်ခုလုံးရဲ့ ရဟန်းမကိစ္စပါ။ များများတွေးနိုင်ကြပါစေ။
      Posted by WinSg | 02/07/2010, 17:28
  33. koaung နဲ့ အလှတရား တို့ရဲ့ဆွေးနွေးချက်များကို သဘောကျမိပါတယ်… အဲလိုတုံ့ ပြန်ဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးလဲတင်ပါတယ်..။ ကိုဝတုတ် တင်တဲ့ ပို့စ်တွေကို အတွေးအခေါ် ဆန်းသစ်လို့ အမြဲလို ဖတ်နေပေမဲ့ .. တခါတလေမှာ မလိုအပ်ဘဲ ဖောက်ထွက်တွေးခြင်းဟာ.. အများအတွက် အကျိုးမရှိစေဘူးလို့ မြင်မိပါတယ်။
    Posted by ခဂ္ဂါ | 01/07/2010, 07:29
    • ဒီ post ကတော့ မလိုအပ်တဲ့ ကိစ္စတွေကို ဆွေးနွေးတယ်လို့ မထင်မိပါဘူး။ ဒါလည်း ကိုယ့်အမြင်သက်သက်ကို ပြောတာပါ။
      နောက်ဆုံး မလိုအပ်ဘူး လိုအပ်တယ် ဆိုတာ ဘာကိုပြောတာလဲ ဆိုတာ သိဖို့လည်း လိုသေးတယ်။(<<< ဤကား အစ်ကို ဝတုတ်၏ လေသံ)
      Posted by Rita | 01/07/2010, 13:31
  34. ပို့စ်ရေးသားသူရော… အချို့သော ကွန်မင့်လုပ်သူများဟာ လိင်ခွဲခြားမှုရဲ့ သာဓကအနေနဲ့ ဘုရားပေါ် အမျိုးသမီးတက်ခွင့်မရှိတာကို ဥပမာပေးတာနဲ့ ပတ်သက်လို့ ကျနော်စဉ်းစားကြည့်မိပါတယ်။ ဘယ်ကျမ်းဂန် ဘယ်စာအုပ်မှ မှီငြမ်းတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ တွေးမိတာကို ပြောကြည့်မလို့ပါ။ သဘောတူချင်မှ တူပါ။
    ဟို..ရှေးခေတ်က အမျိုးသမီးတွေ ရာသီလာရင် အောက်ကနေ ခုရခံရတဲ့ အမျိုးသမီးသုံး ပစ္စည်းတွေ မရှိသေးဘူးလို့ ယူဆပါတယ်။ ဒီကနေ့ မြန်မာပြည်မှာတောင် အမျိုးသမီး အများစု မသုံးစွဲနိုင်ကြသေးပါဘူး။ ရာသီလာတဲ့အချိန်ဟာလည်း နာရီ၊ စက္ကန့်နဲ့ အတိအကျ မပြောနိုင်ပါဘူး။ စောလာတဲ့လူ၊ နောက်ကျလာတဲ့လူ စသဖြင့် ကြားဖူးပါတယ်။ နောက်ပြီး ဘတ်စ်ကားထိုင်ခုံတွေပေါ်မှာ အကွက်လိုက်ကျန်ခဲ့တာတွေ၊ ထမိန်မှာ အကွက်လိုက်နဲ့ လျှောက်သွားနေတာတွေကို တွေ့ရတယ်အခါ တချို့အနေနဲ့ မိမိရာသီလာလို့ လာနေမှန်း ရုတ်တရက် မသိတာတွေ ရှိနိုင်တယ်လို့ ကောက်ချက်ချမိပါတယ်။
    ဆိုလိုတာက ရာသီလာတာကို ယုတ်ညံ့တယ်လို့ ဆိုလိုချင်တာမဟုတ်။ အပြင်မှာ စွန်းထင်းတဲ့အခါ ညစ်ပတ်တယ်၊ မသန့်ရှင်းဘူးလို့ မိန်းမတွေရော ယောင်္ကျာတွေကပါ ယူဆကြပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ထိုင်ခုံအကွက်ပေါ်မှာ ဘယ်သူမှ ကိုယ့်ကို အပေခံပြီး မထိုင်ချင်ကြဘူးလေ။ မညစ်ပတ်ဘူးထင်ရင် ဝင်ထိုင်ပေါ့။
    ဒီတော့ အခုလို Hygenen product တွေ ခေတ်မစားသေးတဲ့ ရှေးတုန်းက ဘုရားရင်ပြင်တော်တွေ၊ ဘုရားပစ္စယံတွေမှာ မိန်းမတွေ ရာသီလာရင် စွန်းထင်းသွားမှာ စိုးရိမ်ကြလို့ မိန်းမမတက်ရတို့၊ မိန်းမ မကပ်ရတို့ ဆိုတာတွေကို မိန်းမတွေရော၊ ယောက်ျားတွေပါ သဘောတူပြဌာန်းခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲသည်ခေတ်က မိန်းမတွေကိုယ်တိုင်က သူတို့ကိုးကွယ်ရာ၊ အထွဋ်အမြတ်ထားရာ နေရာကို သူတို့ကြောင့် စွန်းထင်းမသွားစေချင်လို့ သူတို့စိတ်နဲ့ သူတို့ မသွားကြဘို့ အချင်းချင်း တားမြစ်ကြတာရော မဖြစ်နိုင်ဘူးလား။ လိင်ခွဲခြားချင်လို့ သတ်မှတ်ခဲ့တာ ဟုတ်ပုံမရပါဘူး။ (ကျနော့် မှန်းဆချက်ပါ)။
    နောက်ပိုင်း နှစ်တွေကြာလာတဲ့အခါ လူတွေက အကြောင်းရင်းကို မစဉ်းစားတော့ဘဲ “ဘုရားပေါ်ကို မိန်းမတွေ တက်ခွင့်မပြုဘူးတဲ့။ မိန်းမတွေကို နှိမ်တယ်” ဆိုတာမျိုး ပြောလာကြတာလို့ ယူဆရပါတယ်။
    Posted by ကိုပေါ | 01/07/2010, 08:05
  35. တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ပညာရေး, စီးပွားရေး, လူမှုရေးစသဖြင့် အဖက်ဖက်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အလမ်း ရှိသင့်တယ်။ ရှိအောင်လည်း အားထုတ်သင့်တယ်လို့ ယုံကြည်ပါတယ်။ သို့သော် ကွဲပြားခြားနားတဲ့ သဘာဝတွေအရ အခွင့်အလမ်း မတူညီမှုတွေကတော့ ရှိနေမှာပဲ။ (ဥပမာ လုံခြုံရေးတာဝန်မျိုးမှာ အမျိုးအများစုနဲ့ မသင့်တော်သလို၊ ကလေးထိန်းအလုပ်မျိုးမှာလည်း အမျိုးသားတွေနဲ့ မသင့်တော်သလိုမျိုး)
    ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာရဲ့ တရားအနှစ်သာရ နဲ့ အဖွဲ့အစည်းရှုထောင့်နှစ်ခုက ကြည့်သင့်ပါတယ်။ Core teaching ဖြစ်တဲ့ သစ္စာလေးပါးနဲ့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေမှာ ကျားမ ခွဲခြားမှု လုံးဝမရှိပါဘူး။ ဒါပေမယ့် ဒီတရားအနှစ်သာရတွေကို လူတွေထဲ ရောက်အောင် ဟောပြောဖို့, လက်ဆင့်ကမ်း သယ်ယူဖို့ဆိုတဲ့ ကိစ္စကတော့ လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်ပါတယ်။ ဗုဒ္ဓခေတ်က အိန္ဒိယလူ့အဖွဲ့အစည်းဟာ ဇာတ်ခွဲခြားမှု, ကျားမခွဲခြားမှု အလွန်များတဲ့ လူ့အဖွဲ့စည်းပါ (ဒီနေ့ခေတ်အထိ အရှိန်မကုန်သေးပါဘူး)။ ဒီတော့ ဗုဒ္ဓဘာသာရဲ့ institution ဖြစ်တဲ့ ဘိက္ခု, ဘိက္ခူနီသံဃာ အဖွဲ့အစည်းမှာ အဲဒီခေတ်လူ့အဖွဲ့အစည်းနဲ့ လုံးဝဆန့်ကျင်ဖက် မဖြစ်မယ့် အချက်တွေပါနေမှာပါဘဲ။ ဗုဒ္ဓဘာသာက “သစ္စာလေးပါးနဲ့ နိဗ္ဗာန်ရောက်ကြောင်း” ကိုသာ ဦးစားပေး ဟောတာဖြစ်ပြီး၊ လူမှုတော်လှန်ရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ ဒါတောင်မှပဲ သံဃာ့အဖွဲ့အစည်းရဲ့ ၀ိနည်းစည်းကမ်းတွေ, ဘိက္ခူနီသံဃာကို ခွင့်ပြုခဲ့တာတွေကို ကြည့်ရင် အဲဒီခေတ်ရဲ့ အစွဲအလမ်းအယူအဆ အတော်များများကို ဆန့်ကျင်ထားတာ တွေ့နိုင်ပါတယ်။
    Posted by ဧရာ | 01/07/2010, 14:45
  36. ကိုဝတုတ်ရေ၊
    ကိုဘိုဘိုလို စစ်ကူမဝင်နိုင်ခဲ့ဖူးဗျ၊ ကိုယ့်နယ်လည်းမဟုတ်၊ ရင်ဆိုင်ရမယ့် အခေါဘဏီတပ်ကြီးနဲ့ ပါဠိစာတွေ မွမ်းထားတဲ့ အဘိဓမ္မာတရားတွေက ကိုယ့်ကို ကျွမ်းပစ်သွားစေနိုင်တယ်လေ။ အထက်ကတစ်ဦး ဆိုခဲ့သလိုပဲ ဘာသာရေးမတွဲခင်အထိ အဆင်ပြေပါတယ်။ တွဲလာတဲ့အချိန်မှာ ကျနော်ဘရိတ်အုပ်လိုက်မိတာပါ။
    WinSg ဆွေးနွေးသွားတာတွေကို နေရာအတော်များများ သဘောကျပါတယ်။ သူထောက်ပြတဲ့သမိုင်းနဲ့ ပတ်သက်တာတွေဟာ သိနိုင်ရင် ကောင်းတယ်လို့မြင်မိပါတယ်။ တစ်ခု ဖြည့်လိုတာကတော့ အိန္ဒိယမှာ ဇာတ် ခွဲတဲ့ကိစ္စဟာ ဟိန္ဒူဘာသာ အမြစ်ကောင်းကောင်းတွယ်လာခဲ့တဲ့ အေဒီ ၅-၆ ရာစုလောက်မှ စတယ်လို့ ယူဆရပါတယ်။
    အချို့ဆွေးနွေးကြရာမှာ အိန္ဒိယသားတွေအပေါ် ယေဘုယျပုံချလိုက်တာမျိုးတွေရှိလို့ WinSg ရဲ့ သမိုင်းနဲ့ ဆက်နွယ်ပြီး gap ကလေးတွေကို ဖြည့်ပေးတာမျိုးလေးတွေ ပါရင်ကောင်းမယ်လို့ ထင်ပါတယ်။
    ကိုဝတုတ်ရဲ့ ဖီလို နောက်ခံနဲ့တွေးပြီး တင်လာတဲ့ ဆွေးနွေးချက်ရဲ့ သဘောသဘာဝ ကိုတော့ နားလည်ပေးလို့ရပါတယ်။ တစ်ဖက်ကလည်း မမှားပြန်ဘူးဗျ၊ အဲ … အဖျားလေး နည်းနည်းရှူးလာလို့ ဒီလောက်ပဲ ရပ်ထားအုံးမယ်ဗျာ၊ (ဘယ်သူ့ကိုမှတော့ မှားတယ်လို့ မပြောရဲပါ ခင်ဗျား)။
    Posted by မန်းကိုကို | 01/07/2010, 16:53
    • ဟုတ်ကဲ့။ စိတ်ဝင်စားတယ်ဆိုရင် Wikipedia မှာ လိုက်ဖတ်နိုင်ပါတယ်။ တခြား စွယ်စုံကျမ်းသုံးလည်း ရတာပါပဲ။ Buddhism, Jainism နဲ့ Sramana ဆိုပြီးရှာကြည့်ပါ။ ကျွန်တော် ဆယ်တန်းအောင်စက BC မှာ Indian religions ဆိုတဲ့ စာအုပ်တွေနဲ့ စဖတ်ခဲ့တာပါ။ စိတ်ဝင်စားလို့ နောက်ပိုင်း Wikipedia မှာ မကြာမကြာ ဆက်ဖတ်ဖြစ်ပါတယ်။ Jainism ဆိုရင် အတော် ဖတ်ဖြစ်နေသေးတယ်။ Hinduism နဲ့ Sramana ကူးလူးဆက်နွယ်မှုကလည်း စိတ်ဝင်စားစရာ နောက်တစ်ခုပါ။ အယူတွေ ဆန့်ကျင်နေပေမယ့် အပြန်အလှန် အကျိုးပြုမှု ရှိခဲ့ပါတယ်။ အခုပြောနေကြတဲ့ Gender ကိစ္စ အပါအဝင်ပေါ့။ မဟာယနဖက်တော့ သိပ်မဖတ်နိုင်သေးပါ။ ကျနော့အတွက်တော့ ဘာသာရေးနဲ့ ပတ်သက်လို့ မျက်စေ့ အများကြီး ပွင့်သွားစေခဲ့တယ် ထင်ပါတယ်။ တချို့ကတော့ ဗုဒ္ဓဘာသာကို ပုတ်ခတ်နေတယ်လို့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမယ့် အဲဒီဗုဒ္ဓဘာသာဆိုတာ ဘာလည်းဆိုတာတော့ လေ့လာသင့်တယ်ထင်ပါတယ်။
      ကျေးဇူးပါ။
      Posted by WinSg | 01/07/2010, 18:28
  37. I just stopped thinking how to answer this.
    Nothing can compare Buddha’s Wisdom. Thank you.
    Posted by Aung Aung Oo | 02/07/2010, 02:14
  38. I just stopped thinking about how to answer this.
    Nothing can be compared to Buddha’s Wisdom. Thank you.
    Posted by Aung Aung Oo | 02/07/2010, 02:15
  39. “-ဗုဒ္ဓဘာသာလို့သာပြောရတယ် တကယ်တော့ကိုးကွယ်မူဘာသာမဟုတ်ပါဘူး။
    ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ကပြောပြသွားတဲ့ အကြောင်းအကျိုးဖြစ်စဉ်တွေ၊
    ဒီဖြစ်စဉ်တွေရဲ့သဘောသဘာဝတွေပါ။”
    ko aung ဆွေးနွေးတင်ပြသွားတာကို သဘောကျ လက်ခံပါတယ်။ ko aung တို့လို အနှစ်သာရကို ထိထိရောက်ရောက် ဖွင့်ဆိုနားလည်နိုင်တဲ့ တကယ်ပညာတတ်တဲ့ သူတွေလည်း များများပေါ်ပေါက်လာစေချင်ပါတယ်။ ကိုယ်တိုင်လည်း လိမ္မော်သီးရဲ့ အခွံရော အသီးရောကို အအသုံးချတတ်အောင် ကြိုးစားနေပါတယ်။
ုko aung ရဲ့ ဆွေးနွေးချက်ကို ဖတ်ရတာ တကယ် ကျေးဇူးတင်ပါတယ်။😉
    Posted by Truth | 02/07/2010, 09:39
  40. ကိုယ့်ဆရာလို့သုံးလိုက်တာမှာ ဗုဒ္ဓကို လူသားစစ်စစ် အနေနဲ့ပြလိုက်သလို ဖြစ်တဲ့အတွက် သူ့ကို အတွေးအခေါ်အမြော်အမြင်ကြီးတဲ့ ဖလော်ဆော်ဖာ လူသားတယောက်အနေနဲ့ လက်ခံထားတဲ့လူမျိုးအတွက် ကောင်းကောင်းလက်ခံနိုင်ပါတယ်။ ဒါမှလည်း သူ့ရဲ့ လမ်းစဉ်တွေ၊ သူ့ရဲ့ ဝါဒ နဲ့ ဖလော်ဆော်ဖီကို တွေးကြည့် မြင်ကြည့်တဲ့ အခါ အကုန်လုံးမှန်ရမယ်ဆိုတဲ့ အချက်ကို ခေါင်းထဲမှာမထားပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်လို့ တောင်ယူစလို့ ရပါတယ်။ ကျွန်တော့အမြင်သက်သက်ပါ။ စာရေးသူ အနေနဲ့ စော်ကားချင်တဲ့ သဘောပါလိမ့်မယ်လို့ မထင်ပါ။
    Posted by မျိုးဇေယျာဦး | 03/07/2010, 13:25
    • ဟုတ်ကဲ့။ ဗုဒ္ဓ လူသားစစ်စစ် ဖြစ်တယ်ဆိုတာကို ဗုဒ္ဓဘာသာဝင်တွေတင်သာမက တကမ္ဘာလုံးက လူသားတိုင်း သိကြပါတယ်။ မသင့်တော်ဘူးဆိုတဲ့ စကားလုံးကို သုံးလိုက်မှ ဗုဒ္ဓ လူသားဖြစ်တယ်ဆိုတာထက် သုံးလိုက်တဲ့ လူရဲ့ အတွေးခေါ်ကို အယူအဆတွေကို ထိခိုက်သွားစေနိုင်ပါတယ်။ နောက်တချက်က ဗုဒ္ဓရဲ့ စကား တရားတွေကို တွေးကြည့်ရုံနဲ့တော့ အမှန် တိတိကျကျ ထွက်လာမည် မထင်ပါ။ ဗုဒ္ဓ ကိုယ်တော်တိုင်ပြောကြား(ဟောကြား) ခဲ့တာပဲ။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်ပါတဲ့။ ko aung ဆွေးနွေးသလို လိမ္မော်သီးကို အခွံရော အသားရောစားနိုင်အောင် ကြိုးစားပြီးမှ သေချာ ဆွေးနွေးစေချင်ပါတယ်။ စာဖတ်ဖူးရုံ တွေးကြည့်ရုံနဲ့တော့ ကိုယ်အားသန်တဲ့ အယူအဆတွေပဲ ထွက်လာဖို့များတယ် ထင်ပါတယ်။ ဟုတ်ကဲ့။ ကျေးဇူးပါ။😉
      Posted by MayThandar | 03/07/2010, 16:13
      • “Believe nothing, no matter where you read it, or who said it, no matter if I have said it, unless it agrees with your own reason and your own common sense.”
        Buddha
        Buddhism is one of the very few religions in history that strongly encourage and practice reason. Without a free mind and liberal reasoning, there will be no Buddhism because Buddha himself thought free and never avoided debates with other religions or persons. And there were many evidences that he also accepted some well reasoned requests including ဘိက္ခူဏီ in this post.
        Posted by WinSg | 04/07/2010, 20:51
    • “Buddha himself thought free and never avoided debates with other religions or persons.” — Sure! That’s why, it is called Buddha and Buddhism.
      Debate လုပ်တာတော့ လုပ်ပေါ့။ လုပ်တဲ့ အခါမှာ သေချာလေ့လာပြီးမှ လုပ်တာက ပိုကောင်းတာပေါ့။ အထင်အမြင်နဲ့ debate လုပ်နေလို့ကတော့ ဗုဒ္ဓနဲ့ ပတ်သက်ပြီး Negative Thinking ရှိနေတဲ့သူက အဖြေတမျိုး, Positive Thinker က တမျိုး ဖြစ်နေရင် အကျိုးမရှိ အချိန်ကုန်တာပဲ ဖြစ်မှာပေါ့။ ဒီတော့ debate မလုပ်ခင် The objective of Buddhism ကို သေချာလေ့လာပြီး နဲနဲလောက် apply လုပ်ကြည့်ပြီးမှ debate လုပ်တာ ပိုကောင်းမယ်ထင်တယ်လေ။ Theory တခုကို သက်သေပြမယ်ဆိုရင်တောင် အနည်းဆုံးတော့ apply လုပ်ပြရသေးတာပဲ။ အားလုံးသိပြီးသားပါ။ အထင်နဲ့ ဖတ်ဖူးရုံနဲ့ Debate လုပ်နေလို့ကတော့ မည်သည့်အခါမျှ အဖြေမှန်ထွက်လာမည်မထင်ပါ။ စာတွေ့မဟုတ်ဘဲ နဲနဲလောက် apply လုပ်ကြည့်ပါဦး။ စာတွေပဲဖတ်ပြနေ ရေးပြနေရုံနဲ့ ဘာသာတခုကို ယုံကြည်အောင် စွဲဆောင်တဲ့ အဆင့်ကနေတက်မည် မထင်ပါ။🙂
      Posted by MayThandar | 05/07/2010, 02:49
      • ဒီကိစ္စဟာ ဗုဒ္ဓဘာသာရဲ့ တရားကိုယ်နဲ့ ကျင့်စဉ်တွေကို စိစစ် ဆွေးနွေးနေခြင်း အထိ မရောက်ပါဘူး။ ဂိုဏ်းဂဏ စည်းမျဉ်းစည်းကမ်းတွေကို context တစ်ခုပေါ်တင်ကြည့်နေခြင်းသာ ဖြစ်တယ်လို့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ ဒါကြောင့်လည်းဝင်ပါတာပါ။ တရားကိုယ် အနှစ်အသားတွေအထိ ရောက်လာခဲ့ရင် ဝင်မပါချင်ပါ။ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးရာမှာ Apply လုပ်ကြည့်စရာမလိုဘူးလို့ ထင်တယ်။ ကိုယ်စီးမယ့်ကား ဘီးပေါက်နေသလား သိချင်တာကို မောင်းကြည့်စရာ မလိုသလိုပေါ့။ အင်ဂျင်ပါဝါတို့ အချိုးအကွေ့တို့ကို သိချင်ရင်တော့ မောင်းကြည့်ရပါမယ်။ ကျနော်ပြောချင်တာကို သဘောပေါက်မယ် ထင်ပါတယ်။
        Posted by WinSg | 05/07/2010, 07:11
      • ဟုတ်ကဲ့။ ပြောချင်တာကို သဘောပေါက်ပါတယ်။
        အဓိက က ဂိုဏ်းတွေအကြောင်း လေ့လာနေတာဆိုရင်လည်း ဆက်ပြီးလေ့လာကြပါ။ ဆွေးနွေးကြပါ။ နောက်ဆုံး ဂိုဏ်းတွေအကြောင်း ဆွေးနွေးပြီး ရလာမည့် အဖြေဟာ ဗုဒ္ဓ ဘာသာနဲ့ ဗုဒ္ဓစကားအတိုင်း လိုက်နာနေသူတွေအတွက် ဘာတွေ အကျိုးရှိလာမလဲ, ဘယ်လို အကျိုးရှိမဲ့ အဖြေမျိုးတွေ ထွက်လာမလဲ ဆိုတာကို ဆက်ပြီးဖတ်ပါမည်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။😉
        Posted by MayThandar | 05/07/2010, 08:48
  41. မိန်းမက မိန်းမဖြစ်လိုခွဲခြားခံကတာ..ကိုသောက်ကြီးသောက်ကြယ်…ယျဥင်္ကျေးသလို
    လူတတ်လိုလိုလုပ်ပီး အလုပ်မရှိအလုပ်ရှာနေတယ်..ညင်္ဏမမှီမမှီးဘူးဝံမခံပဲနဲ့ ..
    Posted by peterlay | 30/06/2011, 10:30
  42. ဟာ…..ခုမှ ဒီဘလော့ကို ဖတ်ဖူးတာ၊ ဘာသာရေး ဆွေးနွေးပွဲဆိုပီး စိတ်ဝင်စားလို့ ၀င်ကြည့်လိုက်တာ ဒီထဲက မိန်းမ များကို ယောက်ျားများနဲ့ ဘုရားရှင်က တန်းတူမထားခဲ့တဲ့ ကိစ်စကို တော်တော်ငြင်းခုန်နေကြတာပဲ ၊ ဘလော့ကို အစုန်အဆန် လှန်ကြည့်လိုက်တော့ လား လား…. သူတလူ ငါတမင်း ပါလား… အရှင်ဥာဏိသရ လဲ အကောင်းမနေရဘူး….. အပြုသဘော ငြင်းခုန်ကြတာတော့ ကောင်းတယ်ဗျို့ ။ ဒါပေမယ့် ဒီကိစ်စက ငြင်းနေဖို့မလိုဘူး.။။တည်တော ဆရာတော် အမေးအဖြေ မှာ ဘာကြောင့် ဗုဒက ဒီလိုခွဲခြားထားသလဲ ဆိုတာကို ကျမ်းကိုးနဲ့ ရှင်းထားတယ်။ မေးထားတဲ့ မေးခွန်းကလဲ အခု အထက်က ပုဂိုလ်များ ငြင်းခုန် နေကြသလို အပေါ်ယံမှုတ်ဘူးနော် ဆရာတော်ကို အားမနာ ပါးမနာကို မေးတာ။ ဒီမေးခွန်း -အဖြေ စုံတွဲကို အခု ဒီမှာတင်ပေးချင်ပေမယ့် အများကြီးမို့ စာမရိုက်နိုင်ဘူးဗျာ။ အဲ ဒီဟာနဲ့တင် ဘ၀င်မကျသူတွေ ရှိချင်ရှိမယ်။ ရှိရင် သမိုင်းကို ပါ ထပ်ပေါင်း။ သမိုင်းဆိုတာ မိန်းမတွေရဲ့ စွမ်းဆောင်ရည်သမိုင်း၊ ဘုန်းတန်ခိုးသမိုင်း စတာတွေကို ပြောတာ၊ အရှည်ကြီးဗျာ.. ဥပမာ တခုလောက်စဉ်းစာ။ ကဘာ့သမိုင်းမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်တဲ့ ဘုရင် အယောက် ၅၀ မှာ မိန်းမ အနဲဆုံးတစ်ယောက် ပါသလား။ ဒါဥပမာ တစ်ခု။ အဲ… အဲလို ဘာကြောင့်မပါတာတုံး။ ဘယ်သူက မပါပါနဲ့ လို့ ကန့်သတ်ခဲ့သတုံး။ လူ့သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ သိပ်ပံပညာရှင် နာမည်တွေ တပုံတပင်ရှိရဲ့။ မိန်းမ နာမည် လက်ချိုးရေလို့ ရပါတယ်။ မိန်းမတွေ သိပ်ပံသုတေ သန မလုပ်ရဘူးလို့ ဘယ်သူ ကန့်သတ်တုံး။
    ဒီကိစ်စ ကျနော်ရှင်းမယ် ။ အခု စာမရိုက်နိုင်လို့ မပီးရင် နောက်နေ့ ဆက်ရှင်းမယ်။ မပူနဲ့။ သံသယ ကင်းသွားစေရမယ်။ အဲ ကျနော် ရှင်းမယ်ဆိုတာ မိန်းမတွေကို ချိုးဖို့ မှုတ်ဘူး … ဘာကြောင့် ဆိုတာ ရှင်းမှာ။ အဲ ခုနက ဟာ ပြန်ဆက်ရအောင်။ ဒီကိစ်အကြောင်းပြောရင် ကျနော်တို့ ဘာဝ ဆိုတဲ့ အဓိပါယ် ပြည့်ပြည့်စုံစုံနားလည်ရင် တစ်လုံးထဲ ပီးတယ်။ ဒါပေမယ့် ဒီက ပုဂိုလ်တွေက အဲထက်ပိုတဲ့ ရှင်းလင်းချက် လိုချင်လိမ့်မယ်။ ဆရာတော်ကတော့ ဘာဝဆိုတာနဲ့ရှင်းသွားတယ်။ နောက်တချက်။ ဘုန်းတန်ခိုးဆိုတာလဲ ဒီမှာ အကျူံးဝင်လိမ့်မယ်။ သမိုင်းတစ်လျှောက် ဘုန်းတန်ခိုးကြီးခဲ့တဲ့ မိန်းမ ဘယ်နှစ်ယောက်ရှိခဲ့သလဲ ဆိုတာမျိုးပေါ့ အဲ ဟုတ်ပီ အဲဒါတွေ အားလုံး ဖြစ်မလာခဲ့တဲ့ မူရင်း ဇာစ်မြစ် ကလဲ ဘာဝ ပဲ။ ဆရာတော်ကို မေးထားတဲ့ အမေးကိုကြည့် ။ မိန်းမများ ကြိုးစားရင် ဒီဘ၀မှာတင် အာသဝေါ တောင် ကုန်နိုင်လျှက်သားနဲ့ ဘာကြောင့် မဟာဗြဟာ မဖြစ်နိုင်ရတာတုံးဆိုတဲ့ မေးခွန်းပဲ ။ သာမန် ဗြဟာတော့ ဖြစ်နိုင်တယ် ဒါပေါမယ့် မဟာ ဗြဟာတော့ မဖြစ်ဘူး ။ ဘာကြောင့်တုံး မြတ်စွာဘုရားကများ ဟေ့ နင်တို့ … အာသဝေါ ကုန်ချင်ကုန်မယ် .အဲဒီနေရာတော့ နင်တို့နဲ့ မတန်ဘူး လို့ မသွားရလို့ သတ်မှတ်ခဲ့သလား.. ဒါမှမဟုတ် ရှေးရှေး ဘုရားရှင်တွေက ဒီလို ခွဲခြားခဲ့လို့ သူက အစဉ်အလာအရ ခွဲခြားခဲ့တာလား……… ဒီမှာ ဆရာတော်က အင်္ဂုတရ ဧကနိပါ တပါဠိ ၂၉၊ အဌာနပါဠိ ဒုတိယ၀ဂ်ကို ကိုးကားပီးဖြေတယ် … ဘုရားက ဒီလိုဟောတယ်၊ လောကမှာ မဖြစ်ကောင်းတဲ့ ကိစ်စတွေ ရှိတယ်။
    ၁။ တစ်ခုသော လောကဓါတ်အတွင်း စကြာဝတေး မင်း ၂ပါး တပြိုင်နက်မဖြစ်ကောင်းဘူးး
    ၂။ မိန်းမများ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘုရား (ဒါရိုက်)မဖြစ်နိုင်ဘူး
    ၃။ သိကြား မဖြစ်နိုင်ဘူး
    ၄။မနာတ်မင်းမဖြစ်နိုင်ဘူး
    ၅။မာန်နတ် မင်းမဖြစ်နိုင်ဘူး
    ၆။ မဟာဗြဟာ မဖြစ်န်ုင်ဘူး
    ၇၊ ဒုစရိုက် ၃ ပါးဟာ ကောင်းကျိုးကို ပေးန်ုင်တဲ့ အကြောင်းမရှိဘူး။
    ဟုတ်ပီ ။ အာသဝေါတောင် ကုန်အောင်စွမ်းဆောင်လို့ရတယ်၊ မဟာဗြဟာဘုံဆိုတာက ပထမဈာဉ် ၃ ဘုံထဲက အမြင့်ဆုံးဘုံကို ပြောတာ။ အဲလောက်လေးကို ဘာကြောင့်မရနိုင်တာတုံး။ သူ့အထက် က သုဒါ ၀ါသဘုံ( အနာဂါမ်များ( ကျားမ အနာဂါမ်မရွေး) ရောက်သောဘုံ) တောင်ရောက်နိုင်တယ်ဗျာ။ မဟာဗြဟာဘုံကို ဘာကြောင့် မရောက်နိုင်ရတာတုံး။ ဒီမှာ ဆရာတော်က ရှင်းတယ် ။ မိန်မများဟာ ဈာဉ်ရအောင် တော့ အားထုတ်နိုင်တယ်။ ဒါပေမယ့် အာနုဘော်ထက်မြက်အောင်တော့ မထုတ်နိုင်ဘူး။ ထက်မြက်အောင် မဆိုထားနဲ့ အလယ်အလတ်အဆင့် အာနုဘော်ထက်မြက်အောင်တောင် မထုတ် နိုင်ဘူးတဲ့။
    why?
    ဘယ်ဘုရားရှင်မှလဲ အားမထုတ်နိုင်အောင် မကန့်သတ်ခဲ့ဘူး။ ဘုရားက သူ့ဓမတာ ဖြစ်ရိုးဖြစ်စဉ်ကိုပဲ ခင်ဗျားတို့သိအောင်ဟောခဲ့တာ။ ဆိုလိုတာက
    describe ပဲ လုပ်ခဲ့တယ်ဗျာ intervene မလုပ်ခဲ့ဘူး လုပ်လို့လဲ မရဘူး။ ဓမတာမို့ပဲ။ အဲ အထက်က ကတ်သီးကတ်သတ် အကြီးအကျယ်စဉ်းစားတတ်တဲ့ ပုဂိုလ်များက(ဥပမာ-ဗုဒ္ဓစာပေရယ်လို့ ကျန်ခဲ့တဲ့အထဲက ဘလောက်က သူဟောတာအစစ်အမှန်ပါပီး ဘလောက်က ကုလားနဲ့သီဟိုဠ်ဘုန်းကြီးတွေထပ်ဖြည့်ထားတာဆိုတာ မသိနိုင်တော့ပါဘူး ဆိုတဲ့ ပုဂိုလ်မျိုးပေါ့) ဓမတာဆို တာ ဘာတုံးလို့ ထပ်အတွန့်တက်အုံးမယ်ဆိုရင် ဓမတာဆိုတာ မိုးရာသီမှာ မိုးရွာတာမျိုး နွေရာသီမှာ ပူတာမျိုး ဆောင်းရာသီမှာ ချမ်းတာမျိုးကို ပြောတာပါ။
    ဟုတ်ပီ .. အခုထိ နဲနဲတော့ ရလောက်ပြီ။ မပီးသေးဘူးနော် ဒီမှာ ခုနက အာနုဘော် ဆိုတဲ့စကားလုံးပါသွားတယ်။ ဘာကြောင့် အာနုဘော် မထက်မြက်သလဲဆိုရင်တဲ့….စိတ္တ ၊ ဆန္ဒ၊ ၀ီရိယ၊ ၀ီမံသ ဆိုတဲ့ ဣဒ္ဓိပါဒ် အရာကျတော့ ယောက်ျားလောက် မထက်မြက်ဘူး လို့ ဆရာတော် က ရှင်းတယ်။
    အဲ.. ဒီအဆင့်မှာကျတော့ အခု ကျား နဲ့ မ ဘာကြောင်း ကွာသလဲဆိုတာ ဒီဖက်ခေတ် ဆေးသိပ်ပံနဲ့တောင်ရှင်းလို့ရပီ။
    ကျိုက်ထီးရိုးကိစ်စ က ဒါနဲ့ မဆိုင်ဘူး ဒါက သမိုင်းနဲ့ ရှင်းရမယ့်ကိစ်စ ပဲ။ အယူသီးမှုတွေနဲ့ ဆိုင်တယ်။ အဲ.. အယူသီးတယ်ဆိုတာတောင် ကိုယ်တွေ့ ကို အခြေခံပီး အယူသီးတာတွေ ရှိသေးတယ် ရမ်းပီး စွတ်စွဲလို့တော့ မရဘူး။ အယူသီးတယ်လို့ ထင်ရင် အခု မြန်မာမင်း အဆက်ဆက် ဘယ်ဘုရင်ကများ အမိန့်တော်နဲ့ ကျိုက်ထီးရိုးဘရား မိန်းမများ ကိုယ်တိုင် ရွှေချလို့ရပါပြီလို့ ချမှတ်ရဲခဲ့သလဲ။ ဘုရင်တိုင်းဘုရင်တိုင်း ပညာရှင် အမတ်တွေနဲ့ နေခဲ့ကြတာပဲ။
    ကျနော် ဒိထက်မက ပိုရေးချင်တယ်။ ပိုရှင်းသွားအောင်လို့။ အရှင်ဥာဏိသရ မလိုဘူး။
    အဲ… မိန်းမများ ဒို့ကတော့ မိန်းမပဲ ပိုနိမ့်ကျတယ် လို့ အလကား သိမ်ငယ်နေစရာတော့ မလိုဘူး။ ဘာကြောင့်လဲဆိုတော့ မိန်းမ ဘာဝရဲ့ အားသာချက်များစွာထဲက တခု ကျနော် ပြောပြမယ်။ ဂင်္ဂါ ၀ါလု သဲစုအမျှ ပွင့်သွားကြတဲ့ ဘုရားရှင်များ ဘယ်ဘုရားရှင်မှ ယောက်ျား ဗိုက်ထဲက ထွက်လာပီး ဘုရားဖြစ်မသွားကြဘူး။ မိန်းမ ဗိုက်ထဲက ပဲထွက်ကြရတယ်။ ဒါကြောင့် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဆိုတာ မိန်းမ မရှိ့ပဲ ရှိကို မရှိနိုင်ဘူး။
    ကျေးဇူးပဲ။ ဒီထဲက ထပ်မေးစရာရှိရင် kzybyk@gmail.com ကို မေးလို့ရပါတယ်။
    Posted by kzybyk | 07/11/2011, 13:03
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: