//
you're reading...
Burma, Gender
ဗမာ့ဓလေ့ထုံးစံတွေထဲက မိန်းမတွေအကြောင်း
ကျွန်တော့်ရဲ့ ပထမဆုံး အဆိုဖြစ်တဲ့ ဗမာ့လူအဖွဲ့အစည်းတွင်းက ဓလေ့ထုံးတမ်း စဉ်လာတွေမှာ မိန်းမကိုနှိမ့်ချဆက်ဆံမှု၊ အထင်အမြင်သေးမှုတွေဟာ ထင်ထင်ရှားရှားပဲ ဖြစ်ဖြစ်၊ မထင်မရှားဘဲ ဖြစ်ဖြစ် ရှိနေတယ်လို့ ပြောခဲ့တယ်။ ခုရေးမယ့်စာမှာ ဒီအဆိုကို အကျယ်ထပ်ပြောမယ်။ တကယ်တော့ ဒီထင်မြင်ချက်ကို ကျွန်တော်စကားပြောဖြစ်တဲ့လူ အတော်များများက လက်ခံတယ်။ ဒါကိုခု comment section မှာထားခဲ့တဲ့ စာတွေမှာရော၊ fb ပေါ်ကရေးသားချက်တွေ အရရော၊ အပြင်မှာ စကားပြောချက်တွေ အရပါသိရတာ။ ဒါပေမယ့် တချို့ က ဒါကို လက်မခံချင်ဘူး။ ဒါဟာ အစောပိုင်းက ရေးတာလောက်နဲ့တင် မလုံလောက်လို့ လက်မခံတာ ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် ခုတခါ နည်းနည်း အကျယ်ထပ်ချဲ့ ပြီးပြောမယ်။
နောက်တခါ စမရေးခင် လိုအပ်တယ်ထင်လို့ တခုလောက် ကြိုပြောထားချင်တယ်။ မိန်းမတွေခွဲခြားဆက်ဆံခံရတာကို သူတို့ကိုယ်တိုင်က လက်ခံတာမခံတာ ကျွန်တော် တတ်နိုင်တဲ့အလုပ် မဟုတ်ဖူး။ တချို့ မိန်မတွေထဲမှာ ယောက်ျားတွေနဲ့ တန်းတူ အခွင့်အရေးရစရာ မလိုဘူးလို့ စဉ်းစားတဲ့မိန်းမတွေ ရှိနိုင်တာပဲ။ ဒါပေမယ့် ဒီမိန်းမတွေဟာ အမျိုးသမီးထုတခုလုံးကို ကိုယ်စားပြုပြောတာ မဟုတ်ဖူးဆိုတာတော့ ကျွန်တော် တွေ့ကြုံဖူးတဲ့ မိန်းမတွေကိုကြည့်ပြီး အသေအချာကို ပြောနိုင်တယ်။ အဲ့သလို စဉ်းစားတဲ့ မိန်မတွေ တန်းတူအခွင့်အရေးကို သူတို့ဘာသာ မယူချင် မယူပိုင်ခွင့်ရှိတယ်။ (အလုပ်တူ လုပ်ပြီး ယောက်ျားနဲ့တန်းတူ ပိုက်ဆံ မရတာကို ကြည်ကြည်ဖြူဖြူ လက်ခံတဲ့ မိန်းမရှိရင် တွေ့ချင်စမ်းပါဘိ၊ ကျွန်တော့ အလုပ်မှာ ဒင်းတို့ကိုပဲ ခန့်မယ် စိတ်ကူးတယ်။) ဒါပေမယ့် ကိုယ်မလိုချင်တာတခုထဲနဲ့ တခြားမိန်းမတွေ တန်းတူအခွင့်အရေး တောင်းတာဟာ အလုပ်ပိုတွေလို့ ပြောတာကတော့ အတွေးအခေါ်အရ သိပ်ကို ကျဉ်းမြောင်းလွန်းရာ ရောက်တယ်။ ဗမာပြည်မှာ ကိုယ့်ကို နှိမ်တာကို အလွယ်တကူ လက်သင့်ခံတဲ့လူတွေ (ယောက်ျားရော၊ မိန်းမတွေပါ)ရှိတယ်။ ဂျူးရဲ့ ‘ကျွန်မတို့ မိန်းမတွေ’ ဆိုတဲ့ ဆောင်းပါးဟာ ကျွန်တော်မှတ်မိသလောက် အဲ့သလို လူ့အဖွဲ့အစည်းရဲ့ြ့ပဌာန်းသတ်မှတ်ချက်တွေကို စိန်မခေါ်ဘဲ အလွယ်တကူ လက်ခံနေတယ်လို့ သူမြင်တဲ့ မိန်းမတွေကို အားမလို အားမရ ဖြစ်လို့ ရေးခဲ့တဲ့ ဆောင်းပါးလို့ ကျွန်တော်အဲဒိဆောင်းပါးကို ဖတ်လိုက်ရတုန်းက နားလည်မိတယ်။ တကယ်တော့ မိန်းမတွေတင်မကပါဘူး။ ဖိနှိပ်ခံရတဲ့ လူတန်းစားတွေမှာ ဒီလိုပျော့ညံ့တဲ့ စိတ်ဓာတ်တွေ မကြာခဏတွေ့ရတယ်။ သူကမိန်းမမို့ ဒါမျိုးရေးနိုင်ချိန်မှာ ဗမာဖြစ်တဲ့ ကျွန်တော်လည်း ‘ကျွန်တော်တို့ ဗမာတွေ’ ဆိုတဲ့နံမယ်နဲ့ ဗမာတွေရဲ့ အပေါ်က ရောင့်ရဲ တင်းတိမ်မှုသကာလူးထားတဲ့ ပျော့ညံတဲ့စိတ်ဓာတ်အကြောင်း ရေးရကောင်းမလားလို့။ ပြောရရင် လိုရင်းမရောက်တော့ဘူး၊ ဒီတော့ ၀တုတ် အထင်ကြီးဆုံး အလေးစားဆုံး အဘိဓမ္မာဆရာကြီး Karl Marx ရဲ့  စာကြောင်းလေးကို မနေနိုင်မထိုင်နိုင် ကိုးကားပီး အဖွင့်ကားလိပ်ချလိုက်မယ်။
Greats are only great because we are on our knees. So let’s rise.
OK. Here we go now.
ကျွန်တော့အဆိုမှာ အရေးကြီးဆုံး စကားစုတချို့ ကို အရင်ဆုံး အဓိပ္ပါယ်ဖွင့်ကြည့်မယ်။
အရေးကြီးဆုံး စကားစုတွေကတော့ ဓလေ့ထုံးစံ၊ နောက် နှိမ့်ချဆက်ဆံမှု၊ အထင်အမြင်သေးမှု ဆိုတဲ့စကားတွေပဲ။ ဒီစကားစုတွေ အတွက် အင်မတန်တိကျပြည့်စုံတဲ့ ဖွင့်ဆိုချက်မျိုး ရဖို့ကတော့ မဖြစ်နိုင်တာ မဟုတ်ရင်တောင် မလွယ်ဘူး။ ဒါပေမယ့် ငြင်းကြမဲ့လူတွေ သဘောတူမဲ့၊ အလုပ်ဖြစ်မဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ရအောင်ဖွင့်လို့ရတယ်။ ဓလေ့ဆိုတာကို ခရီးဆောင် မြန်မာအဘိဓာန်မှာ အလေ့၊ ထုံးစံလို့ ဖွင့်တယ်။ ထုံးစံကတော့ အစဉ်အလာတဲ့။ ယဉ်ကျေးမှုကိုတော့ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းစသည်.. လို့ဖွင့်ထားတယ်။ ဒီတော့ ဗမာ့ လူအဖွဲ့အစည်းထဲမှာ လုပ်ရိုးလုပ်စဉ် အပြုအမူတွေကို ဗမာ့ ဓလေ့ထုံးစံတွေလို့ ပြောတာပေါ့။ ဒီယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို ဘယ်မှာ တွေ့နိုင်မလဲ။ လူတွေရဲ့ ပြောဆိုဆက်ဆံပုံ၊ စာပေ၊ အနုပညာလက်ရာ စတာတွေမှာ တွေ့နိုင်မှာပေါ့။ ဒီထိ သဘောတူကြမယ်ထင်တယ်။
နောက်တခါ အဆင့်အတန်းနှိမ့်ချမှု ဒါမှမဟုတ် နှိမ်မှု၊ အထင်သေးမှု ဆိုတဲ့ စကားစု။ ဗမာ အဘိဓာန်မှာ အလုပ်ဖြစ်မဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မတွေ့ရဘူး။ ဒီတော့ အင်္ဂလိပ်ကို ကိုးကားကြည့်မယ်။ ကျွန်တော်တို့ ခုပြောနေတဲ့ မိန်းမတွေကိုအဆင့်အတန်းနှိမ့်ချမှု၊ နှိမ်မှုကို အင်္ဂလိပ်လို discrimination against women လို့ပြောရင် လက်ခံကြမယ် ထင်တယ်။
discriminate against x ဆိုတာ x ဖြစ်နေတဲ့အတွက်ကြောင့် x ကိုအများနဲ့ တန်းတူ လုပ်ခွင့်မပေးတာ။ ဆိုပါစို့။ ပဲခူးကလပ်မှာ ဗမာမ၀င်ရ ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ် ဆိုရင် ကလပ်ထဲမှာ ဗမာတွေကို ဗမာဖြစ်နေလို့ အများနည်းတူ ၀င်ခွင့်မပေးတာ။ ဒါကို ဗမာတွေကို နှိမ်ချဆက်ဆံတာလို့ သတ်မှတ်တယ်။ တခုခုကို မိန်းမတွေ လုပ်နိုင်ပါရက်နဲ့ မိန်းမ ဖြစ်နေလို့ ဒါကို တမင်သက်သက် မလုပ်နိုင်အောင် တားဆီးချုပ်ခြယ်ထားတာကို မိန်းမတွေကိုနှိမ်တာ၊ ခွဲခြားဆက်ဆံတာ၊ အဆင့်အတန်းနှိမ့်ချထားတာလို့ ပြောရမှာပေါ့။
အစောပိုင်းလေးက ပြောခဲ့သလို ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လူတွေရဲ့  ပြောဆိုဆက်ဆံပုံ၊ စာပေ၊ အနုပညာလက်ရာတွေမှာ တွေ့နိုင်တယ်လို့ပြောခဲ့တဲ့ သကာလ ဘာတွေတွေ့ရသလဲဆိုတာကို ကြည့်ရအောင်။
ဗမာ့စာပေ စကားတွေမှာ မိန်းမတွေကို နှိမ်တဲ့ အရေးအသားတွေကို အစောပိုင်းကလည်း ပြောခဲ့ပြီးပြီ။ တကယ်တော့ လူရယ်မှ မဟုတ်ဖူး၊ တိရစ္ဆာန်တောင် အမဖြစ်ရင် အထီးလောက် အသုံးမကျဘူးလို့ ယူဆပုံရတယ်။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့ စကားဟာ ဒါကိုပြနေတယ် ထင်တယ်။ မိန်းမတွေ နှာခေါင်းမပါရင် ဟိုဟာတောင် စားတယ်ဆိုတဲ့ စကားကိုလည်း ဥပမာတခုအဖြစ်နဲ့ ထည့်ရလိမ့်မယ်။ နောက်တခါ ခလေးအမေချင်းတူတာတောင် သမီးမိန်းခလေး အမေက သားယောက်ျားလေး အမေနဲ့ ကြမ်းတပြေးတဲ ထိုင်လို့မရဘူး။ တချို့ တိုင်းရင်းသားတွေမှာလည်း ဒီလိုဓလေ့တွေ ရှိတာကို သခင်တင်မြရဲ့ နောက်ဆုံးစာအုပ် ထက်ကြပ်မကွာမှာလား ဖတ်လိုက်ရသလိုပဲ။  
ဗမာပြည်မှာ မိန်းမတွေကို မနှိမ်ပါဘူး၊ ယောက်ျားတွေနဲ့ တန်းတူ အဆင့်အတန်းရပါတယ် ဆိုတဲ့ myth ကိုယုံတဲ့သူတွေက များသောအားဖြင့် ဗမာ့စာပေ၊ နိုင်ငံရေး၊ လူမှုရေး သမိုင်းတွေမှာ ထူးထူးချွန်ချွန်အဖြစ်နဲ့ ရှေ့ ထွက်လာတဲ့ မိန်းမတွေကို နမူနာပြကြတယ်။ ဟိုးရှေး ၀ိုင်အမ်ဘီအေ ဦးမေအောင်ရဲ့ သမီး ဒေါ်မြစိန်ကစလို့ ဒေါ်မိမိခိုင်၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ ဂျာနယ်ကျော် မမလေး၊ ဒဂုန်ခင်ခင်လေး၊ ခင်နှင်းယု၊ အင်ဒီပင်းဒင့် ဒေါ်စန်း၊ နောက်ဒေါက်တာမြင့်မြင့်ခင်၊ ကြည်အေး၊ ဂျူး၊ နောက် နိုင်ငံရေးဘက်မှာဆိုလည်း မဒမ်ကျော်ငြိမ်းတို့၊ မဒမ် သိန်းဖေမြင့်တို့ စတဲ့စတဲ့ အမျိုးသမီးတွေကို ပြတတ်ကြတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေအားလုံးမှာ တူညီတဲ့ အချက်က သူတို့ဟာ traditional ဗမာ့ဓလေ့ထုံးတမ်းစဉ်လာတွေအောက်မှာသာ ကြီးပြင်းလာကြသူတွေ မဟုတ်ဖူး။ သူတို့ရဲ့  မိသားစုတွေက ဘိုကျောင်းပို့ပြီး ဘိုစာတတ်တဲ့ ဘိုစာဖတ်ကြီးလာတဲ့ မိန်းမတွေ၊  ဖြစ်နေတာတွေ့ရမယ်။ ဗမာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ အောက်မှသာ ကြီးပြင်း လာတဲ့ မိန်းမတွေဟာ ဒီလို ထိပ်ရောက်လာမလားဆိုတာ မေးစရာပဲ။ ဗမာစာ မတတ်တဲ့ နိုင်ငံခြားသားတွေက ဒီဘိုစာတတ်၊ ဘိုလိုပြောနိုင်တဲ့ မိန်းမတွေရဲ့ အပြောလောက်သာ သိနိုင်တာဖြစ်လေတော့ သူတို့လောက်ကိုကြည့်ပြီး ဗမာ့အမျိုးသမီးတွေဟာ ခေတ်မှီတယ် ပြောတာဟာ လွဲနေတယ်။ ဒီအသိဆင်းရဲတဲ့ နိုင်ငံခြားသားတွေရဲ့ မပြည့်စုံတဲ့ ကောက်ချက်ကိုပဲ ကိုရွှေဗမာများက သံယောင်လိုက်ကိုးကားတတ်ကြတယ်။
၁၉၆၂ နောက်ပိုင်းမှာ ဗမာမိန်းမတွေထဲမှာ ၀န်ကြီးနေရာရတဲ့ မိန်းမ တယောက်မှ မရှိသလို ဖဆပလ ခေတ်မှာလည်း ကရင်မိန်းမ မစ္စဘမောင်ချိန် တယောက်ပဲ ကရင်ပြည်နယ် ၀န်ကြီးနေရာကို ရဖူးတာရှိတယ်။ ဒါတောင်သူ့ ရာထူးဟာလည်း တကယ့် အရေးပါတဲ့ ၀န်ကြီးဌာနနေရာ မဟုတ်ဖူး။ နိုင်ငံရေး အဆောက်အအုံတွေကိုယ်တိုင်က ဗမာပြည်မှာ မိန်းမတွေကို ထူးချွန်ထက်မြက်တဲ့ မိန်းမတွေ အဖြစ်လူ့အသိုင်းအ၀ိုင်းမှာ နေရာယူနိုင်အောင် ဖန်တီးပေးမထားဘူး။ တော်တဲ့ ထက်တဲ့ မိန်းမတွေကို ဘာ့ကြောင့် နိုင်ငံရေး လောကထဲ မ၀င်လည်း မေးကြည်တဲ့အခါမှာ နိုင်ငံရေးဆိုတာ ယောက်ျားတွေ အလုပ်မို့ ၀င်မပါတာဆိုပြီး ဖြေကြတယ်။ မီဒီယာတွေမှာ မိန်းမတွေကို ကိုယ့်နေရာ ကိုယ်သိဖို့၊ နောက်ကိုယ့်ဟာကို self-censorship ထားဖို့အားပေးတယ်။ ဒေါ်ခင်မျိုးချစ်တို့လို မိန်းမတွေဟာ ဒါ့ကြောင့်ပဲ မိန်းမတွေကို နှိမ်ထားတဲ့ social norms တွေကို စိန်ခေါ်တာမျိုးမလုပ်ဘဲ လိုက်လျောညီထွေ ဖြစ်အောင်သာ ကြိုးစားခဲ့ပုံရတယ်။ သမားရိုးကျ မဟုတ်တဲ့ အတွေးအခေါ် အယူအဆကို ပြောတာချင်းတူတူ မိန်းမ ပြောရင် ဒါက issue ပိုဖြစ်တယ်။ ‘အမှတ်တရ’ ကို ဂျူးမဟုတ်ဘဲ အထီးတကောင်ကောင် ရေးကြည့်ပါလား။ ဘာမှပြောမယ် မထင်ဘူး။ သာဓုသားတွေလည်း living together ဇာတ်လမ်းတွေရေးတာပဲ။ ဒါပေမယ့် သူတို့ကို ဂျူးလောက် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဖူး။ ကနေ့ထိ ဗမာဘလော့တွေပေါ်မှာ စွာတာချင်းတူတူ မိန်းမစွာတာကို ပိုတိုက်ခိုက်ချင်ကြတယ်။
ဗမာ့ လူ့အဖွဲ့အစည်းထဲမှာ မိန်းမတွေ ထင်ရှားတဲ့ နေရာယူလာတာကို လူ့အဖွဲ့အစည်းက ဘယ်လို တုံ့ပြန်လည်းဆိုတာ မီဒီယာတွေမှာ သိပ်ပေါ်လွင်တယ်။ ဒီတော့ အဲဒိအပိုင်းကို သီးသန့်ကြည့်တာကောင်းမယ်။
မီဒီယာနဲ့မိန်းမတွေ
ဗမာပြည်ရဲ့ ပထမဆုံး အမျိုးသမီးမဂ္ဂဇင်း အယ်ဒီတာက သာယာဝတီမဂ္ဂဇင်း အယ်ဒီတာ ဒေါ်ဖွားရှင်လို့ပြောကြတယ်။ ဒီမဂ္ဂဇင်းကို ၁၉၁၉ ကနေ ၆၀ လောက်ထိထုတ်တယ်။ နောက် ဒဂုန်ခင်ခင်လေးက ယုဝတီနေ့စဉ်ရဲ့ အယ်ဒီတာ လုပ်တယ်။ အစောပိုင်းမှာ မိန်းမတွေထဲက စာနယ်ဇင်းတွေမှာ အယ်ဒီတာနေရာယူတဲ့မိန်းမက တကျိပ်သာသာ ရှိတယ်။ ဒေါ်ဖွားရှင်ဟာ သာယာဝတီမဂ္ဂဇင်းကို ကိုယ်တိုင်ကြီးကြပ်ပေမယ်လို့ ထုတ်ဝေသူနံမယ်ကို သူ့ယောက်ျားနံမယ်ဖြစ်တဲ့ မောင်ဇံဆိုတဲ့ နံမယ်နဲ့ထုတ်တယ်။ မိန်းမကြီးကြပ်တဲ့ သတင်းစာ လူမဖတ်မှာစိုးလို့ ယောက်ျားနံမယ်တပ်ရတာ ဖြစ်နိုင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒိခေတ်က စာရေးဆရာမတွေ ယောက်ျားကလောင်နံမယ် ယူရေးတာ သူတယောက်ထဲ မဟုတ်ဖူး။ အင်ဒီပင်းဒင့်ဒေါ်စန်းဆိုရင် ဦးကွာစိဆိုတဲ့နံမယ်၊ ဒဂုန်ခင်ခင်လေးဆိုရင် ကိုကိုလေး ဆိုတဲ့ ယောက်ျားကလောင်နံမယ်တွေကို ယူရေးကြတာ။ စာအုပ်ရောင်းရအောင် ယောက်ျားကလောင် ယူရေးရတာဆိုပြီး ဒဂုန်ခင်ခင်လေးက ‘နှစ်ပေါင်း ၆၀’ မှာရေးထားတာ ဖတ်ကြည့်။ နောက်ပိုင်း ဒီအမျိုးသမီး စာရေးဆရာမတွေက သူတို့ လက်ရာတွေကို ပရိသတ်က လက်ခံပြီဆိုမှ သူတို့ဟာ မိန်းမတွေပါဆိုပြီး ထုတ်ဝန်ခံကြတာ။ အဲဒါကိုကြည့်ရင်ကိုပဲ ဗမာ့အဖွဲ့အစည်းမှာ မိန်းမတွေကို ဘယ်လောက်နေရာ မပေးလဲဆိုတာ သိနိုင်တယ်။ ဒါဟာ ဗမာပြည်ထဲမှာတင် မဟုတ်ဖူး။ လန်ဒန်မြို့ BBC ဗမာဌာနမှာဆိုရင် ၁၉၉၀ မတိုင်ခင်လောက်က မိန်းမဆိုရင် heavy အစီအစဉ်တွေတွေ၊ နောက် desk editor အလုပ်တွေကို စိတ်မချလို့ဆိုပြီး ပေးမကိုင်ဘူး။ ဒါဟာ လက်ရှိ BBC ဌာနမှုးကိုယ်တိုင်ရဲ့ ကိုယ်တွေ့ပြောပြချက် ဖြစ်တယ်။
ဒေါ်စန်းဆိုရင် အင်ဒီပင်းဒင့် သတင်းစာက မေးဖြေကဏ္ဍကို အဲဒိဦးကွာစိဆိုတဲ့ နံမယ်နဲ့ပဲ လုပ်ရတာ။ သူဟာ သူ့နံမယ်ရင်းနဲ့ သာ စာဖတ်သူတွေနဲ့ ဆက်ဆံမယ်ဆိုရင် မိန်းမာတွေဟာ ဗိုင်းကောက်ကျောက်ဖိနေရမယ်ဆိုတဲ့ အစဉ်အလာကို ချိုးဖောက်ရာ ရောက်မှာမို့ ဦးကွာစိနံမယ်နဲ့ပဲ ယူရေးတာဖြစ်တယ်။ အထီးကြီးစိုးရေး အစဉ်အလာကို ချိုးဖောက်တာကို လုပ်အပ်တဲ့အရာအဖြစ် မိန်းမတွေက မမြင်ဘူး။ ဒေါ်စန်းကို ၁၉၅၀ လောက်မှာ မြန်မာ့အလင်းသတင်းစာမှာ ချီးကြူးတဲ့အခါကျတော့ ‘မိန်းမဖြစ်လင့်ကစား သတင်းစာ အယ်ဒီတာအလုပ်ကို နိုင်နင်းစွာ လုပ်နိုင်သည်’ လို့ရေးထားတယ်။ မိန်းမ တယောက်က ဒီလိုအလုပ်မျိုး လုပ်နိုင်တာကို အထူးအဆန်းလို သဘောထားတယ်။
ကျွန်တော်တို့ကိုယ်တိုင် ငယ်ငယ်က မိန်းမကားမောင်းတာတွေ့ရင် ‘ဟာ ဟိုမှာ မိန်းမ ကားမောင်းနေတယ်’ ဆိုပြီး အထူးအဆန်းအဖြစ်ပြောတတ်တာကို ပြန်တွေးကြည့်တဲ့ အခါ မိန်းမတွေကို ကျဉ်းမြောင်းတဲ့အခန်းကဏ္ဍထဲမှာ ထည့်ထားမှုကို ဗမာ့အဖွဲ့အစည်းထဲမှာ မသိစိတ်ကပဲ ဖြစ်ဖြစ် လက်ခံထားတာကို ပြနေတယ်။
မိန်းမတွေနဲ့ ပတ်သက်ပြီး ဗမာ့လူ့အဖွဲ့အစည်းရဲ့ conscience ထဲမှာ လက်ခံထားတာတွေကို တော်လှန်ဖို့ ကြိုးစားမှုတွေ ကိုလိုနီခေတ်ထဲက ရှိတယ်။ ဒါပေမယ့် လူတွေကိုယ်က (အဲဒိထဲမှာ မိန်းမတွေလည်း အများကြီး ပါတယ်) ဒါကိုခါးခါးသီးသီး ငြင်းကြတယ်။
ကိုလိုနီခေတ်မှာ ဘုန်းကြီးတွေထဲမှာလည်း နိုင်ငံခြားထွက် လေ့လာဆည်းပူးနိုင်ကြတော့ အဲဒိခေတ်မှာ အမြင်ကျယ်တဲ့ ဘုန်းကြီးတွေ ထွက်လာခဲ့တယ်။ ဦးဥတ္တမကတော့ ခုအကြောင်းနဲ့ မဆိုင်လို့ ခဏထား။ ရှင်အာဒိစ္စ၀ံသဆိုရင် ပြင်သစ်တို့၊ အိန္ဒိယအပါအ၀င် ကမ္ဘာ့နိုင်ငံတွေကို လှည့်လည်ဖူးပြီး ဘာသာစကားလည်း ခြောက်မျိုးလောက်ထိ ပြောနိုင် ဆိုနိုင်ရှိတယ်လို့ ဆိုတယ်။ သူဟာ ဗမာပြည်မှာ ဘိက္ခုနီသာသနာကို အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဒါကာ ဒါကာမတွေက မိန်းမတွေရဲ့ အခွင့်အရေးကို မြှင့်တင်ရမလား၊ အစဉ်အလာ လက်ခံထားတာတွေကို တွန်းလှန်ရမလားလို့ သပိတ်မှောက်ပြီး ပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့ကြရာမှာ နောက်ဆုံး သူဟာ လူထွက်သွားရတဲ့ထိပဲ။ (မောင်ခင်မင် စာဆိုတော်များ အထ္ထုပတ္တိကိုကြည့်)
ခုပြောခဲ့သလောက်ဟာ ဗမာ့လူ့အဖွဲ့အစည်းရဲ့ social conscience ထဲမှာ မိန်းမတွေဟာ ယောက်ျားလောက် မတော်၊ မမြတ်ဖူးဆိုတဲ့ အမြင်ကြီး ဒုနဲ့ဒေးနဲ့ ရှိနေတာကို ရသလောက် ရေးသွားတာ။ ပေါ်တင် discriminate လုပ်တဲ့အဆင့်မလာသေးဘူး။ ဒါပေမယ့် ဒီနှိမ့်ချ ဆက်ဆံမှုတွေဟာ ပြောခဲ့တဲ့ social conscience ကနေပေါက်ပွားလာတာဖြစ်တယ်။ မီဒီယာတွေမှာတင်မက နေ့စဉ်တွေ့နိုင်တဲ့ လုပ်ငန်းဆောင်တာတွေ၊ ဥပမာ ဘုန်းကြီးသီလ မပေးခင် သြကာသစတိုင်တဲ့ အသံဟာ မုဆိုးမ အလှုကလွဲရင် အထီးတွေရဲ့  အသံတွေချည်းဆိုတာ သတိပြုမိတယ်။ နောက်ပိုင်းမှာ ဒါတွေကို ဆက်ရေးမယ်။ ခုရေးခဲ့တဲ့ အကြောင်းအရာတွေဟာ ကျွန်တော့်မိန်းမရဲ့ PhD thesis ထဲကကောက်နှုတ်ချက်တွေကို အများဆုံးထည့်ထားတာပဲ။ အမှန်က သူကိုယ်တိုင်ရေးရင် ပိုကောင်းမယ်။ သူဟာ့သူ အလုပ်ရှုပ်နေလို့၊ နောက်ကိုယ်စလိုက်တဲ့ ဇာတ်လမ်းမို့ ကိုယ်ဝင်ရေးနေတာ။ သူ့ thesis ထဲကနေ ဒီစာပိုဒ်လေးကို quote လုပ်ပေးလိုက်တယ်။
Burmese women alongside men, as writers, doctors, lawyers, journalists, and editors
had helped outsiders see the social landscape of Burmese women as unique. But behind
these poster girls of modern Burma, the social and political landscape for Burmese
women was far from attractive. Interestingly, some Burmese women knew and
accepted that the social terrain was far from smooth but decided not to seek to change it.
Neither did they attempt to challenge the social and political agencies that sustained it.
Khin Myo Chit, a leading literary figure and nationalist who wrote Three Years under
the Japs, argued that men came first in many aspects of Burmese political, social, and
cultural life, and that women publicly admitted that they acknowledged the boundaries
between men and women. Women often confessed that they would not attempt to cross
these boundaries or challenge them openly. –Zizawa-
Discrimination against x because of x-self (1) and discrimination against x due to its attributes (2)
မိန်းမမို့လို့ကို လုပ်ခွင့်မပြုတာ၊ လုပ်ဖို့အားမပေးတာပဲလား။ (၁) ဒါမှမဟုတ် မိန်းမရဲ့  particular attributes တွေ၊ မိန်းမတွေနဲ့သာ သက်ဆိုင်တယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဂုဏ်ဒြပ်တွေကြောင့် လုပ်ဖို့အားမပေးတာလား (၂) ဆိုတာကို ခွဲကြည့်ရအောင်။ လုပ်ဖို့အားမပေးတာ၊ လုပ်ခွင့်မပြုဘူးဆိုတဲ့ စကားကို နည်းနည်းလေးထပ်ရှင်းရရင် ဒါဟာဇီဝဗေဒဆိုင်ရာ ကန့်သတ်ချက်ကြောင့် မလုပ်နိုင်တာ မဟုတ်ဘဲ ယောက်ျားနဲ့တန်းတူ လုပ်နိုင်ပါရက်နဲ့ လူ့အဖွဲ့အစည်းရဲ့ ပြဌာန်း သတ်မှတ်ချက်တွေကြောင့် လုပ်ဖို့ ပိတ်ပင်တားဆီးခံရတာ၊ မလုပ်နိုင်တာကို ပြောချင်တာပါ။ ဥပမာ မျက်စိမမြင်တဲ့အတွက် ကားမောင်းဖို့ခွင့်မပြုတာနဲ့ မျက်စိမြင်ရက်နဲ့ ကားမောင်းမှုကို ပိတ်ပင်တာမျိုး။ (၁)ကတော့ ရှင်းပါတယ်။ မိန်းမမို့လိုကို လုပ်ခွင့်မပြုဘူးဆိုတာ outright discrimination ဗြောင်အဆင့်နှိမ့်ပြီး ခွဲခြားဆက်ဆံတာ။ အလားတူ အသားအရောင်ကို လိုက်ပြီး ဗြောင်ခွဲခြားဆက်ဆံတာမျိုး သမိုင်းမှာ အများကြီးတွေ့ရတယ်။ ကိုလိုနီခေတ်မှာ ပဲခူးကလပ်ထဲကို မျက်နှာဖြူ ဥရောပသားတွေပဲ အရက်ဝင်သောက်ခွင့်ရှိတယ်၊ coloured people အရောင်ရှိတဲ့လူကို အရောင်ကိုရှိလို့၊ ဒါမှမဟုတ် မဖြူကိုမဖြူလို့ ၀င်ခွင့်မရှိတာ။ (၂)နဲ့ ပတ်သက်လို့တော့ နည်းနည်းထပ်ပြောဖို့ လိုတယ်။ မိန်းမရဲ့ သဘာဝက xxxxx၊ ဒါ့ကြောင့် yyyyy အလုပ်မျိုးတွေကို လုပ်ဖို့အားမပေးဘူးဆိုပြီး အကြောင်းပြကြတယ်။ ဒါပေမယ့် ပြောခဲ့တဲ့ မိန်းမနဲ့ ပတ်သက်တဲ့ လူ့အဖွဲ့အစည်းက ထင်မြင်ယူဆထားတဲ့ attributes တွေဟာ သိပ္ပံနည်းမကျဘူး၊ နောက်မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေ ဖြစ်နေတယ်ဆိုရင် ဒီ attributes တွေကြောင့် မိန်းမတွေကို လုပ်ဖို့အားမပေးတာ၊ လုပ်ခွင့် ပိတ်ပင်ထားတာတွေကို ပြန်ဆန်းစစ်ပြီး ရုပ်သိမ်းသင့်တယ်။ မဟုတ်ရင် ဒါဟာ မရိုးသားဘူး။ ဥပမာ ပြောခဲ့သလို မိန်းမတွေ ကျိုက်ထီးရိုးဘုရားမှာ ကိုယ်တိုင်ကိုယ်ကျ ရွှေချခွင့်မရှိဘူး၊ ဘာ့ကြောင့်လဲဆိုတော့ မိန်းမဟာ ဟိုဘုန်းကြီးတပါး ပြောခဲ့သလို အသည်းငယ်တတ်လို့ဆိုပြီး အကြောင်းပြရမှာ ဒီအကြောင်းပြချက်ဟာ သိပ္ပံနည်း မကျဘူးဆိုရင် နောက်မှားနေတယ်ဆိုရင် ဒီလိုဘုရားမှာ မိန်းမရွှေချခွင့်ကို ပိတ်ပင်ထားတာကို ရုတ်သိမ်းပေးသင့်တာပေါ့။ ရွှေတိဂုံဘုရား အထက်ပစ္စယံကို မိန်းမတက်ခွင့်မရှိဘူးဆိုတာကျတော့ ဘယ်လို အကြောင်းပြမလဲ။ မိန်းမတွေ ရာသီလာတဲ့အချိန်မှာ ရေကူးကန်ထဲဆင်းခွင့်မပြုတာ လျော်ကန် သဘာဝကျပေမယ့် မိန်းမတွေဟာ ရာသီလာတဲ့ သဘာဝ ရှိတာမို့ ရေကူးခွင့် ပိတ်ပင်တယ်ဆိုတာကိုတော့ မှန်ကန်တယ်လို့ ကနေ့ခေတ်မှာ ဘယ်သူပြောမလဲ။  
ခုပြောခဲ့တဲ့ အချက်တွေကိုကြည့်လိုက်ရင် ဘာသာရေးမှာ မိန်းမတွေကို လုပ်ခွင့်ပြုမထား တာတွေဟာ အကြောင်းမဲ့ ပိတ်ပင်တာမဟုတ်ဘဲ သူ့ခေတ်သူ့ကာလက အကြောင်း တရားတွေကြောင့် (အမျိုးသမီးတွေရဲ့ လုံခြုံရေး စသဖြင့် မရေမတွက်နိုင်အောင်များတဲ့ အကြောင်းတွေကြောင့်) ပိတ်ပင်ရတာ၊ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ရတာလို့ ဆိုတယ်။ ဒါဆိုရင် ခေတ်ကာလပြောင်းလာတဲ့အခါမှာ အမျိုးသမီးတွေရဲ့  လုံခြုံရေးကို ပိုတာဝန်ယူနိုင်လာတယ်ဆိုရင် ဒီစည်းကမ်းသတ်မှတ်ချက်တွေကို ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် မပြောင့်သင့်ပေဘူးလား။
ဝတုတ်
စာရေးရတာ ဘာအကျိုးရှိလဲတော့မသိဘူး။ တနေ့တာ ကုန်သွားပြန်ပြီ။
Discussion
59 thoughts on “ဗမာ့ဓလေ့ထုံးစံတွေထဲက မိန်းမတွေအကြောင်း
  1. ဘာအကျိုးရှိလဲတော့မသိဘူး။
    ဆက်ရေးစေချင်ပါတယ်။ ဒီလို အကြောင်းအရာမျိုး။ ပြောသွားတဲ့ အဆိုတွေ အားလုံးကို စိတ်ဝင်စားပါတယ်။
    ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ဆိုင်ကယ်ကြောင်း စဉ်းစားရင်းနဲ့ ဆက်စပ်ပြီး၊ အညာက အမျိုးသမီးတွေ အကြောင်းကို ရောက်သွားတယ်။
    အားလုံးလိုလို စက်ဘီး စီးကြပါတယ်။ ဟိုး ခေတ်ကတည်းက… ဒါပေမဲ့ ဆိုင်ကယ်၊ ကားကို အိမ်မှာ ရှိရင်တောင် အများစုက သင်ရကောင်းသည် မအောင်းမေ့ဘူး။ ကိုယ့်ကိစ္စ မဟုတ်ဘူးလို့ပဲ မှတ်ယူကြတယ်။ (မေမေတို့ ခေတ်ကို ပြောတာပါ)
    အဲဒီကနေ ဆက်လို့ တွေးမိထားတာ… မြန်မာပြည်မှာ အသိုင်းအဝိုင်းက ခွဲထားတာတွေရော၊ ကာယကံရှင်တွေရဲ့ မသိလိုက် မသိဘာသာ လက်ခံထားတာတွေရောနဲ့ ကျား/မ ခွဲခြားမှုတွေဟာ ရှိကို ရှိခဲ့၊ ရှိနေဆဲ၊ ရှိနေဦးမှာပါပဲ။
    ပြောရင်းနဲ့ မြန်မာပြည်မှာ ကျား/မ တန်းတူ အခွင့်အရေး ရပါတယ်လို့ သတင်းမှာ ထည့်ကြေညာချင်ရင် ပြောလေ့ရှိတဲ့ “မြန်မာ အမျိုးသမီးတွေ လက်ထပ်ပြီးရင် ခင်ပွန်းဖြစ်သူရဲ့ နာမည်ကို ခံစရာမလိုဘဲ ကိုယ်ပိုင်အမည်ကိုပဲ ဆက်လက်သုံးစွဲနိုင်” ဆိုတာ ပြန်ကြားယောင်ပြီး ရီချင်ပက်ကျိ ဖြစ်မိသေးတယ်။
    ခုတော့ အိပ်ချိန်မို့ အိပ်ပါပြီ။
    Posted by Rita | 01/07/2010, 15:36
  2. ကိုဝတုတ် ဆွေးနွေးတဲ့ အချက်အတော်များများကို သဘောတူပါတယ်။
    တန်းတူဖြစ်ချင်ရင်တော့ ခွဲခြားခံရသူကိုယ်တိုင်က ခွဲခြားမှုကို ကိုယ့်စိတ်ထဲမှာ လက်ခံမနေဖို့လိုတယ်။ နှိမ့်ချတာရယ်၊ အားနည်းတယ်ဆိုပြီး သနားတာရယ်က ဆက်နွယ်နေတယ်။ တန်းတူအခွင့်အရေး လိုချင်တယ်ဆိုရင် အားနည်းတယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှေးရိုးထုံးစံ ပေးထားတဲ့ အထူးအခွင့်အရေးတွေ ရှိရင်လည်း စွန့်လွှတ်ဖို့လိုတယ်။ ဥပမာတစ်ခုအနေနဲ့ ပြောရရင် – စင်္ကာပူမှာဆိုရင် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ ထိခိုက်ဒဏ်ရာရသူ၊ ကိုယ်လက်မသန်စွမ်းသူတွေကလွဲလို့ ရထားတွေ ကားတွေပေါ်မှာ အမျိုးသမီးမို့လို့ ဆိုပြီး နေရာဖယ်ပေးရတဲ့ အလေ့အထမရှိဘူး။ ယောင်္ကျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို နေရာမပေးဘဲ ထိုင်နေရင် ဘယ်သူကမှ ဘယ်လိုမှ သဘောမထားကြပါဘူး။ အမျိုးသမီးတွေ ဘက်ကလည်း ငါ့ကိုနေရာပေးစေလို့ မျှော်လင့်ချက်မရှိဘူး။ မြန်မာပြည်မှာ ဆိုရင်တော့ အမျိုးသမီးတွေ ကိုယ့်ရှေ့မှာ မတ်တတ်ရပ်နေရပါလျက် အမျိုးသားတွေက အခန့်သားနေရာဖယ်မပေးရင် ရိုင်းတယ်တို့ ယောင်္ကျားမပီသဘူးတို့ ထင်မြင်တတ်တဲ့ သဘောထားလေးတွေ တွေ့နေရတုန်းပဲ။ သဘာဝအရ ခနာဗေဒ ကြံ့ခိုင်မှု ကွာတာကြောင့် ၀န်ထုတ်ဝန်ပိုးကို သယ်တဲ့အခါ တကယ်လိုအပ်လာတဲ့ ကူညီမှုမျိုးကလွဲလို့ အခြားသော အထူးတလည် ဦးစားပေးတာမျိုးကို အမျိုးသမီးတွေကိုယ်တိုင်က မယူချင်ကြဖို့လိုမယ်ထင်ပါတယ်။ မလိုအပ်တဲ့ နေရာတွေမှာ တို့က အားနွဲ့တဲ့ မိန်းမသားပါလေ ဆိုပြီး သဘောထားနေကြရင်တော့ လေးစားခံရဖို့ ခက်ခဲနိုင်ပါတယ်။ တဖက်ကလည်း မခွဲခြားရဘူး ဆိုပြီး လူအများ ရင်းနှီးကျွမ်းဝင်နေတဲ့ ဓလေ့စရိုက်တွေကြားမှာ သိပ်ပြီးထိုးထိုးထောင်ထောင် သွားလုပ်ရင်တော့လည်း အများကို မလေးစားရာ ရောက်တတ်တယ်။ ဥပမာ- အမျိုးသမီးတွေကို တားမြစ်ထားတဲ့ ဘုရားနယ်မြေကို အတင်းသွားတက်မယ်ဆိုရင်တော့ လက်တလော အနေအထားအရတော့ အများကို အနှောင့်အယှက်ဖြစ်စေမယ်။ လူ့အဖွဲ့အစည်းက ထင်မြင်ယူဆထားတဲ့ attributes တွေ ရှိနေသရွှေ့ပေါ့။
    အမျိုးသမီးတွေကို empower လုပ်ဖို့အတွက် ဖွဲ့စည်းပုံ တစ်ခုခုမှာ အမျိုးသမီးဦးရေ ဘယ်လောက်ပါရမယ်ဆိုပြီး အရည်အချင်းရှိရှိမရှိရှိ ပေါ်လစီအရ အတင်းထည့်တာမျိုးကျတော့လည်း အကျိုးမများပါဘူး။ စီမံခန့်ခွဲတဲ့ နေရာတွေ ဦးဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ တကယ်ကို အရည်အချင်းရှိလို့ လိုအပ်သလို နေရာရလာတာပဲ ဖြစ်သင့်ပါတယ်။ အခုအချိန်မှာ အမျိုးသမီးတွေဘက်က ကိုယ့်စွမ်းရည်ကို ကိုယ့်ဘာသာ ဖြည့်နေတာမျိုး လုပ်နေနိုင်ပေမယ့် ကာလချာတစ်ခုလုံးကို ပြောင်းဖို့ ဆိုတာကတော့ အချိန်ယူရမှာပါ။ သိမ်သိမ်မွေ့မွေ့ ပြောင်းလာရင်တော့ အကောင်းဆုံးပေါ့။
    Posted by ပန်ဒိုရာ | 01/07/2010, 16:23
    • ဟုတ်တယ်။ မပန်ဒိုရာပြောတာ အမှန်ပဲ။ ကျွန်တော့ကိုယ်တွေ့အတွေ့အကြုံတွေ ကြုံရင် ပြောပြဦးမယ်။
      Posted by zizawa | 01/07/2010, 17:09
    • မျှတတယ်ထင်သဗျ။
      “အမျိုးသမီးတွေကို empower လုပ်ဖို့အတွက် ဖွဲ့စည်းပုံ တစ်ခုခုမှာ အမျိုးသမီးဦးရေ ဘယ်လောက်ပါရမယ်ဆိုပြီး အရည်အချင်းရှိရှိမရှိရှိ ပေါ်လစီအရ အတင်းထည့်တာမျိုးကျတော့လည်း အကျိုးမများပါဘူး။” ဒါလည်းသဘောတူသလိုရှိတယ်။
      ဒါပေမယ့် Discrimination ကိစ္စကို ဥပဒေထဲ ထည့်ကြရင် အဲဒီကိစ္စက ပါလာဖို့များပါတယ်။ USA က Racial balance လုပ်သလိုမျိုးပေါ့။ အစိုးရဝန်ထမ်းခန့်တဲ့နေရာ ကျောင်းသားလက်ခံတဲ့နေရာတွေမှာ လူဦးရေနဲ့တွက်ပြီး ထည့်စဉ်းစား ပေးရတယ်ကြားတယ်။
      ဒါမျိုးကို သိပ်သဘောမတွေ့မိဘူး။ တရားဝင် ခွဲခြားမှုနောက် တစ်မျိုးလို့ပဲ မြင်တယ်။ ဥပမာ ကျောင်းဝင်ခွင့် မရလောက်တဲ့ လူတစ်ယောက်ကို လူမည်းဖြစ်နေလို့၊ ဟစ်စပန်းနစ်ဖြစ်နေလို့ ရာခိုင်နှုန်းပြည့်အောင် လက်ခံလိုက်ရတာမျိုးပါ။ အရည်အချင်း ပြည့်အောင်သာ လုပ်လာပါ လူတိုင်းကို လက်ခံတယ် ဆိုတာက ပိုကောင်းတယ်ထင်တာပဲ။
      ဒါပေမယ့် တခြားနည်းပြောပါ ဆိုရင်လည်း မဖြေတတ်ပါဘူး။
      Posted by WinSg | 01/07/2010, 17:38
    • “အမျိုးသမီးတွေကို empower လုပ်ဖို့အတွက် ဖွဲ့စည်းပုံ တစ်ခုခုမှာ အမျိုးသမီးဦးရေ ဘယ်လောက်ပါရမယ်ဆိုပြီး အရည်အချင်းရှိရှိမရှိရှိ ပေါ်လစီအရ အတင်းထည့်တာမျိုးကျတော့လည်း အကျိုးမများပါဘူး။”
      Like the reader “WinSg”, I generally agree with the above statement. However, we also need to consider the “inertia” of a society; it tends to follow its current course unless there is some internal or external force. In a field where a group of members don’t have an equal access to opportunities, it’s hard to empower them without giving them some kind of concrete preferential treatments. Of course, the ideal situation is a strict meritocracy without any ration or quota, but to reach that goal, we somehow need to jump start the change.
      Examples of such measures to jump start a social change include the affirmative action, the federally enforced de-segregation laws and voting rights laws in the US. If they waited until many blacks could read and write, until many blacks had become competitively “college-worthy” and a huge majority of Southern white kids themselves had become friendly to black kids, then racial discrimination in the US would be much worse than it is now; sometimes the best way to teach a kid how to swim is to kick him or her into the pool (while watching secretly to rescue if things really go south.)
      For example, if an influential group of Buddhist monks who hold some authority over Sangha were to decide now to re-introduce Bhikkhunis in Burma, there ought to be some kind of written or unwritten goal on the number of Bhikkhunis ordained each year and some kind of seed money to set up a fund (managed by lay people) that is to be used exclusively for building separate monasteries for Bhikkhunis. Otherwise, many abbots and Sayadaws won’t be actively looking for qualified women and nuns to be ordained as Bhikkhunis, and many will give the lack of monasteries as an excuse not to ordain Bhikkhunis. After all, without any role model Bhikkunis to look up to, many women won’t even consider to try to qualify as a Bhikkhuni.
      These preferential measures for the disadvantaged and the real empowerment of the disadvantaged reinforce each other, so both are needed in my opinion.
      How much, how long and where exactly such measures should take place is another worthy debate. It’s also very controversial when such preferential measures should be eliminated. The problem is that once a group has tasted some kind of preferential rations, it’s hard to let go. (Debates about reverse discrimination and affirmative action in the US highlight that problem.)
      Posted by ပိုင် (Pi) | 01/07/2010, 21:15
  3. တဦးချင်းစီ အကြောင်းမပြန်နိုင်ပေမယ့် အားလုံးက ကိုယ့်အမြင် သူ့အမြင် မျှမျှတတ ဝေဖန်ပေးသွားကြတာကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ အမြင်တွေကို တယောက်နဲ့ တယောက် မတူသော်ငြားလည်း လေးလေးစားစား သဘောထားပါတယ်။
    Posted by zizawa | 01/07/2010, 17:13
  4. http://en.wikipedia.org/wiki/Women_in_Buddhism
    A worthy reading about women in Buddhism. Of course, I can’t vouch for its accuracy; consult the primary literature cited there if necessary.
    Posted by ပိုင် (Pi) | 01/07/2010, 21:32
  5. အကျိုးရှိပါတယ်။ ဖတ်ရတဲ့လူမှာ ဗဟုသုတရော၊ စဉ်းစားစရာပါရတာပေါ့။
    မြန်မာပြည်မှာ မိန်းမတွေကို ခွဲခြားဖိနှိပ်မှုမရှိဘူလားဆိုရင် ရှိတယ်လို့ ဖြေရမှာပါပဲ။ ဒီကိစ္စက ဝိဝါဒ ကွဲပြားစရာမရှိဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အဲဒီလို ခွဲခြားဖိနှိပ်မှုကိုလည်း လျော့နည်းအောင်၊ ပပျောက်အောင် လုပ်သင့်ပါတယ်
    တဖက်က ကြည့်ပြန်တော့လည်း အခု freedom index အရ ထိပ်ဆုံးမှာ ရှိနေတဲ့ နိုင်ငံကြီးတွေမှာတောင် မဝေးသေးတဲ့ တချိန်ကအထိ အဲဒီလို ခွဲခြားမှုတွေ ရှိခဲ့တယ်။ မြန်မာနိုင်ငံလို မပွင့်လင်းတဲ့ (Isolated) နိုင်ငံမျိုးမှာတော့ အခုအချိန်အထိ ဒီအခြေအနေမျိုးတွေ လွှမ်းမိုးနေတာ ဆန်းတော့လည်း မဆန်းဘူးပေါ့။
    ပြောရရင် မိန်းမတွေချည်းပဲ ခွဲခြားဆက်ဆံခံရတာလား။ ကလေးလည်း ကလေးအလျောက်၊ ယောက်ျားလည်း ယောက်ျားအလျောက်၊ လူနည်းစုတိုင်းရင်းသားလည်း တိုင်းရင်းသားအလျောက်၊ ဘာသာရေးလည်း ဘာသာရေးအလျောက် အဖက်ဖက်က ဖိနှိပ်ချုပ်ချယ်ခံရပြီး လူ့အခွင့်အရေးတွေ လွတ်လပ်မှုတွေ ဆုံးရှုံးနေကြတဲ့ အချိန်အခါကြီးပါ။
    ဒီလို အခွင့်အရေးတွေအတွက် အချိန်မဆိုင်းဘဲ အခုအချိန်ကတည်းက စတင် မိတ်ဆက်လှုပ်ရှား(advocate, initiate)သင့်တာ မှန်ပါတယ်။ တိုင်းပြည်လွတ်လပ်သွားတယ်၊ ပွင့်လင်းသွားတယ်ဆိုရင်တော့ ဒီကိစ္စတွေက
    ဒီ့ထက် ပိုပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ ရတတ်တယ်။ ပြုပြင်ပြောင်းလဲလို့ရတတ်တယ်။ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်၊ ထုတ်ဖော်ပိုင်ခွင့် ရှိသွားပြီးကိုး။ အဲဒီလို လုပ်လို့ရတဲ့ အခြေခံကောင်းတွေကို အရင်ဖန်တီးနိုင်ဖို့လည်း လိုတယ်လို့ ယူဆပါတယ်။
    Posted by ကိုပေါ | 01/07/2010, 23:45
  6. ဒီဆောင်းပါးလေးရော၊ ပန်ပန် ပြောပြသွားတာရော သဘောကျမိတယ်။ လူ့အဖွဲ့အစည်းတခုလုံး တက်ညီ လက်ညီ သဘောထား ပြောင်းဖို့တော့ အချိန်ယူရမှာပါ။ ကိုယ့်တယောက်တည်း သဘောအရဆိုရင်တော့ ယောကျာင်္း မိန်းမ ဆိုတာထက် အရည်အချင်း နဲ့ အားသာချက်ဆိုတာကိုပဲ အလေးအနက် စဉ်းစားမိမှာပါ။ ဥပမာ American Idol မှာ နောက်ဆုံး စကာတင် ၁၂ ယောက် ရွေးတာကို မိန်းမ ၆ယောက်၊ ယောကျာင်္း ၆ယောက် ရွေးတာကြီးကို လုံးလုံး မကြိုက်။ အနုပညာ အရည်အသွေး ပြိုင်တဲ့နေရာကြီးမှာ အရည်အသွေး အားနည်းတဲ့ တယောက်က ဒီ ယောကျာင်္း မိန်းမ ကန့်သတ်ချက်ကြောင့် ကျန်ခဲ့မှာကို မကြိုက်ဘူး။ ဆိုလိုချင်တာက ယောကျာင်္းလေးက ပိုတော်နေရင် ယောကျာင်္း ၇ယောက်၊ မိန်းမ ၅ယောက်ပဲ ဖြစ်စေ လက်ခံရမှာပေါ့။ ဒါကြောင့် ယောကျာင်္း မိန်းမ ခွဲတာကို လက်မခံချင်တာပါ။ အရည်အချင်းကိုသာ အဓိက ထားချင်တာ။
    ကိုယ်ကိုယ်တိုင်ကတော့ မတရားတာ၊ မဟုတ်တာ ဆိုရင် မိန်းမ မို့လို့ နှိမ်မယ် မကြံနဲ့ဘဲ။ မိန်းမမို့လို့ဆိုပြီး အထူးအခွင့်အရေးပေး လျှော့ပေးတာလဲ မဟုတ်သေးဘူး။ မိန်းမမို့လို့ စိတ်ပျော့မယ်တော့ မထင်နဲ့၊ အမြင်အရသာ ပျော့ပြောင်းပေမဲ့ သူပုန်စိတ်က ရင်ထဲမှာ အပြည့်ရှိတယ်။
    (ပြောရင်းနဲ့ ကိုယ့်အကြောင်းတွေ ပေါ်ကုန်ပါပြီ ကိုဝတုတ်..ဟားဟားဟား)
    Posted by Moe Cho Thinn | 02/07/2010, 00:02
  7. ကိုဝတုတ်ရဲ့ ထုံးစံအတိုင်း စဉ်းစားစရာတွေ ပေးလို့ ကျေးဇူးတင်ပါတယ်။ မိန်းမကိစ္စဆိုတော့ နည်းနည်းတော့ ၀င်ပြောမလား မှတ်တယ်။ ကိုယ်က ဗဟုသုတ ဟင်းလေးအိုး မဟုတ်လေတော့ သိသလောက်ကလေး ပြောပါရစေ။ လိုတာ ပိုတာ ရှိရင် ထောက်ပြ ဖြည့်စွက် ပြင်ဆင်နိုင်ပါတယ်။
    မြန်မာအမျိုးသမီးတွေ ကိုယ့်ကိုကိုယ် နှိမ့်ချတာတော့ အစဉ်အလာကြီး ဖြစ်နေသေးတယ်။ “ဟွန့် မိန်းမကြီးကျနေတာပဲ။ ပစိပစပ် များလိုက်တာ၊ အတင်းတုတ်လိုက်တာ” နဲ့ “သူက ယောက်ျားလေးလိုပဲ သတ္တိရှိတယ်။ အားကိုးရတယ်” နဲ့ ယှဉ်ကြည့်ရင် သိသာတယ်။ လေသံက တခြားစီ။ ဒါက streotyping (လွှမ်းခြုံသတ်မှတ်မှု) နဲ့တော့ ဆိုင်တယ်။ သို့သော် ဒီစကားမျိုးကို မိန်းမတွေ ကိုယ်တိုင်က လက်ခံပြောဆိုနေခြင်းဟာ မိန်းမဖြစ်ရခြင်းကို (သို့တည်းမဟုတ် ကိုယ့်ကိုကိုယ်) အထင်မကြီးမှုကို ညွှန်ပြနေတယ်လို့ ထင်မိတာ ကိုယ်တယောက်တည်းတော့ ဟုတ်မယ် မထင်ဘူး။
    မြန်မာမိန်းမတွေထဲမှာ သူတို့ကိုယ်သူတို့ ဓလေ့ထုံးစံအရ မိန်းမပီသရခြင်း (တနည်းအားဖြင့် ယောက်ျားတွေအတွက် အဖြည့်ခံ ဖြစ်ရခြင်း) အတွက် ဂုဏ်ယူမဆုံး ဖြစ်နေသူတွေ ဒုနဲ့ဒေး ရှိနေတုံးဆိုတာ ငြင်းလို့ မရဘူး။ ပညာတတ်လို့ ခေါ်နိုင်တဲ့ အသိုင်းအ၀ိုင်းကပါ ပါနေတယ်။ Status quo ကို မဆန်းစစ် စိန်မခေါ်ပဲ “တော်လေး၀၀င် မိန်းမမြတ်မျိုး” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နီးစပ်ရရင် ပြီးရောလို့ သဘောထား ကျေနပ်နေသူတွေ အနန္တ။ တော်လေး၀၀င်မိန်းမတွေကို သူတို့ယောက်ျားတွေက ဘယ်လိုဆက်ဆံခဲ့သလဲတော့ မသိဘူး။ ခေတ်သစ် မိန်းမမြတ်များကတော့ သူတို့ယောက်ျားတွေ နည်းနည်းလေးများ သိတတ်ပြ၊ ကိုယ်ချင်းစာပြလိုက်တာနဲ့ နေပျော်၊ သေပျော်ပြီလို့ ခံစားရသူတွေ အများကြီး ရှိနေတုံး။ မကျေနပ်လို့ ထုတ်ပြောမိခဲ့ရင်တော့ ပြောမိသူကို ၀ိုင်းဝန်းနှိပ်ကွပ်ကြတာ ဘာပြောကောင်းမတုံး။ ဆိုလိုတာက လူမှုအသိုင်းအ၀ိုင်းရဲ့ ယောက်ျားတွေအပေါ် မျှော်လင့်ချက်နဲ့ မိန်းမတွေအပေါ် မျှော်လင့်ချက် မတူဘူး ဆိုတာကိုပါ။
    အမျိုးသမီး စာရေးဆရာမတွေ အမျိုးသားကလောင်နာမည်နဲ့ စာရေးခဲ့ကြတာ မြန်မာပြည်မှာမှ ဖြစ်ခဲ့တာတော့ မဟုတ်ဘူး။ ကမန်းကတန်း ရှာကြည့်လိုက်မိတဲ့ အင်္ဂလိပ်စာရေးဆရာ(မ) George Eliot (နာမည်ရင်း Mary Ann Evans) ဆိုလည်း ၁၉ ရာစု အလယ်ပိုင်းမှာ နာမည်ကျော်ခဲ့တာပဲ။ သူ့ရဲ့ အမျိုးသားကလောင်နာမည် ယူရခြင်းအကြောင်းက သူ့စာတွေကို အလေးထား ဖတ်စေချင်လို့လို့ ဆိုတယ်။ မိန်းမဆို အချစ်ဝတ္တုပဲ ရေးတတ်တယ်၊ ပညာရပ်ဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ မရေးတတ်ဘူးဆိုတဲ့ ယေဘူယျ သတ်မှတ်ခွဲခြားမှုကို ရှောင်ရှားချင်လို့တဲ့။ ဒီအပိုင်းမှာ သူတို့က ရာစုတစုလောက် စောတယ် ဆိုရမယ်။
    အနောက်နိုင်ငံတွေမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ ပေါ်လာတာ ၂၀ ရာစုကျမှ အရှိန်အဟုန်နဲ့ ဖြစ်လာတာ။ အင်္ဂလန်မှာတော့ လူလတ်တန်းစား ပညာတတ်အသိုင်းအ၀ိုင်းက စတယ်လို့ ဆိုတယ်။ မဲပေးခွင့်ကနေ ပထမလှိုင်း စခဲ့တယ်လို့ Wiki မှာ ဖတ်လိုက်ရတယ်။ ဒုတိယလှိုင်းကတော့ အလုပ်ခွင် လူမှုဝန်းကျင်က ခွဲခြားမှုတွေကို တိုက်ဖျက်ခဲ့တယ်တဲ့။ ကိုယ်တွေက ဒီကိစ္စကို ၂၁ ရာစုထိ တိတိပပ ထိထိရောက်ရောက် အောင်မြင်အောင် အကောင်အထည် မဖော်နိုင်သေးတော့ ဒီနေရာမှာလည်း ရာစုတစု နောက်ကျနေပြန်တယ်လို့ ဆိုနိုင်တယ်။
    ကိုယ်ကတော့ “နောက်ကျခြင်းသည် လုံးဝ မဖြစ်ရခြင်းထက် စာလျှင် တော်သေးသည်”လို့ပဲ မြင်ပါတယ်။ ဒါကို အားမလို အားမရ ဖြစ်သူတွေ ရှိနိုင်တယ်။ ဒါမျိုးက နေ့ချင်းညချင်း ဖြစ်မယ့် ကိစ္စ မဟုတ်လေတော့ ဒီလိုအတွေးအခေါ် အပြုအမူ ပြောင်းလဲမှု ရေစီးကြောင်းကို အရှိန်နဲ့ ဆက်စီးနေစေဖို့၊ သို့တည်းမဟုတ် ပိုကျယ်ပြန့် အရှိန်ရလာဖို့ ကိုယ် တတ်နိုင်သလောက် သတိထား ကြိုးစားကြရမယ်လို့ မြင်တယ်။
    Pandora ပြောသွားတဲ့ အလုပ်ထဲမှာ မိန်းမဦးရေ သတ်မှတ်ခန့်ထားခြင်းကတော့ postive discrimination လို့ ခေါ်ရလိမ့်မယ်။ ဒါကလည်း လုံးဝကောင်းတယ် မဆိုနိုင်ဘူး။ မိန်းမတွေရဲ့ ကြိုးစားချင်စိတ်ကို မသိလိုက် မသိဖာသာ ချိုးနှိမ်ရာရောက်တယ်လို့ မြင်တယ်။ အင်္ဂလန်မှာတော့ အလုပ်ရှင်တွေဟာ Equal opportunity ဆိုတာကို ဥပဒေကြောင်းအရ လိုက်နာရတယ်။ အရည်အချင်းချင်းတူရင် လူနည်းစုအုပ်စုက လူကို ဦးစားပေးတယ်။ ဥပမာ ရာထူးကြီးအလုပ် ခန့်ထားရေး လူတွေ့မေးမြန်းခြင်းမှာ ယောက်ျားနဲ့ မိန်းမ အမှတ်ချင်းတူနေရင် (အဖွဲ့အစည်းရဲ့ ထိပ်ပိုင်း ရာထူးတွေထဲမှာ မိန်းမ နည်းနေသေးရင်) မိန်းမကို ဦးစားပေး ရွေးချယ်ခန့်ထားလိုက်တယ်။ အရည်အချင်း ရှိရှိ မရှိရှိ quota နဲ့ ခန့်ထားခြင်းမျိုး မဟုတ်ဘူးပေါ့။ ဒါဟာ အတတ်နိုင်ဆုံး မျှတစွာ ခွဲခြားခြင်းလို့ ခေါ်ရင်ရမယ် ထင်တာပဲ။
    မိန်းမတွေကို ဘာသာရေးမှာ ခွဲခြားတာကတော့ ဗုဒ္ဓဘာသာ တခုတည်းမှာမှ မဟုတ်ပါဘူး။ အစ္စလာမ်၊ ရိုမန်ကက်သလစ်၊ ရှေးရိုး ခရစ်ယာန်ဂိုဏ်းတွေမှာလည်း အတူတူပါပဲတဲ့။ ကိုယ်က ဘိက္ခုနီသာသနာအကြောင်း သေချာ မသိလေတော့ ၀င်မပြောတာ ပိုကောင်းပါတယ်။
    ဘာသာရေးကိစ္စဖက် ရောက်သွားရင် မလိုအပ်တဲ့ စွဲချက်တွေ တက်လာပြီး ကိုယ့်မူရင်းစေတနာကို လွှမ်းမိုး၊ လမ်းလွှဲ သွားနိုင်တဲ့ အန္တရာယ် ရှိကြောင်း ကိုဝတုတ်ကို မေတ္တာရှေ့ထား သတိစကား ဆိုရင်း နိဂုံးချုပ်ပါရစေ။
    Posted by နုသွဲ့ | 02/07/2010, 00:29
  8. ဦးဆုံးဒီပို့စ်အတွက် ကိုဝတုတ်ကိုကျေးဇူးတင်ပါတယ်။
    ကိုယ်ပိုင်ခံယူချက်အနေဖြင့်ဆိုရလျှင် မြန်မာပြည်မှာမွေးဖွားခဲ့ငြား
    ယောကျာင်္းဆိုတာ မိန်းမထက်မြင့်မြတ်တဲ့အရာ လို့ ဘယ်တုံးကမှလက်မခံခဲ့ဖူးတာပါပဲ။ မိန်းမဖြစ်တဲ့အတွက် သဘာဝအလျှောက် ဥပမာ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း စသော အားနည်းချက်တွေရှိတယ်ဆိုတာ လက်ခံပေမဲ့ အားလုံးဟာ ခေါင်းတလုံး လက်နှစ်ဖက် ခြေနှစ်ချောင်း ကြိုးစားသူဖြစ်ထွန်းတယ် ဆိုတဲ့ ရိုးရှင်းသောနိယာမကို လက်ခံတဲ့အတွက်ပါ။
    သို့ငြား အမြစ်စွဲနေတဲ့ ဓလေ့တွေကြားမှာ တခါတရံ ခွဲခြားခံရတာတွေကိုလည်း သိပင်သိငြား၊ လက်ခံရုံကလွဲလို့တခြားမရှိတဲ့ အခြေနေ(ဓလေ့တွေ social conscience)တွေလည်း အများကြီးရှိနေတာလည်း သိနေ (မလိုချင်ပဲ)လက်ခံနေရပါတယ်။
    【 ဗမာပြည်မှာ ကိုယ့်ကို နှိမ်တာကို အလွယ်တကူ လက်သင့်ခံတဲ့လူတွေ (ယောက်ျားရော၊ မိန်းမတွေပါ)ရှိတယ်။(ကိုဝတုတ်)】
    【လူ့အဖွဲ့အစည်းရဲ့ြ့ပဌာန်းသတ်မှတ်ချက်တွေကို စိန်မခေါ်ဘဲ အလွယ်တကူ လက်ခံနေတယ်လို့ သူမြင်တဲ့ မိန်းမတွေ(ဆရာမဂျူး)】
    【အထီးကြီးစိုးရေး အစဉ်အလာကို ချိုးဖောက်တာကို လုပ်အပ်တဲ့အရာအဖြစ် မိန်းမတွေက မမြင်ဘူး
    ဖိနှိပ်ခံရတဲ့ လူတန်းစားတွေမှာ ဒီလိုပျော့ညံ့တဲ့ စိတ်ဓာတ်တွေ မကြာခဏတွေ့ရတယ်။ (ကိုဝတုတ်)】
    【Interestingly, some Burmese women knew and accepted that the social terrain was far from smooth but decided not to seek to change it.
    【Women often confessed that they would not attempt to cross these boundaries or challenge them openly. (မဇီဇ၀ါ)】
    ဆိုရလျှင် မိန်းမတွေ(လူတွေက)လက်ခံတယ်ဆိုတာထက် (ကန့်သတ်ထားတဲ့အသိဥာဏ်)ပုံစံခွက်ထဲ ပစ်ထည့်ခြင်းခံလိုက်ရတယ်လို့ပဲမြင်ပါတယ်။
    မမြင်ဘူး၊ လက်ခံတယ် ဆိုတဲ့စကားလုံးတွေထက် သူတို့ဟာ
    မမြင်နိုင်ခြင်းနဲ့ လက်မခံရ ကာင်းမှန်း
    ဖောက်ထွက်လို့ရမှန်းမသိခြင်းဟာ အများစုပါ။
    ဒီလိုအများစုဖြစ်တဲ့အတွက် သိတဲ့အနည်းစုအနေဖြင့်လည်း ဖောက်ထွက်ရခက်ခဲခြင်း အကျိုးဆက်ဖြစ်လာပါတယ်။ ဂျပန်ကဘုရားတွေ၊ ဘုရားကျောင်းတွေသွားတဲ့အခါ ဖိနပ်မချွပ်ရဘူး၊ တနည်းအားဖြင့် ဘုရားပေါ် ဖိနပ်စီးတာ ပိုပြီး အဆင်ပြေတယ် မဟုတ်ဘူးလား ဆိုတဲ့အတွေးတခု ချပြလိုက်ရင် ၉၀ ရာခိုင်နှုန်းလက်မခံနိုင်သလိုပေါ့။ ဒါဟာ အများက ပုံစံကျအမြစ်စွဲနေတဲ့ ရှေးရိုးစွဲဓလေ့တခုဖြစ်နေလို့ပါ။
    မိမိကြီးပြင်းလာခဲ့ရတဲ့ မြန်မာအသိုင်းဝိုင်း(မိသားစု ဆွေမျိုး ပတ်ဝန်းကျင်)ကြား ခြုံငုံသုံးသပ်ကြည့်လျှင်လည်း အဲသည်လို မိန်းမနှင့်ပတ်သက်လို့ ခွဲခြားထားတာတွေ
    အများကြီး ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရ သိနေရတာပါပဲ။
    ဥပမာအားဖြင့် အိမ်က အဖေကိုယ်တိုင် ထမီတိုက်တဲ့မီးပူကိုသက်သက်တလုံးထားစေတာတို့၊ အ၀တ်လှမ်းတဲ့ကြိုးတန်းက အပေါ်ဆင့်ကယောကျာင်္းတို့၊ ပတ်ဝန်းကျင်အားဖြင့်လည်း ခုတင်ခြင်ထောင်ပေါ် ဘရာစီယာတင်လိုက်မိလို့ ယောက္ခမက ငါ့သားဘုန်းနိမ့်မယ်ဆိုပြီး စိတ်ဆိုးခံရတာတို့၊ အိမ်မှုကိစ္စဟာမိန်းမအလုပ်တို့၊ သားမွေးမှရှင်ပြုရဟန်းခံပေးနိုင်ပြီး သာသနာ့ဒါယိကာဖြစ်မှာမို့ သားမွေးတာကမြတ်တယ် ဆိုတာတို့ ဒါမျိုးတွေအများကြီးရှိပါတယ်။
    ပြောရမယ်ဆိုလျှင် မိန်းမမှမဟုတ်ပါဘူး၊ မိဘနဲ့သားသမီးကြားမှာထားတဲ့
    မိဘသာလျှင်အမှန်၊ မိဘပြောတာနားထောင်၊ မိဘမှားမှားမှန်မှန် ပြန်မပြောနဲ့
    ငရဲကြီးမယ်တို့၊ စသဖြင့် ချိုးနှိပ်ခံထားရတဲ့ အမြစ်စွဲနေတဲ့အယူဝါဒတွေ တပုံတပင်
    ကို ရှိပါတယ်။
    ဆိုချင်တာက မိဘပြောတာ နားထောင်စရာမလိုဘူး လို့ ဆိုလိုခြင်းမဟုတ်ပါ။
    နောင်ရှုပ်မှာစိုးတဲ့အတွက် တခါတည်းရှင်းပါတယ်။ မိဘဟာ ကျေးဇူးရှင်၊ မိမိကို ဘယ်သူ့ထက်မဆို ချစ်ခင်မြတ်နိုးသူ စောင့်ရှောက်သူ မိမိအနေဖြင့်လည်း မိဘဟာ ပြန်လည် ချစ်မြတ်နိုးစောင့်ရှောက်ရမယ့်သူ ဒါကို ရင်ထဲက နက်နက်နဲနဲ အသိမှတ်ပြု
    လက်ခံသူတဦးပါ။ သို့ငြား မိဘပြောသမျှ အမှန်လို့ မှတ်ယူ၊ ဘာပြောပြောနားထောင်ဆိုတာကတော့ ဘောင်ကျော်သွားတဲ့အယူဆလို့ ထင်ပါတယ်။ အဲလိုမဟုတ်တဲ့မိဘတွေအများကြီးပါ လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲလိုမိဘတွေ က အများစုကြီးဖြစ်နေတာ မြန်မာပြည်ရဲ့ လက်ရှိအခြေနေပါ။
    မိန်းမကိုနှိမ်ချခွဲခြားခြင်းရဲ့ အဓိကအကြောင်းရင်းတချက်ကတော့ ဗမာတွေရဲ့ ရှေးရိုးစွဲ အမြစ်စွဲနေတဲ့အတွေးနဲ့ဓလေ့တွေကြောင့်လည်းဖြစ်မယ်လို့ယူဆပါတယ်။
    တနည်းဆိုရလျှင် အယူသည်းခြင်း လိုမျိုးပေါ့။
    ဒါကကော ဘာကြောင့်လူအများစုမှာတွေ့ရသလည်း။ ဘာကြောင့်လူအများစုကဖောက်ထွက်ပြီးမတွေးနိုင်သလည်း ဆိုတာကတော့ ကိုဝတုတ်ရဲ့စကားကိုပဲ ပြန်ကိုးကားရမှာပါပဲ
    【ဗမာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ အောက်မှသာ ကြီးပြင်း လာတဲ့ မိန်းမတွေဟာ ဒီလို ထိပ်ရောက်လာမလားဆိုတာ မေးစရာပဲ။】
    အရှင်းဆုံးဥပမာဆိုရလျှင် က ခ(ဗမာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ အောက်မှသာ)ပဲ သင်ထား သိထားတဲ့သူတယောက်ဟာ
    အေ ဘီ စီ မရေးတတ်သလိုပဲပေါ့။ ဖောက်ထွက်တွေးရမှန်းလည်း သိဖို့မလွယ်ပါဘူး။
    ဒါဟာ သူတို့ဟာ ဒီအခြေနေကြီးကို အသိမှတ်ပြုထား လက်ခံထားတာ ဆိုတာထက်ကို
    အထက်က ဆိုခဲ့သလိုပဲ ပုံစံခွက်(ကန့်သတ်ထားတဲ့ဘောင်တခု)ထဲ ပစ်သွင်းခံလိုက်ရခြင်းပါပဲ။
    ဘယ်လောက်တောင် အမြစ်စွဲဓလေ့၊ ပုံစံခွက်ဖြစ်နေသလည်းဆိုတာ
    ဒီပို့စ်က ကိုးကားဖော်ပြထားတဲ့စာတွေဖတ်ကြည့်ရင်သိနိုင်ပါတယ်။
    【ဒေါ်စန်းကို ၁၉၅၀ လောက်မှာ မြန်မာ့အလင်းသတင်းစာမှာ ချီးကြူးတဲ့အခါကျတော့ ‘မိန်းမဖြစ်လင့်ကစား သတင်းစာ အယ်ဒီတာအလုပ်ကို နိုင်နင်းစွာ လုပ်နိုင်သည်’ လို့ရေးထားတယ်။ မိန်းမ တယောက်က ဒီလိုအလုပ်မျိုး လုပ်နိုင်တာကို အထူးအဆန်းလို သဘောထားတယ်။(ကိုဝတုတ်)】
    A=【ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့ စကားဟာ ဒါကိုပြနေတယ် ထင်တယ်။ မိန်းမတွေ နှာခေါင်းမပါရင် ဟိုဟာတောင် စားတယ်ဆိုတဲ့ စကားကိုလည်း ဥပမာတခုအဖြစ်နဲ့ ထည့်ရလိမ့်မယ်။】
    Aစာပိုဒ်နဲ့ပတ်သက်ပြီးထပ်ရှင်းချင်တာကတော့
    ယခင်ခေတ်ကဆို မိန်းမတယောက်ဟာ အိမ်ထောင်ပြု၊ အိမ်ထောင်မှုထိန်း၊
    ခလေးမွေး၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတဲ့သဘောလောက်ပဲ အသိမှတ်ပြုခံ
    ခဲ့ရလေတော့ ၊ ပညာတတ်ဖို့မလိုဘူးဆိုပြီး ကျောင်းတောင်မတက်ခိုင်းတာမျိုးတွေဟာ သမိုင်းနဲ့ချီရှိခဲ့တာအထင်ရှားပါ။ ဒါတွေကို အခြေပြုပြီး Aလို စာပိုဒ်မျိုးတွေ ပေါ်ထွန်းလာတယ်လို့
    ယူဆပါတယ်။ ယနေ့ခေတ်လိုခေတ်ပြောင်းနေတဲ့အချိန်မှာ ဒီအချက်ကိုမြင်ဖို့နားလည်ဖို့ဟာလည်း အရေးကြီးတယ်လို့ထင်ပါတယ်။
    ဒါကြောင့် အောက်ပါအချက်ကိုလက်ခံပါတယ်။
    【ဗမာ့လူ့အဖွဲ့အစည်းရဲ့ social conscience ထဲမှာ မိန်းမတွေဟာ ယောက်ျားလောက် မတော်၊ မမြတ်ဖူးဆိုတဲ့ အမြင်ကြီး ဒုနဲ့ဒေးနဲ့ ရှိနေတာကို ရသလောက် ရေးသွားတာ။ ပေါ်တင် discriminate လုပ်တဲ့အဆင့်မလာသေးဘူး။ ဒါပေမယ့် ဒီနှိမ့်ချ ဆက်ဆံမှုတွေဟာ ပြောခဲ့တဲ့ social conscience ကနေပေါက်ပွားလာတာဖြစ်တယ်။ 】
    【တန်းတူအခွင့်အရေး လိုချင်တယ်ဆိုရင် အားနည်းတယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှေးရိုးထုံးစံ ပေးထားတဲ့ အထူးအခွင့်အရေးတွေ ရှိရင်လည်း စွန့်လွှတ်ဖို့လိုတယ်။
    သဘာဝအရ ခနာဗေဒ ကြံ့ခိုင်မှု ကွာတာကြောင့် ၀န်ထုတ်ဝန်ပိုးကို သယ်တဲ့အခါ တကယ်လိုအပ်လာတဲ့ ကူညီမှုမျိုးကလွဲလို့ အခြားသော အထူးတလည် ဦးစားပေးတာမျိုးကို အမျိုးသမီးတွေကိုယ်တိုင်က မယူချင်ကြဖို့လိုမယ်ထင်ပါတယ်။
    မလိုအပ်တဲ့ နေရာတွေမှာ တို့က အားနွဲ့တဲ့ မိန်းမသားပါလေ ဆိုပြီး သဘောထားနေကြရင်တော့ လေးစားခံရဖို့ ခက်ခဲနိုင်ပါတယ်။ (မပန်ဒိုရာ)】
    မမပန်ဒိုရာရဲ့အဆိုကိုဝင်ဆွေးနွေးရလျှင်တော့ အားလုံးဟာတန်းတူရယ်လို့
    ဒီလိုပုံစံခွက်ထဲပြောင်းလဲဝင်ရောက်သွားမယ့်အချိန်မှာတော့ ဒါတွေဟာ စွန့်လွှတ်စရာ မလိုပဲ အလိုလို ပပျောက်သွားမယ့် အရာလို့ထင်ပါတယ်။ တို့ကတော့အားနွဲ့တဲ့မိန်းမသားပါလေ ဆိုပြီး သဘောထားနေတယ် ဆိုတဲ့မိန်းမတယောက်ဆိုတည်းက သူမဟာ အဲဒီပုံစံခွက်ထဲဝင်နေတယ် ဆိုတာထင်ရှားတဲ့အတွက်ပါ။
    【စီမံခန့်ခွဲတဲ့ နေရာတွေ ဦးဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ တကယ်ကို အရည်အချင်းရှိလို့ လိုအပ်သလို နေရာရလာတာပဲ ဖြစ်သင့်ပါတယ်။ 】
    ဒီနေရာမှာတော့ဆိုရလျှင်
    အမျိုးသမီးတွေဟာ တကယ်ကို အရည်အချင်းရှိလို့ လိုအပ်သလို နေရာရလာတာပဲ
    ဆိုတဲ့ဝါကျမှာ အမျိုးသမီးတွေဟာ ဆိုတာထက်ကို လူတွေဟာ လို့ သုံးလျှင် ပိုသင့်တော်မယ်ထင်ကြောင်းပါ။
    【အခုအချိန်မှာ အမျိုးသမီးတွေဘက်က ကိုယ့်စွမ်းရည်ကို ကိုယ့်ဘာသာ ဖြည့်နေတာမျိုး လုပ်နေနိုင်ပေမယ့် ကာလချာတစ်ခုလုံးကို ပြောင်းဖို့ ဆိုတာကတော့ အချိန်ယူရမှာပါ။ သိမ်သိမ်မွေ့မွေ့ ပြောင်းလာရင်တော့ အကောင်းဆုံးပေါ့။】
    ဒါကတော့အမှန်ပါပဲ။
    culture တခုလုံးဆိုတာထက်ကို ပြောင်းသင့်တဲ့ အမြစ်စွဲနေသော အစိတ်ပိုင်းကြီးကြီးတွေကို ပြောင်းလဲဖို့ဆိုတာကတော့ အဆင့်ဆင့်နဲ့ အချိန်ယူပြောင်းလဲသွားရမှာလို့ထင်ပါတယ်။
    နောက်ဆုံးတခုအနေဖြင့်ဆိုချင်တာကတော့ မိန်းမနှင့်ပတ်သက်တဲ့ဒီလို အကြောင်းရာမျိုးမှ မဟုတ်ပါဘူး။ ဘယ်လိုဖြစ်စဉ်အကြောင်းရာမျိုးမှာဖြစ်ဖြစ်
    အခြားအလားတူ အကြောင်းရာမျိုးတွေမှာပဲဖြစ်ဖြစ် အဓိက အလုပ်သင့်ဆုံးကတော့ ပညာရေးစနစ်လို့ထင်ပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး တွေးနိုင်တဲ့ ဆွေးနွေးသုံးသပ်နိုင်တဲ့ သိနားလည်မှုရှိနိုင်သော ပညာရေးစနစ်ကို ထူထောင်သင့်တယ်လို့မြင်ပါတယ်။
    က ခ သင်ထားတဲ့သူတွေကို သူတို့မသိတဲ့ ရှေးရိုးစွဲ ဓလေ့စွဲတွေကနေ နားလည်လက်ခံဖို့ခက်တဲ့ အေ ဘီ စီတွေ အကြောင်းပြောပြနေရုံမဟုတ်ပဲ အေဘီစီ သင်ပေးလိုက်ဖို့လိုပါတယ်။ အဲဒီ့နောက် စာတစောင်ရေးသားရာမှာ က ခ နဲ့ရေးသင့်သလား အေ ဘီစီနဲ့ ရေးသင့်သလား။ ဘယ်နေရာမှာ ကခ ဖြုတ်ပြီး အေဘီစီပေါင်းစပ်ထည့်ပြီး၊ ဘယ်နေရာမှာ အေဘီစီဖြုတ်ပြီး ကခနဲ့ဖြည့်စွက်ရေးသားမလည်း ဆိုတာတွေကတော့ ကာယကံရှင်တွေကိုယ်တိုင် အများအားနဲ့ တွေးခေါ်ဆုံးဖြတ်ကြတာ အကောင်းဆုံးပဲမဟုတ်ပါလား။
    Posted by KNSL | 02/07/2010, 03:55
  9. ကဲ ကိုဝတုတ်၊ ပြောတဲ့အတိုင်း (အဆစ်ပါကလေးကို) ဖြုတ်လိုက်တော့ စကားပြောရတာ နည်းနည်းအဆင်ချောသွားပြီ မဟုတ်လားး-)
    စာများများဖတ်ရင် ဦးနှောက်သိပ် အလုပ်မလုပ်လို့ အေးအေးဆေးဆေးမှ ထပ်ဖတ်ပြီး စဉ်းစားကြည့်ပါအုံးမယ်။
    လောလောဆယ်တော့ “အမျိုးသမီးတွေကို empower လုပ်ဖို့အတွက် ဖွဲ့စည်းပုံ တစ်ခုခုမှာ အမျိုးသမီးဦးရေ ဘယ်လောက်ပါရမယ်ဆိုပြီး အရည်အချင်းရှိရှိမရှိရှိ ပေါ်လစီအရ အတင်းထည့်တာမျိုးကျတော့လည်း အကျိုးမများပါဘူး။” ဆိုတဲ့ ပန်ဒိုရာရဲ့ စာစုလေးကိုပဲ တွေးလို့ ရသေးတယ်။
    ဘယ်ဝါဒ နဲ့ စနစ်ပဲ သုံးစွဲစွဲ နိုင်ငံတစ်နိုင်ငံမှာ ဟန်ချက်တွေထိန်းနိုင်အောင် scientific management သဘောသဘာဝအရ ညှိနိုင်းလုပ်ကိုင်ကြတဲ့အခါ အများအမြင်နဲ့ သိပ်အဆင်မပြေတာတွေလည်း ပါတတ်ပါတယ်။ မြင်မိတာကတော့ အရည်အချင်းလိုက်လာအောင် အရေအတွက် ထိန်းညှိပေးတာလို့ပါပဲ။ ဒါပေမယ့် ပုံသေထားလိုက်ရင်တော့ တစ်ကဏ္ဍပါ။
    Posted by မန်းကိုကို | 02/07/2010, 05:09
  10. ခုပြောနေတဲ့ထဲမှာ မပန်ဒိုရာ၊ မမိုးချိုသင်းနဲ့ နောက်ပိုင်တို့ရဲ့ ကွန်မင့်တွေထဲနဲ့ ပတ်သက်လို့ နည်းနည်းလောက် ထပ်မန့်ချင်ပါတယ်။ quota ပြည့်အောင် အတင်းလုပ်တဲ့အတွက် စနစ်ကြီးတခုလုံးအတွက် ခရီးမတွင်တာတို့၊ အလုပ်ဖြစ်သင့်သလောက် မဖြစ်တာတို့ ရှိနိုင်ပါတယ်။ တဘက်မှာ perfect meritocracy ဆိုတာကြီးကလည်း perfect society ဖြစ်စေမယ်လို့ အာမမခံနိုင်ပေဘူး။ ပိုင်ပြောခဲ့သလို လူမည်းတွေအားလုံး ရေးတတ်ဖတ်တတ်တဲ့ အဆင့်ထိစောင့်မယ်ဆိုရလို့ အသားအရောင် ခွဲခြားမှုဟာ တကယ်ကို အများကြီး ပိုဆိုးသွားမယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုဟာ balanced ဖြစ်မှာ မဟုတ်ဖူး။ disparities အရမ်းကြီးတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော့ တဦးချင်းအနေနဲ့ လက်မခံချင်ဘူး။ ကျွန်တော့လို လက်မခံချင်တဲ့ လူတွေလည်း အများအပြား ရှိမယ်လို့ ယုံတယ်။
    ကျွန်တော်တို့တိုင်းပြည်မှာ အထီးဖြစ်တယ်၊ ဗမာဖြစ်တယ်၊ ရန်ကုန်မှာ ပိုက်ဆံ အသင့်အတင့်ရှိတဲ့မိဘအသိုင်းအ၀ိုင်းက မွေးထုတ်ပေးလိုက်တဲ့ ယောက်ျားတယောက်ဟာ နယ်မှာမွေးတဲ့ တိုင်းရင်သူတယောက်ထက် အစကောင်းတယ်။ အဲတော့ အကန့်အသတ်သာရှိတဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်ကို မျှဝေယူကြရာမှာ ပထမလူဟာ ဒုတိယလူထက် အများကြီးပိုရမယ့် အခွင့်အလမ်းရှိတယ်။ ပထမလူကို ပိုပေးတဲ့အတွက် တိုင်းပြည်လဲ ပိုတိုးတက်ချင် တိုးတက်နိုင်တယ်။ ဒါပေမယ့် တဘက်မှာ လူမျိုးရေး၊ လိင်ကွဲပြားမှုကိုလိုက်ပြီး အောင်မြင်မှု၊ ဆင်းရဲချမ်းသာ ကွာဟတာမှုတွေ ပိုကြီးလာရင် တခြား desirable outcomes တွေဖြစ်တဲ့ လူ့အဖွဲ့အစည်းတွင်းက လူတွေကြား ပိုပြီး သဟဇာတ ဖြစ်တာတို့၊ ပိုစည်းလုံးမှုရှိတာတို့တွေကို စွန့်လွှတ်လိုက်ရတာတွေ ရှိမယ်။
    utilitarian စဉ်းစားချက်အပြင် egalitarian ဖြစ်ဖို့ကိုလည်း စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။
    ပြောချင်စရာတွေ အများကြီး ထပ်ထွက်လာတယ်။ နောင်တချိန်မှာ ခုပြောချင်တာတွေကို ရေးနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။
    ကျော်နှင်းစီလွင်ရေ.. အရှည်ကြီး ထောက်ပြသွားပေးတာ ကျေးဇူးပါ။ ညီမပြောသလိုပဲ ပုံစံခွက်ထဲ အတင်းထည့်ခံလိုက်ရပြီး တွန်းလှန်ဖို့ခက်သွားတာတွေ အများကြီးပါ။ တဘက်မှာ လူ့အဖွဲ့အစည်းက သတ်မှတ်ပေးလိုက်တဲ့ prejudice တွေကို ကိုယ်ကိုယ်တိုင် မတွန်းလှန်ချင်ဘဲ လိုက်လျောညီထွေဖြစ်အောင် လုပ်နေသူတွေဟာ ယောက်ျားရယ်၊ မိန်းမရယ်၊ အဖြူရယ် အမဲရယ် မဟုတ်ပါဘူး၊ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။ အင်္ဂလိပ်တချို့ ကို ကျွန်တော် အရမ်းအထင်သေးတဲ့ အချက်တွေမှာ အဲဒိအချက်က ကြီးကြီးမားမားပါတယ်။ အထက်ကလူက ကိုယ့်အထက်ကမို့ (ယဉ်ကျေးသမှုနဲ့) နှိမ်တာကို အသာတကြည် လက်ခံတဲ့ ဓလေ့တွေ ဒီမှာ အများကြီးတွေ့ရတယ်။ အဲ့တော့ စောစောက ပြောခဲ့ဘူးတဲ့ quote လေးတခုကိုပဲ ပြန်ကိုးကားပါရစေ။
    Social reforms are never achieved by the weakness of the strength, only by the strength of the weak.
    Posted by watote | 02/07/2010, 09:49
  11. မနုသွဲ့ ပြောလို့ George Elliot အကြောင်းပါ ဥပမာ အဖြစ်ပေးလို့ ကောင်းသွားပြန်ပြီး။ သိုင်းကြူး အမကြီးရေ.. 
    ဒီနိုင်ငံတွေမှာဆိုရင် လူလတ်တန်းစားမိဘက မွေးတဲ့ လူဖြူယောက်ျားတွေက တခြားလူအုပ်စုတွေထက် မွေးကတည်းက ရှေ့ ရောက်နေတာတွေ့ရတယ်။ တဘက်မှာ James Bond လိုရုပ်ရှင်တွေက လူဖြူယောက်ျားတွေရဲ့ ကြီးစိုးမှုကို ပိုပြီးအားကောင်းအောင် လုပ်ပြနေတယ်။ Sean Connery ကမိန်းမတယောက်ကို ပါးရိုက်ပြီး ကုတင်ပေါ်လှဲချ လိုက်တဲ့အခါ အောက်ကမိန်းမက ပျော့ခွေသွားတဲ့ ရိုက်ချက်တွေကို သဘောကျတဲ့ မိန်းမတွေ အများစု အဖြစ်ရှိနေရင်တော့ မိန်းမတွေတန်းတူညီမျှရေးဆိုတာ ဝေးနေဦးမှာပဲ။
    Posted by watote | 02/07/2010, 09:57
  12. ပို့စ်ကိုရော မှတ်ချက်တွေ အားလုံးကိုပါ ဖတ်သွားပါတယ်။ ဗဟုသုတမျှဝေပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မတော့ အမျိုးသမီးတယောက်ဖြစ်ပြီး မြန်မာပြည်က ထင်ရှားတဲ့ အမျိုးသမီးတွေအကြောင်းကို ကိုဝတုတ်လောက် မသိတာအမှန်ပဲ။ ဘယ်သူက ဘယ်ကလောင်နဲ့စာ စရေးတယ်ဆိုတာ သိတဲ့အထိ အသေးစိတ်သိအောင် လေ့လာထားတာ ချီးကျူးပါတယ်။
    Posted by Nge Naing | 02/07/2010, 11:42
    • အထင်မကြီးနဲ့ မငယ်နိုင်ရေ။ အဲဒိ အချက်တွေကကျွန်တော့်မိန်းမ စာတမ်းထဲကနေ ယူရေးထားတာ။
      Posted by zizawa | 02/07/2010, 12:11
  13. “Sean Connery ကမိန်းမတယောက်ကို ပါးရိုက်ပြီး ကုတင်ပေါ်လှဲချ လိုက်တဲ့အခါ အောက်ကမိန်းမက ပျော့ခွေသွားတဲ့ ရိုက်ချက်တွေကို သဘောကျတဲ့ မိန်းမတွေ အများစု အဖြစ်ရှိနေရင်တော့ မိန်းမတွေတန်းတူညီမျှရေးဆိုတာ ဝေးနေဦးမှာပဲ။” (ဝတုတ်)
    ကိုဝတုတ်….. ဒါကြီးကတော့ ဘာမှ မဆိုင်ဘူးလို့ ထင်ပါသဗျား။ ဇာတ်နာအောင် အလုပ်လွန်သွားပြီလို့ မြင်မိပါတယ်။
    ဂျိမ်းစ်ဘွန်းရိုက်ချရင်တော့ ယောက်ျားရင့်မကြီးတွေလည်း ပျော့ခွေကျသွားတာပါပဲဗျ။ အဲဒီအခန်းမျိုးတွေကို ယောက်ျားဖြစ်ပေမယ့် ကျနော်တို့လည်း ကြိုက်တာပါပဲ။ အလားတူပဲ ဟောင်ကောင်ဂျက်မ က ရိုက်ချလိုက်လို့ ယောက်ျားတွေ ပျော့ခွေကျသွားရင်၊ ဒါမှမဟုတ် မင်းသမီးက ပါးရိုက်ပြီး ရင်ဘတ်ကို တွန်းလိုက်လို့ ယောက်ျားတွေ ပျော့ခွေပြီး အိပ်ယာပေါ် လဲကျသွားရင်လည်း ဇာတ်လမ်းအရတော့ ကြိုက်နေကြဦးမှာပါပဲ။ အဲဒါကို ဒီကောင် ယောက်ျားဖြစ်လျက်နဲ့ အသားထဲက လောက်ထွက်တဲ့ သစ္စာဖောက်လို့ ပြောရင်လည်း ခံရုံပဲ ရှိတော့ပါသဗျိုး။
    ကမ္ဘာဦးတုန်းက ယောက်ျားနဲ့ မိန်းမ ပြိုင်တူပေါ်လာကြတာလား၊ ဒါမှမဟုတ် အာဒမ်ရဲ့ နံရိုးစကို ယူပြီး ဧဝကို ဖန်ဆင်းသလား၊ ဒါမှမဟုတ် မျောက်ကပဲ ဆင်းသက်လာသလား။ လူရဲ့အစကိုတော့ ကျနော်အတိအကျမသိပါဘူး။ (စိတ်ဝင်စားရင် အီဗော်လူးရှင်းအကြောင်းကို မငယ်နိုင်ပို့စ်မှာ သွားဖတ်ကြပါ။း-)
    ဒါပေမယ့် ကျောက်ခေတ်က ယောက်ျားနဲ့ မိန်းမတွေမှာ ယောက်ျားတွေက အမဲလိုက်၊ မိန်းမတွေက ဂူထဲမှာ ကလေးတွေကို နို့တိုက်၊ အသားတွေကို အခြောက်လှန်း၊ ကျပ်တိုက်… စသဖြင့် တာဝန်ခွဲဝေယူကြမယ်လို့ထင်တယ်။ မိန်းမတွေ အမဲလိုက်တာ ယောက်ျားတွေ အမဲလိုက်သလောက် မတွင်ကျယ်လို့ ဖြစ်နိုင်ပါတယ်။ ဘယ်သူလုပ်တာ ပိုတွင်ကျယ်သလဲ အတိအကျသိရအောင် ယောက်ျားနဲ့မိန်းမကို ကျောက်ခေတ်လက်နက်တွေ တပ်ဆင်ပေးပြီး အမဲလိုက်ပြိုင်ပွဲ ကျင်းပပေးရင် ကောင်းမယ်။ ကျနော့်အထင်ကတော့ ခေတ်အခါအလျောက် ယောက်ျားနဲ့ မိန်းမ သင့်ရာ သင့်ရာ တာဝန်ယူကြတယ်လို့ ထင်ပါတယ်။ နောက်ပိုင်း စိုက်ပျိုးရေးထွန်းကားတဲ့ခေတ်ရောက်ပြန်တော့လည်း ယောက်ျားတွေပဲ လယ်ယာတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဦးဆောင်လုပ်ကြပြန်တယ်။ ဒီဖက်ခေတ်မှာ မိန်းမတွေလည်း ထွန်စက်မောင်းနိုင်ပေမယ့် ထွန်စက်မပေါ်ခင် ခေတ်တုန်းကတော့ ထွန်တုံးအလေးကြီးတွေကို ကိုင်တွယ်ရတာတွေ၊ ကောက်လှိုင်းထုံးအလေးကြီးတွေကို မရတာတွေ စတာတွေကို ထည့်တွက်လိုက်ရင် မိန်းမတွေနဲ့ အဲဒီလုပ်ငန်းတွေနဲ့ သိပ်ပြီး Efficient မဖြစ်လို့ မိန်းမတွေက အိမ်မှာနေပြီး အိမ်မှုကိစ္စလုပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ အဲသည်ခေတ်က မိန်းမတွေက (မျက်စိပွင့်နေကြရင်တောင်) တန်းတူအခွင့်အရေးရရေးကို တောင်းကြပါ့မလားလို့ စဉ်းစားစရာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလို မိန်းမတွေ အိမ်မှာနေပြီး ယောက်ျားတွေ အလုပ်ထွက်လုပ်ကြရာကစလို့ မိန်းမတွေက ယောက်ျားတွေအပေါ် ဝင်ငွေအရ မှီခိုရတယ်၊ မိန်းမတွေ နောက်ရောက်တယ်ဆိုတာ စဖြစ်လာတယ်လို့ ယူဆရပါတယ်။
    နောက်ပိုင်း စက်မှုဖွံ့ဖြိုးတဲ့ခေတ်ကိုရောက်လာတော့ ကိရိယာတန်ဆာပလာ၊ စက်ပစ္စည်းတွေ အကူအညီနဲ့ အချို့အလုပ်တွေကို မိန်းမတွေလည်း ယောင်္ကျားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး လုပ်လာနိုင်ကြတယ်။ အဲသည်ကစလို့ နောက်ပိုင်းခေတ်ရောက်လာတဲ့အခါ၊ မိန်းမပါ အလုပ်ထွက်လုပ်မှ ဝင်ငွေလောက်ငှမယ့် ခေတ်မျိုးတွေ ရောက်လာတဲ့အခါ မိန်းမတွေ အလုပ်လုပ်တာ မဆန်းတဲ့ခေတ်ကို ရောက်လာတယ်။ စစချင်းမှာ အရင် ယောက်ျားတွေ ကြီးစိုးထားတဲ့ လုပ်ငန်းခွင်ဆိုတော့ မိန်းမတွေ စရောက်လာကာစမှာ အထင်သေးတာတို့၊ ခွဲခြားဆက်ဆံတာတို့တွေ ကြုံရတော့တာပေါ့။ အဲဒီမှာ မိန်းမတွေက မိန်းမတွေ တန်းတူရည်တူအခွင့်အရေးကို စတောင်းကြ၊ စတိုက်ကြတာလို့ မြင်မိပါတယ်။
    အဲဒီတော့ မိန်းမတွေ တန်းတူရည်တူအခွင့်အရေးကို မရဘူးဆိုတာ ဒီဖက်ခေတ်ရောက်မှ ခေတ်အလိုက်ဖြစ်လာတာလို့ မြင်ပါတယ်။ ဟိုးကမ္ဘာအစကနေ စက်မှုမဖွံ့ဖြိုးခင် ခေတ်အထိကတော့ မိန်းမတွေကို နှိမ်လိုလို့ မဟာဖိုဝါဒနဲ့ အထူးတလည် ခွဲခြားတာမဟုတ်ဘဲ လိုအပ်ချက်အရကို အလိုအလျောက် လုပ်ငန်းသဘာဝ ကွဲပြားသွားခဲ့တာလို့ မြင်ပါတယ်။ ဒါပေမယ့် အဲဒီ ဓလေ့ကြီးက ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာပြီးမှ စက်မှုသိပ္ပံတွေ တဟုန်ထိုး တိုးတက်လာတဲ့ ဒီဘက်ခေတ် (ရာစု တခုစာ အချိန်ကလေးရောက်မှ) ဒီအသံတွေ ရုတ်တရက်ကြီး ကျယ်လောင်လာတာဆိုတော့ ခေါက်ရိုးကျိုး အသားသေနေတဲ့ ဓလေ့ကနေ ချက်ချင်းကြီး ကူးပြောင်းကြဖို့ဆိုတာက ကျားတွေရော၊ မတွေပါ လက်တွန့်နေတာ ဖြစ်နိုင်ပါတယ်။
    ဘာပဲဖြစ်ဖြစ်… အခုခေတ်အနေအထားနဲ့ တွက်ရင် ကျားမ တန်းတူရည်တူ အခွင့်အရေးပေးသင့်ပါတယ်။ ကျနော့်အလိုအရဆိုရင် အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ ယောက်ျားမိန်းမ မခွဲခြားဘဲ အတူပြိုင်ခိုင်းရင် ကောင်းမယ်ဗျ။ ပြေးတာတို့၊ အလေးမတာတို့၊ လက်ဝှေ့ထိုးတာတို့ အစရှိသဖြင့်ပေါ့။ အလားတူပဲ ဂေါက်ရိုက်တာ၊ ဘောလုံးကန်တာ၊ တင်းနစ်၊ လှေလှော် စတာတွေမှာ အတူတူ မခွဲခြားဘဲ ပြိုင်ခိုင်းကြရင် မကောင်းဘူးလား။ ဘယ်ပြောလို့ရမလဲဗျ။ သူတို့က ကိုယ့်ထက်သာချင်လည်း သာသွားမှာပေါ့။ အခုကျတော့ မိန်းမတွေသပ်သပ်၊ ယောက်ျားတွေသပ်သပ် ခွဲကစားခိုင်းတော့ မိန်းမတွေကို နှိမ်ရာများ ရောက်နေမလားပဲ။
    Posted by ကိုပေါ | 02/07/2010, 12:32
    • ကိုပေါက မဆိုင်ဘူးထင်ပေမယ့် ကျွန်တော်ကတော့ ဆိုင်တယ်ထင်တယ်။ တမင် ဇာတ်နာအောင် လုပ်တာလဲ မဟုတ်ပါဘူး။ ၀မ်းသာစရာကောင်းတာကတော့ နောက်ပိုင်း ဂျိမ်း(စ)ဘွန်းကားတွေမှာ ဒီလိုပါးရိုက်တဲ့ ရိုက်ကွက်တွေ မပါတော့တဲ့အပြင် ဂျိမ်း(စ)ဘွန်း ကားတွေကို လူမကြိုက်တော့လို့ကို ဆက်မရိုက်တော့ဘူးလို့ သိရတယ်။ ရှေးခေတ်မှာ စီးပွားရေးရုပ်ဘ၀ကိုလိုက်ပြီး ခွဲခြားဆက်ဆံမှုပေါ်လာခဲ့တဲ့ အမြင်ကို
      ကိုပေါပြောတာ လက်ခံပါတယ်။ မိန်းမတွေ အခွင့်အရေး တောင်းဆိုတာ ဘယ်အချိန်ကစလဲ ကျွန်တော်လည်း သေချာမသိပါဘူး။ နှစ်ဆယ်ရာစုထဲမှ စတယ်လို့ ပြောကြတယ်ထင်တယ်။ နောက်ပြောခဲ့သလို ဟိုးသမိုင်းစကတည်းက ဒီခွဲခြားမှုရှိလာတာပဲ။ နောက် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ ပြောချင်တာ စီးပွားရေး ပုံစံသစ်တွေပြောင်းလာတဲ့အခါမှာ မိန်းမတွေရဲ့ အခွင့်အရေး တောင်းဆိုမှုတွေ ပေါ်လာ၊ ဒါမှမဟုတ် ပိုအားကောင်းလာတာလို့ ကျွန်တော်လည်းထင်ပါတယ်။ အထူးသဖြင့် လုပ်အားဟာ လုပ်အားပဲ အထီးရဲ့ လုပ်အား၊ အမရဲ့ လုပ်အား ခွဲစရာမလိုဘူးလို့ သတ်မှတ်လာမှုနဲ့အတူ ကျားမ မခွဲရေးအတွက် argument ကပိုအားကောင်းလာတယ် ထင်တယ်။ အလုပ်ချင်းတူတူလုပ်ရင် ပိုက်ဆံလည်းတူတူရသင့်တာပေါ့၊ ယောက်ျားလည်း ပိုက်ဆံရှာနိုင်၊ မိန်းမလည်း ပိုက်ဆံရှာနိုင်အောင် အခြေအနေပိုပေးလာတော့ မိန်းမတွေလည်း ယောက်ျားကို မှီခိုစရာမလို၊ ပိုပြီးလက်မထောင်နိုင်လာ၊ ကိုယ့်အခွင့်အရေးကို ပိုတောင်းတတ်လာတယ်ထင်တယ်။
      Posted by zizawa | 02/07/2010, 14:44
    • ကိုပေါပြောတာဟုတ်ပါတယ်။ နောက်ဆုံးပိုဒ်ကလွဲလို့။ လောလောဆယ် တွေ့ရသလောက်တော့ အားကစား ပေါင်းလုပ်ရင် အမျိုးသမီးတွေ ကျန်ခဲ့မှာပါ။ စံချိန်တွေရှိပါတယ်။ Gender တူချင်းတောင် အချို့ အားကစားတွေ အတန်းခွဲရသေးတာပဲ။ (နောင်ကျ Body Weight နဲ့ Discriminate လုပ်တယ်ဆိုပြီး ပြောကြဦးမလားမသိ။) ခွဲသင့်လို ခွဲတဲ့ကိစ္စတွေလည်း ရှိပါတယ်။ (ဒါနဲ့စာရင် ကျနော်တင်ပြဖူးတဲ့ မိန်းကလေးတွေ နှစ်သက်ရင် ရည်းစားစကား စပြောသင့်တယ် ဆိုတာမျိုးက ဖြစ်ဖို့ ပိုနီးစပ်တယ်ထင်တယ်။ အဟဲ)
      ဒါပေမယ့် တချို့အားကစားတွေမှာ (Golf မှာ အသံကြားရတယ်) အမျိုးသမီးတွေ ဝင်ပြိုင်ချင်ရင် ခွင့်ပြုသင့်တယ်ဆိုတာ သဘောတူပါတယ်။
      Posted by WinSg | 02/07/2010, 17:57
  14. ဘောလုံးပွဲပြီးမှ လာရေးနိုင်တယ်..း)
    Quota ကိစ္စကို ဆက် မှက်ချက်ပေးထားကြလို့ ကျေးဇူးပါတယ်။ Pi ပြောသွားတဲ့ These preferential measures for the disadvantaged and the real empowerment of the disadvantaged reinforce each other, so both are needed in my opinion. ဆိုတာကို လုံးဝသဘောတူပါတယ်။ အဲဒီအချက်ကို လုံလောက်အောင် မရှင်းခဲ့မိလို့ပါ။ ဆိုလိုချင်တာက ဘယ်မူဝါဒမျိုးမဆို အကောင်အထည်ဖော်တဲ့နေရာမှာ ကိန်းဂဏန်းအရေအတွက်တွေနဲ့ တိုင်းတာပြရတာဟာ အရည်အသွေးကို တိုင်းတာပြရတာထက် ပိုလွယ်ကူတတ်လို့ အရေအတွက်ကို တိုးပေးလိုက်တဲ့ ဒီလို အကောင်အထည်ဖော်ပုံမျိုးတွေကိုပဲ လုပ်တတ်ကြလွန်းလို့ပါ။ အမျိုးသမီး ဘယ်နှစ်ယောက်ကို လုပ်ငန်းခွင်မှာ ခန့်ထားလိုက်ပါပြီ ဆိုတာမျိုးက အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု အရည်အသွေးဟာ ဘယ်လောက်အထိ တက်လာပါပြီ ဆိုတာမျိုးထက် ပြရတာ ပိုလွယ်နိုင်ပါတယ်။ quota ထားတဲ့ နည်းလမ်းကို လုံးဝ ကန့်ကွက်တာမဟုတ်ပါဘူး။ စစချင်းကာလကနေ အချိန်တခုအထိ လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် quota သက်သက်ထားရုံနဲ့တော့ မလုံလောက်ဘဲ တဖက်ကလည်း စွမ်းရည်ဖြည့်ပေးဖို့လိုတာကို ပြောချင်ခဲ့တာပါ။ ထိရောက်မှုကို တိုင်းတာတဲ့နေရာမှာ output ကိုပြတဲ့ lead indicator ရော outcome ကိုပြတဲ့ lag indicator ရော အရေးကြီးပါတယ်။
    တဖက်ကလည်း ဒီလိုကိစ္စမျိုးဟာ counter-productive ဖြစ်တတ်တယ်။ သိပ်မကြိုးစားလည်း quota အရ နေရာရနေနိုင်တာမို့ မနုသွဲ့ ပြောသလို မိန်းမတွေရဲ့ ကြိုးစားချင်စိတ်ကို မသိလိုက် မသိဖာသာ ချိုးနှိမ်ရာရောက်တတ်ပါတယ်။ ဒါကြောင့် လုပ်ခွင့်ကိုင်ခွင့်ပေးလိုက်တာအပြင် စွမ်းရည်မြှင့်သင်တန်းပေးတာတို့၊ လူတွေရဲ့ သဘောထားကို ပြောင်းလဲဖို့ ပညာပေးတာတို့၊ role model တွေကို မြေတောင်မြှောက်ပေးတာတို့ စတာတွေကို တွဲလုပ်ဖို့ လိုပါတယ်။
    ဒီလိုပဲ တိုင်းရင်းသား အခွင့်အရေး၊ gay အခွင့်အရေး၊ လူအများ မကိုးကွယ်တဲ့ ဘာသာရေးတွေရဲ့ လွတ်လပ်မှုအခွင့်အရေး စတဲ့ လူနည်းစုနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့အခါမှာ တောင်းဆိုသူတွေရဲ့ နောက်ဆုံးပန်းတိုင်ရည်မှန်းချက်ဟာ “အထူးအခွင့်အရေး” မဟုတ်ပဲ “တန်းတူအခွင့်အရေး” အတွက်သာ ဖြစ်တယ် ဆိုတာကို တောင်းဆိုသူတွေ ကိုယ်တိုင် သဘောပေါက်ဖို့လိုပါမယ်။ ဒါကြောင့် အကူးအပြောင်းကာလတွေမှာ ကျင့်သုံးလေ့ရှိတဲ့ quota ချပေးသလို နည်းလမ်းမျိုးတွေဟာ အဆင့်တစ်ခုကို ရောက်လာတဲ့အခါ မဆီလျော်ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း လက်ခံထားသင့်ပါတယ်။ အဲဒီလိုအဆင့်ကို ရောက်လာဖို့အတွက်လည်း တွန်းဖို့လိုပါတယ်။
    အထက်က ဟာတွေက ပြောရတာ လွယ်ပါတယ်။ လက်တွေ့ လုပ်ရတာ မလွယ်နိုင်ပါဘူး။ Pi ပြောသလိုပါပဲ။ “It’s also very controversial when such preferential measures should be eliminated. The problem is that once a group has tasted some kind of preferential rations, it’s hard to let go.”
    ဒါနဲ့ ဒီနေရာမှာ ကိုပေါ ပြောပုံကို သိပ် ဘ၀င်မကျလှဘူး (မိတ်ဆွေရင်းကြီးမို့ အားမနာတမ်း နာမည်တပ်ပြောတာပါဗျို့)။ “အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ ယောက်ျားမိန်းမ မခွဲခြားဘဲ အတူပြိုင်ခိုင်းရင် ကောင်းမယ်ဗျ။ ပြေးတာတို့၊ အလေးမတာတို့၊ လက်ဝှေ့ထိုးတာတို့ အစရှိသဖြင့်ပေါ့။ အလားတူပဲ ဂေါက်ရိုက်တာ၊ ဘောလုံးကန်တာ၊ တင်းနစ်၊ လှေလှော် စတာတွေမှာ အတူတူ မခွဲခြားဘဲ ပြိုင်ခိုင်းကြရင် မကောင်းဘူးလား။ ဘယ်ပြောလို့ရမလဲဗျ။ သူတို့က ကိုယ့်ထက်သာချင်လည်း သာသွားမှာပေါ့။” ကိုပေါက ကျီစယ်နောက်ပြောင်နေတာ ဖြစ်နိုင်ပေမယ့် အတည်သဘောနဲ့သာ ဆိုရင် ဒါက မဖြစ်နိုင်တဲ့ကိစ္စဆိုတာ လူတိုင်းသိပါတယ်။ အမျိုးသမီးတွေဟာ သဘာဝအရ ကိုယ်ခနာအားဖြင့် အမျိုးသားတွေလောက် မကြံ့ခိုင်တာကို သိလျက်နဲ့ နိုင်ကွက်ကိုကိုင်ပြီး သက်သက်ရိသလို အရွဲ့တိုက်သလို ဖြစ်တယ်လို့ ယူဆတယ်။ ဒါဟာ အနိုင်ကျင့်ပြီး ပြောခြင်းတစ်မျိုးပဲ၊ အခွင့်အရေး တန်းတူ သဘောထားတယ် ဆိုတဲ့နေရာမှာ သင့်တော်သလို ကျင့်သုံးဖို့ပဲ လိုအပ်မှာပါ။ ၀င်ရိုးစွန်းအထိ ဆွဲမတွေးပါနဲ့။း) ကျိုးကြောင်းမဆီလျော်တဲ့ ခွဲခြားမှုတွေကို ဖယ်ရှားတာရယ်၊ တိုးတက်လာတဲ့ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ဥာဏနဲ့သက်ဆိုင်တဲ့ စွမ်းရည်တွေမှာ အမျိုးသမီးတွေ စွမ်းဆောင်နိုင်သလောက် အရှိကိုအရှိအတိုင်း အသိအမှတ်ပြုဖို့ရယ် ဆိုတာမျိုးပေါ့။ ကျိုးကြောင်းဆီလျော်တဲ့ သတ်မှတ်ချက်တွေက ဆက်ရှိနေနိုင်ပါတယ်။
    ဒီခေါင်းစဉ်နဲ့ စပ်လျဉ်းတဲ့ တခြား issue တွေ ခေါင်းထဲမှာ ကျန်သေးတယ်။ ဒါပေမယ့်လည်း ဆွေးနွေးနေကြတာ တယောက်ကို တယောက် ဖြည့်စွက်ရင်း အတော်အတန် စုံနေပြီမို့ ဆက်မပြောတော့ပါဘူး။ တော်ကြာ ဒီအုပ်စုကို မူဝါဒရေးရာ အကြံပေးတွေ ဘာတွေ ခန့်ချင်နေပါဦးမယ်။ ရွေးကောက်ပွဲဝင်မယ့်ဆရာတွေ ဆက်စဉ်းစားဖို့ ထားလိုက်ကြတာပေါ့။😛
    Posted by ပန်ဒိုရာ | 02/07/2010, 17:42
    • I agree with every single word in the comment above by the reader “ပန်ဒိုရာ”, including the last paragraph.😀
      Posted by ပိုင် (Pi) | 02/07/2010, 18:03
    • ဒီလိုလည်း မဟုတ်သေးဘူးထင်တယ် ခင်ဗျ။
      “အမျိုးသမီးတွေဟာ သဘာဝအရ ကိုယ်ခနာအားဖြင့် အမျိုးသားတွေလောက် မကြံ့ခိုင်တာကို သိလျက်နဲ့ ”
      ဒါကိုက အားနွဲ့တယ်ဆိုတဲ့ သဘောမျိုးကြီးပါနေတယ် ထင်ရတယ်။ (အတည်ပြောတာပါ။ ဆက်မပြောချင်တဲ့သူကို အတင်းကာရော ဝင်ပြောနေတယ်ထင်ရင် ခွင့်လွတ်ပါ။)
      ဥပမာ Heavy Weight တန်းက အမျိုးသမီးတစ်ယောက်ကို Male Feather Weight တန်းမှာ ဝင်ထိုးခိုင်းရင် နိုင်ဖို့ များပါတယ်။ အလေးမမှာလည်းဒီလိုဖြစ်နိုင်ပါတယ်။ ခက်တာက စည်းကမ်း သပ်မှတ်ရေးပါပဲ။ Quota ကိစ္စလိုပဲ ဖြစ်လာလိမ့်မယ်။
      ဘိလိယက်တို့ ဂေါက်တို့လည်း ဖြစ်နိုင်ပါတယ်။
      မေးခွန်းတွေ အများကြီး ထွက်လာနိုင်တာက Chess လိုဟာမျိုးပါ။ သင်္ချာဘာသာရပ် နဲ့လည်း ဆက်စပ်နေပါတယ်။ အတူတူလည်း ရေပြင်ညီ ပြိုင်နိုင်တယ်။ ဒါပေမယ့် မိန်းကလေး သင်္ချာစွမ်းဆောင်ရှင်တွေ Chess ချန်ပီယံတွေ အများကြီးတွေ့ဖူးပါသလား။ ဒီကိစ္စ အနောက်နိုင်ငံတွေမှာလည်း စိတ်ဝင်စားနေကြတယ် ကြားတယ်။
      Posted by WinSg | 02/07/2010, 18:20
  15. Winsg ရေ.. ပြောပြီးသားပါ.. ကျိုးကြောင်းဆီလျော်ရင် ပြောင်းစရာလိုတာ ပြောင်းပြီး မလိုတာကိုလည်း ထားလို့ရနိုင်ပါတယ် လို့။ အဲဒီအောက်မှာ ဒီအားကစား ကိစ္စတွေလည်း သင့်တော်ရင် သဘောတူရင် လုပ်နိုင်ကြပါမယ်။
    Physical ကြံ့ခိုင်မှု ကိစ္စက အချက်အလက် (fact) တစ်ခုအနေနဲ့ ပြောတာပါ။ ဒါက အမှန်တရားပါ။ ငြင်းလို့မရပါဘူး။ ဥပမာ- ကျားမတန်းတူမို့ ကိုပေါက လာ.. လက်သီးချိန်းထိုးကြစို့လို့ စိန်ခေါ်လာရင် ပန်ဒိုရာကတော့ အမိုက်မခံပါဘူး၊ ရှောင်ပြေးမှာပဲ။
    အားနွဲ့တယ် ဆိုတာကတော့ အချက်အလက် (fact) ထက် သဘောထား (opinion) ဆန်သွားပါပြီ။ အားနည်းချက်လို့ မှတ်ယူတဲ့သဘော အားငယ်တဲ့သဘောပါ။ အဲဒီလို မဆိုလိုခဲ့ပါ။
    ကိုပေါ က Winsg ပြောသလောက် အသေးစိတ် ဖြစ်နိုင်ခြေတွေ အတည် ချပြ စဉ်းစားပေးတဲ့ လေသံနဲ့ပြောတာမဟုတ်ပါဘူး.။ (“အခုကျတော့ မိန်းမတွေသပ်သပ်၊ ယောက်ျားတွေသပ်သပ် ခွဲကစားခိုင်းတော့ မိန်းမတွေကို နှိမ်ရာများ ရောက်နေမလားပဲ။”) ဒီလို ရွဲ့တဲ့တဲ့ ခြုံပြောတာပါ။
    ဒါကြောင့် သူ့ကို ဒီလို ကောက်ချက်ပေးလိုက်တာပါ။🙂
    Posted by ပန်ဒိုရာ | 02/07/2010, 18:43
    • ပန်ဒိုရာ…
      ရပါတယ်။ ဆန်ရင်းကို နာနာဖွပ်ပါ။း-) ဒီကိစ္စကို အမျိုးသမီးတွေဖက်က ဘယ်လိုမြင်မလဲ သိလည်း သိချင်နေတာပါ။
      ရွဲ့ပြောတယ်လို့ မြင်လည်း မြင်ထိုက်ပါတယ်။း-)
      ဒါပေမယ့် အတည်ပြောချင်တဲ့ သဘောလည်း နည်းနည်းတော့ ပါဝင်ပါတယ်လေ။
      ဘာကြောင့်လဲဆိုတော့ စကတည်းက အဲသလို ခွဲခြားမှုတွေဟာ ပင်ကိုယ်ဗီဇ သဘောသဘာဝ ကွာခြားမှု (ကြံ့ခိုင်ခြင်း၊ အားနွဲ့ခြင်း)ပေါ်ကနေ အစပြုလာတာဖြစ်နိုင်ကြောင်းကို ပြောချင်လို့ ကမ္ဘာဦးအစက အမဲလိုက်ခြင်း ဥပမာကနေ စရေးခဲ့တာပါ။ အခုခေတ်ကျမှ tools တွေ အကူအညီကြောင့်၊ လုပ်ငန်းသဘာဝအနေအထားတွေကြောင့် မိန်းမတွေလည်း လုပ်ငန်းခွင်မှာ တန်းတူရည်တူ လုပ်နိုင်လာတဲ့ အနေအထား။ အဲသည်လိုအနေအထားမှာ သမိုင်းကြောင်းတခုလုံးကို ပြန်လှန်ပြီး ယောက်ျားတွေက မိန်းမတွေကို တလျှောက်လုံး နှိမ်လာခဲ့တယ်ဆိုတဲ့ အဆိုဟာ နည်းနည်း တဖက်သတ် ဆန်နေမလားလို့ ယူဆမိလို့ပါ။ စတင် ကွဲပြားလာခြင်းရဲ့ ရင်းမြစ်ကို လူတွေ မေ့နေကြဟန်တူလို့ ရေးပြခြင်းသက်သက်ပါ။ အခုခေတ်အလိုအရကတော့ ကျနော်လည်း တန်းတူရည်တူအခွင့်အရေးတောင်းဆိုတာတွေကို ထောက်ခံတဲ့သူပါ။ အခုခေတ်မျက်စိနဲ့ ကြည့်မယ်ဆိုရင် ခွဲခြားဆက်ဆံတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အရင်တုန်းက အခြေအနေနဲ့ဆိုရင် ဒါဟာ လိုအပ်ချက်အရ သူ့အလိုအလျောက် ကွဲပြားသွားခဲ့တာ ဖြစ်နိုင်ကြောင်းကို ကျနော် ရဲ့ အပေါ်က စာပိုဒ်တွေမှာ ဆိုလိုချင်ခဲ့တာပါ။ အဲဒီအထိတော့ ပန်ဒိုရာလည်း လက်ခံပုံရပါတယ်။
      နောက်ဆုံးစာပိုဒ်ကပဲ ရွဲ့ပြောသလို ဖြစ်နေတဲ့အတွက် ထောက်ပြစရာ ဖြစ်လာတယ် ထင်ပါတယ်။ အဲဒါကလည်း ရွဲ့ပြောတာလို့ အခုအမြင်နဲ့ ဆိုချင်ဆိုနိုင်ပေမယ့်…. တချိန်ကျရင် အခုလို အားကစားမှာ ခွဲခြားမိတာတွေဟာလည်း သမိုင်းကြောင်းနဲ့လှန်ပြီး လက်ညိုးထိုးစရာကြီး ဖြစ်လာဦးမှာကို မြင်ယောင်မိလို့ပါ။
      အခုခေတ်မှာ အမျိုးသမီးတွေလည်း တန်းတူရည်တူ ရင်ဘောင်တန်းပြီ စစ်မှုထမ်းတာတွေ၊ ဖိုက်တာ ပိုင်းလော့တ်တွေ၊ အာကာသလွန်းပျံယာဉ်မှူးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ စသဖြင့် ဘက်ပေါင်းစုံမှာ နေရာယူလာနိုင်ကြပြီမဟုတ်လား။ အဖက်ဖက်က စွမ်းဆောင်ရည် မြင့်မားလာတဲ့ သဘောပေါ့။
      ကိုဝတုတ်ပြောသလို အချစ်ရေးမှာတောင် “မိန်းကလေးက စရ မှာလားရှင်” လို့ဆိုနေရာကနေ အခုတော့ “ယောက်ျားလေးက စရမှာလားဂျာ” ခေတ်ကို ဖြည်းဖြည်းချင်း ကူးပြောင်းနေတယ်လို့ မြင်မိပါတယ်။ ဂျပန်လူမျိုးတွေကို တချိန်က ဂျပန်ငပုတွေနဲ့ ဗမာတွေ ခေါ်ခဲ့ကြပေမယ့် အခုတော့ ထောင်ထောင်မောင်းမောင်းနဲ့ ကမ္ဘာ့ဖလားမှာ သူတို့လည်း ဝင်ရောက် အစွမ်းပြနိုင်တဲ့ အဆင့်ရောက်နေကြပြီမဟုတ်ပါလား။
      ဒီတော့ ခန္ဓာကိုယ်ဗီဇတွေ ပြောင်းလဲတိုးတက်မှုဟာလည်း ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်။ တချိန်မှာ မျိုးဆက်တွေ ဆင့်ကဲပြောင်းလဲလာပြီး (အီဗော်လူးရှင်း) အမျိုးသမီးတွေရဲ့ ဟိုမုန်း ဘာညာကွိကွတွေ ခေတ်ကာလအလိုက် ပြောင်းလဲလာပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေပါ ပြောင်းလဲလာတဲ့ ခေတ်ရောက်လာရင် အားကစားကဏ္ဍနဲ့ အခြားကိစ္စတွေမှာပါ ကျနော်တို့ ယောက်ျားတွေက တလှည့်….
      “လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
      တောကမာယာများတယ်
      ယောက်ျားသားဆိုတော့လည်း
      အားငယ်…… တဲ့။”
      …. လို့ ပြောရတဲ့ ခေတ်ကို ရောက်ချင် ရောက်လာနိုင်သေးတာကိုး။….
      လောလောဆယ်တော့… ပန်ဒိုရာကို ချိန်းထိုးဖို့ မခေါ်ချင်ပါဘူး။ တိတ်တိတ် စနိုက်ပါချောင်းပစ်ဖို့လောက်ပဲ စိတ်ကူးနေတာပါ…း-)
      Posted by ကိုပေါ | 02/07/2010, 23:20
  16. ဆောရီး…. အပေါ်မှာ Winsg ပြောတာကို ကိုဝတုတ်ပြောတာလို့ မှားရေးလိုက်မိတယ်။
    Posted by ကိုပေါ | 02/07/2010, 23:27
  17. ကိုဝတုတ်ရေ၊ မဆီမဆိုင် လက်ပံသားကို ဒါးနဲ့ဝင်ချိုင်တယ် သဘောထားပါဗျာ။ ကိုဘိုဘို face book မှာ သွားရေးမိတာကို ဆွဲလာပါတယ်။
    “ကိုဘိုဘိုရေးတာကို ခုမှပြန်ဖတ်မိတယ်ဗျ၊ မွတ်ဆလင် ဆိုလို့ပါ။
    “ကုလား” ဆိုတဲ့ စကားလုံးလည်း ရှင်းရအုံးမယ် ထင်ပါတယ်။ ကုလား ၄၁ မျိုးဆိုလား စာတွေထဲမှာရှိတာ ခုခေတ်နဲ့ မညီတော့ဖူးထင်ပါတယ်။ အရင်ခေတ် မြန်မာတွေ ဗဟုသုတ ခေါင်းပါးလှချည်ရဲ့လို့ ခပ်နာနာအထောင်းမခံရသေးခင် ရှင်းလင်းဖို့ လိုမယ်ထင်ပါတယ်။ အနောက်ကလာတဲ့ မမြင်ဖူးသူဟူသမျှ တစ်ဂိုဏ်းထဲသွင်းတာ သဘာဝ တော်တော်မကျတဲ့ အရာလို့ ထင်ပါတယ်။ ဒါကို ပြောတဲ့နေရာမှာ မြန်မာပြည်သား တစ်ယောက်အနေနဲ့ပြောတာပါ။ ကိုယ့်လူမျိုးစွဲနဲ့ ပြောတာတော့ မဟုတ်ပါ။ ကိုဘိုဘိုရဲ့ သဘောထားကို သိချင်ပါတယ်။
    ဘယ်ကုလားဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် မြန်မာပြည်မှာမွေးသူတွေ အားလုံးလိုလို ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေ သက်ရောက်မှုက အပြည့်လောက်ကို ရှိတယ်လို့ ယူဆမိပါတယ်။ မလေးရှားမှာ အတူလုပ်ခဲ့ဖူးသူ (ပါကစ္စတန်အနွယ်) မွတ်ဆလင်တစ်ဦးဆိုရင် ကျနော်အခြားနိုင်ငံသားတွေကို ကရင်ပါလို့ပြောတာတောင် သူ့မှာ ကသိကအောက်ဖြစ်ပုံရပါတယ်။ သူ့ကိုယ်သူလည်း ဗမာမွတ်ဆလင် (မြန်မာပြည်သား) လို့ပဲ အမြဲပြောပါတယ်။
    ကုလား(ခဏတော့သုံးထားပါအုံးမယ်၊ အသားအရောင်ပိုမှောင်သူများလို့ ယေဘုယျဆိုကြပါစို့) မွတ်ဆလင်တွေအနှိမ်ခံရတာကတော့ ကိုယ်တွေ့ပါ။ ကျနော်တို့မြို့က မွတ်ဆလင်တစ်ယောက် မြို့ပြင်ထွက်မိလို့ လဝက ကနေ လက်ထိပ်ခတ်ပြီးတော့ကို ဖမ်းထားတာတွေ့ဖူးပါတယ်။ မှတ်ပုံတင်မရှိလို့ပါ။ အခြားဒီမှာမွေးပြီး ဗမာစကား တစ်မျိုးထဲတတ်တဲ့ သူတွေထဲမှာလည်း မှတ်ပုံတင်မရသူတွေက အတော်များများတွေ့ရပါသေးတယ်။ ဒါတွေက ပြောလို့မကုန်နိုင်ပါဘူး။ ခုပြောခဲ့တာက တစ်စိတ်တစ်ပိုင်းလောက်ရယ်ပါ။ ဒီကြားထဲ ဟိန္ဒူကုလားတွေကပါ ဆားညှပ်သလို ဖြစ်နေတာက ရှိပါသေးတယ်။
    ဇိုရာဖန်း (လုပ်ကြံခံရတဲ့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းရှားရဲ့ သမီး) ရေးတဲ့ စာအုပ်ကတော့ မဖတ်ဖူးပါ။ လောလောဆယ် အချိန်မပေးနိုင်တာနဲ့ ဖြစ်နိုင်ရင် အခြေအနေကို ခြုံငုံသိနိုင်မယ့် ပိုကျယ်ပြန်တဲ့ စာမျိုးတွေကို ပိုဖတ်ချင်ပါတယ်။ လက်မခံနိုင်တာတွေ ပါမပါ မသိပေမယ့် တစ်ဦးတစ်ယောက်ရဲ့ခံစားမှုတွေနဲ့ ကျနော့်အမြင်တွေ ပိတ်မထားချင်ပါဘူး။ Martin Smith ရေးထားတာတွေ ကောင်းတယ်လို့တော့ ကြားမိပါတယ်။ ရယူဖတ်ရှုဖို့ အခွင့်အရေးတော့ မရှိသေးပါ။
    ထပ်ဆက်ရရင်တော့ ထိုင်းနဲ့ ရခိုင်အကြောင်းလေး နည်းနည်းပါ။ ထိုင်းတွေကလည်း သူများလက်အောက်ရောက်ခဲ့လို့ကတော့ သခင်မျိုးဟေ့ဒို့ထိုင်း လို့ကြွေးကြော်မယ့်သူတွေပါ။ (ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ရပေမယ့် ပညာတတ်ပိုင်းနဲ့ မဆက်စပ်မိလို့ မသိခဲ့ရာက များမကြာခင်ကမှ သိခွင့်ရတာက ထိုင်းဘာသာရေး အစွန်းရောက်တွေအကြောင်းပါ။) သူတို့ပညာရှင်တစ်ယောက်ရဲ့ တင်ပြချက်ထဲမှာ ပုဂံခေတ်က ထိုင်းမြေပုံဟာ ပုဂံအောက်နားကပ်နေတယ်လို့ ပြထားပါတယ်။ မြန်မာ့သမိုင်းမှာ မပါတဲ့ အဲဒီခေတ် မွန်ဘုရင်၊ ကရင်ဘုရင်တွေနဲ့ မဟာမိတ်ပြုထားတာတွေ၊ သစ္စာခံတာတွေစသည်ဖြင့် အင်မတန် ရှည်လျားရှုပ်ထွေးတဲ့ သမိုင်းနောက်ခံကို အဲဒီအခါကျမှ နည်းနည်းလေး မြည်းကြည့်ခဲ့ရဖူးပါတယ်။
    ရခိုင်ကတော့ အသေချာမသိပေမယ့် စာအုပ်တစ်အုပ်မှာတော့ ရခိုင်တွေ သန်းနဲ့ချီပြီး အမြစ်ပြတ်ကို မျိုးဖြုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရခိုင်နဲ့မြွေတွေ့ရင် ရခိုင်ကို အရင်သတ်ဆိုတဲ့စကားက ဒါကိုအပြည့်မဟုတ်တောင် ထောက်ခံသလို ဖြစ်နေပါတယ်။ တချိန်မှာ ကြားနေပညာရှင်တွေကနေပြီး သုတေသန လုပ်နိုင်ကြလိမ့်မယ်လို့ပဲ မျှော်လင့်ရပါတယ်။
    ဒါတွေဟာလည်း ကျနော့်ရဲ့ ဟာနေတာတွေကို ပေါင်းကူးတံတား လုပ်ပေးလိုတဲ့ဆန္ဒအတွက် တွန်းအားတစ်ခုပါပဲ။ ဒါပေမယ့် တစ်ဖက်ကမ်းမရောက်ခင် လူကိုသနားလို့ ဘာမှမလုပ်ပေမယ့် တံတားလေးကိုတော့ မကြိုက်လို့ အသာလေးတွန်းထုတ်မယ်သူတွေလည်း အများကြီးတွေ့ရဖို့ရှိတာ သိထားပါတယ်။ ဝါးနဲ့ထိုးမကူရင် တော်လှပါပြီလို့ပဲ သဘောထားရမယ် ထင်ပါရဲ့။”
    ကဲ၊ ကိုတင့်ဦးကိုပါ ဖိတ်ပါတယ်ဗျာ။ တစ်စိတ်တစ်ပိုင်းထဲဆိုင်တဲ့ နေရာမှာ ဆွဲသွင်းလာမိတာ စိတ်တော့မဆိုးကြပါနဲ့ဗျာ၊ မအောင့်နိုင်တော့လို့ပါ။
    Posted by မန်းကိုကို | 03/07/2010, 02:50
  18. အချိန်တော်တော် နောက်ကျလို့ ကားလိပ်ချတဲ့ အချိန်ရောက်သွားပေမဲ့ Gender Equality Issue က ကျမ စိတ်ဝင်စားမိတဲ့အကြောင်းမို့ နည်းနည်းလေး ၀င်ဆွေးနွေးချင်ပါတယ်။
    မြန်မာပြည်မှာ လိင်ခွဲခြားဆက်ဆံမှုမရှိဘူး ဆိုတာကတော့ ကိုဝတုတ်ပြောခဲ့သလို myth တခုပဲဖြစ်ပါတယ်။ လက်ထပ်ရင် နံမည်ပြောင်းဖို့မလိုတာနဲ့တင် ၊ ထင်ထင်ပေါ်ပေါ်အမျိုးသမီး တစ်ဒါဇင်လောက်ကို လက်ညှိုးထိုးပြတာနဲ့တင်၊ သူများ နိုင်ငံမှာ ဟိုတုန်းက ခြေထောက်ကြပ်စည်းပြီး၊ မုဆိုးမ မီးပုံထဲခုန်ချရတာမျိုး ကိုယ့်ဆီမှာ မရှိခဲ့တာနဲ့တင် လုံလောက်ပြီလို့ ထင်နေပုံရတဲ့သူတွေ ကိုယ့်ပါတ်ဝန်းကျင်မှာ အပုံကြီးတွေ့ရပါတယ်။
    တကယ်တော့ အရည်အချင်း မတူလို့ အမျိုးသမီးတွေက အထက်တန်းနေရာမရတာပေါ့ လို့ ပြောမဲ့အစား အဲဒီအရည်အချင်းမျိုး ပျိုးထောင်ဖို့ အခြေခံတန်းတူအခွင့်ကိုရော ရကြသလား လို့ အရင်မေးခွန်းထုတ်သင့်ပါတယ်။ လေ့လာမိသလောက် တန်းတူမရကြတာ များပါတယ်။ မွေးကတည်းက သားနဲ့သမီးအပေါ် မိဘတွေရဲ့ မျှော်လင့်ချက်က မတူကြပါဘူး။ (မိန်းကလေးပဲ သေစာရှင်စာတတ်ရင် တော်ပြီပေါ့ ဆိုတဲ့ အများစုကိုပဲ ဆိုလိုပါတယ်။ ) အမြင်ပွင့်ပြီး အမျော်အမြင်ရှိတဲ့ မိဘများကို မဆိုလိုပါ။ ကာယကံရှင်မိန်းကလေးတော်တော်များများ ကိုယ်တိုင်ကလည်း (အပေါ်က တော်တော်များများ ဆွေးနွေးခဲ့သလို) ကိုယ့်ကိုယ်ကိုယ် conceptualized/stereotyped လုပ်ထားပြီးသား ဖြစ်နေတော့ကာ တန်းတူ အခွင့်အရေးဆိုင်ရာ ပြောင်းလဲတိုးတက်ဖို့အတွက် အခွင့်အလမ်းများ ပိတ်ပင်ပြီးသား ဖြစ်နေပါတော့တယ်။ ဒါကြောင့် ပညာရေး၊ လူမှုရေး၊ အခြေခံအတွေးအခေါ်တွေကစပြီး ပြောင်းလဲမှရမယ် ဆိုတာ လက်ခံပါတယ်။
    တန်းတူအခွင့်အရေး ဆိုတာနဲ့ အားကစားပွဲမှာ တန်းတူပြိုင်ရမယ်ဆိုတာကတော့ (ခန္ဒာဗေဒ) နဲ့ ဆိုင်တာမို့ (လူမှုဗေဒ) ပြောတဲ့ စကားဝိုင်းထဲမှာ apple နဲ့ orange ရောထွေးသွားတဲ့အချက်တစ်ခုလို့ပဲ မြင်ပါတယ်။ အသက်တွေ၊ အရပ်တွေတောင် ခွဲပြိုင်ရသေးတာ၊ ကျားနဲ့ မ လဲ ခွဲပြိုင်သင့်ပါတယ်။ အခွင့်အရေးအတူတူ လိုချင်ရင် မိန်းမတွေလည်း ဆန်တစ်အိတ် အတူတူ ထမ်းနိုင်ရမယ်လို့ သတ်မှတ်သလို ဖြစ်နေမှာပါ။
    ကိုပေါပြောသလို ( အမည်တပ်မိတာ ခွင့်လွှတ်ပါ) အမျိုးသမီးတွေ အဖက်ဖက်မှာ နေရရလာပြီ ဆိုတာလည်း တကယ်တမ်းက ကမ္ဘာ့လူဦးရေနဲ့ယှဉ်ရင် လက်တဆုပ်စာပဲ ရှိပါသေးတယ်။ အများကြီး လိုပါသေးတယ်။
    ယောက်ျားပဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် သူ့ဘ၀လမ်းကြောင်းကို ကာယကံရှင်ကိုယ်တိုင် လွပ်လပ်စွာ ဆုံးဖြတ်ရွေးချယ်ခွင့် ပေးသင့်ပါတယ်။ ဒါပေမဲ့ အမှောင်ထဲမှာ ရွေးချယ်ခွင့် ပေးတာမျိုးမဟုတ်ဘဲ အလင်းထွန်းညှိ ပေးထားရပါမယ်။ ( Informed Decision ) ဖြစ်ရပါမယ်။ တိုင်းပြည်တခုမှာ ပညာရေး၊ ကျန်းမာရေး ၊ လူမှုဓလေ့ စသဖြင့် အဖက်ဖက်မှာ မိန်းကလေးတွေရဲ့ အဆင့်အတန်းကို လေ့လာလိုက်မှ root cause ကို ပြည့်ပြည့်စုံစုံ ထောက်ပြနိုင်မှာပါ။
    ဇီဇ၀ါရေးတဲ့ Thesis လေး အပြည့်အစုံဖတ်ခွင့်ရရင် သိပ်ကောင်းမှာဘဲ။ မြန်မာအမျိုးသမီးတွေကိုပဲ focus လုပ်ရေးတာလား တော့ မသိပါ။ တိုင်းရင်းသား တော်တော်များများ မှာ ပိုပြီး တင်းကြပ်ဖိနှိပ်တဲ့ အလေ့အထတွေ ၊ဓလေ့တွေ ရှိနေတာမို့ ပညာရှင်တွေ လေ့လာ စာတမ်းပြုစုကြရင် အကျိုးရှိမယ်ထင်ပါတယ်။
    လွပ်လပ်စွာ သဘောကွဲလွဲခွင့်ကို လေးစားလျက်-
    Posted by မိုးစက်ပွင့် | 03/07/2010, 08:13
    • Mamasusiemay,
      အမကြီး ပြောတာတွေ အတိအကျပဲဗျို့ ။ စာပိုဒ်တိုင်းကို သဘောကျတယ်၊ သဘောတူတယ်။ ဇီဇ၀ါ thesis က စာအုပ်ထွက်လာတဲ့အခါ ဖတ်နိုင်ပါလိမ့်မယ်။
      Posted by zizawa | 03/07/2010, 08:57
  19. နောက်တခုက ဘုရားအဖြစ်ကို မရခင်ကတည်းက သူ့တရားနဲ့ ဆင်တူတဲ့ အကြောင်းအရာတွေ ပြောနေသူတွေ ရှိတယ်ဆိုတာ အရင် ဦးရွှေအောင် စာအုပ်တွေမှာ ဖတ်ဖူးတယ်လို့ မှတ်မိနေလို့ ပြောတာ။ ခုတော့ အနားမှာမရှိလို့ အတိအကျမပြောနိုင်ဘူး။ ဦးဂိုအင်ကာတို့ရဲ့ VRI (Vipassan Research Institute) ကထုတ်တဲ့ ဆောင်းပါး တပုဒ်မှာလည်း ဒီအချက်ကို အလားတူတွေ့လိုက်ရဖူးတယ်။ သေချာ မမှတ်မိပါ။ ဘုရားရဲ့  greatest contribution to mankind ဆိုပြီး VRI ကပြောတဲ့ အချက်က အနုသယ ကိလေသာတွေကို အမြစ်ဖြတ်ဖို့ ဝေဒနာ sensation ကိုမရှုလို့ မရဘူး ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ခြင်းပဲလို့ ကျွန်တော်ဖတ်ဖူးတယ်။
    နောက် မိဂဒါဝုန်ကို ကျွန်တော်ရောက်တုန်းက ဓမ္မစကြာ တရားဦးဟောတဲ့နေရာလို့ ဗုဒ္ဓဘာသာဝင်တွေက ပြောတဲ့နေရာကို ဂျိန်းတွေကလည်း သူတို့ရဲ့ မဟာဝီရလည်း ဒီနေရာမှာဘဲ တရားဦးစဟောတယ်ဆိုတယ်။ Winsg ပြောခဲ့သလို ဂျိန်းနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ ဇာတ်လမ်းတွေဟာ အတော်ကြီးကို တူတာတွေ့ရတယ်။ ဓာတ်ပုံတွေ ပြန်ရှာလို့ တွေ့ရင် တင်ပေးပါ့မယ်။
    Posted by watote | 03/07/2010, 09:12
  20. ဒီပို့ စ်တွေမှာ ဆွေးနွေးဘို့ ကို အစတော်တော်ရှာနေရတယ်
    ပို့ စ် ၂ခုပေါ့နော် ၊ခုပို့ စ်နဲ့  လူကြီးမင်းနောက်ဆက်တွဲပို့ စ်တွေက ဘာကို လုပ်ချင်တာလဲ ၊
    ၁) အမျိုးသမီးအခွင့်အရေးကိစ္စလား
    ဒါဆိုရင်တော့ ဗမာပြည်သာမက တကမ္ဘာလုံး လူ့ အဖွဲ့ အစည်းတွေမှာ ခုထိမကင်းသေးတာမို့  ဆွေးနွေးစရာအများကြီးဘဲ ။ ဘယ်ထိသွားကြမလဲ ။ယောက်ျားတွေတလှည့်စီကိုယ်ဝန်ဆောင်ခိုင်းမလားထိ ဆွေးနွေးရပါတယ်။
    ၂) ထေရ၀ါဒမြန်မာပြည်မှာ ထေရ၀ါဒနဲ့  ဆန့် ကျင်သော အပြုအမူတွေ တမင်မိန်းမနှိမ်ထားတာတွေ အများကြီးရှိတယ် ။ အဲဒါတွေကို ပြုပြင်ကြဘို့ ဆွေးနွေးမလား ။ ဒါလဲ ပြောစရာအများကြီးပါ ၊ ဘုရားတည်ရင် ဗေဒင်ဆရာမေးတာက စပြီးပြင်ရမှာဘဲ
    ၃)၀ိနည်းကိုပြင်မယ်၊ ဘုရားဆိုတာ သာမန်လူသားပါဘဲ၊ဖလော်တွေပါဘဲ ၊ စာတွေက ခေတ်ပေါင်းများစွာရောလာတာကို ဘုန်းကြိးတွေက နားမလည်တာ။ခုခေတ်မိန်းမ ဘိက္ခုနီဝတ်ဘာဖြစ်သလဲ စသဖြင့် ထေရ၀ါဒ အစဉ်အဆက်ဆုံးဖြတ်ဝိနိစ္ဆယနဲ့  ပါယ်ပြီးသော အမှုဟောင်း အဓမ္မ၀ါဒဟောင်းတွေကို ဒီမှာ အယူခံတင်မလို့ လား ။ အဲဒါဆိုရင်တော့ ကိုယ်ပါးစပ်ပိတ်ထားရုံဘဲ ။ ၀ိနိစ္ဆယ ၁ကနေ ၁၁ထိနဲ့  ဘိက္ခုနီ ၀ိနိစ္ဆယတို့ နဲ့  အဓမ္မ၀ါဒီပါယ်ပြီးသားတွေကိုတော့ ထပ်ပြီးဆွေးနွေးလို့ အကျိုးရှိဘို့ မမြင်ဘူး ။
    အမှုတွဲ ၂ခုကို နမူနာ တင်ပေးလိုက်ပါတယ်
    http://www.lknt11.com/search/label/%E1%80%98%E1%80%AD%E1%80%80%E1%81%A1%E1%80%B3%E1%80%94%E1%80%AE%20%E1%80%9D%E1%80%AD%E1%80%94%E1%80%AD%E1%80%85%E1%81%A7%E1%80%9A
    http://www.lknt11.com/search/label/%E1%80%9C%E1%80%B0%E1%80%B1%E1%80%9E%E1%80%9C%E1%80%B0%E1%80%BB%E1%80%96%E1%80%85%E1%80%B9%20%E1%80%9D%E1%80%AD%E1%80%94%E1%80%AD%E1%80%85%E1%81%A7%E1%80%9A
    Posted by tint oo | 03/07/2010, 17:53
    • ဦးတင့်ဦးကို ကျွန်တော် မေးစရာ လေးတွေ ရှိပါတယ်။ ဒီကိစ္စတွေမှာ ဦးတင့်ဦးက နှံ့စပ်ပုံရလို့ပါ။ ဘေးက စာဖတ်သူများထဲက သိသူများ ရှိရင်လည်း ဖြေသွားပေးကြပါ။
      ၁) ဘိက္ခူနီ (အမျိုးသမီး ရဟန်းမ) နဲ့ မယ်သီလရှင်နဲ့ ဘာကွာသလဲ။ စောင့်ထိန်းရတဲ့ သိက္ခာပုဒ်တွေ မတူဘူး၊ ဘိက္ခူနီစောင့်ထိန်းရတာကို ပိုပြီး တင်းကျပ် မြင့်မားတယ် (more rigorous) ဖြစ်တယ်ဆိုတာ လောက်ပဲ အကြမ်းဖျင်းအားဖြင့် ကျွန်တော် သိထားတယ်။ (ဒီနေရာမှာကို ကျွန်တော် မှားနေပြီ ဆိုရင်လည်း ပြောပြပါဦး။) အဲဒီဟာ မှန်တယ်ဆိုရင် ဘိက္ခူနီတွေ စောင့်ထိန်းရပြီး မယ်သီလရှင်တွေ စောင့်ထိန်းစရာ မလိုတဲ့၊ အရေးကြီးပြီး သိသာထင်ရှားတဲ့ သိက္ခာပုဒ် အနည်းငယ်ကို နမူနာ ပြောပြပေးပါလား။ စာအုပ်ကို ညွှန်းမယ်ဆိုရင် အားလုံးကုန်အောင် လိုက်ဖတ်ဖြစ်ဖို့ မလွယ်လို့ပါ။
      ၂) မြန်မာ့သမိုင်းမှာ (ဆိုလိုတာက ပျူခေတ်၊ ပုဂံခေတ်က စပြီး) မြန်မာပြည် (လို့လောလောဆယ် သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်း) မှာ ဘိက္ခူနီ ရဟန်းမ ရှိခဲ့ဖူးပါသလား။ အထူးသဖြင့် ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ရပြီးခေတ်ကို ပိုပြီး စိတ်ဝင်စားပါတယ်။
      ၃) ဘိက္ခူနီ သာသာနာနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက် မြန်မာပြည်က သံဃာ့ အာဏာပိုင် အဖွဲ့အစည်းများ (ဥပမာ လက်ရှိ သံဃာ့မဟာနာယက အဖွဲ့လို အဖွဲ့အစည်းများ) ရဲ့ သဘောထားကို အဖွဲ့လိုက် တရားဝင် သော်လည်းကောင်း၊ တစ်ပါးချင်း နှုတ်အားဖြင့် အလွတ်သဘော သော်လည်းကောင်း မိန့်ကြားခဲ့တာများ ရှိရင် (အကျဉ်းချုပ်) ဖတ်ချင်ပါတယ်။ အပေါ်က link မှာ ညွှန်ထားတဲ့ စာတမ်းကတော့ ကျွန်တော် ခြုံပြီး ဖတ်မိသမျှတော့ ရှင်ဥက္ကဌနဲ့ အပေါင်းအပါများဟာ ရုပ်ကြမ်းဝါဒီ ဖြစ်တယ်ဆိုတဲ့ အကြောင်းပဲ ပါ ပါတယ်။ ဘိက္ခူနီသာသနာ အကြောင်း မပါပါဘူး။ ဘယ်လို နေရာမှာ ရှာဖတ်ရမလဲ။
      Posted by ပိုင် (Pi) | 03/07/2010, 19:30
      • http://www.lknt11.com/search/label/%E1%80%98%E1%80%AD%E1%80%80%E1%81%A1%E1%80%B3%E1%80%94%E1%80%AE%20%E1%80%9D%E1%80%AD%E1%80%94%E1%80%AD%E1%80%85%E1%81%A7%E1%80%9A
        ပိုင်ရေ
        လင့်က ၂ခုလေ
        ဒါက ဘိက္ခုနီ ၀ိနိစ္ဆယ
        ဘိက္ခုနီသာသနာနဲ့  ပါတ်သက်လို့ ကတော့ မြန်မာပြည်က တရားခံစာရင်းမှာမပါဘူး ။
        မြန်မာပြည်ကို သာသနာမရောက်ခင်ထဲက ဘိက္ခုနီက မ၇ှိတော့ဘူး ။
        သာသနာ့သမိုင်းမှာ အဲဒါဟာ ခုထိ အတိအကျမှတ်တမ်းမရှာမရသေးဘူးလို့ မှတ်ထားပါတယ့် သိသလောက်ပြောရရင်တော့ စတုတ္တသံဂါယနာမတင်ခင်အချိန် သီဟိုဠ်မှာ သာသနာဝန်ထမ်းတွေ အလွန်ခက်ခဲခဲ့တဲ့ အချိန်မှာ ဘိက္ခုတွေတောင် ဆင်းရဲ ငြိုငြင်စွာရပ်တည်နေရချိန်မှာ ပိုပြီးခက်ခဲတဲ့  ဘိက္ခုနီတွေမရပ်တည်နိုင်လို့ ပျောက်ကွယ်ခဲ့ ရတယ်လို့  မှတ်သားမိပါတယ် ။ မြန်မာပြည်ကို သာသနာရောက်ချိန်မှာ ဘိက္ခုနီ မရှိတော့ပါ ။
        Posted by tint oo | 03/07/2010, 19:46
  21. အစဉ်အဆက် ထေရ၀ါဒအယူကတော့
    ဘိက္ခုနီမှာ ဘိက္ခုနီမပြုရသေးသော ရဟန်းဟောင်းကို ဘိက္ခုက ရဟန်းမပြုပေးရလို့  ဂရုဓံ ၈ပါးအ၀င် ဆဋ္ဌမဂရုဓံဟာ မြတ်ဘုရားရဲ့  အာဏာတော်ဖြစ်လို့  ဘုရားရှင်သားတော်ရဟန်းတော်များထဲမှာ လွန်ဆန်ဝံ့သူ မရှိ။ ဒါကြောင့် အဆက်ပြတ်ပြီး ဘိက္ခုနီသာသာနာကို ပြန်ဆက်ရန် ဒီသာသနာတွင်မဖြစ်နိုင်လို့  ယူပါတယ် ။
    အပေါ်က လင့်မှာလဲ ရှုနိုင်ပါတယ်
    Posted by tint oo | 03/07/2010, 19:51
  22. ဆောရီး။ ကိုယ်ရေးကိုယ်တာ ပြဿနာ ကြောင့် စာလာမဖတ်ဖြစ်ဘူး။
    ပိုစ့်မှာ ဖတ်ရတာ နည်းနည်းရှုပ်နေတယ်။
    ကျွန်တော်နားလည်သလောက်က ဥပဒေအရတစ်ပိုင်း ယဉ်ကျေးမှုအရ တစ်ပိုင်း ခွဲပြောဖို့ ကောင်းမယ်လို့ နားလည်ထားတာ။
    အဲဒီတော့ ဥပဒေအရ ဘာတေ အမျိုးသမီးတွေ အခွင့်အရေးမရအောင်ဘယ်လို ခွဲခြားထားလဲ ကျွန်တော် နားမလည်ဘူး။ သိတဲ့လူရှိရင်ပြောပါဦး။ ပိုစ့်မှာ ရေးပြီးသားဆိုရင်တော့ နက်ဖြန်ည လာဖတ်မှ သေချာ ထပ်ကြည့်သွားပါမယ်။
    ကောင်းသောည…။
    Posted by အလှတရား | 03/07/2010, 20:02
  23. သီလရှင်ကိစ္စ
    သူကတော့ ဘယ်ခေတ်မှာပေါ်တယ်ဆိုတာ သာသနာသမိုင်းကို ပြန်လှန်ရမှာဘဲ ။
    ဘိက္ခုနီများရဲ့ လိုက်နာအပ်သောစည်းကမ်းကိုတော့  ဘိက္ခုနီဝိဘင်းလို့ ခေါ်ပါတယ်
    သူက ဘိက္ခုထက်ပိုများပါတယ် ။ စုစုပေါင်း ၃၁၁ ( ဘိက္ခုက ၂၂၇) http://www.accesstoinsight.org/tipitaka/vin/sv/bhikkhuni-pati.html#sg
    ပါရာဇိက ၈တန် ၊ ဘိက္ခုက ၄တန် )
    သံဃဒိဿက ၁၇တန် ( ဘိက္ခုက ၁၃)
    စသဖြင့်ပါ ။
    ဒီနေရာမှာမြတ်စွာဘုရားကို မျက်နှာလိုက်တယ် တမင်တင်းကြပ်တယ်မမှတ်ပါနဲ့ အုံး
    စပြီးဘိက္ခုနီပေါ်စဉ်က ၀ိနည်း တချက်မှမရီိပါ ( ပထမဗေါဓိ )
    ဒုတိယဗေါဓိ အနှစ် ၂၀နောက်ပိုင်းမှ သာသနာမှာပေါ့တန်သော ရဟန်းရဟန်းမတို့ ကြောင့် စည်းကမ်းချက်တွေတိုးလာရတာပါဘဲ ။ ၀ိနည်းကို အကြောင်းမရှိဘဲ မပညတ်တာ ဘုရားရဲ့  ဂုဏ်တခုပါဘဲ ။
    သီလရှင်တွေရဲ့  လိုက်နာရတဲ့  သိက္ခါပုဒ်ကတော့ကိုရင်တွေနဲ နဲနဲဆင်ပါတယ် ။
    ၈၉ပါးသောသေခိယလို့ အလွယ်မှတ်ထားမိပါတယ် ။ (လွဲချော်နိုင်ပါတယ်) နီးစပ်ရာ သီလရှင်များထံသေချာအောင်မေးလျှောက်သင့်ပါတယ်
    Posted by tint oo | 03/07/2010, 20:03
    • တနေရာမှာ (ပြန်ရှာရမှာပျင်းလို့ ပါ ) တယောက်ကရေးတာဖတ်လိုက်ရတယ် ဦးဂိုအင်ကာရိပ်သာမှာ မိန်းမအသံနဲ့  တိပ်မဖွင့်ချင်ဆိုတာကို တွေ့ ရတော့ ၀မ်းသာလိုက်တာဗျာ ။ ကျွန်တော်သိသလောက်က နောက်ပိုင်းရိပ်သာတွေလျော့ရဲတာဘဲသိတယ်။ခုလို ကပ်သီးကပ်သပ်စည်းကမ်းလေးတောင်သိတဲ့ သူ ရိပ်သာဦးဆောင်သူထဲရှိသေးတာ သိတော့ ၀မ်းသာမိတာ အမှန်ဘဲ ၊
      ဒီပြဿနာက ဒီလိုပါ
      တနေ့ တော့ ရဟန်းတပါးဟာ သုဿန်မှာ အသုဘကမ္မဋ္ဌာန်းရှုရင်းကနေ သူ ရှုနေတဲ့  မိန်းမအရိုးစုကို စိတ်မထိန်းနိုင်ဘဲ နသားပါယားလုပ်မိသတဲ့  ။ အဲနဲ့  ကျောင်းပြန်ရောက်တော့ ငါတော့ ပါရာဇိကကျပလားဆိုပြီး ဘုရားထံအလျောက်ရောက်တော့ ဘုရားက ချစ်သား ပါရာဇိက(တသက်လုံးရဟန်းပြန်မဖြစ်သော အပြစ်) တော့မဟုတ်ဘူး ။ အကောင်ပျက်ပုတ်ပွနေသော အလောင်းကောင်မှာမေထုံမှုပြုမိက ထုလ္လဇင်းအာပါတ(သံဃာထံမိမိအပြစ်ဝန်ချတောင်းပန်အပ်သောအပြစ် ) ဖြစ်တယ်လို့  ဆုံးဖြတ်ပေးခဲ့ပါတယ် ။ ဒါကြောင့် ၀ိသုဒ်ဓိမဂ်ဆရာက အသုဘကမ္မဋ္ဌာန်းရှုလိုက ဆန့်ကျင်ဘက်လိင်အရိုးစုမရှုရာလို့ ဖြတ်ပေးခဲ့ပါတယ်။
      ဒီမှာမိန်းမအသံနဲ့  တိပ်ကို ယောက်ျားတွေမနာထိုက်လို့ တော့ ရှေးက ဘယ်ရှိမလဲ ။ ဒါပေမဲ့  ဥင်္ီးဆောင်သူထဲမှာ ဒီသဘောလေးကို သတိပြုမိတဲ့သူပါပုံရတယ်လို့  မြင်မိပါတယ် ။
      အကျယ် သိလိုကပထမပရာဇိကမ် စတ္ထုသက်သေများနဲ့  ၀ိသုဒ်ဓိမဂ် သုဿန်ဓုတင်အခန်းနဲ့  အသုဘကမ္မဋ္ဌာန်းအခန်းများဖတ်ရန်
      Posted by tint oo | 03/07/2010, 20:29
      • ဘုရားက ချစ်သား ပါရာဇိက(တသက်လုံးရဟန်းပြန်မဖြစ်သော အပြစ်) တော့မဟုတ်ဘူး ။ အကောင်ပျက်ပုတ်ပွနေသော အလောင်းကောင်မှာမေထုံမှုပြုမိက ထုလ္လဇင်းအာပါတ(သံဃာထံမိမိအပြစ်ဝန်ချတောင်းပန်အပ်သောအပြစ် ) ဖြစ်တယ် ။ အရိုးစုမှာ မေထုံပြုမိက ဒုကိုဋ်အာပတ်ဖြစ်တယ် ဟု ပြင်ဆင်ဖတ်ရှုပါရန်
        Posted by tint oo | 03/07/2010, 20:43
      • (ဒါကြောင့် ၀ိသုဒ်ဓိမဂ်ဆရာက အသုဘကမ္မဋ္ဌာန်းရှုလိုက ဆန့်ကျင်ဘက်လိင်အရိုးစုမရှုရာလို့ ဖြတ်ပေးခဲ့ပါတယ်။
        ဒီမှာမိန်းမအသံနဲ့  တိပ်ကို ယောက်ျားတွေမနာထိုက်လို့ တော့ ရှေးက ဘယ်ရှိမလဲ ။ ဒါပေမဲ့  ဥင်္ီးဆောင်သူထဲမှာ ဒီသဘောလေးကို သတိပြုမိတဲ့သူပါပုံရတယ်လို့  မြင်မိပါတယ်)
        ဦးတင့်
        ဒါဆို အစွန်းထွက်သွားမှာပေါ့။
        မိန်းမသံဖြစ်လို့ ဆန့်ကျင်ဘက်လိင်ယောက်ျားများ မနာထိုက်။ ယောက်ျားသံကို မိန်းမတွေ နာရင်ရော …။ (မိန်းမတွေကတော့ ယောက်ျားတွေကို အသံကြားရုံလောက်နဲ့ ဘာမှ မဖြစ်ဘူး ထင်တယ်)😀
        Posted by Rita | 04/07/2010, 13:13
      • အသုဘ ကမ္မဌာန်း ရှုသူ ရဟန်း ဖောက်ပြားမှုအကြောင်း ယခင်ဖတ်ဖူးပေမယ့် အခု ဦးတင့်ပြောမှ သေချာပြန် အမှတ်ရလာပါတယ်။
        ဒါပေမယ့် အဲဒီအကြောင်းနဲ့ တရားစခန်းက အသံတိတ်ခွေ မိန်းမသံဖြစ်နေလို့ ယောက်ျားသံပြောင်းတဲ့ ကိစ္စတော့ မသက်ဆိုင်ဘူးထင်ပါတယ်။
        ဦးတင့် ကျမ်းတွေပိနေသလားလို့ပါ။
        အမှန်တကယ် ဘာ့ကြောင့် အသံရှင်ကို ယောက်ျားသံပြောင်းရသလဲ ဆိုတာ ကာယကံရှင်တွေပဲသိပါလိမ့်မယ်။ ဦးတင့်ပြောသလို အကြောင်းကြောင့်သာ ဆိုလျင် ကျနော်ကတော့ အဲဒီထက် သင့်တော်မယ့် နည်းလမ်းသုံးမှာပေါ့လို့ စဉ်းစားမိတယ်။
        အမျိုးသား ယောဂီတွေ သပ်သပ်၊ အမျိုးသမီးတွေသပ်သပ်ခွဲထားမယ်၊ အမျိုးသားတွေအတွက် ယောက်ျားသံနဲ့ အမျိုးသမီးတွေအတွက် မိန်းမသံနဲ့ တရားပြမယ်။ ဒါဆို ဦးတင့်ပြောတဲ့ အကြောင်းရာ အရဖြစ်နိုင်ခြေရှိတယ်။ အခုကတော့ ဘာ့ကြောင့်ဆို အတပ်မပြောနိုင်ဘူး။ ၀ိနည်းတွေ အချို့ စည်းမျဉ်းတွေကို လိုအပ်သလို ပြင်ဆင်လို့မရရင် အခုခေတ် သာသနာပြုကိုယ်တော်တွေ ဒုက္ခရောက်ရချည်ရဲ့။ နှင်းခဲနေတဲ့နေရာမှာ ကိုယ်တော်တွေ ကိုယ့်ဖာသာ ကားမောင်းသွားခွင့်မရှိရင် အခုအချိန် ဘယ်လိုများ စကင်ဒီနေဗီးယား နိုင်ငံတွေလို နေရာတွေ ကို သာသနာပြုနိုင်ပါ့မလဲ။ ပိုက်ဆံမကိုင်ရလို့ ပညတ်ထားချက်ကိုသာ အတိအကျလိုက်နာရလျှင် အခုခေတ်မှာ ဘယ်လိုများ ဒကာဒကာမတွေ သာသနာပြုဖို့ လှုဒါန်းထားတဲ့ ငွေတွေကို ကိုင်ဆောင်ကာ နိုင်ငံတကာ ခြေဆန့် သာသနာပြုနိုင်ပါ့မလဲ။ အလှု့ရှင်များ လတ်တလော မရှိသေးတဲ့ အရပ်မှာ မိမိရပ်တည်ရေးအတွက် မိမိဖာသာ ကြိုးပမ်းအားထုတ်ခွင့်မရှိရင် ဘယ်လိုလုပ်ပြီး အဲဒီလို အရပ်တွေမှာ သာသနာပြန့်ပွားအောင် ဆောင်ရွက်နိုင်ခွင့်ရှိမလဲ။ စသည် စသည် အတွေးပွားစရာ အချက်များ များစွာရှိနေတယ်။
        Posted by Nanda | 04/07/2010, 19:44
      • ကျေးဇူးတင်ပါတယ် ဦးတင့်ဦးရေ။ ဘိက္ခုနီသာသနာ အကြောင်း ပိုပြီး သိလိုက်ရလို့ပါ။
        အကြောင်းမရှိဘဲ ၀ိနည်း ပညတ်လေ့ မရှိတဲ့ ဗုဒ္ဓကို အင်မတန် “ချစ်စရာကောင်းတယ်” လို့ ကျွန်တော်လည်း ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော်တွေးမိတာက ဗုဒ္ဓက အကြောင်းရှိမှ ၀ိနည်းပညတ်တော် မူတာဆိုရင်၊ အကြောင်းရှိလာရှင်၊ ရှိလာတဲ့ အကြောင်း ပြောင်းသွားရင် ၀ိနည်းကို သံဃာထု အားလုံးရဲ့ သဘောတူညီချက်နဲ့ ပြင်ဆင်ဖြည့်စွက်တာမျိုး ဘာလို့ မလုပ်နိုင်ရမလဲ ဆိုတာပါ။ ၀ိနည်းဆိုတာ သားရည်ကြိုး မဟုတ်ဘူး ဆိုတာကိုလည်း နားလည်ပါတယ်။ သံဃာကွဲအောင် လုပ်ခြင်းဟာလည်း ပါရာဇိက မြောက်တယ်ဆိုတာလည်း သဘောတူပါတယ်။ ဒါ့ကြောင့် သံဃာ့ သဘောတူညီချက်လို့ ပြောတာပါ။
        ဦးတင့်ဦးပေးတဲ့ စာတွေကို ဖတ်ပြီး ကျွန်တော် နားလည်သလောက် အကျဉ်းက မြတ်စွာဘုရားက ဘိက္ခုနီ သာသာနာကို ခွင့်ပြုခဲ့တယ်။ ခေတ်ကာလ မကောင်းတဲ့ အချိန်၊ သာသနာ မှေးမှိန်ချိန်မှာ ဘိက္ခုနီ ကွယ်ခဲ့တယ်။ ဘိက္ခုနီ မပါဘဲ ဘိက္ခုသက်သက်ကပဲ အမျိုးသမီးတစ်ဦးကို ဘိက္ခုနီ ပြုလို့ မရလို့ ဒီသာသနာသက်မှာ ဘိက္ခုနီ မရှိနိုင်တော့ဘူး၊ အဲဒီလို မဟုတ်လား။
        အရပ်စကားနဲ့ ပြောရင်တော့ technicality တစ်ခုအတွက်နဲ့ သိပ်ပြီး ပြဿနာတက်လှပါတယ်။ ကိုးကားထားတဲ့ အထဲမှာ အဌကထာတွေ ဋီကာတွေကလည်း တစ်ပုံတစ်ပင်။ အဌကထာ ရေးခဲ့တဲ့ ရှေးက ဆရာတော်တွေထက် မသာတောင် အများကြီးမလျော့တဲ့ အကျင့်သီလ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်တွေ မြန်မာပြည် သံဃာထဲမှာ ရှိနေတာပဲ။ အဌကထာ ဖြတ်ထုံးကို overturn လုပ်နိုင်တဲ့ authority ရှိတယ်လို့ ယူဆတယ်။ တခါ ဘုရားဟော မူရင်းထဲမှာကို ပါတယ်ဆိုရင်လည်း ခါးပြတ်သွားတဲ့ သာသနာကို သံဃာထုကြီးတစ်ရပ်လုံးက ပြန်ဆက်ဖို့ ကြိုးပမ်းအားထုတ်တာ ကောင်းတဲ့ အလုပ်ဖြစ်တယ်လို့ပဲ ရိုးရိုးပဲ ယူဆပါတယ်။ (လူဦးရေး ထက်ဝက်ဝန်းကျင် ရှိတဲ့ အမျိုးသမီးတွေရဲ့ potential ကို သာသာနာအတွက် ကောင်းတဲ့ဘက်မှာ အသုံးချတာပဲ။ အလကား ထားလိုက်ရင် နှမြောစရာ။) ဘုရားကြိုက်တဲ့ အလုပ်၊ ဘယ်သူ့မှ မနစ်နာတဲ့အလုပ်ကို အစဉ်အလာ ဆိုတဲ့ stagnation တစ်ခုတည်းအတွက် မျက်ကွယ်ပြုတာ မဖြစ်သင့်လို့ ထင်ပါတယ်။
        လင့်ခ်ပါ စာတမ်းကို ရေးတဲ့ ဆရာတော်ကြီးတွေထဲမှာ ကျွန်တော် လေးစားကြည်ညိုတဲ့ ဆရာတော်ကြီး အချို့ ပါဝင်နေတာကို လည်း စိတ်မကောင်းစွာ တွေ့ရပါတယ်။ သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလို လက်ရှိ သံဃာထုကြီးက လက်မခံနိုင်သေးလို့လား၊ ဒါမှမဟုတ် ကျွန်တော်တို့ မသိတဲ့ အခြား အကြောင်းတစ်ခုခုများ ရှိသေးလို့လားဆိုပြီး အဆိုပါ ဆရာတော်ကြီးတွေ ဘက်က ဖြေတွေး တွေးမိပါတယ်။ (မ/ဒေါ် သစ္စ၀ါဒီ က လျှောက်တဲ့ tone က လည်း sarcastic tone ပါနေတယ်လို့ ထင်ပါတယ်။ စာတမ်းတင်တဲ့ အချို့သံဃာများကလည်း witch hunt သဘော လုပ်လိုတဲ့ tone ပါနေတယ်လို့ ထင်ပါတယ်။)
        ထားပါတော့လေ။ ဒါ ကျွန်တော့် ပုဂ္ဂလိက အမြင်ပါပဲ။ ဒါမျိုးက နေ့ချင်း ညချင်းလည်း ပြောင်းလို့တော့ မရပါဘူး။ အယူစွဲတွေ စွန့်လွှတ်ဖို့ မလွယ်တာနဲ့ ပတ်သက်တဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ ကွမ်တမ်ရူပဗေဒကို လက်ရှိသိပ္ပံပညာရှင် လက်ခံလာတယ် ဆိုတာက လက်တွေ့ စမ်းသပ်ချက်နဲ့ ကိုက်ညီမှု ရှိတာကြောင့်လည်း ပါသလို အရင် ဒီကွမ်တမ်ရူပဗေဒကို လက်မခံတဲ့ ပညာရှင်တွေ ဆုံးပါးသွားလို့လည်း ပါ ပါတယ်တဲ့။ လူငယ်တွေ၊ သံဃာပျိုတွေ အကျင့်သီလ၊ ပညာနဲ့ ပြည့်စုံကြပါစေ၊ မျက်စိဖွင့် နားစွင့် စိတ်ထား လွတ်လပ်ပါစေ၊ သံဃာထုကြီးလည်း စည်းလုံးညီညွှတ်ပါစေ။
        Posted by ပိုင် (Pi) | 04/07/2010, 20:41
  24. (၁) ဥပဒေမှာ ခွဲခြားထားတဲ့ အချက်တွေ ရှိသလား။
    (၂)အလုပ်အကိုင်အခွင့်အရေး အတူတူရှိသလား။
    (၃)ယဉ်ကျေးမှုအရ နှိမ့်ချဆက်ဆံခံရတာရှိသလား။ (အဲဒီဟာကတော့ အငြင်းပွားစရာပါပဲ။ ထူးထူးခြားခြား ဆက်ဆံခံရသလား။ ဒါမှမဟုတ် နှိမ့်ချဆက်ဆံခံရသလား ပြင်းပြင်းထန် ထန် ငြင်းခုံရမယ့် သဘောရှိလောက်တယ်။)
    (၄)… စသည် စသည်…
    Posted by အလှတရား | 03/07/2010, 20:05
  25. @TinOo ‘တယောက်ကရေးတာဖတ်လိုက်ရတယ် ဦးဂိုအင်ကာရိပ်သာမှာ မိန်းမအသံနဲ့  တိပ်မဖွင့်ချင်ဆိုတာကို တွေ့ ရတော့ ၀မ်းသာလိုက်တာဗျာ ။ ကျွန်တော်သိသလောက်က နောက်ပိုင်းရိပ်သာတွေလျော့ရဲတာဘဲသိတယ်။ခုလို ကပ်သီးကပ်သပ်စည်းကမ်းလေးတောင်သိတဲ့ သူ ရိပ်သာဦးဆောင်သူထဲရှိသေးတာ သိတော့ ၀မ်းသာမိတာ အမှန်ဘဲ ၊’
    စာရေးရတာ ပင်ပန်းတယ်။ ကွန်မင့်တွေကို တခုချင်းလိုက်ပြန်ရတာ ပိုတောင် ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ လာပြီးထင်မြင်ချက်ရေးသွားတဲ့လူတွေကို ပြန်မရေးဖြစ်တာကို အားနာတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ ပြန်တယ်။ ဒါပေမယ့် wilfully blind ဖြစ်နေသူတွေကို ပြန်ရှင်းရတာ အင်မတန်မှ စိတ်ပျက်စရာကောင်းတယ်။ ဒါ့ကြောင့် ဘာမှ ပြန်မရေးတော့ဘူးလို့ ဆုံးဖြတ်ပြီး ရေးထားတဲ့ဟာတွေတောင် မတင်ဘဲ ဖျက်ပစ်လိုက်တယ်။ ဒါပေမယ့် အပေါ်က ဒီစာကို တွေ့တော့ ယုံတောင်မယုံနိုင်ဘူး။ religious bigotry at its extreme, simply beyond belief!!! အဲဒါကြောင့် တခွန်းလောက်တော့ ပြန်ရေးလိုက်မယ်။
    ဒီလို စိတ်ဓာတ်မျိုးနဲ့ ဗုဒ္ဓသာသနာကို ကမ္ဘာပြန့်အောင် လုပ်နိုင်မယ် ထင်ရင်တော့ အဲဒိအထင်ကို ပြန်စဉ်းစားကြည့်လိုက်ဦးလို့ပဲ ပြောချင်တယ်။
    Posted by watote | 03/07/2010, 23:37
    • အဲဒါစထဲက ၀တုတ်ကိုမေးနေတာဘဲလေ ။
      ဒီပို့ စ်တွေမှာဘာရည်ရွယ်တာလဲ ။
      တိပိဋကတွေဝိနည်းတွေပြင်ဘို့  ကြိုးစားခဲ့တဲ့  ဦးဥက္ကဋ္ဌကစပြီး ၀ိနိစ္ဆယချပြီး အဓမ္မ၀ါဒီတွေလျှောက်ခဲ့တဲ့ လမ်းကို လျှောက်မှ ဘာသာတရား ကမ္ဘာကိုပြန့် မယ်လို့  ဆိုလာရင်တော့ နေပါစေတော့ ၀တုတ်ရယ် ။ ကိုယ့်ဟာကိုယ် တယောက်ထဲနေပရစေတော့ ။
      Posted by tint oo | 04/07/2010, 05:12
  26. အင်း ဘယ်ဘာသာ အယူဝါဒဖြစ်ဖြစ် ကမ္ဘာတည်သရွေ့ တည်ရမယ် လို့တော့ မရှိပါဘူး။ ဒါပေမယ့် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဗုဒ္ဓဘာသာက ကွန်မြူနစ်ဝါဒထက်တော့ သက်တမ်းရှည်တယ် ခင်ဗျ။ ပိုလည်း သက်တမ်း ရှည်နိုင်မယ့် အလားအလာ ရှိတယ်ခင်ဗျ။ တကမ္ဘာလုံးကို အတော်များများ ပြန့်ပွားမယ်လို့ အယူအဆရှိခဲ့တဲ့ အလွန် rational ဖြစ်ဟန်တူတဲ့ ကွန်မြူနစ်ဝါဒသာ စောစောစီးစီး နိတ္ထိတံ သွားတာ မဟုတ်လား။ အဲ ဆောရီး… အားပျော့သွားတာလို့ ယူချင်လည်း ယူပါ။
    အဲဒါကို အသာထားပြီး ကျွန်တော့်မေးခွန်းလေး ဖြေကြပါဦး။ ဥပဒေ ရှုထောင့်ကလည်း အရေးကြီးတယ် မှတ်တယ်။ အရေးကြီးဆို ကျန်တာတွေ အသာထားပြီး ဥပဒေမှာပဲ ဘာတွေဘာတွေဆိုပြီး ပြောလို့ ကောင်းတာကိုး။ ဥပဒေမှာ တန်းတူအခွင့်အရေးရလား။ Burma Buddhism Laws က ဘယ်လိုနေလဲ။ ပညာသင်ကြားခွင့်တန်းတူရှိလား။ အလုပ်အကိုင်တန်းတူ ရလား။ အဲဒါလေးတွေ အရင်ဆုံးသုံးသပ်ပေးပါ။
    မြန်မာ့ယဉ်ကျေးမှုအပိုင်းမှာ ကျင့်ဝတ်တွေ အများစုဟာ ၁၈ ရာစုလောက်မှ စပြီး အသံကျယ်လာတဲ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ ကိုက်ပြီး မွေးဖွားလာတာမဟုတ်ဘူးဆိုတာတော့ ထုတ်ပြောစရာ မလိုဘူး ထင်ပါတယ်။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုဟာ မိန်းမတွေနဲ့ ပတ်သက်ပြီး ဆိုခဲ့တဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်းအားနည်းနေတယ် ပြောရင် ၁၀၀ ရာခိုင်နှုန်းအားသာနေတယ် ပြောရင် မရိုးသားမှု၊ ဒါမှမဟုတ် ပရိုပဂန်ဒါလို့ ဆိုချင်လည်း ဆိုနိုင်မယ်၊ (ဒီပိုစ့်ရေးတဲ့သူရေးခဲ့ဖူးတယ်။ )ဟုတ်စ…။ ဒီတော့ ပိုစ့်ရေးသူက ဗမာဓလေ့ထဲက မိန်းမတွေဆိုတာနဲ့ ဆိုးတာရော ကောင်းတာရော ရေးဖို့ မလိုပေဘူးလား။ တမင်သက်သက် ချန်ထားခဲ့တာဆိုရင်တော့ ကျန်တဲ့သူတွေ ရေးဖို့အခွင့်ပေးရလိမ့်မယ်။
    အမျိုးသမီးအခွင့်အရေးကို ပြောတာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အမျိုးသမီး အယောင်ပြပြီး ယဉ်ကျေးမှုနဲ့ ဘာသာတရားကို ဆော်ဖို့ချောင်းနေတဲ့လူတွေ ဒုနဲ့ဒေး မဟုတ်လား။ ခုကို နက်ထဲ အများကြီးတွေ့နေရတာ။ အဲတော့ ဘာဖြစ်လဲ။ မြန်မာလူမျိုးစိတ်ဓာတ်က ရှင်းပါတယ်။ အထီးကျန်တယ်။ မဖွံ့ဖြိုးဘူး။ ကွန်ဆာဗေးတစ်များမယ်။ မာန်မာနကြီးတယ်။ အဟောင်းတွေကိုလည်း ချစ်နေတုန်းပဲ။ အဲဒီတော့ မျှမျှတတ ပြောနိုင်တဲ့ လုပ်နိုင်တဲ့လူမျိုး ယုံကြည်ရတဲ့လူမျိုးကလည်း ပညာတတ်ထဲမယ်တောင် ခပ်ရှားရှားဆိုတော့ …
    သိတဲ့အတိုင်း
    ကိုင်း ဥပဒေ ဥပဒေ…။ သုံးသပ်ပေးကြပါ။
    Posted by အလှတရား | 04/07/2010, 04:32
    • အဓိကပြောနေတာက ဗမာ့ဓလေ့ထုံစံထဲမှာ မိန်းမတွေဟာ တချို့  စာရေးဆရာတွေ၊ ပညာရှင် အမည်ခံ ပုဂ္ဂိုလ်တွေ romanticize လုပ်သလိုမဟုတ်ဘဲ တန်းတူဆက်ဆံမခံရဘူး၊ နေရာပေးမခံရဘူး ဆိုတာပြောနေတာ။ ဒါကိုမှ နားမလည်သေးဘူး၊ မမြင်နိုင်ဘူးဆိုရင် နောင်ရေးမဲ့ အခန်းတွေ၊ အကြောင်းအရာတွေလည်း နားလည်နိုင်မဲ့ပုံ မရှိဘူး။ ခင်ဗျားတို့လို လူမျိုးဆီကလည်း meaningful contribution ရမယ်လို့ မမျှော်လင့်ဘူး။ ကိုယ်မငြင်းနိုင်လို့ ဟိုဟာပြဦး၊ ဒီဟာပြဦးလို့ အောက်ကလိအာနေတာလို့ပဲ မြင်တယ်။
      Posted by zizawa | 04/07/2010, 05:47
      • ဥပဒေရှုထောင့်ကို သုံးသပ်ပေးပါလို့ ပြောတာ ဘာကြောင့် ဒီလောက်စိတ်တိုနေရတုန်းဗျ။ ခင်ဗျားပြောတာကို နားလည်တာမလည်တာ အသာထား။ ခင်ဗျားပိုစ့်တစ်ပုဒ်လုံးရဲ့ လိုအပ်ချက်တစ်ခုကို ထောက်ပြလိုက်တာ ကျေးဇူးမတင်သင့်ဘူးလား။
        Posted by အလှတရား | 04/07/2010, 20:17
      • ကျွန်တော် အဲဒီတစ်ခွန်းပြောတာဟာ ပိုစ့်ရေးသူကို ဘာမှထိခိုက်ပြောဆိုတာမပါဘူး။ ဗမာဓလေ့ထဲက မိန်းမတွေဆိုတာနဲ့ စာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ဥပဒေရှုထောင့်ကို မျှော်လင့်မိတာပဲ။ ပိုစ့်ရေးသူမှ မရေးထားတာပဲ။ သိတဲ့လူဆီက ဗဟုသုတတွေ တောင်းတယ်။
        အဲတော့ ခင်ဗျားရဲ့ စော်ကားမှုအတွက် တောင်းပန်မယ်ဆိုလည်း ကြေပါတယ်။ မတောင်းပန်ရင်လည်း သဘောအတိုင်းပါပဲ။ စိတ်ဆိုးလို့ မဟုတ်ပါဘူး။ မူအရ ပြောရခြင်းဖြစ်ပါတယ်။
        Posted by အလှတရား | 04/07/2010, 20:31
  27. (အလှတရား သို့)
    ကျမ ဥပဒေ တော့ နှံ့နှံ့စပ်စပ် မလေ့လာဘူးပါ။
    ဒါပေမဲ့ ဥပဒေထဲမှာ ကျား၊မ အခွင့်အရေးတန်းတူ ဆိုပြီး တော်တော်များများ ဖေါ်ပြထားတယ် လို့ ကြားဖူးတယ်။
    ဒါပေမဲ့ “ရေးထားတဲ့ ဥပဒေ” နဲ့ အလားတူ (သို့မဟုတ်) ပိုပြီး “ရေးမထားတဲ့ဥပဒေ”က တွင်ကျယ်နေတာ ကိုလည်း ထည့်စဉ်းစားရပါမယ်။ အဓိကကတော့ လူတွေကြားမှာ လက်ခံကျင့်သုံးနေကြတဲ့ အလေ့အထ၊ အမူအကျင့်၊ ဓလေ့စရိုက်တွေကို အလေးထားဖို့ လေ့လာဖို့ ပြောချင်တာပါ။ customary law ဆိုတာလည်း ရှိပါသေးတယ်။
    ဥပဒေစာအုပ်ထဲမှာ ပါတိုင်း အပြင်လောကမှာ ဖြစ်ပျက်နေတာမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ၁၀၀ ရာခိုင်နှုန်း အားသာတယ်၊ အားပျော့တယ် လို့ ဘယ်သူမှလည်း မငြင်းပါ။ ခေတ်နဲ့အညီ ပြင်သင့်တာပြင်ဖို့ မြင်သင့်တာ မြင်ဖို့ပဲ လိုတာပါ။
    မြန်မာ အမျိုးသမီးအခွင့်အရေးနဲ့ပါတ်သက်ပြီး အကောင်းဖက်ကချည်းရေးထားတဲ့ စာအုပ်စာတမ်းတချို့ လည်း ဖတ်ဖူးပါတယ်။ အားလုံး rosy picture ဖြစ်နေပါတယ်- added value ဘာမှ မရပါဘူး။ ရေးသူရဲ့ profile ကိုကြည့်တာ့ သူ ဘာကြောင့်ဒီလိုရေးရတယ်ဆိုတာလည်း သိသာနေပါတယ်။ မြန်မာ အမျိုးသမီးအခွင့်အရေးအတွက် လိုအပ်ချက်ကို ထောက်ပြတဲ့သူက အလွန်ရှားပါတယ်။ ရလာဒ်ကတော့ လူတွေက ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာမသိဘဲ ကိုယ့်ဘာသာကျေနပ် ( self complacency ဖြစ် ) နေကြတယ်။ ဒါကြောင့် (အလှတရားပြောသလို) မျှမျှတတ ရေးတဲ့ ပညာရှင်ဆန်တဲ့ ဝေဖန်သုံးသပ်ချက်တွေကဘဲ လူမှုအဖွဲ့အစည်းကို အကျိုးပြု နိုင်ပါလိမ့်မယ်။
    Posted by မိုးစက်ပွင့် | 04/07/2010, 05:23
    • ကျွန်တော်က ဒီလောက်အငြင်းပွားစရာကောင်းတဲ့ ကိစ္စကို ၀င်ငြင်းဖို့ စိတ်မပါသေးပါဘူးခင်ဗျ။ ဒါကြောင့် အချို့အချက်တွေကို ထောက်ပြရုံလောက်ပဲ လုပ်ခဲ့တာပါ။ အစွန်းလေးတွေကို တင်းပုတ်ကလေးတွေနဲ့ ထုပြီး တိပေးရုံကလွဲရင် ပြင်းပြင်းထန်ထန် ငြင်းခုံခဲ့တာလည်း မရှိပါဘူး။
      trap လို့မြင်ပြီး ကြိုပိတ်သွားတာတွေ့ရလို့ ပြုံးတောင် ပြုံးမိပါတယ်။ ဘာပဲဖြစ်ဖြစ် တလေးတစား ဆွေးနွေးသွားတဲ့ ကျေးဇူးတင်ပါတယ်။
      Posted by အလှတရား | 04/07/2010, 20:42
  28. အပေါ်မှာ ဦးတင့်ဦးပေးထားတဲ့ “ဘိက္ခုနီ ၀ိနိစ္ဆယ ”ကို သွားဖတ်ကြည့်မိတယ်။ အဲသည်မှာ မြန်မာပြည်မှာ ဘာကြောင့် ဘိက္ခုနီလုပ်ဖို့ မဖြစ်နိုင်တော့တာကို စနစ်တကျ စာတမ်းနဲ့ ရှင်းပြ၊ သုံးသပ်ပြထားတာကို (အပေါ်မှာ ဦးတင့်ဦးလည်း အကျဉ်းချုပ် ပြန်ထုတ်ပြထားပါတယ်။) တွေ့ရတယ်။ ကျနော့်အဖို့တော့ အဲဒီအကြောင်းတွေကို အရင်က သိလည်း မသိဘူး။ အခုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ကျနော်ပြောချင်တာက အဲဒီမှာ သွားဖတ်တဲ့အခါကျတော့ စိတ်ဝင်စားစရာတချက် ဘာတွေ့ရသလဲဆိုတော့…. မိထွေးတော် ဂေါတမီက ဘိက္ခုနီ လုပ်ခွင့်ရဖို့ ဗုဒ္ဓဆီမှာ သုံးခါတိတိ ခွင့်ပန်တယ်။ သုံးခါလုံးလုံး ဗုဒ္ဓက ပယ်ချတယ်။ နောက်ဆုံးတကြိမ်ကျတော့ ဂေါတမီရယ် သာကီဝင်မင်းသမီးငါးရာရယ်က ကတုံးတုံးပြီး သစ်ခေါက်ဆိုးရည် ဝတ်ရုံတွေ ဝတ်လို့ ၅ ယူဇနာခရီးကို (ဗုဒ္ဓသတင်းသုံးရာ နေရာ) ခြေထောက်အပေါက်ခံပြီး ခြေလျှင်လိုက်သွားကြတယ်။ ဟိုရောက်တော့ ဗုဒ္ဓရှေ့မှောက်မရောက်ခင် ရှင်အာနန္ဒာနဲ့ တွေ့ပြီး အကျိုးအကြောင်းကို သိရတော့ ရှင်အာနန္ဒာက ဗုဒ္ဓထံမှာ လျှောက်ထားပေးတယ်။ (ရှည်မှာစိုးလို့ ဇာတ်ကြောင်းကို နည်းနည်း ကျော်လိုက်မယ်နော်။) သူတို့တွေ ဘိက္ခုနီဖြစ်ခွင့်ရသွားကြတယ်ပဲ အချုပ်ဆိုရအောင်။
    “ရဟန်းမ”အဖြစ် ပြုခွင့်ရတဲ့အခါ ဂေါတမီဟာ တဖန်ထပ်ပြီး ရဟန်း၊ ရဟန်းမ ဝါစဉ်အလိုက် ခရီးဦးကြိုပြုခြင်း၊ အရိုအသေပေးခြင်း အစရှိတဲ့ အခွင့်အရေးတွေကို ထပ်မံတောင်းဆိုပြန်ပါတယ်။
    အဲဒီမှာ မိထွေးတော် ဂေါတမီကို ကျနော်ချီးမွမ်းတယ်။ (တကယ်ချီးမွမ်းတာ။ ဒီတခါ ငေါ့ပြောတာမဟုတ်)။ ဘာကြောင့်လဲဆိုတော့ သူဟာ အမျိုးသမီးအခွင့်အရေးအတွက် အရင်ဆုံး တိုက်ပွဲဝင်ခဲ့သူ အမျိုးသမီးကြီးတောင် ဖြစ်နိုင်တယ်လို့ တွေးမိလို့ပါ။။
    ဂေါတမီ ဆီက စံယူရမှာက တချို့အခွင့်အရေးတွေက အမျိုးသမီးတွေကိုယ်တိုင် တောင်းယူ၊ တိုက်ယူရမှာလည်း ဖြစ်တယ်။ မိထွေးတော်ဂေါတမီရဲ့ မဆုတ်မနစ်တဲ့ လုံ့လကို အတုယူရမယ်။
    တချို့သော တံခါးတွေကျတော့ ဖွင့်ထားပြီးသားတွေ ဖြစ်နေတတ်ပါတယ်။ အသာတွန်းဖွင့်ပြီး လျှောက်သွားဖို့ပဲ လိုမှာပါ။ ဒါပေမယ့် ဖွင့်ထားမှန်းမသိတဲ့အခါ အတွင်းက သော့ခတ်ထားလေသလားဆိုပြီး တံခါးရှေ့မှာ အကြာကြီး ရပ်စောင့်နေတတ်တဲ့ အဖြစ်မျိုးတွေလည်း ရှိနိုင်မယ်ထင်ပါတယ်။
    ဒါထက် ဦးတင့်ဦးကို မေးချင်တာ… ဗုဒ္ဓက ဘာကြောင့် အမျိုးသမီးတွေကို “ရဟန်းမ” အဖြစ် ပေးမဝတ်ချင်တာလဲ မသိဘူးနော်။ ပေးဝတ်လိုက်ရင် သာသနာ အနှစ်၁၀၀၀ တည်မှာကနေ အနှစ်ငါးရာပဲ တည်နိုင်တော့မယ် ဆိုတာမျိုး ပြောခဲ့တာတော့ တွေ့မိတယ်။ အကျိုးထက် အပြစ်များလို့လား။ ဒီ့ထက်ပိုအသေးစိတ်တဲ့ အကြောင်းပြချက်များကို တခြားနေရာတွေမှာ ရှင်းပြခဲ့တာ ရှိပါသလား။ သိချင်ပါတယ်။ ရှိရင် ကျေးဇူးပြုပြီး ပြောပြပေးပါလား။
    Posted by ကိုပေါ | 04/07/2010, 06:01
    • “အဲဒီမှာ မိထွေးတော် ဂေါတမီကို ကျနော်ချီးမွမ်းတယ်။ (တကယ်ချီးမွမ်းတာ။ ဒီတခါ ငေါ့ပြောတာမဟုတ်)။ ဘာကြောင့်လဲဆိုတော့ သူဟာ အမျိုးသမီးအခွင့်အရေးအတွက် အရင်ဆုံး တိုက်ပွဲဝင်ခဲ့သူ အမျိုးသမီးကြီးတောင် ဖြစ်နိုင်တယ်လို့ တွေးမိလို့ပါ။။
      ဂေါတမီ ဆီက စံယူရမှာက တချို့အခွင့်အရေးတွေက အမျိုးသမီးတွေကိုယ်တိုင် တောင်းယူ၊ တိုက်ယူရမှာလည်း ဖြစ်တယ်။”
      Like it!
      Posted by WinSg | 04/07/2010, 18:24
  29. “ဘိက္ခုနီ ၀ိနိစ္ဆယ” ဟာ ထေရဝါဒ အခြေခံအရ မှန်တယ်လို့ မြင်သာပါတယ်။
    ဗုဒ္ဓဘာသာလို့ပြောရင် ကျနော်တို့က မြန်မာပြည်က ဖြစ်တဲ့အတွက် ထေရဝါဒလို့ ယေဘူယျ သဘောထားပြီး ဆွေးနွေးကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ ခေါင်းစဉ်အောက်မှာ ထေရဝါဒတစ်ခုသာ ရှိတာမဟုတ်ပါ။ ဒီနေရာမှာ ဂိုဏ်းဂဏ အဖွဲ့အစည်း ကိစ္စက တွဲပါလာပါပြီ။
    ကျနော်ဆွေးနွေးချင်တဲ့အချက်က ထေရဝါဒဂိုဏ်းဟာ ဗုဒ္ဓဘာသာ တစ်ခုလုံးကို လွှမ်းခြုံ ကိုယ်စားပြုနိုင်တဲ့ ဂိုဏ်း ဟုတ်မဟုတ်ဆိုတာပါ။ (ဒါနဲ့ တွဲပါလာတဲ့ နောက်တစ်ချက်က နောက်တစ်ခုက သံဃာ ဂိုဏ်းခွဲခြင်းသည် ပါရာဇိကထိုက်တဲ့ အပြစ်တစ်ခု ဖြစ်တယ်လို့လည်း သိထားရပါတယ်။)
    ဒီပို့စ်ဘက်မှာ ဘာသာရေးနှံ့စပ်သူများ ပိုမိုတွေ့ရတဲ့အတွက် ဟိုဘက်တုန်းက ကျနော်ရေးခဲ့တာလေး ပြန်ကူးပေးလိုက်ပါတယ်။
ှQuoted ——
    WinSg // 30/06/2010 at 18:32 | Reply
    နံပါတ် ၃ အချက်နဲ့ ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။
    ကျနော်လည်း ပြောချင်တော့ ဖတ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ impurities ဆိုတာနဲ့ ပတ်သက်ပြီး ရှေးက အတော်လေးပြောခဲ့တာတွေရှိပါတယ်။ ရှင်ဥက္ကဌတို့လည်းပါပါတယ်။ ဒါပေမယ့် ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီကိစ္စက တရားဝင် ဆွေးနွေးလို့မရပါ။ ဘာကြောင့်ဆိုတော့ ဒီကျမ်းစာတွေကို ဘုရားဟောအဖြစ် လက်မခံရင် ထေရဝါဒအမည်တပ်ခွင့်မရှိတော့ပါ။ ဘုန်းဘုန်းတို့ကို မေးရင်လည်း နှာစေးနေတာ များပါတယ်။ အားလုံးလည်းသိကြတဲ့အတိုင်း ထေရဝါဒရဲ့ အခြေခံတွေ အများစုက သီရိလင်္ကာကပါ။ ဗုဒ္ဓဘာသာက အန္ဒိယနဲ့ နီပေါမှာ ပေါ်တာ။ အဲဒီတော့ ထေရဝါဒကနေ နည်းနည်းအပြင်ထွက် ပြောမှဖြစ်မယ်။
    “ဗုဒ္ဓဘာသာရဲ့ မြစ်ဖျားခံရာ”
    သမိုင်းကိုပြန်ကြည့်ရင် ဗုဒ္ဓဘာသာဟာ Sramana လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါ။ Sankarit နဲ့ Parli ဘာသာစကားအခြေခံ၊ သံသရာ နဲ့ ကံအကျိုးအယူအဆ၊ လောကကလွတ်မြောက်လမ်းကို ရှာဖွေခြင်း (spiritual development and liberation)၊ ကသိုဏ်း၊ ဈာန်၊ ကမဌာန်း၊ အသက်ဇီဝကို တန်ဖိုးထားခြင်း စတာတွေက ထပ်တူနီးပါတူညီပါတယ်။ အဓိကဘာသာကြီးနှစ်ခုက Jainism နဲ့ Buddhism ပါ။ ထူးအိမ်သင်သီချင်းထဲပါတဲ့ မဟာဝီရဆိုတာ Jain ကဘုရားတစ်ပါးပါ။ Jain ကနောက်အကျဆုံး 6 century BC မှာ စတင်ပြီး ဗုဒ္ဓဘာသာက BC450 ခန့်လို့ဆိုရပါမယ်။ ဆိုတော့ Jain က အများကြီးစောပါတယ်။ ရုပ်တုတွေရဲ့ မုဒြာတွေကစလို့ အခြေခံအတွေးအခေါ်တွေအဆုံးမှာ Jainism နဲ့ Buddhism တူနေတာတွေအများကြီးပါ။ ဒီတော့ ဒီကျမ်းစာတွေထဲက အကြောင်းအရာတွေဟာ ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းကနေ ဟောထားတာ မဟုတ်။ ဗုဒ္ဓတရားတွေအပေါ် ခေတ်ရဲ့ လွှမ်းမိုးမှုလည်း မသေးလှကြောင်း တွေ့ရမှာပါ။ ကျမ်းစာထဲမှာလည်းပါတဲ့ ဒုက္ခစရိယာ ခြောက်နှစ်လောက်ဟာ ဒီအတွေးအခေါ်တွေ ကျင့်စဉ်တွေနဲ့ ဖြတ်သန်းရတာပါ။
    “ဗုဒ္ဓဘာသာ ကွဲပြားစီးဆင်းပုံ”
    Wikipedia မှာ Buddhism Timeline ဆိုတဲ့နေရာမှာကြည့်ရင် BC 250 လောက်မှာ ပင်မ
    Old school ကနေခွဲဖြာပြီးထွက်ခဲ့တဲ့ ဂိုဏ်းသုံးခုရှိပါတယ်။ Theravada, Greco, Silk Road Buddhism လို့ဆိုပါတယ်။ Mahayana နဲ့ Vajrayana၊ Tibetan စတဲ့ အခက်အဖြာတွေက နောက်ကျပါတယ်။ အဲဒီဂိုဏ်းတွေရဲ့ အယူတွေ ဘယ်လောက်ထွေပြားကြမယ်ဆိုတာ မှန်းကြည့်နိုင်ကြပါတယ်။ ထေရဝါဒက တောင်ဖက်သီရိလင်္ကာနဲ့ အရှေ့တောင်အာရှကို ပျံ့နှံ့လာပြီး ကျန်နှစ်ခုက အလယ်အာရှကို သွားပါတယ်။ သေချာတာကတော့ ဆိုခဲ့ပါ ဂိုဏ်းသုံးခုဟာ ပင်မ ဗုဒ္ဓကျောင်းတော်ကနေ အစောဆုံး ခွဲဖြာခဲ့တယ်ဆိုတာပါပဲ။ အဲဒီဂိုဏ်းတွေရဲ့ အယူထွေပြားမှုဟာလည်း သူတို့တွေ ရှင်သန်ရာ ခေတ်နဲ့ နိုင်ငံယဉ်ကျေးမှုတွေနဲ့ မကင်းတာ အသေအချာပေါ့။
    အဲဒီတော့ ချုပ်ရရင် ဗုဒ္ဓဘာသာပင်ရင်းကိုယ်တိုင်တောင် သူဖြစ်တည်ရာ ခေတ်ရဲ့လွှမ်းမိုးမှုကို ခံရရင် ဒီနေ့ခေတ်မှာ ကျမ်းစာထဲကအတိုင်း အားလုံးဖြစ်ရမယ်ဆိုတာ သဘာဝကျပါသလား။ နောက်တစ်ချက်က ဂိုဏ်းလေးဂိုဏ်းကွဲခဲ့တဲ့ထဲမှ ထေရဝါဒကျမ်းစာတစ်ခုသာ ဘုရားဟောအမှန်ဆိုတာကလည်း ဖြစ်နိုင်ချေရှိပါသလား။
    Posted by WinSg | 04/07/2010, 18:22
    • WinSg ကို တခုလောက် မေးပါရစေလားခင်ဗျာ။ သူ့မေးပေမယ့် သိတယ်လူ ဘယ်သူပဲ ဖြစ်ဖြစ် ဖြေပေးစေလိုပါတယ်။ WinSg က ဂျိန်းဘာသာက ဗုဒ္ဓဘာသာထက် စောတယ်ဆိုပြီး ခုနှစ်သက္ကရာဇ်နဲ့ပါပြောလာတော့ ပိုတောင်စိတ်ဝင်စားမိပါတယ်။ ဂျိန်းဘာသာဆိုတာ ပါဠိလို ဂျိန (ဗမာလိုတော့ ဇိန) လို့ခေါ်တယ်ထင်တယ်။ တခါဘုရားကို ဗုဒ္ဓ၊ ဘဂ၀ါ၊ ဇိန စသဖြင့် ခေါ်ကြတယ်။ ကျီးသဲလေးထပ် ဆရာတော်ရဲ့  ဇိနထ္ထပကာသနီကျမ်း စသဖြင့်ပေါ့ဗျာ။ အဲဒိ ဇိနထ္ထပကာသနီကျမ်းခေါင်းစဉ်က ဇိန၊ ကျွန်တော်တို့ရဲ့  သိဒတ္တဂေါတမကို ရည်ညွှန်းတဲ့ ဇိနက ဂျိန်းဘာသာက ဇိနနဲ့ တနည်းတဖုံ ဆက်စပ်နေမလား။ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ကျွန်တော်တော့ အသည်းယားလာပြီ။ မြန်မြန် ဖြေပေးပါဗျို့ ။
      Posted by zizawa | 04/07/2010, 19:08
      • ဇိနထ္ထပကာသနီကျမ်းခေါင်းစဉ်နဲ့ ပါတ်သက်လို့ မသိပါခင်ဗျား။ သိသူများရှိရင် ပြောစေချင်ပါတယ်။
        ဒီဘာသာနှစ်ခုရဲ့ ထွေးရောယှက်တင်ဖြစ်မှုက ထဲထဲဝင်ဝင်လေ့လာသူမဟုတ်ရင် မျက်စေ့လည်လောက်စရာပါ။ ကျွန်တော်လည်း ခပ်လည်လည်ထဲ ပါပါတယ်။ ဆက်စပ်မှုကတော့ အသေအချာ ရှိနေတယ် ထင်တာပါပဲ။ ဘာသာနှစ်ရပ် ကူးလူးဆက်ဆံမှုကလည်း ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေထဲလည်း ပါပါတယ်။ သေချာတာကတော့ ဒီဘာသာနှစ်ရပ်ကို ထပ်တူလို့ အများအားဖြင့် မယူဆကြပါ။
        အောက်ကစာကြောင်းလေးတွေကို ကူးပေးလိုက်ပါတယ်။ (မဟာဝီရဟာ ဂျိမ်းတွေရဲ့ အထင်ရှားဆုံးနဲ့ နောက်ဆုံး ဘုရား(ဆရာ) တစ်ဆူဖြစ်ပါတယ်။ အားလုံး ၂၄ဆူရှိတယ်လို့ ဆိုပါတယ်။) သည်ထက်ပိုသိထားသူများရှိရင် ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
        Mahāvīra and Buddha were contemporaries. The Pali Canon does not record that the two teachers ever met, though instances of Mahavira’s disciples questioning Gautama Buddha are to be found in various suttas. The Buddhists have always maintained that by the time Buddha and Mahavira were alive, Jainism was already an entrenched faith and culture in the region.
        Buddhist scriptures attest that some of the first Buddhists were in fact Jains (Nirgranthas as they were then called, meaning “the unbonded ones”) who “converted”, but were encouraged by Buddha to maintain their Jain identity and practises such as giving alms to Jain monks and nuns.
        Buddhists recorded that Mahavira preached the “fourfold restraint” of the Nirgrantha tradition—a clear reference to the teachings of Mahavira’s predecessor Lord Parshva (877-777 BCE), traditionally the 23rd Tirthankara of Jainism—who propounded the four vows of Ahinsa (Ahimsa), Satya (truth), Aparigraha (non-possessiveness), and Asteya (non-stealing), which may have been the template for the Five Precepts of Buddhism.
        The names of previous Buddhas mentioned Buddhist scriptures has striking similarities with the names of Tirthankars or Jain Arhants,which arises many unanswered questions of both religions being one and the same previously which latter resulted in the division.
        The last Tirthankara Mahāvīra (599 – 527 BC) was possibly a senior contemporary of the Buddha whose philosophy, sometimes described as dynamism or vitalism, was a blend of the earlier Jain teacher Pārśvanātha’s (877-777 BC) order and the reforms instituted by Mahavira himself. Debates between Buddhists and Jains are recorded in Jain texts, and dialogues between Jains and the Buddha are included in Buddhist texts.
        Posted by WinSg | 04/07/2010, 19:58
  30. ဒီကွန်မန့်တွေကိုကြည့်ပြီး ဗုဒဘာသာနှင့်ပတ်သက်သော စိတ်ဝင်စားစရာတွေ အငြင်းပွားဖွယ်များကိုလည်း ဗဟုသုတမစုံလင်သူဖြစ်သဖြင့် ၀င်မဆွေးနွေးနိုင်ငြား သဘောတကျ ဖတ်ရှုဆင်ခြင်ပါသည်။
    (
    ကျမ ဥပဒေ တော့ နှံ့နှံ့စပ်စပ် မလေ့လာဘူးပါ။ ဒါပေမဲ့ ဥပဒေထဲမှာ ကျား၊မ အခွင့်အရေးတန်းတူ ဆိုပြီး တော်တော်များများ ဖေါ်ပြထားတယ် လို့ ကြားဖူးတယ်။ ဒါပေမဲ့ “ရေးထားတဲ့ ဥပဒေ” နဲ့ အလားတူ (သို့မဟုတ်) ပိုပြီး “ရေးမထားတဲ့ဥပဒေ”က တွင်ကျယ်နေတာ ကိုလည်း ထည့်စဉ်းစားရပါမယ်။ အဓိကကတော့ လူတွေကြားမှာ လက်ခံကျင့်သုံးနေကြတဲ့ အလေ့အထ၊ အမူအကျင့်၊ ဓလေ့စရိုက်တွေကို အလေးထားဖို့ လေ့လာဖို့ ပြောချင်တာပါ။ customary law ဆိုတာလည်း ရှိပါသေးတယ်။ ဥပဒေစာအုပ်ထဲမှာ ပါတိုင်း အပြင်လောကမှာ ဖြစ်ပျက်နေတာမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ၁၀၀ ရာခိုင်နှုန်း အားသာတယ်၊ အားပျော့တယ် လို့ ဘယ်သူမှလည်း မငြင်းပါ။ ခေတ်နဲ့အညီ ပြင်သင့်တာပြင်ဖို့ မြင်သင့်တာ […]
    )
    အဲဒီ့ကွန်မန့်လေးကတော့ သဘောကျမိသလို ကျမရင်ထဲအမြဲလိုလိုအငြင်းပွားမိသောအချက်ကို သွားသတိရသည်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ(Myanmar Customary Law)တွင် အိမ်ထောင်သည် ယောကျာင်္းက တရားဝင်အိမ်ထောင်ရှိလျှက် (ဖောက်ပြန်)မိန်းမထပ်ယူလျှင် မယားပြိုင်အဖြစ် အသိမှတ်ပြုခံရငြား ဇနီးကြီးကကွာရှင်းခွင့်သာတောင်းနိုင်ငြား ၊ မိန်းမကဖောက်ပြန်လျှင် လင်ခိုးမှုဖြင့် တရားစွဲဆိုပိုင်ခွင့်ရှိသည်။ သည်အချက်ကကော ညီမျှပါသလား။
    A claim can be carried out in defense of “what has always been done and accepted by law.” ဆိုတဲ့သဘောနဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို ဖွဲ့စည်းထားတာမို့ ခေတ်ပြောင်းဓလေ့ပြောင်းလာနေတဲ့အတွက် ခေတ်နဲ့အညီ ပြင်သင့်တာပြင်ဖို့ဆိုတာ စိတ်ထဲထောက်ခံမိပါတယ်။
    Posted by KNSL | 05/07/2010, 09:38
    • ဟုတ်ကဲ့ KNSL ရဲ့ အဲဒီဥပဒေကိစ္စက မှန်တယ်ထင်ပါတယ်။ ဒါတင်မက ကာယအိနြေ္ဒပျက်ပြားစေမှု၊ လင်စားရိတ်တောင်းခံခွင့်၊ စသည်ဖြင့် ရှိပါသေးတယ်။ ဒါနဲ့ပါတ်သက်ပြီး စဉ်းစားစရာက အဲဒီဓလေ့ထုံးတမ်းဥပဒေတွေဟာ ခောတ်နဲ့ လိုက်ပြီး ပြုပြင် ပြောင်းလဲလို့ရပါတယ်။ ရာဇဝတ်ပြစ်မှုမြောက်တဲ့ ကိစ္စတွေကျတော့ ပြောင်းလဲရတာ ပိုမိုခက်ခဲတယ်ထင်တယ်။ ဥပဒေကျွမ်းကျင်သူများ ဝင်ပြောကြရင် ပိုကောင်းမယ်။
      Posted by WinSg | 05/07/2010, 10:12
  31. ဒီကွန်မန့်တွေကိုကြည့်ပြီး ဗုဒဘာသာနှင့်ပတ်သက်သော စိတ်ဝင်စားစရာတွေ အငြင်းပွားဖွယ်များကိုလည်း ဗဟုသုတမစုံလင်သူဖြစ်သဖြင့် ၀င်မဆွေးနွေးနိုင်ငြား သဘောတကျ ဖတ်ရှုဆင်ခြင်ပါသည်။
    (
    ကျမ ဥပဒေ တော့ နှံ့နှံ့စပ်စပ် မလေ့လာဘူးပါ။ ဒါပေမဲ့ ဥပဒေထဲမှာ ကျား၊မ အခွင့်အရေးတန်းတူ ဆိုပြီး တော်တော်များများ ဖေါ်ပြထားတယ် လို့ ကြားဖူးတယ်။ ဒါပေမဲ့ “ရေးထားတဲ့ ဥပဒေ” နဲ့ အလားတူ (သို့မဟုတ်) ပိုပြီး “ရေးမထားတဲ့ဥပဒေ”က တွင်ကျယ်နေတာ ကိုလည်း ထည့်စဉ်းစားရပါမယ်။ အဓိကကတော့ လူတွေကြားမှာ လက်ခံကျင့်သုံးနေကြတဲ့ အလေ့အထ၊ အမူအကျင့်၊ ဓလေ့စရိုက်တွေကို အလေးထားဖို့ လေ့လာဖို့ ပြောချင်တာပါ။ customary law ဆိုတာလည်း ရှိပါသေးတယ်။ ဥပဒေစာအုပ်ထဲမှာ ပါတိုင်း အပြင်လောကမှာ ဖြစ်ပျက်နေတာမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ၁၀၀ ရာခိုင်နှုန်း အားသာတယ်၊ အားပျော့တယ် လို့ ဘယ်သူမှလည်း မငြင်းပါ။ ခေတ်နဲ့အညီ ပြင်သင့်တာပြင်ဖို့ မြင်သင့်တာ […]
    )
    အဲဒီ့ကွန်မန့်လေးကတော့ သဘောကျမိသလို ကျမရင်ထဲအမြဲလိုလိုအငြင်းပွားမိသောအချက်ကို သွားသတိရသည်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ(Myanmar Customary Law)တွင် အိမ်ထောင်သည် ယောကျာင်္းက တရားဝင်အိမ်ထောင်ရှိလျှက် (ဖောက်ပြန်)မိန်းမထပ်ယူလျှင် မယားပြိုင်အဖြစ် အသိမှတ်ပြုခံရငြား ဇနီးကြီးကကွာရှင်းခွင့်သာတောင်းနိုင်ငြား ၊ မိန်းမကဖောက်ပြန်လျှင် လင်ခိုးမှုဖြင့် တရားစွဲဆိုပိုင်ခွင့်ရှိသည်။ သည်အချက်ကကော ညီမျှပါသလား။
    A claim can be carried out in defense of “what has always been done and accepted by law.” ဆိုတဲ့သဘောနဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို ဖွဲ့စည်းထားတာမို့ ခေတ်ပြောင်းဓလေ့ပြောင်းလာနေတဲ့အတွက် ခေတ်နဲ့အညီ ပြင်သင့်တာပြင်ဖို့ဆိုတာ စိတ်ထဲထောက်ခံမိပါတယ်။
    (
    ဂေါတမီ ဆီက စံယူရမှာက တချို့အခွင့်အရေးတွေက အမျိုးသမီးတွေကိုယ်တိုင် တောင်းယူ၊ တိုက်ယူရမှာလည်း ဖြစ်တယ်။”
    )
    ဒီစကားကိုတော့သိပ်ကြိုက်ပါတယ်။ လက်ခံပါတယ်။ ဒီအခွင့်ရေးဟာငါရသင့်တဲ့အရာလို့ မသတ်မှတ်မမျှော်လင့်ထားသူဆီ အဲဒီ့အခွင့်ရေး ဘယ်တော့မှမလာတတ်ပါဘူး။
    Posted by KNSL | 05/07/2010, 09:40
  32. i think KNSL is an expert in law. we should consult her.
    Posted by watote | 06/07/2010, 13:02
  33. ကိုဝတုတ် ဒါ…အချွန်နဲ့မတာပဲ ဘာမကျေနပ်တာရှိလည်း ပွင့်ပွင့်လင်းလင်းပြောပါ…ညီမက ကိုဝတုတ်တို့ကို သိပ်လိုက်မီတာမဟုတ်ဘူး..:D
    Posted by KNSL | 07/07/2010, 10:49
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,679 hits
%d bloggers like this: