//
archives
Archive for
မက်ခီယာဗယ်လီ discussion
(အမှန်က အောက်မှာ ရေးထားတာတွေဟာ မမိုးစက်ပွင့် ရေးခဲ့တာကို အကြောင်းပြန်တဲ့ အနေနဲ့ ရေးတာပဲ။ ပြန်ဖတ်ကြည့်ပြီး သတ်သတ် post တင်ရရင် မဆိုးဘူးလို့ စိတ်ထဲဖြစ်တာနဲ့ တင်လိုက်တယ်။) မက်ခီယာဗယ်လီရဲ့ အရေးအသားကို မမိုးစက်ပွင့် ဥပမာပေးသလိုပဲ ကျွန်တော်လည်း နားလည်တယ်။ သူဟာ ဒီနိုင်ငံရေး၊ စစ်ရေး ကိစ္စတွေကို ခံစားမှုလုံးဝမပါဘဲ ရေးနိုင်စွမ်းရှိပုံရတယ်။ ဥပမာ The Prince ရဲ့ အခန်းငါးကိုကြည့်ရင် ‘Concerning the ways to govern cities …. which live under their own laws before being annexed’ သူအကြံပေးထားပုံက… There are three course for those … Continue reading
မက်ခီယာဗယ်လီ (၃)
ဆိုပါစို့၊ အဖွဲ့အစည်း တခုခုထဲမှာ နှစ်ပေါင်းများစွာကြာ အမှုထမ်းခဲ့ပြီး သမိုင်းလည်း ကျေတဲ့လူတယောက်က သူ့အတွေ့အကြုံတွေကို ဘာစိတ်ခံစားမှုမှ မပါဘဲ ပြန်ပြောပြမယ်ဆိုရင် နားမထောင်ချင်တဲ့လူ ဘယ်သူများရှိမလဲ။The Prince ကိုအနိမ့်ဆုံး အဲ့သလို အတွေ့အကြုံရှင်းလင်းတဲ့ စာအုပ်အဖြစ်ယူမယ်ဆိုလည်း မမှားဘူးထင်တယ်။ Medici အုပ်ချုပ်ရေးအဖွဲ့ထဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ မက်ခီယာဗယ်လီဟာ အစိုးရဆိုတာ government ဆိုတာ၊ state ဆိုတာ ဘာကိုခေါ်သလဲ၊ သူ့သဘာဝက ဘယ်လိုလဲဆိုတာ သူ့အတွေ့အကြုံကနေ ကောင်းကောင်းပြောပြနိုင်တယ်။
မက်ခီယာဗယ်လီ (၂)
မက်ခီယာဗယ်လီရဲ့ The Prince ထဲက အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာတာ မလုပ်ခင် အရင်ဆုံး သူ့အကြောင်းနဲ့ သူဖြတ်သန်းခဲ့တဲ့ ခေတ်ကာလက အီတလီပြည်အကြောင်းကို အနည်းအကျဉ်းလောက်ကြည့်ရင် သူ့အတွေးအမြင်ကို လေ့လာရာမှာ တစုံတရာတော့ အထောက်အကူဖြစ်နိုင်မယ်လို့ ယူဆတယ်။ ဒီနေရာမှာ ခုရေးနေတဲ့အကြောင်းအရာနဲ့ တိုက်ရိုက်တော့ မဆိုင်လှပေမယ့် သမိုင်းနဲ့ ပတ်သက်တဲ့ လေ့လာချက်တွေမှာ သတိထားစရာလေးတခုကို ပြောချင်တယ်။ ဘာလို့ဆို မက်ခီယာဗယ်လီတို့ခေတ်က စာတွေမှာ ဒီမိုကရေစီတို့၊ tyranny တို့၊ oligarchy တို့ဆိုတဲ့ စကားလုံးတွေ မကြာခဏတွေ့ရတတ်တော့ ဒီစကားလုံးတွေနဲ့ ပတ်သက်ပြီး သတိပြုစရာလေးတခုကို ပြောချင်တာပါ။
မက်ခီယာဗယ်လီ (၁)
..men ought either to be well treated or crushed, because they can avenge themselves of lighter injuries, of more serious ones they cannot; therefore the injury that is to be done to a man ought to be of such a kind that one does not stand in fear of revenge. –Machiavelli-  အနောက်တိုင်းက လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ အတွေးအမြင်တွေထဲမှာ … Continue reading
What political courage looks like
a great article http://www.salon.com/news/ground_zero_mosque/index.html?story=/opinion/greenwald/2010/08/17/courage “…religious freedoms are not supposed to be dependent upon the approval of majorities; the whole point of such liberties is to protect minorities from majoritarian frenzies.”
လည်လွန်းတဲ့ဘီး ချေးသင့်ခြင်း
ကမ္ဘာ့ဖလား ပြီးသွားပြီ ဆိုပေမင့် ကိုယ်တို့တိုင်းပြည်ထဲမတော့ ကိုယ့်ဂိုးကိုယ်ရှုးတဲ့ ဖြစ်ရပ်တွေ ခဏခဏတွေ့နေရတုံးပါလား။ ဟိုတလောက နေ၀င်းမောင်တို့ အုပ်စုရဲ့  ဒီမိုကရေစီ ပညာပေးဆောင်းပါးကြီးကို ကြပ်ပြေးမောင်တွေက သဘောတွေ့ပုံမရလို့ The Voice လည်း နှစ်ပတ်လောက် လျှာခင်အဖြတ်ခံလိုက်ရရှာတယ်။ နေ၀င်းမောင်ဆီက အသံထွက်မလာပေမဲ့ (သလိပ်ကပ်နေပုံရတယ်) ကျော်မင်းဆွေကတော့ လျှာလိပ်သံလေးနဲ့ ဖေ့ဘွတ်မှာ ညည်းရှာတယ်။ ဂျာနယ်ကို လျှာခင်တိခံရတဲ့ ကိစ္စမှာ သဘောရိုးနဲ့ ၀င်လုပ်နေသူတွေကို စာနာစိတ်ထားနိုင်ပေမယ့် အငှားဗိုက်နဲ့ ဓားထိုးခံရမဲ့ အန္တရယ်ကို မကြောက်လို့ မိုက်တိမိုက်ကန်း ၀င်လုပ်တာဆိုရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်လို့ပဲ သဘောထားရမှာဘဲ။ နေ၀င်းမောင်တို့ အပြီး ခုတခါ အလှည့်ကျသူကတော့ ဟိန်းလတ်ပါ။ သူ့ကျတော့ ကိုယ့်ဂိုးကိုယ်ရှုးတယ် မပြောဘဲ လည်လွန်းတဲ့ဘီး ဟိုဟာသင့်တယ်လို့ ဆိုရမလား။ ဒါပေမယ့် ကိုယ့်ဆရာက … Continue reading
ပိုက်ဆံရဲ့ တန်ခိုးနဲ့ အနောက်ပီးတော့ အရှေ့ အလှည့်
Blog Stats
  • 89,945 hits