//
you're reading...
History, Philosophy, Politics

မက်ခီယာဗယ်လီ discussion

(အမှန်က အောက်မှာ ရေးထားတာတွေဟာ မမိုးစက်ပွင့် ရေးခဲ့တာကို အကြောင်းပြန်တဲ့ အနေနဲ့ ရေးတာပဲ။ ပြန်ဖတ်ကြည့်ပြီး သတ်သတ် post တင်ရရင် မဆိုးဘူးလို့ စိတ်ထဲဖြစ်တာနဲ့ တင်လိုက်တယ်။)

မက်ခီယာဗယ်လီရဲ့ အရေးအသားကို မမိုးစက်ပွင့် ဥပမာပေးသလိုပဲ ကျွန်တော်လည်း နားလည်တယ်။ သူဟာ ဒီနိုင်ငံရေး၊ စစ်ရေး ကိစ္စတွေကို ခံစားမှုလုံးဝမပါဘဲ ရေးနိုင်စွမ်းရှိပုံရတယ်။ ဥပမာ The Prince ရဲ့ အခန်းငါးကိုကြည့်ရင် ‘Concerning the ways to govern cities …. which live under their own laws before being annexed’ သူအကြံပေးထားပုံက… There are three course for those who wished to hold them (the conquered cities he meant): the first is to ruin them, the next is to reside there in person, the third is to permit them to live under their own laws, drawing a tribute and establishing within it an oligarchy which will keep it friendly to you. (p37)


ဒီနေရာမှာ ကြုံလို့ ဆက်ရွှီးပါရစေ။ ပြောခဲ့သလိုပဲ ပိုက်ဆံရှိရင် လူရာဝင်တယ် ဆိုဦးတော့ ပိုက်ဆံကို ရတဲ့နည်းနဲ့ရှာတာ တရားတယ်လို့ အဓိပ္ပါယ် မထွက်ဖူး။ ပထမတချက်က အချက်အလက်ကို ပြောချင်တာ။ ဒါပေမယ့် ဒုတိယ စာကြောင်းက moral criticism. ends justify means ဆိုတာ ကျင့်ဝတ်နဲ့ ဆိုင်တဲ့ ဖော်ပြချက် (moral criticism)။ philosophy မှာ moral principle တခုခုကို လက်ခံတယ်ဆိုတာ ကိုယ့်ရဲ့ ideals တွေဟာဒီ principles တွေနဲ့ ကိုက်ညီမှုရှိလို့သာ လက်ခံတယ်လို့ ထင်တယ်။ တယောက်နဲ့ တယောက် ideals တွေမတူတဲ့အတွက် moral principle လဲကွဲကြမှာဘဲ။ ဥပမာ တချို့ လူတွေအတွက် ideals က equality တန်းတူညီမျှမှု ဆိုပါစို့။ လူ့အဖွဲ့အစည်းတခုမှာ လူတစုက ကျိကျိတက်ချမ်းသာနေပြီး ကျန်တဲ့လူတွေက တနေ့ထမင်းတလုပ်စားဖို့ မနည်း ရုန်းကန်နေရတယ်။ ဒါဟာ ကိုယ်ဖြစ်စေချင်တဲ့ လူ့အဖွဲ့အစည်းမျိုး မဟုတ်ဖူး၊ ကိုယ့် ideal တွေနဲ့ ဖီလာဖြစ်နေတယ်။ ဒီတော့ ဆင်းရဲချမ်းသာ ကွာဟမှု ပိုကြီးတာကို ခွင့်ပြုတဲ့ moral principle မျိုး၊ ဥပမာ သူများတကာရဲ့ ပိုင်ဆိုင်မှုကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တောင်းခံမှုမလုပ်ရေးဆိုတဲ့ principle မျိုး၊ ဒါမှမဟုတ် ကြွယ်ဝချမ်းသာမှုကို အကန့်အသတ်မရှိ ခွင့်ပြုထားတဲ့ principle မျိုးကို လက်ခံတာဟာ ရှေ့ နောက်မညီတော့ဘူး။
တခါ တချို့ လူတွေအတွက် ideal က စိတ်ချမ်းသာမှု happiness၊ Aristotle ကစပြောပြီး Bentham တို့ utilitarian အုပ်စုက ဒါကိုစနစ်တကျ ချဲ့ ထွင်ခဲ့ကြတယ်။ ဒါပေမယ့် Bentham တို့ပြောတဲ့ စိတ်ချမ်းသာမှုဆိုတာ ‘ဘယ်သူ့’ရဲ့ စိတ်ချမ်းသာမှုဆိုတာမပါဘူး။ သူတို့ principle က လူများစုစိတ်ချမ်းသာရေးကို ဦးတည်တယ်။ တနည်းအားဖြင့် ကိုယ်တယောက်ထဲ စိတ်ဆင်းရဲပြီး လူများစု စိတ်ချမ်းသာမဲ့ လုပ်ရပ်မျိုးဆိုရင်တောင် utilitarian အုပ်စုက ဒီလုပ်ရပ်ကို moral act တရားတဲ့လုပ်ရပ်အဖြစ် သတ်မှတ်တယ်။ ရယ်တော့အရယ်ရသား…
ဖီလော်ဆော်ဖီမှာ ကျွန်တော့်အထင် စိတ်ဝင်စားဖို့ကောင်းတာတခုက ပြောခဲ့တဲ့ moral principles တွေဟာ ကိုယ်လိုချင်တဲ့ ideals တွေအတွက် အမြဲတန်း အကြုံးဝင်ဖို့ အာမမခံနိုင်တာဘဲ။ ဒီတော့ ends justify means ဆိုတဲ့ principle ဟာ မကောင်းဘူးလားဆိုတော့ မကောင်းဘူး။ အမြဲတန်း မကောင်းဘူးလား ဆိုပြီးမေးလာရင် ယတိပြတ်ဖြေနိုင်ဖို့ ခက်တယ်။ ပြောခဲ့သလို ကိုယ်လိုချင်တဲ့ ends က သွားရည်ယိုစရာကောင်းလောက်အောင် ကောင်းနေရင်ရော..
ဥပမာ libertarians လို့ကိုယ့်ကိုယ်ကို သတ်မှတ်ကြတဲ့ လူတစုက သူတို့ရဲ့ ideals ဟာ လူတိုင်း အဆီးအတားမရှိ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိရေး unrestrained freedom လို့ဆိုတယ်။ individual freedom တနည်းအားဖြင့် liberty ဟာ အရေးကြီးဆုံးလို့ ခံယူတယ်။ အဲဒိတော့ တသီးပုဂ္ဂလ လွတ်လပ်ခွင့်ကို ပိတ်ဆို့မဲ့အရာမှန်သမျှကို သူတို့က ဆန့်ကျင်တယ်။ အဲဒိမူနဲ့ သူတို့က socialism တို့၊ အစိုးရက လိုတာထက်ပိုပြီး အခွန်ကောက်တာတို့ကို လုံးဝဆန့်ကျင်တယ်။ လူနှစ်ယောက် နှစ်ဦးသဘောတူ မျောက်ပန်းလှန်ပြီး ရှုံးတဲ့လူ ကျွန်ခံတာမျိုးတောင် သူတို့က ခွင့်ပြုတယ်။ မိန်းမတယောက်က သူ့သဘောနဲ့သူ ပျော်လို့ ပြည့်တန်ဆာလုပ်တာကိုလည်း သူတို့ကခွင့်ပြုတယ်။ အဲဒိလို ၀င်မစွက်ရေး principle ကသူတို့လိုချင်တဲ့ freedom ဆိုတဲ့ ideal ကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယူဆတယ်။ တဘက်မှာ သူတို့ကို ဝေဖန်သူတွေက မင်းတို့ပြောတဲ့ non-interference မူဟာ မင်းတို့လိုချင်တဲ့ freedom ကိုရမှာမဟုတ်ဖူးလို့ ထောက်ပြတယ်။ ဆိုပါစို့ လူတယောက်ဟာ သေစေလောက်တဲ့ လက်နက်ပိုင်တယ်။ အဲဒိလက်နက်ကို တခြားလူတယောက်ကို အဆီးအတားမရှိ လွှဲပြောင်းရောင်းချနိုင်တယ်ဆိုရင် ဒီလက်နက်ဟာ ကျန်တဲ့လူတွေရဲ့ အသက်အိုးအိမ်၊ လွတ်လပ်ခွင့်တွေကို နိဂုံးချုပ်သွားအောင်လုပ်မဲ့ လူလက်ထဲရောက်သွားရင် ဘယ်နှယ့်လုပ်မလဲ။ လွတ်လပ်ခွင့်ကို ထိန်းသိမ်းဖို့ တခုတည်းသောနည်းလမ်းဟာ ဒီလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားရေးကို တနည်းတဖုံတားဆီးရေးသာ ရှိတယ်ဆိုရင် ဒီ principle ဟာ သူတို့ပြောနေတဲ့ ideal တွေကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဖူးလို့ ဝေဖန်ထောက်ပြတယ်။
မက်ခီယာဗယ်လီကို ပြန်ကြည့်ရင် သူဖြစ်စေချင်တဲ့ ideal က strong government, enduring state ဖြစ်တယ်။ အဲဒိအတွက် သူ့ principle က ends justify means တဲ့။ သူလိုချင်တဲ့ ideal နဲ့ သူ့ principle ကိုက်ရင်တောင် ပြောခဲ့တဲ့ principles ဟာ နေရာတကာ သုံးလို့ရ၊ မှန်တဲ့ principle တော့မဟုတ်ပေဘူး။

Discussion

3 thoughts on “မက်ခီယာဗယ်လီ discussion

  1.ှုဥပမာပေါင်းစုံနဲ့ ရှင်းပြတာ ကျေးဇူးတင်ပါတယ်။ ကျမက မက်ခီယာဗယ်လီ ဆိုတဲ့အသံကြားရင် လူတစ်စုကို အမြဲသတိ ရရ နေတတ်လို့ပါ။ ဒီတခါတော့ ငြိမ်ငြိမ်လေး ဖတ်ပြီးပြန်သွားပါပြီ။ ဆက်လက်ရေးသား နီုင်ပါစေ ….

    Posted by မိုးစက်ပွင့် | 29/08/2010, 03:14
  2. မင်းစည်းစိမ်ဆိုတာ သွားရည်ယိုစရာ ကောင်းလောက်တဲ့ End ဖြစ်တယ်ဆိုပြီး လူတွေကို ဖမ်းဆီးသတ်ဖြတ်, ဖခင်ကို လုပ်ကြံတဲ့ နည်းမျိုးတွေနဲ့ အာဏာကို အရယူတဲ့ ဖြစ်ရပ်တွေ သမိုင်းမှာ အများကြီးရှိပါတယ်။ ဒါကြောင့် End justifies mean ကို လက်မခံနိုင်ပါဘူး။

    နိုင်ငံတော်ကို လူတစ်ဦးချင်းစီရဲ့ တန်ဖိုးထက် ဦးစားပေးလွန်းတဲ့ အယူအဆတွေနဲ့ ဒါကြောင့် End justifies mean ကို ပေါင်းစပ်လိုက်ရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များပါတယ်။ ဖက်ဆစ်တွေ, ကွန်မြူနစ်တွေနဲ့ အာဏာရှင်တွေကတော့ Machiavelli ရဲ့ The Prince ကို သဘောကျကြပါလိမ့်မယ်။ နိုင်ငံတော် တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာလုပ်လုပ်တရားတယ် ဖြစ်နေပါလိမ့်မယ်။

    ဒီနာမည်ဆိုးလှတဲ့ The Prince တစ်အုပ်တည်းနဲ့ Machiavelli ကို မကြည့်ဘဲ၊ Check and Balance လိုသဘောတရားသစ်တွေကို မိတ်ဆက်ပေးထားတဲ့ Discourses နဲ့ တွဲကြည့်သင့်တယ်လို့ Bertrand Russell က မှတ်ချက် ပေးခဲ့ဖူးပါတယ်။
    – ဧရာ

    Posted by ဧရာ | 29/08/2010, 10:44
    • ပြောခဲ့သလိုပဲ end jusitifes means ဆိုတာ နားထဲအ၀င်ဆိုးတယ်။ မက်ခီယာဗယ်လီက Prince ကို ရေးချိန်မှာ အီတလီက သမ္မတနိုင်ငံတွေဟာ လျော့တိလျော့ရဲနဲ့ ခိုင်ခိုင်မာမာ မအုပ်ချုပ်နိုင်တော့ဘူး။ မက်ခီယာဗယ်လီရဲ့ အစိုးရနဲ့လူရဲ့ သဘောသဘာဝနဲ့ ပတ်သက်တဲ့ ယူဆချက်တခုက (နောက်ပိုင်းအခန်းတွေမှ ဆက်ရေးဖို့စီစဉ်ထားပါတယ်။) တိုင်းပြည်ထဲမှာ လူတဦးချင်းစီ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားလာတာဟာ တိုင်းပြည်တပြည်လုံး ပျက်စီးပြီး အင်အားချိနဲ့ဖို့ ဖြစ်လာတယ်လို့ သူကယုံတယ်။ တနည်းအားဖြင့် private morality နဲ့ collective morality ဆက်စပ်မှုကို သူကလက်ခံတယ်။ သူပြောချင်တဲ့ morality ဆိုတာ lack of responsibility တာဝန်မဲ့ခြင်းကို ပြောချင်တာ။ နိုင်ငံသားတွေက ကိုယ့်တာဝန်ကိုယ်မသိဘူး။ ကိုယ့်တိုင်းပြည်ပေါ်ရှိသင့်ရှိအပ်တဲ့ တာဝန်ကို မသိဘူး၊ မကျေဘူးလို့ မက်ခီယာဗယ်လီက မြင်တယ်။ တနည်းအားဖြင့် private morality မရှိဘူးလို့ သူကဆိုလိုတယ်။ တဘက်မှာ သူဟာ swiss လူမျိုးတွေရဲ့ ကိုယ့်ပတ်ဝန်းကျင်ပေါ်၊ အိမ်နီးနားချင်းပေါ် တာဝန်သိမှုကို သိပ်အထင်ကြီး သဘောကျတယ်။ ဒီတော့ မက်ခီယာဗယ်လီက ဘာပြောလဲဆိုတော့ နိုင်ငံခေါင်းဆောင်တယောက်ဟာ prince တယောက်ဟာ တိုင်းသူပြည်သားတွေ တိုင်းပြည်ပေါ်တာဝန်သိလာအောင် လုပ်ရမယ်။ မဟုတ်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်လို့ ယူဆတယ်။ အဲ့သလို လုပ်နိုင်တဲ့ ဘယ်ခေါင်းဆောင်ကိုမဆို သူကသဘောကျတယ်။ အဲ့သလို လုပ်နိုင်တဲ့ လုပ်ရပ်မှန်သမျှဟာ တရားတယ်လို့ သူကယူဆတယ်။ အဲဒါကြောင့် end justifies mean လို့ ပြောလာတာ။
      စိတ်ဝင်စားဖို့ ကောင်းတာက သူဟာ တိုင်းပြည်ရေရှည်တည်တံ့ရေးကို နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်ထားတာပဲ။ ဆိုလိုချင်တာက တိုင်းပြည်တည်တံ့ရေးသက်သက်ကို end in itself အနေနဲ့ လက်ခံတာ မဟုတ်ဖူးလို့ ကျွန်တော်ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ Roman Empire နဲ့ Roman Republic နှစ်ခုမှာ Roman Republic ကိုပိုသဘောကျတယ်၊ ပိုဖြစ်စေချင်တယ်၊ Caesar နဲ့ အောင်မြင်ကျော်ကြားမှုပိုင်းမှာ သူနဲ့ (Caesar)ဘယ်လိုမှ မနှိုင်းယှဉ်သာလောက်အောင် နိမ့်တဲ့ Borgia နှစ်ယောက်မှာ သူဟာ Borgia ကိုအများကြီး ပိုအထင်ကြီး ပိုသဘောကျတယ်။သူဟာ တိုင်းပြည်ခိုင်မာကြီးထွားရေး သက်သက်ကိုသာ မြင်ချင်တဲ့သူဆိုရင် Roman Empire နဲ့ Caesar ကိုပိုသဘောကျသင့်၊ အထင်ကြီးသင့်တာပေါ့။ ဒါပေမယ့် အဲ့သလိုမဟုတ်ဖူး။
      နောက်တခါ နိုင်ငံတော်ကို လူတဦးချင်းစီရဲ့ တန်ဖိုးထက် ဦးစားပေးတဲ့ အယူအဆဟာ ဘာ့ကြောင့်အန္တရယ်များသလဲဆိုတာ ရှင်းပြနိုင်ရင် ရှင်းပြပေးပါ။ တဘက်မှာ လူတဦးချင်းစီကို ကိုယ်လုပ်ချင်တာကိုယ်လုပ်ပြီး ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးဆက်ကို ထည့်မစဉ်းစားတဲ့ အယူအဆကသာ ပိုပြီး အန္တရယ်များတယ်လို့ ထင်တယ်။ end justifies mean မှာ ends က ဘယ်လို ends မျိုးလည်းဆိုတာ ရှိသေးတယ်။ ends က public benefits အတွက်ဆိုရင်ရော အဲဒိ ends ကိုရအောင်လုပ်တဲ့ လုပ်ရပ်တွေကို မတရားဘူးလို့ ပြောမလား။ ခုဆိုရင် ဗမာပြည်တပြည်လုံးက သံယံဇာတတွေအားလုံးကို အင်အားရှိတဲ့ လူတစုက လက်ဝါးကြီးအုပ်ထားလိုက်ပြီ။ ဥပဒေက ဒီလူတွေရဲ့ ပိုင်ဆိုင်မှုကို အကာအကွယ်ပေးထားမယ်။ ဒီလိုအနေအထားမျိုးရှိတဲ့ တိုင်းပြည်မှာ လူများစုကို ထမင်းကျွေးဖို့ ဒီလုလက်တဆုပ်စာ မတရား အပိုင်စီးထားတဲ့ သံယံဇာတတွေကို သင့်တော်တဲ့ ဝေခြမ်းမှုမျိုးပြန်လုပ်မှ ရမယ်ဆိုပါစို့။ အဲသလို အလုပ်ဖြစ်မဲ့ မျှတတဲ့ distribution မျိုးရဖို့ (ends) ဒီလူတွေရဲ့ ပိုင်ဆိုင်မှုကို တနည်းတဖုံ ပြန်တောင်းခံနိုင်မဲ့ လုပ်ရပ်မျိုးဟာ(means) ဟာ မတရားဘူးလို့ ပြောမလား။ ဖီလော်ဆော်ဖီမှာ ပြောခဲ့သလိုပဲ အခါခပ်သိမ်း အကြုံးဝင်နိုင်တဲ့ principle မျိုးက မလွယ်ဘူး။
      The Prince ကနံမယ်ဆိုးပေမယ့် Discourse ထဲကအကြောင်းအရာတွေနဲ့ ကိုက်ညီမှုရှိတယ်။ The Prince ကိုမကြိုက်ဘဲ Discourse ကိုကြိုက်တယ်ဆိုတာ ကျွန်တော့အထင်တော့ ပထမစာအုပ်ကို ရေးပုံက သိပ်ကို dispassionate ဖြစ်လွန်းလို့ပဲ ဖြစ်မယ်။

      Posted by zizawa | 29/08/2010, 12:23

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: