//
archives

Archive for

Thoughts on Hobbes Leviathan 5

လူဟာ တခြားအရာတွေထက် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို အလိုလားဆုံးလို့ Hobbes ကပြောတယ်။ အဲဒိကနေ reason ရဲ့ အကူအညီနဲ့ လူဟာ ‘artificial sovereign’ တခုကို တည်ဆောက်တာလို့ဆိုတယ်။ ဒီ sovereign အောက်မှာဘဲ တရားတယ်၊ မတရားဘူးဆိုတာ အဓိပ္ပါယ်ရှိတယ်လို့ ပြောခဲ့တယ်။ တကယ်တော့ Hobbes က common power ဖြစ်ပေါ်လာပုံကို သမိုင်းဆရာတွေ ခြေရာခံပုံမျိုး လိုက်ကောက်တာ မဟုတ်ဘဲ သူ့ရဲ့ state of nature ဆိုတာ လူတွေအတွက် အစိုးရတခု လိုကိုလိုအပ်တယ်ဆိုတာကို ကျိုးကြောင်းပြဆိုရာမှာ thought experiment အဖြစ်နဲ့ စထားတာ ဖြစ်တယ်။ ဒီ thought experiment ဟာ အပြင်မှာ တကယ်မရှိနိုင်ပါဘူး။ လူဟာ သူပြောသလောက် … Continue reading

Thoughts on Hobbes’ Leviathan 4

ဒီအခန်းမှာတော့ ခုရေးခဲ့ပြီးသလောက် Hobbes ရဲ့ ယူဆချက်တွေကို နည်းနည်းပြန်ကောက်ကြည့်ရအောင်။ လူဟာ မွေးကတည်းက ကိုယ်ကောင်းတယ်ထင်တာကို လိုချင်တာပဲသိတယ်။ တကိုယ်ကောင်းဆန်တယ်။ Hobbes ကတော့ self-regarding ဆိုတဲ့စကားလုံးကို သုံးတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တယ်ဆိုပါတော့။ ကျွန်တော့အထင်မှာ ဒီအမြင်ကို မမှန်ဘူးလို့ ပြောရခက်တယ်။ ခလေးတွေကိုကြည့်။ သူတို့ဟာ တခြားလူအတွက် စဉ်းစားရကောင်းမှန်းမသိသေးဘူး။ ကိုယ်လိုချင်တာပဲသိကြတယ်။ တခြားလူအတွက် စဉ်းစားရမယ်ဆိုတာကို ဘ၀အခြေအနေအရ၊ ဒါမှမဟုတ်လူကြီးမိဘက သွန်သင်မှ သိကြရတယ်။ တခါ state of nature မှာ လူဟာ တယောက်နဲ့တယောက် ရန်စောင်နေတယ်။ war of every man against every other man လို့သူကပြောတယ်။ ဒါလည်းဖြစ်နိုင်တာပဲ။ နောက်သူက လူမှာ reason ရှိတယ်။ … Continue reading

Thoughts on Hobbes’ Leviathan 3

A LAW OF NATURE is a precept, or general rule, found out by reason, by which a man is forbidden to do that, which is destructive of his life တဲ့။  ဗမာစကားမှာ law ကို နိယာမလို့ ပြောကြသလို ဥပဒေလို့လည်း ပြောကြတယ်။ ဒီစာကြောင်းကို နည်းနည်းလောက် အနုစိတ်ကြည့်ရအောင်။ ပထမတချက်အနေနဲ့ ‘found out by reason’ တဲ့။ ဆိုတော့ ဒါဟာ စကတည်းက သဘာဝမှာရှိနေပြီးသားကို ပြောချင်တာလား။ ဥပမာ ရူပဗေဒက law တွေဟာ … Continue reading

Post-modernist တွေပြောတဲ့ Subjective reality ဆိုတာ ချေးထုတ် အတွေးအခေါ်

Reality ဆိုတာ ကြည့်တဲ့လူရဲ့ ရှုဒေါင့်ပေါ်မူတည်တယ်။ ကြည့်သူတယောက်နဲ့တယောက် ရှုဒေါင့် point of view မတူနိုင်။ ထို့ကြောင့် reality ဟာ ရှုသူပေါ်သာ မူတည်နိုင်တယ်။ subjective reality သာရှိနိုင်တယ်။ absolute reality မရှနိုင်တဲ့။ post-modernist တွေကြားမှာ အင်မတန်မှ ရေပန်းစားတဲ့ အမြင်တခုပါ။ ကျွန်တော့ရဲ့ တုန့်ပြန်ချက်ကတော့ ‘ဝေါ့.. ထွီ ထွီ ထွီ ထွီ ထွီ’ OMG! What a dim-witted post-modernist bullshit!!!!! ပထမဆုံး သူတို့ argument ရဲ့ structure ကိုကြည့်ရအောင်။ အရင်ဆုံး ပထမpremise ဖြစ်တဲ့ reality ဆိုတာ ကြည့်တဲ့လူရဲ့ ရှုဒေါင့်ပေါ်မူတည်တယ် ဆိုတာကို ကြည့်။ … Continue reading

လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်နဲ့ Koran မီးရှို့ မှု

လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် right to freedom of expression ဆိုတာ ဘာကိုပြောတာလဲ။ right အခွင့်အရေးကို Hobbes ကဘယ်လို အဓိပ္ပါယ်ဖွင့်လဲဆိုတော့ the liberty each man hath, to use his own power, as he will himself.ကိုယ်ဆန္ဒရှိတဲ့အတိုင်း  ကိုယ့်အင်အားကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်မှုလို့ ဆိုတယ်။ liberty ဆိုတဲ့ စကားလုံးကိုတော့ the absence of external impediments လို့ဆိုတယ်။ ပြင်ပကတားဆီးပိတ်ပင်မှု မရှိတာကို ပြောတာ။ ဒီတော့ အခွင့်အရေးဆိုတာ ‘ပြင်ပကတားဆီး ပိတ်ပင်မှုမခံရဘဲ ကိုယ့်ဆန္ဒရှိတဲ့အတိုင်း ကိုယ့်အင်အားကို အသုံးပြုနိုင်မှု’လို့ ဆိုရမယ်။ မျက်တောင် အဖွင့်အပိတ်ထဲက စကားစုကို … Continue reading

Book Review 3

စကြာဝဠာကြီးဟာ ဘုရားသခင် ဖန်ဆင်းမှ ပေါ်ပေါက်လာနိုင်တာ မဟုတ်ဖူးတဲ့။ ကနေ့ကမ္ဘာမှာ နံမယ်အကြီးဆုံး သဘောတရားရေးရူပဗေဒဆရာ Stephen Hawking က သူ့ရဲ့ နောက်ဆုံးထုတ်စာအုပ်The Grand Design ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ အတိအကျဘယ်လိုပြောလဲဆိုတော့ “It is not necessary to invoke God to light the blue touch paper and set the universe going.” ဒီစာပိုဒ်လောက်နဲ့တော့ ဘုရားသခင် မရှိဘူးလို့ ပြောလို့မရသေးဘူး။ တကယ်တော့ ကျွန်တော့အထင်မှာ ဘုရားသခင်ရှိမရှိကို မသိနိုင်ဘူးလို့ထင်တယ်။So my position is agnostic one. ရှိလည်း ကိုယ့်အလုပ်ကိုယ်လုပ်ရုံပဲ။ သိပ်တော့ အရေးစိုက်စရာမလိုဘူး ထင်တယ်။ … Continue reading

Thoughts on Hobbes’ Leviathan (2)

လူဆိုတာ နိုင်ငံရေး သတ္တ၀ါလို့ Aristotle နဲ့ ခေါမ (ဂရိ)တွေက ပြောကြတယ်။ (ပြောချင်တာက လူဟာအစည်းအရုံး၊ အသင်းအပင်းဖွဲ့ဖို့ စိတ်ဆန္ဒဟာ မွေးကတည်းက ပါလာတယ်လို့ ပြေချင်တာ။) Hobbes က ဒီစကားကို ကြားတဲ့အခါ ထပ်သရီးဆိုပြီး တုံ့ပြန်မလားမသိဘူး။ လူဆိုတာ မွေးကတည်းက ကောင်းတယ်ထင်တာကိုလိုချင်တယ်၊ မကောင်းဘူထင်တာကို မလိုချင်ဘူးဆိုတဲ့ အသိကလွဲပြီး ဘာအသိမှ ပါလာတာမဟုတ်ဖူး၊ (ဝေးဝေးမကြည့်နဲ့ တီဗီဂိမ်းနဲ့ဆော့နေတဲ့ ခလေးတွေကိုကြည့်လို့ သူက ပြန်ပြောကောင်းပြောမယ်။) လူဟာ သူ့သဘာဝကပေးတဲ့အသိနဲ့သူ လူ့အဖွဲ့အစည်းတခု မတည်ဆောက်တတ်ဖူးလို့ Hobbes ကဆိုတယ်။ De Vice အခန်း ၁ နဲ့ Leviathan အခန်း ၁၃ ကအကြောင်းအရာတွေဟာ တူတူပဲ။ ဒီတော့ Leviathan အခန်း ၁၃ ကိုပဲ … Continue reading

Thoughts on Hobbes’ Leviathan (1)

Political philosophy မှာ ပလေတိုရဲ့ Republic ရယ်၊ John Rawls ရဲ့ A Theory of Justice ရယ်၊ Hobbes ရဲ့  Leviathan ရယ်သုံးအုပ်ဟာ influential အဖြစ်ဆုံးပဲလို့ မှတ်သားဖူးတယ်။ Hobbes ဟာ Leviathan ကို English Revolution အင်္ဂလိပ်တော်လှန်ရေးကာလမှာ (၁၇ ရာစုလယ်) ရေးပြီး စစ်အပြီးမှာ သူ့စာအုပ်ထွက်လာတယ်။ Machiavelli ရဲ့  အတွေးအမြင်လိုပဲ Hobbes ရဲ့  အတွေးအမြင်ဟာလည်း တော်တော် စိတ်အနှောက်အယှက်ဖြစ်စရာ၊ အငြင်းပွားစရာ၊ မနှစ်သက်ချင်စရာကောင်းတယ်လို့ ယူဆသူတော်တော်များတယ်။ တချို့ က ဒါဟာ တော်လှန်ရေးရဲ့  အနိဌာရုံတွေက သူ့ကို လူ့သဘာဝကို … Continue reading

မက်ခီယာဗယ်လီ (၄)

မက်ခီယာဗယ်လီ အဓိကစိတ်ဝင်စားတဲ့ အကြောင်းအရာဟာ အစိုးရတရပ် ခိုင်မာတောင့်တင်းအောင် ဘာလုပ်ရမလဲဆိုတာ ဖြစ်တယ်လို့ အရင်အပိုင်းတွေမှာ တကြိမ်မကပြောသွားခဲ့တယ်။The Prince ထဲမှာ တိုင်းပြည်တပြည်မှာ အုပ်ချုပ်မင်းလုပ်မဲ့သူ တယောက်ကို အုပ်ချုပ်သူအနေနဲ့ ဘာတွေလုပ်သင့်လဲဆိုတာကို အကြံပေးထားသလို Discourses on Livy မှာလည်း ရေရှည်တည်တံ့မဲ့ အစိုးရတခု ဖွဲ့စည်းသင့်ပုံတွေကို သူ့အတွေ့အကြုံကို အခြေခံပြီး ရှင်းပြခဲ့တယ်။The Prince ကို republic မဟုတ်တဲ့ (အင်္ဂလိပ်လိုသုံးတဲ့ အသုံးအနှုန်းကတော့ principalities လို့သုံးတယ်) တိုင်းပြည်တွေအတွက် ရည်စူးပြီး နောက်တအုပ်ကတော့ Republic တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေကို ရည်ရွယ်ရေးတာလို့ မက်ခီယာဗယ်လီက ဆိုတယ်။ နှစ်အုပ်စလုံးရဲ့ အဓိက theme ကတော့ ပြောခဲ့သလိုပဲ နိုင်ငံတနိုင်ငံ ဒါမှမဟုတ် တိုင်းပြည်တပြည် ရေရှည်တည်တံ့အောင် … Continue reading

ပိုက်ဆံ၊ လက်ငင်းရောင်းသူနဲ့ အကြွေးရောင်းသူ

ဗမာပြည်အပါအ၀င် နိုင်ငံခြားက တချို့ ဈေးဆိုင်တွေမှာ အကြွေးရောင်းသူနဲ့ လက်ငင်းရောင်းသူ ဆိုင်ရှင်နှစ်ယောက်ရဲ့ အခြေအနေကို ယှဉ်ပြထားတဲ့ ပိုစတာကို cashier counter နားကနံရံမှာ ကပ်ထားတတ်တာ တွေ့ဘူးကြမယ်။ လက်ငင်းရောင်းတဲ့လူက ကုလားထိုင်မှာ အခန့်သားထိုင်ပြီး တောက်တောက် ပြောင်ပြောင်၊ စမတ်ကျကျ ၀တ်ထားစားထားတယ်။ သူထိုင်နေတဲ့ စားပွဲပေါ်နဲ့ ကြမ်းပေါ်မှာ ပိုက်ဆံထုတ်ကြီးတွေရှိတယ်။ အကြွေးရောင်းသူမှာတော့ စုတ်တီးစုတ်ဖတ် အ၀တ်အစားနဲ့ ခနော်နီ ခနော်နဲ့ ဖြစ်နေတဲ့ တဲပျက်ထဲမှာ အကြွေးစာရင်းတွေကြည့် ခေါင်းကုပ်နေတဲ့ပုံကို ပြထားတယ်။ တကယ်တော့ ဒီပုံဟာ ပိုက်ဆံရဲ့ သဘောကို နားလည်မှုလွဲစေတဲ့ပုံပဲ။ ဒါကို နည်းနည်းလေး အတွေးဆန့်ကြည့်ရင် သဘောပေါက်နိုင်တယ်။

Blog Stats

  • 89,877 hits