//
you're reading...
Book Review

Book Review 3

စကြာဝဠာကြီးဟာ ဘုရားသခင် ဖန်ဆင်းမှ ပေါ်ပေါက်လာနိုင်တာ မဟုတ်ဖူးတဲ့။ ကနေ့ကမ္ဘာမှာ နံမယ်အကြီးဆုံး သဘောတရားရေးရူပဗေဒဆရာ Stephen Hawking က သူ့ရဲ့ နောက်ဆုံးထုတ်စာအုပ်The Grand Design ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ အတိအကျဘယ်လိုပြောလဲဆိုတော့

“It is not necessary to invoke God to light the blue touch paper and set the universe going.”

ဒီစာပိုဒ်လောက်နဲ့တော့ ဘုရားသခင် မရှိဘူးလို့ ပြောလို့မရသေးဘူး။ တကယ်တော့ ကျွန်တော့အထင်မှာ ဘုရားသခင်ရှိမရှိကို မသိနိုင်ဘူးလို့ထင်တယ်။So my position is agnostic one. ရှိလည်း ကိုယ့်အလုပ်ကိုယ်လုပ်ရုံပဲ။ သိပ်တော့ အရေးစိုက်စရာမလိုဘူး ထင်တယ်။

စကြာဝဠာဘီး စလှိမ့်ဖို့ ဘုရားသခင်ရဲ့ အကူအညီရှိမှ ဖြစ်မှာမဟုတ်ဖူး။ အိုကေ.. ဒါပေမယ့် ဘုရားသခင်က သူ့အကူအညီမလိုလဲ သူ့ဟာသူ စေတနာပိုပြီး စလှိမ့်ပေးနိုင်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ ဒီတော့ စကြာဝဠာကြီး ရှိလာတာကို ပါမောက္ခ Hawking က ဘာကြောင့်လို့ ပြောမလဲ။

Spontaneous creation is the reason there is something rather than nothing, why the universe exists, why we exist.

ဒီစာကြောင်းမှာတော့Hawking ရဲ့ assault ထိုးနှက်ချက်ကနည်းနည်းလေး ပြင်းလာပြီ။ သမ္မာကျမ်းစာမှာ တွေ့ရတဲ့ ဖန်ဆင်းမှုမျိုးဟာ မမှန်ဘူးလို့ သူကပြောလာပြီ။ သမ္မာကျမ်းစာထဲမှာက ဘုရားသခင်ဟာ ကမ္ဘာကြီးကိုဖန်ဆင်းတယ်၊ နေတွေ၊ လတွေကို ဖန်ဆင်းတယ်ပြောတယ်။ Hawking ကတော့ စကြာဝဠာပေါ်လာခြင်း၊ ကမ္ဘာကြီးပေါ်လာခြင်း၊ လူတွေပေါ်လာခြင်းမှာ spontaneous creation ဟာ အကြောင်းရင်း (တခုတည်းသောအကြောင်းရင်း) THE reason ဖြစ်တယ်တဲ့။

ဒါဖြင့်ရင် စကြာဝဠာဟာ ဘယ်လိုအကြောင်းတရားတွေကြောင့်ပေါ်လာသလဲ။

 Because there is a law such as gravity, the universe can and will create itself from nothing.

ဆိုတော့ စကြာဝဠာဟာ ဘာမှမရှိရာကနေ (nothing) သူ့ဟာသူ ဖန်တီးနိုင်တယ်။ ဖန်တီးလိမ့်မယ်။ သူပြောတာ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ နောက်တော့ သိရမှာဘဲ။ ဒါပေမယ့် ဒီလိုပြောတာဟာ ဘုရားသခင် မရှိတော့ဘူးဆိုပြီးပြောတာလား။ ကျွန်တော့ အထင်မှာတော့ အဲ့သလို အဓိပ္ပါယ်ကောက်လို့ရတယ်လို့ မမြင်မိဘူး။ ဘုရားသခင်ဟာ စကြာဝဠာကြီးကို မဖန်ဆင်းဘဲ သူ့ဟာနဲ့သူ ရှိနေနိုင်တဲ့ ဖြစ်နိုင်ချေကို ငြင်းမထားဘူး။ စကြာဝဠာကြီးကို ကျွန်တော်မဖန်ဆင်းဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ရှိပြီးခုစာကို ရေးနေနိုင်တာပဲ မဟုတ်လား။ တခုတော့ ရှိတာပေါ့။ သမ္မာကျမ်းစာနဲ့ ကိုရမ်မှာတွေ့ရတဲ့ ဘုရားသခင်မျိုးမရှိဘူးလို့Hawking ကပြောတာလို့တော့ အဓိပ္ပါယ်ကောက်လို့ရတယ်။

ဘုရားသခင်ရှိတယ်လို့ ယုံကြည်သူတွေကို လေ့လာကြည့်ရင် သူတို့ရဲ့ တည်ရှိမှု၊ ကမ္ဘာကြီးရဲ့  တည်ရှိမှုကို ရှင်းပြဖို့ ကြိုးစားရာကနေ ဖန်ဆင်းမှုဆိုတဲ့ ယုံကြည်မှုကို ရောက်သွားပုံရတာတွေ့ရတယ်။ တခုခုရှိနေတယ်။ အကြောင်းမရှိဘဲ အကျိုးမရှိနိုင်ဘူး။ ဒီနှစ်ချက်နဲ့တင် ဆက်စပ်ပြီး အရာရာ အားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယူဆလိုက်ကြတာဖြစ်တယ်။ (ယေဓမ္မာ ဟေတု ပ္ပ၀ါကို လက်ခံတာ ဗုဒ္ဓဘာသာတွေတင် မဟုတ်ဖူး၊ ခရစ်ယာန်တွေလည်း လက်ခံတယ်လို့ ပြောရမယ်။) ဒီတော့ အကြောင်းမရှိဘဲ အကျိုးရှိနိုင်တယ်Something can create itself out of nothing ဆိုရင် အရာဝထ္ထုတွေ ဖြစ်ပေါ်တည်ရှိလာပုံအတွက် ဘုရားသခင်ကို ရည်ညွှန်းကိုးကားစရာ မလိုတော့ဘူး။

သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူကို သူ့ image အတိုင်းဖန်ဆင်းတယ်လို့ပြောတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဖန်ဆင်းသလဲ၊ ဖန်ဆင်းရသလဲဆိုတာကို ပြောမထားဘူး။ နောက်ပိုင်းမှာ Thomas Aquinas တို့ Hegel တို့က ဒါကို ရှင်းပြဖို့ကြိုးစားတယ်။ နောက်ပိုင်းမှာ enlightenment ခေတ်ရောက်လာတော့၊ reason အားကောင်းတဲ့ခေတ် ရောက်လာတော့ လူတွေက သမ္မာကျမ်းစာကို ဒီတိုင်းလက်မခံကြတော့ဘူး။ သာသနာပြုမဲ့လူက နည်းနည်းလေး ရွှီးတတ်ရတယ်။ Aristotle လေးဘာလေး ဟိုတစ ဒီတစ ညှပ်ပြောတတ်ရတယ်။ အဲဒိမှာ သူတို့တွေရဲ့ အဓိက argument တခုက စကြာဝဠာဟာ အံ့အားသင့်စရာကောင်းတဲ့ အရာကြီး၊ ဒီလောက် အံ့အားသင့်စရာကောင်းတဲ့အရာဟာ သူ့ဟာသူပေါ်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ မေးတယ်။ မီးခြစ်ကိုကြည့်၊ မီးခြစ်ဟာ သူ့ကို လုပ်တဲ့လူမရှိဘဲ ပေါ်မလားဘူး။ အဲဒိအတိုင်း ဆက်စပ်စဉ်းစားကြည့်လိုက်ရင် နောက်ဆုံးမှာ အရာရာကို ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတဲ့ ကောက်ချက်ကို ရရောတဲ့။ နိပ်ဟ။

မီးခြစ်ဟာ ပြုလုပ်သူ မရှိဘဲ ဖြစ်ပေါ်မလာနိုင်ဘူး။ (၁)

မီးခြစ်ဆိုတာ ရေမွှေးပုလင်းတို့၊ လိင်အင်္ဂါစွပ်တို့လို particular object။ အဲဒိ particular ၀ထ္ထုတွေကို ပြုလုပ်တဲ့လူရှိရင်တောင် အဲဒိအချက်ကနေ ဖန်ဆင်းမှုဆိုတဲ့ general idea ကြီးရှိတယ်လို့ ဘယ်လို လောဂျစ်ကိုသုံးပြီး ကောက်ချက်ချလိုက်သလဲ မသိဘူး။ မီးခြစ်ကို ပြုလုပ်သူရှိတိုင်း ကမ္ဘာကြီးကို ပြုလုပ်သူရှိမယ်လို့ အာမမခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရာရာတိုင်းကို ပြုလုပ်သူရှိတယ်ဆိုတဲ့ နိယာမ ရှိမထားလို့ဘဲ။ အဲဒိနိယာမရှိကြောင်းကို (၁)နဲ့ သက်သေထူလို့မရဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းလာကြော်လို့ ဖီလော်ဆော်ဖာတွေက ငတုံးငအတွေမှ မဟုတ်တာ။

Aristotle ရဲ့ လောဂျစ်ဟာ ဒီအတိုင်းပဲ။ Aristotle ရဲ့ လောဂျစ်ကို ကြည့်ရအောင်။

လူဆိုတာ သေမျိုး

ပလေတိုဟာ လူ

ထို့ကြောင့် ပလေတိုဟာ သေမျိုး။

အင်းဟုတ်သားပဲ။ ဒါနဲ့ နေပါဦး။ လူဆိုတာသေမျိုးဆိုတဲ့အဆိုကို ဘယ်လိုသက်သေပြမလဲ။ လွယ်ပါတယ်။ ပလေတိုကိုကြည့်၊ ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်၊ အားလုံးဟာ သေမျိုးတွေချည်းပဲ မဟုတ်ဖူးလား။ Well.. ဒီလူတွေ သေမျိုးဆိုတဲ့ အဆိုကို ခင်ဗျားက သက်သေမပြရသေးပဲ သုံးတယ်။ ဒီအဆိုကနေ ရလာတဲ့ ကောက်ချက်တွေကနေ ဒီအဆိုကို သက်သေပြန်ပြတယ်။ ဒါလားဟဲ့ လောဂျစ်… Aristotle ကို နောက်ပိုင်းငတိတွေ အထူးသဖြင့် ရီနေဆင့်ကာလက ငတိတွေလှောင်မယ်ဆိုလည်း လှောင်စရာပဲနော့။

စောစောက မီးခြစ်ဆံသုံးပြီး ဘုရားသခင်ရဲ့ ဖန်ဆင်းမှုရှိကြောင်း သက်သေထူဖို့ ကြိုးစားသူဟာလည်း အဲဒီ နည်းနည်းပျက်နေတဲ့ Aristotle ရဲ့ လောဂျစ်ကို ယူသုံးထားတာပဲ။ ဒါပေမယ့် စကြာဝဠာဟာ ထူးဆန်းအံအားသင့်စရာကောင်းလှတာမို့ ဖန်ဆင်းရှင် ရှိကိုရှိရမယ်လို့ ဖန်ဆင်းရှင်ဝါဒီများက စောဒကတက်မြဲတက်နေမှာဘဲ။ ပြောမယ်ဆို လူ့ခန္ဓာဟာလည်း ဘယ်လောက် အံ့အားသင့်စရာကောင်းလဲ။ သူ့ဟာနဲ့သူ အလုပ်ကို ဖြစ်လို့။Hawking ရဲ့ အဖြေက

Grand design doesn’t require a grand designer; or any designer at all for that matter.

တကယ်တော့ ဒါသူ့ အောရီဂျင်နယ် argument မဟုတ်ဖူး။ Bertrand Russell နဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတပါး အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ ဘုရားသခင်ရှိမရှိ စကားစစ်ထိုးကြတုန်းက Russell ကအဲသလို ခပ်ဆင်ဆင်ပြောခဲ့ဖူးတာ မှတ်မိတယ်။ Bertrand Russell ရဲ့ Why I’m not a Christian ဆိုတဲ့ စာအုပ်မှာ ဒီစကားစစ်ထိုးပွဲက နောက်ဆက်တွဲအနေနဲ့ ပါတယ်။

ကျိုက်ထီးရိုးဘုရားကြီးကိုကြည့်။ ကျောက်သားထုကြီးပေါ်မှာ ရသေ့ဦးခေါင်းပုံလို့ လူတွေက မြင်ကြတဲ့ ကျောက်တုံးကြီးတတုံး တည်းတည်းလေးတင်နေတာ။ ဘယ်လောက် အံ့အားသင့်စရာကောင်းလဲ။ ဒါပေမယ့် အဲ့သလို အံ့အားသင့်စရာကောင်းရုံနဲ့ ဒီကျောက်တုံးကြီးဟာ တန်ခိုးရှိလို့ အဲ့သလိုတင်နေနိုင်တာလို့ ယူဆတာကတော့ a big leap of reasoning ဆင်ခြင်တုံတရားကို ခုန်ပျံကျော်လွှားပြီးရောက်လာတဲ့ ကောက်ချက်ပဲ။ ပြောမယ်ဆို ချီလီအပါအ၀င် လက်တင်အမေရိကနိုင်ငံတွေနဲ့ လကမ္ဘာပေါ်မှာလည်း ကျိုက်ထီးရိုးဘုရားပုံစံမျိုးပဲ ရင်သပ်ရှုမောစရာ သဘာဝရဲ့  ဖန်တီးချက်တွေ အများကြီးပဲ။

The Grand Design ကို မဖတ်ရသေးဘူး။ London Times မှာ serialized လုပ်ထားသလောက်သာ ဖတ်ရတာ။ ဒါပေမယ့် စကြာဝဠာပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး ဖတ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးစာအုပ်ကတော့ Steven Weinberg ရဲ့ The First Three Minutes ပဲ။ The Grand Design ဟာ ဖတ်သင့်တဲ့စာအုပ်ပဲ။ ဖတ်ပြီးသူများ review ရေးမယ်ဆိုလှမ်း အသိပေးပါလို့… ဆယ့်ရှစ်ပေါင်ဆိုတော့ ဈေးများသေးတယ်။ စာကြည့်တိုက်တွေမှာလည်း မရောက်သေးဘူး။

FT ထဲမှာတော့Hawking နဲ့ ခေတ်ပြိုင်Roger Penrose ဆိုတဲ့ အရမ်းအရမ်းကို သတင်းမွှေးတဲ့ သင်္ချာဆရာတယောက်က review ပေးထားတယ်။ စိတ်ဝင်စားသူများအတွက် ဝေငှလိုက်ပါတယ်။

ဝတုတ်

The Grand Design

Review by Roger Penrose

Published: September 4 2010 00:21 | Last updated: September 4 2010 00:21

The Grand Design, by Stephen Hawking and Leonard Mlodinow, Bantam Press RRP£18.99, 208 pages

 

In The Grand Design, Stephen Hawking gives his perspectives on physical reality and expectations for future fundamental physics, ably assisted by the fine science writer Leonard Mlodinow. These issues are made accessible to general readers via apposite analogies. Nonetheless, I doubt that adequate understandings can arise in this way. This applies particularly to “M-theory”, a popular (but fundamentally incomplete) development of string theory, regarded by the authors as most promising for future physics, and illustrating Hawking’s strange-sounding philosophical standpoint of theory-dependent realism put forward here.

Concerning the latter, which I shall try to explain shortly, it may be illuminating to recall a dinner party in California in the early 1970s. Earlier, Stephen Hawking and I had apparently shared similar views on the nature of physical reality, but afterwards our viewpoints took very different turns. Sitting at the head of my table, seeming intent on getting a rise out of those present, Hawking made three remarkable assertions. The first, “baryon number is not conserved”, while unorthodox, did not particularly trouble me. Baryon conservation is what prevents atomic nuclei from decaying away. Hawking’s proposal entailed an unobservably slow decay rate, not disturbing to my world-view.

—-

Roger Penrose is Emeritus Rouse Ball Professor of Mathematics at the University of Oxford

ကော်ပီရိုက်ရှိနေလို့ Roger Penrose ရဲ့ ရီဗျူးကို အကုန်မပြနိုင်ပါ။ FT မှာရှာကြပါကုန်..

Discussion

6 thoughts on “Book Review 3

  1. just scan trhough from news headlines… said that v.controversial.

    so much Interesting. But I won’t find time to read it.
    Bcos, the fact is that we can think of anything as large as universe, but we will never get the answers ( reason).
    thanks for your intro , it’s enough for me…🙂
    but if you make a review, welcome :))

    Posted by K | 07/09/2010, 13:09
  2. If a match is designed/made by someone, does he/she has an right to destroy the match and all of its generations later on???

    If the parent used up most of their strength, care, money, time (at least 10 months), etc. to brought up a child, do they have a right to destroy their child later on???

    If “God” spend mere 7 days (out of his/her infinity time) to create human being and universe, does he/she has a right to destroy them later on?

    Posted by Mr A | 07/09/2010, 20:42
  3. စာမေးပွဲပိနေလို့ ပို့စ်တွေ အခုမှ သေချာ ဖတ်ဖြစ်တယ်။ သတင်းစာမျက်နှာတွေမှာ ဟောကင်းရဲ့ ဒီစာအုပ်သတင်းကို တွေ့လိုက်တော့ စဉ်းစားမိတာက “အင်း… ဒီလူကြီးတော့ မီးရှူးမီးပန်းတွေ ဖောက်ပြန်ပြီ” လို့။ မီဒီယာဆိုတာကလည်း မီးပန်းဖောက်မှ သတင်းဖြစ်တော့ မီးပန်းတွေအကြောင်းပဲ သတင်းရေးကြတာပေါ့လေ။

    ဒီစာအုပ်ကို မဖတ်ရသေးပါဘူး။ တော်တော်နဲ့ ဖတ်ဖြစ်မယ်လည်း မထင်ဘူး။ သတင်းတွေမှာ တွေ့သမျှရယ်၊ အခုကိုဝတုတ် ကူးတင်ထားတဲ့ Penrose ရဲ့ review ရယ်၊ Peter Woit ရဲ့ Not Even Wrong ဘလော့က ပြောသမျှရယ်ပဲ ဖတ်ရသေးတယ်။ ကျွန်တော့်အမြင်ကတော့ ဟောကင်းရဲ့ စာအုပ်ထဲ ပါတာတွေဟာ သူ့ အမြင် (opinion/hunch) တွေသက်သက်ပဲ။ philosophical view လို့ ပြောရမှာတောင် philosophy ကို အားနာပါတယ်။ မှန်းကြည့်ရသလောက် စာအုပ်ထဲမှာ ပါတာတွေက သိပ္ပံလည်း မဟုတ်၊ သင်္ချာလည်း မဟုတ်၊ Pauli စကားကို Woit ရဲ့ ဘလော့ဂ်မှာ ယူသုံးသလို သုံးရရင် ဟောကင်းရဲ့ တချို့အဆိုတွေက မှားတာတောင်မဟုတ်ဘူး (not even wrong)။ (ဘာလို့လဲဆိုတော့ မှန်/မှား သိပ္ပံနည်းကျ သက်သေပြလို့ မရလို့။ သူ့ရဲ့ ဇာတ်လိုက် string theory ဆိုတာကိုလည်း တချို့ Peter Woit လို လူတွေက သဘောကျတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပေးတဲ့ ခန့်မှန်းချက်တွေက ‘ယနေ့ မိုးရွာချင် ရွာမည်၊ မရွာချင်လည်း နေမည်’ ဆိုတာမျိုးတွေတဲ့။ ထားပါတော့၊ ကျွန်တော့် field လည်း မဟုတ်ပါဘူး။) ခက်တာက သိပ္ပံပညာရှင်က ရေးတာဆိုတော့ သိပ္ပံလို့ တချို့တွေက ထင်ချင်ထင်ကြမှာ။

    ပြီးတော့ ဒီဘုရားကိစ္စက အမြဲပဲ တိုင်ပတ်တယ်။ God is the axiom လို့ ပြောရမယ်။ ယူချင်လည်းယူ၊ မယူချင်လည်းနေ၊ နောက် ယူ/မယူ ဂရုမစိုက်ဘဲ နေချင်လည်းနေ။ Axiom ကို မှန်/မှား သက်သေပြဖို့ ကြိုးစားရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။ သိပ္ပံက အများဆုံး လုပ်နိုင်တာက God ယုံတဲ့ လူတွေကို God ဆိုတာရဲ့ ပုံသဏ္ဌာန် form ကိုသာ ပြုပြင်ပြောင်းလဲအောင် လုပ်နိုင်စွမ်းရှိတယ်။ ဥပမာ ခုနစ်ရက်နဲ့ ဖန်ဆင်းတယ် ဘာညာပေါ့။ ဒါတောင် ကတ်သီးကတ်သပ် ပြောချင်ရင် ပြောလို့ရသေးတယ်။ God မရှိဘူးလို့ လုံးဝ အမြစ်ဖြတ်ဖို့ကတော့ ဘယ်တော့မှ ဖြစ်နိုင်မယ်လို့ မထင်ဘူး။ ဒါ့ကြောင့် သင်္ချာသမား (အထူးသဖြင့် algebraist) ခရစ်ယာန်တွေကြားမှာ ပြောလေ့ရှိတဲ့ ဟာသရှိတယ်။ ဘုရားသခင်ကို ယုံသလား Do you believe in God? လို့ မေးရင် အဖြေက “Yes, up to an isomorphism” တဲ့။ (အဖြေကို ဘာသာ မပြန်တတ်လို့ မပြန်တော့ဘူး။)

    နောက် လက်ဖက်ရည် အတူတူသောက်ဖြစ်ရင် လေဆက်ပွားကြတာပေါ့ ကိုဝတုတ်ရေ။ 😀 အေးအေးဆေးဆေး ပွားနိုင်တဲ့ အခြေအနေရှိရင် ဒါမျိုးက ပွားလို့ကောင်းမှကောင်း။ အခုတော့ အိပ်ဦးမယ်။

    Posted by ပိုင် (Pi) | 18/09/2010, 07:36
  4. ကျွန်တော်မြင်တာကတော့ Hawking ပြောတဲ့ထဲမှာ spontaneous creation is the reason … why we exist ဆိုတဲ့ စကားတခွန်းပဲ လွန်တယ်လို့ ထင်တယ်။ Grand design doesn’t require a designer ဆိုတဲ့စကားကတော့ philosophically မှန်တယ်။ The existence of a grand design doesn’t entail the existence of a deigner.အဲဒိအဆိုကနေ God is not necessary ဆိုတဲ့ အဆိုဟာ naturally လိုက်လာတယ်။ Not necessary လို့ ပြောတဲ့အတွက် God မရှိဘူးလို့တော့ ပြောလို့မရဘူး။ အလွန်ဆုံး we don’t know လို့ပဲ ပြောနိုင်မယ်။ စကားမစပ် agnostic တွေလည်း ‘not even wrong’ အစားထဲမှာ ပါတယ်။ ဘာ့ကြောင့်ဆို သူတို့က သေချာမသိတာကို မသိဘူးလို့ လက်ခံထားတာကိုး။ ဒီတော့ သူတို့ကို အမှားအမှန် သက်သေပြလို့ မရဘူး။ ဒါပေမယ့် Hawking ပြောတာကို philosophical ဖြစ်မဖြစ် ငြင်းရတာကတော့ philosophy ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ၊ ဘယ်လိုနားလည်ကြသလဲဆိုတဲ့ အချက်ပေါ်လည်း မူတည်သေးတာကိုး။
    နောက်များမှ ဆက်ရွှီးတာပေါ့ဗျာ။ ကျွန်တော်လည်း စာသင်ခန်းဘက် ပြန်လှည့်ရကောင်းမလား စဉ်းစားနေတာ။😀

    Posted by watote | 18/09/2010, 13:58
    • “စကားမစပ် agnostic တွေလည်း ‘not even wrong’ အစားထဲမှာ ပါတယ်” ဟဲ… အဲဒါဆိုရင် သိပ္ပံ/သင်္ချာ အပြင်က ကိစ္စတွေ တော်တော်များများကို not even wrong လို့ ပြောရမယ့်ပုံပဲ။😀 ကျွန်တော်ပြောတာက အဲဒီလို မဟုတ်ပါ ကိုဝတုတ်ရေ။ ဟောကင်း ပြောထားတဲ့ သိပ္ပံနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောတာပါ။ Penrose ရဲ့ ဆောင်းပါးထဲမှာ ပါတဲ့ ဟောကင်း ပြောတယ်ဆိုတဲ့ သိပ္ပံအဆိုတွေရယ်၊ Woit ဘလော့ဂ်ထဲမှာ ရေးထားတဲ့ အဲဒီစာအုပ်ထဲက M-theory နဲ့ ပတ်သက်တဲ့ အဆိုတွေဆိုတာရယ်ကို ပြောတာပါ။ (Woit ကတော့ M-theory ဆိုတာကြီးကပါ not even wrong တဲ့။) သိပ္ပံပညာရှင်က သိပ္ပံအကြောင်းရေးတိုင်း သိပ္ပံ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။

      သိပ္ပံ/သင်္ချာ မဟုတ်တဲ့ ကိစ္စတွေကိုတော့ ဒီ Pauli ရဲ့ စံနဲ့ နှိုင်းလို့တော့ ဘယ်ရမလဲလေ။ ဒီလိုသာ လုပ်လို့ရကြေးဆို philosophy ကို သင်္ချာလိုလုပ်ထားတာ ကြာလှရောပေါ့။ (သင်္ချာက focus ကျဉ်းတော့ ဘယ် axiom ယူရမယ်၊ ပန်းတိုင်က ဘာ ဆိုတာ ရှင်းတယ်။ philosophy က စဉ်းစားတဲ့ နယ်ကျယ်တော့ ဘယ် axiom ယူသင့်တယ် ဆိုတာမှာကို သင်္ချာလို အတိအကျ ပြောမရတော့ဘူး။ ကျွန်တော်တို့ ဒီဘလော့ဂ်မှာ စပြောခဲ့တဲ့ “အသိ” ပို့စ်တုန်းက ဟာမျိုးပေါ့။) ဒါနဲ့ ကိုဝတုတ်ရဲ့ Thoughts on Hobbes… (3) မှာ ပါတဲ့၊ Hegel ပြောတယ်ဆိုတဲ့ သင်္ချာဟာ philosophy အတွက် အတုယူစရာ ဘာသာ မဟုတ်ဘူးဆိုတာ (Hegel ဘာပြောခဲ့တယ်ဆိုတာ အသေးစိတ် မသိပေမယ့် ကိုဝတုတ်ရေးတာ ဖတ်ရသလောက်တော့) လက်ခံတယ်။ (ကျွန်တော်ထင်တာက သင်္ချာက philosophy ကို အတုယူထားတာ၊ မဟုတ်ဘူးလား။) အဲဒီ series ကို စောင့်ဖတ်နေတယ်။ နောက်ပိုင်း Hegel, Russell စသည်ဖြင့် ဆက်ရေးမယ်ဆိုရင် ဖတ်ချင်သေးတယ်။

      Posted by ပိုင် (Pi) | 18/09/2010, 19:41
      • I also like to continue and I have a publisher already at home.😀 But you know, I’m seriously thinking of studying formally again. the trouble is i can’t decide which subject i should settle in. if that materialized, i would not be as prolific as I now am.
        Did you have a good time in the examination hall? How did it go? Good luck!!! Can’t type Burmese font now..

        Posted by zizawa | 18/09/2010, 21:46

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: