//
you're reading...
Philosophy
Post-modernist တွေပြောတဲ့ Subjective reality ဆိုတာ ချေးထုတ် အတွေးအခေါ်
Reality ဆိုတာ ကြည့်တဲ့လူရဲ့ ရှုဒေါင့်ပေါ်မူတည်တယ်။ ကြည့်သူတယောက်နဲ့တယောက် ရှုဒေါင့် point of view မတူနိုင်။ ထို့ကြောင့် reality ဟာ ရှုသူပေါ်သာ မူတည်နိုင်တယ်။ subjective reality သာရှိနိုင်တယ်။ absolute reality မရှနိုင်တဲ့။ post-modernist တွေကြားမှာ အင်မတန်မှ ရေပန်းစားတဲ့ အမြင်တခုပါ။
ကျွန်တော့ရဲ့ တုန့်ပြန်ချက်ကတော့ ‘ဝေါ့.. ထွီ ထွီ ထွီ ထွီ ထွီ’ OMG! What a dim-witted post-modernist bullshit!!!!!
ပထမဆုံး သူတို့ argument ရဲ့ structure ကိုကြည့်ရအောင်။ အရင်ဆုံး ပထမpremise ဖြစ်တဲ့ reality ဆိုတာ ကြည့်တဲ့လူရဲ့ ရှုဒေါင့်ပေါ်မူတည်တယ် ဆိုတာကို ကြည့်။ ဒီ premise မှန်မမှန် demonstrate မလုပ်ရသေးဘဲ စသုံးတယ်။ ဒုတိယ အဆိုက factual claim. တခုခုကို တနေရာထဲကနေ နှစ်ယောက် တပြိုင်နက်ကြည့်လို့မရဘူး။ ဒါက ဘာမှ ရှုပ်စရာမရှိဘူး။ ပြသနာရှိတာက သူ့ logic structure က Aristotle ရဲ့  ခေတ်မစားတော့တဲ့ လောဂျစ်ကို ယူသုံးထားတာပဲ။ မှန်မမှန် မပြရသေးတဲ့ အဆိုတခုကို major premise အနေနဲ့ယူပြီး သူကရတဲ့ ကောက်ချက်conclusion တွေကို မူလ major premise ကို သက်သေထူဖို့ ကြိုးစားတာဟာ ပျက်တက်တက်ဖြစ်နေတဲ့Aristotle ရဲ့  လောဂျစ်ဆိုတာ Book Review 3 မှာ ပြောသွားခဲ့ပြီ။ ဒီလောဂျစ်နဲ့ reality ဟာ subjective ဖြစ်တယ်ဆိုတာ ပြလို့မရနိုင်တဲ့ အတွက် subjective reality ကို လက်ခံယုံကြည်သူတွေက reality ဆိုတာကို သီးခြား အဓိပ္ပါယ်ဖွင့်ဖို့လုပ်လာတယ်။ (ဒီတော့ ခုအငြင်းအခုံဟာ metaphysics တက္ကဗေဒ အ၀န်းအ၀ိုင်းထဲ ပြန်ရောက်လာရော) စကားမစပ် ခုကွင်းထဲက ၀ါကျကို နားမလည်လည်း အရေးမကြီးပါ။ တက္ကဗေဒ ဘာ ဆိုတာကို ရှင်းပြနေရင် လိုရင်းရောက်မှာ မဟုတ်တော့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလူတွေ သူတို့ ကောက်ချက်ကို ဘယ်လိုရောက်လာလဲဆိုတော့…အရင်ဆုံး အဆိုတခုကို ချရေးကြည့်မယ်။ နည်းနည်းသည်းခံပေးပါ။
 အဆို (၁) reality ဆိုတာ appearance ကနေ တည်ဆောက်ယူထားတာ။
ဒါကို လက်ခံတယ်။ အသေးစိတ်သိချင်ရင် Bertrand Russell ရဲ့ Problems of Knowledge နဲ့ ကျွန်တော့ သင်ဆရာရဲ့ သင်ဆရာ A J Ayer ရဲ့ The Central Questions of Philosophy ကိုကြည့်နိုင်ပါတယ်။ (စကားမစပ် ဖီလော်ဆော်ဖီကို စိတ်ဝင်စားသူများ အထူးသဖြင့်theory of knowledge နဲ့ ပတ်သက်တဲ့ အခြေခံကို သိလိုသူများ ဒီစာအုပ်နှစ်အုပ်ကို လက်မလွှတ်သင့်ပါ။ Ayer စာအုပ်က ပိုစုံပေမယ့်Russell က ပိုရှင်းအောင် လူစိတ်ဝင်စားအောင် ပိုရေးတတ်တယ်လို့ မြင်မိတယ်။) တခါက knowledge နဲ့ ပတ်သက်ပြီး ဒီဘလော့မှာဘဲ ဒီအကြောင်းကို ရေးခဲ့ဖူးတယ်။ အကျဉ်းပြောရရင်တော့ ကျွန်တော်တို့ဟာ appearance ကိုပဲ တိုက်ရိုက်သိနိုင်တယ်။ အာရုံခံအင်္ဂါတွေ sense organs တွေပေါ်ကို ရောက်လာတဲ့အာရုံတွေကိုပဲ သိနိုင်တယ်။ Russell ကဒါကို sense-data လို့သုံးနှုန်းတယ်။ ဥပမာ စားပွဲတလုံးကိုကြည့်။ စားပွဲကို တနေရာကကြည့်ရင် တမျိုးမြင်ရမယ်။ စားပွဲကပေးတဲ့ appearance ကိုပဲ မြင်ရမယ်။ ဒါပေမယ့် အဲဒိ appearance ကနေ reality ကိုတည်ဆောက်ယူပြီး ကိုယ်မြင်နေတဲ့အရာဟာ စားပွဲ၊ ကုလားထိုင်မဟုတ်ဖူးဆိုပြီး ကောက်ချက်ဆွဲတာလို့ Russell ကပြောတယ်။ ဒီတော့ ပြောရရင် သဘာဝက ကျွန်တော်တို့ကို reality ကို တိုက်ရိုက်သိနိုင်အောင် ခွင့်ပြုမထားဖူး။ reality ကို တည်ဆောက်ယူနိုင်ရုံ construct လုပ်နိုင်ရုံသာရှိတယ်။
အဲဒိမှာpost-modernist ချီးထုတ်တွေက ‘ဟေး ငါတို့တော့ ပြောစရာလက်နက်တခုရပြီကွ’ ဆိုပြီး ၀မ်းသာအားရ လက်ခမောင်းထခပ်ကြတယ်။ reality ကိုတိုက်ရိုက်မသိနိုင်ဘူးတဲ့။ appearance ကသာ တည်ဆောက်ယူနိုင်မယ်တဲ့။ ဒီတော့ မင်းက တမျိုးဆောက်ရင် ငါကလည်းနောက်တမျိုးဆောက်နိုင်တာပဲ။ မင်းဆောက်တဲ့ reality က ပိုပြီး real ဖြစ်တယ်လို့ ဘာ့ကြောင့်ပြောနိုင်ရတာလဲ။ ဒီတော့ absolute reality ဆိုတာမရှိနိုင်ဘူး။ အားလုံးဟာ relative။ ဟီးဟီး အားလုံးဟာ subjective ဖြစ်တယ်။ 
တဘက်မှာobjective reality ရှိတယ်ဆိုတဲ့ အမြင်ကလည်း အားမကောင်းဘူး။ ဘယ်တော့မှလည်း အားကောင်းနိုင်စရာ မရှိဘူး။ ဒါပေမယ့် အဲ့သလို အားမကောင်းတဲ့အတွက် objective reality မရှိနိုင်ဘူးဆိုပြီး ပြောတာဟာ အဓိပ္ပါယ် မရှိဘူး။ ကျွန်တော်တို့တွေဟာ appearance ကိုသာ တိုက်ရိုက်သိနိုင်ပြီး appearance ကနေတဆင့်သာ reality ကို တည်ဆောက်နိုင်တာမို့ လောကကြီးမှာ မြင်မြင်သမျှဟာ appearance တွေသာလို့ ကောက်ချက်ချတာဟာ illogical မဖြစ်ဖူး။ တနည်းအားဖြင့် ယုတ္တိမတန်ဘူးလို့ ပြောလို့မရဘူး။ အဲ့ဒိအတွက် Bishop Berkeley ကိုမှားတယ်လို့ သက်သေပြလို့ မရတာ။ Russell ကတော့ ဒါကို philosophy ရဲ့ ပြသနာကြီး၊ အားနည်းချက်ကြီးတခုအဖြစ် မြင်တယ်။
သူက thought experiment တခုလုပ်တယ်။ စားပွဲတလုံးကို စားပွဲခင်းနဲ့ အပြည့်ဖုံးထားတယ် ဆိုပါစို့။ ဒီတော့ စားပွဲကို တိုက်ရိုက်မမြင်ရတော့ဘူး။ တိုက်ရိုက်မမြင်နိုင်တဲ့အတွက် စားပွဲဆိုတဲ့ objective reality ဆိုတာ မရှိနိုင်ဘူးဆိုရင် စားပွဲခင်းဟာ လေထဲမှာ ဒီတိုင်းတင်နေတယ်ဆိုတဲ့ ပေါက်တတ်ကရ ကောက်ချက်တခု ထွက်လာရော။ အဲဒိကောက်ချက်ကို လက်ခံမလား။ 
ကျွန်တော့မှာ စန္ဒယားတလုံးရှိတယ်။ မျက်စိမမြင်တဲ့လူဟာ ကျွန်တော့စန္ဒယား ဘာအရောင်ဆိုတာ သိရှာမှာတောင်မဟုတ်ဖူး။ ဒီစန္ဒယားကို ကြည့်တဲ့ရှုဒေါင့်ကိုလိုက်ပြီး အမျိုးမျိုးမြင်ကြမယ်။ စန္ဒယားတီးတာကို နားထောင်နေတဲ့ နေရာကိုလိုက်ပြီး အနည်းငယ် ကွဲတဲ့ (တိုင်းလို့မရနိုင်အောင်သေးချင်သေးမယ်) မတူတဲ့ အသံတွေကို ကြားရမယ်။ ဒါပေမယ့် ဒီစန္ဒယားအလယ်တည့်တည့်က key ကိုတီးလိုက်ရင် ထွက်တဲ့အသံဟာ C သံထွက်လိမ့်မယ်၊ တခြားဘယ်အသံမှ ထွက်မှာမဟုတ်ဖူးလို့ အားလုံးက မျှော်လင့်ထားကြတယ်။ ဒီမျှော်လင့်ချက်ဟာ collective ဖြစ်တယ်၊ အားလုံးနဲ့ဆိုင်တယ်။ ကျွန်တော့ စန္ဒယားကို ၀ယ်တဲ့လူက ဒီစန္ဒယားကို ကျွန်တော်မြင်တဲ့ ရှုဒေါင့်က မြင်မှာ မဟုတ်ဖူး။ ဒါပေမယ့် ဒီစန္ဒယားကို ဒီလိုတီးရင် ဒီလို အသံပဲထွက်မယ်၊ တခြားအသံထွက်စရာမရှိဘူးဆိုတဲ့ expectation ရှိလို့သာ ၀ယ်တာဖြစ်တယ်။ objective reality ကိုလက်ခံတယ်ဆိုတာ ဒီသဘောပဲ။ ပြောခဲ့တဲ့အတိုင်း သူ့ကိုလက်ခံရတာလည်း တကယ်တမ်းမှာ သိပ်အားမရှိလှဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ တခုခုကို လက်ခံတယ်ဆိုတာ လက်ခံရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိနိုင်တယ်။ Russell အကြံပေးတာကတော့ သူ့အခေါ် instinctive belief နဲ့စတဲ့။ ပြီးတော့ All knowledge must be built up upon our instinctive beliefs တဲ့။ အသိသစ်တခုဟာ ကိုယ့်ရဲ့  instinctive belief နဲ့ ကန္တကောစ မဖြစ်မချင်း ဒီအသိသစ်ကို လက်ခံထားပြီး အသိသစ်တွေကို တိုးချဲ့ တည်ဆောက်သွားလို့ Russell က အကြံပေးတယ်။ သူပြောတဲ့instinctive belief ဆိုတာ ကိုယ့်ဟာကို reflect စလုပ်တဲ့ခဏမှာ ကိုယ့်ဆီမှာ အရံသင့် တွေ့ရတဲ့ belief ကိုပြောတာ။ ဥပမာ Descartes ရဲ့ ငါရှိတယ်ဆိုတဲ့ အသိဟာ အဲဒိ belief မျိုး။ ဒါပေမယ့် Descartes ပြောတာ မတိကျဘူး။ I think, therefore I am မှာ စဉ်းစားနေတဲ့အရာတခုရှိတယ်လို့ပဲ ကောက်ချက်ချလို့ရတယ်။ Descartes က ဒီစဉ်းစားနေတဲ့ အရာဟာ ငါဖြစ်တယ်ဆိုပြီး တန်းနံမယ်တပ်လိုက်တာ။ ဗုဒ္ဓက ဒါကိုလက်ခံမှာ မဟုတ်ဖူး။ Bertrand Russell လည်း ဒါကိုလက်မခံဘူး။ ကျွန်တော်က ဒီနေရာမှာ ဘုရားနဲ့ Russell ပြောတာကို လက်ခံတယ်။ (ဘာလုပ်လုပ် အတ္တပေါ် အခြေခံတယ်လို့ ပြောကြတဲ့ psychological egoist များအားလုံး ကိုယ့်အယူအဆကို ပြန်ပြီး လေးလေးနက်နက် ဆင်ခြင်သုံးသပ်ကြပါကုန်။ သူတို့ကိုပါခုဆောင်းပါးထဲ ထည့်ရေးရင် ဦးတည်ချက်တွေ ပျောက်ကုန်မယ်။)
Russell ကိုဖတ်ချင်ရင် လင့်က http://books.google.com/books?id=a6NBKtfoN_oC&printsec=frontcover&dq=bertrand+russell+the+problems+of+philosophy&hl=en&ei=yQiOTJLVLJGSswac4emIAg&sa=X&oi=book_result&ct=result&resnum=1&ved=0CCoQ6AEwAA#v=onepage&q&f=false
Russell အကြံပေးတာဟာ မဆိုးဘူး။ မဆိုးဘူးဆိုတာထက် objective reality ကို လက်ခံသူတွေအတွက် အားတက်စရာပဲ။ သူပြောပုံအရဆိုရင် facts ဆိုတာ post-modernist တွေပြောသလို opinion နဲ့ခွဲလို့မရဘူးဆိုတာ မဟုတ်ဖူး။ facts နဲ့ opinion ဟာ ခွဲခြားပြီးပြောနိုင်တဲ့ သီးသန့်အရာနှစ်ခုဆိုတာကို စိတ်ချလက်ချ လက်ခံနိုင်တယ်။ တကယ်လည်း facts နဲ့ opinion ခွဲလို့မရရင် တနည်းအားဖြင့် facts ဆိုတာ interpret လုပ်သူရဲ့ subjective ဖြစ်မှုပေါ်သာ မူတည်တယ်ဆိုရင် သမိုင်းဘာသာရပ်ဟာ မြောင်းထဲရောက်သွားတော့မှာ ဖြစ်တယ်။ 
အလွယ်ပြောရရင်facts ဆိုတာ မှန်မမှန် အတည်ပြုနိုင်တဲ့ အရာကိုပြောတာပဲ။ ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီဟာ ပိုလန်ကို ၁၉၃၉ စက်တင်ဘာ ၁ ရက်နေ့မှာ ၀င် ကျူးကျော်တယ်။ ဒါဟာ မှန်မမှန် အတည်ပြုနိုင်တဲ့ facts ဖြစ်တယ်။ အလားတူပဲ ဆယ့်ကိုးရာစုထဲမှာ အင်္ဂလိပ်နဲ့ မြန်မာ စစ်သုံးကြိမ်ဖြစ်တယ်။ သုံးကြိမ်လုံး မြန်မာဘက်က ရှုံးတယ်ဆိုတာဟာလည်း facts ပဲ။ post-modernist တွေယုံသလို facts ဟာ ကြည့်သူ interpret လုပ်သူပေါ်မူတည်တယ်ဆိုရင် အင်္ဂလိပ်ကို ခုခံတော်လှန်သူတွေကို ခေါင်းဖြတ်သတ်ခံရတာ ဘယ်ရှုဒေါင့်ကကြည့်ရင် facts မဟုတ်ဘဲ opinion သက်သက်ပဲလဲ။ From which point of view does one get the view that Poland invaded Nazi Germany in 1939? 
နောက်ထပ် ဥပမာတခု ပေးလိုက်မယ်။ နည်းနည်းတော့ကြမ်းတယ်ဆိုတာ ကြိုသတိပေးထားပါရစေ။ Joseph Fritzl ဆိုတဲ့ သြစတြီးယားနိုင်ငံသားကို သိကြတဲ့မလား။ မကြာသေးခင်ကပဲ သမီးအရင်းကို နှစ်ပေါင်းများစွာ မြေအောက်ခန်းထဲ ပိတ်ထားပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်မှုနဲ့ ထောင်ဒဏ်တသက်ကျသွားတဲ့လူ။ post-modernist တွေပြောသလို reality ဆိုတာ interpreter/observer ရဲ့ ရှုဒေါင့်၊ point of view ပေါ်သာမူတည်တယ်ဆိုရင် Fritzl ဟာ သမီးကို မုဒိမ်းကျင့်တာမဟုတ်ဘဲ ကြင်နာ သနားတတ်တဲ့ အဖေက သမီးကို ချစ်သင်္ခန်းစာလက်တွေ့သင်ပေးနေတယ်ဆိုတဲ့ အမြင်မျိုးကိုလည်း reality တခု၊ facts တခုအဖြစ် လက်ခံခွင့်ပြုရမယ်။ ဒီအမြင်အရဆိုရင် ဒီ reality အရဆိုရင် Joseph Fritzl ကို မုဒိမ်းသမားအဖြစ် ထောင်ချထားတာမှားတာပေါ့။ သူဟာ ရာဇ၀တ်သား မဟုတ်ဖူးပေါ့။ subjective reality ကို လက်ခံသူ post-modernism ဘာမှန်းမသိဘဲ ယောင်တောင်တောင် လက်ခံသူများဖြေကြပါ။ အင်္ဂလိပ်လို ဖြေချင်လည်းဖြေ၊ ဗမာလို ဖြေချင်လည်းဖြေနိုင်ပါတယ်။ facebook ပေါ်က conversation တခုကို အကြောင်းပြုပြီး ဒီဘလော့ကို ရေးဖြစ်တာမို့ fb မှာလည်း လာရွှီးနိုင်ပါတယ်။ ကျွန်တော့ အိုင်ဒီက ko watote ပါ။ 
တကယ်တော့subjective reality ဆိုတာ အစွန်းရောက်ဝါဒတခုဖြစ်တဲ့ individualism ကနေ ဆင့်ပွားလာတာဖြစ်တယ်။ တကိုယ်ကောင်းဆန်သူတွေပိုများတဲ့ အမေရိကန်မှာ (စကားမစပ် တခါတခါ သူတို့ဘာသာသူတို့ တကိုယ်ကောင်းဆန်လို့ ဆန်မှန်းမသိကြဘူး။) ဒီအယူအဆက ပိုခေတ်စားတယ်။ အမြင်မှန်သမျှဟာ subjective ဖြစ်တဲ့အတွက် ပဲခူးကခလေးနှစ်ယောက်ဟာ တချို့ အမြင်မှာ အသတ်ခံရတာ မဟုတ်ဖူးလို့ ယူဆနိုင်စရာရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုမရှိဘူးပြောတာ လူတချို့ ရဲ့ အမြင်သာဖြစ်တယ်။ objective မဖြစ်ဖူးလို့ တချို့ ကပြောကြတယ်။ ဒီတော့ ဒီလူတွေ Joseph Fritzl ကို မုဒိမ်းသမားလို့ ပြောမလား၊ သမီးကို ချစ်သင်္ခန်းစာ လက်တွေ့သင်ကြားပြသနေတဲ့ ဖခင်လို့ ပြောမလားဆိုတာ မေးစရာပါ။ 
နေ၀င်းမောင်၊ ခင်ဇော်ဝင်း၊ ကျော်ဝင်းနဲ့ ဒေါ်အမာမရှိတဲ့နောက် မောက်မာခွင့်လိုင်စင် ကိုယ့်ဟာကို ပေးထားတဲ့ မောင်စူးစမ်းတို့အပါအပင် ဗမာပြည်က elite အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ စစ်အုပ်စု လက်ပါးစေ ၀င်ကစွပ်ချေးထုတ်များအားလုံး အငြင်းအခုံ လုပ်ဝံ့ရင် အဆင်သင့်ပါ။ ပြောခဲ့သလို ဘိုလိုရေးရေး၊ ဗမာလိုရေးရေး၊ ဒီဘလော့မှာလာရေးရေး၊ facebook မှာရေးရေး ကြိုက်ရာနေရာမှာ ရေးကြပါ။ ဗမာပြည်က စာနယ်ဇင်းတွေမှာတော့ ဆင်ဆာလွတ်မှာ မဟုတ်လို့ ဗမာပြည်ပြင်ပက ကြိုက်တဲ့ စာနယ်ဇင်းတွေမှာ ရေးရအောင်။ သတ္တိရှိရင် net ပေါ်ထွက်ခဲ့ပါလား။ 
ဝတုတ်
Thomas Hobbes တတိယပိုင်း ပြီးသလောက်ရှိနေပြီ။ မကြာခင် တင်နိုင်မယ်ထင်ပါကြောင်း….
Discussion
9 thoughts on “Post-modernist တွေပြောတဲ့ Subjective reality ဆိုတာ ချေးထုတ် အတွေးအခေါ်
  1. Post-modernist လေသံနဲ့ သမိုင်းဘာသာရပ်ကို ရေးဖို့ကြိုးစားတဲ့ထဲမှာ E H Carr လည်း ပါတယ်။ ခက်တာက သူ့ကို အထင်ကြီးလေးစားသူတွေထဲမှာ ကိုယ်ကနေ့ထက်ထိ လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေပါနေတာပဲ။ အယူအဆတခုဟာ အမြင်သစ်ဖြစ်ရုံ၊ ဆန်းရုံနဲ့ အလွယ်လက်မခံသင့်ဘူး။ ကိုယ်အရင် မြတ်မြတ်နိုးနိုးလက်ခံထားတဲ့ အယူအဆတွေနဲ့ ကန္တကောစ ဖြစ်မဖြစ် သေချာပိုင်းခြားကြည့်ရတယ်။ မဟုတ်ရင် ကျောချလို့ ဓားပြမှန်းမသိတဲ့ ဘ၀ရောက်တတ်တယ်။
    Posted by watote | 13/09/2010, 15:36
  2. I understand there are quite a few Burmese writers, poets and philosophers-wannabe who subscribe to post-modernism. Why don’t they say something? This is a massive assault on them.
    Posted by p for philosopher | 14/09/2010, 07:32
  3. Its been good to study about reality but the critic is so rude I think it can also refelct what you are. You have many words to disucss not rude words.
    Posted by suu | 20/09/2010, 07:09
  4. You are smart enough to review all theses theories. Impressed much but be considerate to express politely.
    Posted by suu | 20/09/2010, 07:20
  5. It is so impressed to read the review but you must have more polite words istead of words so insulting .
    Posted by tawthar | 20/09/2010, 07:30
  6. အတ္တကို အခြေခံထားခြင်း မရှိတဲ့ ကိုယ်စိတ်လှုပ်ရှားမှုဟာ ကျရှံးခြင်းရဲ့ နိဒါန်းပဲ။ စာရေးသူကိုယ်တိုင် relative conclusion or value judgement နဲ့ objective reality, objective truth ကို သုံးသပ်တဲ့သဘောဆောင်သွားနိုင်ပါတယ်။ အကယ်၍ normative ethics ပါ ထပ်ဖြည့်လိုက်ရင် ရှုပ်သထက်ကို ပိုရှုပ်သွားမယ်။ လူသား ဆက်ဆံရေးဟာ စိတ်ကို အရင်းခံတယ်လို့ သတ်မှတ်ရင် အတ္တကို ဖယ်လို့ မရပါ။ အတ္တ များတာနဲ့ နည်းတာပဲ ကွာလိမ့်မယ်။ ဒါမှမဟုတ်ရင် သောတာပန် ဖြစ်ပြီးပေါ့။ မပြောင်းလဲ နိယာမ အမှန်ကို အရှိတရားနဲ့ နားလည်တဲ့လူ ဖြစ်လိမ့်မည်။ တနည်းအားဖြင့် ဖြစ်ပျက်ကို အသိဥာဏ်နဲ့မဟုတ်ပဲ ပညာဥာဏ်နဲ့ နားလည်တာပေါ့ဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် အခြေခံဥပဒေကို ကြည့်ရမယ်။ အခြေခံဥပဒေမှ တရားမျှတခြင်းကိုတောင် ဥပဒေလမ်းကြောင်းက လောကပါလတရားအမြင်နဲ့တောင် မဖွင့်ဆိုနိုင်ဘူး။ အဲဒီလို တရားမျှတခြင်းကို မသိတဲ့ ဥပဒေကို အသက်သွင်းမဲ့ ရွေးကောက်ပွဲသည် ဘယ်သောအခါမှ objective truth ကိုရော objective reality ကို ကိုယ်စားမပြုဘူး။
    Posted by talaenn | 21/12/2011, 15:57
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,680 hits
%d bloggers like this: