//
you're reading...
Philosophy, Politics

Thoughts on Hobbes’ Leviathan 3

A LAW OF NATURE is a precept, or general rule, found out by reason, by which a man is forbidden to do that, which is destructive of his life တဲ့။  ဗမာစကားမှာ law ကို နိယာမလို့ ပြောကြသလို ဥပဒေလို့လည်း ပြောကြတယ်။ ဒီစာကြောင်းကို နည်းနည်းလောက် အနုစိတ်ကြည့်ရအောင်။ ပထမတချက်အနေနဲ့ ‘found out by reason’ တဲ့။ ဆိုတော့ ဒါဟာ စကတည်းက သဘာဝမှာရှိနေပြီးသားကို ပြောချင်တာလား။ ဥပမာ ရူပဗေဒက law တွေဟာ ဒီလိုအဓိပ္ပါယ်မျိုး ဆောင်တယ်။ သူတို့ကို သဘာဝနိယာမလို့ ပြောကြတယ်။ ဓာတ်ငွေ့ကို အပူပေးရင် ပွလာတဲ့ အခြင်းအရာကို ဖော်ပြတဲ့ ဖော်ပြချက်description ကို Charles ရဲ့  နိယာမလို့ ပြောကြတယ်။ Charles’ law ဟာ သဘာဝမှာရှိနေပြီးသား အခြင်းအရာတခု။ ဒါကို လူတွေက ရှာတွေ့တာ။ ဆိုတော့ Hobbes ပြောတဲ့ law က descriptive ဖြစ်တဲ့သဘောလား။ ဒုတိယတချက်အနေနဲ့ ‘law of nature’ ဆိုတာ ‘general rule … which a man is forbidden to do that,’ တဲ့။ ဒီအပိုင်းကတော့ သူပြောတဲ့ law ဆိုတာ prescriptive ဖြစ်တာကို ပြနေတယ်။ တနည်းအားဖြင့် law ဆိုတာ ရှောင်ကြဉ်သင့်တဲ့ အရာတွေကို ပြောချင်တယ်လို့ နားလည်တယ်။ ဥပမာ ရုပ်ရှင်ပြနေတုန်း ရုံထဲမှာ  ‘မီး မီး’ ဆိုပြီး ထမအော်နဲ့၊ ရုံထဲကနေ နှင်ထုတ်ခံရမယ်။ တနည်းအားဖြင့် law ဆိုတာ စောင့်ထိန်းအပ်တဲ့အရာကို ဆိုလိုတာလားလို့ မေးစရာရှိတယ်။ ဒီတော့ Hobbes က law ဆိုတဲ့ စကားလုံးကို prescriptive ရော၊ descriptive ရော နှစ်ခုလုံးကို ရည်ရွယ်ပုံရတယ်လို့ နားလည်မိတယ်။ ဒါပေမယ့် ဒီစာကြောင်းတကြောင်းနဲ့တော့ အခုအမြင်ကို အားကိုးလို့ မရသေးဘူး။ (This is my first impression and the initial interpretations of Hobbes’ laws of nature.)

ဦးဂိုအင်ကာ ဓမ္မ ကို laws of nature လို့ အဓိပ္ပါယ်ဖွင့်ပုံဟာ Hobbes က ဒီစကားစုကို သုံးပုံနဲ့ တော်တော်တူတယ်။ ဥပမာ ဓမ္မပဒရဲ့ ပထမဆုံးစာပိုဒ်ကိုကြည့်။ မကောင်းတဲ့စိတ်နဲ့ ကံတခုကိုပြုသူနောက်ကို အကုသိုလ်ဟာ နွားခြေရာနောက် ထပ်ကြပ်မကွာလိုက်တဲ့ လှည်းဘီးပမာ လိုက်တယ်လို့ ဆိုတယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာ သဘာဝဓမ္မ၊ သဘာဝနိယာမ။ ဒါဘယ်သူကမှ ဖန်တီး ပြဌာန်းထားတာမဟုတ်ဖူး၊ ဒီသဘာဝဓမ္မကို ဗုဒ္ဓတပါးက ဘယ်သူ့အကူမှ မပါဘဲ သူ့အားထုတ်ချက်နဲ့သူ ရှာတွေ့တယ်လို့ ဗုဒ္ဓဘာသာကို လက်ခံယုံကြည်သူတွေကဆိုတယ်။ ဒီရှင်းပြချက်အရ ဓမ္မဟာ descriptive ဖြစ်တဲ့ သဘောကိုပြနေတယ်။ တဆက်ထဲမှာ ဓမ္မဟာ prescriptive လည်းဖြစ်တယ်။ ဆိုလိုတာ မကောင်းတဲ့ စိတ်နဲ့ မလုပ်သင့်ဘူးဆိုတာကို ဆုံးမချင်တယ်လို့ ယူဆတယ်။ သူများကို မကောင်းမကြံခင် ကိုယ့်မှာမကောင်းတဲ့အကုသိုလ်စိတ် ဖိစီးတာအရင်ခံရတယ်။ ဒါ့ကြောင့် မကောင်းမကြံသင့်ဘူးလို့ ဆုံးမကြတယ်။ (ဒီနေရာမှာ စကားမစပ် ပြောချင်တာကDavid Hume ရဲ့  နံမယ်ကြီး is-ought problem ကို ဗုဒ္ဓဘာသာ အမြင်ကနေ ရှင်းပြနိုင်မဲ့ potential ရှိတယ်လို့ စိတ်ထဲထင်နေတယ်။ တလွဲထင်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။  David Hume အကြောင်းရောက်တော့မှဘဲ ဒါကို အသေးစိတ် ပြောတော့မယ်။) ဆိုတော့ ဦးဂိုအင်ကာ အဓိပ္ပါယ်ဖွင့်တဲ့ ဓမ္မဟာ Hobbes ပြောတဲ့ laws of nature လိုပဲ descriptive လည်းဖြစ်တယ်၊ prescriptive လည်းဖြစ်တယ်။

ဒီမှာ အရေးကြီးတဲ့ မေးခွန်းတခုကို မေးမယ်။ နှစ်ခုစလုံးဟာ လိုက်နာဖို့ ၀တ္တရားရှိတဲ့ obligatory ဖြစ်တဲ့ law တွေလို့ ပြောမလား။ ဦးဂိုအင်ကာရဲ့  ဓမ္မကိုတော့ လွယ်လွယ်ဖြေလို့ရတယ်။ ဓမ္မဟာ လိုက်နာဖို့ ၀တ္တရားရှိတဲ့ law မဟုတ်ဖူး။ ပြောချင်တာက ဓမ္မကို သံသရာမျက်စိရှိတဲ့လူက လိုက်နာ၊ မရှိတဲ့လူက မလိုက်နာနဲ့။ မလိုက်နာတဲ့လူက အကျိုးမရှိဘူး။ ဒါပေမယ့် မလိုက်နာတဲ့အတွက် လူ့အဖွဲ့အစည်းက ဒဏ်မခပ်ဖူး။ နေ့စဉ် သတိပဌာန်တရားမပွားတဲ့ လူကိုအစိုးရက ဘာပုဒ်မမှတပ်ပြီး ဖမ်းမှာမဟုတ်ဖူး။ ဒါပေမယ့် အခွန်ရှောင်တဲ့လူဆို ကျခံရနိုင်တဲ့ ထောင်ဒဏ်က ဘယ်လောက်ကြီးလဲဆိုတာ အားလုံးသိတယ်။ လိုတာမှန်သမျှရပြီး ဘ၀ကို ဒုက္ခလို့ မမြင်တဲ့လူတယောက်က သစ္စာလေးပါးကို သဘောပေါက်ဖို့ ခက်တယ်။ ဘာဝနာပွားစီးဖို့ဆိုတာဝေလာဝေးပဲ။ ဒီတော့ ဓမ္မဟာ descriptive ဖြစ်တယ်၊ prescriptive လည်းဖြစ်ပြီး ဒါကို အသိရှိသူ တနည်း reason ကိုအသုံးချတတ်သူက မြင်တယ်၊ ဒါပေမယ့် လူတိုင်းက ဓမ္မကို မဖြစ်မနေ လက်ခံကျင့်သုံးလာအောင် (တနည်း ဓမ္မနဲ့အညီနေအောင်) လုပ်နိုင်တဲ့ အင်အားမရှိဘူး။ enforcement ပိုင်းမပါဘူး။ ဒါဖြင့်ရင် Hobbes ရဲ့ laws of nature ကျတော့ရော….

ဥရောပကpolitical philosophy မှာ ဟိုးရှေးရှေးကနေ (ဘယ်လောက်ရှေးရှေးလဲဆိုတာ ကိုယ်လဲ တိတိကျကျမသိပါ။ တချို့ ကလည်း ပလေတိုထိပြောပြီး တချို့  ကလည်း ရီနေဆင့် ကနဦးပိုင်းကလာတွေကို ညွှန်ကြတယ်။) ကနေ့ထိ မရိုးနိုင်တဲ့ မေးခွန်းတခုက political obligation ကိုဘယ်လိုရအောင်လုပ်မလဲဆိုတဲ့ မေးခွန်းပဲ။ အလွယ်ပြောရရင် ဘာ့ကြောင့် အစိုးရလမ်းညွှန်တာကို လိုက်နာသင့်သလဲ။Or why should I obey state? တခါ နောက်တနည်းမေးနိုင်တာက အစိုးရက လူတွေကိုသူ့စကားနားထောင်အောင် ပြောပိုင်ခွင့်က ဘယ်ကရသလဲ။ သက်ဦးဆံပိုင်ဘုရင်တွေ၊ ပဒေသရာဇ်တွေကတော့ ဒီပြောပိုင်ခွင့်က ဘုရားသခင်ဆီက လာတယ်လို့ ဆိုတယ်။ Hobbes, Locke နဲ့ ရူးဆိုးတို့ အပါအ၀င် နောက်ပိုင်း political ဖီလော်ဆော်ဖာတွေ အားလုံးက ဒီမေးခွန်းကို သူတို့နည်းသူတို့ဟန်နဲ့ ဖြေဖို့ကြိုးစားတယ်။ Hobbes က enlightenment ခေတ် ဖီလော်ဆော်ဖာပီပီ သူ့ဖီလော်ဆော်ဖီထဲမှာ ဘုရားသခင်ကို နေရာမပေးချင်ဘူး။ ဒါပေမယ့် သူလူဖြစ်ကြီးပြင်းတဲ့အချိန်၊ နေရာမှာ မပေးဘဲနေလို့လည်း မရတော့ ကြံဖန်ပြီး နေရာဖန်တီးပေးရတယ်။ သူ့ရဲ့ laws of nature ကိုသူက obligatory ဖြစ်အောင်လုပ်ချင်တယ်။ laws of nature ကို ဘုရားသခင်က ဖန်တီးပေးထားတာဆိုရင် ဒါဟာ မလိုက်နာမဖြစ် လိုက်နာရမဲ့laws တွေဖြစ်လာမယ်။ ဒီတော့ ဘုရားသခင်က ဖန်တီးပေးတဲ့ ပုံမျိုးရောက်အောင် သူဘယ်လိုကြံမလဲ။ သူ့ရဲ့ တွေးပုံတခု conjecture တခုက ဘုရားသခင်ဟာ လူကိုဖန်ဆင်းတယ်။ အဲ့သလို ဖန်ဆင်းတဲ့အခါမှာ reason ဆင်ခြင်စဉ်းစားနိုင်စွမ်းကိုပါ တပါတည်းထည့်ပေးလိုက်တယ်။ လူဟာ ဘုရားပေးတဲ့reason နဲ့ ပြောခဲ့တဲ့ laws တွေကိုသိနိုင်စွမ်းရှိတယ်လို့ စဉ်းစားကြည့်တယ်။ ဒီlaws တွေကို ဘုရားသခင်က ဖန်ဆင်းထားတာမို့ ဒါတွေကို လူတွေက လိုက်နာသင့်တယ်လို့ ဆိုရင် သူ့အရင် သက်ဦးဆံပိုင်ဘုရင်တွေ ပြောတာနဲ့ ဘာမှခြားမှာမဟုတ်ဖူး။ ဒါပေမယ့် သူကကြားထဲမှာreason ကို တဆင့်ခံလိုက်ပြီး လူဟာ ဘုရားသခင်ရဲ့ laws တွေကို မျက်စိမှိတ် လိုက်နာတာမျိုး၊ ဓားမိုးခံထားရလို့ နားထောင်တာမျိုး မဟုတ်တော့ပဲ reason ကိုအသုံးချပြီး ဒီlaws တွေဟာ လိုက်နာသင့်တဲ့အရာတွေဆိုတာကို သိတယ်။ သိရုံမက လက်တွေ့မှာပါ လိုက်နာကျင့်သုံးဖို့ ဖြစ်လာတယ်လို့ Hobbes ကပြောတယ်။ I think maybe Hobbes is claiming too much in saying that. နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတခုမေးမယ်။ လူ့ရဲ့ reason ဟာ သူပြောသလို လက်တွေ့မှာလိုက်နာကျင့်သုံးဖို့ထိ လုံလောက်တဲ့ တွန်းအားပေးနိုင်လား။This is a standard line of attack on Hobbes’ reason. ဒီတော့ Hobbes ရဲ့ reason ကဘာလဲ။ အဲဒိအတွက်အခန်း ၅ ကို ခဏလောက် ကြည့်ရအောင်။ Hobbes ကိုဆွမ်းကြီးလောင်းချင်သူများ အဆင်သင့်ပြင်ထားပေရော့။

When a man reasoneth, he does nothing else but conceive a sum of total, from addition of parcels; or conceive a remainder, from subtraction of one sum from another; which (if it be done by words) is conceiving of the consequence of the names of all the parts … In sum, in what matter soever there is a place for addition and subtraction, there also is place for reason; and where these have no place, there reason has nothing at all to do.

ဆိုတော့ ကိုယ်တော်ပြောတဲ့ reason ဆိုတာ ကနေ့ခေတ်မှာ ဘောဂဗေသမားတွေ ပြောပြောနေတဲ့reason မျိုးပေါ့။ တွက်တတ်ချက်တတ်တာကိုပဲ ဆိုလိုချင်တာပေါ့။ တွက်တတ်ချက်တတ်တယ်ဆိုတဲ့ နေရာမှာ ဂဏန်းသင်္ချာတခုထဲကိုသာ ပြောချင်တာမျိုး မဟုတ်ဘဲ reckoning of the consequences of general names agreed upon for the marking and signifying of our thoughts. ပြောချင်တာက လုပ်ရပ်တခုရဲ့  အကျိုးဆက်ကိုပါ စဉ်းစားဆင်ခြင်တတ်မှုကို ပြောချင်တာ။ အိုကေ ကောင်းပြီ။ reason ဆိုတာ ဒါပဲလား။

Hobbes ဟာ သင်္ချာကို အထူးသဖြင့် ယူကလစ်သင်္ချာကို အရမ်းအထင်ကြီးတယ်။ ယူကလစ်သင်္ချာဟာ ဘယ်လိုမှ မမှားနိုင်ဘူးလို့ သူ့စိတ်ထဲမှာယူဆတယ်။ Geometry ကို ဒီလောက်အထင်ကြီးတာ ဘာမှကိစ္စမရှိဘူး။ ဒါပေမယ့် သူက ဒီနည်းလမ်းကို ရှိရှိသမျှ ဘာသာရပ်တွေမှာ ဖီလော်ဆော်ဖီတို့၊ နောက်သူ့အခေါ် civil science ကနေ့ခေတ်မှာတော့ social science ဒါမှမဟုတ် political science လိုဘာသာရပ်တွေမှာပါ ပုံတူကူးအသုံးချလို့ရမယ်လို့ ယုံကြည်တာကတော့ တော်တော်ကိစ္စရှိတယ်ထင်တယ်။ (ကနေ့ခေတ်လည်း ဘာထူးလဲ။ ဘောဂဗေဒက reason ကို၊ နောက်ဂိမ်းသီအိုရီလို technical ပိုင်းဆိုင်ရာ method တွေကို နေရာတကာ အသုံးချလို့ရမယ်လို့ ထင်နေတဲ့ ဗမာပြည်ပေါက် ပြုတ်မနူးတွေ နေရာအနှံ့  တွေ့နေရတာပဲ။ နိုင်ငံခြားတက္ကသိုလ်တခုခုမှာ လေးငါးခြောက်နှစ်လောက် ကျောင်းတက်ပြီးတာနဲ့ ‘win-win situation’ တို့၊ ‘zero-sum game’ တို့လောက် ပြောတတ်လာရုံနဲ့ ဗမာပြည်အရေးကို သူတို့အကြံပေးတဲ့အတိုင်း၊ သူတို့ ကျောင်းမှာ သင်ခဲ့ရတဲ့ ဖော်မြူလာတွေအတိုင်း ဖြေရှင်းလိုက်ရင် ပြေလည်တော့မယောင် ပြောဆိုသံတွေ ခဏခဏ ကြားနေရတာပဲ။) ယူကလစ်သင်္ချာမှာ ပထမ definitions တွေ axioms တွေနဲ့စတယ်။ အဲဒိကနေ သူပြောသလို ပေါင်းနှုတ်မြှောက်စားကိုပဲသုံးသွားပြီး သီအိုရမ်တွေ တခုပြီးတခု ထုတ်ပေးတယ်။ ဒီသီအိုရမ်တွေဟာ လက်တွေ့မှာလည်း အများကြီးအသုံးတည့်တယ်။ (စကားမစပ် Hegel ကတော့ Hobbes နဲ့လုံးဝဆန့်ကျင်ပြီး သင်္ချာဟာ ဖီလော်ဆော်ဖီအတွက် အတုယူစရာဘာသာရပ်မဟုတ်ဖူးတဲ့။) Hobbes က သူ့ရဲ့ reason ကို ပြောခဲ့တဲ့ civil science ကိုဘယ်လိုသုံးလဲဆိုတော့….

လူဟာ မွေးစမှာ reasonable ဖြစ်တယ်။ ဆင်ခြင်ဥာဏ်ကို သုံးနိုင်စွမ်းပဲရှိတယ်၊ တကယ်တမ်း အသုံးချတတ်ဖို့က လေ့ကျင့်ယူရတယ်။ လူတိုင်းဟာ သင်္ချာကို တတ်မြောက်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် တကယ်တမ်းတတ်မြောက်အောင် လေ့ကျင့်ရတယ်။ များများတွက်ရတယ်ဆိုတာမျိုးကို သူကပြောချင်တာ။ တဘက်မှာ လူဟာမွေးကတည်းက သူ့အခေါ် passion ပဲရှိတယ်။ ကိုယ့်စိတ်ထဲကောင်းမယ် ထင်တာကို လိုချင်တာပဲသိတယ်။ ကျွန်တော်တို့ရဲ့  တီဗီဂိမ်းလုနေတဲ့ ခလေးတသိုက်ကို မျက်စိထဲပြန်မြင်ကြည့်ပေါ့။ state of nature မှာလူဟာ ဘယ်သူက ကိုယ့်ကိုလာရန်ရှာမလဲဆိုတာ တချိန်လုံး ကျီးလန့်စာစားနေနေရတယ်။ ဒီအခြေအနေမှာ နေရတာဆိုးလွန်းတဲ့အတွက် လူဟာဘယ်လိုအသိကိုရလာလဲဆိုတော့ And reason suggesteth convenient articles of peace, upon which men may be drawn to agreement. These articles … are called the Laws of Nature:

ဒီတော့ Hobbes ပြောချင်တာက လူတွေဟာ မငြိမ်းချမ်းတဲ့ ဘ၀ကို မလိုချင်တဲ့ အတွက်ကြောင့်သာ ငြိမ်းချမ်းရေးကို လိုချင်တာလို့ ပြောချင်တာပေါ့။ ကျွန်တော့ အထင်မှာ ဒီအမြင်ဟာ နည်းနည်း အောက်တယ်လို့ ထင်တယ်။ တမျိုးကြီးပဲ။ မငြိမ်းချမ်းတဲ့ ဘ၀ဟာ ငြိမ်းချမ်းရေးကို လိုချင်အောင် စေ့ဆော်မှုပေးနိုင်တာကို မငြင်းဘူး။ တဘက်မှာ ငြိမ်းချမ်းမှုကို သူ့ချည်းသက်သက် in itself လိုလားတာမျိုးရော မရှိနိုင်ဘူးလား။ နောက်တခါ Hobbes ရဲ့ reason ဟာ passion နှစ်ခုမှာ တခုခုကိုရွေးဖို့သက်သက်သာ အသုံးကျတဲ့ ပုံမျိုးဖြစ်နေတယ်။ စစ်အုပ်စုကို ဖော်လံဖားပြီး ရလာတဲ့အကျိုးအမြတ်တွေကို ခံစားရတဲ့passion နဲ့ သူတို့နဲ့မပေါင်းလို့ ချီးကြူးခံရမဲ့passion နှစ်ခုမှာ ဒုတိယတခုက ပိုကောင်းလို့ စစ်အုပ်စုနဲ့မပေါင်းတာလို့ Hobbes ကပြောနိုင်တယ်။ တကယ်တမ်းမှာ အကျိုးအမြတ်ဆိုတာတွေကို မကြည့်ဘဲ မတရားမှုကိုကျူးလွန်နေသူဘက်က မရပ်ရဘူးဆိုတဲ့ အသိနဲ့ မပေါင်းတာကို သူဘာလို့ ထည့်မစဉ်းစားလဲ။ လူရော၊ တိရိစ္ဆာန်မှာပါ passion ရှိတယ်။ လူက ကိုယ့်passion ကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတာ reason ကိုအသုံးချနိုင်တာပဲကွာတယ်လို့ Hobbes ရဲ့ အပြောဟာ ကျွန်တော့အထင်မှာတော့ တိမ်တယ်လို့ ထင်တယ်။ တနည်းအားဖြင့် လူ့ reason ဟာ passion နှစ်ခုမှာ တခုခုကိုပဲရွေးနိုင်တဲ့အဆင့်ထက်မကဘူးလို့ ထင်တယ်။ လူမှုရေး ဖောက်ပြန်မှုကပေးတဲ့ စိတ်ရမက်ထက် ပျော်ရွှင်စရာကောင်းနေတဲ့ အိမ်ထောင်လေး ပျက်ပြယ်သွားမှာကို ကြောက်လို့ ကိုယ့်ဇနီးခင်ပွန်းပေါ် သစ္စာရှိတာထက် ဒီလိုလူမှုရေး ဖောက်ပြန်တာဟာ မကောင်းဘူးဆိုတာကို လူ့reason က ဆင်ခြင်နိုင်စွမ်းရှိတယ်။ ဆိုတော့ sorry ပါ ကိုကိုHobbes ရေ။ I don’t buy your argument about reason being servant to passions only.

တဘက်မှာကျပြန်တော့လည်း Hobbes ဟာ reason ရဲ့ တွန်းအားကို ပိုတွက်လွန်းအားကြီးတယ်။ ဒါကို နောက်ပိုင်းမှာ တွေ့ကြရမယ်။ Hobbes ရဲ့  ဖီလော်ဆော်ဖီဟာ ကျွန်တော့အထင်မှာ သူ့ဟာနဲ့သူ ရှုပ်နေတယ်လို့ ထင်တယ်။ ရှေ့  နောက်မညီတာတွေ တွေ့ရတယ်။ ဒါတွေကိုတော့ နောက်ပိုင်းအခန်းတွေမှာ တွေ့ရမယ်။ ခုတော့ ဒီမှာဘဲ ခဏရပ်ပြီး state of nature ကနေ civil state ကို သူဘယ်လို ပြောင်းလဲဆိုတာကို နောက်အခန်းမှာကြည့်တာပေါ့။

ဝတုတ်

Discussion

6 thoughts on “Thoughts on Hobbes’ Leviathan 3

  1. ဒီ series ကို စောင့် ဖတ်နေပါတယ်။ “ဓမ္မဟာ descriptive ဖြစ်တယ်၊ prescriptive လည်းဖြစ်” တယ်ဆိုတဲ့ ဆိုတဲ့အချက်ကို သဘောကျပါတယ်။ ဓမ္မစကြာမှာ သစ္စဉာဏ်ဆိုတာ descriptive ဖြစ်ပြီး “သိရမယ့် ဓမ္မ, ပယ်ရမယ့် ဓမ္မ, ရရမယ့် ဓမ္မ, ပွားရမယ့် ဓမ္မ” လို့သိတဲ့ ကိစ္စဉာဏ်ကတော့ prescriptive ပါ။ ဒါကို ရဟန်းတော်တပါးက Alice in the wonder land ထဲက “drink me” လို့ label တပ်ထာတဲ့ ဆေးနဲ့ ဥပမာပေးတာကို ဖတ်ဖူးပါတယ်။

    Posted by ဧရာ | 16/09/2010, 17:46
    • ကျေးဇူးပါ ကိုဧရာ။ သင့်တော်တာတွေ့ရင် ၀င်ထောက်၊ ၀င်ဖြည့်သွားပေးပါ။

      w…

      Posted by zizawa | 17/09/2010, 00:18
  2. နောက်တခုက ဓမ္မကို reason နဲ့ နားလည်ရုံနဲ့ ဒီဓမ္မအတိုင်း နေအောင် တွန်းအားမပေးနိုင်ဘူး ဆိုရာမှာ စိန္တာမယဥာဏ်နဲ့ နားလည်ရုံသက်သက်ဆိုရင်တော့ လူတယောက်ဟာ ကိလေသာကင်းတဲ့လူဖြစ်မှာမဟုတ်ဖူး။ ဘာဝနာမယဥာဏ်ကသာ မလုပ်သင့်ဘူးလို့ သိထားတာကို တကယ်ရှောင်ကြဉ်ဖြစ်အောင် တွန်းအားအစစ်ပေးနိုင်မယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။

    Posted by watote | 17/09/2010, 00:32
  3. descriptive နဲ့ prescriptive ကို အခုမှ ခွဲခွဲခြားခြား သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စောင့်ဖတ်နေတဲ့ လူတွေထဲမှာ တို့လည်းပါတယ်။

    Posted by မိုးစက်ပွင့် | 26/09/2010, 04:25
  4.ွှThe Leviathan has many weakness, despite it is one of the greatest book for the formation of the sovereign State that abolish the divine authority. To be noted is that Thomas Hobbes used only the deductive reasoning, not inductive reasoning. One more important is the problem of political obligation. I have seen that you fuse the State and government. Hobbes classify between the State and government by using the word of ‘Artificial Man.’

    ကနေ့ထိ မရိုးနိုင်တဲ့ မေးခွန်းတခုက political obligation ကိုဘယ်လိုရအောင်လုပ်မလဲဆိုတဲ့ မေးခွန်းပဲ။ အလွယ်ပြောရရင် ဘာ့ကြောင့် အစိုးရလမ်းညွှန်တာကို လိုက်နာသင့်သလဲ။Or why should I obey state?

ွှအစိုးရလမ်းညွှန်တာ ဆိုတာ instructed by the government. That is not why we obey the State. The State posses sovereignty (unification sovereignty to which all political obligation constitutes). Then the government is only one characteristic of the State. So that plz, this case make many confusion in Myanmar politics as the political science is not freely allowed to discuss.

    Posted by talaenn | 21/12/2011, 14:54
  5. Thank you for your comment and correction. You are quite right. Leviathan is not a sovereign.
    Hobbes distinguished a natural person, whose words and actions are their own, from an artificial person, whose words and actions represent those of another man or thing. (e.g. a barrister is an artificial person when she represents a client in court.)
    It’s also possible for a natural person to authorise an artificial person to represent them, as when a defendant authorises a barrister to represent/defend their case.) So he wrote:
    ‘A person is he, whose words or actions are considered, either as his own, or as representing the words or actions of another man, or of any other thing to whom they are attributed, whether truly or by fiction.
    When they are considered as his own, then he is called a natural person. And when they are considered as representing the words or actions of another, then is he a feigned or artificial person.’ (Leviathan, ch.16)

    Furthermore, when a natural person authorizes an artificial person to represent them, the natural person sometimes ‘owns’ the actions that the artificial person performs on their behalf. (e.g. when the barrister says ‘My client pleads not guilty’ it’s as though the defendant is making the statement. The defendant ‘owns’ the action of pleading not guilty, even though they haven’t performed it themselves.)

    Of persons artificial, some have their words and actions owned by those whom they represent. And then the person is the actor; and he that owneth the words and actions is the author. In which case the actor acteth by authority.’ (Leviathan, Ch.16).

    f we now return to the political case, how can the people express their will? Hobbes says, by authorizing an agent to represent it.
    This brings us to the process of forming a political association. The group of individuals concerned have to agree to be represented by a particular agent, and to give that agent the power to act on its behalf.
    Hobbes proposes that Steps 1 and 2 are taken when individuals make a mutual agreement/covenant of the following kind.
    ‘I authorize and give up my right of governing myself, to this man, or to this assembly of men, on this condition, that thou give up they right to him, and authorize all his actions in like manner’ (Leviathan, ch. 17).

    In making this covenant a multitude of individuals turn themselves into a ‘real unitie.’
    A multitude of men are made one person when they are all by one man or one person represented.
    Through covenanting, two new persons are created.
    a) An artificial person who has authority to speak and act in the name of the people. This is the sovereign, i.e.
    One person, of whose acts a great multitude, by mutual covenants one with another, have made themselves every one the author.
    b) The person of the state. By authorizing the sovereign to act in their name and thus giving themselves a single will, the multitude unites itself into a person: the commonwealth or state.
    The state is represented by the sovereign, whose task is to ‘personate’ the fictional person of the state.

    This analysis paves the way for a new account of political power. Individual subjects , taken together, constitute a state. The state is distinct from the sovereign. The state is also distinct from the group of individuals over whom a sovereign rules at any particular time. (See Leviathan, ch. 18, ch. 20.)

    The state is in a way very weak – it can’t act for itself. But at the same time, by virtue of being represented by the sovereign, who holds all the power of all its individual members, it has tremendous power. Anything the sovereign does counts as its action; and the sovereign has been assigned the fullest possible powers to act for the common good. So the true possessor of sovereignty must be regarded as the state, and it is the state that makes the laws and enforces obedience.
    That commonwealth only prescribes and commandeth the observation of those rules which we call law’, so that ‘the name of the person commanding’ is the person of the state.

    Philosophically, then, that’s what a sovereign is: the natural person or persons whose actions represent the state – the whole body of the people.
    But in less philosophical terms, who occupies the role of sovereign? According to Hobbes there are various possibilities – a monarch, an assembly, the people, and so on. Political power can come in many forms and states can have many kinds of sovereign. The question of which is best is a question about what sort of sovereign can most effectively impose laws and make the other provisions necessary to uphold the common good. Hobbes prefers monarchy, but his theory allows for alternatives.
    At first glance, Hobbes’s sovereign is juridical and political power is, as Foucault describes it, top down. Formally speaking, all right has been transferred to the sovereign and there is nothing that individual subjects can do of their own accord. All their actions can in principle be determined by the sovereign via laws or other rules and conventions.
    Hence the commonly-expressed view that Hobbes licenses tyranny.
    But this conclusion needs to be handled with great care. The point of giving the sovereign power to make laws in any domain it sees fit is to ensure that it has enough power to uphold the common good. But there are also limits to sovereign power.
    a) There are lots of matters over which sovereigns do not legislate, and in these areas subjects remain free to do what they like. Subjects can can buy and sell, choose where to live, what trade to follow, how to bring up their children. ‘In the act of our submission consisteth both or obligation and our liberty.’ (Leviathan 148-50)
    b) There are some liberties or rights that individuals cannot transfer to the sovereign, and therefore do not alienate in the covenant (Leviathan ch.17.2, 15.1, 15.22).
    For example: you can’t hand over your right to self-defence. So subjects can resist wounds, chains and imprisonment (Leviathan ch. 14.), and can break the law to procure the necessities of life, e.g. a starving man can steal food (Leviathan ch. 27).

    Posted by watote | 25/12/2011, 00:13

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: