//
you're reading...
Philosophy, Politics

Thoughts on Hobbes’ Leviathan 4

ဒီအခန်းမှာတော့ ခုရေးခဲ့ပြီးသလောက် Hobbes ရဲ့ ယူဆချက်တွေကို နည်းနည်းပြန်ကောက်ကြည့်ရအောင်။

လူဟာ မွေးကတည်းက ကိုယ်ကောင်းတယ်ထင်တာကို လိုချင်တာပဲသိတယ်။ တကိုယ်ကောင်းဆန်တယ်။ Hobbes ကတော့ self-regarding ဆိုတဲ့စကားလုံးကို သုံးတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တယ်ဆိုပါတော့။ ကျွန်တော့အထင်မှာ ဒီအမြင်ကို မမှန်ဘူးလို့ ပြောရခက်တယ်။ ခလေးတွေကိုကြည့်။ သူတို့ဟာ တခြားလူအတွက် စဉ်းစားရကောင်းမှန်းမသိသေးဘူး။ ကိုယ်လိုချင်တာပဲသိကြတယ်။ တခြားလူအတွက် စဉ်းစားရမယ်ဆိုတာကို ဘ၀အခြေအနေအရ၊ ဒါမှမဟုတ်လူကြီးမိဘက သွန်သင်မှ သိကြရတယ်။ တခါ state of nature မှာ လူဟာ တယောက်နဲ့တယောက် ရန်စောင်နေတယ်။ war of every man against every other man လို့သူကပြောတယ်။ ဒါလည်းဖြစ်နိုင်တာပဲ။ နောက်သူက လူမှာ reason ရှိတယ်။ ဒါပေမယ့် အဲဒိ reason ဟာ မွေးကတည်းက ပြီးပြည့်စုံတဲ့ reason တော့မဟုတ်ဖူး။ အခန်း ၅ မှာ သူရေးထားပုံက …it appears that reason is not … gotten by experience only, … but attained by industry. တနည်းအားဖြင့်reasoning ဆိုတာ အားထုတ်ယူရတဲ့အတတ်လို့ သူကပြောတယ်။ အဲဒိမှာ နည်းနည်းလေးပြောစရာရှိတယ်။

state of nature မှာလူဟာ passion ပဲရှိတယ်။ အဲဒိpassion ထဲမှာ ကိုယ့်အသက်တချောင်းကို မပျောက်မပျက်အောင် စောင့်ရှောက်လိုတဲ့passion ဟာ အကြီးဆုံးပဲလို့ Hobbes ကပြောတယ်။ ဒါအငြင်းပွားစရာမရှိဘူး။ ဒါပေမယ့် အစမှာ reason ကိုကောင်းကောင်း အသုံးမချ တတ်တဲ့ state of nature က uncultured, uneducated ဖြစ်တဲ့လူဟာ passion သက်သက်ပဲရှိနေရာကနေ reason ကို ဘယ်လိုအသုံချတတ်သွားလဲဆိုတာ သိပ်မရှင်းဘူး။ နောက် Hobbes က reason ဟာpassion တွေတန်းစီပြီး ယှဉ်လိုက်ရင် အကြီးဆုံး passion ကိုရွေးနိုင်ရုံသာ ရှိတယ်ဆိုတဲ့ အမြင်ဟာလည်း နည်းနည်းတိမ်တယ်လို့ ထင်တယ်။

ဘာပဲဖြစ်ဖြစ် အားနည်းချက်တွေကို အသာထားပြီး ဆက်ကြည့်ရင် Hobbes က reason ကနေလူဟာ laws of nature တွေကိုရှာတွေ့တယ်။ Hobbes ရဲ့ laws of nature စုစုပေါင်း အခုနှစ်ဆယ်လောက်ရှိတယ်။ အခန်း ၁၄၊ ၁၅ နဲ့ ၁၇ မှာ ဒီ laws တွေဘာတွေဆိုတာကို သူရှင်းပြသွားတယ်။ ပထမဆုံးနဲ့ အရေးကြီးဆုံးက

every man ought to endeavour peace, as far as he has hope of obtaining it; and when he cannot obtain it, that he may seek, and use, all helps, and advantages of war.

ဒီတော့လူဟာ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲ။ အဲဒိမှာ သူရဲ့ second law ကိုပြောတယ်။ … to defend ourselves တဲ့။ လူဟာ တယောက်ထဲနဲ့ ကျန်တဲ့လူအားလုံးကို ယှဉ်ဖိုက်လို့မရဘူး။ မရတော့ အိုကေ မင်းလည်းငါ့ကို ရန်မရှာနဲ့၊ ငါလည်း မင်းကိုရန်မရှာဘူး၊ မင်းလည်း မင်းလက်ထဲကဓားကိုချ၊ ငါလည်းချမယ်၊ သဘောတူလား။ အဲ့သလို သဘောတူရင် ကိုယ့်ကို ကိုယ်ပြန်ကာကွယ်ရာရောက်သွားပြီလို့ Hobbes ကပြောတယ်။ တနည်းအားဖြင့် သူရဲ့ ပထမ law ဟာ အခြေခံဆိုရင် ဒုတိယ law ကတော့ ပထမ law ရဲ့ ကော်ရော်လာရီလို့ ပြောလို့ရမလားမသိဘူး။

ဒီနေရာမှာ သူ့ရဲ့ ought to ဆိုတာဟာ prescriptive ဖြစ်တဲ့အဓိပ္ပါယ်ကိုပြောတာ။ ဗုဒ္ဓဘာသာက ဓမ္မ ဆိုတာနဲ့ ဆင်တူတယ်။ လူတိုင်းမှာ ဒါကိုလိုက်နာဖို့ တာဝန်ပေးမထားဖူး။ ကိုယ့်အကျိုးစီးပွားကို ရှေးရှုပြီး ဒါကို လိုက်နာသင့်တယ်ဆိုတာ သိရတယ်။ ဘုရားပွင့်ပွင့်မပွင့်ပွင့်၊ ထာဝရဘုရားသခင် God က ပေးပေးမပေးပေး၊ ဒီ law တွေဟာ မှန်တယ်ဆိုတာ သိနိုင်တယ်။ ဒါပေမယ့် ဒီ laws တွေဟာ state of nature မှာ moral laws တနည်းအားဖြင့် obligatory laws တွေမဟုတ်သေးဖူး။ ဒီ laws တွေဟာ civil state ထဲရောက်မှ obligatory ဖြစ်လာတယ်၊ moral law တွေဖြစ်လာတယ်လို့ Hobbes ကပြောချင်တယ်။ တနည်းအားဖြင့် justice တရားတယ်၊ မတရားဘူးဆိုတာ civil state ထဲရောက်မှ၊ common power အောက်မှာမှ အဓိပ္ပါယ်ရှိတယ်လို့ Hobbes ကပြောတယ်။ အဲဒိ common power ကို Hobbes က reason တခုထဲနဲ့ ရောက်အောင်တွန်းသွားတယ်။ (နောက်ပိုင်း David Hume ရောက်ရင် reason ကို တမျိုးအဓိပ္ပါယ်ဖွင့်တာတွေ့ရမယ်။)

Hobbes ဟာတဘက်မှာ (ပြီးခဲ့တဲ့ အခန်းမှာ ပြောခဲ့သလို reason ကို greater passions ကိုရွေးနိုင်ရုံသာ သဘောထားခဲ့သလို တဘက်မှာကျပြန်တော့လည်း လူဟာpassion တခုခုကို ရွေးပြီးရင် reason ကအဲဒိpassion ကို မပျောက်ပျက်အောင် စောင့်ထိန်းနိုင်အောင် လုံလောက်တဲ့ တွန်းအားရှိတယ်လို့ ပိုတွက်ပြန်တယ်။ အရှေ့  အလယ်ပိုင်းနိုင်ငံတွေမှာ အိမ်ထောင်ရှိမိန်းမတယောက်နဲ့ ဖောက်ပြန်ရင် နှစ်ယောက်စလုံး ခေါင်းပြတ်ရင်ပြတ်၊ မဟုတ်ရင် ခဲနဲ့မသေမချင်း ထုသတ်ခံရမှာ။ ဒါကို သိသိနဲ့ အဲဒိနိုင်ငံတွေမှာ ခိုးစားတဲ့သစ်သီး ဇာတ်လမ်းတွေ ဟိုးကတည်းကရှိနေ၊ ခုလည်းရှိနေ၊ နောင်လည်း ရှိနေနိုင်တာပဲ။

အလားတူstate of nature ကလူရဲ့ reason ကရော common power တခုတည်ဆောက်နိုင်လောက်အောင် ဘယ်လောက်အားကောင်းနိုင်မှာမို့လဲ။  နောက်တခါjustice နဲ့ဆိုင်တဲ့ စဉ်းစားချက်မှာလည်း Hobbes ရဲ့ arguments တွေဟာ လက်ခံရခက်တယ်။ common power မရှိတဲ့state of nature မှာလူဟာ ဘာလုပ်လုပ် တရားတယ်၊ မတရားဘူး ပြောလို့မရဘူးလို့ သူကပြောတယ်။ ဒီတော့ သူဘာ့ကြောင့် အဲ့လို ပြောလဲဆိုတာ နည်းနည်းလောက်ကြည့်ရအောင်။

သူ့ရဲ့ second law အရ လူဟာ ကိုယ့်ကို ကိုယ်ကာကွယ်ဖို့ သူများနဲ့ ရန်မဖြစ်ကြေး ကတိခံရမယ်။ လူတိုင်းလူတိုင်းမှာ ဘာမဆိုလုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ကတိပြုကြတဲ့အခါ လူတိုင်းလူတိုင်းက ကိုယ့်လုပ်ပိုင်ခွင့်တချို့ ကို စွန့်လွှတ်ရမယ်။ အဲဒိလို ကိုယ့်အခွင့်အရေး တချို့ ကို စွန့်လွှတ်ပါ့မယ်လို့ ကတိခံတာကို covenants လုပ်တယ်လို့ဆိုတယ်။ ဒါပေမယ့် ကတိခံရုံခံပြီး အဲဒိကတိကို စောင့်ထိန်းတဲ့အပိုင်း၊ စောင့်ကြည့်တဲ့ အပိုင်းကိုကျတော့ ဘယ်သူ့ကိုတာဝန်ပေးမလဲ။ ကိုယ်နဲ့ ကတိခံထားတဲ့လူကို ကတိစောင့်ထိန်းဖို့ တာဝန်ပေးတာ မဖြစ်နိုင်ဘူးလို့ Hobbes ကပြောတယ်။  

And therefore, to promise that which is known to be impossible, is no covenant. 

ကတိသက်သက်ဟာ စကားလုံးပဲရှိတယ်။ တဘက်မှာ လူဟာ ကတိဖောက်လို့ ကြီးလေးတဲ့ အပြစ်ဒဏ်ခံရမယ်ဆိုတာကို သဘောပေါက်ရင် ကတိဖောက်ရဲမှာ မဟုတ်ဖူး။ လူတိုင်းလူတိုင်းကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးနိုင်တာ၊ ဒါမှမဟုတ် ပေးမယ်လို့ ချိမ်းခြောက်နိုင်တာ common power ပဲရှိတယ်။ common power ကို ဘယ်လိုဆောက်မလဲဆိုတော့ (နောက်ပိုင်း နည်းနည်းထပ်အသေးစိတ်ရေးမယ်။) 

to confer all (every man) power and strength upon one man, of upon on assembly of men, that may reduce all their wills, by plurality of voices, unto one will: 

ဒီတော့ လူတိုင်းလူတိုင်းက ကိုယ့်အခွင့်အရေးတွေကို sovereign power တခုကို အပ်နှင်းလိုက်ပြီဆိုရင် ဒါကို ကိုယ့်သဘောနဲ့ ကိုယ်ပြန်ယူတာဟာ injury ဒါမှမဟုတ် injustice ဖြစ်တယ်လို့ Hobbes ကပြောတယ်။ လူတဦးနဲ့တဦး ရိုးရိုးနှုတ်ကတိကို မတည်တာ injustice မဖြစ်ဖူး။ sovereign power အောက်မှာ မတည်တာကမှ injustice မြောက်တယ်လို့ Hobbes ကဆိုလိုတယ်။

Hobbes ရဲ့ sovereign power ဆိုတာ သူ့စာအုပ် နိဒါန်းမှာ ရေးခဲ့သလိုပဲ artifice။ တနည်းအားဖြင့် သဘာဝမှာ မရှိဘူး။ လူတွေက သူတို့အတတ်နဲ့ ဖွဲ့ထားတာ။ အဲဒိက justice တနည်း artificial justice ကိုမှ သူက justice လို့ပြောတာ နည်းလမ်းမကျဘူး ထင်တယ်။ ဥပမာ တရားဥပဒေရှေ့ မှောက်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရမှ မတရားမှု မြောက်သလား။ ကျွန်တော့အထင်မှာ Hobbes ဟာ guiltless ဆိုတဲ့စကားလုံးနဲ့ justice ဆိုတာကို ရောနေတယ်လို့ ထင်တယ်။ guiltless ဖြစ်တိုင်း just ဖြစ်တယ်လို့ အဓိပ္ပါယ် မထွက်ဖူး။ နောက်တခါ ကိုယ်က ကိုယ့်လက်သီးဆုပ်ကို ဖြေမယ်လို့ sovereign power ကို ကတိပေးပြီး မတည်တာကို injustice လို့ဆိုရင် ဒီကတိကိုပဲ တခြားလူတယောက်ကို ပေးထားတာကို မတည်တာက ဘာ့ကြောင့် injustice မဖြစ်ရတာလဲ။ ကတိကို တည်အောင် စောင့်ထိန်းနိုင်မယ်၊ မစောင့်ထိန်းနိုင်ဘူးဆိုတာ အာမမခံနိုင်တဲ့လူက ကိုယ့်ကို ကတိတခုပေးတယ်ဆိုပါစို့။ အလွယ်ပြောရရင် ပိုက်ဆံချေးတဲ့ ကိစ္စဆိုပါစို့။ ကိုယ့်ဆီက ပိုက်ဆံချေးပြီး ပြန်မပေးဘူးဆိုကတည်းက ဒါမတရားမှုမြောက်နေပြီ။ Hobbes ကလည်း ဒါကို သဘောပေါက်ပုံရတယ်။ ဒါပေမယ့် ဒါကို မတရားမှုလို့ သတ်မှတ်နိုင်ဖို့ တခြား artificial common power တခုကို ရည်ညွှန်းမှ ရမယ်ဆိုတဲ့ argument ဟာ မခိုင်ဘူးလို့ ထင်တယ်။ တနည်းအားဖြင့် တည်နိုင်စရာမရှိတဲ့ လူဆီက ကတိကိုယူပြီး သူကတိမတည်တာကို မတရားဘူးပြောတာ အဓိပ္ပါယ်မရှိဘူးလို့ Hobbes ကပြောချင်ပုံရတယ်။ အဲ့လိုဆိုရင်တော့ လဲသေလိုက် ကိုကို Hobbes ရေ … ခင်ဗျားက artificial justice ကိုမှ justice လို့သဘောထားတယ်။ natural justice ကို ထည့်မစဉ်းစားဘူး။ ဒီတော့ ဒီနေရာမှာ ခင်ဗျားနဲ့ ကျွန်တော် သဘောတူလို့မရပါဘူးခင်ဗျာ။

သူ့ဘက်ကနေ ပြန်ပြောလို့ရနိုင်တာ တခုတော့ ရှိတယ်။ Hobbes က justice ဆိုတာ covenant ရှိမှသာ ဖြစ်နိုင်တယ်လို့ပြောတာဖြစ်တယ်။

For where no covenant hath preceded, there hath no right been transferred, and every man has right to every thing; and consequently, no action can be unjust. But when a covenant is made, then to break it is unjust: and the definition of INJUSTICE, is no other than the not performance of covenant. And whatsoever is not unjust, is just.

 နောက်ပြီးတော့ 

… before the names of just, and unjust can have place, there must be some coercive power, to compel men equally to the performance of their covenants,

တွေ့တဲ့အတိုင်းပဲ။ ကတိကို စောင့်ထိန်းအောင် တွန်းအားပေးနိုင်တဲ့ အင်အားတခုမရှိရင် တရားတယ်၊ မတရားဘူးဆိုတာတွေ လာမပြောနဲ့တဲ့။ ဒါပေမယ့် ဟိုးရှေးရှေးကတည်းက sovereign power ဆိုပြီး (ခိုင်ခိုင်မာမာ) မရှိခင်ကတည်းက ကမ္ဘာမှာ ပေါ်ခဲ့သမျှ လူ့အဖွဲ့အစည်းတိုင်းမှာ justice နဲ့ ပတ်သက်တဲ့ အယူအဆရှိနေတာပဲ မဟုတ်လား။ သူ့ကြည့်ရတာ traditional law တွေ၊ customary law တွေကို နေရာပေးချင်ပုံမရဘူး။ 

အစကတော့ ဒီအခန်းမှာ Hobbes က sovereign power ကို သူ့ရဲ့ assumptions တွေ၊ laws တွေကနေ ဘယ်လိုတည်ဆောက်မလဲဆိုတာ ပြောမလို့ဘဲ။ ဒါပေမယ့် အရင်ပြောပြီးသားတွေကို ပိုရှင်းအောင်ဆိုပြီး ပြန်ကောက်လိုက်တာ တော်တော်အရှိန်လွန်သွားတယ်။ ဒီတော့ နောက်တခန်းမှဘဲ sovereign power ကို သူဘယ်လို arguments တွေနဲ့ တည်ဆောက်သလဲဆိုတာ ဆက်တော့မယ်။ အဲ ပြောခဲ့သလို ဒီအခန်းက အရင်အခန်းတွေက အချက်တွေကို အစာပြန်ချေကြည့်တာပဲ။ ဒါပေမယ့် ခုအခန်းကိုဖတ်ပြီးမှ ပိုတောင်အစာမကြေဖြစ်ရင် ကိုကို Hobbes ကိုသာ အပြစ်တင်ပေရော့။😀 ဒင်းကိုရှင်းအောင်ရေးဖို့ကိုက ခက်တာ။

ဝတုတ်

Discussion

4 thoughts on “Thoughts on Hobbes’ Leviathan 4

  1. Sovereign power နဲ့ ပတ်သက်တဲ့ အခန်းကို စောင့်နေပါတယ် ကိုဝတုတ်ရေ။ ရေးတဲ့လူ ရေးအားရှိအောင် လာ အားပေးတာ။ စောင့်ဖတ်နေတဲ့ ပရိသတ် ရှိပါကြောင်း…

    ကိုဝတုတ်ပြောသလိုပဲ Hobbes ရဲ့ reason ကို အဓိပ္ပာယ်ဖွင့်ပုံက တစ်မျိုးပဲနော။ သိပ် မပြည့်စုံ၊ ဒါမှမဟုတ် သိပ် မတိကျဘူး လို့ ခံစားရတယ်။ (ကျွန်တော် ဒီဘလော့မှာ ဖတ်မိသလောက်ပေါ့။)

    ဖီလော်ဆော်ဖီကို တစ်တန်းတော့ ယူခဲ့ဖူးတယ်၊ ဒါပေမယ့် သူ့အရသာနဲ့ သဘောကို သိပ် မအုပ်မိခဲ့ဘူး။ ယူခဲ့တဲ့ အတန်းက နယ်ကျဉ်းကျဉ်းလေးထဲမှာပဲ အာရုံစူးစိုက် (focus) လုပ်ပြီး စဉ်းစားတာဆိုတော့ အားလုံးကို ခြုံပြီး (big picture) သိပ် မမြင်ခဲ့ဘူး။ ကိုဝတုတ်ရေးမှပဲ သူ့အရသာနဲ့ သဘောကို နည်းနည်း ပိုပြီး ခံစားတတ်လာတယ်။ ကျေးဇူးဗျို့…

    Posted by ပိုင် (Pi) | 21/09/2010, 19:26
    • စောင့်ဖတ်နေတယ်ဆိုတာ အသိပေးတာ ကျေးဇူးပါဆြာပိုင်ရေ။ Sovereign power နဲ့ ပတ်သက်လို့ youtube မှာ political philosophy series တခုတွေ့တယ်။ အလွတ်လေ့လာချင်သူတွေအတွက် အရမ်းကောင်းမယ်ထင်တယ်ဗျ။ Hobbes ရဲ့ sovereign power နဲ့ဆိုင်တဲ့ အခန်းကတော့

      ကျွန်တော်ရေးထားတာတွေကို ပြန်ဖတ်ကြည့်တော့ သိပ်အားမရဘူးဗျာ။ စာအုပ်ထဲကစာပုံစံနဲ့ မတူဘဲ extended notes တွေလိုဖြစ်နေတယ်။ ခုရေးထားပြီးသလောက် မက်ခီယာဗယ်လီရော၊ သူ့ကိုရော ဖြည့်စွက်စရာရှိတာဖြည့်ပြီး ပြန်ရေးဦးမယ်။

      Posted by zizawa | 22/09/2010, 09:36
  2. ဆရာဝတုတ်ရေ၊
    ကွန်မန့်လာပေးတာမဟုတ်လို့ အားတော့နာတယ်ဗျာ၊ ကျနော့်ဘလော့မှာ ဆရာတင့်တစ်ယောက် ပျောက်နေရာက အောက်ကလင့်လာပေးပြီး အချွန်နဲ့မသဗျ http://simpleviewsonmyland.blogspot.com/2010/09/blog-post_22.html#comments ။ ခုလည်း ကျနော့်ဘလော့ထဲမှာ ပွားရအောင်ရောက်ရောက်လာလို့ ဆရာများ ပြန်ငြင်း.. အဲ.. ပြန်ရှင်းချင်တာလေးတွေရှိမလားလို့ လာဖိတ်တာပါဗျာ။

    ဒါ့ပြင် နောက်တစ်ဦးကလည်း အောက်ကလင့်နဲ့ လာချွန်သွားလို့ ဆရာများ စိတ်ဝင်စားမလားလို့
    http://drlunswe.blogspot.com/2010/09/blog-post_8819.html

    Posted by မန်းကိုကို | 26/09/2010, 10:56

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: