//
archives

Archive for

ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် ၎

သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ တိုကျိုရောက်တော့ ဂျပန်က သူတို့ကို မေးခွန်းတွေ မေးတယ်။[1]ကွန်မြူနစ်လား၊ တရုတ်ပေါ်ဘယ်လို သဘောထားလဲစသဖြင့် မေးခွန်းတွေ မေးတယ်။ အဲဒိမှာ ဗမာ့လွတ်လပ်ရေးအတွက် ဘယ်သူ့ အကူအညီယူရယူရ ဆိုတဲ့ အဖြေကလွဲပြီး ကျန်တာတွေကို ဂျပန်က သိပ်စိတ်တိုင်းမကျဘူးလို့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးတဲ့ ‘လွတ်လပ်ရေး ကြိုးပမ်းမှု’ ဆိုတဲ့ စာအုပ်မှာပြောထားတယ်။ သခင်အောင်ဆန်း တိုကျိုမှာ ရှိတုံးမှာ ‘the Blue Print for a Free Burma’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်က ဗမာ့ လွတ်လပ်ရေးအတွက် သူ့ရဲ့ ’လမ်းစဉ်’ ကို ရေးဆွဲတယ်ဆိုတယ်။[2]အောက်က footnote မှာရေးခဲ့သလို ဒီထဲက အချက်တွေဘယ်လောက် မှန်မှန် မမှန်မှန် တိုကျိုရောက်ပြီး လပိုင်းအကြာ ၁၉၄၁ ဖေဖော်ဝါရီလထဲမှာ ဗမာပြည် … Continue reading

ဒုတိယကမ္ဘာစစ်နဲ့ ဗမာပြည် ၃

ဒို့ဗမာအစည်းအရုံးဝင်တွေကို အစမှာ လူတွေက ‘သခင်ပေါက်စ ထောင်ခြောက်လ’ လို့ လှောင်ကြတယ်။ သမီးရှင်တွေကလည်း မီးဒုတ် မီးဒုတ် ရှို့ ရှို့ အော်ပြီး ပုလိပ်နဲ့ နေရာတကာ လိုက်ရန်ဖြစ်သူတွေနဲ့ ICS ဖြစ်မဲ့လူ၊ အရေးပိုင် ဖြစ်မယ့်လူဆို ဒုတိယလူကိုပဲ သားမက်တော်ချင်ကြမှာပဲ။ (again ခြွင်းချက်တွေ ရှိနိုင်ပါတယ်။) ဗမာပြည်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ တော်တော့်ကိုကျေးဇူးတင်မခံရတဲ့ အလုပ်ပဲ။ ဘယ်သူကမှလည်း ကိုယ့်ကို အတင်းလုပ်ခိုင်းတာမဟုတ်၊ ကိုယ့်ဟာကိုယ် မနေနိုင်လို့လုပ်ကြတယ်၊ ပြီးတော့ ထောင်ကျ တန်းကျနဲ့ ကိုယ့်မိသားစုပေါ်လည်း တာဝန်ကျေချင်မှ ကျေနိုင်မယ်။ သံတိုင်တွေနောက်မှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အများကြီး ပေးဆပ်ပြီး ကိုယ်မျှော်မှန်းတာတွေလည်း ဖြစ်ချင်မှဖြစ်လာမယ်။ စီးပွားတွက် တွက်တတ်တဲ့သူအတွက်က နိုင်ငံရေးဟာ ရှောင်ချင်စရာပဲ။ ကိုယ်ရလာမဲ့ reward အကျိုးအမြတ်နဲ့ … Continue reading

‘ဖင်ယားမှု’ ကို သရုပ်ခွဲကြည့်ခြင်း

ဖင်ယားတယ်ဆိုတဲ့ စကားကို စာဖတ်သူတို့ ကိုယ်တိုင် တချိန်မဟုတ် တချိန်သုံးဖူးကြမယ်၊ ဒါမှမဟုတ် သူများသုံးတာ ကြားဖူးကြမယ်မှတ်ပါတယ်။ ဖင်ယားမှုနဲ့  ထောင်ကျတယ်၊ ဖင်သွား(လာ)ယားတယ်၊ ဖင်ယားမှု အာမခံမရဘူး၊ ဖင်သွား(လာ)မယားနဲ့  စသဖြင့် တချိန်မဟုတ် တချိန် ပြောတတ်ကြတယ်။ ခုတွေ့ ခဲ့ရတဲ့ အသုံးအနှုံးတွေအပြင် တခြား မသိသေးတဲ့ အသုံးအနှုံးတွေလည်း ရှိနိုင်ပါတယ်။ 

GIRI Relief Fund

A local charity called Link Emergency Aid & Development is now accepting donations for the GIRI survivors. LEAD team will be distributing emergency supplies to the survivors in the worst-hit areas. To donate via paypal, click donate on http://www.lead-ngo.org.  To send funds to a UK or a Singapore bank account, pls contact donations@lead-ngo.org To donate … Continue reading

Reflections on Descartes 1

Good sense is, of all things among men, the most equally distributed တဲ့။ Discourses on Method ပထမဆုံးအခန်းကို Descartes က ပြောခဲ့တဲ့ စာကြောင်းနဲ့ စဖွင့်တယ်။ http://books.google.com/books?id=XnX3xsR_cvcC&printsec=frontcover&dq=descartes+discourse+on+method&hl=en&ei=LHLBTIvOBoiCOr-xsaUM&sa=X&oi=book_result&ct=result&resnum=1&ved=0CCwQ6AEwAA#v=onepage&q&f=false Descartes နဲ့ ပတ်သက်ရင် Discourses on Method ရယ်၊ Meditations on the First Philosophy ရယ်၊ Principles of Philosophy ရယ် သုံးအုပ်ဟာ သူ့ ဖီလော်ဆော်ဖီကို နားလည်ဖို့ရာ ဖတ်သင့်ဆုံးစာအုပ်တွေလို ဆိုကြတယ်။ ကံကောင်းထောက်မစွာပဲ Meditations ကိုလည်း အွန်လိုင်းမှာ ဖတ်လို့ရတယ်။ http://books.google.com/books?id=t4r9iLV2ZXYC&printsec=frontcover&dq=descartes+meditations+on+first+philosophy&hl=en&ei=C3XBTLWaB8qfOsTHwcoL&sa=X&oi=book_result&ct=result&resnum=2&ved=0CDIQ6AEwAQ#v=onepage&q&f=false (Meditations ကို လက်တင်ကနေ … Continue reading

Crito 6 (final part)

Socrates: ‘သူတို့က ဘယ်လိုပြောနိုင်လဲဆိုတော့ “Socrates သင်နဲ့ဒို့ကြားက သဘောတူညီချက်ကို ဒို့ဘက်က အတင်းအကြပ် သဘောတူခိုင်းတာလည်း မဟုတ်ဖူး၊ နောက်ပီးတော့ တိုတောင်းတဲ့ကာလအတွင်းမှာ သင့်ကို ဒို့နဲ့ သဘောတူညီချက်ချုပ်ဆိုဖို့ အတင်းကောက်ကာငင်ကာ ဆုံးဖြတ်ခိုင်းခဲ့တာလည်း မဟုတ်ဖူး။ စဉ်းစားဖို့ နှစ်ခုနှစ်ဆယ်ကျော် အချိန်ရခဲ့တဲ့ ဒီသဘောတူညီချက်ကို သင်ချိုးဖောက်တော့မှာလား Socrates။ အဲဒိ နှစ်ခုနှစ်ဆယ်ကျော်အတွင်းမှာ ဒို့ကို သင်စိတ်တိုင်းမကျရင်၊ ဒါမှမဟုတ် သင်နဲ့ဒို့ကြားက သဘောတူညီချက်ကို မတရားဘူးလို့ ယူဆရင် သင်ဟာ တခြားကို ထွက်သွားချင် ထွက်သွားလို့ရတယ်။ Lakedaimonia နဲ့ Crete နှစ်ခုစလုံးမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုရှိတယ်လို့ သင်ပြောဖူးတယ်။ အဲဒိနှစ်ခုထဲက တခုခုကို သင်သွားလို့ရတာပဲ။ ဒါမှမဟုတ်လည်း ဒေသတွင်းက တခြားမြို့ ပြနိုင်ငံ တခုခုကို သင်သွားလို့ရတာပဲ။ မျက်မမြင်၊ မသန်မစွမ်းဖြစ်နေတဲလူတွေ၊ ငတုံးငအတွေ … Continue reading

Socrates, a hero of our time

Crito ကို ဘာသာပြန်နေတုန်း ဒီနေ့ သတင်းစာမှာ သူ့အကြောင်း ပါလာတယ်။ စိတ်ဝင်စားသူများအတွက် ရှဲလိုက်ပါတယ်။ Quote: ‘For Socrates, the pursuit of knowledge was as essential as the air we breathe.’ http://www.guardian.co.uk/books/2010/oct/17/socrates-philosopher-man-for-our-times w…

ဗမာပြည်ပေါက် ပြုတ်မနူးများ ဖတ်ရန်

Li Xiaobo ဟာအင်မတန်မှ လေးစားဖို့ ကောင်းတဲ့လူ။ ဒါဟာ သူနိုဘယ်ဆုရလို့၊ ရမှ ပြောတဲ့စကား မဟုတ်ဖူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်ပြည်မှာ လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်သူတွေရဲ့ ဘ၀ဟာ ကျွန်တော်တို့ဆီက မင်းကိုနိုင်တို့လို သူရဲကောင်းတွေထက် အများကြီး ပိုသွေးပျက်စရာကောင်းတဲ့ အခြေအနေရှိတယ်။ ဗမာပြည်မှာ စစ်အုပ်စု ယုတ်မာရက်စက်တာ၊ တကိုယ်ကောင်းဆန်တာ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ထားနဲ့ လုပ်နေတာတွေက သိပ်ထင်ရှားတော့ ရိုးရိုးသားသားနဲ့ ကြည့်မြင်တတ်တဲ့သူတယောက်အတွက် (ဘိုလိုဆိုရင် observant ဖြစ်တယ်လို့ ပြောမလား) က စစ်အုပ်စုဟာ အဖြူလား၊ အမဲလား သဲကွဲတယ်။ ဒီတော့ ဗမာပြည်မှာ စစ်အုပ်စု လက်အောက်က လွတ်မြောက်ဖို့ ဘုရားအလောင်း စိတ်ဓာတ်မျိုးနဲ့ ထောင်မကြောက်၊ တန်းမကြောက် တိုက်ပွဲဝင်နေသူတွေကို morally conscientious ဖြစ်တဲ့လူ … Continue reading

Crito 5

ဒီမေးခွန်းနဲ့ အလားတူ မေးခွန်းတွေကို မင်းဘယ်လိုဖြေမလဲ Crito။ ဘာလို့ဆိုတော့ အချုပ်အခြာအာဏာပိုင်အဖြစ်နဲ့ ငါ့ကို သေဒဏ်ချမှတ်လိုက်တဲ့၊ ဒို့ချိုးဖောက်တော့မဲ့ ဥပဒေတွေကိုယ်စား တခြားလူတွေက ဒါမှမဟုတ် orator တယောက်ယောက်က (ကနေ့ခေတ် သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ်မျိုးနဲ့ ခပ်ဆင်ဆင်လို့ ပြောရမလားမသိ။ နောက်တခါ Socrates က laws အထူးသဖြင့် အေသင်ရဲ့  law တွေကို သူက personify လုပ်ထားတာ၊ လူပုဂ္ဂိုလ်အသွင် ဖော်ပြထားတာကို သတိပြုပါ။) ဒိထက်မကတောင် မေးလာ၊ ပြောလာနိုင်တယ်။ အဲ့သလိုပြောလာရင် ‘မြို့ ပြအုပ်ချုပ်ရေး အာဏာပိုင်တွေကThe city က ဒို့ကို မတရား ဆက်ဆံတယ်။ အမှုကို သေသေချာချာ မစစ်ဆေးဘူး’ လို့ ဒို့တွေ ပြန်ပြောမလား။’ Crito: … Continue reading

ကျကျနနရေးထားတဲ့ ဖီလော်ဆော်ဖီ အကြောင်း

Crito ကပြီးဖို့ နှစ်ခန်းလောက်ပဲ လိုတော့တယ်။ အဲဒိနှစ်ခန်းမှာ Socrates က သူ့ကိုသတ်ဖို့ ဖမ်းချုပ်ထားတာဟာ မတရားဘူးဆိုတာ သိလျက်နဲ့ ဘာ့ကြောင့်ထွက်မပြေးသလဲဆိုတာကို ကျိုးကြောင်းပြထားတယ်။ ဒီတော့ ဒီနှစ်ခန်းဟာ (၅၀ နောက်ပိုင်းကနေ အဆုံးထိ) တအုပ်လုံးမှာ အရေးကြီးဆုံးအခန်းတွေပဲ။ ဒီအခန်းနှစ်ခန်းကို မဆက်ခင် ခုရေးခဲ့ပြီးသလောက်မှာ အင်မတန်မှ အရေးကြီးတယ်လို့ထင်တဲ့၊ သေချာ စဉ်းစားသင့်တယ်ထင်တာ တခုရှိတယ်။ အဲဒါ ဘာလဲဆိုတာ ခုအခန်းမှာ ကြည့်ရအောင်။   သိတဲ့အတိုင်းပဲ၊ Socrates ကို အေသင်အာဏာပိုင်တွေက သေဒဏ်ပေးတာကို Socrates ကိုယ်တိုင်က မတရားလုပ်တာလို့ လက်ခံတယ်။ ဒါပေမယ့် ဘယ်တော့မှ မတရားမလုပ်သင့်ဘူးဆိုတာကို လက်ခံရင် ကိုယ့်ကိုမတရားလုပ်ရင်တောင် မတရားပြန်မလုပ်သင့်ဘူးလို့ Socrates ကပြောထားပြီးသား။Now my question is: Do you … Continue reading

Blog Stats

  • 90,038 hits