//
you're reading...
Book Review
ဘွတ်ရီဗျူး When a billion Chinese jump by Johanathan Watts
Jared Diamond ရဲ့ How Societies Choose to Fail or Survive ဆိုတဲ့ စာအုပ်အကြောင်း ၀က်ဆိုက်တခုမှာ ပြောနေတုန်း ဒီမနက် FT ထဲမှာ ခုအပေါ်က နံမယ်နဲ့ စာအုပ် အညွှန်းကို တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ ကနေ့ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင် ရေးရာတွေကို စိတ်ဝင်စားသူများ စိတ်ဝင်စားမယ်အထင်နဲ့ ဒီစာအုပ်အညွှန်းကို အသိပေးလိုက်ပါတယ်။ ဒီစာအုပ်ကို မဖတ်ရသေးဘူးဆိုတာ အရင် ၀န်ခံထားပါရစေ။ FT က review ကို သူ့အတိုင်းတင်ပေးဖို့ကလည်း မဖြစ်နိုင်တာတကြောင်း၊ ကိုယ့်ဟာကိုယ် ထပ်ဆင့်ရွှီးချင်တကာ တကြောင်း စတဲ့အကြောင်းတွေကြောင့် .. ဒီရီဗျူးကိုပဲ ထပ်ဆင့်ဝေငှလိုက်ပါတယ်။
ငယ်ငယ်တုန်းက ကျွန်တော့ရဲ့ အရင်းရှင်စနစ်ကို သဘောကျတဲ့ အဒေါ်တယောက်က ဘယ်လိုပြောဖူးလဲဆိုတော့ ဆိုရှယ်လစ်က အကုန်လုံး တန်းတူမွဲစေတယ်။ အရင်းရှင်ကမှ တချို့ တလေ ချမ်းသာသေးတယ်။ ဒီတော့ အရင်းရှင်စနစ်က ပိုကောင်းတယ်လို့ ပြောဖူးတယ်။ အဲဒိထဲက ခုထိသူပြောတာကို သဘောမတူပါဘူး။ ကျွန်တော့အဒေါ်ပြောတာဟာ crude utilitarian (and that means she’s a conservative. :D) တွေပြောတဲ့ အပြောမျိုးဆိုတာ နောက်ပိုင်းမှ သဘောပေါက်မိတယ်။ ထားပါတော့..
တကယ်တော့ အရင်းရှင်စနစ်ကောင်းကြောင်း တရားထူထောင်သူတွေဆီကနေ ပြောခဲ့တဲ့ arguemnt မျိုး မကြာခဏ ကြားဖူးတယ်။ အရင်းရှင်စနစ်ကသာ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်ထိတောင် ပြောကြသေးတယ်။ အဲဒါအမှန်ပဲလား..
ကျွန်တော့အထင်မှာ အရင်းရှင်စနစ်ကို ထောက်ခံသူတွေရော၊ သူတို့ကို ဝေဖန်ဆန်းစစ်ခဲ့တဲ့ ဆရာကြီး Karl Marx ပါ သူတို့ရဲ့  အီကွေးရှင်းထဲမှာ ထည့်မစဉ်းစားခဲ့တဲ့ အချက်တခုဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုလို့ထင်တယ်။ Don’t get me wrong!! I’m still a full-blooded Marxist. Adam Smith တို့အုပ်စုက စီးပွားရေးဖွံ့ဖြိုးမှုဟာ ရံဖန်ရံခါ တုံ့ဆိုင်းမှုတွေကလွဲလို့ အမြဲတန်း အတက်ဖက်ကိုပဲ ဦးတည်မယ်လို့ တွက်ခဲ့သလို ဆရာကြီး Karl Marx နဲ့ သူ့တပည့်တပန်းများကလည်း အရင်းရှင်စနစ်ဟာ အတိုးတက်လွန်ပြီး ကုန်ထုတ်စွမ်းအားစုတွေဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်အားမပေးနိုင်တော့တဲ့ အချိန်ရောက်လာရင် အရင်းရှင်အဖွဲ့အစည်းဟာ ဆိုရှယ်လစ် လူ့ဘောင်ကို အသွင်ပြောင်းရောက်ရှိလာလိမ့်မယ်လို့ တွက်ခဲ့တယ်။ ဒါပေမယ့် နှစ်ဘက်စလုံးရဲ့ ဟောကိန်းကို လမ်းလွဲစေနိုင်တဲ့ ဖြစ်ရပ်တခုကတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုပဲ။
ကျွန်တော်တို့ဟာ ကမ္ဘာမြေကို အမှီသဟဲပြုနေရတယ်ဆိုတာ စကားထဲ ထည့်ပြောစရာ မလိုလောက်အောင် ရှင်းနေသလောက် တကယ်တမ်းမှာ ဒီအချက်ကို သေချာဂရုစိုက်တဲ့လူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ လူတိုင်းက ကိုယ်နေချင်သလို နေမယ်၊ စားချင်သလိုစား၊ ၀တ်ချင်သလိုဝတ်နေတာကို ကမ္ဘာမြေကြီးက ဘယ်လောက် တောင့်ခံနိုင်ပါ့မလဲ။ ခု Johnathan Watts ရဲ့ စာအုပ်ဟာ ဒီအကြောင်းကို ပြောထားတာလို့ FT review အရ သိရတယ်။
Watts’ book contends – persuasively, but never quite decisively – that the planet simply cannot sustain a population of China’s size joining the west in its reckless consumption. “China should have the same scope to damage the planet in the future as rich nations have done in the past,” he writes. “This would be completely fair and utterly calamitous.”
တရုတ်တွေ ချမ်းသာလာပြီ။ ချမ်းသာတဲ့အခါ ပိုသုံးချင်လာ၊ ပိုသုံးလာသလို၊ ကိုယ်ချမ်းသာတာကိုလည်း အသိအမှတ်ပြုခံချင်လာတာ ထုံးစံပဲ။ နောက်ချမ်းသာရင် လူဟာ အနိုင်ကျင့်ဖို့ ပိုဖြစ်လာနိုင်တယ်။ တရုတ်မြန်မာ နယ်စပ်ကနေ ကျွန်တော်တို့ တိုင်းပြည်ဘက် မျှော်ကြည့်လိုက်ရင် မြင်ကွင်းဟာ သိပ်စိတ်ထိခိုက်စရာကောင်းတယ်။ တရုတ်ဘက်က စိမ်းစိမ်းစိုစိုရှိသလောက် ကိုယ့်ဘက်မှာတော့ တောင်တွေဟာ မြေနီရောင်၊ ရွှံ့ ရောင်ထနေတာ မမြင်ချင်မှ အဆုံးပဲ။ တကယ်တော့ ဒါဟာ ကိုယ့်တနိုင်ငံထဲမဟုတ်ဖူး။ အာဖရိကသွားကြည့်လည်း ဒါမျိုးပဲ တွေ့ရမှာဘဲ။ တရုတ်က သူ့တိုင်းပြည်ထဲ သစ်ပင်တော့ စိုက်ပြပါရဲ့ ။ တခြားနိုင်ငံတွေမှာတော့ အားရှိပါးရှိ ချိုင်နေတာကိုတော့ တရားတယ်ပြောလို့မရဘူး။
တရုတ်ဟာ ကွန်မြူနစ်ဆိုင်းဘုတ်ထောင်ပြီး အရင်းရှင်အလုပ်လုပ်နေတာ ဘယ်လိုမှ ငြင်းလို့မရဘူး။ ငြင်းတာဟာလည်း မရိုးသားဘူး။ တရုတ်တွေ ချမ်းသားပြီးရင်း ချမ်းသာမှာပဲ။ ဒါပေမယ့် အဲဒိအတွက် တခြားလူတွေ ဆင်းရဲပေးရမယ်ဆို ဘယ့်နှယ့်လုပ်မလဲ။ နောက်ပြီး အရင်းရှင်စနစ်က ချမ်းသာခွင့်ပြုတဲ့ထဲမှာ ကိုယ်မပါရင် ဘယ်နှယ့်လုပ်မလဲ။ ကိုယ်ကဆင်းရဲရမဲ့ အုပ်စုထဲ မပါဘူးဆိုဦးစို့။ သူများတကာတွေ အသားမပါတဲ့ထမင်းတနေ့ တနပ်တောင်မစားနိုင်တာကို သိနေ၊ မြင်နေချိန်မှာ ကိုယ်ကိုယ်တိုင်က ငွေကိုရေလိုသုံးဖြုန်းနေတာကို ဘယ် လူမှုကျင့်ဝတ်ကိုတန်ဖိုးထားသူ တယောက်ကများ ကိုယ့်လုပ်ရပ်ကို ကိုယ်သဘောကျနိုင်ပါ့မလဲ။
ဒီလို မညီမျှမှုတွေကို ကိုယ်က ဘာမှမလုပ်နိုင်ရင်တောင် သဘာဝတရားက ဒီလို လုပ်ရပ်တွေကို လက်ခံမှာမဟုတ်ဖူး။ သဘာဝတရားဟာ Adam Smith တို့အုပ်စု တွက်သလို လူ့အဖွဲ့အစည်းကြီး အမြဲတန်းတောက်လျှောက် ဖွံ့ဖြိုးတိုးတက်သွားမှာကို အဟန့်အတားပြုနိုင်သလို ဆရာကြီး Karl Marx တို့အုပ်စု မျှော်လင့်ခဲ့သလို အရင်းရှင် စနစ်ဟာ အတိုးတက်လွန်ပြီး ဆိုရှယ်လစ်လူ့ဘောင်ကို ကူးပြောင်းသွားမယ်ဆိုတဲ့ ဟောကိန်းကိုလည်း အတော့ကို မရေရာဖြစ်စေတဲ့ အရာပဲ။
ခြုံပြောရရင် ကျွန်တော်တို့တွေအားလုံးဟာ စုပေါင်းပြီး ကိုယ့်လုပ်ရပ်ပေါ် ကိုယ်တာဝန်သိရမယ်။ ကိုယ့်လုပ်ရပ်ဟာ ကိုယ့်အတွက် အကျိုးရှိမှုတခုတည်းကိုကြည့်ပြီး လုပ်သင့်မသင့် မဆုံးဖြတ်သင့်ဘူး။  
Discussion
4 thoughts on “ဘွတ်ရီဗျူး When a billion Chinese jump by Johanathan Watts
  1. လာလည်သွားပါတယ် ကိုဝတုတ်… ကျွန်တော့်အမြင်ကတော့ အရင်းရှင်စံနစ်က ပိုကောင်းပုံရပါတယ်။ W. W. Rostow က အရင်းရှင်စံနစ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု နောက်ဆုံးအဆင့် (အဆင့် ၅)က အသုံးအစွဲကြီးတဲ့ ကာလ (the age of high mass-consumption) ဆိုတော့ မခက်ပေဘူးလား။ လူနေမှုအဆင့်အတန်းတော့ ပိုကောင်းလာပါရဲ့၊ ဒါပေမယ့် ဘယ်လောက်ကြာကြာ အဲဒီ အဆင့်အတိုင်း နေနိုင်ကြမှာလဲ။ ပြီးတော့ တစ်ကမ္ဘာလုံးအတွက် အကျိုးရှိမှာလား၊ ဒါမှမဟုတ် အဝေမတည့်ဖြစ်ကြဦးမှာလား။ အဲလိုဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနေကြရမဲ့ပုံမပေါ်ပါ။
    ဒါနဲ့ “An Inconvenienth Truth” ထဲက Al Gores ပြောသွားတာလေးတစ်ခုကိုသွားသတိရမိပါတယ်။ ရွှေ နဲ့ ကမ္ဘာလုံးကို ချိန်ခွင်တဖက်စီပေါ်တင်လိုက်ပြီး “ရွှေတွေတော့ရှိသွားပါပြီ၊ ကမ္ဘာကြီးမရှိတော့ရင်” ဆိုတဲ့ အမေးလေးပါ။😀
    Posted by လင်းမိုးဝေ | 05/10/2010, 09:51
    • အင်း… ‘ကောင်း’ ဆိုတဲ့စကားလုံးကလည်း ခက်သားနော့။ ဘာကိုပြောတာလဲ။ ဘယ်သူ့အတွက်ကောင်းတာလဲဆိုတာရှိသေးတာပေါ့နော့။ ပိုအလုပ်ဖြစ်တာကို (ဘယ်သူ့အတွက်၊ အားလုံးအတွက် စသဖြင့်) ပြောတာလား၊ ပိုစိတ်ချမ်းသာ စေတာလားရှိသေးသကိုး ကိုလင်းမိုးဝေရေ..
      အရင်းရှင်စနစ်က သူ့အရင်ပုံစံတွေအားလုံးထက် ကုန်ထုတ်လုပ်မှုကို ပိုတိုးတက်စေတာတော့ အမှန်ဘဲ။ ဒါ့ကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က တရုတ်တွေနဲ့ ခုတရုတ်တွေယှဉ်လိုက်ရင် ခုအရင်းရှင် ကုန်ထုတ်လုပ်မှုပုံစံအောက်က တရုတ်တွေက ပိုတိုးတက်တာပေါ့။ ခေတ်တခေတ်ထဲတောင် ရှန်ဟိုင်း၊ ကွမ်တုံး တရုတ်နဲ့ ဟိနန်၊ ယွင်နန်တရုတ်တောင် ကွာတယ်။
      command economy ထက်တော့ အချိန်တော်တော်များများမှာ ပို efficient ဖြစ်တာအသေအချာပဲ။ တဘက်မှာ ဆင်းရဲချမ်းသာ ကွာဟမှုပိုကြီးစေတာ၊ လူကို production unit အဖြစ်ပဲ မြင်တာမျိုးတွေက အရင်းရှင်ပုံစံအောက်မှာ ပိုမြင်ရဖို့ရှိသလို ပိုလည်းမြင်ရတယ်။
      ဆင်းရဲချမ်းသာ ကွာဟတယ်ဆိုရာမှာ သန်းကြွယ်သူဌေးနဲ့ ကုဋေကြွယ်သူဌေးကြား ကွာဟမှုက စိတ်ဝင်စားစရာမကောင်းဘူး။ တချို့ လူတွေ အရမ်းဆင်းရဲချိန်မှာ တချို့ လူတွေ အရမ်းချမ်းသာနေတာ ဖြစ်သင့်သလားဆိုတဲ့ မေးခွန်းက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ တချို့ တနေ့အသားမပါတဲ့ထမင်း နပ်မှန်အောင်မစားနိုင်ချိန်မှာ တချို့  အထည်ဆိုင်မှာ တထိုင်တည်း ဒေါ်လာသောင်းချီဖြုန်းပစ်နိုင်နေတာ ဖြစ်သင့်လားဆိုတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်၊ လေ့လာဆန်းစစ် (ဝေဖန်)စရာ ပိုကောင်းတယ်။
      ဘယ်ပုံစံမှာမဆို ပလပ်(စ)၊ မိုင်းနပ်(စ) ရှိစမြဲမဟုတ်လား…😀
      စိတ်ပါသွာလို့ ရွှီးတာလွန်သွားတယ်။
      နောက်များမှ..
      tkz
      Posted by zizawa | 06/10/2010, 08:16
  2. နောက်များမှ ဆိုပြီး နေ့တောင်မကူးဘူးလို့ ပြောမယ်ဆိုလည်း ပြောစရာပဲဗျို့ ။ ကျွန်တော်ကတော့ ကမ္ဘာကြီးရဲ့ အနာဂတ်ပေါ် အကောင်းမမြင်နိုင်ဘူး။ အဝေတည့်ကြမှာ မဟုတ်သလို အဝေတည့်ရင်တောင် ကျွန်တော်တို့လို ပိစိညှောက်တောက်နိုင်ငံလေးတွေက အဝေခံပစ္စည်းအဖြစ် ဆက်ဆံခံရမယ်လို့ မြင်နေမိတယ်။
    Posted by watote | 06/10/2010, 08:53
  3. “ထိုကာလ” မှာ..ကမ္ဘာကြီးက..ပိုပြီး မမျှမတ ဖြစ်လာ တော့ မှာ တော့..သိသာ နေပြီ။ ဘယ်စစနစ်မှ မကယ်နိုင် ဘူး။
    ကိုဝတုတ်ပြောသလို..ဆင်းရဲတဲ့ သူတွေ နဲ့..ဆင်းရဲ တဲ့.. နိုင်ငံ တွေ ရဲ့.. နေရာ ကိုသာ..သိချင်နေမိ တော့တယ်။
    နောက်တခုက… ဘယ်သူမှ ကြိုတင် တွက်ဆ ထားလို့ မရတဲ့… ဘယ်လို နည်းနဲ့ ဖြစ်လာမယ်မှန်း မသိ တဲ့… အုံကြွမူ..( ပြောင်းလဲမူ ဖော်ဆောင်ခြင်း ) တခု..။ စိတ်လှုပ်ရှားစရာ အနာဂါတ် တခု ပါပဲ။
    Posted by K | 07/10/2010, 04:49
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Blog Stats
  • 89,679 hits
%d bloggers like this: