//
you're reading...
Philosophy

ကျကျနနရေးထားတဲ့ ဖီလော်ဆော်ဖီ အကြောင်း

Crito ကပြီးဖို့ နှစ်ခန်းလောက်ပဲ လိုတော့တယ်။ အဲဒိနှစ်ခန်းမှာ Socrates က သူ့ကိုသတ်ဖို့ ဖမ်းချုပ်ထားတာဟာ မတရားဘူးဆိုတာ သိလျက်နဲ့ ဘာ့ကြောင့်ထွက်မပြေးသလဲဆိုတာကို ကျိုးကြောင်းပြထားတယ်။ ဒီတော့ ဒီနှစ်ခန်းဟာ (၅၀ နောက်ပိုင်းကနေ အဆုံးထိ) တအုပ်လုံးမှာ အရေးကြီးဆုံးအခန်းတွေပဲ။ ဒီအခန်းနှစ်ခန်းကို မဆက်ခင် ခုရေးခဲ့ပြီးသလောက်မှာ အင်မတန်မှ အရေးကြီးတယ်လို့ထင်တဲ့၊ သေချာ စဉ်းစားသင့်တယ်ထင်တာ တခုရှိတယ်။ အဲဒါ ဘာလဲဆိုတာ ခုအခန်းမှာ ကြည့်ရအောင်။  

သိတဲ့အတိုင်းပဲ၊ Socrates ကို အေသင်အာဏာပိုင်တွေက သေဒဏ်ပေးတာကို Socrates ကိုယ်တိုင်က မတရားလုပ်တာလို့ လက်ခံတယ်။ ဒါပေမယ့် ဘယ်တော့မှ မတရားမလုပ်သင့်ဘူးဆိုတာကို လက်ခံရင် ကိုယ့်ကိုမတရားလုပ်ရင်တောင် မတရားပြန်မလုပ်သင့်ဘူးလို့ Socrates ကပြောထားပြီးသား။Now my question is: Do you agree with Socrates here?

‘ကိုယ့်ကို မတရားလုပ်တာ သိလျက်နဲ့ မတရားမလုပ်သင့်ဘူး’ ဆိုတာဟုတ်သလား။ လူတယောက်က ကိုယ့်ကို ဓားနဲ့လိုက်ခုတ်ရင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ ဒီလူကို ထိခိုက်အောင် ပြန်လုပ်တာကို ဘယ်သူကမှ အပြစ်ပြောကြမယ်မထင်ဘူး။ ဒါကို မတရားလုပ်တာလို့လည်း ပြောကြမယ်မထင်ဘူး။ ဒါဆိုရင် Socrates ကိုခံငြင်းဖို့ အစတခုတော့ ရပြီပေါ့။ (အင်မတန့် အင်မတန် သတ္တိကောင်းတဲ့လူပဲ ဒီအဖိုးကြီးကို ခံငြင်းကြမှာ။ :D) Crito ကတော့ မိုက်တယ်ပဲ ပြောမလား။ Socrates ကို အဲဒိအတိုင်း ငြင်းဖို့ကြိုးစားတယ်။ Crito ခံငြင်းဖို့ကြိုးစားတဲ့ argument ကို let’s call it a ‘self-defence’ argument. အဲဒိargument ကို ဖီလော်ဆော်ဖီဘောင်ဝင်အောင် အတည်အခန့်ရေးကြည့်မယ်။ (တချိန်က ရေးခဲ့တဲ့ မှတ်စုတွေထဲက ပြန်ကူးတာ။ ဘာမှ ထူးထူးခြားခြား မဟုတ်ဖူး၊ second-hand ideas တွေပဲ။) 

P1: He may harmlessly escape from a murderer in self-defence.

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လူသတ်သမားဆီကနေ သူများ ဒုက္ခမရောက်စေဘဲ သူထွက်ပြေးနိုင်တယ်။

P2: Whatever he may do in self-defence in response to a murderer, he may also do in self-defence in response to Athenian authorities who are unjustly trying to kill him.

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လူသတ်သမားကို ဘာမဆို လက်တုန့်ပြန်နိုင်တယ် ဆိုရင် သူ့ကို မတရားသတ်ဖို့ ကြိုးစားနေတဲ့ အေသင်အာဏာပိုင်တွေကိုလည်း သူက ဘာမဆို လက်တုန့်ပြန်နိုင်တယ်။

From P1 and P2, Socrates may harmlessly escape in self-defence from Athenian authorities who are unjustly trying to kill him.

ထို့ကြောင့် သူ့ကို မတရားသတ်ဖို့ ကြိုးစားနေတဲ့ အေသင် အာဏာပိုင်တွေဆီကနေ Socrates ဟာ သူများဒုက္ခမရောက်စေဘဲ ထွက်ပြေးနိုင်တယ်။ (P1, P2 ဆိုတာ Premise 1, 2 ကို အတိုရေးထားတာ။)

ဘယ့်နှယ့်ရှိစ။ အဖိုးကြီးတော့ ဂွကျပြီ မှတ်တယ်။ ကိုယ့်ကို မတရား လာထိခိုက်တာကို မတရားပြန်မထိခိုက်သင့်ဘူးဆိုတာဟုတ်ပါပြီ Socrates။ ဘာ့ကြောင့်ဆို မတရား လုပ်တာကို ဘယ်တော့မှ မတရားမလုပ်သင့်ဘူးလို့ ခင်ဗျားပြောထားတယ်မလား။ ဒါကိုလက်ခံတယ်လို့ပဲ ထားပါတော့။ ဒါပေမယ့် ကိုယ့်ကို လာထိခိုက်သူကိုလည်း မထိခိုက်စေပဲ ရှောင်ထွက်သွားတာကိုရော ဘာ့ကြောင့် မတရားဘူးပြောမလဲ။ ခု အချုပ်ထဲကနေ အဲ့သလို ရှောင်ထွက်သွားတာကို ဘာ့ကြောင့် မတရားလုပ်ရပ်လို့ ပြောသလဲ။

Socrates အဖြေ ဘာဖြစ်မလဲဆိုတာ ခဏအသာထားပြီး self-defence argument ကို ပြန်ကြည့်ရအောင်။ Is P1 true? I think yes. Is P2 true? It appears to be ok, why not? Then the conclusion necessarily follows from P1 and P2.

ဒီconclusion ကို Socrates က လက်မခံဘူးဆိုရင် သူဟာ P1 or P2 ကို လက်မခံတာ ဖြစ်ရမယ်။ P1 ကရှင်းတယ်။ လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ Socrates လက်မခံတာက P2 ပဲ။

ကိုင်း ဒီမှာဘဲ ရပ်ထားလိုက်တော့မယ်။ P2 ကို သူလက်မခံနိုင်ရတဲ့ အကြောင်းပြချက်တွေကို နောက်ကျန်တဲ့ အခန်းနှစ်ခန်းမှာ အထင်အရှားတွေ့နိုင်တယ်။

 More later… 

watote

Discussion

3 thoughts on “ကျကျနနရေးထားတဲ့ ဖီလော်ဆော်ဖီ အကြောင်း

  1. ဒီနေရာမှာ ‘ထွက်ပြေးနိုင်’ လို့ဆိုရာမှာ material ablity ကို ပြောချင်တာ မဟုတ်ဖူးဆိုတာ ရှင်းထားတာကောင်းမယ်။ ပြောချင်တာက အဲ့သလို ထွက်ပြေးတာဟာ morally justified ဖြစ်တယ်ဆိုတာကို ပြောချင်တာသာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ ကိုယ့်ကိုလာသတ်မဲ့လူကို ပြန်ချတာ morally justified ဖြစ်တယ်လို့ ပြောချင်တာ။ Crito ရဲ့ position က အဲဒါလို့ နားလည်တယ်။

    Posted by watote | 12/10/2010, 06:28
  2. P1 ဟာ Socrates လိုဂွတီးဂွကျလူအတွက်ရော ကျုပ်တို့ ဗုဒ္ဓဘာသာအမြင်အရရော မှန်တယ်ထင်တယ်။
    ကိုယ့်ကိုယ်ကို ခုခံကွာကွယ်ဖို့ဆို ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့အဆိုဖြစ်တဲ့ P2 အတွက်ကတော့ Socrates ကတော့ ဘာလို့မမှန်သလဲ အသေချာမသိဘူး။ ဗုဒ္ဓဘာသာအရတော့ မှန်တယ်လို့ လက်မခံဘူးထင်တယ်။
    Socrates နဲ့ သူ့တပည့် Crito တို့အခြေအတင်ပြောဆိုနေကြတာကို ဖတ်ရတာ အဲဒီပုဂ္ဂိုလ်က သေရမှာထက် ထွက်ပြေးရမှာကို ပိုကြောက်နေသလိုပဲ။ ဘာသာစကား အသုံးအနှုံး ကွဲပြားတဲ့အတွက် ရုတ်တရက်အမြင်မှာ sense အားဖြင့်ကွဲသယောင်ထင်ရပေမယ့် အနှစ်သာရမှာကျတော့ မိမိအားရန်သတ္တုပြုခံနေရချိန်မှာပင် ခန္တီစလက်ကိုင်ထားပြီး ဘယ်လိုနည်းနဲ့မှမတုံ့ပြန်ရဘူးဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရားနဲ့ သွားနီးစပ်နေတယ်။ ဒါပေမယ့် ဗောဓိသတ္တ ဗုဒ္ဓလောင်းလျာတွေဘ၀တုံးကတော့ ရန်ကို ငုံ့မခံပဲ သင့်တော်သလို တုံ့ပြန်တဲ့ သာဓကတွေတော့ ဇတ်တော်တွေထဲ ဖေါ်ကျူးထားပြန်တယ်။
    အဲဒီ Socrates, Plato, Aristotle ဆိုတဲ့ နာမည်ကျော်လွန်းလှတဲ့ ဆရာတပည့်အစဉ်အဆက်အကြောင်း ငယ်တုံးက (ဆရာ) နန္ဒာသိန်းဇံ။ ဆန်းလွင်တို့စာအုပ်တွေဖတ်ရကတည်းက ရင်းနှီးပြီးစိတ်ဝင်စားနေခဲ့တာ။ ဗုဒ္ဓခေတ် (၀ီကီအဆိုရ 544 BC မှ 483 BC ) က Socrates ခေတ်ထက် စောတယ်လို့ပဲ သိထားခဲ့တာ။ ဒါပေမယ့် အခုသေချာပြန်ရှာကြည့်တော့ ဘယ်သူကစောတယ်လို့ ပြောလို့မရပဲ ခေတ်ပြိုင်လိုလိုတောင် ရေးသားနေကြတာ တွေ့ရတယ်။Buddha and Socrates တစ်ဦးရဲ့ အတွေးအခေါ်တွေမှာ တစ်ဦးက လွှမ်းမိုးနေသလို ယူဆကြတာလဲတွေ့ရတယ်။ လူချင်းတောင် ဆုံဖူးမလားလို့ ယူဆချင်သူတွေတောင် ရှိတယ်ဆိုပဲ။ ဥပမာ အောက်ပါ လင့်မှာ
    http://www.markvernon.com/friendshiponline/dotclear/index.php?post/2009/04/20/Links-between-east-and-west
    ကိုယ့် specialtyလဲမဟုတ်။ reliable primary source တွေလဲ လက်လှမ်းမမှီသေးတော့ ဘာကအမှန်ဆိုတာ မခွဲနိုင်ဘူး။ ရှင်းပြပေးနိုင်ရင်တော့ အထူးကျေးဇူးပဲ။
    နောက် ထပ်တွေ့ရတာတော့ Socrates ရဲ့ sexual orientation က ပုံမှန်မဟုတ်သယောင်ယောင် ယူဆချင်စရာတွေရေးထားချက်တွေပဲ။
    http://webspace.ship.edu/cgboer/athenians.html
    နောက်တခု ထူးထူးခြားခြားသတိပြုမိတာကတော့ ဒီလောက်နာမည်ကြီးလှတဲ့ ပုရောဟိတ်ကြီး Socrates က သူကိုယ်တိုင်ကျ ကိုယ်တိုင်ကိုယ်ကျ လက်ရေးနဲ့ချရေး ပြုစုခဲ့တဲ့ စာတွေမရှိဘူးဆိုပဲ။ သူ့တပည့်တွေကို နေ့စဉ်လက်ချာပေး အာရိုက်လေပွား ထားတဲ့ အရာတွေကို တပည့်တွေ မှတ်တမ်းတင်ထားတာပဲရှိတယ်ဆိုပဲ။

    ပို့စ်အသစ်ထဲ မှာ P2 နဲ့ပတ်သက်တာ ရှိလောက်မှန်းသိပေမယ့် ဒါဖတ်ပြီးပြီးချင်းပဲ အရင် comment ချရေးဖြစ်တယ်။

    Posted by Nanda | 14/10/2010, 17:26
    • ဗုဒ္ဓနဲ့ Socrates မှာ ဗုဒ္ဓက နည်းနည်းစောမယ်ထင်တယ်။ ဒါပေမယ့်လည်း နှစ်ဆယ့်တစ်ရာစုကနေလှမ်းကြည့်ရင်တော့ ခေတ်ပြိုင်တွေဆိုလည်း မမှားလောက်ဘူး ထင်ပါတယ်။ သူတို့ နှစ်ယောက် ဆုံခဲ့ဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ Crito ထဲ ဖတ်ရသလောက် Socrates ကအေသင်အပြင်ဆိုလို့ Isthmos ဆိုတဲ့အရပ်လောက် ရောက်ဖူးတယ်လို့ သိရတယ်။ သူစစ်မှုထမ်းအဖြစ် လိုက်သွားတဲ့ နေရာတွေထဲမှာ ကုလားပြည်ထိရောက်တယ်လို့ မကြားဖူးဘူး။ Aristotle တပည့် Alexander the Great လက်ထက်မှလား အိန္ဒိယထိရောက်တယ်လို့ သိရတယ်။
      တဘက်မှာ ဗုဒ္ဓကလည်း မဇ္ဈိမအပြင်ဘက်မှာ ၀ါဆိုတာဆိုလို့ တကြိမ်ဘဲရှိတယ်လို့ ဖတ်ရဖူးတယ်။ (ပါရဂူစာအုပ်ထဲ ထင်တယ်။ အဲဒါလည်း ခေါမဘက်မဟုတ်ဖူး။) ဒါပေမယ့် အရှေ့ နဲ့ အနောက် အတွေးအမြင်ကြားမှာ strikingly similar ဖြစ်တာတွေရှိတယ်။ Aristotle ရဲ့ Theory of Elements အရ စကြာဝဠာတခုလုံးမှာ ရှိရှိသမျှ ၀ထ္ထုအားလုံးကို element လေးမျိုး (တကယ်က ငါးမျိုး၊ ထားပါ နောက်ဆုံးတမျိုးက ကောင်းကင်က ၀ထ္ထုတွေနဲ့ပဲဆိုင်တာဆိုတော့) နဲ့ ဖွဲ့ထားတယ်ပြောတယ်။ သူ့ရဲ့ earth, water, air, fire လေးမျိုးဟာ လယ်တီဒီပနီတွေမှာ မကြာမကြာ တွေ့ရတဲ့ ပထ၀ီ၊ အာဘော၊ ၀ါယော၊ တေဇော ဓာတ်ကြီးလေးပါးနဲ့ မဝေးပါလားဆိုတာ သတိပြုမိတယ်။
      နောက် Socrates နဲ့ ပတ်သက်လို့ သူ့တပည့်တွေ (Plato နဲ့ Xenophon) နှစ်ယောက် အရေအသားတွေကနေသာ သူဘာတွေ ‘အာရိုက်လေပွား’ ခဲ့သလဲဆိုတာ သိရတာ ဖြစ်တယ်။ သူတို့ နှစ်ယောက်ရဲ့ အရေးအသားတွေက တဆင့်သာ သူ့ကို ပုံဖော်ထားကြရတာဖြစ်တယ်လို့ မှတ်သားဖူးတယ်။ (၀ီကီမှာ ရှိမယ်ထင်တယ်။)
      ခု Crito နဲ့ ပတ်သက်ပီး interpretation အမျိုးမျိုးရှိတယ်။ ရေးလိုက်ကြတဲ့ article တွေကလည်း ရာချီ ထောင်ချီရှိတယ်။ အဲဒိတော့ သူနဲ့ အပြည့်အ၀သဘောတူညီတာရှိသလို မတူတာတွေလည်း ရှိတယ်။ ဒါပေမယ့် အားလုံးသဘောတူတဲ့ အချက်တခုကတော့ Crito ဟာ နောက်ပိုင်း ၁၆ ၁၇ ရာစုတ၀ိုက်လောက်မှာ ပေါ်လာတဲ့ political philosophy က consent tradition လို့သိကြတဲ့ social contact သီအိုရီပိုင်းမှာ အများကြီး လွှမ်းမိုးမှုရှိခဲ့တယ် ဆိုတာပဲ။ ဒါ့ကြောင့်လည်း ကနေ့ထက်ထိ Crito ကို ဖတ်နေကြရဆဲပါ။

      Posted by zizawa | 15/10/2010, 07:55

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: