//
archives

Archive for

Reflections on Descartes 5

First Meditation မှာ Descartes က လောကမှာ တခြားအရာတွေ တကယ်မရှိရင်တောင်၊ ဒါမှမဟုတ် အာရုံတွေကတဆင့် သူသိနေတာတွေဟာ အစစ်အမှန်တွေ မဟုတ်ဖူး ဆိုရင်တောင် သူကတော့ ရှိနေတယ် ဆိုတဲ့အသိကတော့ ဘယ်လိုမှ သံသယမပွားနိုင်တဲ့ အသိလို့ဆိုတယ်။ ဒါကို (သူရှိနေတာကို) စဉ်းစားလိုက်တိုင်းမှာ သိရတယ် I’m thinking, therefore I am ဆိုပြီး သူ့အခေါ် first principle (ပထမဆုံးအသိလို့ပဲ ပြောရမလား) ကိုစတည်ဆောက်ခဲ့တယ်။ နောက်တခါ အဲဒိအသိကို လူ့ရဲ့ innate reason ကနေ သိနိုင်တယ်။ Scholastic syllogism အကူအညီမလိုဘူးလို့ ဆိုတယ်။

Reflections on Descartes 4

ဒေးကားရဲ့ ဖီလော်ဆော်ဖီ system တခုလုံးကို သူ့ရဲ့ သင်္ချာကို ယုံကြည်ကိုးစားမှုနဲ့ ပင့်ထောက် ထားတယ်လို့ အရင်အခန်းတွေမှာ အကြိမ်ကြိမ် ပြောသွားခဲ့တယ်။ ဂဏန်းသင်္ချာနဲ့ ဂျီသြမေတြီ နှစ်ခုရဲ့ မသေချာမှုတွေကနေ လွတ်ကင်းမှု (free from falsity and uncertainty) ပုံစံမျိုးကိုယူပြီး အသိ (scientia) ကိုတည်ဆောက်ရမယ်လို့ Descartes ဆိုတယ်။ ဒီတော့ Monsieur Descartes ရဲ့ အသိ scientia ကိုဖွင့်ဆိုပုံက ဘာလဲ။ All scientia is certain and evident cognition ကွလို့ Rule Twoမှာ အသိ scientia ရဲ့  အဓိပ္ပါယ်ကို သူကစဖွင့်တယ်။ ဒါဖြင့်ရင် အဲဒိ သေချာတဲ့၊ … Continue reading

Reflections on Descartes 3

ပြီးခဲ့တဲ့ အခန်းမှာ Descartes ရဲ့ ဖီလော်ဆော်ဖီက နံမယ်ကြီး စာပိုဒ်ကို တွေ့ခဲ့ရတယ်။ ဒီစာပိုဒ်တခုထဲနဲ့ Cartesian method ကို အပြည့်အ၀ appreciate လုပ်နိုင်မှာတော့ မဟုတ်ဖူး။ ဒါပေမယ့်လည်း အတိုင်းအတာ တခုထိတော့ မြင်နိုင်တယ်လို့ ထင်မိတယ်။ ဒီတော့ Cartesian Method ကို အကျယ်မရွှီးခင် ဒီစာပိုဒ်ကို နည်းနည်းလောက် ကလိကြည့်ရအောင်။ ပထမတချက် အနေနဲ့ Descartes က ခုလိုပြောတယ်။

Reflections on Descartes 2

ကော်ပါးနီးကပ်ပုံစံကို တဖြည်းဖြည်းနဲ့ လူလက်ခံလာမှုရဲ့  အကျိုးဆက်တခုကတော့ ဖီလော်ဆော်ဖီတခုဟာ နှစ်ထောင်ပေါင်းများစွာကြာ အခိုင်အမာတည်ရှိလာနေတာတောင် အဲဒိအချက်တခုထဲနဲ့တင် ဒီဖီလော်ဆော်ဖီဟာ ခိုင်လုံပြီလို့ စိတ်ချလို့ မရဘူးဆိုတဲ့ အသိပဲ ဖြစ်တယ်။ ဒီအသိဟာ Descartes တို့မျိုးဆက် ဖီလော်ဆော်ဖာတွေခေါင်းထဲ သံမှိုစွဲသလို စွဲသွားစေခဲ့ပုံရတယ်။ နောက်အကျိုးဆက်တခုကတော့ သင်္ချာဟာ အသိပညာရပ် အားလုံးမှာ (အထူးသဖြင့် အသိသစ်ကို ရှာတဲ့အခါမှာ) အတုယူထိုက်တဲ့ အတတ်ပညာဆိုတဲ့ ယုံကြည်မှု ဖြစ်တယ်။ Descartes ဟာ ဖီလော်ဆော်ဖီတင်မက သင်္ချာမှာလည်း အများကြီး အကျိုးပြုခဲ့တယ်။ အလယ်တန်း သင်္ချာမှာ တွေ့ရတဲ့ ပြင်ညီတခု၊ ဒါမှမဟုတ် သုံးဘက်တိုင်း ဟင်းလင်းပြင်တခုမှာ အစက်တခု၊ အမှုန်တခုရဲ့  တည်နေရာကို ကိုသြဒိနိတ်တွေသုံး သတ်မှတ်တဲ့နည်းကို Descartes ကို အစွဲပြုပြီး Cartesian … Continue reading

Burma is no closer to democracy after yesterday election

http://www.guardian.co.uk/commentisfree/2010/nov/08/burma-no-closer-democracy

ရယ်စေမောစေ ၂

တခါက သင်္ချာကျောင်းသားတစုနဲ့ အင်ဂျင်နီယာကျောင်းသားတစု ရထားနဲ့ ခရီးထွက်ကြတယ်။ ရထားပေါ်မတက်ခင် လက်မှတ်ဝယ်ကြတော့ အင်ဂျင်နီယာကျောင်းသားတွေက တယောက်လက်မှတ်တစောင်ကျ ၀ယ်ပေမဲ့ သင်္ချာကျောင်းသားတွေကတော့ သူတို့တအုပ်လုံးအတွက် လက်မှတ်တစောင်ပဲဝယ်တယ်။ အင်ဂျင်နီယာအုပ်စုကတော့ ဒီကောင်တွေ လက်မှတ်စစ်နဲ့ တွေ့ရင်တော့ ချောက်ကျမှာ၊ နေပစေလို့ စိတ်ထဲကနေကျိတ်ပျော်နေတယ်။ ဒီလိုနဲ့ စီးလာလိုက်တာ လမ်းက ဘူတာတခုမှာ လက်မှတ်စစ်တက်လာတယ်။ အဲဒိမှာ သချာင်္ကျောင်းသားတွေက  တအုပ်လုံးကြီး အိမ်သာထဲဝင်ပြေးတယ်။ လက်မှတ်စစ်က အိမ်သာ တံခါးခေါက်တော့ တံခါးနံရံက အပေါက်လေးကနေတဆင့် လက်မှတ်လေးထိုးပေးတယ်။ လက်မှတ်စစ်က လက်မှတ်ယူကြည့်ပြီး အိမ်သာထဲပြန်ပေးလိုက်တယ်။ အဲဒိမှာ အင်ဂျင်နီယာကျောင်းသားတွေက သင်္ချာကျောင်းသားတွေကို အရမ်းအထင်ကြီးသွားတယ်။ ဒီကောင်တွေ ဘယ်ဆိုးလို့လဲပေါ့။ ဒီလိုနဲ့ အပြန်ခရီးအတွက် လက်မှတ်ဝယ်တော့ အင်ဂျင်နီယာကျောင်းသားတွေက သူတို့တအုပ်လုံးအတွက် တစောင်ပဲဝယ်တယ်။ ဒီတခါတော့ သင်္ချာကျောင်းသားတွေက တစောင်မှ မ၀ယ်တော့ဘူး။ အဲဒိမှာ … Continue reading

ရယ်စေမောစေ

အီရတ်မှာ သိပ်မကြာခင်က ရွေးကောက်ပွဲလုပ်တော့ အာဏာပိုင်တွေ အနိုင်ရစေချင်တဲ့ ပါတီကို လူတွေက မဲမထည့်ချင်ဖြစ်နေတယ်။ တခြား ရွေးစရာပါတီလည်း လောက်လောက်လားလား မရှိဘူးထင်ပါတယ်။ အဲဒိမှာ လူတွေက မဲသွားမထည့်ကြဖို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် လူတယောက်ကတော့ ဒီတိုင်း မနေနိုင်ဘူး၊ ဘယ်ပါတီကိုမှ မကြိုက်ပေမဲ့ အစိုးရကို မုန်းလွန်းလို့ အစိုးရနိုင်စေချင်တဲ့ပါတီ မနိုင်အောင် သူတို့ အတိုက်အခံအဖြစ် မြင်ကြတဲ့ ပါတီက ကိုယ်စားလှယ်လောင်းကို မဲသွားပေးမယ်လုပ်တယ်။ သူ့အိမ်ကတော့ စိတ်ပူတာပေါ့။ ခေတ်ကြီးက နီးရာဓါးကြောက်ရတဲ့ ကာလကြီးဆိုတော့ မတော် ကိုယ်ဘယ်သူ့မဲထည့်သလဲဆိုတာ သိသွားရင် ကိုယ့်လာဒုက္ခပေး မခက်ဘူးလားလို့ အတင်းဝိုင်း တားကြတယ်။ ဒါပေမယ့် ဇွတ်ကိုကိုကတော့ မမှုဘူး။ သူစိတ်ဆုံးဖြတ်ထားပြီးသား၊ အတိုက်အခံပါတီ တခုခုကို မဲသွားပေးဖြစ်အောင်ကိုသွားပေးမယ်လို့ပြောပြီး အစိုးရ အတိုက်အခံအဖွဲ့တခုကို မဲသွားပေးတယ်။ မဲပေးပြီး … Continue reading

ဖင်ယားမှုကို သရုပ်ခွဲကြည့်ခြင်း ၂

ဒီတော့ ဘယ်လို လုပ်ရပ်တွေ၊ အမူအကျင့်တွေကို ‘ဖင်ယားတယ်’ ဆိုတဲ့ သတ်မှတ်ချက်အောက် ထည့်မလဲ။ ခက်တာက ‘ဖင်ယားတယ်’ ဆိုတဲ့ ဝေါဟာရကို ဘယ်အဘိဓာန်မှာမှ ရှာမတွေ့ ဘူး။ အင်္ဂလိပ်မှာက ဘယ်လောက်နားမခံသာတဲ့ စကားလုံးပဲ ဖြစ်ဖြစ် အဲဒိစကားလုံးရဲ့ အဓိပ္ပါယ်နဲ့ ဒီစကားလုံးရဲ့ etymology ဒီစကားလုံး ဘယ်လို မြစ်ဖျားခံသလဲဆိုတာကိုပါ စာအုပ်ထဲ ရှာလို့ရတယ်။ ဗမာမှာလည်း မင်းသုဝဏ်က ဝေါဟာရ အဘိဓာန်လုပ်တဲ့အခါ ရသမျှဝေါဟာရတွေကို ကောင်းကောင်းဆိုးဆိုး အကုန်စုဖို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့်လည်း အဲဒိဝေါဟာရက အဘိဓာန်ထဲ ပါလာတာ မတွေ့ရဘူး။ အဲဒိတော့ ဒီစကား ဘယ်တုန်းကပေါ်လာလဲ၊ ပေါ်လာစက အဓိပ္ပါယ်ကဘာလဲ၊ ခုလက်ရှိ နားလည်နေတဲ့ အဓိပ္ပါယ်ကဘာလဲ၊ အရင်အဓိပ္ပါယ်နဲ့ ခုအဓိပ္ပါယ်မတူရင် အဓိပ္ပါယ်ဘယ်လို ပြောင်းလာလဲဆိုတာ မှန်းဆချက်သက်သက်သာ ပြောနိုင်မဲ့ … Continue reading

Can the World Go Back to the Gold Standard?

Wolf thinks not. As always, his article is packed with fantastic no-non sense observations and insightful anecdotes. Whether we return there or not, what is certain is that the days of federal reserves are numbered. Viva La Revolucion?? http://blogs.ft.com/martin-wolf-exchange/2010/11/01/could-the-world-go-back-to-the-gold-standard/

Is deoderant a social or natural need?

ချွေးနံ့ပျောက်ဆေးဆိုတာ အနံ့နဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းရဲ့ ခံယူပုံကြောင် ပေါ်လာတဲ့ soical need လူမှုလိုအပ်ချက်သာဖြစ်တယ်၊ အစာ အဟာရလို သဘာဝလိုအပ်ချက်မဟုတ်ဖူးဆိုတဲ့ အမြင်ဟာ အထူးအဆန်း မဟုတ်ဖူး။ ဘာပဲဖြစ်ဖြစ် Guardian article က ဒီအမြင်ကို ထောက်ခံနေတယ်။ စိတ်ဝင်စားသူများအတွက်.. http://www.guardian.co.uk/environment/2010/nov/02/give-up-washing-showering

Blog Stats

  • 89,877 hits